November Book Store

November Book Store

แชร์

I do what I love. So. . I am here.

Photos from November Book Store's post 31/10/2025

လူတိုင်းဟာ စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ရင် ၁၀၀ရာခိုင်နှုန်း ကျန်းမာပျော်ရွှင်ကြည်နေတာမဟုတ်ဘူး။ Mental Issue စိတ်ပြဿနာလေးတွေဟာ အတည်းအများဆိုသလို ရှိတတ်ပါတယ်။ ဒီလိုအခြေအနေလေးတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတဲ့အပေါ်မှာ မူတည်ပြီး ခံစားရတဲ့အတိမ်အနက်တွေလည်း ကွဲပြားခြားနားသွားကြတာ၊ လျော့ပါးသက်သာသွားတာမျိုးပဲဖြစ်ပါတယ်။

စိတ်ခံစားချက်တစ်ခုဖြစ်ပေါ်လာပြီဆိုရင် အဲဒီအရာကို အရင်ဆုံး သိနေဖို့လိုပါတယ်။ Self Awareness က အရေးကြီးပါတယ်။ အခုလိုမျိုး ရာသီဥတုကလည်း ပူပြင်းတယ်။ အလုပ်တွေလည်း လုပ်နေရတယ်၊ စိတ်ရှုပ်စရာတွေလည်း ရှိနေတယ်ဆိုတဲ့နေ့တိုင်းမှာ ကိုယ်ဘယ်လိုခံစားနေရသလဲဆိုတာကို သတိပြုပေးပါ။ မေးကြည့်ပေးပါ။

ငါဟာ အခုပျော်နေလား။ ဝမ်းနည်းနေလား။ ပျော်တယ်လည်းမဟုတ်၊ ဝမ်းနည်းတယ်လည်းမဟုတ် ရင်ထဲမှာဘာမှမရှိ အချည်းနှီးဖြစ်နေသလား။ ဗလာဟင်းလင်းဖြစ်နေသလား။ ကြောက်ရွံ့နေတာလား။ အရာရာကို လွှတ်ချချင်တာလား။ ကိုယ်ရဲ့စိတ်ခံစားမှုကို သိသွားပြီဆိုတဲ့အခါ အဲဒီခံစားချက်ကို ဆွဲတင်လာပါ။ လက်ခံပေးပါ။ အသိအမှတ်ပြုပေးပါ။

အသက်ကိုရှူသွင်း ရှူထုတ်လုပ်ရင်း Release လုပ်ပေးပါ။ အဓိကအချက်က ကိုယ်ဘယ်လိုခံစားနေရသလဲဆိုတာကိုသိတော့မှ ဘယ်လိုဖြေရှင်းရမလဲဆိုတာကို သိမှာဖြစ်ပါတယ်။

#မွန်ဟော်စီ

30/10/2025

စာဖတ်ခြင်းက စိတ်နှလုံးအတွက်
အားကစားခန်းမဖြစ်တယ်။
ဖုန်းပိတ်ပြီး တစ်နေ့ စာမျက်နှာ ၃၀ ဖတ်ပါ။

စကားလုံးတွေ နှလုံးသားထဲ ဝင်လာတဲ့အခါ
အတွေးအခေါ် ပိုကြီးထွားလာပြီး
စိတ်နေစိတ်ထားက တိတ်တဆိတ် ပိုသန့်စင်လာပါတယ်။

စာဖတ်ခြင်းက ကိုယ့်ကို
ချက်ချင်းပြောင်းလဲစေမှာ မဟုတ်ပေမယ့်
ကိုယ့်အပေါ် အမှတ်အသားတွေ ချန်ခဲ့ပါတယ်။

💌
#နိုင်းနိုင်းစနေ

Photos from November Book Store's post 30/10/2025

ဦနု၏book collection 🤍

4အုပ်လုံး ယနေ့(30)ရက်နေ့မှာ မှာယူသူတိုင်း 10%off discount လေးဖြင့် လာရောက်ဝယ်ယူနိုင်ပါတယ်။

November Book Store

Photos from November Book Store's post 30/10/2025

ဆရာမ မယ်လွင့်၏ရရှိနိုင်‌သော
စာအုပ်လေးတွေပါ

November Book Store

Photos from November Book Store's post 30/10/2025

ဒီနေ့ပို့ရပါသော အမှာလေးများ😍

မှာယူအားပေးကြသူ တစ်ဦးချင်းစီတိုင်းကို
ကျေးဇူးတင်ပါတယ်ရှင်

November Book Store
#စာအုပ်ဆိုင်

29/10/2025

ကျွန်တော့်ကို သူငယ်ချင်းတစ်ယောက်က မေးဖူးတယ်။ “ဘာလို့ စာတွေဖတ်နေတာလဲ” တဲ့။ အဓိကအကြောင်းအရာလေးကို ပြောပြချင်လို့ မေးခွန်းကို ကျွန်တော် နည်းနည်းပြန်ပြင်ပါရစေ။ “ဘာလို့ စာတွေ ပိုဖတ်ဖြစ်လာတာလဲ”။ ဘာလို့ မေးခွန်းကိုပြင်လိုက်လဲဆိုရင် မတူညီခဲ့တဲ့အခြေအနေတွေကို ပြောပြချင်လို့ပါ။ ကျွန်တော် ငယ်ငယ်လေးကတည်းက စာတွေဖတ်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီလောက်ထိ လိုလိုလားလား မဟုတ်ခဲ့ဘဲ အပျင်းပြေဖို့၊ အချိန်ဖြုန်းဖို့အတွက်သာ ဖတ်ခဲ့တယ်။ ဘာလို့ အခုနောက်ပိုင်းမှ ရည်ရွယ်ချက်တွေ ပြောင်းလဲလာတာလဲ။ စကားလုံးတစ်လုံးတည်းနဲ့ ဖြေရရင် ကျွန်တော် “လွတ်မြောက်ချင်တယ်”။ ဘယ်ကနေလဲ။

ကျွန်တော်က တခြားရွယ်တူတွေနဲ့ယှဉ်ရင် စိတ်ဓာတ်မမာဘဲ ခံနိုင်ရည်အားနည်းလို့ ထိလိုက်ရင် လွယ်လွယ်နဲ့ ပြိုကျနိုင်တဲ့အထဲ ပါပါတယ်။ ဒါကြောင့် ဖြတ်သန်းလာခဲ့တဲ့သက်တမ်းတစ်လျှောက်မှာ ခဏခဏပြိုလဲခဲ့ဖူးတယ်။ အပြိုလဲရဆုံးဆိုတဲ့ကာလတစ်ခုတော့ ရှိခဲ့တယ်။ အဲ့ဒီနှစ်ကာလတွေမှာတော့ တော်တော်များများလည်း ကျွန်တော့်လိုပဲ ခံစားခဲ့ရမယ်လို့ ထင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပြိုလဲမှုတွေကြောင့် ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးလုမတတ်ပဲ။ ရုတ်တရက် သတိတစ်ချက် ဝင်လာတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် မေးခွန်းတွေ ပြန်မေးတယ်။ ငါ့စိတ်တွေ ဘာလို့ ဒီလောက်ထိ ပြိုလဲနေရတာလဲ။ ဒီစိတ်တွေကို ငါထိန်းလို့မရတော့ဘူးလား။ ဒီလိုအခြေအနေကြီးမှာ အကြာကြီးပိတ်မိနေရင်တော့ အဆင်မပြေဘူးနော်။ ငါ့ကိုငါ မနှိပ်စက်နေသင့်ဘူး။ ငါ ပြောင်းလဲပစ်မယ်။ ဒီလို ကိုယ့်ကိုယ်ကိုယ် မေးခွန်းမေးရာကနေ ရှင်းရှင်းလင်းလင်း သိလိုက်ရတာတစ်ခုကတော့ ကျွန်တော်ဟာ ဆင့်ပွါးအတွေးလွန်မှုတွေကြောင့် စိတ်ကဖန်တီးလိုက်တဲ့ ထင်ယောင်ထင်မှား အတွေးဝင်္ကပါတွေထဲမှာ ပိတ်မိနေခဲ့တယ်ဆိုတာပါပဲ။ ကျွန်တော် ဒီဝင်္ကပါကနေ လွတ်မြောက်ချင်တယ်။ ဒီ့အတွက် အဖြေရှာဖို့ရာ ဘယ်ကစရမလဲလို့ စဉ်းစားကြည့်တော့ ကျွန်တော် လက်လှမ်းမီနိုင်တာ စာအုပ်က အနီးဆုံးပဲမလို့ စာအုပ်ကို နောက်ထပ်ပုံစံတစ်မျိုးနဲ့ ချဉ်းကပ်လာခဲ့တယ်။ ဦးတည်ချက်ရှိတော့ စာကို အရင်ကထက် ပိုပြီး လေ့လာဖတ်ရှုဖြစ်လာတယ်။ ဒါဟာ စာအုပ်တွေကို အချိန်ပိုပေးဖြစ်လာတဲ့ ကျွန်တော့်ရဲ့ လက်ရှိအကြောင်းအရင်းတွေထဲက တစ်ခုပဲဖြစ်ပါတယ်။ ရွေးချယ်ဖြစ်တဲ့စာအုပ်တွေထဲကနေမှ စိတ်ဆိုတဲ့အကြောင်းတွေကို ထိတွေ့စူးစမ်းမိလာရာကနေမှ Psychology တွေ Mental Health တွေနဲ့ဆိုင်တဲ့ ပညာရပ်တွေကို လက်လှမ်းမီသလောက် လေ့လာလိုက်စားဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည်ထူထောင်နိုင်လာဖို့ ကြိုးစားဖြစ်လာပါတယ်။ အခုထိလည်း တစ်ခုပြီးတစ်ခု ကြိုးစားရင်ဆိုင်ဖြေရှင်းနေရတုန်းပါပဲ။

စိတ်ဆိုတဲ့အရာက ကျွန်တော်တို့ဘဝကို ထင်ထားတာထက် အများကြီးချုပ်ကိုင်ခြယ်လှယ်နေပါတယ်။ သတိမဲ့စွာ ပြုမူလှုပ်ရှားနေတာတွေအကုန်လုံးဟာ စိတ်မှာ သွားပြီး သက်ရောက်ပါတယ်။ ကျွန်တော်တို့သိနိုင်တဲ့စိတ် ကျွန်တော်တို့ရဲ့သိစိတ်ဆိုတာ စိတ်ရဲ့ ပမာဏအနည်းငယ်မျှသာ ရှိပါတယ်။ အပြုအမူသေးသေးလေး တစ်ခုချင်းစီ၊ ခံစားမှုသေးသေးလေးတွေ တစ်ခုချင်းစီ၊ အလေ့အထသေးသေးလေးတွေတစ်ခုချင်းစီက ကျွန်တော်တို့စိတ်တစ်ခုလုံးကို ပုံသွင်းနေပါတယ်။ ကျွန်တော်က ဒီစိတ်ကို ဂရုစိုက်ရကောင်းမှန်းမသိခဲ့တော့ စိတ်ဟာ အထိန်းအကွပ်မဲ့ပြီး ဖြစ်ချင်တိုင်း ဖြစ်နေခဲ့တာပေါ့။ ကာလရှည်ကြာ စိတ်ဝင်္ကပါထဲမှာ တဝဲလည်လည်နဲ့ ပြိုလဲပိတ်မိနေခဲ့တယ်။ မိတ်ဆွေကောင်းတွေရဲ့ ဖေးမကူညီလမ်းညွန်ပြသမှုတွေကြောင့်သာ တချို့ထောင်ချောက်တွေကနေ လွတ်မြောက်နိုင်ခဲ့တာပါ။ ဒီစိတ်ရဲ့ သဘောသဘာဝတွေကို စူးစမ်းလေ့လာဖို့ရာ နိုင်ငံတကာစာပေထိ လက်လှမ်းမမီနိုင်ခဲ့တော့ ပြည်တွင်းမြန်မာစာအုပ်တွေ၊ မြန်မာဆရာ ဆရာမတွေကိုပဲ အဓိကထား အားကိုးပြီး ဖတ်ရှုလေ့လာခဲ့ရတယ်။ ဒီထဲမှာ နိုင်ငံတကာစာအုပ်တွေရဲ့ မြန်မာဘာသာပြန်ဖတ်ခွင့်ရရင်တော့ အတိုင်းမသိ ဝမ်းသာပျော်ရွှင်ရပါတယ်။

အခု မမွန်ရဲ့ Escaping The Mind Maze စာအုပ်လည်း ကျွန်တော့်အတွက် အများကြီးအထောက်အပံ့ဖြစ်စေခဲ့ပါတယ်။ ပထမ တစ်ပုဒ်စ နှစ်ပုဒ်စ စာမူတွေကို Edit လုပ်ကတည်းက မမွန်ကို ပြောဖြစ်တယ်။ “အရမ်းကောင်းတာပဲ၊ ဒါတွေခံစားနေရတာက ဒီလိုကြောင့်မှန်းမသိခဲ့ဘူး။ ဒါကြောင့် ဒီလိုဖြစ်တာကိုး” ဆိုပြီး အားပါးတရ ပြောပြဖြစ်သေးတယ်။ ဒီစာအုပ်ကြီးဖြစ်လာဖို့ စာရေးသူက အများကြီးကြိုးစားအားထုတ်ထားတာ အတိုင်းသားမြင်ရတယ်။ Psychology သင်တန်းတွေ Mental Health နဲ့ ပတ်သက်တဲ့ သင်တန်းတွေတက်၊ လေ့လာဆန်းစစ်မှုတွေလုပ်၊ ကိုယ်တိုင်အတွေ့အကြုံတွေနဲ့ တိုက်စစ်ပြီး ကြိုးစားအားထုတ်ခဲ့ရတာတွေကို ဒီစာအုပ်ကိုဖတ်တဲ့အခါ စာဖတ်သူတွေ ခံစားမိလာမှာပါ။ အပိုင်း ၁၆ ပိုင်းပါတဲ့ အပုဒ်ရေ ၆၀ ကျော်နဲ့ စာမျက်နှာ ၃၀၀ နီးပါး ပါတဲ့ စိတ်ပညာရပ်ဆိုင်ရာစာအုပ်ကို စာဖတ်သူတို့ တဝကြီး ဖတ်ရှုရမှာပါ။ စွဲလမ်းစိတ်လွန်ကဲမှုဝေဒနာတွေ၊ ကိုယ်တိုင်ပိတ်မိနေတဲ့ ကိုယ့်ရဲ့စိတ်ဝင်္ကပါတွေ၊ ကိုယ့်ကို တမြေ့မြေ့နဲ့ လောင်မြိုက်စေတဲ့ စိတ်ဒဏ်ရာတွေ၊ အဆိပ်သင့်စေတဲ့ လွန်ကဲတဲ့စိတ်ခံစားမှုတွေ၊ ပတ်ဝန်းကျင်က ထည့်ပေးလိုက်တဲ့ စိတ်ကင်ဆာတွေ စိတ်မလုံခြုံမှုတွေ ဒီအရာတွေကို သတိထားမိပြီး သိရှိလာအောင် ဒီစာအုပ်က အများကြီးအထောက်အပံ့ဖြစ်စေပါတယ်။ ဒီစာအုပ်ဖတ်ပြီး Healing နဲ့ ပတ်သက်တဲ့ စာတွေ၊ Talk Series တွေကို စိတ်ဝင်စားလာရင် မမွန်ရဲ့ page, Website, Telegram Channel တွေမှာ သွားရောက်ဖတ်ရှု၊ နားထောင်လို့ရပါတယ်။ Telegram Channel မှာ အပတ်စဉ် ထုတ်လွှင့်နေတဲ့ Weekend Talk ဆိုရင်လည်း ကျွန်တော် အမြဲတမ်း စောင့်ပြီးနားထောင်ရတဲ့ အစီအစဉ်တစ်ခု ဖြစ်ပါတယ်။ စာဖတ်ရတာ အချိန်မရတဲ့နေ့တွေဆိုရင် Talk Series တွေကို နားထောင်ဖြစ်တယ်။ Talk Series တွေ အများကြီးထဲမှာမှ ကိုယ်စိတ်ဝင်စားတဲ့ Series ကို Join ပြီး ဝင်ရောက်နားထောင်နိုင်ပါတယ်။

ဘဝမှာ ကျွန်တော်တို့ လက်လှမ်းမမီနိုင်တဲ့ပညာရပ်တွေ အများကြီးရှိပါတယ်။ ဒီစာအုပ်ဟာ ကျယ်ပြောလှတဲ့စိတ်ပညာရပ်ကို ပြည့်ပြည့်စုံစုံ တင်ပြမထားပေမဲ့ ကျွန်တော်တို့အတွက် လိုအပ်တဲ့အသိပညာတွေကို လုံလုံလောက်လောက်မျှဝေပေးထားပါတယ်။ ကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာ သန့်ရှင်းတည်ငြိမ်အေးချမ်းဖို့၊ စိတ်အမှိုက်တွေကို ရှင်းထုတ်ဖို့အတွက် ဒီစာအုပ်ဟာ တစ်ဖက်တစ်လမ်းကနေ အကူအညီဖြစ်စေပါတယ်။ စိတ်ထဲကအမှိုက်တွေကို ရှင်းလင်းဖို့ရာ ဘယ်ဟာကအမှိုက်လဲဆိုတာ ကျွန်တော်တို့ သိဖို့လိုပါတယ်။ အဲ့တော့ အမှိုက်ဆိုတာ ဘာလဲသိဖို့ အရင်ကြိုးစားရမယ်။ ပြီးမှ ကိုယ့်မှာရှိနေတဲ့အမှိုက်တွေကို ရွေးထုတ်ရမယ်။ ပြီးမှ အဲ့ဒီအမှိုက်တွေကို ရှင်းထုတ်ရမယ်။ ဒီဖြစ်စဉ်တစ်ခုလုံးအတွက် ဒီစာအုပ်ဟာ စာဖတ်သူတွေကို အတိုင်းအတာတစ်ခုထိ အထောက်အပံ့ပေးနိုင်ပါတယ်။ ဒီစာကို ဖတ်နေတဲ့အချိန်မှာ “ငါ ဒီစာအုပ်ကြီးဝယ်ထားပြီး ဖတ်လည်း မဖတ်ဖြစ်ဘူး၊ အလကားပဲ” ဆိုပြီး အတွေးမစောလိုက်ပါနဲ့။ ကျွန်တော့် Post ကို ဖတ်ပြီးတာနဲ့ စာအုပ်ကိုသာ ရဲရဲကြီး ဖွင့်ဖတ်လိုက်ပါ။ ဒီစာအုပ်ဟာ ဘဝပြဿနာတွေအကုန်လုံးကို မဖြေရှင်းပေးနိုင်ပေမဲ့ တချို့ပြဿနာအတွက် အဖြေတချို့ကိုတော့ ပေးနိုင်ပါလိမ့်မယ်။

နောက်မျိုးဆက်တွေမှာ စိတ်ဒဏ်ရာမဖြစ်စေဖို့ရာ ကျွန်တော်တို့အားလုံးဆီမှာ တာဝန်ရှိပါတယ်။

အားလုံးပဲ ဘဝမှာ
ပျော်ရွှင်ခြင်းတွေ မျှဝေနိုင်ပါစေ…
မေတ္တာတရားတွေ ပွါးများနိုင်ပါစေ…
ငြိမ်းချမ်းခြင်းတွေ ဆောင်ကျဉ်းနိုင်ပါစေ…

02.07.2024

Your Beautiful Pixel With Metta :
TALA | Take A Look Around

#မွန်ဟော်စီ

ကျွန်တော့်ကို သူငယ်ချင်းတစ်ယောက်က မေးဖူးတယ်။ “ဘာလို့ စာတွေဖတ်နေတာလဲ” တဲ့။ အဓိကအကြောင်းအရာလေးကို ပြောပြချင်လို့ မေးခွန်းကို ကျွန်တော် နည်းနည်းပြန်ပြင်ပါရစေ။ “ဘာလို့ စာတွေ ပိုဖတ်ဖြစ်လာတာလဲ”။ ဘာလို့ မေးခွန်းကိုပြင်လိုက်လဲဆိုရင် မတူညီခဲ့တဲ့အခြေအနေတွေကို ပြောပြချင်လို့ပါ။ ကျွန်တော် ငယ်ငယ်လေးကတည်းက စာတွေဖတ်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီလောက်ထိ လိုလိုလားလား မဟုတ်ခဲ့ဘဲ အပျင်းပြေဖို့၊ အချိန်ဖြုန်းဖို့အတွက်သာ ဖတ်ခဲ့တယ်။ ဘာလို့ အခုနောက်ပိုင်းမှ ရည်ရွယ်ချက်တွေ ပြောင်းလဲလာတာလဲ။ စကားလုံးတစ်လုံးတည်းနဲ့ ဖြေရရင် ကျွန်တော် “လွတ်မြောက်ချင်တယ်”။ ဘယ်ကနေလဲ။

ကျွန်တော်က တခြားရွယ်တူတွေနဲ့ယှဉ်ရင် စိတ်ဓာတ်မမာဘဲ ခံနိုင်ရည်အားနည်းလို့ ထိလိုက်ရင် လွယ်လွယ်နဲ့ ပြိုကျနိုင်တဲ့အထဲ ပါပါတယ်။ ဒါကြောင့် ဖြတ်သန်းလာခဲ့တဲ့သက်တမ်းတစ်လျှောက်မှာ ခဏခဏပြိုလဲခဲ့ဖူးတယ်။ အပြိုလဲရဆုံးဆိုတဲ့ကာလတစ်ခုတော့ ရှိခဲ့တယ်။ အဲ့ဒီနှစ်ကာလတွေမှာတော့ တော်တော်များများလည်း ကျွန်တော့်လိုပဲ ခံစားခဲ့ရမယ်လို့ ထင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပြိုလဲမှုတွေကြောင့် ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးလုမတတ်ပဲ။ ရုတ်တရက် သတိတစ်ချက် ဝင်လာတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် မေးခွန်းတွေ ပြန်မေးတယ်။ ငါ့စိတ်တွေ ဘာလို့ ဒီလောက်ထိ ပြိုလဲနေရတာလဲ။ ဒီစိတ်တွေကို ငါထိန်းလို့မရတော့ဘူးလား။ ဒီလိုအခြေအနေကြီးမှာ အကြာကြီးပိတ်မိ​နေရင်တော့ အဆင်မပြေဘူးနော်။ ငါ့ကိုငါ မနှိပ်စက်နေသင့်ဘူး။ ငါ ပြောင်းလဲပစ်မယ်။ ဒီလို ကိုယ့်ကိုယ်ကိုယ် မေးခွန်းမေးရာကနေ ရှင်းရှင်းလင်းလင်း သိလိုက်ရတာတစ်ခုကတော့ ကျွန်တော်ဟာ ဆင့်ပွါးအတွေးလွန်မှုတွေကြောင့် စိတ်ကဖန်တီးလိုက်တဲ့ ထင်ယောင်ထင်မှား အတွေးဝင်္ကပါတွေထဲမှာ ပိတ်မိနေခဲ့တယ်ဆိုတာပါပဲ။ ကျွန်တော် ဒီဝင်္ကပါကနေ လွတ်မြောက်ချင်တယ်။ ဒီ့အတွက် အဖြေရှာဖို့ရာ ဘယ်ကစရမလဲလို့ စဉ်းစားကြည့်တော့ ကျွန်တော် လက်လှမ်းမီနိုင်တာ စာအုပ်က အနီးဆုံးပဲမလို့ စာအုပ်ကို နောက်ထပ်ပုံစံတစ်မျိုးနဲ့ ချဉ်းကပ်လာခဲ့တယ်။ ဦးတည်ချက်ရှိတော့ စာကို အရင်ကထက် ပိုပြီး လေ့လာဖတ်ရှုဖြစ်လာတယ်။ ဒါဟာ စာအုပ်တွေကို အချိန်ပိုပေးဖြစ်လာတဲ့ ကျွန်တော့်ရဲ့ လက်ရှိအကြောင်းအရင်းတွေထဲက တစ်ခုပဲဖြစ်ပါတယ်။ ရွေးချယ်ဖြစ်တဲ့စာအုပ်တွေထဲကနေမှ စိတ်ဆိုတဲ့အကြောင်းတွေကို ထိတွေ့စူးစမ်းမိလာရာကနေမှ Psychology တွေ Mental Health တွေနဲ့ဆိုင်တဲ့ ပညာရပ်တွေကို လက်လှမ်းမီသလောက် လေ့လာလိုက်စားဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည်ထူထောင်နိုင်လာဖို့ ကြိုးစားဖြစ်လာပါတယ်။ အခုထိလည်း တစ်ခုပြီးတစ်ခု ကြိုးစားရင်ဆိုင်ဖြေရှင်းနေရတုန်းပါပဲ။

စိတ်ဆိုတဲ့အရာက ကျွန်တော်တို့ဘဝကို ထင်ထားတာထက် အများကြီးချုပ်ကိုင်ခြယ်လှယ်နေပါတယ်။ သတိမဲ့စွာ ပြုမူလှုပ်ရှားနေတာတွေအကုန်လုံးဟာ စိတ်မှာ သွားပြီး သက်ရောက်ပါတယ်။ ကျွန်တော်တို့သိနိုင်တဲ့စိတ် ကျွန်တော်တို့ရဲ့သိစိတ်ဆိုတာ စိတ်ရဲ့ ပမာဏအနည်းငယ်မျှသာ ရှိပါတယ်။ အပြုအမူသေးသေးလေး တစ်ခုချင်းစီ၊ ခံစားမှုသေးသေးလေးတွေ တစ်ခုချင်းစီ၊ အလေ့အထသေးသေးလေးတွေတစ်ခုချင်းစီက ကျွန်တော်တို့စိတ်တစ်ခုလုံးကို ပုံသွင်းနေပါတယ်။ ကျွန်တော်က ဒီစိတ်ကို ဂရုစိုက်ရကောင်းမှန်းမသိခဲ့တော့ စိတ်ဟာ အထိန်းအကွပ်မဲ့ပြီး ဖြစ်ချင်တိုင်း ဖြစ်နေခဲ့တာပေါ့။ ကာလရှည်ကြာ စိတ်ဝင်္ကပါထဲမှာ တဝဲလည်လည်နဲ့ ပြိုလဲပိတ်မိနေခဲ့တယ်။ မိတ်ဆွေကောင်းတွေရဲ့ ဖေးမကူညီလမ်းညွန်ပြသမှုတွေကြောင့်သာ တချို့ထောင်ချောက်တွေကနေ လွတ်မြောက်နိုင်ခဲ့တာပါ။ ဒီစိတ်ရဲ့ သဘောသဘာဝတွေကို စူးစမ်းလေ့လာဖို့ရာ နိုင်ငံတကာစာပေထိ လက်လှမ်းမမီနိုင်ခဲ့တော့ ပြည်တွင်းမြန်မာစာအုပ်တွေ၊ မြန်မာဆရာ ဆရာမတွေကိုပဲ အဓိကထား အားကိုးပြီး ဖတ်ရှုလေ့လာခဲ့ရတယ်။ ဒီထဲမှာ နိုင်ငံတကာစာအုပ်တွေရဲ့ မြန်မာဘာသာပြန်ဖတ်ခွင့်ရရင်တော့ အတိုင်းမသိ ဝမ်းသာပျော်ရွှင်ရပါတယ်။

အခု မမွန်ရဲ့ Escaping The Mind Maze စာအုပ်လည်း ကျွန်တော့်အတွက် အများကြီးအထောက်အပံ့ဖြစ်စေခဲ့ပါတယ်။ ပထမ တစ်ပုဒ်စ နှစ်ပုဒ်စ စာမူတွေကို Edit လုပ်ကတည်းက မမွန်ကို ပြောဖြစ်တယ်။ “အရမ်းကောင်းတာပဲ၊ ဒါတွေခံစားနေရတာက ဒီလိုကြောင့်မှန်းမသိခဲ့ဘူး။ ဒါကြောင့် ဒီလိုဖြစ်တာကိုး” ဆိုပြီး အားပါးတရ ပြောပြဖြစ်သေးတယ်။ ဒီစာအုပ်ကြီးဖြစ်လာဖို့ စာရေးသူက အများကြီးကြိုးစားအားထုတ်ထားတာ အတိုင်းသားမြင်ရတယ်။ Psychology သင်တန်းတွေ Mental Health နဲ့ ပတ်သက်တဲ့ သင်တန်းတွေတက်၊ လေ့လာဆန်းစစ်မှုတွေလုပ်၊ ကိုယ်တိုင်အတွေ့အကြုံတွေနဲ့ တိုက်စစ်ပြီး ကြိုးစားအားထုတ်ခဲ့ရတာတွေကို ဒီစာအုပ်ကိုဖတ်တဲ့အခါ စာဖတ်သူတွေ ခံစားမိလာမှာပါ။ အပိုင်း ၁၆ ပိုင်းပါတဲ့ အပုဒ်ရေ ၆၀ ကျော်နဲ့ စာမျက်နှာ ၃၀၀ နီးပါး ပါတဲ့ စိတ်ပညာရပ်ဆိုင်ရာစာအုပ်ကို စာဖတ်သူတို့ တဝကြီး ဖတ်ရှုရမှာပါ။ စွဲလမ်းစိတ်လွန်ကဲမှုဝေဒနာတွေ၊ ကိုယ်တိုင်ပိတ်မိနေတဲ့ ကိုယ့်ရဲ့စိတ်ဝင်္ကပါတွေ၊ ကိုယ့်ကို တမြေ့မြေ့နဲ့ လောင်မြိုက်စေတဲ့ စိတ်ဒဏ်ရာတွေ၊ အဆိပ်သင့်စေတဲ့ လွန်ကဲတဲ့စိတ်ခံစားမှုတွေ၊ ပတ်ဝန်းကျင်က ထည့်ပေးလိုက်တဲ့ စိတ်ကင်ဆာတွေ စိတ်မလုံခြုံမှုတွေ ဒီအရာတွေကို သတိထားမိပြီး သိရှိလာအောင် ဒီစာအုပ်က အများကြီးအထောက်အပံ့ဖြစ်စေပါတယ်။ ဒီစာအုပ်ဖတ်ပြီး Healing နဲ့ ပတ်သက်တဲ့ စာတွေ၊ Talk Series တွေကို စိတ်ဝင်စားလာရင် မမွန်ရဲ့ page, Website, Telegram Channel တွေမှာ သွားရောက်ဖတ်ရှု၊ နားထောင်လို့ရပါတယ်။ Telegram Channel မှာ အပတ်စဉ် ထုတ်လွှင့်နေတဲ့ Weekend Talk ဆိုရင်လည်း ကျွန်တော် အမြဲတမ်း စောင့်ပြီးနားထောင်ရတဲ့ အစီအစဉ်တစ်ခု ဖြစ်ပါတယ်။ စာဖတ်ရတာ အချိန်မရတဲ့နေ့တွေဆိုရင် Talk Series တွေကို နားထောင်ဖြစ်တယ်။ Talk Series တွေ အများကြီးထဲမှာမှ ကိုယ်စိတ်ဝင်စားတဲ့ Series ကို Join ပြီး ဝင်ရောက်နားထောင်နိုင်ပါတယ်။

ဘဝမှာ ကျွန်တော်တို့ လက်လှမ်းမမီနိုင်တဲ့ပညာရပ်တွေ အများကြီးရှိပါတယ်။ ဒီစာအုပ်ဟာ ကျယ်ပြောလှတဲ့စိတ်ပညာရပ်ကို ပြည့်ပြည့်စုံစုံ တင်ပြမထားပေမဲ့ ကျွန်တော်တို့အတွက် လိုအပ်တဲ့အသိပညာတွေကို လုံလုံလောက်လောက်မျှဝေပေးထားပါတယ်။ ကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာ သန့်ရှင်းတည်ငြိမ်အေးချမ်းဖို့၊ စိတ်အမှိုက်တွေကို ရှင်းထုတ်ဖို့အတွက် ဒီစာအုပ်ဟာ တစ်ဖက်တစ်လမ်းကနေ အကူအညီဖြစ်စေပါတယ်။ စိတ်ထဲကအမှိုက်တွေကို ရှင်းလင်းဖို့ရာ ဘယ်ဟာကအမှိုက်လဲဆိုတာ ကျွန်တော်တို့ သိဖို့လိုပါတယ်။ အဲ့တော့ အမှိုက်ဆိုတာ ဘာလဲသိဖို့ အရင်ကြိုးစားရမယ်။ ပြီးမှ ကိုယ့်မှာရှိနေတဲ့အမှိုက်တွေကို ရွေးထုတ်ရမယ်။ ပြီးမှ အဲ့ဒီအမှိုက်တွေကို ရှင်းထုတ်ရမယ်။ ဒီဖြစ်စဉ်တစ်ခုလုံးအတွက် ဒီစာအုပ်ဟာ စာဖတ်သူတွေကို အတိုင်းအတာတစ်ခုထိ အထောက်အပံ့ပေးနိုင်ပါတယ်။ ဒီစာကို ဖတ်နေတဲ့အချိန်မှာ “ငါ ဒီစာအုပ်ကြီးဝယ်ထားပြီး ဖတ်လည်း မဖတ်ဖြစ်ဘူး၊ အလကားပဲ” ဆိုပြီး အတွေးမစောလိုက်ပါနဲ့။ ကျွန်တော့် Post ကို ဖတ်ပြီးတာနဲ့ စာအုပ်ကိုသာ ရဲရဲကြီး ဖွင့်ဖတ်လိုက်ပါ။ ဒီစာအုပ်ဟာ ဘဝပြဿနာတွေအကုန်လုံးကို မဖြေရှင်းပေးနိုင်ပေမဲ့ တချို့ပြဿနာအတွက် အဖြေတချို့ကိုတော့ ပေးနိုင်ပါလိမ့်မယ်။

နောက်မျိုးဆက်တွေမှာ စိတ်ဒဏ်ရာမဖြစ်စေဖို့ရာ ကျွန်တော်တို့အားလုံးဆီမှာ တာဝန်ရှိပါတယ်။

အားလုံးပဲ ဘဝမှာ
ပျော်ရွှင်ခြင်းတွေ မျှဝေနိုင်ပါစေ…
မေတ္တာတရားတွေ ပွါးများနိုင်ပါစေ…
ငြိမ်းချမ်းခြင်းတွေ ဆောင်ကျဉ်းနိုင်ပါစေ…

02.07.2024

Your Beautiful Pixel With Metta :
TALA | Take A Look Around

#မွန်ဟော်စီ

29/10/2025

#ဝယ်ပေးထားပါ နောက်မှယူမယ်နှင့်
မယူဖြစ်ကြတော့သော
မင်မင်တို့onlineဆ်ုင်လေး
မှစာအုပ်လေးများ ပိုင်ရှင်လာအခေါ်ကို စောင့်နေကြပါတယ်ရှင်😁😁

မင်မင်လည်းစိုက်ကာစုစုပြီးဝယ်ပေးရင်း
Customer ၁၀‌ေယာက် မကကျော်လာတော့ စာအုပ်တွေပုံနေပါပြီရှင်💔

မယူဖြစ်ကြတော့ဘူးပြောတာက ၇ယောက်လောက်ရှိပါတယ်။

စာနာသောအားဖြင့် ရှေ့၈/၉လပိုင်းတုန်းကမှာထားတာလေးတွေကို လာယူပေးလှည့်ကြပါအုံးနော်🥰

Photos from November Book Store's post 29/10/2025

အမျိုးသမီးတွေအတွက် ဖတ်ဖို့စာအုပ်တွေလမ်းညွှန်စာအုပ်တွေများနေသော်လည်း အမျိုးသားများအတွက်တော့ ဒီလိုစာအုပ်ကောင်းလေးတွေရှားပါတယ်။

ဒါကြောင့်

ဆရာ David Deida ရဲ့
"The way of the Superior Man"စာအုပ်ကို
ဆရာသုခကျော်က ဘာသာပြန်ထားတဲ့
"အာဂယောကျာ်း" စာအုပ်လေး ကို ဖတ်ကြည့်စေချင်ပါတယ်။

မာတိကာနဲ့ စာအုပ်‌အပေါ်အမြင်လေးတွေကို ဖတ်ရှုနိုင်ပါတယ်။

#အာဂယောကျာ်း
#သုခကျော်

November Book Store

28/10/2025

Toxic Relationship

*ကိုယ့်ဘက်ကပဲ စာတွေစပို့နေရတယ်။

*ကိုယ့်ဘက်ကပဲ Anniversary Dateတွေမှတ်ထားနေရတယ်။

*ကိုယ့်ဘက်ကပဲ ခံစားချက်တွေထုတ်ပြောနေရတယ်။ ပြန်စာကတော့ မျှော်လင့်မနေနဲ့တော့။

*ကိုယ့်ဘက်ကပဲ ပွင့်လင်းပေးနေရတယ်။

*ကိုယ့်ဘက်ကပဲ နီးစပ်ဖို့ကြိုးစားနေရတယ်။

*ကိုယ့်ဘက်ကပဲ ဒီ Relationship အဆင်ပြေအောကင်ကြိုးစားနေရတယ် တည်ဆောက်နေရတယ်။

*ကိုယ့်ဖက်ကပဲ နားလည်မှု အမြဲပေးနေရတယ်။

*ကိုယ့်ဖက်ကပဲ အချိန်တွေ အမြဲပေးနေရတယ်။

*ကိုယ့်ဖက်ကပဲ အနာဂတ်အတွက် Plan ရှိနေတယ်။

#ခိုင်မြဲသောrelationship တည်ဆောက်လာနိုင်စေမည့် လမ်းညွှန်ချက်များ

November Book Store

Photos from November Book Store's post 28/10/2025

ယနေ့ပို့ရသော
စာအုပ်အမှာလေးများ

November Book Store မှ မှာယူအားပေးကြသော
တစ်ဦးချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင်

🫶🫶

28/10/2025

🔥စကြဝဠာရဲ့လျှို့ဝှက်ချက်နဲ့ ဆိုရင် သင်ဖြစ်ချင်တဲ့၊ လုပ်ချင်တဲ့၊ ပိုင်ဆိုင်ချင်တဲ့..အရာအားလုံးကို ဖြစ်နိုင်၊ လုပ်နိုင်၊ ပိုင်ဆိုင်နိုင်ပါတယ်။

ဘဝမှာ အရေးကြီးဆုံး လျှို့ဝှက်ချက်သုံးခုကို လေ့လာကြည့်ရအောင်..။

၁။ အချစ်
၂။ ကျန်းမာရေးနဲ့
‌၃။ ငွေကြေး

📌 ဒီသုံးခုအတွက် "စကြဝဠာရဲ့ လျှို့ဝှက်ချက်"စာအုပ်က သင့်ဘဝကို အမှန်တကယ်ပြောင်းလဲစေပါလိမ့်မယ်။

ကမ္ဘာ‌ကျော် The Secret ရဲ့နောက်ဆက်တွဲ "The Secret to Love, Health, and Money".. ဒီစာအုပ်ဟာ "ဆွဲဆောင်မှုနိယာမ (Law of Attraction)"ကို အချစ်ရေး၊ ကျန်းမာရေးနဲ့ ငွေကြေးကိစ္စတွေမှာ ဘယ်လိုအသုံးချရမလဲဆိုတာကို အသေးစိတ် လမ်းညွှန်ပေးပါလိမ့်မယ်။

💥ဒီစာအုပ်ကို ဖတ်လိုက်တာနဲ့ ..

✅ အချစ်ရေးမှာ - သင့်ရဲ့ ဖူးစာဖက်ကို ဘယ်လိုရှာမလဲ၊ ရှိပြီးသားဆက်ဆံရေးကို ဘယ်လိုခိုင်မြဲအောင် လုပ်မလဲ..။

✅ ကျန်းမာရေးမှာ - သင့်ခန္ဓာကိုယ်ကို ဘယ်လိုနုပျိုကျန်းမာအောင် ထိန်းသိမ်းမလဲ..။

✅ ငွေကြေးမှာ - ငွေကြေးဥစ္စာတွေ သင့်ဆီကို ဘယ်လိုစီးဝင်လာအောင် ဖိတ်ခေါ်မလဲ.. စတဲ့ လက်တွေ့ကျတဲ့ အဖြေတွေကို သင်ရှာတွေ့သွားပါလိမ့်မယ်..။

သင့်ဘဝမှာ လိုချင်တဲ့အရာတွေကို ဘယ်လိုဖန်တီးယူရမလဲဆိုတဲ့ အံ့ဩစရာလျှို့ဝှက်ချက်တွေ ဒီစာအုပ်ထဲမှာ ရှိပါတယ်။ 😱

"စကြဝဠာရဲ့ လျှို့ဝှက်ချက်"စာအုပ်ကို ဖတ်ပြီး စကြဝဠာရဲ့ စွမ်းအားတွေကို သင့်ဘဝထဲမှာ စီးဆင်းစေလိုက်ပါ။

ต้องการให้ธุรกิจของคุณ บุคคลสาธารณะ ขึ้นเป็นอันดับหนึ่ง บุคคลสาธารณะ ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

ประเภท

เบอร์โทรศัพท์

เว็บไซต์

ที่อยู่

Bangkok