Juu

Juu

แชร์

Celebrity news, gossip, and more! Managed by the same team as 9han, Han Creator, and Han Vlog.

Managed by Han Win and Muk Soppu, who co-manage the following pages:
Juu : https://www.facebook.com/mgforjuu
9han : https://www.facebook.com/9hanInfo
Han : https://www.facebook.com/HanCreator/
Han : https://www.facebook.com/hanvlog194/
9han News: https://www.facebook.com/profile.php?id=100064694785263
Myanmar News: https://www.facebook.com/profile.php?id=61571975093129

10/12/2025

မြန်မာအတွက် ပထမဆုံးရွှေ! 🥇

မြန်မာတို့အတွက် ပထမဆုံး ရွှေတံဆိပ် ရပါပြီ! 🥇🇲🇲

ထိုင်းနိုင်ငံ၊ ၂၀၂၅ ဆီးဂိမ်းပြိုင်ပွဲကြီးမှာ မြန်မာခြင်းလုံးအမျိုးသမီးအသင်းက ရမှတ် (၅၀၂) မှတ်နဲ့ ပထမဆုံးသော ရွှေတံဆိပ်ဆုကြီးကို ဂုဏ်ယူစွာ ရယူပေးလိုက်နိုင်ခဲ့ပါပြီ။ အားလုံးပဲ ဂုဏ်ပြုလိုက်ကြရအောင်!

03/12/2025

ပြည်တွင်းမှာ နေရာမရခဲ့ပေမယ့် နိုင်ငံတကာစင်မြင့်ထက်မှာ အောင်မြင်မှုရရှိခဲ့တဲ့ "သဘင်သည်မြနှင်းဆီ" ဇာတ်ကား

03/12/2025
12/08/2025

သူငယ်ချင်းရဲ့ကလေးမွေးနေ့ပွဲကို သွားဖို့ရှိပါတယ်။ အသက်က ၃၅ နှစ်ရှိပြီဖြစ်ပြီး ကျွန်မနဲ့ရွယ်တူ သူငယ်ချင်းတွေက ကလေးတွေပါ ခေါ်လာကြတော့မှာပါ။ ကျွန်မကတော့ အိမ်ထောင်ပြုဖို့နေနေသာသာ ရည်းစားတောင် အတည်တကျမရှိသေးပါဘူး။ ပွဲမှာ ကျွန်မကို ဝိုင်းမေးကြ၊ ဝိုင်းပြောကြတော့မှာကို စိုးရိမ်မိပါတယ်။ ဒါကို ဘယ်လိုပြန်ရင်ဆိုင်ဖြေရှင်းရမလဲဆိုတာအတွက် အကြံဉာဏ်လေးတွေ လိုချင်ပါတယ်ရှင်။

ရင်ဖွင့်စာပေးပို့လိုပါက page message ( m.me/294583481158705 ) ကို ပို့ထားပေးပါ။

12/08/2025

အသက် ၂၇ နှစ်အရွယ် ကျွန်မက ၃၉ နှစ်ရှိပြီဖြစ်တဲ့ လုပ်ငန်းရှင်တစ်ဦးနဲ့ ချစ်သူသက်တမ်း တစ်နှစ်ကျော် ရှိပါပြီ။ သူဟာ ခရီးတွေ မကြာခဏ ထွက်ရသူဖြစ်ပြီး ကျွန်မနဲ့ မိသားစုအပေါ် အရမ်းကောင်းသလို အားကိုးစရာလည်း ဖြစ်ပါတယ်။ အိမ်ထောင်မရှိဘူးလို့ ပြောတာကြောင့် သူ့ကို ယုံကြည်ခဲ့ပြီး တွဲခဲ့တာပါ။
တွဲလာတာ တစ်နှစ်အကြာမှာတော့ သူက ကျွန်မကို တိုက်ခန်းဝယ်ပေးပြီး အလုပ်မလုပ်ဘဲ အိမ်မှာပဲ အေးအေးဆေးဆေးနေဖို့၊ လိုအပ်တာမှန်သမျှ အားလုံးတာဝန်ယူပေးမယ်လို့ ပြောပါတယ်။ ဒါပေမဲ့ တစ်လကို တစ်ပတ်လောက် အလုပ်ကိစ္စနဲ့ဆိုပြီး ခရီးထွက်တိုင်း အဆက်အသွယ် ပြတ်တောက်လေ့ရှိပါတယ်။
တစ်နေ့မှာတော့ သူ့ဖုန်းကို မမျှော်လင့်ဘဲ ဝင်ကြည့်မိရာကနေ အမှန်တရားကို ကျွန်မသိလိုက်ရပါတယ်။ အလုပ်ကိစ္စနဲ့ ခရီးထွက်တယ်ဆိုတာ တခြားမြို့မှာရှိတဲ့ သူ့ရဲ့တရားဝင်ဇနီးနဲ့ ကလေးတွေဆီ ပြန်တာဖြစ်ပြီး ကျွန်မက ဒုတိယမိသားစုတစ်ခုလို ဖြစ်နေတာပါပဲ။ ဒီအဖြစ်ကို သိလိုက်ရတော့ ကျွန်မရင်တွေ ကွဲကြေမတတ်ပါပဲ။
ဒီအကြောင်းကို မေးတော့လည်း သူက ဝန်မခံဘဲ အလုပ်ကိစ္စပါပဲလို့ လိမ်နေဆဲပါပဲ။ ကျွန်မရဲ့ အသုံးစရိတ်နဲ့ မိဘတွေရဲ့ ဆေးဖိုးဝါးခအားလုံးကို သူက ထောက်ပံ့ပေးထားတာကြောင့် ကျွန်မအနေနဲ့ ဘာမှမပြောရဲဘဲ ဒီအတိုင်းပဲ ဆက်နေနေရပါတယ်။
လမ်းခွဲလိုက်ရင်လည်း သူ့ရဲ့ထောက်ပံ့မှုတွေ ရပ်သွားမှာကို စိုးရိမ်မိပါတယ်။ ဒီအတိုင်းပဲ ဆက်နေရမလား၊ ဒါမှမဟုတ် ဘာလုပ်သင့်သလဲဆိုတာကို ဝေခွဲမရဖြစ်နေတာကြောင့် အကြံဉာဏ်လေး ပေးကြပါဦးရှင်။
ရင်ဖွင့်စာပေးပို့လိုပါက page message ( m.me/294583481158705 ) ကို ပို့ထားပေးပါ။

12/08/2025

အစ်မတို့ရေ ညီမကိုကူညီကြပါဦး။

ညီမချစ်သူနဲ့တွဲလာတာ ၆ လရှိပါပြီ။ သူက အရင်ကတည်းက သူ့မိန်းမနဲ့ အဆင်မပြေလို့ တရားရုံးမှာကွာရှင်းဖို့လုပ်နေတယ်။ သားသမီးလည်းမရှိဘူး၊ တရားဝင်ပြတ်ရင် ညီမကိုလက်ထပ်မယ်ဆိုလို့ ညီမဘက်ကယုံကြည်ပြီးတွဲခဲ့တာပါ။ ခုနောက်ပိုင်း သူ့မိ.န်း.မက သူ့ဖေ့စ်ဘွတ်မှာ ပျော်စရာမိသားစုပုံတွေ၊ နှစ်ယောက်တူတူခရီးသွားခဲ့တဲ့ပုံအဟောင်းတွေ ပြန်ပြန်တင်ပြီး ညီမကိုမြင်အောင် tag တွဲလာပါတယ်။ သူ့ကိုမေးတော့ အဲဒါသူ့ကိုပြန်ရချင်လို့ တမင်လုပ်နေတာ၊ သူတို့နှစ်ယောက် လုံးဝမပတ်သက်တော့ဘူးလို့ပြောပါတယ်။ ဒါပေမဲ့ ညီမဘက်ကတော့ နေ့တိုင်းအဲဒီပိုစ့်တွေမြင်ရတာနဲ့တင် တော်တော်လေးခံစားရပါတယ်။ သူ့စကားကိုဆက်ယုံကြည်သင့်လား၊ ဒါမှမဟုတ် ညီမပဲနောက်ဆုတ်ပေးလိုက်ရတော့မလား။

အရမ်းဝေခွဲမရဖြစ်နေလို့ အကြံပေးကြပါဦးရှင်။

ရင်ဖွင့်စာပေးပို့လိုပါက page message ( m.me/294583481158705 ) ကို ပို့ထားပေးပါ

09/07/2025
08/07/2025
05/07/2025

ခိုင်နှင်းဝေ ဂေဟာဆောက်ရန် မြေလှူခဲ့တဲ့ အလှူရှင်ကွယ်လွန်၍ စိတ်မကောင်းဖြစ်နေတဲ့ ခိုင်နှင်းဝေ

ခိုင်နှင်းဝေ ဂေဟာဆောက်ရန် မြေလှူခဲ့တဲ့ အလှူရှင်ကွယ်လွန်၍ စိတ်မကောင်းဖြစ်နေတဲ့ ခိုင်နှင်းဝေ

ပရဟိတမင်းသမီး ခိုင်နှင်းဝေဟာ သူမရဲ့ လက်ရှိ ရင်သွေးလေးများဂေဟာကို ဆောက်လုပ်ခဲ့တဲ့ မြေနေရာကို လှူဒါန်းပေးခဲ့တဲ့ အလှူရှင်အန်တီကြီး ဒေါ်မြင့်မြင့်အေး (အသက် ၇၁ နှစ်) ကွယ်လွန်သွားတာကြောင့် အလွန်စိတ်မကောင်းဖြစ်နေရတယ်လို့ ဖော်ပြလာပါတယ်။
ခိုင်နှင်းဝေရဲ့ ပြောပြချက်အရ အလှူရှင်ဒေါ်မြင့်မြင့်အေးဟာ လွန်ခဲ့တဲ့ ၈ နှစ်ခန့်ကတည်းက ဂေဟာဆောက်လုပ်မယ်ဆိုရင် သူမရဲ့မြေကွက်မှာပဲ ဆောက်ဖို့ တောင်းဆိုပြီး လှူဒါန်းပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ခိုင်နှင်းဝေကလည်း အန်တီဒေါ်မြင့်မြင့်အေးရဲ့ ဆန္ဒအတိုင်း အဲဒီမြေနေရာမှာ ဂေဟာကို ဆောက်လုပ်ခဲ့တာပါ။
ကွယ်လွန်သွားတဲ့ အန်တီဒေါ်မြင့်မြင့်အေးအတွက် တတ်နိုင်သမျှ ကောင်းမှုကုသိုလ်တွေ ပြုလုပ်လှူဒါန်းပေးသွားမှာဖြစ်ပြီး၊ လူ့ဘုံ၊ နတ်ဘုံ၊ နိဗ္ဗာန် သုံးတန်သော ချမ်းသာကို အမြန်ဆုံးရရှိခံစားနိုင်ပါစေရန် ဆုတောင်းအမျှဝေသွားမယ်လို့ ခိုင်နှင်းဝေက ပြောကြားခဲ့ပါတယ်။

04/07/2025

အသက် ၃ နှစ်သာရှိသေးတဲ့ သားလေး စိန်ဥဥအတွက် ပြင်ဦးလွင်က တန်ဖိုးကြီး ခြံကျယ်ကြီးကို မွေးနေ့လက်ဆောင်ပေးခဲ့တဲ့ သူဌေးမကြီး ပိုးကြာဖြူခင်

03/07/2025

လှပအောင် နှာခေါင်းခွဲစိတ်ပြီး မကြာမီမှာပဲ ရေကူးရင်းချော်လဲလို့ နှာခေါင်းထိခိုက်သွားတဲ့ ဆယ်လီ နေဆန်း

ဆယ်လီ နေဆန်းဟာ လှပအောင် နှာခေါင်းခွဲစိတ်ထားပြီး မကြာခင်မှာပဲ ရေကူးရင်းချော်လဲလို့ နှာခေါင်း ထိခိုက်သွားတာကြောင့် လက်ရှိမှာ ဘန်ကောက်ဆေးရုံကို ပြန်လည်ရောက်ရှိနေပါတယ်။

ဘန်ကောက်ကိုရောက်ရှိနေချိန် ရေကူးရင်းချော်လဲရာမှ နှာခေါင်းထိခိုက်သွားတာဖြစ်ပြီး ဆေးရုံကို ချက်ချင်းသွားရောက်ပြသခဲ့တယ်လို့ သူကပြောပါတယ်။ နေဆန်းရဲ့ နှာခေါင်းခွဲစိတ်မှု အရောင်မကျသေးခင်မှာပဲ ခုလိုထိခိုက်မှု ဖြစ်ခဲ့တာပါ။

03/07/2025

ဘဝခြားသွားပြီဖြစ်တဲ့ ချစ်သူလေး မေကို မေ့ပစ်ပြီး ချစ်သူသစ် ခရိုနီသူဌေးမလေးနဲ့ ဝါကျွတ်ရင် လက်ထပ်တော့မယ့် မင်းသားချော ညီထွဠ်ခေါင်

ต้องการให้ธุรกิจของคุณ บุคคลสาธารณะ ขึ้นเป็นอันดับหนึ่ง บุคคลสาธารณะ ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


262 Rong Rian Charuni Wit Alley, Thanon Phetchaburi, Ratchathewi
Bangkok
10400