Mobile Education Partnerships Institute

Mobile Education Partnerships Institute

แชร์

ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Mobile Education Partnerships Institute, การศึกษา, Bangkok.

14/05/2026

Please join us

🔥ဆရာတစ်ယောက်ကနေ 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐄𝐝𝐮𝐜𝐚𝐭𝐨𝐫 တစ်ယောက်ဖြစ်လာဖို့ အရေးကြီးဆုံး အချက်တစ်ခု (သို့) 𝐑𝐞𝐟𝐥𝐞𝐜𝐭𝐢𝐨𝐧 ပြန်လည် စမ်းစစ်သုံးသပ်ခြင်း

😔 ဆရာ၊ ဆရာမတို့ အနေနဲ့ စာသင်တာကို ချစ်တယ် အတန်းတွေကိုလည်း ကြိုးစားသင်တယ်။ ဒါပေမဲ့ တစ်ခါတစ်လေမှာ ကျောင်းသားတွေရဲ့ တိုးတက်မှု မမြင်ရတဲ့အခါ “ငါအသင်အပြ မကောင်းဘူးလား” လို့ စိတ်ထဲမှာ သံသယဝင်တတ်ပါတယ်။

✨အမှန်တရားကတော့ ဒီပြဿနာဟာ ဆရာ၊ ဆရာမတို့ အသင်အပြ မကောင်းလို့မဟုတ်ပါဘူး။

✨𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐄𝐝𝐮𝐜𝐚𝐭𝐨𝐫 တစ်ယောက်ဖြစ်လာဖို့ အရေးကြီးဆုံး အချက်တစ်ခုဟာ 𝐑𝐞𝐟𝐥𝐞𝐜𝐭𝐢𝐨𝐧 (ပြန်လည်စဉ်းစားစီစစ်ခြင်း) ဖြစ်ပါတယ်။ အဲ့ဒီ 𝐑𝐞𝐟𝐥𝐞𝐜𝐭𝐢𝐨𝐧 ဆိုတာကို မသိလို့ အခုလို ပြသနာ ဖြစ်ရတာဖြစ်ပါတယ်။

𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐄𝐝𝐮𝐜𝐚𝐭𝐨𝐫 တစ်ယောက်အနေနဲ့ တိုးတက်လာဖို့အတွက်

၁။ 𝐎𝐛𝐬𝐞𝐫𝐯𝐚𝐭𝐢𝐨𝐧 – အတန်းထဲမှာသင်ကြားနေတဲ့အခါ ဘာတွေဖြစ်သွားလဲ၊ ကျောင်းသားတွေ နားလည်ရဲ့လား သတိထားကြည့်ရပါမယ်
၂။ 𝐑𝐞𝐟𝐥𝐞𝐜𝐭𝐢𝐨𝐧 – ဘာကြောင့် အဲ့လိုဖြစ်သွားလဲ၊ ငါဘာတွေလုပ်လိုက်လို့ ကျောင်းသားတွေ နားလည်သဘောပေါက်တာလည်း၊ ဘာတွေလုပ်မိလို့ ကျောင်းသားတွေ နားမလည်တာလဲ အစရှိသဖြင့် စဉ်းစားရမယ်
၃။ 𝐀𝐜𝐭𝐢𝐨𝐧 – ဒီလိုမဖြစ်အောင် နောက်တစ်ခါ ငါဘာတွေ ပြောင်းလဲရမလဲ၊ ပြုပြင်ရမလဲ ဆုံးဖြတ်ရမယ်
၄။ 𝐈𝐦𝐩𝐫𝐨𝐯𝐞𝐦𝐞𝐧𝐭 – ဒီလိုပြောင်းလဲလိုက်တဲ့အခါမှာ ဘယ်အရာတွေက အမှန်တကယ် တိုးတက်သလဲဆိုတာ စောင့်ကြည့်ရမယ်။ ပြီးရင် နံပါတ် ၁ က ပြန်စမယ်။

၁။ 𝐎𝐛𝐬𝐞𝐫𝐯𝐚𝐭𝐢𝐨𝐧 → ၂။ 𝐑𝐞𝐟𝐥𝐞𝐜𝐭𝐢𝐨𝐧 → ၃။ 𝐀𝐜𝐭𝐢𝐨𝐧 → ၄။ 𝐈𝐦𝐩𝐫𝐨𝐯𝐞𝐦𝐞𝐧𝐭

🤔 𝐑𝐞𝐟𝐥𝐞𝐜𝐭𝐢𝐨𝐧 ဆိုတာ ဘာလဲ?

“သင်ခန်းစာ ပြီးပြတ်သွားတာနဲ့ မပြီးသေးပါဘူး” ကျောင်းသားတွေ တကယ်သင်ယူတတ်မြောက်သွားဖို့ လိုအပ်ပါတယ်။

𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐄𝐝𝐮𝐜𝐚𝐭𝐨𝐫 တွေက အတန်းတစ်တန်းပြီးတိုင်း 𝐑𝐞𝐟𝐥𝐞𝐜𝐭 လုပ်တဲ့ အနေနဲ့ ကိုယ့်ကိုယ်ကို ဒီလိုမေးကြပါတယ် —

🤔 ဒီနေ့ 𝐥𝐞𝐬𝐬𝐨𝐧 မှာ ဘာတွေ အဆင်ပြေခဲ့လဲ?
🤔 ဘာတွေ မအောင်မြင်ခဲ့ဘူးလဲ?
🤔ဘာကြောင့် အဲ့လိုဖြစ်သွားတာလဲ?
🤔 နောက်တစ်ခါ ဘာတွေ ပြောင်းလဲသင့်လဲ?

ဒီမေးခွန်းတွေကပဲ ဆရာတစ်ယောက်ကို တိုးတက်စေတဲ့ အင်ဂျင် တစ်ခု ဖြစ်ပါတယ်။

❌"အတန်းတစ်ခုသင်တယ်၊ သင်ခန်းစာ ပြီးသွားတယ်၊ ဒါပဲ၊ 𝐑𝐞𝐟𝐥𝐞𝐜𝐭𝐢𝐨𝐧 မလုပ်ဘူးဆိုရင် ကိုယ်မှားနေတဲ့ အမှားတွေကို ထပ်ခါထပ်ခါ ပြန်လုပ်နေမိမှာ ဖြစ်ပါတယ်။"

✅ ဒါကြောင့် ဆရာ၊ ဆရာမ များအနေနဲ့ 𝐑𝐞𝐟𝐥𝐞𝐜𝐭𝐢𝐨𝐧 လုပ်မယ်ဆိုရင်

* အပတ်တိုင်း တိုးတက်နေမယ်
* ကျောင်းသားတွေ တရှိန်ထိုး တိုးတက်လာတာတွေမြင်ရတယ့်အပြင်
* 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐄𝐝𝐮𝐜𝐚𝐭𝐨𝐫 တစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု မြင့်တက်လာမှာ ကိုတွေ့မြင်ရမှာဖြစ်ပါတယ်။

💬 အရေးကြီးဆုံး သဘောတရားကတော့
“အတွေအကြုံရှိရုံနဲ့ အောင်မြင်တိုးတက်တာမဟုတ်ပါဘူး။
အဲ့ဒီအတွအကြုံတွေကို 𝐑𝐞𝐟𝐥𝐞𝐜𝐭 လုပ်၊ ပြုပြင်ပြောင်းလဲပြီးမှသာ တိုးတက်အောင်မြင်လာမှာဖြစ်ပါတယ်။”

🎓 𝐈𝐧𝐯𝐢𝐭𝐚𝐭𝐢𝐨𝐧 (ဖိတ်စာ) - ဆရာ၊ ဆရာမများအား အောက်ပါအစီစဥ်အတိုင်းပြုလုပ်ပေးမည် 𝐅𝐫𝐞𝐞 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 ကို တက်ရောက်နိုင်ရန် နွေးထွေးစွာဖိတ်ကြားအပ်ပါသည်။

🔥𝐅𝐑𝐄𝐄 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩
📅 𝐃𝐚𝐭𝐞: 𝐌𝐚𝐲 15𝐭𝐡, 2026 (𝐅𝐫𝐢𝐝𝐚𝐲)
⏰ 𝐓𝐢𝐦𝐞: 7:00𝐏𝐌 𝐭𝐨 8:30𝐏𝐌
📍 𝐋𝐢𝐯𝐞 𝐨𝐧: 𝐙𝐨𝐨𝐦
💰𝐂𝐨𝐮𝐫𝐬𝐞 𝐅𝐞𝐞𝐬 : 𝐅𝐑𝐄𝐄

ဒီ "𝐋𝐞𝐬𝐬𝐨𝐧 𝐃𝐞𝐬𝐢𝐧𝐠 𝐌𝐚𝐬𝐭𝐞𝐫𝐲" လို့ခေါ်တဲ့ 𝐅𝐑𝐄𝐄 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 လေးမှာ အောက်ပါ 𝐓𝐨𝐩𝐢𝐜 လေးတွေကို ဆွေနွေးပေးသွားမှာဖြစ်ပါတယ်။
✅ 𝐇𝐨𝐰 𝐭𝐨 𝐩𝐥𝐚𝐧 𝐚 𝐜𝐥𝐞𝐚𝐫 & 𝐬𝐭𝐫𝐮𝐜𝐭𝐮𝐫𝐞𝐝 𝐥𝐞𝐬𝐬𝐨𝐧

✅ 𝐓𝐡𝐞 𝟑-𝐬𝐭𝐞𝐩 𝐥𝐞𝐬𝐬𝐨𝐧 𝐟𝐫𝐚𝐦𝐞𝐰𝐨𝐫𝐤 (𝐄𝐧𝐠𝐚𝐠𝐞 → 𝐏𝐫𝐚𝐜𝐭𝐢𝐜𝐞 → 𝐏𝐞𝐫𝐟𝐨𝐫𝐦)

✅ 𝐇𝐨𝐰 𝐭𝐨 𝐝𝐞𝐬𝐢𝐠𝐧 𝐚𝐜𝐭𝐢𝐯𝐢𝐭𝐢𝐞𝐬 𝐭𝐡𝐚𝐭 𝐚𝐜𝐭𝐮𝐚𝐥𝐥𝐲 𝐰𝐨𝐫𝐤

✅ 𝐇𝐨𝐰 𝐭𝐨 𝐤𝐞𝐞𝐩 𝐬𝐭𝐮𝐝𝐞𝐧𝐭𝐬 𝐞𝐧𝐠𝐚𝐠𝐞𝐝 𝐟𝐫𝐨𝐦 𝐬𝐭𝐚𝐫𝐭 𝐭𝐨 𝐞𝐧𝐝

✅ 𝐋𝐢𝐯𝐞 𝐐&𝐀 𝐒𝐞𝐬𝐬𝐢𝐨𝐧
ဒီ 𝐖𝐞𝐛𝐢𝐧𝐚𝐫 လေးကို 𝐉𝐨𝐢𝐧 လိုပါက 𝐂𝐨𝐦𝐦𝐞𝐧𝐭 မှာ “𝐋𝐞𝐬𝐬𝐨𝐧 𝐃𝐞𝐬𝐢𝐠𝐧 𝐌𝐚𝐬𝐭𝐞𝐫𝐲” လိုရေးခဲ့ပေပါ။ ဒီ 𝐏𝐨𝐬𝐭 လေးကို 𝐒𝐡𝐚𝐫𝐞 လုပ်ပေးပါ။ 𝐙𝐨𝐨𝐦 𝐥𝐢𝐧𝐤 လေးပို့ပေးပါ့မယ်။

MEP 14/05/2026

Our mother Organization’s New Website

MEP It was built by teachers who understand the demands of the job. We have over 25 years’ experience training and giving ongoing support to teachers working in refugee camps, migrant schools and in other marginalised communities on the Thai/Myanmar border. In those 25 years, we have also carried out...

Photos from Mobile Education Partnerships Institute's post 08/05/2026

Meeting with Lovely people
# networking with Cherry Myay College and SE center in Taunggyi

Photos from Mobile Education Partnerships Institute's post 25/04/2026

သဘာဝနဲ့ အနုပညာ ပေါင်းစပ်ခြင်း- Eco-printing Workshop

ဘကကျောင်းက ဆရာ၊ ဆရာမများအတွက် "Eco-printing နှင့် စိတ်လူမှုပိုင်းဆိုင်ရာ ပံ့ပိုးမှု" ခေါင်းစဉ်နဲ့ Workshop လေးတစ်ခု အောင်မြင်စွာ ပြုလုပ်ပြီးစီးခဲ့ပါတယ်။ 🎨🍃

ဆရာ၊ ဆရာမများအတွက် Psychosocial Support (PSS) အကျိုးကျေးဇူး

ဘကကျောင်းတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာ၊ ဆရာမတွေဟာ များသောအားဖြင့် လုပ်ငန်းခွင်ဖိစီးမှုနဲ့ စိန်ခေါ်မှုများစွာကို ရင်ဆိုင်ရလေ့ရှိပါတယ်။ Eco-printing ဟာ သူတို့အတွက် အကျိုးပြုပါတယ် -

စိတ်ဖိစီးမှု လျော့ကျစေခြင်း (Stress Relief): သစ်ရွက်ကလေးတွေကို စနစ်တကျ စီခြင်း၊ ထုပ်ပိုးခြင်းနဲ့ ပေါင်းခံခြင်း လုပ်ငန်းစဉ်တွေဟာ Art Therapy (အနုပညာဖြင့် ကုထုံး) တစ်ခုလို လုပ်ဆောင်ပေးပါတယ်။ ဒါဟာ စိတ်လှုပ်ရှားမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို လျော့ကျစေပါတယ်။

Mindfulness (သတိရှိမှု): အလုပ်တစ်ခုကို အာရုံစိုက်ပြီး စိတ်အေးလက်အေး လုပ်ဆောင်ရတာကြောင့် လက်ရှိပစ္စုပ္ပန်တည့်တည့်မှာ စိတ်ကို ထားနိုင်ဖို့ (Mindfulness) လေ့ကျင့်ပေးရာ ရောက်ပါတယ်။

အဖွဲ့အစည်းအတွင်း ချိတ်ဆက်မှု (Social Connection): Eco-printing Workshop တွေ စုပေါင်းလုပ်ဆောင်ခြင်းအားဖြင့် ဆရာ၊ ဆရာမအချင်းချင်း အတွေ့အကြုံတွေ ဖလှယ်နိုင်ပြီး လုပ်ငန်းခွင်အတွင်း ပိုမိုနွေးထွေးတဲ့ ဆက်ဆံရေး (Peer Support) ကို တည်ဆောက်နိုင်ပါတယ်။

Emotional Resilience (စိတ်ဓာတ်ကြံ့ခိုင်မှု): အနုပညာဖန်တီးမှုတစ်ခု အောင်မြင်သွားတဲ့အခါ ရရှိလာတဲ့ ကျေနပ်ပီတိ (Sense of achievement) ဟာ ပင်ပန်းနွမ်းနယ်မှု (Burnout) ဖြစ်ခြင်းကနေ ကာကွယ်ပေးပါတယ်။

🌿ကျောင်းသားများအတွက် ပြန်လည်အသုံးချနိုင်မှု

ဆရာ၊ ဆရာမတွေကိုယ်တိုင် ဒီအတတ်ပညာကို တတ်မြောက်သွားတဲ့အခါ ကျောင်းသား/သူတွေကိုလည်း ပြန်လည်သင်ကြားပေးနိုင်ပါတယ်။ ဒါဟာ -

ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို ကူညီပေးနိုင်ပါတယ်။

Eco-printing ကနေ ထွက်လာတဲ့ ပစ္စည်း (ဥပမာ - ပုဆိုး၊ အိတ်၊ လက်ကိုင်ပုဝါ) တွေကို အမှတ်တရ လက်ဆောင်ပေးခြင်း သို့မဟုတ် ပြန်လည်ရောင်းချခြင်းဖြင့် ကျောင်းအတွက် ရန်ပုံငွေ ရှာဖွေရာမှာလည်း အထောက်အကူဖြစ်စေပါတယ်။

အနှစ်ချုပ်အနေဖြင့် -
Eco-printing ဟာ ဘကကျောင်းက ဆရာ၊ ဆရာမတွေအတွက် စရိတ်သက်သာပြီး ထိရောက်တဲ့ "စိတ်ထွက်ပေါက်" တစ်ခုဖြစ်သလို၊ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှုအတွက်လည်း များစွာ အကျိုးပြုတဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်

လူငယ်တွေကို ပြုစုပျိုးထောင်ပေးနေတဲ့ ကျွန်မတို့ရဲ့ ဆရာ၊ ဆရာမတွေ စိတ်ရောကိုယ်ပါ လန်းဆန်းနေမှသာ ပိုမိုကောင်းမွန်တဲ့ ပညာရေးဝန်းကျင်တစ်ခုကို တည်ဆောက်
နိုင်မှာ ဖြစ်ပါတယ်။

သင်တန်းလာရောက်ပို့ချပေးတဲ့ Nature Family မှ ဆရာမကို ကျေးဇူးတင်ပါတယ်။

Photos from Mobile Education Partnerships Institute's post 17/04/2026

နှစ်သစ်မှာ ကျွမ်းကျင်မှု့တွေ တိုးတက်လာဖို့ ဆရာ -ဆရာဖြစ် သင်တန်းတခု MEPI မှ လမ်းညွှန်ပေးချင်ပါတယ်။ 📚📚

🌺 ဆရာတစ်ယောက်က ကလေးဘဝတွေကို ဘယ်လောက်ထိ ပြောင်းလဲနိုင်မလဲ?” 🌺

တစ်ခါတစ်လေ…

စာသင်ခန်းထဲမှ စကားလုံးတစ်လုံးပဲဖြစ်ဖြစ်၊ လေးစားမှုတစ်ချက်ပဲဖြစ်ဖြစ်၊ ကလေးတစ်ယောက်ရဲ့ အနာဂတ်ကို ပြောင်းလဲပေးနိုင်ပါတယ်။ အဲ့ဒီလို အရေးကြီးတဲ့ အခန်းကဏ္ဍကို ထမ်းဆောင်နေတဲ့ ဆရာ/ဆရာမများအတွက် - ဆရာအတတ်ပညာကို ဆက်လက်တိုးတက်စေဖို့ အခမဲ့ Online သင်တန်းအစီအစဉ်တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။



🌸 “ပန်းပျိုးသူ ဥယျာဉ်မှူး” 🌸

ကလေးငယ်များကို အသိပညာ၊ အတတ်ပညာတွေအပြင် အမူအကျင့်ကောင်း၊ စိတ်နေသဘောထား ကောင်းများပါ ပြည့်စုံစွာ ဖွံဖြိုးလာစေရန် အစဉ်ကြိုးစားပေးနေကြတဲ့ ဆရာ/ဆရာမများကို ဂုဏ်ပြုရင်း ဖန်တီးထားတဲ့ သင်တန်းအစီအစဉ်တစ်ခု ဖြစ်ပါတယ်။



ဒီသင်တန်း အစီအစဉ်ကို ရပ်ရွာ အခြေပြုကျောင်းများရှိ ဆရာ၊ ဆရာမများ ကိုယ်တိုင်လေ့လာသင်ယူကြနိုင်ဖို ရည်ရွယ်သော်လည်း ပညာရေးကို စိတ်ဝင်စားသူ မည်သူမဆို လေ့လာတက်ရောက်နိုင်ပါတယ်။ သင်တန်းမှာ ပင်မမော်ဂျူး (၆) ခု ပါဝင်ပြီး အခုဆိုရင် မော်ဂျူး အားလုံးကို Myanmar Teacher Platform ပေါ်မှာ အခမဲ့ တက်ရောက်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။ မော်ဂျူးတစ်ခုလေ့လာပြီးတိုင်း Certificate ရရှိမှာဖြစ်ပါတယ်။

မော်ဂျူး (၁) သင်ကြားရေး၏ အခြေခံအုတ်မြစ်များ

ပညာရေးဆိုင်ရာ သဘောတရားများ၊ သင်ကြားသင်ယူမှုပုံစံများနှင့် ဆရာ၏ အခန်းကဏ္ဍများကို နားလည်နိုင်စေပါသည်။



မော်ဂျူး (၂) ဆရာအတတ်ပညာ ဖွံဖြိုးတိုးတက်ရေး

ခေတ်မီသင်နည်းဗေဒများ၊ သင်ကြားနည်းများနှင့် စစ်ဆေးအကဲဖြတ်နည်းများကို လေ့လာနိုင်ပါသည်။



မော်ဂျူး (၃) စာသင်ခန်း စီမံခန့်ခွဲမှု

ကလေးတစ်ဦးချင်းစီကို နားလည်ကာ အပြုသဘောဆောင်သော စာသင်ခန်းပတ်ဝန်းကျင် တည်ဆောက်နည်းများကို သိရှိနိုင်ပါသည်။



မော်ဂျူး (၄) ပြောင်းလွယ်ပြင်လွယ်ရှိခြင်းနှင့် အလိုက်သင့်ပြောင်းလဲနိုင်ခြင်း

မတူညီသော နောက်ခံရှိသော ကျောင်းသားများအတွက် လိုက်လျောညီထွေ သင်ကြားနိုင်သော နည်းလမ်းများကို လေ့လာနိုင်ပါသည်။



မော်ဂျူး (၅) ကျောင်းသားများ၏ ပေါက်မြောက်အောင်မြင်မှု

ကျောင်းသားများ၏ သင်ယူမှုပုံစံများကို နားလည်ကာ စိတ်ပါဝင်စားမှုမြှင့်တင်နိုင်သော သင်ကြားနည်းများကို သိရှိနိုင်ပါသည်။



မော်ဂျူး (၆) ဆရာအလုပ်၌ ဘဝတစ်သက်တာ နှစ်မြုပ်လုပ်ဆောင်မှု

ဆရာတစ်ယောက်အဖြစ် ဆက်လက်တိုးတက်ဖို့ လိုအပ်သော စံနှုန်းများနှင့် စဉ်ဆက်မပြတ် သင်ယူရေးကို အလေးထားလေ့လာနိုင်ပါသည်။



🎬 သင်တန်းနှင့်ပတ်သက်သည့် ဗီဒီယိုလမ်းညွှန်များ –

❇️Facebook: https://www.facebook.com/UNESCOMyanmar/videos/1412504626087677/


❇️ YouTube: https://www.youtube.com/



❇️သင်ယူမှုလမ်းညွှန်ချက်ကို https://shorturl.at/llTsk ဒီမှာအသေးစိတ်ဖတ်ပေးပါ။



🎁 အထူးအစီအစဉ်

မော်ဂျူး (၆) ခုစလုံး ပြီးဆုံးပါက Certificate များကို MEPI email သို့ ပေးပို့ ပြီး မေတ္တာလက်ဆောင်များလည်း ရရှိသွားဦးမှာဖြစ်ပါတယ်။

📥 ယနေ့ပဲ စတင်လေ့လာလိုက်ပါ

မိမိ၏ သင်ကြားရေးအရည်အသွေးကို တိုးတက်စေပြီး ပိုမိုထိရောက်သော ဆရာတစ်ဦးဖြစ်လာဖို အတွက် ယခုအခမဲ့Onlineသင်တန်းအခွင့်အရေးကို လက်မလွတ်ပါနှင့်။
ဖုန်းနံပါတ်- 09778457401, 09777770685)


✨ မော်ဂျူးအလိုက် အကြောင်းအရာများကို သေချာစွာ အချိန်ပေး လေ့လာရင်း အရည်အသွေး ပိုမိုပြည့်ဝတဲ့ ဆရာ၊ ဆရာမများ ဖြစ်လာစေဖို အတူတူ ဆက်လက် သင်ယူကြရအောင်နော်။

#ပန်းပျိုးသူဥယျာဉ်မှူး

Photos from Golden Key Education Center - GKEC's post 22/03/2026

MEPI နှင့် Lancaster English Center-LEC အတူ ပူးပေါင်းဖွင့်လှစ်သော ICAP program ပါ ❤️

13/03/2026

Elevate Your Teaching Career: 2-in-1 Professional Teacher Training Programs 🎓✨

WIN Education Hub မှ ဖွင့်လှစ်သော ဆရာအတတ်သင် အထူးတန်းများ

ကျွမ်းကျင်ဆရာ/မတစ်ယောက်အဖြစ် မိမိ၏ သင်ကြားရေးစွမ်းရည်ကို နိုင်ငံတကာစံနှုန်းမီ မြှင့်တင်နိုင်မည့် အခွင့်အရေးကောင်း လာပါပြီ။ မိမိနှင့် ကိုက်ညီမည့် သင်တန်းကို ရွေးချယ်တက်ရောက်နိုင်ပါတယ်ရှင် 🌸

Course 1: Teacher Training Intensive Course

စနစ်သစ်ပညာရေးနှင့် ကလေးဗဟိုပြုသင်ကြားရေးကို ပိုင်နိုင်လိုသူများအတွက်

🌟 ဘယ်သူတွေ တက်ရောက်သင့်လဲ?

• ဆရာဗဟိုပြုမှ ကလေးဗဟိုပြု (CCA) သို့ ပြောင်းလဲသင်ကြားလိုသူများ။

• International Curriculum နှင့် အစိုးရသင်ရိုးများကို ခေတ်မီနည်းစနစ်ဖြင့် တွဲဖက်သင်ကြားလိုသူများ။

• Effective Lesson Plan နှင့် ဆွဲဆောင်မှုရှိသော Activities များ ဖန်တီးလိုသူများ။

📚 သင်ကြားမည့် Course Outlines:

1. Need Assessment and Introduction to teaching and Learning
2. Teacher presence
3. Grouping Learners and student interaction patterns
4. Eliciting techniques
5. Classroom Language
6. Learner characteristics
7. Cognitive theory and Bloom’s Taxonomy
8. Planning effective lesson
9. Teaching Methods
10. Developing adaptive teaching aids to support learners
11. Assessment types and activities
12. Using appropriate activities in lessons

🏆 Teaching Practice နှင့် Assessment ပြီးစီးသူများအား UK Charity (Mobile Education Partnerships) မှ Certificate ပေးအပ်ပါမည်။

——————————————————————-

Course 2: Cambridge TKT Preparation Course (Modules 1, 2 & 3)

TKT course မှာ ဘာတွေပါသလဲ။

🌸 Module 1 မှာတော့ အပိုင်းသုံးပိုင်းခွဲပြီးလေ့လာမယ်။
Language and background to Language learning and teaching ကတော့ ခေါင်းစဉ်ကြီးဖြစ်ပါတယ်။
Part 1- Describe language and language skills
Part 2- Background to language learning
Part 3- Background to language teaching

🌸 Module 2 မှာတော့ အပိုင်းနှစ်ခုပါရှိပါတယ်။
Lesson planning and use of resources for language teaching
Part 1- Planning and preparation a lesson or sequence of lessons
Part 2- Selection and use of resources

🌸 Module 3 မှာလည်း အပိုင်း ၂ခုခွဲထားပါတယ်။
Managing the teaching and learning process
Part 1- Teachers’ and learners ‘ language in the classroom
Part 2- Classroom management စတဲ့ ခေါင်းစဉ်တွေကိုလေ့လာရမှာပဲ ဖြစ်ပါတယ်။

✅ ဘယ်သူတွေ တက်ရောက်သင့်ပါသလဲ
Skillful English Language Teacher တယောက် အဖြစ် မိမိအရည်အသွေးကို မြှင့်တင်လိုသူများ
နိုင်ငံတကာ အသိအမှတ်ပြု English ဘာသာပြ ဆရာဖြစ်လက်မှတ် ရယူလိုသူများ တက်ရောက်သင့်ပါတယ်။

✅ ဘာတွေလိုအပ်ပါသလဲ ?
တက်ရောက်မည့်သူများအနေဖြင့် English Level B1 ရှိထားဖို့ လိုအပ်ပါတယ်။ သင်တန်းတက်ရောက်မည့်သူများအားLevel Test ပြုလုပ်ပေးပါမည်။

✅ ဘယ်လိုသင်မှာလဲ?
ဝါရင့် trainer မှ လူတွေ့သင်ကြားပေးမည့်အတန်းဖြစ်ပါသည်။


✅ အသုံးပြုမည့် Teaching Method
CCA approach သုံးပြီး active and positive learningenvironment မှာ ထိထိရောက်ရောက်လေ့ကျင့်သင်ကြားပေးမည်ဖြစ်ပါတယ်။

💡 သင်တန်းနှစ်ခုလုံး၏ ထူးခြားချက်များ

• ဝါရင့် Trainer ကိုယ်တိုင် လူတွေ့သင်ကြားပေးမည့် (Face-to-Face) အတန်းများ ဖြစ်ပါသည်။

• CCA Approach ကို အသုံးပြုပြီး Active & Positive Learning Environment တွင် ထိရောက်စွာ လေ့ကျင့်ပေးမည်။

• မြန်မာ/အင်္ဂလိပ် ၂ ဘာသာဖြင့် ရှင်းလင်းပေးမည်ဖြစ်၍ Language Barrier အတွက် စိတ်ပူရန်မလိုပါ။

📅 Class Starts: 23 March 2026

📍 Location: WIN Private School (မြင်သာရပ်ကွက်၊ မဲထီးလမ်း)

⚠️ Limited Seats Available!

မိမိတို့၏ အရည်အသွေးကို အကောင်းဆုံး မြှင့်တင်နိုင်ဖို့ အမြန်ဆုံး ဆက်သွယ်စာရင်းပေးသွင်းလိုက်ပါနော်။

📞 Enquiry: 09408641199,09790790791

09/03/2026

MEPI နဲ့ မိတ်ဖက် ကျောင်းများ နဲ့အတူလက်တွဲပူးပေါင်း ဖွင့်လှစ်သော သင်တန်းများ ကို မော်လမြိုင် မကွေး နဲ့ မန္တလေးမြို့များတွင်
Online နဲ့Campus နှစ်သက်ရာ ရွေးချယ်တက်ရောက်နိုင်ပါတယ်။
အသေးစိတ်သိလိုပါက page messenger သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။

07/03/2026

ဒီ March လ မကွေးဘက်မှာ သင်တန်းပေးမယ်နော် ။ join ချင်ရင် အမြန်လာခဲ့ကြပါ။ ❤️

Elevate Your Teaching Career: 2-in-1 Professional Teacher Training Programs 🎓✨

WIN Education Hub မှ ဖွင့်လှစ်သော ဆရာအတတ်သင် အထူးတန်းများ

ကျွမ်းကျင်ဆရာ/မတစ်ယောက်အဖြစ် မိမိ၏ သင်ကြားရေးစွမ်းရည်ကို နိုင်ငံတကာစံနှုန်းမီ မြှင့်တင်နိုင်မည့် အခွင့်အရေးကောင်း လာပါပြီ။ မိမိနှင့် ကိုက်ညီမည့် သင်တန်းကို ရွေးချယ်တက်ရောက်နိုင်ပါတယ်ရှင် 🌸

Course 1: Teacher Training Intensive Course

စနစ်သစ်ပညာရေးနှင့် ကလေးဗဟိုပြုသင်ကြားရေးကို ပိုင်နိုင်လိုသူများအတွက်

🌟 ဘယ်သူတွေ တက်ရောက်သင့်လဲ?

• ဆရာဗဟိုပြုမှ ကလေးဗဟိုပြု (CCA) သို့ ပြောင်းလဲသင်ကြားလိုသူများ။

• International Curriculum နှင့် အစိုးရသင်ရိုးများကို ခေတ်မီနည်းစနစ်ဖြင့် တွဲဖက်သင်ကြားလိုသူများ။

• Effective Lesson Plan နှင့် ဆွဲဆောင်မှုရှိသော Activities များ ဖန်တီးလိုသူများ။

📚 သင်ကြားမည့် Course Outlines:

1. Need Assessment and Introduction to teaching and Learning
2. Teacher presence
3. Grouping Learners and student interaction patterns
4. Eliciting techniques
5. Classroom Language
6. Learner characteristics
7. Cognitive theory and Bloom’s Taxonomy
8. Planning effective lesson
9. Teaching Methods
10. Developing adaptive teaching aids to support learners
11. Assessment types and activities
12. Using appropriate activities in lessons

🏆 Teaching Practice နှင့် Assessment ပြီးစီးသူများအား UK Charity (Mobile Education Partnerships) မှ Certificate ပေးအပ်ပါမည်။

——————————————————————-

Course 2: Cambridge TKT Preparation Course (Modules 1, 2 & 3)

TKT course မှာ ဘာတွေပါသလဲ။

🌸 Module 1 မှာတော့ အပိုင်းသုံးပိုင်းခွဲပြီးလေ့လာမယ်။
Language and background to Language learning and teaching ကတော့ ခေါင်းစဉ်ကြီးဖြစ်ပါတယ်။
Part 1- Describe language and language skills
Part 2- Background to language learning
Part 3- Background to language teaching

🌸 Module 2 မှာတော့ အပိုင်းနှစ်ခုပါရှိပါတယ်။
Lesson planning and use of resources for language teaching
Part 1- Planning and preparation a lesson or sequence of lessons
Part 2- Selection and use of resources

🌸 Module 3 မှာလည်း အပိုင်း ၂ခုခွဲထားပါတယ်။
Managing the teaching and learning process
Part 1- Teachers’ and learners ‘ language in the classroom
Part 2- Classroom management စတဲ့ ခေါင်းစဉ်တွေကိုလေ့လာရမှာပဲ ဖြစ်ပါတယ်။

✅ ဘယ်သူတွေ တက်ရောက်သင့်ပါသလဲ
Skillful English Language Teacher တယောက် အဖြစ် မိမိအရည်အသွေးကို မြှင့်တင်လိုသူများ
နိုင်ငံတကာ အသိအမှတ်ပြု English ဘာသာပြ ဆရာဖြစ်လက်မှတ် ရယူလိုသူများ တက်ရောက်သင့်ပါတယ်။

✅ ဘာတွေလိုအပ်ပါသလဲ ?
တက်ရောက်မည့်သူများအနေဖြင့် English Level B1 ရှိထားဖို့ လိုအပ်ပါတယ်။ သင်တန်းတက်ရောက်မည့်သူများအားLevel Test ပြုလုပ်ပေးပါမည်။

✅ ဘယ်လိုသင်မှာလဲ?
ဝါရင့် trainer မှ လူတွေ့သင်ကြားပေးမည့်အတန်းဖြစ်ပါသည်။


✅ အသုံးပြုမည့် Teaching Method
CCA approach သုံးပြီး active and positive learningenvironment မှာ ထိထိရောက်ရောက်လေ့ကျင့်သင်ကြားပေးမည်ဖြစ်ပါတယ်။

💡 သင်တန်းနှစ်ခုလုံး၏ ထူးခြားချက်များ

• ဝါရင့် Trainer ကိုယ်တိုင် လူတွေ့သင်ကြားပေးမည့် (Face-to-Face) အတန်းများ ဖြစ်ပါသည်။

• CCA Approach ကို အသုံးပြုပြီး Active & Positive Learning Environment တွင် ထိရောက်စွာ လေ့ကျင့်ပေးမည်။

• မြန်မာ/အင်္ဂလိပ် ၂ ဘာသာဖြင့် ရှင်းလင်းပေးမည်ဖြစ်၍ Language Barrier အတွက် စိတ်ပူရန်မလိုပါ။

📅 Class Starts: 23 March 2026

📍 Location: WIN Private School (မြင်သာရပ်ကွက်၊ မဲထီးလမ်း)

⚠️ Limited Seats Available!

မိမိတို့၏ အရည်အသွေးကို အကောင်းဆုံး မြှင့်တင်နိုင်ဖို့ အမြန်ဆုံး ဆက်သွယ်စာရင်းပေးသွင်းလိုက်ပါနော်။

📞 Enquiry: 09408641199,09790790791

19/02/2026

🎓 Prepare for Academic Success with Strong English Skills!
🌟 Language Preparation Classes Now Open for Enrollment 🌟လူကြီးများအတွက် တက္ကသိုလ်ဝင်ခွင့်အကြို ဘာသာစကားအခြေခံသင်တန်း

Are you looking for a structured English program to support academic success or build your child’s strong communication foundation? Our carefully designed courses help learners develop confidence, fluency, and essential academic skills step by step.

👩‍🎓 Adults: College Prep Elementary
(လူကြီးများအတွက် တက္ကသိုလ်ဝင်ခွင့်အကြို ဘာသာစကားအခြေခံသင်တန်း)
📌 Ideal for learners preparing for higher education or improving academic English.
✅ Build strong Academic Vocabulary
✅ Improve Discussion & Critical Thinking Skills
✅ Strengthen Reading Comprehension
✅ Develop Confidence for College Preparation
📖 တက္ကသိုလ်တက်ရောက်ရန် လိုအပ်သော အင်္ဂလိပ်ဘာသာစကား အခြေခံကျွမ်းကျင်မှုများကို စနစ်တကျ လေ့ကျင့်သင်ကြားပေးမည်။

🧒 Children: Fun Elementary
(ကလေးများအတွက် အခြေခံဘာသာစကားသင်တန်း)
📌 Perfect for young learners starting their English journey.
✅ Learn Phonics & Pronunciation Naturally
✅ Enjoy Vocabulary Learning through Fun Activities
✅ Practice Basic Speaking with Confidence
✅ Build Strong Communication Skills from Early Age

📚 Program Information
💰 Course Fee – 220,000 MMK (Level တစ်ခုစာ)
📅 Duration – 3 Months
🗓 Schedule – 3 Days per Week
💻 Learning Options – Online / In-Person

✨ Small class interaction for better learning
✨ Friendly and supportive teaching approach
✨ Step-by-step skill development
✨ Suitable for beginners and foundation learners

📣 Limited Seats Available – Early Enrollment Recommended!

📩 Register now via Messenger
09- 402365423
👉 Please send Student Name & Contact Phone Number

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

ประเภท

เว็บไซต์

ที่อยู่


Bangkok