Butterfly Academic Assistant

Butterfly Academic Assistant

แชร์

Research proposals, thesis, data analysis, manuscripts, and publication guidance.

15/06/2026

ဒီနေရာသစ်မှာ ကိုယ်ကလည်း ကုသခွင့်license မရှိတော့ ဆေးရုံမှာ စာမေးပွဲသွားစစ်ရင် သူတို့ဥပဒေကိုလိုက်နာရတယ်။ လူနာကိုထိခွင့်မရှိတော့ ကျောင်းသားတွေကို clinical practice လူနာနဲ့ သင်ခွင့်မရဘူး။

တရက်မှာ လက်ကောက်ဝတ်အပေါ်နားက လက်ဖျံရိုးကျိုးလို့ operation ဝင်ပြီးတော့ လက်ဖျံလှုပ်ရှားမှုမရတဲ့လူနာအစ်မကြီးကို စမ်းသပ်ရမယ့်ကျောင်းသားကို စာမေးပွဲစစ်ရပါတယ်။ လူနာကို ဘယ်လိုကုသရမယ်ဆိုတဲ့ handling အပိုင်းကို လူနာကိုမထိဘဲ ကျောင်းသားကိုပဲ သေချာ demonstrate ပြပြီးတခါတည်းလူနာနဲ့လေ့ကျင့်ခိုင်းလိုက်တဲ့အခါမှာ သိသိသာသာတိုးတက်လာတာကို တွေ့ခဲ့ရတယ်။ တွေးလိုက်သေးတယ်..... မြန်မာတွေက ဘယ်လိုအခြေအနေမှာမဆို ဖြစ်မြောက်အောင်လုပ်နိုင်တယ်ဆိုတာ...🤭

တကယ်က ကျောင်းသားကစာမေးပွဲမဖြေနိုင်လို့ လူနာအတွက်လည်းအကျိုးမရှိမှာစိုးလို့ ဝင်ပါရတာ။
ကျောင်းသားလည်း စာမေးပွဲမကျရုံတမယ် အမှတ်လေးရလိုက်တယ် 🥲😁

15/06/2026

အခု နေရာသစ်မှာ အလုပ်ဝင်နေပြီဆိုတော့ ဒီက undergraduate ကလေးတွေ တကယ်တော်တာကို သတိထားမိသွားတယ်။ final year project အနေနဲ့ student တယောက်ကို research တခုစီလုပ်ရပါတယ်။ အစ အဆုံး data collection, data analysis သူတို့ဘာသာ အကုန်လုပ်ကြတယ်။ မသိလို့ စာလာမေးရင် နည်းနည်းပါးပါးပဲ guide လုပ်ပေးရတယ်။

ဒါပေမယ့်လည်း....
တရက်တော့ ကျောင်းသူလေးတယောက် data analysis အတွက် SPSS 32.0 ဖွင့်ထားတာကိုကြည့်လိုက်တာ string တွေဝင်နေလို့ အရင်ဆုံး excel မှာ data coding, data cleaning တွေ အရင်သင်ပေးရသေးတယ်။

ကိုယ်တာဝန်ယူရတဲ့ ကလေး၈ယောက်ကတော့ data analysis အပိုင်းမှာ ဆရာထက် တလကြီးနေသော်လည်း Test for normality မတွက်ထားလို့ အကုန်ပြန်တွက်ခိုင်းလိုက်တယ် .... အေးရော။

ပြီးတော့ parametric လား non parametric လား ခွဲခိုင်းပြီး data analysis ကို ပြန် run ခိုင်းလိုက်တယ်။ Deadline က မနက်ဖြန်
Final defense examination က နောက်တပတ်....
ဟုတ်နေရောပဲ။ 😅

08/06/2026

👉How to write introduction of a PhD Thesis!!

Photos from Butterfly Academic Assistant's post 23/05/2026

ဒီနေ့ကျောင်းမှာ Spring run ပွဲကျင်းပကြတယ်

20/05/2026

😅

20/05/2026
16/05/2026

😇Plagiarism စစ်ချင်တယ်ဆိုရင် Butterfly Academic Assistant မှာ service လေးရှိပါတယ်

🙋‍♀️Plagiarism ကို ဘယ် application နဲ့စစ်မှာလဲ?
👩‍💻Turnitin application licence version နဲ့စစ်မှာပါ

🙋‍♀️Word count limit ရှိပါသလား?
👩‍💻မရှိပါ။ Thesis တအုပ်လုံးကိုစစ်လို့ရပါတယ်။

🤷‍♀️Application ထဲမှာ မိမိစစ်ထားတဲ့ documents ကျန်နေရင်စိတ်ချရပါ့မလား?
👩‍💻စိတ်ချလို့ရပါတယ်။ application က သူ့ဘာသာပြန်ဖျက်ပေးပါတယ်။

🤷‍♀️တကယ်လို့ စစ်ထားတဲ့ အဖြေက percentage တွေများပြီး သတ်မှတ်ပမာဏထက်ကျော်နေရင် ဘယ်လိုလုပ်ရမလဲ?
👩‍🔧Percentage တွေကို ဘယ်လိုလျှော့ရမလဲဆိုတာ အသေးစိတ်ရှင်းပြပေးပါတယ်။ editing ပြီးရင်တော့ စိတ်ချရအောင် နောက်တခေါက် plagiarism check ရပါမယ်။ ကဲ plagiarism coaching service ပါ တွဲပါနေတော့ ပိုအဆင်ပြေတာပေါ့နော်

🍀ပညာဆီမီး ထိန်ထိန်ညီးလျက် ရည်ရွယ်ချက်များအောင်မြင်ကြပါစေရှင်🙏🙏🙏

Photos from Butterfly Academic Assistant's post 03/05/2026

Workshop က ပညာရပါတယ်
နောက်တော့ ဖက်ထမင်းက 🥲😁

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


Ramkhamhaeng Road
Bangkok
10510