Ride Around

Ride Around

แชร์

ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Ride Around, บล็อกเกอร์, Bangkok.

21/02/2026

Celebrating my 9th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

14/08/2025

Insta 360 ရဲ့ Antigravity A1 : 360 Drone, Invisible Drone Effect ဆိုတာကြီးက စားတယ်။ အကြံတူရင် နောက်လူသာတာပဲ(ပိုကောင်းအောင်လုပ်ဖို့ အရှေ့မှာ ကြိုမြင်ပြီးသားဆိုတော့လေ)

- မိုက်တာတချက်ကတော့ Mavic Mini လိုပဲ 249g ပဲရှိတော့ မောင်းဖို့ကို ဘာLicense မှရှိစရာမလိုဘူး (For US) ကျန်တာကတော့ 360 camera နဲ့ဆိုတော့ မြင်ကွင်း၂ခုဆက်တဲ့နေရာကတော့ ပြောစရာတွေဖြစ်နေအုံးလောက်မယ်။

- နောက်ထပ်မိုက်တာတချက်ကတော့ Video ရိုက်ချင် Content တွေလုပ်ချင်မှမဟုတ်ပဲ အပျင်းပြေမောင်းနေရရင်ကို Goggle နဲ့ဆို 360 မြင်နေရတော့ ပျံနေရသလိုခံစားချက်နဲ့ဂေါ်နေမှာ။

- Video ထဲတော့ Just the beginning ဆိုတော့ နောက်ထပ်တွေထပ်ရှိအုံးမယ့်သဘောပေါ့။

-Fun fact ကတော့ သူ့ Video ကို ၂ခေါက်လောက်ကြည့်လိုက်တာတောင် 360 Video Effect တွေနဲ့မူးသွားတယ် 🤣

Youtube : https://youtu.be/1v5OxtYJzJQ?si=hqtR2P0Zw07r0DJj
Website : https://www.antigravity.tech/us/drone/antigravity-a1

Photos from Ride Around's post 07/05/2025

Instinct 3 Tactical Edition ဆိုပြီး အသစ်ထပ်ထုတ်ပြန်တယ်။
အရင် Instinct 3ထက် အပိုပါသွားတာတော့ Stealth Mode(GPS နဲ့ တခြား Wifi, bluetooth တို့ကိုပိတ်ထားပေးတာ), Jumpmaster Activity, Waypoint Projection တို့ပေါ့ တခြားကတော့
- Night Vision နဲ့ အဆင်ပြေပြေကြည့်လို့ရမယ်၊
- ကျောပိုးအိတ်အလေးချိန်ကိုထည့်ထားလို့ရမယ်၊
- Kill Switch (ခဏအတွင်းမှာပဲ Data တွေကိုအကုန်ဖျက်ပစ်လို့ရမယ်) တို့နဲ့ တခြား Tactical နဲ့ပက်သက်တာတွေလည်း ပါသေးတယ်။ ဆိုတော့ စိတ်ဝင်စားရင် အပြည့်အစုံကို Garmin Website မှာသွားကြည့်လို့ရပါတယ်။ အရင် Garmin Instinct 3 Solar တုန်းက Orange Ring မပါတော့တာဆိုတော့ အတော် ကြည့်လို့ကောင်းပြီး Low Profile ဖြစ်လာတာလေးတော့ ပိုမိုက်တယ်။

Photos : Garmin Website
Garmin Website : https://www.garmin.com/en-US/c/wearables-smartwatches/?series=BRAND15203&sorter=featuredProducts-desc

10/02/2025

SUNSET🌇
COFFEE☕
MOTORCYCLE🛵

Photos from Ride Around's post 06/01/2025

Garmin တောင် Instinct 3 ထွက်ပြီ

Instinct 3 AMOLED (449.99USD)
စာမှာပါသလိုပါပဲ Rugged Version ကို AMOLED နဲ့ဖြစ်သွားတယ်။ အဓိကတော့ Battery Life ပဲ။ ၁၈ရက်ခံတယ်ဆိုတော့ Apple Watch မပတ်ချင်တဲ့သူတွေအတွက်မိုက်တယ်။ ကျန်တာတော့ Garmin ဆိုတော့ ပြောစရာမလိုဘူးပေါ့။ Apple Watch လောက်မကောင်းတာတော့ Ecosystem ထဲမရောက်တော့ စာပြန်တာ၊ Phone ကို Control လုပ်တာတွေမှာတော့ အားနည်းမှာပေါ့။ တခြား အားနည်းချက်ကတော့ AMOLED ဖြစ်ပေမယ့် Touch Screen မဟုတ်ဘူး။
Case Size က 45mm, 50mm ရမယ်

Instinct 3 Solar (399.99USD)
သူလည်း စာမှာပါသလိုပဲ Solar ပါတယ်ဆိုတော့ Battery Life ကောင်းတယ်၊ ပြန်အားနည်းတာကတော့ Display ပေါ့ ကျန်တာတော့ အပေါ်ကပြောတာနဲ့ အတူတူပါပဲ... (Battery Life ကတော့ ရှယ်ပဲ GPS အရမ်းမသုံးရင် Unlimited လို့ပြောလို့ရတယ်)
Case Size က 45mm, 50mm ရမယ်

Instinct 3 E (299.99USD)
သူကတော့ E ဆိုတာ Essential ဖြစ်တာတွေကိုပဲထည့်ထားတာကိုပြောတယ်နေမယ် Solar မပါတော့ဘူးပေါ့လေ။
Solar Version ကိုမှ Solar မပါပဲကျန်တာအတူတူပဲ။ ဒါပေမယ့် Battery Life က ၁၆ရက်ပဲခံမှာ။
Case Size က 40mm, 45mm ရမယ်

Feature တွေအသေးစိတ်ကတော့ မရေးနေတော့ပါဘူးသူ့ Link ထဲမှာသာသွားကြည့်ပါတော့လေ။ E Version ကလွဲလို့ ကျန်တဲ့ ၂မျိုးလုံးမှာ Flashlight ပါတယ် Brightness နဲ့ Color တောင်ရွေးလို့ရသေးတယ်။

Garmin တွေကိုကြိုက်တာက UI တွေကလွယ်တယ် သုံးရတာအဆင်ပြေတယ်၊ GPS မိုက်တယ်၊ Activity Tracking တွေတိကျတယ်၊ Health Report တွေမိုက်တယ်{ဥပမာ Body Batteryပြပေးတာ, Garmin Coach(Trainer လိုပဲပြောပေးတာ), Recovery Time(ပြပေးတာ), HRV Status ပြတာ, Stress Tracking(တခြားနာရီတွေမှာလည်းပါလာကြပါပြီ)}

ကျန်တာကတော့ Garmin Connect(ဖုန်းနဲ့ချိတ်တာ), Garmin Messaging(Inreach Device တွေနဲ့ချိတ်ရင် Satellite ကနေပါ SMS ပို့ရတာ), Live Track(မိသားစုတွေကို ကိုယ့် Location ကို Live Share လို့ရတာ), Garmin Share (Maps, Location တွေ Share လို့ရတာ) တို့ရတယ်။

Solar Version တွေရဲ့ ကောင်းတာက Smartwatch ဖြစ်ပေမယ့် Battery ကိစ္စစိတ်ပူစရာမလိုဘူးရယ် (ပြန်ပေးဆပ်လိုက်ရတာတော့ AMOLED လိုတော့ ကြည်တောက်တာ ကာလာစိုတာတွေမရတာပေါ့)

Instinct 3 Solar မှာမမိုက်တာက Low Profile မဖြစ်စေတဲ့ Orange Color Ring ကြီးပဲ။

Link : https://www.garmin.com/en-US/p/1315317/pn/010-02934-00
Photo : Garmin Website

28/12/2024

မြန်မာလိုပြောရရင်တော့ အခုလို Support ပေးကြလို့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ... 😊

I gained 234 followers, created 4 posts and received 747 reactions in the past 90 days! Thank you all for your continued support. I could not have done it without you. 🙏🤗🎉

Photo : ကျွန်တော့်ရဲ့ Basic Needs လေးတွေပါ။

Photos from Ride Around's post 25/12/2024

Even the tires are ready for adventure...

Photos from Ride Around's post 19/12/2024

Honda MSX(2016 Model) Riding Experience & Review by Ride Around

အားလုံးပဲ မင်္ဂလာပါခင်ဗျာ။

Honda MSX ဆိုတာကတော့ ဆိုင်ကယ်စီးတဲ့သူအတော်များများနဲ့ မစိမ်းတဲ့နာမည်တခုဖြစ်ပြီး 2014/15 ခုနှစ်ဝန်းကျင်တွေကဆိုရင် ထိုင်းဘက်မှာ Modified လုပ်ပြီး အစီးများတဲ့ဆိုင်ကယ်တမျိုးပဲဖြစ်ပါတယ်။ အရမ်းအောင်မြင်လွန်းလို့ China Made ပုံစံတူ Clone တွေလည်းအတော်ထွက်လာခဲ့တာကတော့ သက်သေပါပဲ။

#ဝယ်ဖြစ်ခဲ့ပုံ
ဘာကြောင့်ဝယ်ဖြစ်ခဲ့လဲဆိုတာတော့ ကျွန်တော်ဒီနှစ်တွေမှာ အလုပ်ကြောင့်ဆိုင်ကယ်မစီးဖြစ်တာ နှစ်နဲ့ချီပါတယ်။ အဲ့လိုနဲ့ ကျွန်တော့် Honda AX-1 ကိုမစီးဖြစ်တော့လောက်ဘူးဆိုပြီးရောင်းဖြစ်ခဲ့တယ်ပေါ့ဗျာ။ အဲ့လိုနဲ့ အခုဆိုင်ကယ်စီးဖို့လိုလာတော့ ဆိုင်ကယ်ပြန်ဝယ်ဖို့ မန္တလေး ၅၉လမ်းဘက် ဆိုင်ကယ်ဝိုင်းတွေဘက်ကိုရောက်ခဲ့ဖြစ်တယ်ပေါ့။

အဲ့လိုနဲ့ ဆိုင်ကယ်ဈေးတွေသိရတဲ့အခါ အတော် Shockရပါတယ်။ အဲ့တုန်းက Kenbo czi တစီးကို လိုင်စင်အပါ Second Hand ကို ၁၂သိန်း ဝန်းကျင်ရှိတယ်၊ Kenbo အသစ်ဆို သိန်း၃၀ကျပ် ဝန်းကျင်ရှိတယ်။ သိတဲ့အတိုင်း လူက Honda AX-1 လိုကိုနှစ်ချီစီးခဲ့တော့ China Made ဆိုင်ကယ်တွေက ကျွန်တော်နဲ့အတော်အဆင်မပြေတာပါ။ အဲ့လိုနဲ့ Honda Dio 2Stroke လေးပဲဝယ်ပြီး ပြန်ခဲ့ဖြစ်ပါတယ်။ တကယ်တန်းကျ Honda Dio က ကျွန်တော်နဲ့ အတော်အဆင်မပြေတာပါ။ ပေါင်ချိန် ၂၀၀ အရပ် ၅ပေ ၁၁လောက်ရှိတဲ့ ကျွန်တော့်အတွက်က ဟိုနားဒီနားပဲကောင်းပြီး လိုင်စင်လည်းမပါ ခရီးဝေးလည်းစီးလို့အဆင်မပြေတာနဲ့ ဆိုင်ကယ်ပြောင်းစီးဖို့ စဉ်းစားရပါတော့တယ်။

အဲ့လိုနဲ့ 125cc Honda MSX 2016 Model လေးကိုတွေ့တာနဲ့ စီးဖြစ်တယ်ပေါ့။ ဒါဟာလည်း ကိုယ်တတ်နိုင်တဲ့ဈေးဖြစ်နေတာရယ် ABS မပါလည်းပဲ ကလပ်ဘီးဖြစ်တော့ ထိန်းရတာပိုအဆင်ပြေတာရယ်။ ကျွန်တော်ကြိုက်တဲ့ Riding Position နဲ့လည်း စီးရတာရယ်။ China Made အင်ဂျင်မဖြစ်တာရယ်က အဓိကတွေးစရာတွေဖြစ်ခဲ့ပါတယ်။

#အင်ဂျင် နှင့် #အပိုပစ္စည်းများ
EFI 4Stroke Engine ကိုမှ API စက်ထိုးပြီး Error စစ်တာ ချိန်တာတွေလုပ်လို့ရတော့ အဆင်ပြေပါတယ်။ အကြမ်းခံလားဆိုရင်တော့ စီးတဲ့သူအပေါ်ပဲမူတည်မယ်နဲ့တူတယ်။ ဥပမာ ကျွန်တော်ဆို အရင်က 150cc, 250cc တွေအစီးများတော့ Output တွေကို ပိုမျှော်လင့်မိတတ်တယ်နဲ့တူတယ်။ ဒါပေမယ့်လည်း တကယ်တန်းတော့ 150, 250cc တွေကို အတော်ကိုမမှီပါဘူး။ မှီစရာလည်းမရှိပါဘူး အထူးသဖြင့်တော့ မြို့ထဲတော့အတော်အဆင်ပြေပေမယ့် Highway မှာတော့ အေးဆေးသွားချင်တာမျိုးလောက်ပဲအဆင်ပြေပါတယ်။ ကီလို ၈၀ လောက်ဆိုရင်တောင် ပြန်ထိန်းဖို့ ချက်ချင်းဆိုရင် Brake က အဆင်မပြေပဲ ဂီယာနဲ့ပဲပြန်ထိန်းတာကောင်းပါတယ်။ တဖက်မှာလည်း Highspeed မှာ Gear နဲ့ အရှိန်လျှော့တာက Extreme ဆိုရင် ကလပ်ပြားတွေနာပါတယ်။ ပြီးတော့ ကျွန်တော့်အတွက်ဆိုရင် Engine က အတော်ပျော့တဲ့အထဲပါတယ်ပြောလို့ရတယ်။ ပြောရင် စိတ်ရှိတိုင်း မကြမ်းရဲ၊ လီဗာ မဆွဲရဲလေးပေါ့ဗျာ

နောက်ပြီး Maintainese အပိုင်းကိုပြောရရင်တော့ ကျွန်တော် ဝယ်ပြီး ၂လလောက်ပဲရှိပေမယ့် အဆွဲအရုန်းကို အားရမနေလို့ အကုန်ပြန်စစ်တာ ပြန်ပြီး Maintainese လုပ်ဖို့ကြည့်တော့ EFI တွေရဲ့ ထုံးစံအတိုင်း Oil Pump ကအဆင်မပြေနေပါဘူး။ အဲ့လိုနဲ့ Oil Pump လဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း စက်ထိုးစစ်တော့ Lever Sensor က ဆွဲရင် ၇၀% အထိပဲ တက်ပြီး ၁၀၀% အထိမတက်နေပြန်တာ(ပြောရရင် လီဗာက ဆွဲလိုက်ရင်အဆုံးနားမရောက်ခင်မှာ အစကိုပြန်ရောက်သွားတာမျိုးပေါ့)မျိုးဖြစ်နေတော့ Lever Sensor လဲဖြစ်ပါတယ်။ အဲ့လိုနဲ့ မထူးဘူးဆိုပြီး Plug လည်းကောင်းတာလေးလဲဖြစ်တာရယ်။ ခရီးတိုလေးတွေ အလုပ်ကိစ္စ အိမ်ပြန်တာမျိုးနဲ့ သွားဖြစ်နေတော့ တာယာတွေကိုလည်း လဲဖြစ်တာနဲ့ဆိုတော့ ၄သိန်းလောက်ကို အပိုဆောင်းထပ်ကုန်သွားပါတယ်။ ဒါလည်း ကိုယ့်ဆိုင်ကယ်ကို သေးသေးလေးကို အလွဲမခံနိုင်တဲ့ ကျွန်တော့်ကြောင့်လို့ပဲပြောရမယ်နဲ့တူပါတယ်။ ကျွန်တော် လဲခဲ့တဲ့ ပစ္စည်းတွေက မလဲပဲလည်းအဆင်ပြေတယ်ဆိုပေမယ့် ဆိုင်ကယ် အင်ဂျင်ရဲ့ Output တော့ ကျတာတွေ၊ ရေရှည်မှာ အဆင်မပြေတာမျိုးတွေဖြစ်လာနိုင်ပါတယ်။

EFI ဘီးဆိုတော့ ဆီသန့်တာမျိုး 95 ron လောက်ကိုပဲသုံးစေချင်ပါတယ်။ အင်ဂျင်ဝိုင်ကိုလည်း Castrol, Motul တို့လိုကောင်းတာမျိုး၊ Plug ကိုလည်း NGK တို့ Bosch တို့လိုကောင်းတာမျိုးတွေပဲသုံးစေချင်ပါတယ်။

ပြောချင်တာကတော့ ဘီးက အပေါ်ကပြောခဲ့သလိုတွေကောင်းပါတယ်။ နည်းပညာမြင့်ပြီး EFI ဖြစ်လာ API နဲ့ သေချာစက်ထိုးပြီး စစ်ရတော့ ပျက်တာတွေကို သေချာသိရတာတော့ ကောင်းတယ်ဆိုပေမယ့် သိတဲ့အတိုင်းနည်းပညာမြင့်ပြီး ပိုကောင်းလာတာနဲ့အမျှ ပျက်စရာလည်း ပိုပါလာတယ်ဆိုတာကိုပြောပြချင်တာပါ။

နောက်ထပ်ကတော့ စက်ထိုးပြီး Error ရှာတဲ့အခါမှာ ကျွန်တော့်ဘီးဆို ဝယ်စက Mode 0(Zero) ဖြစ်နေတာမျိုးပေါ့ ဘာလို့လဲဆို ဆိုင်ကယ်က ဆီ လေ မမှန်နေတော့ Mode 0 ကိုသူ့ဘာသာချိန်းသွားတာမျိုးတွေဖြစ်တတ်ပါတယ်။ ချိန်စရာရှိတာ ချိန်ပြီး Mode 1 လောက်ကိုပြန်ပြောင်းရင်တော့ စီးရတာ ပိုကောင်း၊ အဆွဲအရုန်းပိုကောင်းပါတယ်။

Wheel Base တိုတော့ လမ်းဆိုးရင်တောင် အောက်ဘက်နဲ့တိုက်မိတာအတော်နည်းပါတယ်။

နောက်ထပ်ကောင်းတာတခုကတော့ အခုကာလကို ဈေးကွက်ထဲမှာ အပိုပစ္စည်းတော့ အတော်ပေါတယ်ပြောလို့ရပါတယ်။ နောက်ပြီး တခြား ဆိုင်ကယ်တွေနဲ့လည်း တူတာတွေရှိပါတယ်။ ဥပမာပြောရရင်တော့ Lever Sensor ဆိုရင် Click နဲ့တူတာမျိုးတွေပေါ့...

သော့လေးက ခေါက်လို့ရတာလေးဆိုတော့ ကြည့်ရတာလှပါတယ်။ အထာကျတယ်ပေါ့ဗျာ။

#အခြားပစ္စည်းအစိတ်အပိုင်းများ
- ရှေ့မီးက အတော်ကောင်းတာမို့လို့ အပိုမီးတွေထပ်တပ်စရာမလိုပဲကိုအတော်အဆင်ပြေပါတယ်။

- Exhaust ကတော့ အသံဆူတာမကြိုက်တဲ့ ကျွန်တော့် အဖို့တော့ အတော်အဆင်ပြေပါတယ်။

- Chain နဲ့ Sprocket ကတော့ ကျွန်တော်ပဲ Quality သေချာကောင်းတာမျိုးမတပ်မိလို့လားမသိဘူး ခဏခဏ လျော့လို့ ပြန်တင်းရတာမျိုးရှိပါတယ်။ ဥပမာ ၁၅ရက်တခါလောက်ပေါ့။

- Shock Absorber က မာတဲ့အထဲပါတော့ နောက်မှာ လူတင်စီးရင် အဆင်ပြေပေမယ့်လမ်းကြမ်းမှာ အမြန်တော့မောင်းလို့အဆင်မပြေပါဘူး ဘီးအတော်နာမယ်ထင်ပါတယ်။

- ဒိုင်ခွက်ကလည်း တခါတလေမှာ Digital ဂဏန်းတွေပျောက်တာမျိုးတွေဖြစ်တတ်ပြီး ဖလင်လဲရတာမျိုးဖြစ်နိုင်ပါတယ်။ အခုကာလ ဖလင်တခါလဲရင် ၆သောင်းခွဲလောက်ကျနိုင်ပါတယ်။

- ကာဗရိုက်တာ(carburetor)ဘီးတွေလိုမဟုတ်ပဲ EFI ဘီးဖြစ်တဲ့ အတွက် ဆီ၊ အင်ဂျင်ဝိုင်၊ လေ၊ မီးမှန်နေဖို့လိုပါတယ်။ မဟုတ်ရင်ဘီးက အတော်နာကုန်မှာပါ။

အမြန်နှုံး ( )
- 89~117 km/h အထိရတယ်ဆိုပေမယ့် ကျွန်တော်တော့ ၈၅ကီလို လောက်အထိတော့ စီးဖူးတယ်။ ပိုမောင်းလို့ရတာသိပေမယ့် (အဲ့ထက်တော့ ဒီလိုဆိုင်ကယ်တစ်စီးကို ကျွန်တော် ပိုမောင်းရဲတဲ့ ခံစားချက်မရှိဘူး)၊ ဂီယာကတော့ 4ချက်ပါတယ်။ ဘီးကြီးတွေလိုပဲ ကလပ်နဲ့ဖြစ်ပြီး 1 N 2 3 4 ပေါ့...

#အခြားသိကောင်းစရာများ
ဒီအပိုင်းမှာတော့ ကျွန်တော် လေ့လာထားတဲ့ အချို့ အချက်တွေနဲ့ စာရွက်ပေါ်က ဟာတွေပဲ ရွတ်ပြသွားမှာပါ

- Europe နဲ့ အရှေ့အာရှမှာတော့ MSX လို့ထုတ်ပြီး ကျန်တဲ့နိုင်ငံတွေမှာတော့ groom ဆိုတဲ့နာမည်နဲ့ထုတ်ပါတယ်။ ၂၀၁၆ မှာ ရှေ့မီးက LED ဖြစ်တာ၊ Exhaust က အောက်ဘက်ရောက်တာမျိုးတွေဖြစ်တဲ့ သိသိသာသာပြောင်းလဲတာတွေလုပ်ထားပါတယ်။ ABS ပါတာမျိုးတွေလည်းထွက်လာပါတယ်။ အခုနောက်ပိုင်းလည်း ထပ်ပြောင်းတာတွေရှိပေမယ့် ရုပ်ကလွဲပြီး သိသိသာသာတော့မဟုတ်နေလို့ မပြောနေတော့ပါဘူး။

- Engine ကတော့ 124.9cc Air Cool စနစ်ပါ၊ ရေတိုင်ကီမပါပါဘူး၊ ကျွန်တော်စီးဖြစ်တဲ့ အတွေ့အကြုံအရတော့ မောင်းနေတုန်း အင်ဂျင်က အရမ်းပူလာတာမျိုးမရှိပါဘူး။

- ဂီယာနံပါတ်မပြပါဘူး (N တစ်ခုတော့ပြပါတယ်)၊ ဒိုင်ခွက်ထဲမှာ နာရီပြပါတယ်။ Trip A,B တို့လည်းပါတော့ သွားတဲ့ခရီးကိုမှတ်ရတာအဆင်ပြေပါတယ်။

- ဘရိတ်တွေကတော့ ရှေ့နောက် Single Disc Brake တွေပါပဲ (ပြောရရင်တော့ Brake Disc တစ်ချပ်ထဲပဲပါတာကိုပြောတာပါ) နောက်ပိုင်းဆိုင်ကယ်အတော်များများလည်း တစ်ချပ်ထဲပဲပါတာများပါတယ်။ Brake Shoes တွေကိုတော့ ကောင်းတာလေးသုံးပါမဟုတ်ရင် အတော်တိုင်ပတ်ပါတယ်။

- တာယာ Size တွေကတော့ အရှေ့တာယာက 120/70-12 ဖြစ်ပြီး အနောက်တာယာကတော့ 130/70-12 ဖြစ်ပါတယ်။

- Seat Height ကတော့ 750 mm (29.7 လက်မ) ဖြစ်ပါတယ်။

- တိုင်ကီက 5.5 လီတာဆန့်ပြီး ဆီစားနှုန်းကတော့ 65.70 kmpl (Certified) လို့ပြောထားပေမယ့် တကယ်တမ်းကျ မန္တလေးမှာ ၁၂၀လမ်းကနေ ၂၆လမ်းလောက်အထိ အသွားအပြန်လုပ်ရင်ဆီက ၂ထောင်ဖိုးလောက်ပဲကျတယ်ပြောလို့ရပါတယ်။ ပြင်ဦးလွင် အသွားအပြန်ဆီဖိုး ၈ထောင်လောက်နဲ့ တောင်ကြီးကို မန္တလေးကနေ သာစည်ဘက်က အသွားတကြောင်းကို ၂သောင်းဝန်းကျင်ကျသင့်ပါတယ်။ ဆီဖိုး တလီတာကို ၃၃၀၀ကျပ် ဝန်းကျင်လောက်မှာပေါ့။

အတော်လဲများသွားပြီဆိုတော့ Specification တွေအကြောင်းကိုတော့ ဒီမှာပဲ ရပ်လိုက်ပါတော့မယ်။

အကျဉ်းချုပ် ( )
- ငွေကြေး ကန့်သတ်ချက်တွေရှိမယ်။ ဘီးတွေဝယ်ရာမှာ ဂျင်းအထည့်မခံရလောက်အောင် အတွေ့အကြုံရှိမယ်(အသိရှိမယ်)၊ စိတ်ရှုပ်ခံနိုင်တယ်(ဂရုစိုက်နိုင်တယ်)၊ China ဘီးလည်း မစီးချင်ပဲ Honda စီးချင်တယ်။ ကလပ်ဘီးကြိုက်တယ် ဘီးသေးပဲ အေးဆေးစီးချင်တယ် Wave, Click, Scoopy တို့လိုလည်းမကြိုက်ဘူးဆိုရင်တော့ ဝယ်သင့်တဲ့ ဘီးထဲပါပါတယ်။

- အကြံပေးချင်တာကတော့ ဒီကာလ ဒီလိုဘီးတွေက အသစ်ကမရှိသလောက်ပဲဆိုတော့ ဂျင်းမမိအောင်ဝယ်ဖို့ အတွေ့အကြုံမရှိ၊ အသိအကျွမ်းမရှိရင်တော့ စက်ထိုးစစ်တာမျိုး၊ Mechanic တယောက်နဲ့သေချာစစ်ဝယ်ဖို့ ပြောချင်ပါတယ်။

- ကောင်းတာနောက်တခုကတော့ CT125 လိုလည်း စီးချင်တယ် CT125 ရဲ့ဈေးရဲ့ ၄ပုံတပုံလောက်ပဲ ကျသင့်တာမျိုးဆိုရင် MSX က အတော်အဆင်ပြေပါတယ်။

စာလည်း အတော်ရှည်ပြီဆိုတော့ ဒီမှာပဲ ရပ်နားခွင့်ပြုပါခင်ဗျာ။ သိချင်တာတခုခုရှိရင်လည်း Comment မှာမေးခဲ့လို့ရပါတယ်။

အချိန်ပေးပြီး ဖတ်ပေးခြင်းကို ကျေးဇူးတင်စွာဖြင့်

C2/Ride Around
(ကူးယူဖော်ပြချင်း ခွင့်မပြုပါ)

ပုံတွေကတော့ MSX နဲ့ ကျွန်တော့်ရဲ့ ဖြတ်သန်းဖြစ်တဲ့ ၃/၄လအတွင်း မှတ်တမ်းတွေပေါ့...

Photos from Ride Around's post 13/10/2024

ဒီမနက်တုန်းက ဦးပိန်မှာ နေထွက်တာလေး သွားထိုင်ကြည့်ဖြစ်တယ်...

အသွားမှာ ဆိုင်ကယ်ဆီပြတ်နေတဲ့ အန်တီတယောက်ကို ကူညီခဲ့ဖြစ်လိုက်သေးတယ်ဆိုတော့ တွေးရင်းနေလို့ကောင်းတဲ့ နေ့လေးတရက်ပါပဲ...

Photos from Ride Around's post 04/10/2024

Google Maps က သိပ်မမှားပါဘူး တောင်သမန်အင်းကို ဆိုင်ကယ်ဖြတ်မောင်းခိုင်းရုံပါပဲ 🫤

Photos from Ride Around's post 07/08/2024

ဒီလို ဘီးမျိုး 50cc မဟုတ်ပဲ 110ccထဲက ဘယ်နားရောင်းလဲခင်ဗျ? frame, shock absorber နဲ့ အင်ဂျင်သန့်ပြီး ကာဗာဘာညာမပါပဲလည်း ရပါတယ်။

Photo : အပြာလေးကတော့ webike ကယူလာတာဖြစ်ပြီး နောက်ပုံကတော့ အရောင်း post တခုထဲကပါခင်ဗျာ။ (Credit goes to respective owners.)

ต้องการให้ธุรกิจของคุณ บุคคลสาธารณะ ขึ้นเป็นอันดับหนึ่ง บุคคลสาธารณะ ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

ประเภท

ทีมทำอาหาร

เสื้อผ้า

เว็บไซต์

ที่อยู่


Bangkok