Nice Handmade
ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Nice Handmade, ร้านศิลปะและหัตถกรรม, Bangkok.
Nilar Myo is a trainer expert in fabric's handcrafting technique of (Patchwork,Applique & Quilting)နည်းပညာ(၃)မျိုးကို ဂျပန်နိုင်ငံ,နည်းပညာသင်
တန်းေကျာင်းမှေအာင်မြင်ခဲ့ပြီး- ဂျပန်နည်းစနစ်များဖြင့်သင်ကြားပေးသော အွန်လိုင်းသင်တန်းများကိုဖွင့်လှစ်ထားပါသည်။
14/06/2026
🧵အသက်(၆၀)ကျော်အရွယ်ရောက်လာရင်👇👇👇
🧵* *အသက်ကြီးပြီ,ပင်စင်သွားပြီး,ငါ့ဘာမှမလုပ်နိုင်တော့ဘူး,ငါလုပ်လာတဲ့အရာအားလုံးရပ်တန့်သွားပြီလို့***ကိုယ့်ကိုယ်ကိုသတ်မှတ်လိုက်ကြတဲ့သူများလာတယ်***👇👇👇
🧵တကယ်တော့ရှာေဖွဆန်းစစ်မှု့အရဆိုမိမိရဲ့
ဦးေဏှာက်ကစပြီးခြေဖျားအဆုံးထိကတဖြေးဖြေးကျဆင်းခန်းေခြာက်လာတာမှန်ပါတယ်
🧵သို့သော်လူတစ်ကိုယ်မှာသဘာဝကဖွဲ့စည်းတည်ဆောက်ေပးထားခဲ့တဲ့မိမိရဲ့
*** စိတ်,,ဦးေဏှာက်,ခန္ဓာကိုယ်***ရဲ့လုပ်ဆောင်မှု့များအားလံုးကို***ငယ်ရွယ်တဲ့အချိန်ကလိုပဲအကျိုးရှိစွာအသုံးမချတတ်***ဘူးဆိုရင်တော့***ဒီအရာတွေအားလုံးကိုသဘာဝကပဲပြန်သိမ်းသွားမှာပါ***
ဒါကြောင့်(၆၀)ေကျာ်အရွယ်ဖြစ်လာပြီဆို👇👇👇
👉မိမိအတွက်စိတ်အေးချမ်းအောင်လုပ်မယ်,
👉နေ့စဉ်ခန္ဓာကိုယ်အတွက်လေ့ကျင့်ခန်းလုပ်မယ်(ဥပမာ,လမ်းလျှောက်တာ,ကိုယ်လက်လှုပ်ရှားမှု့ပြုတာ),ဦးဏှောက်ကိုအသုံးချဖို့အသိပညာတွေထပ်တိုးမယ်,
👉မိမိရဲ့ဝါသနာပါရာစိတ်ပျော်ရွှင်မှု့လေးတွေရှာဖွေပြီးလုပ်မယ်,
🧵လွန်ခဲ့ပြီးသော 30,40,အရွယ်လေးတွေလို**ငါလည်းလုပ်နိုင်သေးတယ်လို့စိတ်ကိုမွေးပြီးထားနိုင်ရင်စောစောကပြောတဲ့သဘာဝကပြန်သိမ်းလို့မရတော့ဘူးပေါ့။
🧵အရာအားလံုးကိုခန္ဓာကိုယ် ကေန့စဥ်အမြဲတမ်းအသုံးချလုပ်ဆောင်နေတဲ့အတွက်ပါ။
🧵အသက်ကြီးပြီဆိုတဲ့အတွေးကိုတွေးပြီးစိတ်ညစ်ေနတာထက်👇👇👇
👉ငါအသက်ကြီးလည်း**ငါ့မှာစွမ်းအင်တွေ,အသိပညာတွေ,ကျန်းမာရေးအတွက်လုပ်ရမယ့်အရာလေးတွေ,ငါ့ရဲ့ဝါသနာပါရာတွေလုပ်ရင်းအချိန်ကိုအကျိုးရှိစွာအသုံးချရင်းနဲ့ပဲဘဝကိုကုန်ဆုံးစေမယ်ဆိုတဲ့အတွေးမျိုးကိုတော့ကျမကအမြဲခံယူထားပြီးသားပါ။
🧵အသက်အရွယ်အရေရာဂါေတွရရှိလာတာအဆန်းမဟုတ်ပါ။သို့သော်အစားအသောက်ကအစဆင်ခြင်တာ,မတဲ့တာမစားဖြစ်တာတွေကလည်းကိုယ့်ရဲ့စိတ်ပေါ်မှာပဲဆုံးဖြတ်သွားတာပါ။
🧵ကျမအနေနဲ့တရားစခန်းသွားတရားထိုင်နိုင်တဲ့အလုပ်ကိုမလုပ်နိုင်ပေမဲ့, ဆရာတော်ကြီးတွေရဲ့ပြောစကား,,တရားဟောပြတာလေးတွေ,အသိပညာရစေမဲ့စာ,ဗဟုသုတလေးတွေဖတ်ရင်းနားထောင်ရင်းနဲ့ပဲ အသိလေးကပ်,သတိလေးထားပြီးဆင်ခြင်တုံတရားနဲ့နေရတာလည်းကုသိုလ်ရရှိခြင်းတမျိုးလို့ခံယူထားပြီးသားပါ။
🧵ကိုယ်အတွက်ကတော့အသက်ကြီးလာတာကိုလက်ခံပြီး,မလွန်ဆန်ဘူး,သို့သော်အသက်ကြီးပေမဲ့ကိုယ်တတ်ထားတဲ့ပညာတွေကိုအသုံးပြုပြီး,အများအတွက်အကျိုးပြုနေရတာကိုပဲအမြဲတမ်းစိတ်ပျော်ရွှင်မှု့ကိုရရှိနေလို့ တစ်ခါတစ်လေကိုယ့်အသက်ဆိုတာဂဏန်းလေး(၂)လုံးပါပဲလားလို့ပေါ့။
🧵ကိုယ့်အသက်အရွယ်ေလာက်ရှိသူများလည်း,မိမိနှစ်သက်ရာလေးတွေလုပ်ဆောင်ရင်းနဲ့စိတ်ပျော်ရွှင်မှု့ကိုဖန်တီးလို့ရပါတယ်နော်။
👉(၁)ထုတ်ကုန်တွေကောင်းအောင်ထုတ်
👉(၂)အရည်အသွေးတွေ ကောင်းအောင်
ထုတ်ပြီးေရာင်းတိုင်း ဝယ်ယူသူတွေကကိုယ့်ဆီရောက်လာမှာလား?
👇👇👇👇👇
12/06/2026
🧵Sue' Purse 2025 သင်တန်းမှ သင်တန်းသူညီမလေး ❤️ Mee Mee ❤️ရဲ့လက်ရာအိမ်စာအိတ်လေးပါနော်။
🧵ညီမလေးကပြောတယ်*** လက်ချုပ်အပ်ချည်မရှိလို့ရိုးရိုးအပ်ချည်နဲ့လည်းချုပ်မကောင်းလို့ပါတဲ့***
🧵တစ်ကယ်တော့လေ ပညာရပ်တိုင်းမှာ သူနဲ့သက်ဆိုင်တဲ့ ပစ္စည်းတွေဘာကြောင့်သုံးရတာလည်းဆိုတာ ကိုယ်တိုင်ကြုံမှသာသိကြတာပါ။
🧵သူ့မှာရှိတဲ့ပစ္စည်းလေးတွေနဲ့ပဲချုပ်ထားရတာပါတဲ့ စက်ချုပ်နဲ့လည်းချုပ်ရတော့,လက်ချုပ် 100%တော့မဟုတ်ပေမဲ့ ,လှပါတယ်ညီမရေ။
🧵စက်ချုပ် Designer တစ်ယောက်မို့ အရောင်စပ်လေးကတော့ပြောစရာမရှိပါနော်ညီမရေ။
🧵အိမ်စာလေးပို့ပေးတာကျေးဇူးတင်ပါတယ်နော်ညီမရေ❤️❤️❤️
Nice Handmade .
🧵ဟန်းမိတ်အိတ်တွေ ရောင်းကောင်းခြင်ကြလား?
🧵မိမိထုတ်ကုန်တွေရဲ့ စက်ချုပ်ဖြစ်စေ/လက်ချုပ်ဖြစ်စေ တို့ကို အမြဲတမ်းစစ်ဆေးနေရသလို ,
🧵မိမိ စိတ်ကိုလည်းအမြဲတမ်းစစ်ဆေးနေရတာသိကြပြီလား?
👇👇👇👇👇
11/06/2026
🧵ဒီနေ့ ကော်လက်စတောသွားစစ်တော့ ဆရာဝန်ပြပြီးတဲ့အချိန်မှာ ဆေးယူဖို့တန်းစီနေရင်း ကိုယ်ရှေ့မှာက ဗိုလ်မအန်တီပေါ့ သူ့တုံကင်နံပါတ်ကိုယ့်တုံကင်နံပါတ်က တီဗွီမှာပေါ်လာလို့ရပ်စောင့်နေကြတဲ့အချိန်သူက ကိုယ့်အိတ်လေးကိုကြည့်ပြီး,
Q---နင့်အိတ်လေးက Classic ဆန်လိုက်တာတဲ့,
Me---ကိုယ်ကလည်းပြောလိုက်တယ် ,ကိုယ်တိုင်ချုပ်ထားတာလို့ ဆိုတော့
Q---သူက ဘာစက်သုံးလည်းတဲ့ ,အမေရိကန်ထုတ်စက်နံမည်တွေေပြာတာပေါ့ Bernina, Bernetteနဲ့ချုပ်တာလားတဲ့
Me--- Brother စက်နဲ့ချုပ်ထားတာဆိုတော့သူအံ့ဩသွားတယ်
Q---ဟုတ်လားတဲ့။
Q---လက်ချုပ်ရောတတ်လားတဲ့,
Me---Sue' Purse အိတ်လေးပြလိုက်တယ်,လက်ချုပ်100%ပါလို့
Q---သူပြောတယ်,သူကလက်ချုပ်မတတ်ဘူးတဲ့,
Q---သူထပ်ပြောတယ်,အိုး နင့်ရဲ့လက်ရာတွေက မနေ့တစ်နေ့ကမှချုပ်တတ်တဲ့လက်ရာတွေမဟုတ်ဘူးဆိုတာချုပ်ထားတဲ့အိတ်ကြည့်လိုက်တာနဲ့သိတယ်တဲ့။
Me---Thank you so much.
Q---ပိတ်စကိုကိုင်ကြည့်တော့လည်သာထင်လို့မေးတယ်
Me---ကိုရီးယားထုတ်လည်သာဒီဇိုင်းပိတ်စပါလို့ပြောတော့။
Q---အိုးအရမ်းရှာရခက်တယ်တဲ့။
Me---မရှိတော့တာလို့ပြောပြတော့ ဖြစ်နိုင်တယ်တဲ့.
🧵ဒီနေရာမှာဘာလေးသိလိုက်ရလည်းဆိုတော့
ဟန်းမိတ်အိတ်တွေချုပ်တဲ့အခါမှာ ***ကိုယ်ချုပ်ထားတဲ့လက်ရာကို***,ကိုယ်တစ်ယောက်ပဲလင်းေနတာထက်,👇👇👇
🧵ခုလိုမျိုးပြင်ပကတစ်ခါမှမသိတဲ့သူကမြင်လိုက်တဲ့အခါမှာ အမှန်တရားဘက်မလိုက်ပြောပေးတာက ကိုယ့်အတွက်အင်မတန်ကံကောင်းတဲ့အရာတစ်ခုပါ။
🧵အကယ်၍ဒီနေရာမှာလိုအပ်တာလေးတွေကိုထောက်ပြတယ်ဆိုလည်းကိုယ်ကလက်ခံနိုင်ဖို့အဆင်သင့်ပါပဲ။
🧵 Feather Motion Quilting ကို နင်ချုပ်နိုင်တာတော်တယ်တဲ့,ငါအဲ့လောက်မချုပ်နိုင်ဘူးတဲ့---
🧵ကိုယ်အတွက်ကတော့ အကုန်သိ/အကုန်တတ်တော့မဟုတ်ပါ။
🧵ကိုယ်လုပ်နေတဲ့အလုပ်တွေကနေရလာတဲ့ကိုယ်တိုင်လုပ်ခဲ့တဲ့အတွေ့အကြုံ, ကိုယ်တိုင်သင်ယူလာရင်းသိရတဲ့အတွေ့အကြုံ,လွန်ခဲ့သော(၁၆)နှစ်လောက်ထဲကလေ့လာသင်ယူ,ယနေ့တိုင်အောင်လည်းသင်ယူ,တစ်စိုက်မတ်မတ်လုပ်နေသူမို့
🧵Patchwork Applique Quilting နည်းပညာ (3)မျိုးမှာသိသင့်သိထိုက်တာလေးတွေကို ပဲအမြဲတမ်းမျှဝေပေး နေရင်းကိုယ့်မှာလည်းပညာတွေထပ်ဆင့်ထပ်ဆင့်အသစ်တွေလည်းအမြဲတမ်းရရှိနေတာကဆန်းတော့မဆန်းပါဘူး။
10/06/2026
❤️ Cute Drawstring Pouch ❤️
2023ခုနှစ်ကပေးထားသော ❤️ Free Pattern ❤️
ပညာဒါနချုပ်နည်းပါ👇👇👇
https://www.facebook.com/share/p/14mtEnxhtEe/
10/06/2026
❤️ Square Basket Bag ❤️
🧵2020ခုနှစ်ကပေးခဲ့သော❤️Free Pattern ❤️ပညာဒါနချုပ်နည်းလေးပါ👇👇👇
https://www.facebook.com/share/p/17mpDtbzw3/
🧵Patchwork, Applique အိတ်ေတွချုပ်တဲ့အခါ
***အစွေသား*** မသုံးရတဲ့ အိတ်တွေရှိပါတယ်သိကြပြီလား?
🧵ဘယ်လိုအိတ်မျိုးတွေကို***အစွေသား***သုံးရတာလည်းသိထားဖို့လိုအပ်ပါတယ်နော်။
🧵 Patchwork,Applique, Quilting Technique နည်းပညာ(၃)မျိုးနဲ့ပါတ်သက်ပြီး👇👇👇
🧵အသိပညာဗဟုသုတ VDO လေးတွေကိုပြန်တင်ပေးခြင်းဖြင့် နေ့စဉ်ဝင်လာတဲ့ မသိသေးသူ ***Followers***အသစ်များအတွက်အကျိုးရှိပါတယ်နော်။
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
ที่อยู่
Bangkok