Indie Reviews

Indie Reviews

แชร์

indie reviews it for you. (Tech | Fun | Lifestyle)

01/06/2025

🟣 Review coming soon …. 🥰

24/03/2025

🟣 ကျွန်တော့ ဒီ page လေး active မဖြစ်တာကြာသွားပြီ။ နည်းနည်းလေးလည်း အပျင်းကြီးနေတာပါသလို၊ တကယ့် အဓိက ပြဿနာက video တွေရိုက်ဖို့ နေရာအခက်အခဲလေး‌ရှိနေတာကြောင့်ပါ။ ပြန်ပြီး review video လေးတွေ၊ unboxing video လေးတွေ တင်ပေးပါ့မယ်။ ဘာပစ္စည်းလေးတွေ ဦးစားပေးတင်ပေးရမလည်း idea လေးပေးပါဦး 😬😬

အနှေးနဲ့အမြန် ပြန်လာခဲ့ပါမယ်ဗျို့.... 🥰🥰

25/11/2024

🟣 Nintendo Thailand Store (Full Tour)

Photos from Indie Reviews's post 24/11/2024

🟣 ဒီနေ့မှ Nintendo Store Thailand ထဲကိုရောက်သွားတော့ မြင်နေတွေ့နေရတာတွေက ပုံမှန် ကျွန်တော်သွားနေကြ Thai က Game Show တွေ၊ ဆိုင်တွေမှာ ခင်ကျင်းပြထားတာမျိုးတွေနဲ့ အရမ်းကွဲထွက်နေတာမျိုးမဟုတ်တော့ Nintendo Authorized Store ဆိုပေမယ့် အရမ်း Wow ဖြစ်ရလောက်အောင်တော့လည်းမဟုတ်ပြန်ဘူး။ ဒါပေမယ့် Nintendo လို Strict ဖြစ်တဲ့ company တခုအောက်မှာ ဒီလို Official store ဆိုတာမျိုးကို ဖွင့်ခွင့်ရအောင် ကြိုးစားထားတာကို‌တော့ မဖြစ်မနေ အသိအမှတ်ပြုရမှာပါ။ နေရာအကျယ်ကြီးထဲ သေချာ display လုပ်ထားသလို product လေးတွေလည်း တော်တော်တော့စုံအောင် ထားထားပါတယ်။ ဒါပေမယ့် Nintendo Official Licensed product တွေပဲဆိုတော့ ဈေးတွေကတော့ မြောက်ပါတယ်။ Thai Baht နဲ့ဆိုရင်တောင် ဈေးကြီးတယ်ပြောရမယ့်အထဲပါနေတော့ မြန်မာငွေနဲ့တွက်ရင် ပိုဈေးများမှာပါ။ ဥပမာ အရုပ်အသေးလေးတရုပ်ဆိုရင် အနည်းဆုံး 690฿ တန်ကစပါတယ်။ အရုက်အလတ်လောက်ဆို 990฿, 1090฿ တွေပါ။ အခွေတွေ စက်တွေလည်း ဈေးကြီးပါတယ်။ အသစ်ထွက် အခွေတခွေကို အပြင်ဆိုင်မှာ 1600฿ ဆိုရင် အဲ့မှာ 1900฿ ၀န်းကျင်ပါ။ အပြင်ဆိုင်ထက် ฿200-300 ပိုပါတယ်။ စက်တန်ဖိုးတွေဆိုလည်း Nintendo Switch OLED ဆိုရင် 13,000฿ ကျော်ဖြစ်တဲ့အတွက် သေချာပေါက် မြန်မာပြည်ဈေးထက်များနေပါပြီ။

ဒါပေမယ့် ဒီ Nintendo Store က ဈေးနှုန်းကို အဓိကဦးတည်တာမဟုတ်ပါဘူး atmosphere ကိုပဲ အဓိက ပေးခြင်တယ်လို့မြင်ပါတယ်။ South East Asia က ပထမဆုံး Authorized Store ဖြစ်တယ်ဆိုတာရယ်၊ ကိုယ်က အဲ့လို authorized store မှာ၀ယ်တယ်ဆိုတဲ့ feeling ရခြင်တာတွေအတွက် အဓိကထားသွားသင့်ပါတယ်။ Nintendo ရဲ့ theme အပြည့်နဲ့ အကောင်းဆုံး တင်ဆက်ထားတာကြောင့် ဈေးနှုန်းက အဓိကမဟုတ်ပါဘူး... feeling ကသာအဓိကပါ။ 😉😉

တကယ်တော့ ထိုင်းနိုင်ငံက ဒီ Nintendo Store ကို မဖွင့်ခင်ကထဲက authorized dealer အနေနဲ့ Nintendo နဲ့ partnership ရထားပြီးသားပါ။ Nintendo ရဲ့ fan base ကြီးတဲ့အပြင် ငွေသုံးအားလည်းရှိတဲ့ ထိုင်းနိုင်ငံကို Nintendo အနေနဲ့ အစောကြီးထဲက dealer တွေကို ဈေးသက်သက်သာသာနဲ့ ပစ္စည်းတွေ supply ပေးနေခဲ့တာပါ။ ဘာပဲပြောပြော ထိုင်းနိုင်ငံအနေနဲ့ ပထမ‌ခြေလှမ်းလို့ဆိုရမယ့် Official Nintendo Store ကိုစဖွင့်နိုင်ခဲ့ပြီဆိုတော့ Nintendo Land လိုမျိူလည်း နောင်နှစ်အနည်းငယ်အတွင်း ဖြစ်လာနိုင်ပါတယ်။

(Store Tour video လေးကိုတော့ မနက်ဖြန်လောက်တင်နိုင်အောင်ကြိုးစားပါမယ်ခင်ဗျာ 🥰🥰)

Photos from Indie Reviews's post 21/11/2024

🟣 Playstation 5 30th Anniversary Limited Edition 🥰🥰

04/11/2024

🟣 Echoes of Wisdom မှာ ဒီလိုလုပ်လို့ရတာလေးကို မသိသေးဘူးဆိုရင်တော့ ဒါလေးကို ကြည့်ပြီး စမ်းကြည့်ကြည့်နော် 😉😉

02/11/2024

🟣 Unboxing & testing NYXI Hyperion Pro (Gamecube Purple)

Photos from Indie Reviews's post 20/10/2024

🟣 ဒါလေးက review မဟုတ်ပါဘူး။ မျက်စိထဲမြင်ပြီး အားမလိုအားမရဖြစ်မိတာလေးကို ရေးကြည့်တာပါ။ 😅😅

ပုံမှန် Joy-Con တွေမှာသုံးလေ့မရှိတဲ့ Mechanical switch တွေကို သူ့ရဲ့ Joy-Con တွေမှာသုံးခဲ့တယ့်အပြင် Amiibo function ရအောင်ရယ်၊ Nintendo ရဲ့ original Joy-Con တွေအတိုင်း HD Rumble ပါရအောင် ထုတ်ခဲ့တဲ့ Mobapad ရဲ့ M6 series တွေက တကယ့်ကို ချီးကျူးရမှာပါ။ အပေါ်က function တွေအပြင် drift မဖြစ်အောင် hall-effect stick တွေကိုပါထည့်သုံးထားလိုက်တော့ Joy-Con တွေထဲမှာ OP ဖြစ်သွားတယ်လို့ပြောရင် မမှားပါဘူး။ (လက်ရှိသုံးနေတဲ့ သူတွေဆိုရင်တော့ ကျွန်တော်ပြောတာငြင်းမယ်လို့တော့ မထင်ပါဘူးဗျ။) ဒါ့အပြင် design အရကလည်း flaw မရှိဘူး။ Weight & ergonomic ပိုင်းကလည်း အပိုအလိုမရှိတဲ့အပြင် Material ပိုင်းကလည်း တန်းတခုမှာရှိနေပြန်တယ်။

ဒါပေမယ့် .. ဒါပေမယ့်ပေါ့နော် ... ကြံဖန်အပြစ်ရှာပြီးပြောရရင် Mobapad Series မှာ အရင်ထွက်ခဲ့တဲ့ M6S နဲ့ M6HD (White) ကို Version 1.0 လို့ပဲ ဆိုကြပါဆို့.. Class မတူတဲ့ (၂) ခုက box design ကွဲနေတာကို လက်ခံလို့ရပါတယ် (First photo)။ ဒါပေမယ့် Version 1.1 အနေနဲ့ ထပ်ထွက်လာတဲ့ Tier တူတဲ့ M6HD (Pink) နဲ့ Version 1.0 M6HD (White) ကြတော့ box design က လုံး၀ကို ကွဲထွက်သွားပြန်ရော (Second Photo)။ ဒါတင်လားဆိုတော့ မဟုတ်သေးပြန်ပြီး Pink နောက်မှာထပ်ထွက်လာတဲ့ Version 1.2 M6HD (Black) ကျပြန်တော့ Box က White အတိုင်း ပြန်ဖြစ်သွားပြန်တယ်။ ဒါပေမယ့် သုံးထားတဲ့ language နဲ့ Back design ရယ် Side design တွေရယ်မှာ Minor differences တွေ ရှိနေပြန်ရော။ ပြောခြင်တာက Mobpad အနေနဲ့ Product ကောင်းကောင်းတွေထုတ်နေပေမယ့် တခြား company တွေလို consistent ကမရှိဘူးရယ်။ သူတို့ရဲ့ အကောင်းဆုံး product ကို role တစ်ခုမှာရှိနေအောင် မထားတတ်တာများလား.. ဒါမှမဟုတ် ကျွန်တော်ကပဲ OCD ရှိနေတာပဲလား မပြောတတ်ပါဘူး။

နောက်ထပ် Youtuber တချို့ရဲ့ review အရ ထပ်သိရတာက M6HD White နောက်မှာထပ်ထွက်လာတဲ့ Pink နဲ့ Black က product material ပိုင်း မသိမသာလေး တိုးတက်ကောင်းမွန်လာတယ်ဆိုတဲ့အချက်ပါ။ ကျွန်တော်ကတော့ Pink ရော Black ရော မသုံးကြည့်ရသေးလို့ မပြောတတ်ပါဘူး။ လောလောဆယ် လက်ထဲရောက်နေတဲ့ M6HD Black လေးကိုတော့ တော်တော်စိတ်ဝင်စားနေတယ်ပြောရမယ်။ ကိုယ့်ဆရာတို့လည်း စိတ်ဝင်စားတယ်ဆိုရင်တော့ ကျွန်တော်တစ်ခုသီးသန့်ဝယ်ပြီး review လုပ်ပေးပါ့မယ်။

13/10/2024

🟣 NYXI နဲ့ OMELET Joy-Con (၂)ခုကို ယှဉ်ကြည့်လိုက်တဲ့အခါ ... 😊

26/09/2024

🟣 EA FC25 (PS5) Unboxing 😉😉

Photos from Indie Reviews's post 20/09/2024

🟣 ဒီနေ့ Centralworld က Apple Store မှာ iPhone အသစ်စစခြင်း၀ယ်လို့ရတဲ့နေ့ဆိုတော့ လာတန်းစီပြီး၀ယ်တဲ့သူနဲ့ iPhone 16 Series လေးတွေကို Hands-on လာစမ်းတဲ့သူနဲ့ ရှုပ်ရှက်ကိုခပ်နေတုန်း။ လောလောဆယ်တော့ ဒီနှစ်ရဲ့ အရောင်သစ် Desert Titanium က နောက် ၂ လလောက်အထိပစ္စည်းမရနိုင်တော့ပါတဲ့။ (Apple Store မှာကိုပြောတာပါ။ တခြားဆိုင်တ္မှောတော့ရနိုင်ပါသေးတယ်။) ဒီနေ့အတွက် iPhone 16 Pro Max Desert Titanium ကတော့ ပစ္စည်းရတဲ့သူတွေက Baht 6000 - 9000 လောက်ထိဈေးတင်ရောင်းနေကြပါတယ်။

Photos from Indie Reviews's post 19/09/2024

🟣 Page မှာ review video လေးတွေအတွက်ပဲသုံးထားတဲ့ ပစ္စည်းလေးတွေပါ။ နောက်ထပ် review unit လေးတွေ ထပ်ဝယ်ခြင်လို့ အခုရှိတာလေးတွေ ထုတ်ရောင်းပါမယ်ခင်ဗျာ။

ပစ္စည်းပို့ရတာ ကြာမှာစိုးလို့ Thai နိုင်ငံထဲက ၀ယ်မယ့်သူတွေကိုတော့ အဓိကထားရောင်းခြင်ပါတယ်။ မြန်မာက ၀ယ်ခြင်တဲ့သူတွေလည်း စောင့်လို့အဆင်ပြေတယ်ဆို ၀ယ်လို့ရပါတယ်ခင်ဗျာ။ လောလောဆယ်တော့ ပစ္စည်းတွေက Bangkok မှာပဲရှိပါသေးတယ်။

🔸8Bitdo (Blue)
Condition 9/10 = SOLD ❌

🔸Miyoo A30
Condition 9/10 = 1,150฿
🎁 Present = Screen Protector (New) + SanDisk 64GB

🔸Omelet Pro+ Joy-Pad (Pikachu Limited Edition)
Condition 8/10 = 1,100฿
🎁 Present = iine 9th Anniversary Sticker set

🔸Mobapad M6HD + Extra Pink Faceplates
Condition 9/10 = SOLD ❌
🎁 Present = iine Grip

🔸Arzopa Z1FC 144hz
Condition 9/10 = SOLD ❌
🎁 Present = Luigi Mansion 2 Pre-order Item

🔸Anbernic RG35XX Plus
Condition 9/10 = SOLD ❌
🎁 Present = Carry Case

🔸Voyee Starlight Controller
Condition 9/10 = SOLD ❌
🎁 Present = Thumbgrips

🔸Pixel Display
Condition 9/10 = 550฿

🔸Luigi Mansion Plushie
Condition 9/10 = 200฿

🔸Detective Pikachu (R3) Brand New Packing
Condition 10/10 = SOLD ❌

⚠️ All items = Fixed Price! ⚠️

Condition တွေက post မှာရေးထားတဲ့အတိုင်းဖြစ်ဖို့ အာမခံပါတယ်။ အသေးစိတ်ကို chatbox မှာမေးပေးပါခင်ဗျာ။ First come, first serve ပါ။
ငွေအရင်လွှဲတဲ့သူကို ဦးစားပေးရောင်းပါမယ်ခင်ဗျာ။ မြန်မာကျပ်ငွေစျေးနဲ့သိလိုပါက chatbox ကနေမေးပေးပါခင်ဗျာ။

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริษัท สื่อ ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


Bangkok