Unique Kitchen
We are the restaurant where you can feel the authentic Myanmar traditional cuisines in Bangkok
26/10/2023
အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ !!
ခေါက်ဆန်လမ်းမှာရှိတဲ့ ကျနော်တို့ရဲ့ မြန်မာထမင်းဆိုင်လေးကို ဆိုင်နေရာ ရွှေ့ပြောင်းမှာ ဖြစ်တဲ့အတွက် ရက်အကန့်အသတ်မရှိ ပိတ်မည် ဖြစ်တဲ့အကြောင်း ငြိုးငယ်စွာ အသိပေးလိုပါတယ် ခင်ဗျာ။
ကျနော်တို့ Unique Kitchen အနေဖြင့် မြန်မာတို့၏ ရှေးရိုးအစဉ်လာစားသောက်ပုံဖြစ်သော ဒေါင်းလန်းကြီးစားဖွယ်စုံကို ပထမဆုံးအနေဖြင့် နိုင်ငံတကာကို ချပြခွင့်ရရှိခဲ့တဲ့အတွက် ဝမ်းသာဂုဏ်ယူမိကြောင်းထပ်ဆောင်းရေးသားလိုပါတယ် ခင်ဗျာ။
ဆိုင်မှာလာရောက်စားသုံးအားပေးခဲ့သော မိဘပြည်သူအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျာ
မကြာခင်အချိန်အတွင်းမှာ ဆိုင်နေရာအသစ်/ ဆိုင်အသစ်ပြန်လည်ဖွင့်လှစ်သောအခါ ယခု page မှာပဲပြန်လည် အသိပေးပါမည်ဖြစ်ကြောင်း နှင့် ယနေ့ ည ကျနော်တို့ရဲ့ ဆိုင်ပိတ်ပွဲလေးကို အသိပေးလိုက်ရပါတယ် ခင်ဗျာ ❤️
28/08/2023
မင်္ဂလာပါ ခင်ဗျာ ဘန်ကောက်မြို့ခေါက်ဆန်လမ်း အနီးတွင် ဒေါင်းလန်းကြီး စားဖွယ်စုံ ရရှိနေပါပြီ
ဒေါင်းလန်းကြီးစားဖွယ်စုံတွင် ၃ဦးစာ ထမင်းတစ်အုပ်၊ပဲကုလားဟင်းရည်၊ဘဲဥ၊ချဉ်ပေါင်ကြော်တို့နှင့်အခြားအရံဟင်း (၄)မျိုးအထိပါဝင်ပြီး ကြက်သား(သို့)ဝက်မရမ်းပြားဆိုလျှင် ၃၉၉ဘတ် ကျသင့်မှာဖြစ်ပြီး ၊အမဲသားနှပ်(သို့)ပုစွန်ဆီပြန်ဆိုလျှင် ၄၉၉ ဘတ်ကျသင့်မှာဖြစ်ပါတယ် ခင်ဗျာ
Unique ဖက်ထမင်းပေါင်းမှာတော့ ကြက်ကြော်၊ဝက်နံရိုးကြော်နှင့် အမဲကြော်တို့ရှိပြီး တခြားမြန်မာ့အရသာစစ်စစ်ဟင်းပွဲပေါင်းများစွာလဲရှိပါတယ် ခင်ဗျာ
26/08/2023
ဆိုင်ကဘယ်နားမှာလဲ? ကားပါကင်ရှိလား?
ခေါက်ဆန်က ၂လမ်းရှိပါတယ် သီချင်းတွေအပြိုင်ဖွင့်သော လမ်းနှင့် အေးအေးဆေးဆေး bar ထိုင် chillလို့ရတယ် လမ်းတို့ဖြစ်ပါတယ်
ကျနော်တို့ဆိုင်ဟာ ခေါက်ဆန်ဒုတိယလမ်း (အေးအေးဆေးbar တွေရှိသောလမ်း ) လမ်းထိပ် အဝိုင်း အနီးမှာ ရှိပါတယ်ခင်ဗျာ
Car parking ကတော့ ဆိုင်အနောက်ကပ်ရပ်လမ်းမှာရှိပါတယ် အစိုးရကားပါကင်ဖြစ်ပါတယ်
Car parking link-https://maps.app.goo.gl/AWEnHWevYwqBuNdp6?g_st=ic
ညဘက်တွေtaxi နဲ့လာမယ်ဆိုရင်တော့ ပုံမှာပါတဲ့ taxi point တွေမှာ ရပ်ကြတာများပါတယ်ခင်ဗျာ
ဆိုင်google map link -https://maps.app.goo.gl/JXyia4UpxvVaZ4wz7?g_st=ic
25/08/2023
We got 4.7 out of 5.0 in google reviews 🌟
Google မှာ reviews ပေးခဲ့သော customers များ၏ပုံများကို မူလအတိုင်းဖော်ပြပေးလိုက်ပါတယ်နော်
Google reviews rating 4.7 အထိရရှိထားပြီး review ရေးပေးသော တစ်ဦးတစ်ယောက်ချင်းစိတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ် ခင်ဗျာ
24/08/2023
ဆိုင်မှာ Happy Hour စပြီနော် 📣 Happy Hour ကိုမှနေ့လည် ၂:၃၀ကနေ ည၇:၃၀ အထိ cocktail တစ်ခွက်က်ို 149THB ပဲကျသင့်ပြီးတော့ နေ့တိုင်းရမှာဆိုတော့ အရမ်းတန်နေပြီနော်🔥
Happy Hour မှာ Kamikaze / S*x with a Shark တို့လိုနာမည်ကြီး cocktail တွေပါနေတာမလို့ ၇:၃၀ မတိုင်ခင်လာမှ ဒီစျေးတွေနဲ့ရမာပါနော်…
ခေါက်ဆန်နဲ့ကလဲ နီးနီးလေးမလို့ ဆိုင်မှာ ကစ်ပြီးတာနဲ့ ဒိုးယုံပါပဲနော်
22/08/2023
Anime Version 😍😍
21/08/2023
ဘီယာနဲ့အလိုက်ဖက်ဆုံးက အကြော်တွေပါ!!! 🍺
ဒီနေတော့ အကြော်တွေထဲက ကြော်၃ကြော်ကို ကြော်ငြာချင်ပါတယ် ခင်ဗျာ
ငါးရှည့်ခြောက်စပ်ကြော် ကို ကြွပ်ယွနေအောင် ကြော်ထားပြီတော့ ငါးရှည့်အသားကို 100G ထည့်ကြော်ထားပါတယ်ခင်ဗျာ
ကုန်းဘောင်ကြီးကြော်ကိုလည်း အသားထဲထိအရသာစိမ့်ဝင်နေအောင် ကြော်ထားပါတယ်နော်
ချိုချဉ်ကြော်ကတော့ ချိုချိုမွှေးမွှေးလေးဖြစ်နေအောင်အထူးလက်စွမ်းပြကြော်ထားပေးမှာမလို့ ခေါက်ဆန်မှာလမ်းလျှောက်ရင် ဘီယာလေးနဲ့လာရောက်သုံးဆောင်ဖို့ဖိတ်ခေါ်လိုက်ပါတယ် ခင်ဗျာ
#ခေါက်ဆန်
15/08/2023
မင်္ဂလာပါ ခင်ဗျာ Unique ဖက်ထမင်းပေါင်းဟာ ဟင်းအနှစ်ကိုသီးသန့်ချက်ထားတာဖြစ်ပြီး ချဉ်ပေါင်ကြော်၊ငရုပ်သီးဆားထောင်း၊မြေပဲဆန်ကြော်နှင့်အတို့အမြုတ်တို့ပါဝင်တာကြောင့် အချိုအချဉ်အစပ်အစိမ့် စသည့်အရသာအစုံပါဝင်နေသော စပယ်ရှယ်ထမင်းပေါင်းတစ်ပွဲဖြစ်ပါတယ်ခင်ဗျာ
စတင်ရောင်းချသည့်နေ့မှစပြီး ဆိုင်မှာရော၊online ကနေပါ delivery ဖြင့် ယုံကြည်စွာအားပေးသုံးဆောင်ခဲ့သူများကို ကျေးဇူးအထူးတင်ရှိပါတယ် ခင်ဗျာ
Delivery အတွက် page cb ကို စာပို့ပေးပါခင်ဗျာ
Reply ကြာနေလျှင် ဖုန်း 096-825-0285 ဆက်ပေးပါခင်ဗျာ
14/08/2023
ဒီနေ့မှာတော့ ကလေးတွေကော၊ကလေးကြီးတွေကော၊လူကြီးတွေပါ မကျန် အကြိုက်တွေစေမယ့် menu အသစ်လေး ထပ်မံမိတ်ဆက်ချင်ပါတယ် ခင်ဗျာ😍
အဲ့တာကတော့ အာလူးချိစ် ကြော်နှင့် ကြက်ဥလိပ်ပဲဖြစ်ပါတယ် ခင်ဗျာ 😋
ဆိုင်မှာ ထမင်းစားပြီး မုန့်ထပ်စားချင်တဲ့ ကလေးကြီးတွေအတွက် သတင်းကောင်းပါးလိုက်ရပါတယ်နော် 📣
13/08/2023
Thank you so much to everyone who has supported us so far, We have always listened to customer reviews and will always work carefully to get better taste of our authentic Burmese food.
ယနေ့အချိန်အထိအားပေးလာခဲ့သော တစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျာ ၊ကျနော်တို့ Unique Kitchen စားသောက်ဆိုင် အနေဖြင့် စားသုံးသူများမှ ပြန်လည်ပြောကြားသော အရသာ စံနူန်းများ၊အကြံပေးချက်များကို အမြဲတစေ နားထောင်ပြီးပိုမိုကောင်းမွန်သော မြန်မာ့အရသာများကိုချပြနိုင်ရန် အမြဲကြိုးစားလျက်ရှိပါတယ် ခင်ဗျာ 🙏
10/08/2023
Menu အသစ်လေးနှင့်မိတ်ဆက်ပေးချင်ပါတယ်📣📣📣
🎉Unique ဖက်ထမင်းပေါင်း🎉🎊
ဟင်းအနှစ်ကို ကြက်သွန်နီ၊ကြက်သွန်ဖြူတို့နှင့် အနှစ်ကျအာင် ချက်ထားပြီး ငရုပ်သီးဆားထောင်း၊ချဉ်ပေါင်ကြော်၊မြေပဲဆန်အပြင် အတို့အမြုတ်လေးတွေပါ ထည့်ထားပေးပါတယ် ခင်ဗျာ😋
အသားအနေနဲ့ကတော့ ကြက်ကြော်၊ဝက်နံရိုးကြော်နှင့် အမဲကြော် ဆိုပြီး သုံးမျိူးရပါတယ်နော်
Delivery အတွက် page cb ကိုစာပို့ပေးပါခင်ဗျာ😘
Phone +66 96-825-0285
08/08/2023
ယနေ့ ဒေါင်းလန်းကြီး အတွက် လူ(၃)ဦးစာ ထမင်း တစ်အုပ်နှင့်အတူ ကြက်သားဆီပြန်၊ဝက်သားမရမ်းပြားအတွက် ၃၉၉ ဘတ် နှငိ့ အမဲနှပ်၊ပုစွန်ဆီပြန်တို့အတွက် ၄၉၉ဘတ် ဖြစ်ပါတယ်။
ပါဝင်သောအရံဟင်းများမှာ
ပဲပင်ပေါက်ပဲပြားကြော်
ဘဲဥဟင်း
အာလူး အချိူချက်
ချဉ်ပေါင်ကြော်
ဘာလာချောင်ကြော် နှင့် ပဲကုလားဟင်းရည်တို့ပဲဖြစ်ပါတယ်
Delivery အတွက် page cb ကို လာရောက်မှာ
ယူနိုင်ပါတယ် ခင်ဗျာ
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เบอร์โทรศัพท์
ที่อยู่
No 111, 1, Tani, Talat Yot, Phra Nakhon
Bangkok
10200
เวลาทำการ
| จันทร์ | 10:00 - 00:00 |
| อังคาร | 10:00 - 00:00 |
| พุธ | 10:00 - 00:00 |
| พฤหัสบดี | 10:00 - 00:00 |
| ศุกร์ | 10:00 - 00:00 |
| เสาร์ | 10:00 - 00:00 |
| อาทิตย์ | 10:00 - 00:00 |