She Stories

She Stories

แชร์

Hi! Everyone. I am She Stories.

26/04/2026

Relationship တစ်ခုမှာ တချို့ အမျိုးသမီးတွေက ကြိုးကိုင်ခြယ်လှယ်ခံနေရတတ်ပါတယ် အမျိုးသားအများစုက သူတို့ဘာလုပ်လိုက်ရင် လိုချင်တာကို ရနိုင်တယ်ဆိုတာကို သိကြပါတယ်
အမျိုးသမီးတွေအနေနဲ့ ဒီအချက်ကို သတိထားသင့်ပါတယ် အစိုးရိမ်လွန်တာ မဟုတ်ပါဘူး သတိရှိနေတဲ့သဘောပါ
ကိုယ့်ကို ဘယ်လိုလာပြီး ရစ်ပတ်ဖွဲ့နှောင်မလဲဆိုတာကို နားလည်ထားရင် အသုံးချ မခံရအောင် ကာကွယ်နိုင်ပါတယ် ဒီကိစ္စမှာ အမျိုးသမီး တစ်ဦးချင်းစီရဲ့ ပင်ကိုယ်စရိုက်နဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်အမျိုးသမီး အများစုက တစ်ဦးတည်းသီးသန့် နေတတ်ကြပါဝာယ် သူများက စကားတစ်ခွန်းပြောလိုက်ရင် ဟုတ်မဟုတ်ကို အာရုံခံပြီး ခံစားသိမြင်နေတတ်တာက အမျိုးသမီးတွေရဲ့ အားသာချက်ပါ ဒါပေမဲ့ သူနဲ့ပတ်သတ်နေတဲ့ အမျိုးသားက တစ်ဖက်လူကို လွှမ်းမိုး ချုပ်ကိုင်တတ်တဲ့သူဆိုရင် ကိုယ်ထင်နေတာတွေက မှားနေသယောင် ပြောပါလိမ့်မယ် အဲဒီအချိန်မှာ ကိုယ့်စိတ်ထဲမှာ ထင်နေပေမယ့် အရမ်းအပိုတွေ လုပ်မိနေသလား အစိုးရိမ်လွန်နေတာလားလို့ ထင်သွားနိုင်ပါတယ် သူပြောတာတွေ မှန်မမှန် စစ်ဆေးဖို့ ကိုယ့်မှာ မိတ်ဆွေ အပေါင်းအသင်း များများစားစားမရှိဘူး ကိုယ်က တစ်ယောက်တည်းနေတတ်တာကြောင့် အရာအားလုံးကို ကိုယ်တစ်ယောက်တည်း ဆုံးဖြတ် အဖြေရှာရပါတယ် အဲဒီလို အချက်တွေကြောင့် ပြဿနာတွေ ဖြစ်ရတော့တာပါ လူလိမ်တစ်ယောက်အတွက်တော့ တကယ့်ကို လိမ်လို့ကောင်းတဲ့သူဖြစ်နေပါတယ်
တစ်ဖက်မှာရှိတဲ့ အမျိုးသားကတော့ လူတွေကို အသုံးချနေကြပါ ဒီလိုအမျိုးသားတွေကတော့ လူအများနဲ့ ပေါင်းသင်းဆက်ဆံတတ်ပြီး သိတတ်နားလည်တဲ့သူပါ လူ့အဖွဲ့အစည်းက သတ်မှတ်ထားတဲ့ စည်းကမ်းတွေကိုလည်း လိုက်နာစရာမလိုဘူးလို့ တွေးတတ်တဲ့ အတွေးအခေါ်မျိုး သူ့မှာရှိနေတတ်ပါတယ်
ရုပ်ရည်ကလည်း အသင့်အတင့်ရှိပြီး သူ့ကိုယ်သူ ယုံကြည်ချက် ရှိတတ်ကြပါတယ် သူ့ကိုယ်သူတော့ သံသယတွေနဲ့ ရစ်ပတ်ဖွဲ့နှောင်မခံပါဘူး သူက သူနဲ့ ပုံစံမတူနဲ့ အမျိုးသမီးကို စိတ်ဝင်စားပါတယ် အမျိုးသမီးရဲ့ ကိုယ်ချင်းစာစိတ်တွေ ဂရုစိုက်တတ်မှုတွေကို သူက ဘယ်လို အသုံးချရမလဲဆိုတာကို ကောင်းကောင်းသိပါတယ် ဒါက အရမ်းကို အန္တရာယ်ရှိတဲ့ အခြေအနေပါ အောင်မြင်တဲ့ အမျိုးသမီးတွေက လိမ်ဖို့ ဒါမှမဟုတ် ကြိုးကိုင်ခြယ်လှယ်ဖို့ အလွယ်ဆုံးသူတွေ ဖြစ်နေတတ်ပါတယ် လူတစ်ယောက် အောင်မြင်လာဖို့ဆိုရင် ညွှန်ကြားချက်တွေကို လိုက်နာပြီး အောင်မြင်အောင် ဆောင်ရွက်ရတာပါ
အောင်မြင်တဲ့သူတွေက
ညွှန်ကြားချက်တွေကို ကောင်းကောင်းလိုက်နာနိုင်ပါတယ် အမိန့်အာဏာတွေကို လိုက်နာ သင်ယူနိုင်ပါတယ် ကန့်သတ်ချက်ဘောင်တွေအတွင်းမှာ အလုပ်လုပ်ရတာကို ကျင့်သားရပြီးသားပါ ကြိုးကိုင်ခြယ်လှယ်သူတစ်ယောက်က ကိုယ့်ဆီကိုဝင်လာပြီး ညင်ညင်သာသာ အကြံပေးသလိုပုံစံနဲ့ အမိန့်တွေ ပေးနေပြီဆိုရင် အမျိုးသမီးက လိုက်နာတတ်ပါတယ် အဲဒါက ဒီအမျိုးသမီးရဲ့ အားနည်းချက်ပါ
သတိပေးချင်တာကတော့ ကိုယ့်စိတ်က ထင်နေပြီဆိုရင် အဲဒါတွေက တကယ်မှန်ပါတယ် ကိုယ်တကယ်မြင်ထားတာ ကြားထားတာတွေပါ စိတ်ထင်တာမဟုတ်ပါဘူး သက်သေအထောက်အထားရှိပါတယ်
ကိုယ့်ကို ပစ်မှတ်ထားတဲ့လူလိမ်က ကိုယ့်စိတ်ကို မယုံအောင်လုပ်ထားတာပါ 'အပိုတွေလုပ်နေတယ်' 'အတွေးလွန်နေတယ်'ဆိုပြီး ကိုယ့်ကိုယ်ကို စိတ်ရှုပ်သွားအောင် လုပ်လိုက်ပါတယ် အဲဒါကလည်း သူတို့ရဲ့ လက်နက်ပါ
ကိုယ့်စိတ်က လူတစ်‌ယောက်ကို မကောင်းဘူးလို့ထင်ရင် တကယ် ဟုတ်ပါတယ် အဲဒါကြောင့် ကိုယ့်ရဲ့ မသိစိတ်ကို ယုံကြည်လိုက်ပါ အပေါင်းအသင်းများများရှိအောင်လုပ်ပါ ကိုယ့်ရဲ့ အောင်မြင်မှုတွေကို တစ်ဖက်လူတွေက အသုံးချနေတာမျိုး မလုပ်ပါစေနဲ့

25/04/2026

မနာလိုဖြစ်နေတဲ့သူတွေ မေးတတ်တဲ့ မေးခွန်း (၅) ခု
မေးခွန်း (၁) ကိုယ်က ပစ္စည်းကောင်းတာလေးတစ်ခု ဝယ်လိုက်တဲ့အချိန်မှာ ဘယ်လိုလုပ်ပြီး ဒီလိုပစ္စည်းမျိုး ဝယ်နိုင်တာလဲ သူတို့ မေးချင်တဲ့သဘောက ကိုယ့်ကို ဂုဏ်ပြုပေးချင်တာ ကိုယ်နဲ့ ထိုက်တန်တယ်လို့ ပြောချင်တာ မဟုတ်ဘူး ကိုယ်အဆင်ပြေတာကို မြင်နေရတာကို သည်းမခံနိုင်တာ ကိုယ် ဒီပစ္စည်းတစ်ခုကို ဘယ်လိုဝယ်နိုင်လဲဆိုတာကို ရှင်းပြစေချင်တာ ကိုယ့်ကို အပြစ်ရှိတယ်လို့ ခံစားစေချင်တာ ဒီပစ္စည်းက ကိုယ်နဲ့ မတန်ဘူးလို့ ထင်စေချင်တာ
သူတို့ကို ပြန်ပြီးတော့ ရှင်းပြနေရပြီဆိုရင် ကိုယ့်ရဲ့အပျော်တွေ ပျောက်သွားပါပြီ သူတို့မေးတာကို ပြန်ဖြေတဲ့အခါမှာ 'ဈေးလျှော့ပေးလို့ ဝယ်လိုက်တာပါ' 'ဒါလေးဝယ်နိုင်ဖို့ ပိုက်ဆံတွေ အကြာကြီးစုထားရတာ' 'ဒီလောက်လည်း ဈေးမကြီးပါဘူး'ဆိုတာမျိုး ပြောလိုက်ရရင် ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေ လျော့ပါးသွားရပါပြီ ကိုယ့်ကိုယ်ကိုယ် သေးသိမ်သွားရအောင် ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေအတွက် သူ့ကို ပြန်ပြီး တောင်းပန်ရအောင် ပြောတာပါ
မေးခွန်း (၂) 'ဒီကိစ္စက အဆင်ပြေပါ့မလား' ဆိုတဲ့မေးခွန်းပါ
ဥပမာ ကိုယ်က အလုပ်အသစ်ရတာ/မြို့ကြီးတစ်မြို့ကို ပြောင်းနေတာ/ လုပ်ငန်းတစ်ခု စတင်တာ/ ပညာအသစ်တစ်ခု သင်ယူတာ အစရှိသဖြင့် ကောင်းတဲ့ကိစ္စတစ်ခု အဆင်ပြေတဲ့ကိစ္စတစ်ခုလုပ်တော့မယ့်အချိန်မှာ ဒီလိုမေးခွန်းမျိုးကို မေးတတ်တာပါ ကိုယ့်ရဲ့ အစီအစဉ်ကို သိချင်လို့ အကူအညီပေးချင်လို့ မေးတာမဟုတ်ပါဘူးနော် စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် သံသယ ဝင်လာအောင် မေးတာပါ ကိုယ်အဆင်ပြေသွားတာတဲ့အချိန်မှာ သူတို့ကိုယ်သူတို့ နောက်ကျကျန်ရစ်ခဲ့ပြီလို့ ခံစားရတာကြောင့် ကိုယ် အဆင်ပြေသွားမှာကို စိုးရိမ်ပြီး မေးတဲ့မေးခွန်းပါ ကိုယ့်ရဲ့ ရဲရင့်မှုတွေကိုကြည့်ပြီး သူတို့ကြောက်နေတာပါ သူတို့က နောက်ကျကျန်ရစ်ခဲ့တဲ့အချိန်မှာ ကိုယ်က ရှေ့ရောက်နေတာကို မြင်ရတာ စိတ်မသက်မသာ ဖြစ်တာပါ သူတို့ရဲ့ စကားကြောင့် ကိုယ့်ရဲ့ စိတ်လှုပ်ရှားမှုတွေ လျော့သွားပြီး ကိုယ်လုပ်နေတာတွေ မှားနေပြီလားဆိုတဲ့ စိတ်မျိုးနဲံ သံသယတွေ ဝင်လာနိုင်ပါတယ်
မေးခွန်း (၃) 'မင်းကိုယ်မင်း ဘယ်လိုလူလို့ ထင်နေတာလဲ' ' မင်းက ပြောင်းလဲသွားပြီ' ' မင်းကိုယ်မင်း ငါတို့ထက် ပိုသာတယ်လို့ ထင်နေတာလား' ဆိုတဲ့ မေးခွန်းမျိုးတွေပါ ကိုယ်က ပိုပြီးအဆင်ပြေလာတာ ပိုပြီး ပြုံးရွှင်လာတာ အဝတ်အစားကောင်းကောင်းတွေ ပိုဝတ်လာတာ သူတို့တွေနဲ့ သိပ်မပေါင်းတော့တာတွေ ကိုယ့်ကို မလေးမစား ဆက်ဆံတာတွေကို လက်မခံတော့တာတွေပါ ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိတယ်လို့ ခံစားရအောင် အရင်လိုပဲ သိမ်သိမ်ငယ်ငယ် ပြန်နေအောင် ပြောတာပါ ကိုယ်က ပိုပြီး ပျော်ရွှင်နေတာ ကျန်းမာနေတာ ပိုပြီး ယုံကြည်မှုရှိလာတာကို မြင်ပြီး စိတ်ဆိုးတာပါ သူတို့သာ သူငယ်ချင်းကောင်းဆိုတာ 'အခုလို အောင်မြင်လာတာကို မြင်ရလို့ တကယ်ဂုဏ်ယူပါတယ်' 'တော်လိုက်တာ' 'မင်းတကယ် လုပ်နိုင်တာပဲ' ဆိုတာမျိုးပဲ ပြောမှာပါ
မေးခွန်း (၄) 'နည်းနည်းပိုမနေဘူးလား' 'အခုတစ်လော အရမ်းကြွားနေတာပဲ' ဆိုတဲ့ စကားမျိုးပဲ ကိုယ့်ကိုယ်ကိုယ် ရှက်သွားအောင် မနေတတ်မထိုင်တတ်ဖြစ်သွားအောင် မေးတာပါ ကိုယ့်ကို လိုလားတဲ့သူဆိုရင် ကိုယ်ပျော်နေတာကိုမြင်ရင် စိတ်ဓာတ်ကျသွားအောင် ပြောမှာ မဟုတ်သလို ကိုယ်အဆင်ပြေနေတာတွေကိုကြည့်ပြီး မျက်စိနောက်နေမှာလည်း မဟုတ်ပါဘူး
မေးခွန်း (၅) 'တစ်ယောက်ယောက်က ကူညီပေးထားတာလား'
ရာထူးတိုးတာ လုပ်ငန်းကြီးတစ်ခု လုပ်နိုင်တာ လှပတဲ့ အရာတစ်ခုခုကို ဖန်တီးနိုင်တာ အစရှိတဲ့ အကြီးအကျယ် အောင််မြင်သွားတဲ့အချိန်မှာ မေးပါလိမ့်မယ်
ကိုယ့်ကို ချီးမွမ်းချင်တာ/ အရမ်းတော်တယ်လို့ ပြောချင်တာမဟုတ်ပါဘူး ကိုယ့်ကို တော်တယ်လို့ လက်ခံချင်တာ မဟုတ်ပါဘူး ကိုယ့်ကိုယ်ကိုယ် ငါက ဒီလောက်လည်း လုပ်နိုင်တဲ့သူ မဟုတ်ပါဘူးလို့ ထင်လာအောင် ငါနဲ့ သိပ်မတန်ဘူးလားလို့ထင်လာအောင် ပြောိုက်တာပါ
ဒီလို မေးခွန်းမျိုးတွေ အမေးခံရပြီဆိုရင် မကြောက်ပါနဲ့ အတင်းမငြင်းပါနဲ့ ကိုယ့်ဘာသာ လုပ်စရာရှိတာလုပ်ပါ သူတို့က ကိုယ့်ကို မနာလိုနေတာမှန်းသိရင် သူတို့နဲ့ ဝေးတဲ့နေရာမှာ သွားနေပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့လုပ်ပါ

24/04/2026

ပေါင်းသင်းဆက်ဆံရေးတွေ
Relationship တွေ နဲ့
လုပ်ငန်းကိုင်ငန်း ကိစ္စတွေမှာ
အောင်မြင်ဖို့ဆိုရင်
လူတွေအကြောင်း ပိုသိဖို့ လိုပါတယ်
"Surrounded by idiots"ဆိုတဲ့ စာအုပ်ထဲမှာ လူလေးမျိုးရှိတယ်လို့ပြောထားပြီး လူတွေကို အရောင်တွေနဲ့ ခွဲပြထားတယ်

၁။ အနီရောင်
ရဲရင့်တယ်
ဆုံးဖြတ်ချက် ပြတ်သားတယ်
အနိုင်လိုချင်စိတ်ရှိတယ်
စိတ်မရှည်ဘူး
လူတွေက သူတို့ကို အေးစက်တယ် ခက်ထန်တယ်လို့ မြင်ကြတယ်
သူတို့နဲ့ စ‌ကားပြောတဲ့နေရာမှာ ကိုယ်ပြောတဲ့စကားကို နားဝင်စေချင်ရင် မြန်မြန်ဆန်ဆန်နဲ့ ထိရောက်တဲ့စကားမျိုး
ကိုယ်ပြောနေတဲ့ ကိစ္စတစ်ခုကနေ
ဘယ်လိုရလဒ်တွေ ရလာစေမလဲဆိုတာကို သေချာပြောနိုင်ဖို့ လိုပါတယ်
အသေးစိတ်အချက်အလက်တွေ အများကြီး ပြောပြတာကို သူတို့က သဘောမကျပါဘူး

၂။ အဝါရောင်
ပျော်ပျော်နေတတ်ပြီး လူတွေနဲ့ ပေါင်းသင်းဆက်ဆံရတာကို သဘောကျတယ် စိတ်အားထက်သန်တယ် အကောင်းမြင်စိတ်များတယ် တစ်ခုခုကို အကြာကြီး အာရုံမစိုက်နိုင်ဘူး
သူတို့ကို တစ်ခုခု ပြောပြတော့မယ်ဆိုရင်
သူတို့ ကိုယ်တိုင်လက်တွေ့ လိုက်လုပ်လို့ရမယ့် လွယ်လွယ်ကူကူ အကြောင်းအရာမျိုးကိုပဲ ပြောပေးပါ

၃။ အစိမ်းရောင်
အေးအေးချမ်းချမ်းနေတတ်တယ်
တည်ငြိမ်တယ်
သူများကို ကူညီတတ်တယ်
စိတ်ချရတယ်
စိတ်ရှည်တယ်
သတိကြီးတယ်
အားနည်းချက်
ပြဿနာတစ်ခုခုရှိရင်သေချာမဖြေရှင်းဘဲ ရှောင်နေတတ်တယ်
ဆုံးဖြတ်ချက် မပြတ်သားဘူး
သူတို့က ဘာပဲလုပ်လုပ်ခပ်နှေးနှေးနဲ့ အေးအေးဆေးဆေးပဲ လုပ်တတ်တာကြောင့် သူတို့ကို အတင်းတွန်းအားပေးတာမျိုး မလုပ်သင့်ပါဘူး

၄။ အပြာရောင်
ကျိုးကြောင်းဆီလျော်အောင် စဉ်းစားတတ်တယ်
အစီအစဉ်တကျ လုပ်တတ်တယ်
တိကျတယ်
သူတို့ရဲ့ အားနည်းချက်တွေကတော့ ရှုပ်ထွေးလွန်းတယ်
နှေးကွေးလွန်းတယ်
စဉ်းစားချင့်ချိန်စရာတွေ အရမ်းများတယ်
သူတို့တွေက
အသေးစိတ်ကို သိချင်ကြတယ်
ပြီးပြည့်စုံမှုကိုပဲ လက်ခံတယ်
အချက်အလက်နဲ့ ပြောဆိုနိုင်မှ သဘောကျကြပါတယ်
ပေါ့ပျက်ပျက်နဲ့ ခပ်လွယ်လွယ်ပြောရင် လက်မခံနိုင်ကြပါဘူး
ကျွန်မတို့ လူသားတွေက ကိုယ့်ရဲ့ ပင်ကိုယ်အရောင်တစ်ခုစီ ရှိကြပါတယ် ၄ ရောင်လုံးတော့ မဖြစ်နိုင်ပါဘူး လူတွေနဲ့ ပေါင်းသင်းဆက်ဆံပြီး ပြောဆို ဆက်ဆံရေး အောင်မြင်ဖို့အတွက်ဆိုရင် မိမိရဲ့ အလိုကျ ဖန်တီးနိုင်ဖို့ဆိုရင် သူတို့ရဲ့ အကြောင်းတွေ သူတို့ ဘာကို ကြိုက်တတ်လဲဆိုတာတွေကို အသေးစိတ် သိထားဖို့ လိုပါတယ်
ဒါဆိုရင် လူမှုဆက်ဆံရေးမှာ ကျွမ်းကျင်ပိုင်နိုင်ပြီး လုပ်ငန်းခွင်အတွင်းမှာသာမက တစ်ဘဝလုံးကို ပြောင်းလဲပေးနိုင်မှာပါ

23/04/2026

ပုံမှန် ကြိုးစားနေတဲ့သူတွေ အောင်မြင်ကုန်ပြီ
အောင်မြင်ဖို့ ကြိုးစားနေကြတဲ့လူတွေ အတော်များများ ကြုံနေရတဲ့ အခက်အခဲတစ်ခု ရှိပါတယ် ပထမတစ်ရက်မှာ စိတ်ဓာတ်‌တွေ အရမ်းတက်ကြွပြီး အစီအစဉ်တွေဆွဲတယ် အခက်အခဲနဲ့ ကြုံရင်လည်း ရင်ဆိုင်ကျော်ဖြတ်ဖို့ ကြိုးစားတယ် ဒါပေမဲ့ လေးငါးဆယ်ရက်လောက် ကြာလာတဲ့အချိန်မှာ တက်ကြွနေတဲ့စိတ်တွေ အနာဂတ်အစီအစဉ်ဆိုတာတွေ အကုန်ပျောက်သွားပါတယ် နေ့တဓူဝ လှုပ်ရှားရုန်းကန်ရင်း ခြေကုန်လက်ပန်းကျပြီး အနာဂတ်အစီအစဉ်ဆိုတာ ဘာမှန်း မသိတော့ပါဘူး ကိုယ်က ရပ်တန့်လိုက်တော့မယ်လို့ မရည်ရွယ်ပေမယ့် ဘာမှ ဆက်မလုပ်ဖြစ်တော့ဘူး အဲဒီအချိန်မှာ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်မိတယ် 'ငါ ဘာတွေမှားနေတာလဲ ဘာဖြစ်လို့ ပုံမှန်မလုပ်နိုင်ရတာလဲ'ဆိုပြီး အကြိမ်ကြိမ် ပြန်မေးနေမိတယ် ကိုယ့်ကိုယ်ကိုယ် အပြစ်တွေတင်ပြီး ငါက ဘာမှ ဖြစ်မြောက်အောင် မလုပ်နိုင်တဲ့သူလားဆိုတဲ့ အတွေးမျိုး ဝင်လာတတ်တယ်
ဒီပြဿနာက ကိုယ့်ရဲ့အမှားကြောင့် ဖြစ်ရတာ မဟုတ်ပါဘူး စိတ်တက်ကြွနေတဲ့အချိန်မှာ ထပြီး ကြိုးစားတတ်တဲ့ကိုယ့်ရဲ့အကျင့်ကြောင့်ပါ စိတ်ပါတဲ့အချိန်မှသာ တိုးတက်အောင်မြင်ဖို့ ကြိုးစားတတ်ပြီး စိတ်မပါတော့တဲ့အချိန်မှာ အားလုံးကို ပစ်ထားတတ်တာကြောင့် အောင်မြင်မှုနဲ့ ဝေးနေရတာပါ ကျွန်မတို့ရဲ့ စိတ်ခံစားချက်တွေနဲ့ အခြေအနေတွေဆိုတာကတော့ နေ့တိုင်း ပြောင်းလဲနေတာပါ တခြား ဘာအလုပ်မှ လုပ်စရာမရှိမှသာ တိုးတက်ဖို့ အလုပ်တွေကို လုပ်မယ်ဆိုရင် မအားတော့ဘူးဆိုရင် ဘာမှ လုပ်ဖြစ်တော့မှာ မဟုတ်ပါဘူး အဲဒါကြောင့် စည်းကမ်းတကျ လုပ်တတ်တဲ့အကျင့်ကို ပြုစုပျိုးထောင်ထားပါ
အောင်မြင်ချင်တယ်ဆိုရင် ပထမဦးဆုံးအနေနဲ့ ခံစားချက်တွေပေါ်မှာ မူတည်ပြီး အလုပ်လုပ်တဲ့အကျင့်ကို အရင်ဆုံး ပြင်ရပါမယ် ခံစားချက်ဆိုတာ ယုံကြည်အားထားလို့ရတာမဟုတ်ပါဘူး
တစ်နေ့စာအတွက် ကိုယ်နိုင်သလောက် အလုပ်လေးတွေကိုပဲ ပုံမှန်လုပ်သွားပါ တစ်နေ့ကို တစ်နာရီ သို့မဟုတ် နှစ်နာရီစာ အချိန်ပေးနိုင်သလောက်ပဲ နေ့တိုင်းပုံမှန်လေး လုပ်သွားပါ အလုပ်လုပ်ရမယ့်အချိန်ရောက်လာရင် ကျန်တာ ဘာတွေပဲ ဖြစ်နေနေ ဂရုစိုက်မနေဘဲ စည်းကမ်းတကျ လုပ်သွားနိုင်ဖို့သာ အရေးကြီးပါတယ်
စစ်တမ်းတွေအရဆိုရင် အလုပ်တစ်ခုကို ပုံမှန်လုပ်သွားရင်း ၁၈ ရက်ကြာရင် အရာအားလုံး ပြောင်းလဲသွားပါပြီ အရင်တုန်းက စိတ်ပါမှ လုပ်တတ်ပြီး စိတ်မပါတော့တာနဲ့ ပျက်စီးသွားခဲ့ရတဲ့ အလုပ်တွေကို ၁၈ ရက်ကြာအောင် တောက်လျှောက်လုပ်နိုင်ခဲ့ပြီဆိုရင် ကိုယ့်ရဲ့ ခံစားချက်တွေ အခြေအနေတွေကို ထည့်စဉ်းစားစရာမလိုတော့ဘဲ လုပ်နိုင်နေပါပြီ
ရက် (၉၀) အကြာမှာတော့ ကိုယ့်ကိုယ်ကိုယ် 'ငါက ဘာလုပ်လုပ် ဖြစ်အောင် လုပ်နိုင်တဲ့သူ ငါ့ကိုငါ ပေးတဲ့ကတိတွေက တကယ်ကို တန်ဖိုးရှိတယ်' ဆိုတဲ့ ယုံကြည်မှုမျိုးကို အပြည့်အဝ ရရှိလာမှာပါ ဒါတွေအားလုံးက အလုပ်တစ်ခုကို ပုံမှန်လုပ်သွားခဲ့တဲ့အတွက် ရရှိလာတဲ့ အကျိုးကျေးဇူးတွေပါ အောင်မြင်တဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ချင်တယ်ဆိုရင် ကိုယ့်ကိုကိုယ် တန်ဖိုးထားဖို့ ကိုယ်က ပြောတဲ့အတိုင်း ဖြစ်အောင် လုပ်နိုင်တဲ့သူဆိုတာမျိုး ကိုယ့်ကိုယ်ကိုယ် ယုံကြည်ဖို့ အရေးကြီးပါတယ်

22/04/2026

အဝတ်အစားက လူတစ်ယောက်ရဲ့ ကံတရားကို အတိုင်းအတာတစ်ခုအထိ ဆုံးဖြတ်ပေးနိုင်တယ်ဆိုတာ လက်ခံပါသလား

ကျွန်မတို့ ပုံမှန် ကြုံနေရတဲ့ ကိစ္စတစ်ခုရှိတယ် ဒါပေမဲ့ ဘယ်သူမှတော့ ဝန်မခံချင်ကြဘူး လူတစ်ယောက်ကို ပထမဦးဆုံးအကြိမ် စမြင်လိုက်တဲ့စက္ကန့်ပိုင်းအတွင်းမှာ စကားတစ်ခွန်းမှ မပြောရသေးခင် သူ ဘယ်လိုလူလဲဆိုတာကို သူ့ရဲ့ ဝတ်ပုံစားပုံကို ကြည့်ပြီး ဆုံးဖြတ်တတ်ကြတယ်
ပါးစပ်ကတော့ အဆင့်အတန်းမခွဲပါဘူးလို့ ကိုယ့်ဘာကိုယ်တောင် ပြန်မယုံနိုင်တဲ့ စကားတွေကို ပြောတတ်ကြပေမယ့်ပေါ့ ဒါက ပကာသနတွေအကြောင်း ပြောနေတာ မဟုတ်ဘူး အဲဒီထက်ပိုပြီး နက်နဲပါတယ် အဝတ်အစားတွေကြည့်ပြီး ကိုယ့်ရဲ့အဆင့်အတန်းက ဘာလဲ
ကိုယ် ဘယ်လိုလူမျိုးလဲဆိုတာကို ကမ္ဘာကြီးက အသံတိတ်နည်းနဲ့ ဆုံးဖြတ်နေတာပါ လူတွေရဲ့ အမြင်ကို ကိုယ့်ဘက်ကတော့ ဂရုမစိုက်ပေမယ့် ကိုယ့်ရဲ့ ရုပ်ရည်သွင်ပြင်နဲ့ ပတ်သတ်ပြီး ဖြစ်သလိုနေမယ်ဆိုရင် ကိုယ့်ရဲ့ အရည်အချင်း အစစ်အမှန်ကို ဘယ်တော့မှ ပြသနိုင်မှာ မဟုတ်ပါဘူး
ခါးသီးတဲ့ အမှန်တရားတစ်ခုကတော့ လူတစ်ယောက်ရဲ့ ရုပ်ရည်သွင်ပြင်က အခွင့်အရေးတွေကို ဖန်တီးပေးနိုင်တယ်ဆိုတာ အမှန်ပါပဲ အောင်မြင်လာဖို့ဆိုရင် လူတစ်ယောက်မှာ အရည်အချင်းရှိဖို့ လိုပါတယ် ဒါပေမဲ့ ဝတ်ပုံစားပုံကလည်း ကိုယ့်ရဲ့ အရည်အချင်းနဲ့ ကိုက်ညီဖို့ လိုပါတယ်
မတရားဘူးဆိုပေမဲ့ အမှန်တရားပါ အဝတ်အစားကို သပ်သပ်ရပ်ရပ်ဝတ်စားလိုက်ရင် ကိုယ့်ကိုယ်ကိုယ် ပိုပြီး ယုံကြည်မှု ရှိလာတာကို ခံစားဖူးကြမှာပါ လူတွေကလည်း ကိုယ့်အပေါ်မှာ ဆက်ဆံတဲ့ပုံစံ ပြောင်းလဲသွားမှာပါ ကိုယ့်ကိုယ်ကိုယ် သပ်သပ်ရပ်ရပ်နေတတ်တဲ့သူကိုသာ လူတွေက လေးစားယုံကြည်ကြမှာပါ ဒီနေရာမှာ အရမ်း ဈေးကြီးတဲ့ အဝတ်အစားတွေကို ဝတ်ရမယ်လို့ မဆိုလိုပါဘူး အဝတ်အစားကို သပ်သပ်ရပ်ရပ် ဝတ်ဖို့နဲ့ ခြေသည်းလက်သည်းကို သန့်သန့်ရှင်းရှင်းထားဖို့ဆံပင်ကို သေသေသပ်သပ်ထားဖို့ လိုပါတယ် အသေးစိတ်ကို ပြင်ဆင်ထားဖို့ အရေးကြီးပါတယ် လူတွေကြားထဲမှာ ထင်ရှားမနေတဲ့သူကို ဘယ်သူမှ သတိထားမိမှာ မဟုတ်ပါဘူး အညတရဘဝနဲ့ ကိုယ့်ကိုယ်ကိုယ် မရောင့်ရဲလိုက်ပါနဲ့

21/04/2026

ပေါင်းသင်းဆက်ဆံရေးမှာ ပြုလုပ်မိတတ်တဲ့ အမှား (၅) ခု

၁ စကားပြောနေရင်းနဲ့ သူများမေးထားတဲ့မေးခွန်းကို မေ့သွားတာ
မေးတာကို သေချာမဖြေဘဲ မလိုအပ်တဲ့ အကြောင်းအရာတွေကို လျှောက်ဖြေတာ
၂ ကိုယ့်စိတ်ထဲမှာ တွေးနေတဲ့ အရာကို ပါးစပ်က လွှတ်ခနဲ ပြောမိတာ
တစ်ဖက်လူက ကိုယ့်ရဲ့ စကားကို နားမလည်တော့ဘဲ စိတ်ရှုပ်ထွေးသွားနိုင်ပါတယ်
၃ ကိုယ်ပိုင်ဆုံးဖြတ်ချက်မရှိဘဲ သူများပြောသမျှကို လက်ခံတာ
လူတကာရဲ့ ဆုံးဖြတ်ချက်တွေကို အကုန်လက်ခံနေရင် နောက်ဆိုရင် အရေးကြီးကိစ္စ ဆုံးဖြတ်စရာရှိတဲ့အခါ ကိုယ့်ကို ထည့်မတွက်ဘဲ မေ့သွားနိုင်ပါတယ်

၄ သူများပြောသမျှကို သံယောင်လိုက်တာ
တစ်ဖက်လူတွေ ပြောတဲ့စကားတွေကို လက်ခံသင့်တာ လက်ခံပြီး ကိုယ်လိုချင်တဲ့ အနေအထားရောက်အောင် ဆွဲယူသွားပါ
၅ သူများတွေ ပြောနေတဲ့ အသံအနိမ့်အမြင့် အနှေးအမြန် အတိုးအကျယ် လေယူလေသိမ်းတွေအတိုင်း လိုက်ပြောတာပါ
ဒီလိုလုပ်တာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတာ သိသာစေပါတယ်

Photos from She Stories's post 20/04/2026

ကလေးဘဝမှာ စိတ်ဒဏ်ရာရခဲ့ဖူးသူတွေ အရွယ်ရောက်လာရင် ဘယ်လိုတွေ တွေ့ကြုံရမလဲ
ကလေးဘဝမှာ လျစ်လျူရှုခံရတာ အနိုင်ကျင့်ခံရတာတွေ ကြုံခဲ့ရရင် ဒအရွယ်ရောက်လာတဲ့အထိ စိတ်ဖိစီးမှုတွေကို ခံစားရပါတယ်
သူတို့ရဲ့ သိသာထင်ရှားတဲ့အချက်တွေကတော့ အန္တရာယ်တစ်ခုခု ကြုံရတော့မှာကို ကြိုသိတာ သူများပြဿနာဖြစ်ရင်တောင် ဝင်ဖြေရှင်းပေးတတ်တဲ့ ငြိမ်းချမ်းရေး လိုလားသူတွေ ဖြစ်လာတာ လူတွေကြားထဲမှာ မထင်မရှားလေးပဲ နေချင်တာမျိုးတွေပ
အမှားသေးသေးလေး လုပ်မိရင်တောင် အားလုံးဆုံးရှုံးရတော့မယ်ထင်ပြီး ကြောက်နေတတ်တာ
ပြဿနာသေးသေးလေးတွေကိုတောင် ပြင်းပြင်းထန်ထန် ခံစားတုံ့ပြန်တတ်တာ
ဘာပြဿနာမှ မရှိတဲ့အချိန်မှာတောင် ရတက်မအေးနိုင်ဖြစ်နေတာ
သူများတွေက ချီးမွမ်းစကားပြောရင် မနေတတ် မထိုင်တတ်ဖြစ်တာ
အမြဲတမ်း စိုးရိမ်ပူပန်နေတတ်တာ
ကိုယ့်စိတ်ကို နားမလည်တာ
Relationship တွေမှာလည်း အမြဲတမ်း ပြဿနာ ရှာနေတတ်တာ
တစ်ဖက်လူကို အရမ်းထိန်းချုပ်ဖို့ ကြိုးစားတာ
မကောင်းတဲ့အရာတစ်ခုခုကို အလွန်အကျွံစွဲလန်းသွားတတ်တာ
အရမ်းစိုးရိမ်ပူပန်တတ်တာ
အချစ်ရေး အဆင်မပြေဖြစ်တတ်တာတွေပါ

Photos from She Stories's post 19/04/2026

ဉာဏ်ကောင်းတဲ့သူတွေ ဘယ်တော့မှ မလုပ်တဲ့ အချက် ၅ ချက်

ต้องการให้ธุรกิจของคุณ บุคคลสาธารณะ ขึ้นเป็นอันดับหนึ่ง บุคคลสาธารณะ ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


Bangkok