Depression
welcome to my page
coffee
စိတ်ထုံထိုင်းမှုတွေကို
ပေါ့ပါးစေသလို၊
စိတ်ဖိစီးမှုတွေကိုလည်း
လျော့ကျစေတယ်လေ ။
ဒါကြောင့်
အခြားသရေစာတွေ မစားဖြစ်ရင်တောင်
ကော်ဖီခါးခါးလေး တစ်ခွက်တော့
နေ့စဥ် ပုံမှန်သောက်ဖြစ်ပါတယ် !!
အကောင်းဆုံးဖြစ်အောင်ပဲ
ကျွန်တော်တို့ ကြိုးစားရမယ် ။
ဒါပေမဲ့
အကောင်းဆုံးတွေချည်း ဖြစ်လာလိမ့်မယ်လို့တော့
ကျွန်တော်တို့ အရမ်းကြီး မျှော်လင့်ထားလို့မရဘူး ။
ဘဝဆိုတာ
မရေရာခြင်းတွေထဲမှာ ရှင်သန်နေထိုင်ရတာမို့
လောကဓံ အကောင်း ၊ အဆိုးကိုလည်း
လက်ခံ ၊ ရင်ဆိုင်နိုင်ဖို့ လိုပါတယ် !!
ဘဝဟာ ကိုယ့်အိပ်မက်တွေကို ဖြည့်ချင်လို့
ရုန်းကန်ခဲ့တယ်ဆိုပေမယ့်
တကယ်တမ်းကျ ဒီလောက အလယ်
ကိုယ့်အိပ်မက်ထက် အရင်ဦးစားပေးဖြည့်ပေးချင်နေသေးတဲ့ ကွက်လပ်တွေရှိသေးကြောင်း
ကိုယ်ပိုင်ဝင်ငွေစရတဲ့အချိန်ကျရင် သိတတ်တယ် ။
ဖြစ်ဖူးလား . .
ငါသာ ပိုက်ဆံရှာနိုင်ရင် ဘာလုပ်မှာ ၊
ငါသာ ဝင်ငွေရှိရင် ဘာဝယ်မှာလို့ စိတ်ကူးတွေယဉ်၊ အိပ်မက်တွေ ပြင်။
အင်း၊ တကယ့်လက်တွေ့လည်းကျ ဘာမှမဖြစ်စလောက် ဝင်ငွေလေးရတာတောင် အနားကသံယောဇဉ်တွေဆီ သူတို့ကွက်လပ်ကိုဖြည့်ပေးဖို့
ကိုယ့်မှာ ခွဲခြမ်းလို့မလောက်နိုင်ဘူး။ မဆုံးနိုင်ဘူး။
ကိုယ်ဝယ်ချင်နေခဲ့တာ သိပ်ကြာတဲ့ ပစ္စည်းလေး ၊
အခု ပိုက်ဆံ လောက်ပါပြီ။
ဒါပေမယ့် အခုထိလည်း မဝယ်ဖြစ်သေးဘူး။
တစ်ခါ တစ်ခါ အထာပေါက်ပြီး ကိုယ့်ကိုယ်ကို
ရယ်မိတယ်။
" ငါက ငါ့အိပ်မက်တွေကို ဖြည့်ဖို့ ရုန်းကန်ဦးမှာလို့
ငယ်ငယ်ကနေ အခုထိ ထင်ခဲ့တယ် ၊
ဒါပေမယ့် ငါ့အိပ်မက်ထက် တစ်ခြားဦးစားပေး ဖြည့်ပေးချင်နေတဲ့ ကွက်လပ်တွေ ငါ့နှလုံးသားမှာ ရှိသေးကြောင်းကိုတော့ ဒီအရွယ်ရောက်မှသိခဲ့တာပဲ "လို့ ။
တစ်နည်းအားဖြင့် ငါ ကိုယ်ပိုင်ဝင်ငွေ စရလာတဲ့
နေ့တစ်နေ့မှာပေါ့
သည်းခံပြီး ပေါင်းတတ်ပေမယ့်
အောက်ကျို့ပြီး မပေါင်းတတ်ဘူး ။
ဖော်ရွေပျူဌာပြီး ပေါင်းတတ်ပေမယ့်
ကပ်ဖားပြီး မပေါင်းတတ်ဘူး ။
မာနကြီးတယ်လို့ပဲ ပြောပြော
လူမှုရေးနားမလည်းဘူးပဲ ဆိုဆို
သူများအကြိုက်ထက်
ကိုယ့်ပုံစံနဲ့ကိုယ်
ဘယ်သူ့ကိုမှ မထိခိုက်အောင်ကြိုးစားပြီးပဲ နေတယ် ။
ဆယ်ကျော်သက် အရွယ်မှာတင် ငွေနောက်လိုက်နေခဲ့ရတဲ့လူငယ်တွေပါ...ဝါသနာတွေ...အိမ်မက်တွေကို ကျောခိုင်းထားပီး....မပျော်တဲ့အလုပ်ခွင်ကို....မျက်နာမှုထားရတာ...
လူငယ်လို့တာ....ပြောရတယ်...တကယ်တော့ကျွန်တော်တို့အားလုံးမှာ...စိတ်ဖိစီးမှုတွေနဲ့.
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
Bangkok