Go with Su

Go with Su

แชร์

Collect Your Moments

12/06/2026

📢 Announcement ‼️

တော်၀င်မင်းသမီး Bajrakitiyabha ရဲ့ ဈာပန အခမ်းအနား အတွက် Grand Palace နဲ့ မြဘုရား၀င်းကို 13 - 19 Jun 2026 ထိ တနေ့လုံး ပိတ်ထားမယ်လို့ Thai Tourism Division က ကြော်ငြာချက် ထုတ်ထားပါတယ်ရှင့်

🧳જ⁀➴ ထိုင်းနိုင်ငံထဲ ဘယ်ပဲ သွားသွား လိုအပ်တဲ့ ရထား/ကား/လေယာဉ်လက်မှတ်က စလို့ အပန်းဖြေ ကစားကွင်း လက်မှတ်၊ Dinner Cruise၊ ကားစီးလုံးငှားတာအပြင် MMK to THB to MMK အဆုံး တနေရာထဲ One Stop ရနိုင်တဲ့ 𝓖𝓸 𝔀𝓲𝓽𝓱 𝓢𝓾 မှာ ၀န်ဆောင်မှု ရယူနိုင်ပါပြီရှင့် ✌︎㋡

𝓒𝓸𝓵𝓵𝓮𝓬𝓽 𝓨𝓸𝓾𝓻 𝓜𝓸𝓶𝓮𝓷𝓽𝓼 𝔀𝓲𝓽𝓱 𝓢𝓾 🌻

Photos from Go with Su's post 12/06/2026

ဒီတပတ် ပိတ်ရက်လေးမှာတော့ BKK နဲ့ မဝေးတဲ့ တရက်တာ နေ့ချင်းပြန် ခရီးကို Saraburi ဖက် ခြေဆန့်..
တောင်တန်းနဲ့ ရေတံခွန် 2 ခု ပေါင်းစပ်ထားတဲ့ ဒီခရီးလေးက လုံး၀ relax ဖြစ်ပြီး အားအင်အသစ်တွေနဲ့ လန်းဆန်းနေရောပဲ
မနက် 8.00 မှာ ဘန်ကောက် ကနေ စ ထွက်ပြီး Kao Kaeng Baan Suan 2 မှာ Breakfast နဲ့ Toilet Break အတွက် ခဏနား ဗိုက်ဖြည့်.. ဒီနေရာလေးက အစားသောက် တော်တော်စုံတယ်
10.40 မှာ ပထမဆုံး ရောက်တဲ့နေရာကတော့ တောင်စောင်းမှာ တည်ထားတဲ့ Wat Phra Phutthachai Temple.. ဒီနေရာလေးက 2 ဆင့်‌.. တဆင့်က လျောင်းတော်မူ ဘုရားရှိတဲ့ နေရာ Phra Buddhachay .. နောက်တဆင့်က Saraburi တမြို့လုံးကို မြင်ရတဲ့ View Point နဲ့ ဘုရားရဲ့ လက်ယာဖက် ခြေတော်ရာ ကိန်း၀ပ်တဲ့ပြဿဒ်ဆောင် Phra Phutthachai တွေ့ ရမှာပါ...
မျောက်တွေလဲ များသလို တက်ရတာလဲ လျှာထွက် 🥵
အတက်/အဆင်းလမ်း မတူတော့ Phra Phuttachai ဖက်ကနေ အရင်တက်တာ နည်းနည်း ပိုအဆင်ပြေမယ်ထင်

National Park ကို ရောက်တော့ 12.30 ဆိုတော့ နေ့လည်စာကို National Park နားက စားသောက်တန်းမှာပဲ ရေဆော့ဖို့ ဗိုက်ဖြည့် 😁
Chet Sao Noi Waterfall : Saraburi နဲ့ Nakhon Rachasima Province 2 ခုကြားထဲက ရေတံခွန်.. ရေတံခွန်က အဆင့် 7 ဆင့်ရှိပြီး လမ်းက ပြေပြေလေးဆိုတော့ ရေထဲမဆင်းခင် တပတ်ပတ်ပြီး Tier 4 မှာ ရေဆော့
ရေမဆော့ချင်ရင်တော့ တောအုပ်လေးထဲ ရေတံခွန် နဘေးက Coffee ဆိုင်မှာထိုင်ရင်း အေးဆေး chill လို့ ရပါတယ်..
ဒီနေရာလေးမှာ ညအိပ် camping နေချင်တဲ့သူတွေအတွက် camping နေရာလေးတွေ ရှိပါတယ်.. camping မနေချင်ရင် တည်းလို့ရတဲ့ Bungalow လေးလဲ ရှိ.. National Park passport ရှိရင် Stamp ထုဖို့ စာအုပ်လေး ယူသွားဖို့ မမေ့နဲ့နော် 🤗
ရေချိုးခန်း၊ အိမ်သာ Free .. ပစ္စည်းတွေ ထားဖို့က ခေါက်ဖျာလေး ယူသွားရင် ပိုအဆင်ပြေပါတယ်ရှင့်.. ငှားပေးမဲ့သူ မရှိပါဘူး

ရေကူးလိုက်၊ ရေတံခွန်အောက် Massage လုပ်လိုက်နဲ့ စိတ်လွတ်ကိုယ်လွတ် အနားယူရင်း အချိန် 4 နာရီ ဘယ်လို ကုန်မှန်းမသိ 🥹

အပြန်မှာတော့ Imaim Market Saraburi မှာ ညစာ ၀င်စား.. ဆိုင်တွေ အများကြီးနဲ့ ဈေးတွေလဲ မဆိုးဘူး.. သက်သာတယ် ပြောရမယ် .. BKK ကိုတော့ ည 8 လောက်မှာ ပြန်ရောက်..

တစ်ခါတလေ မြို့ပြရဲ့ မွန်းကြပ်မှုတွေကနေ ရုန်းထွက်ပြီး သဘာဝတရားအောက်မှာ Recharge လုပ်ပြီး အားအင် အသစ်တွေ ပြန်ယူကြည့်ပါ 🥰

11/06/2026

ကြော်ငြာ ခဏခဏ တက်လာတာ.. Adventure Trip ဆိုတော့ သွားမယ်ပေါ့
Details လဲ ဖတ်ကြည့်ရော Student တဲ့ age က 9+ နဲ့ 13+ တဲ့ 😭 ကြေကွဲ
ဒီနှစ် Khen Koi Adventure Camp ရှိရင် ထပ်သွားဖြစ်မလား မပြောတတ်.. အရင်နှစ်ကတော့ Nov မှာ လုပ်တာ
ဒီ Summer Camp Trip လေးကလဲ ကောင်းမဲ့ပုံပဲ.. ကလေးတွေအတွက်ဆိုတော့ သူတို့လဲ လူကြီး permission ရမှပဲ သွားလို့ရမှာ 😁.. လွှတ်မဲ့ပုံလဲ မပေါ်ပါဘူး 😅
သူတို့ဆီမှာ Ping River Night Kayaking လဲ ရှိတယ်.. လူကြီးတွေ အတွက် .
Try ဖူးကြလား.. ချင်းမိုင်ရောက်တဲ့ချိန်ကျ သွား try ကြည့်ဦးမယ်

Photos from Go with Su's post 11/06/2026

🌿 𝐁𝐚𝐧 𝐇𝐮𝐚𝐢 𝐇𝐨𝐢 𝐖𝐚𝐭𝐞𝐫𝐟𝐚𝐥𝐥 (น้ำตกบ้านห้วยหอย)

🏞️ တောတောင်တွေကြားမှာ သဘာ၀ အလှတရားကို အပြည့်အ၀ ခံစားလို့ ရမဲ့ ချင်းမိုင် Mae Wang က Unseen ရေတံခွန်လေး
🚗. Ban Huai Hoi ကို Mae Puai Waterfall လို့လဲ ခေါ်ကြပြီးချင်းမိုင်က‌နေ ~60 Km (~1.30 hr) အကွာမှာ ရှိနေတာမလို့ အေးအေးဆေးဆေး နေ့ချင်းပြန်ခရီးတိုလေး သွားလို့ ရပါတယ်
⛰️ ကျောက်ဆောင်နံရံပေါ်ကနေ စီးကျလာတဲ့ လိုက်ကာပုံစံ ရေတံခွန်ကျယ်ကြီးကို တွေ့ရမဲ့အပြင် ရေတံခွန်အောက် ဖြတ်လျှောက်သွားရင် အတွင်းဖက်မှာ Amazing Cave လေးကို တွေ့ရမှာပါ
ᨒ တောင်ခြေကနေ Trail အတိုင်း 1.5 KM လောက် ထပ်တက်သွားရမှာပါ.. ဒီရေတံခွန်လေးကို သွားဖို့ အကောင်းဆုံး အချိန်ကတော့ Jun to October ပါ

⏰ Open Daily (9.00 AM to 8.30 PM)

🧳જ⁀➴ ထိုင်းနိုင်ငံထဲ ဘယ်ပဲ သွားသွား လိုအပ်တဲ့ ရထား/ကား/လေယာဉ်လက်မှတ်က စလို့ အပန်းဖြေ ကစားကွင်း လက်မှတ်၊ Dinner Cruise၊ ကားစီးလုံးငှားတာအပြင် MMK to THB to MMK အဆုံး တနေရာထဲ One Stop ရနိုင်တဲ့ 𝓖𝓸 𝔀𝓲𝓽𝓱 𝓢𝓾 မှာ ၀န်ဆောင်မှု ရယူနိုင်ပါပြီရှင့် ✌︎㋡
Photo Crd

𝓒𝓸𝓵𝓵𝓮𝓬𝓽 𝓨𝓸𝓾𝓻 𝓜𝓸𝓶𝓮𝓷𝓽𝓼 𝔀𝓲𝓽𝓱 𝓢𝓾 🌻





#น้ำตกบ้านห้วยหอย

10/06/2026

🏃‍♀️ 🏃‍♂️ ဖူးခက် အလှကို ခံစားရင်း Laguna Phuket Marathon မှာ ၀င်ပြိုင်ကြစို့

အာရှရဲ့ အထင်ကရ မာရသွန်ပြိုင်ပွဲတွေထဲက တစ်ခုကို ကမ္ဘာတစ်ဝှမ်းက အပြေးသမားတွေပါ ၀င်ရောက် ယှဉ်ပြိုင်ကြမှာပါ.. ထူးခြားတဲ့ စီစဉ်မှုနဲ့ ဖူးခက်ရဲ့ အံ့မခန်း သဘာဝရှုခင်းတွေနဲ့အတူ ကမ္ဘာ့အဆင့်မီ ပြေးလမ်းကြောင်းဖြစ်အောင် လုပ်ထားပေးပါတယ်
ရွေးချယ်စရာ အကွာအဝေးတွေကတော့
💚 42.195 km Marathon
💛 21.1 km Half Marathon
💜 10 km Run, 5 km Run, or the 2 km Kids Run

🏅 Race Schedule

👉 13-14 Jun 2026, Laguna Phuket

📅 13 June 2026
2 km Kids Run
5 km Run
10 km Run
Pasta Party and event activities

📅 14 June 2026
42.195 km Marathon
21.1 km Half Marathon
Awards Ceremony and runner activities throughout the day

📍 Start & Finish Line
Laguna Grove, Laguna Phuket

✨ စိန်ခေါ်မှုအသစ်တစ်ခုနဲ့ မမေ့နိုင်တဲ့ ခရီးသွား အမှတ်တရ အတွေ့အကြုံတခုကို ပေါင်းစပ်ဖို့ ဆိုရင် 2026 Laguna Marathon ပြိုင်ပွဲက ဖိတ်ခေါ်နေပါပြီနော်

🧳જ⁀➴ ထိုင်းနိုင်ငံထဲ ဘယ်ပဲ သွားသွား လိုအပ်တဲ့ ရထား/ကား/လေယာဉ်လက်မှတ်က စလို့ အပန်းဖြေ ကစားကွင်း လက်မှတ်၊ Dinner Cruise၊ ကားစီးလုံးငှားတာအပြင် MMK to THB to MMK အဆုံး တနေရာထဲ One Stop ရနိုင်တဲ့ 𝓖𝓸 𝔀𝓲𝓽𝓱 𝓢𝓾 မှာ ၀န်ဆောင်မှု ရယူနိုင်ပါပြီရှင့် ✌︎㋡

𝓒𝓸𝓵𝓵𝓮𝓬𝓽 𝓨𝓸𝓾𝓻 𝓜𝓸𝓶𝓮𝓷𝓽𝓼 𝔀𝓲𝓽𝓱 𝓢𝓾 🌻

10/06/2026

ထိုင်းဘုရင်မင်းမြတ်ရဲ့ 72 နှစ်မြောက် မွေးနေ့ အထိမ်း အမှတ်အဖြစ် တည်ဆောက်ထားသည့် Tai Hong White Jade Temple.. ထိုင်းနိုင်ငံရဲ့ အကြီးဆုံး ကျောက်စိမ်းရုပ်တု Luang Pu Tai Hong နဲ့ အဆောက်အဦးပေါ်က နံရံပန်းချီတွေနဲ့ ပနာရနေတဲ့ White Jade Temple

🧳જ⁀➴ ထိုင်းနိုင်ငံထဲ ဘယ်ပဲ သွားသွား လိုအပ်တဲ့ ရထား/ကား/လေယာဉ်လက်မှတ်က စလို့ အပန်းဖြေ ကစားကွင်း လက်မှတ်၊ Dinner Cruise၊ ကားစီးလုံးငှားတာအပြင် MMK to THB to MMK အဆုံး တနေရာထဲ One Stop ရနိုင်တဲ့ 𝓖𝓸 𝔀𝓲𝓽𝓱 𝓢𝓾 မှာ ၀န်ဆောင်မှု ရယူနိုင်ပါပြီရှင့် ✌︎㋡

𝓒𝓸𝓵𝓵𝓮𝓬𝓽 𝓨𝓸𝓾𝓻 𝓜𝓸𝓶𝓮𝓷𝓽𝓼 𝔀𝓲𝓽𝓱 𝓢𝓾 🌻

Photos from Go with Su's post 09/06/2026

BKK ရောက်တုန်း ညဈေးတွေလဲ သွားချင်.. Taxi နဲ့သွားဖို့ကလဲ Budget ထိခိုက်တယ်ဆိုရင် BTS/MRT နားက Night Market Guide for you 😉

🧳જ⁀➴ ထိုင်းနိုင်ငံထဲ ဘယ်ပဲ သွားသွား လိုအပ်တဲ့ ရထား/ကား/လေယာဉ်လက်မှတ်က စလို့ အပန်းဖြေ ကစားကွင်း လက်မှတ်၊ Dinner Cruise၊ ကားစီးလုံးငှားတာအပြင် MMK to THB to MMK အဆုံး တနေရာထဲ One Stop ရနိုင်တဲ့ 𝓖𝓸 𝔀𝓲𝓽𝓱 𝓢𝓾 မှာ ၀န်ဆောင်မှု ရယူနိုင်ပါပြီရှင့် ✌︎㋡

Photo Crd

𝓒𝓸𝓵𝓵𝓮𝓬𝓽 𝓨𝓸𝓾𝓻 𝓜𝓸𝓶𝓮𝓷𝓽𝓼 𝔀𝓲𝓽𝓱 𝓢𝓾 🌻

Photos from Go with Su's post 08/06/2026

BKK ကနေ တရက်တာ နေ့ချင်းပြန်ခရီးသွားကြမယ်
ဒီလမ်းကြောင်းက Khao Yai ဖက် လမ်းကြောင်းပါပဲ.. ဒါပေမဲ့ ဓါတ်ပုံလှလှ၊ ကော်ဖီဆိုင်လေးမှာ ထိုင်‌ရတာထက် သဘာ၀နဲ့ နီးစပ်ပြီး ပျော်ချင်တဲ့သူတွေအတွက် ခရီးစဉ်လေးပါရှင့်
မနက် 7.30 လောက်မှာ BKK ကနေ စ ထွက်ပါတယ်.. မနက်စောစော ထ ထားတော့ လမ်းမှာ ဆီဖြည့်ရင်း မနက်စာ တဖြတ်
10.15 လောက် Ban Tha Chang Spring ကို ရောက်ပါတယ်.. ရေ ကြည်ကြည်စိမ်းစိမ်းနဲ့ အရမ်းလှတဲ့ စမ်းရေတွင်း.. မနက် အစောပိုင်းမလို့ လူလဲ မများသလို ရေကလဲ ကြည်လင် ရှင်းတောက် .. ရေကူးလို့ ၀ သွားတော့ Kayaking လေး တဖြတ် 🤭
ရေကူး နေ့လည်စာ စားသောက်ပြီး ထုံးကျောက်တောင်တွေထဲက ဂူဘုရားလေးဆီကို ခရီးဆက်
Wat Tham Phetpiman ကျောက်စက် ပန်းဆွဲ၊ ရွှေရောင်ဝင်းပနေတဲ့ ဆုတောင်းပြည့်ဗုဒ္ဓရုပ်ပွားတော်ကြီး (Luang Pho Samrit) မှာ ဆုတောင်းရင်း Unseen Cave လေးထဲ တဖြတ်
ပြီးတော့ သဘာ၀တောအုပ်လေးထဲက ပန်းချီပြခန်း Secret Garden ဆီသို့
Secret Garden သွားတဲ့ လမ်းမှာ Wat Thepphitak Punnaram ကို Highways လမ်း ပေါ်ကနေ လှမ်းဖူး 😁.. သွားရင် 1250 လှေကားထစ် တက်ရမယ်ဆိုလို့ 😅
Secret Garden ထဲမှာတော့ Cafe နဲ့ စားသောက်ဆိုင်ရှိပြီး Garden ထဲ ဓါတ်ပုံ၀င်ရိုက်မယ်ဆို တယောက် 100 THB ပေးရပါတယ်..
5.00 PM ပိတ်တာမလို့ ပန်းခြံထဲ အေးဆေး ကော်ဖီထိုင်သောက်လိုက် ဓါတ်ပုံပတ်ရိုက်လိုက်နဲ့ BKK ကို 8.00 နာရီ ၀န်းကျင်လောက် ပြန်ရောက်ပြီး တနေ့တာ ခရီးလေး အဆုံးသတ်လိုက်ပါတယ်ရှင့်

ဒီလို Unseen places လေးတွေ Tourist နည်းတဲ့ Local places လေးတွေ သွားဖို့ ကားစီးလုံးငှားချင်တယ်ဆိုရင် 𝓖𝓸 𝔀𝓲𝓽𝓱 𝓢𝓾 ကိုသာ Hello 🤗 လိုက်ပါရှင့်

𝓒𝓸𝓵𝓵𝓮𝓬𝓽 𝓨𝓸𝓾𝓻 𝓜𝓸𝓶𝓮𝓷𝓽𝓼 𝔀𝓲𝓽𝓱 𝓢𝓾 🌻

Photos from Go with Su's post 08/06/2026

ဘန်ကောက်မှာ ကလေးလေးတွေနဲ့ Teenage လေးတွေအတွက် တရားစခန်းရှာနေတဲ့ မေမေဖေဖေတို့အတွက်

Yuvasa Samadhi ဟာ လူငယ်တွေအတွက် တရားထိုင်နည်းလမ်းတွေကို အခမဲ့ ပြသပေးတဲ့ အစီအစဉ်တခုပါရှင့်
မနက်တပိုင်းမှာ အသက် ၆ နှစ်ကနေ ၁၁ နှစ်အရွယ် ကလေးတွေနဲ့ နေ့လယ်ပိုင်းမှာ အသက် ၁၂ နှစ်ကနေ ၁၅ နှစ်အရွယ် Teenage Section ဆိုပြီး 2 ပိုင်းခွဲပေးထားပါတယ်
စိတ်ဝင်စားစရာကောင်းတဲ့ သင်ခန်းစာတွေနဲ့ Activities တွေကနေတဆင့် တရားထိုင်ခြင်းရဲ့ သီအိုရီနှင့် လက်တွေ့ နှစ်မျိုးလုံးကို သင်ပြပေးသွားမှာပါ

တရားနည်းပြအဖြစ် ထိုင်းဗုဒ္ဓဘာသာဝင် ရဟန်းတစ်ပါး၊ တရားထိုင် နည်းပြဆရာ နှင့် Wat Dhammamongkol နဲ့ Willpower Institute တို့ကို တည်ထောင်သူ Somdet Phra Nyanavajirodom (Viriyang Sirintharo) မှ သေချာ ဖန်တီး စီစဉ်ထားတာ ဖြစ်ပါတယ်

📅 Schedule: လတလရဲ့ တတိယပတ် စနေ့နေ့တိုင်း
🕘 Kids (Ages 6–11): 09:00–12:00
🕐 Teens (Ages 12–15): 13:00–16:00
💰 Fee: FREE (No charge)
📍 Location: 3rd floor, Phra Maha Chedi (Grand Pagoda), Wat Dhammamongkol, Sukhumvit 101 Rd., Bangkok

✨ Upcoming sessions:
Saturday, June 20, 2026
Saturday, July 18, 2026
Saturday, August 15, 2026
Saturday, September 19, 2026
Saturday, October 17, 2026
Saturday, November 21, 2026

Register ကြိုတင်လုပ်ထားဖို့ လိုအပ်တာမလို့ register link ကို comment မှာ ချပေးထားပါတယ်ရှင့်.. ပုံထဲက QR code ကိုလဲ scan လုပ်ပြီး register လုပ်လို့ ရပါတယ်

જ⁀➴ ထိုင်းနိုင်ငံထဲ ဘယ်ပဲ သွားသွား လိုအပ်တဲ့ ရထား/ကား/လေယာဉ်လက်မှတ်က စလို့ အပန်းဖြေ ကစားကွင်း လက်မှတ်၊ Dinner Cruise၊ ကားစီးလုံးငှားတာအပြင် MMK to THB to MMK အဆုံး တနေရာထဲ One Stop ရနိုင်တဲ့ 𝓖𝓸 𝔀𝓲𝓽𝓱 𝓢𝓾 မှာ ၀န်ဆောင်မှု ရယူနိုင်ပါပြီရှင့် ✌︎㋡

𝓒𝓸𝓵𝓵𝓮𝓬𝓽 𝓨𝓸𝓾𝓻 𝓜𝓸𝓶𝓮𝓷𝓽𝓼 𝔀𝓲𝓽𝓱 𝓢𝓾 🌻

Photos from Go with Su's post 07/06/2026

Ultraman သူရဲကောင်းနှင့်အတူ ထိုင်းနိုင်ငံရဲ့ Ultraman နှစ် ၆၀ ပြည့် အထိမ်းအမှတ် အပြေးပြိုင်ပွဲ ULTRAMAN HERO RUN 2026

ရွေးချယ်စရာ အကွာအဝေးသုံးမျိုး ခွဲပေးထားပါတယ်

🟥 1.5 km (ပျော်စရာမိသားစုပြေးပွဲ လူကြီးနဲ့ ကလေး) 👨‍👦🏃🏻
🟨 3 km (ဆယ်ကျော်သက်နဲ့ Senior တွေအတွက် ပေါ့ပေါ့ပါးပါး ပြေးပွဲ)
🟦 6 km (အပြေးသမားများအတွက်)

𝟑 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧𝐬, 𝟑 𝐓𝐡𝐞𝐦𝐞𝐬, 𝟑 𝐄𝐩𝐢𝐜 𝐑𝐚𝐜𝐞𝐬
Race 1️⃣ 19 July 2026 Bangkok, Bang Sue Grand Station (မီးရထားဘူတာ) မှာ Ultraseven Theme နဲ့ ကျင်းပမှာပါ
❗18 July (10.00 AM to 5.00 PM ထိ) မှာ Race kit collection တွေ ထုတ်ပေးမှာပါရှင့်
Race 2️⃣: Hat Yai (September 2026)
Hatyai City Municipal Park, Songkhla မှာ ULTRAMAN Theme နဲ့ ကျင်းပပါမယ်

Race 3️⃣: Kanchanaburi (January 2027)
Kanchanaburi မှာ ULTRAMAN TARO Theme နဲ့ ကျင်းပမှာပါ

Virtual Run ပြိုင်ပွဲ 2 ခု

Registration
Early Bird: 1600 THB for 300 participants till 5 Jun
Normal Fees 1800 THB till 10 July

ပြီးတော့ အကွာအဝေးစုဆောင်းလိုသူတွေအတွက် Virtual Runs နှစ်ခုလည်း ရှိပါသေးတယ်။ ဘယ်နေရာမဆို၊ ဘယ်အချိန်မဆို ပြေးနိုင်ပါတယ်။

📣 Special Bonus ပြိုင်ပွဲ 5 ခုလုံး မှာ 3 ခု ပြီးအောင် ပြေးနိုင်ရင် BALTAN - ALIEN CHALLENGE MEDALS Limited Edition အထိမ်းအမှတ် ဆုတံဆိပ်တစ်ခု ရရှိမှာပါ
နေရာတစ်ခုချင်းစီအတွက် အထူးထုတ် Limited Race Pack Collection: အပြေးအင်္ကျီ၊ Kaiju Series ဦးထုပ်၊ Winner တီရှပ်၊ ကြိုးဆွဲအိတ်နဲ့ ပြိုင်ပွဲတစ်ခုချင်းစီက အတွက် ထုတ်ထားတဲ့ Limited Ultraman Collection

🧳જ⁀➴ ထိုင်းနိုင်ငံထဲ ဘယ်ပဲ သွားသွား လိုအပ်တဲ့ ရထား/ကား/လေယာဉ်လက်မှတ်က စလို့ အပန်းဖြေ ကစားကွင်း လက်မှတ်၊ Dinner Cruise၊ ကားစီးလုံးငှားတာအပြင် MMK to THB to MMK အဆုံး တနေရာထဲ One Stop ရနိုင်တဲ့ 𝓖𝓸 𝔀𝓲𝓽𝓱 𝓢𝓾 မှာ ၀န်ဆောင်မှု ရယူနိုင်ပါပြီရှင့် ✌︎㋡

𝓒𝓸𝓵𝓵𝓮𝓬𝓽 𝓨𝓸𝓾𝓻 𝓜𝓸𝓶𝓮𝓷𝓽𝓼 𝔀𝓲𝓽𝓱 𝓢𝓾 🌻

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง สำนักงานตัวแทนจัดการท่องเที่ยว ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เบอร์โทรศัพท์

เว็บไซต์

ที่อยู่


Bangkok
10200