Infinity Real Estate

Infinity Real Estate

แชร์

JUSTICE

02/11/2024

တော်လှန်မိတ်ဆွေ ညီကိုမောင်နှမများ မင်္ဂလာပါရှင့်

Photos from Infinity Real Estate's post 16/09/2024

စုစုစံ မိုးလေဝသမှပြန်လည်ကူးယူဖော် ပြပါသည်။

14/09/2024

အမေ့ ကို လွမ်းလာလို့
အမေ နေကောင်း ကျန်းမာပါစေ 🙏🙏🙏

14/09/2024

ရေဘေးအတွက် အဝတ်လှူတဲ့သူတွေ အနေနဲ့ လှူတာမလို ၊ လိုတာမလှူ မဖြစ်ရအောင် ကျွန်တော် (၂၀၁၅) ရေဘေးတုန်းက အဝတ်တွေလက်ခံပြီးပို့ပေးခဲ့တဲ့အတွေ့အကြုံလေးမျှဝေပေးချင်ပါတယ်။ ဒီနေရာမှာ လိုတာနဲ့မလိုတာကို ခွဲပြောပေးပါမယ်။ အထူးသဖြင့် တစ်နိုင်တစ်ပိုင် ကယ်ဆယ်ရေးလုပ်မယ့်သူတွေအတွက်ပါ။

အရင်ဆုံးအဝတ်အစားတွေကို ထုပ်ပိုးတဲ့ပုံလေးပြောချင်ပါတယ်။ အဝတ်တွေကိုလိပ်ပြီး သေးသေးကျစ်ကျစ်နဲ့ လူတစ်ယောက်ကို ဘယ်နှစ်ထည်လို့ တစ်ခါတည်း သတ်မှတ်ပြီး အိတ်နဲ့နှစ်ထပ်လောက်ထုပ်ပေးပါ ၊ ကျား / မ ကို အိတ်အရောင်နဲ့ခွဲပါ။ ဒါမှဝေတဲ့အခါ မြန်မှာဖြစ်ပြီး ကျစ်ကျစ်လစ်လစ်နဲ့ သယ်လို့ရမှာပါ။

လိုအပ်သောအဝတ်အစား✅
“”””””””””””””””””””””””””””
(၁) အဝတ်အစားနဲ့အတူ အရင်ဆုံးစဉ်းစားရမှာက အတွင်းခံပါ ၊ အမျိုးသား ၊ အမျိူးသမီးအတွင်းခံတွေ လိုပါတယ်။ အင်္ကျီ ဘောင်းဘီတွေထက် အတွင်းခံစိုပြီး လဲစရာမရှိရင် ယားနတွေ ခဏလေးဖြစ်နိုင်ပါတယ် ၊ အထူးသဖြင့် အမျိုးသမီးတွေပိုလိုပါတယ်။

(၂) အမျိုးသမီးတွေအတွက် ဂွမ်းထုပ် (Pad) လိုပါတယ်။ ဒါသိပ်ပြောတာမတွေ့လို့ပါ။ ဖြစ်နိုင်ရင် အမျိုးသမီးအတွက် အဝတ်ထုပ်တိုင်း မှာ Pad လေးတွေတစ်ခါတည်းထည့်ပေးပါ။ စိုထိုင်းတဲ့ပတ်ဝန်းကျင် ၊ အဝတ်အစားမရှိတဲ့အချိန်မှာ ဓမ္မတာလာတဲ့ ဒုက္ခမသေးပါဘူး။

(၃) လုံချည် ၊ ထမီ အရမ်းအသုံးဝင်ပါတယ်။ အတို ၊ အရှည်လုပ်ဝတ်လို့လည်းရသလို ၊ ခေါင်းအုံး၊ အခင်း ၊ စောင်အနေနဲ့ပါ All in one အသုံးပြုနိုင်ပါတယ်။ ပစ္စည်းတွေကို ထုပ်ပိုးလို့လည်း ရသလို လွယ်ကြိုး ၊ ပုခတ် အပြင် ကလေးငယ်နဲ့ အသက်ကြီးသူတွေကို ကယ်ထုတ်တဲ့နေရာမှာပါ ပုဆိုးကို Harness (သိုင်းကြိုး) အနေနဲ့သုံးလို့ရပါတယ်။

(၄) နေမလိုပဲ ခြောက်လွယ်တဲ့ Quick dry အင်္ကျီလေးတွေကပိုအသုံးဝင်ပါတယ်။ အလွယ်မြင်အောင်ပြောရရင် အားကစားတီရှပ်ပါ ၊ ဘောလုံးသမားတွေဝတ်တာမျိုးပေါ့။ ရေစိုနေရင်တောင် လူဝတ်ထားလိုက်ရင် နာရီဝက်လောက်နဲ့တင်ခြောက်ပါတယ်။ ရိုးရိုးတီရှပ်လည်းရပါတယ်။

(၅) အရောင်တောက်တောက်အဝတ်အစားတွေက ကယ်ဆယ်ရေးသမားတွေအလွယ်တကူရှာတွေ့ဖို့ အထောက်အကူပြုပါတယ်။

(၆) အနွေးထည်ပါး ၊ ဖလန်နယ်တွေ အဆင်ပြေပါတယ်၊ ပေါ့ပေါ့ပါးပါးဖြစ်သလို ကျားကောမကောဝတ်လို့ရပါတယ်။ ညဘက်တွေမှာ နွေးနွေးထွေးထွေးနေဖို့လိုပါတယ်။

(၇) ဘောင်းဘီရှည် ၊ တို အဆင်ပြေပါတယ်။ အတိုဆိုတဲ့နေရာမှာ ပေါင်တိုတွေကိုပြောတာမဟုတ်ပါဘူး ၊ ဒူးဖုံးလောက်အတိုဆုံးပဲကောင်းပါတယ်။ ပေါင်တိုတွေက လူကိုအနွေးဓာတ်မပေးနိုင်သလို ၊ တစ်ခုခုနဲ့ခြစ်မိ ခိုက်မိတာကိုမကာကွယ်ပေးနိုင်ပါဘူး။ အခြောက်မြန်တဲ့ အားကစားနဲ့ တောင်တက်ဘောင်းဘီတွေက ခြစ်ရာပွန်းရာ ဒဏ်ခံနိုင်သလို ၊ ရေလည်းအရမ်းမစုပ်တဲ့အတွက် ရေစိုရင်တောင် ဒုက္ခမများပါဘူး။

(၈) ပလက်စတစ်မိုးကာ ၊ ဒါကတော့ Option ပါ ၊ ရေကြီးတဲ့နေရာတွေမှာ မိုး ၊ ရေ ၊ လေ တွဲပါတတ်ကြပါတယ်။ ပလက်စတစ်မိုးကာတွေက မိုးကာ (Rain cover) အနေနဲ့ကော wind proof (လေကာ) အနေနဲ့ပါအသုံးဝင်ပါတယ်။ ဒီဟာကတော့ အမိုးအကာကောင်းကောင်းရှိသူတွေအတွက်မရှိမဖြစ်မဟုတ်ပါဘူး။

မလိုအပ်သောအဝတ်အစားများ ❌
“”””””””””””””””””””””””””””””””””
(၁) ဂျင်းဘောင်းဘီ အဆင်မပြေပါ။ ဂျင်းတွေက ရေအရမ်းစုပ်တဲ့အတွက်ကြောင့် ရေထဲဖြတ်ရင် လေးပြီးဆွဲနေသလို ၊ ရေနက်တဲ့နေရာမှာဆိုရင် ရေကူးကျွမ်းတဲ့သူတောင် ဂျင်းဘောင်းဘီနဲ့ဆို ကြာကြာမကူးနိုင်ပါဘူး။ နောက်ပြီး ဂျင်းဘောင်းဘီအရှည်နဲ့ လမ်းကြာကြာလျှောက်တဲ့အခါ ဒူးကောက်ကွေးနေရာတွေမှာ ပွန်းပြီးဒဏ်ရာရပါတယ်။

(၂) ကြိုးတစ်လုံး အင်္ကျီတွေအဆင်မပြေပါဘူး ၊ ဝတ်ရတာ သက်တောင့်သက်သာမဖြစ်သလို ၊ လုံလည်းမလုံပါဘူး။

(၃) ဘောင်းဘီအတို အပြတ်တွေ လည်းအဆင်မပြေပါဘူး။ လုံခြုံပြီး နွေးထွေးတဲ့အဝတ်အစားမဟုတ်လို့ပါ။ တစ်ခုခုနဲ့ခြစ်မိ ရှမိမှာကိုလည်း မကာကွယ်နိုင်ပါဘူး။ ဒူးဖုံးအဝတ်အစားတွေက ပိုအဆင်ပြေပါတယ်။

(၃) အနွေးထည်အထူ ၊ ဆွယ်တာအင်္ကျီတွေ မထည့်ပေးပါနဲ့ နေရာအရမ်းယူသလို သယ်ရလည်းခက်ပါတယ်။ အလွယ်မခြောက်သလို ရေစိုရင်လည်း အရမ်းလေးပါတယ်။ အဲဒီအစား အပေါ်မှာပြောသလို ဖလန်နယ်ပေါ့ပေါ့ပါးပါးလေးတွေက ပိုအသုံးဝင်ပါတယ်။

(၄) ကျွန်တော်တို့ အဝတ်အစားတွေ စီစစ်တုန်းက ဟောင်းနွမ်း၊ စုတ်နေတဲ့ အဝတ်အစားတွေ ခဏခဏပစ်ထုတ်ရပါတယ်။ အဲဒါတင် ဆာလာအိတ်တစ်အိတ်မကပါဘူး။ ဒုက္ခရောက်သူတွေကို ကိုယ်တောင်မဝတ်တဲ့ အဝတ်အစားတွေမပေးစေချင်ပါဘူး။

(၅) ဘေထုပ်တွေတချို့လှူကြတာရှိပါတယ်။ ကောင်းပါတယ်​ ဒါပေမယ့် ပုဒ်ပြတ်ဝယ်ပြီး အထုတ်လိုက်ကို မစစ်အလှူခံဌာနတွေဆီပို့တဲ့အခါ ဝတ်လို့မရတာတွေ ၊ အရမ်းနံပြီး မှိုစွဲနေလို့ ဘယ်လိုမှသုံးမရတာတွေပါလာတတ်ပါတယ်။ ဘေထုပ်လှူရင်လည်း အထည်စစ် ၊လျှော်ဖွတ်ပြီးမှုလှူစေချင်ပါတယ်။ မှိုတက်နေတဲ့အင်္ကျီတွေဝတ်ပြီးမှ အရေပြားပြဿနာတွေဖြစ်စေချင်မယ်မထင်ပါဘူး။

အဝတ်အစားလှူဒါန်းတယ်ဆိုဝာာ လိုအပ်သူတွေ အဆင်ပြေပြီး သက်တောင့်သက်သာဖြစ်စေဖို့ပါ။ မလှူခင်မှာ အကယ်၍ကိုယ်သာဆိုရင် ဒီအဝတ်အစားကို ဝတ်ဖြစ်မှာလားဆိုတဲ့အတွေးလေးနဲ့ လှူစေချင်ပါတယ်။ ဒါကတော့ ကျွန်တော့်ရဲ့အတွေ့အကြုံကို ပြန်မျှဝေပေးတာပါ။ အားလုံးအဆင်ပြေကြပါစေ။

Credit

Send a message to learn more

Photos from Infinity Real Estate's post 12/09/2024

- ရေကြီးမှုဘေးအန္တရာယ်ဖြစ်ပွားချိန်တွင်သိရှိလိုက်နာရန်အချက်များ

- လိုအပ်သူများကို ပြန်လည်မျှဝေခြင်းဖြင့် ကူညီနိုင်ပါသည်။

09/09/2024

30/08/2024

အမျိုးတို့ရေ မီတာခတက်ပြန်ပြီကွယ်

29/08/2024

26/08/2024

" တချို့ဟာ ပညာတတ်ပေမယ့် ကိုယ့်အတွက်ပဲ ကိုယ်ကြည့်ကြတယ်''

"အတန်းပညာ သင်နိုင်ခွင့်မရှိခဲ့လို့ စိတ်ဓာတ်မကျပါနဲ့ ကိုယ့်ကိုယ်ကိုယ်လည်း အထင်မသေးပါနဲ့။”

“လူတစ်ယောက်ရဲ့တန်ဖိုးကို သူသင်ခဲ့တဲ့ အတန်းပညာတွေနဲ့ပဲ တွက်လို့ရတာ မဟုတ်ပါဘူး။”

“လူတစ်ယောက်ရဲ့ တန်ဖိုးကို ဘာနဲ့ တွက်နိုင်သလဲ ဆိုတာ ဒီလူဟာ သူ့ရဲ့အသိုင်းအဝိုင်းပေါ်မှာ ဘယ်လောက် စေတနာထားတယ်ဆိုတာနဲ့ တွက်ရမှာပါ။

အဲဒီ စေတနာတွေဟာ ဘယ်လောက် လုပ်နိုင်သလဲဆိုတာ ဒုတိယအဆင့်ပါ။”

“တချို့တွေဟာ ပညာအင်မတန်တတ်ပေမယ့် အတန်း ပညာတွေ မြင့်ပေမယ့် ကိုယ့်အတွက်ပဲ ကိုယ်လုပ်ပြီးတော့ ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကို လှည့်မကြည့်တဲ့ သူတွေ ရှိပါတယ်။''


ဒေါ်အောင်ဆန်းစုကြည်

ပေါ်တာဆွဲ စစ်မှုထမ်းခိုင်းသည့်စနစ် ကျင့်သုံးနေပြီဟု သင်္ကန်းဝတ်ပျူခေါင်းဆောင် ပေါက်ကို 23/08/2024

ပေါ်တာဆွဲ စစ်မှုထမ်းခိုင်းသည့်စနစ် ကျင့်သုံးနေပြီဟု သင်္ကန်းဝတ်ပျူခေါင်းဆောင် ပေါက်ကိုယ်တော် ထုတ်ပြော
=========
စစ်ကောင်စီသည် ရာနှင့်ချီသော လမ်းသွားလမ်းလာလူငယ်များကို ဖမ်းဆီးပြီးနောက် ၎င်းတို့ အသက်သွင်းထားသည့် စစ်မှုထမ်းဥပဒေဖြင့် အတင်းအကျပ်စစ်ထဲသွင်းနေကြောင်း စစ်ကောင်စီ ကိုးကွယ်သည့် ပြည်သူ့စစ်ခေါင်းဆောင် ပေါက်ဘုန်းကြီး ဝန်ခံလိုက်သည်။
ပြီးခဲ့သည့်ရက်ပိုင်းက မန္တလေးတိုင်း၊ တံတားဦးမြို့နယ်တွင် အရပ်သား ၁၀၀ ကို စစ်တပ်က ပေါ်တာဆွဲခဲ့ကြောင်း၊ ထိုအထဲမှ သူ၏မိတ်ဆွေများအပါအဝင် ၄၅ ဦးကို စစ်သင်တန်းသို့ အတင်းအကျပ်ပို့ခဲ့ကြောင်း ၎င်းက ဆိုသည်။
ပေါက်ကိုယ်တော်၏ ပြောကြားချက်သည် အတင်းအဓမ္မစစ်မှုထမ်းခိုင်းနေသည်ဟု စွပ်စွဲချက်များအပေါ် စစ်ကောင်စီ၏ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး၏ ရှားရှားပါးပါးဝန်ခံမှု ဖြစ်လာသည်။
ပေါက်ကိုယ်တော်သည် မဘသ ဒုတိယမျိုးဆက်ခေါင်းဆောင်ဖြစ်ပြီး ပြီးခဲ့သည့် ဇန်နဝါရီအတွင်းက စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ရာထူးမှ ဆင်းရန် တောင်းဆိုပွဲကို ဦးဆောင်သူလည်းဖြစ်သည်။ ထိုတောင်းဆိုမှုကြောင့် စစ်တပ်က သူ့ကို နာရီပိုင်းကြာဖမ်းဆီးစစ်ဆေးပြီးနောက် ပြန်လွှတ်ပေးခဲ့သည်။
ယင်းနောက်ပိုင်းကာလများတွင် စစ်ကောင်စီက စစ်သင်တန်းပေးနေသည့် နိုင်ငံအလယ်ပိုင်းမှ ပျူစောထီး ပြည်သူ့စစ်များကို ကြီးကြပ်ရန် စစ်တပ်က တာဝန်‌ပေးထားသည့် သင်္ကန်းဝတ်နှင့် ပျူစောထီးခေါင်းဆောင် ဖြစ်လာသည်။
ပြီးခဲ့သည့်ရက်ပိုင်းက မန္တလေးတိုင်းအတွင်းက ပျူစောထီးပြည်သူ့စစ် ကွန်မန်ဒိုစစ်သင်တန်းဆင်းပွဲတစ်ခုတွင် စစ်တပ်ကို ဆန့်ကျင်သူများကို ရက်စက်စွာနှိမ်နင်းရန် ပေါက်ကိုယ်တော်က မိန့်ခွန်းပြောခဲ့သေးသည်။
ထို့ပြင် မန္တလေးတိုင်းအတွင်းမှ စစ်ဗိုလ်ချုပ်များသည် ပေါက်ကိုယ်တော်ကို ကိုးကွယ်ကြသည်။
အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/56846/
#ပေါက်ကိုယ်တော် #ပေါ်တာ #စစ်မှုထမ်း

News from Myanmar Now

ပေါ်တာဆွဲ စစ်မှုထမ်းခိုင်းသည့်စနစ် ကျင့်သုံးနေပြီဟု သင်္ကန်းဝတ်ပျူခေါင်းဆောင် ပေါက်ကို Latest news & insightful features on Myanmar

06/08/2024

ဒီပန်းချီကားလေး ဝယ်ယူပြီး ချစ်ခြင်းမေတ္တာ
ကိုပြ​​ကြရအောင် နော် ....
ကျေးဇူးပြု၍ CB မှာ လာရောက်စုံစမ်း မေးမြန်းနိုင်ပါတယ်ဗျ.......

02/08/2024

မင်္ဂလာနံနက်ခင်းလေးပါ

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริษัท สื่อ ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


Samphanthawong
Bangkok
10100

เวลาทำการ

จันทร์ 09:00 - 17:00
อังคาร 09:00 - 17:00
พุธ 09:00 - 17:00
พฤหัสบดี 09:00 - 17:00
ศุกร์ 09:00 - 17:00
เสาร์ 10:00 - 15:00
อาทิตย์ 10:00 - 15:00