HSU VLOGS
ထိုင်းတောင်ဘက်ပိုင်းမှာနေတယ် ခရီးတွေသွားပြီး အစားတွေစားရတာကြိုက်တယ် …အချိန်ရရင် စာတွေရေးပြီး vlog တွေရိုက်ဖြစ်တယ် 💛💛💛
ပဲပေါင်းနဲ့ ဂဏန်းကော်ရည်စားမယ် 🦀
07/03/2026
💐ဒီနေ့ အပြင်သွားတော့ ဒါလက်ရဲ့လမ်းတွေပေါ်မှာ ဒီလိုပန်းစည်းအတုရောင်းတဲ့ ဆိုင်လေးတွေအများကြီးတွေ့ရတယ်။
ဘာနေ့ရှိလို့လဲပေါ့ ! ပြီးမှ မနက်ဖြန် international women's day ဆိုတာ သတိရတယ်။ ဒီလောက် ပန်းတွေစုံပြီးပေါတဲ့ဒေသမှာ ဘာလို့ပန်းခြောက်တွေရောင်းနေကြတယ်ဆိုတော့ ဒါလေးတွေကတော့ ကျောင်းသားလေးတွေအတွက်ပဲဖြစ်ရမယ် …Endless love ဘာညာပေါ့!
ပန်းအစစ်ရောင်းတဲ့ ဆိုင်တွေမှာလည်း ပန်းစည်းတွေရှယ်စည်းနေကြရတာတွေ့ခဲ့တယ်။ တမြို့လုံး ပန်းတွေကြီးမြင်နေရတာမလို့ အလိုလိုနေရင်းကို စိတ်ထဲကြည်နူးနေရတာတော့အမှန်ပဲ....
07/03/2026
ဒီလို
လှပတဲ့ရှူခင်းလေးတွေကို မြင်ရခြင်းကလေ
စိိတ်ကိုအေးချမ်းစေသလို
ချစ်ရတဲ့သူတွေကိုလည်း ပိုပြီးသတိရစေတယ် 🍃
မမျှော်လင့်ထားတဲ့ ခင်မင်မူတွေနဲ့ အမှတ်တရအချိန်တွေ 🦄🎭✨🫶
20/02/2026
Dalat ကနေ တိမ်ပင်လယ်သွားကြည့်တဲ့ ခေါက်ဆွဲဆိုင်လေးရဲ့ view point ပေါ့
ဆုတို့မသွားခင်ရက်ကရော သွားတဲ့နေ့ရော နေသာလို့ မြူလောက်ပဲတွေ့ခဲ့ရတယ်။ ဒီကနေရာတော်တော်များများကတော့ entrance fees ပေးရပြီး အထဲမှာ drinks / pho ပြန်ရတယ်။
ပွဲတော်ရက်မလို့ ဘယ်နေရာသွားသွား 📸ရဖို့တန်းစီရတယ်ကွယ်…
Dalat တိမ်ပင်လယ်သွားတဲ့လမ်းမှာတွေ့ရတဲ့ လက်ဖက်ခင်းတွေကြားက wind turbine ကြီးတွေ 🍃
15/02/2026
𝕯𝖔𝖒𝖆𝖎𝖓𝖊 𝖉𝖊 𝕸𝖆𝖗𝖎𝖊 (ဒိုမိန်း ဒီမာရီ)
၁၉၄၀ ဝန်းကျင် ပြင်သစ်ကိုလိုနီခေတ်တုန်းက
ပြင်သစ်စတိုင်နဲ့ ဗီယက်နမ်(Central Highland) ဒေသခံ တွေရဲ့ အိမ်ပုံစံကိုပေါင်းစပ်ထားတဲ့
(𝑻𝒉𝒆 𝑷𝒊𝒏𝒌 𝑪𝒉𝒖𝒓𝒄𝒉) ပန်းရောင်ဘုရားကျောင်းလို့ လူသိများပြီး localရော၊ tourist ပါအလည်လာကြတယ်။
ယူကလစ်ပင်တွေနဲ့ ထင်းရှူးပင်တွေကြားကပန်းရောင်ကျောင်းဆောင်တန်းလေးကို မြင်လိုက်ရတာနဲ့ စိတ်ကြည်နူးမှူလေးတခုကို ခံစားရတယ်။
Cathedral တွေ Church ကျောင်းလှလှလေးတွေလည်း အများကြီးရှိတဲ့ ဗီယက်နမ်တောင်ပိုင်းရဲ့ ပန်းမြို့တော် Dalat 🍓🌲🌷
14/02/2026
သဘာဝကိုချစ်တဲ့သူတယောက် ပန်းရောင်စုံနဲ့ တိမ်တွေရှိရာအရပ်ကနေ မင်းကိုစောင့်နေတယ်… ☁️⛰️🌷
မြို့ပြရဲ့ အငွေ့အသက်တွေကိုငြီးငွေ့လာတဲ့အခါ ဒီမြို့လေးမှာ ခေတ္တလာအနားယူပါ ⛰️💐
ပန်းတွေကိုငေးရင်း အလုပ်လုပ်ချင်တယ် 💐
🇻🇳 Dalat ညဈေးဝန်းကျင် လျှောက်သွားလျှောက်စားကြမယ်... 🍓🍒🌸
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เบอร์โทรศัพท์
เว็บไซต์
ที่อยู่
Huai Khwang
Bangkok
10310