Life Chapter
ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Life Chapter, Writer, Bangkok.
24/01/2026
လုပ်ငန်းခွင်မှာ အဆင်ပြေစေဖို့ ဒီ တရားလေးကို နားထောင်ကြည့်ပါ။
လုပ်ငန်းခွင်မှာ အဆင်ပြေပျော်ရွှင်စေဖို့ အပိုင်း (၁) လုပ်ငန်းခွင်မှာ ပျော်ရွှင်အဆင်ပြေစေဖို့ အောက်စ်ဖို့ဒ်ဆရာတော်ရဲ့ ဒီတရားလေးကို နာကြည့်ပါ။ #တရား #လုပ်ငန်းခွ.....
02/01/2026
ငလျင်ကြီးကြောင့် ပျ-က်စီးခဲ့သည့် ဝိသုဒ္ဓါရုံပိဋကတိုက်
ကြီး ရှေးမူမပျ-က်ပြုပြင်ထားသည်ကို ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ကြည့်ရှုတော်မူ
ငလျင်ကြီးကြောင့် ပျ-က်စီးခဲ့သည့် ဝိသုဒ္ဓါရုံပိဋကတိုက်ကြီး
ရှေးမူမပျ-က် ပြုပြင်ထားသည်ကို ပါမောက္ခချုပ် ဆရာတော်ဘုရားကြီး ကြည့်ရှုတော်မူခဲ့သည်ဟု ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး၏ လူမှုကွန်ယက် စာမျက်နှာ၌ ယနေ့ (ဇန်နဝါရီ ၂)၌ ဖော်ပြထားသည်။
ဝိသုဒ္ဓါရုံပိဋကတို-က် ပြုပြင်မှုအခြေနေကို ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ၊ဝိဇ္ဇာလင်္ကာရဆရာတော်ကြီး၊ အဝေရာရာမရန်ကင်းဆရာတော်တို့က ကြည့်ရှုတော်မူခဲ့ခြင်း ဖြစ်သည်။
ထို့နောက် ဝိသုဒ္ဓါရုံစံကျောင်းပိဋကတိုက်၌ ကမ္ပည်းရေးထိုးမည့် “စံကျောင်းပိဋကတိုက် သမိုင်းမော်ကွန်း“ စာများကို တည်းဖြတ် အတည်ပြုကြသည်ဟုလည်း သိရသည်။
12/12/2025
ဝက်ဦးနှောက် တဲ့
စားရတာ အီလည်လည်ကြီး
၁ သောင်းပေးဝယ်ခဲ့ရတယ်။
စာဖတ်သူတို့ရော စားဖူးကြလား
#ဝက်ဦးနှောက်
18/08/2025
#ဆင်နှာမောင်းပင်နှင့်ကျန်းမာရေး
✅အေး၍ခါးသောအရသာရှိသည်။
အဖျားရောဂါကိုပျောက်ကင်းစေနိုင်သည်။
နာကျင်ကိုက်ခဲခြင်းကိုသက်သာစေသည်။
ဆီးကိုကောင်းမွန်စေသည်။အဖောကိုကျစေသည်။
အထူးသဖြင့်ဆီး၌သွေးပါခြင်းကိုကောင်းမွန်စေသည်။
အသားနုအမြန်တက်စေသောအာနိသင်ရှိသည်။
✅ရုတ်တရက်ထိခိုက်ဒဏ်ရာဖြစ်ပါကအရွက်ကိုရေစင်အောင်ဆေးကာအရည်ညှစ်ပြီးအနာပေါ်ထည့်ပေးနိုင်ပါသည်။အရွက်ဖတ်ကိုလည်းအုံပေးနိုင်သည်။
✅ထိခိုက်မိ၍ရောင်တင်းနေသောအနာများကိုအရွက်ကိုထုထောင်းပြီးပတ်တီးစည်းပေးခြင်းဖြင့်သက်သာပျောက်ကင်းစေနိုင်ပါသည်။
✅ဆင်နှာမောင်းပင်ကိုပြုတ်၍လက်ဖက်ရည်သဖွယ်သောက်ပေးပါကဆီးချိုရောဂါကိုထိန်းထားနိုင်ပါသည်။
✅ဆင်နှာမောင်းပင်ပဉ္စငါးပါးလုံးသုံးခွက်တစ်ခွက်တင်ပြုတ်၍သောက်ပေးပါကဆီးကိုကောင်းမွန်စေပါသည်။ဆီးထဲသွေးပါသူများအတွက်အထူးကောင်းမွန်သည်။
✅ဆင်နှာမောင်းသည်ဝမ်းကိုအနည်းငယ်သက်စေပြီး
ဆီးကိုကောင်းမွန်စေနိုင်သည်။ဆီးဝမ်းချုပ်သူများ
စားသုံးပေးနိုင်သည်။
✅ပြုတ်ရည်ဖြင့်ချွေးအောင်းပါကအဖောကျစေပါသည်။
✅အနာပေါက်ရောဂါများအတွက်အနာပြည်တည်ရန်လိုအပ်နေပါကဆင်နှာမောင်းအရွက်ကိုသတ္တုရည်ညှစ်ပြီးလိမ်းပေးပတ်တီးစည်းပေးခြင်းဖြင့်ပြည်များမြန်စွာထွက်ကာအနာကိုမှည့်လွယ်စေပါသည်။
✅ခူနာ၊ပြည်တည်နာများတွင်ဆင်နှာမောင်းပင်ကိုပြာချပြီး၎င်းပြာကိုအုန်းဆီနှင့်ဖျော်လိမ်းပေးရသည်။
✅အပူကြောင့်ဖြစ်သောမျက်ရည်ယိုခြင်းနှင့်မျက်ခွံရောင်ခြင်းတို့တွင်အရွက်သတ္တုရည်ကိုလိမ်းပေးပါကသက်သာပျောက်ကင်းစေနိုင်ပါသည်။
#မှတ်ချက်
#ဆင်နှာမောင်းပင်သည် အသည်းကိုထိခိုက်စေသဖြင့်
ချင့်ချိန်သုံးစွဲသင့်ပါသည်။
✅ဆင်နှာမောင်းပင်သည်အသည်း၏လုပ်ဆောင်ချက်ကိုထိခိုက်စေနိုင်သောသတ္တိရှိ၍အသည်းရောဂါရှိသူများ
သုံးစွဲရန်မသင့်ပါ။
ရုက္ခဗေဒအမည် - Heliotropium indicum
#အမြင့်တစ်တောင် ကျော်ကျော်ခန့်မြင့်ပြီး
အုပ်စုလိုက်ပေါက်တတ်သောပင်ငယ်မျိုးဖြစ်သည်။
အပွင့်သည်အခက်ထိပ်တွင်အစုလိုက်ပွင့်သည်။
အပွင့်မှာအဖြူရောင်နှင့်ခရမ်းရောင်ပျော့ပျော့ရှိသည်။
ပွင့်တံမှာဆင်နှာမောင်းနှင့်သဏ္ဌာန်တူသည်။
ဆင်နှာမောင်းတွင်ဆင်နှာမောင်းကြီးနှင့်ဆင်နှာမောင်းငယ်
ဟူ၍နှစ်မျိုးရှိသည်။
ပဉ္စငါးပါး(တစ်ပင်လုံး)ကိုဆေးသုံးနိုင်သည်။
#လက်တွေ့အသုံးချဆေးဖက်ဝင်အပင်များပေါင်းချုပ်
18/08/2025
Page လေးကို Like & Follow See First လေး လုပ်ထားကြဦးနော်။ ဖုန်းဘေလ် နဲ့ စားစရာတွေ လက်ဆောင်ပေးမှာပါတဲ့နော်။
18/08/2025
ရွှေဘို မြို့ထောင့်စေတီတော်၏ စိန်ဖူးတော်ကို အများဖူးမြော်ကြည်ညိုနိုင်ရန် အပူဇော်ခံထားရှိ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ရှိ မော်ဓောမြင်သာ မြို့ထောင့်စေတီတော်ကြီးရဲ့ စိန်ဖူးတော်ကိုအများပြည်သူ ဖူးမြော်ကြည်ညိုနိုင်ဖို့ အပူဇော်ခံထားရှိထားတယ်လို့ ဂေါပကအဖွဲ့ကနေ သိရပါတယ်။
မြို့ထောင့်စေတီတော်ကြီးရဲ့
ထီးတော်ဟာ မတ်လ၂၈ရက်ကလှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုရှိခဲ့အတွက် ပြန်လည်ပြုပြင်နေတယ်လို့ ဆိုပါတယ်။
ထီးတော်ကြီးရဲ့စိန်ဖူးတော်ကို ပြုပြင်မှုတွေဆောင်ရွက်နေချိန်မှာ အများကြည်ညိုနိုင်စေဖို့အတွက် အခုလို အပူဇော်ခံထားရှိတာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် စိန်ဖူးတော်ရဲ့ အောက်ဘက်ရှိ ဓာတ်တော်ကြုတ်အတွင်းက ဓာတ်တော်တွေကိုလည်း ဖူးမြော်ကြည်ညိုနိုင်ဖို့ အပူဇော်ခံထားရှိပြီး အလှူငွေတွေ ပါဝင်လှူဒါန်းနိုင်ဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။
23/04/2025
မြတ်စွာဘုရား သက်ရှိထင်ရှားရှိစဉ်အခါက
လှုပ်ခတ်ခဲ့သော ငလျင်ကြီး (၆)သွယ်...
၁ ~ ဘုရားအဖြစ်သို့ ရောက်တော်မူခြင်း
- ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့၊ မိုးသောက်ယံအချိန်မှာ ကိလေသာ အလုံးစုံကို အကုန်ပယ်သတ်နိုင်တဲ့ အာသဝက္ခယဉာဏ်တော်ကို ရတော်မူပြီ သဗ္ဗညုတရွှေဉာဏ်တော်ပိုင်ရှင် မြတ်ဘုရားအဖြစ်သို့ ရောက်ရှိသွားချိန်မှာ မြေကြီးသည် အားပြင်းစွာ တုန်လှုပ်ခဲ့ပါတယ်။
လှုပ်ခတ်ရခြင်း အဓိပ္ပါယ် - ကမ္ဘာပေါင်းများစွာ သံသရာဝဋ်ဆင်းရဲမှာ ကျင်လည်ခဲ့ပြီးနောက် ဉာဏ်အလင်း ရတော်မူသော မြတ်စွာဘုရားရှင် ပွင့်တော်မူသည်ကို မြေကြီးက သက်သေခံပေးခြင်းဖြစ်ပါတယ်။
၂ ~ ပထမဦးဆုံး ဓမ္မစကြာတရားတော် ဟောကြားခြင်း(ဓမ္မစက္ကပ္ပဝတ္တနသုတ်)
- ဘုရားဖြစ်ပြီ မိဂဒါဝုန်တောထဲမှာ ပဉ္စဝဂ္ဂီငါးပါးကို ပထမဦးဆုံး "တရားဦး" ဖြစ်တဲ့ "ဓမ္မစကြာ တရားတော်" ကို ဟောကြားချိန်မှာ မြေငလျင်လှုပ်ခတ်ခဲ့ပါတယ်။
လှုပ်ခတ်ရခြင်း အဓိပ္ပါယ် - ဘုရားရှင်ရဲ့ သာသနာတော် စတင်ထွန်းကားခြင်းအနေနဲ့ လှုပ်ခတ်ခြင်းဖြစ်ပါတယ်။
၃ ~ တန်ခိုးပြာဋိဟာပြခြင်း (ယမကပါဋိဟာရိယ)
- ဘုရားရှင် သာဝတ္ထိမြို့ကို ရောက်စဉ်မှာ ဘုရားကိုလာပြိုင်ဆိုင်တဲ့ ရသေ့တို့ရဲ့ မာနကို ချိုးနှိမ်ရန်အလို့ငှာ ဝေဟင်သို့ ကြွတက်ပြီ တန်ခိုးပြာဋိဟာကို ပြတော်မူတဲ့အခါ ကမ္ဘာမြေကြီး တုန်လှုပ်ခဲ့ပါတယ်။
လှုပ်ခတ်ရခြင်း အဓိပ္ပါယ် - ဘုရားရှင်ရဲ့ အံ့ဖွယ်တန်ခိုးတော်ဟာ အသာလွန်ဆုံးဖြစ်တော်မူခြင်းကို ပြသလိုခြင်းဖြစ်ပါတယ်။
၄ ~ ပရိနိဗ္ဗာန်ပြုတော့မည်ဟု ကြေညာခြင်း (မဟာပရိနိဗ္ဗာန)
- မြတ်စွာဘုရား ပရိနိဗ္ဗာန်မပြုမီ ၃လအလို ကုသိနာရုံပြည်မှာ ပရိနိဗ္ဗာန်ပြုတော့မည့်အကြာင်းကို ကြေညာသောအခါ ကမ္ဘာမြေကြီးဟာ တုန်လှုပ်ခဲ့ပါတယ်။
လှုပ်ခတ်ရခြင်း အဓိပ္ပါယ် - လောကသုံးပါးရဲ့ ကြီးမြတ်သော အလင်းရောင်ဟာ ကမ္ဘာလောကမှ ထွက်ခွာတော့မည်ဖြစ်တဲ့အတွက်ကြောင့် ကမ္ဘာလောကကြီး တုန်လှုပ်ခြင်းဖြစ်ပါတယ်။
၅ ~ ပရိနိဗ္ဗာန် စံဝင်တော်မူခြင်း
- အင်ကြင်းပင်နှစ်ပင်ကြားလျောင်းတော်မူ၍
" ဟန္ဒ ဒါနိ ဘိက္ခဝေ အာမန္တယာ မိဝေါ
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္မာဒေထ။ "
"ချစ်သားရဟန်းတို့...
သင်တို့ကို ယခု နောက်ဆုံးအနေနဲ့ ငါဘုရား မှာ ကြားတော့မယ်။ရုပ် နာမ် ဓမ္မ သင်္ခါရတရားတို့သည်
ပျက်စီးခြင်းသဘော ရှိကြကုန်၏။ထို့ကြောင့် သင် ချစ်သားတို့သည် မမေ့မလျော့သော သတိတရားဖြင့်
ပြီးပြည့်စုံအောင် အားထုတ် ကြကုန်လော့။ " ဟုနောက်ဆုံး မှာကြားတော်မူပြီးနောက် ပရိနိဗ္ဗာန် စံဝင်တော်မူသော တခဏ၌ ပထဝီမြေကြီးဟာ ပြင်းထန်စွာတုန်လှုပ်ခဲ့ပါတယ်။
လှုပ်ခတ်ရခြင်း အဓိပ္ပါယ် - လောကသုံးပါးရဲ့ အားထားရာ မြတ်စွာဘုရားရှင်ဟာ သံသရာမှ အပြီးတိုင်ထွက်ခွာသွားခြင်းကြောင့် ဝမ်းနည်းပူဆွေးခြင်းအနေနဲ့ ကမ္ဘာမြေကြီးမြည်ဟီးလှုပ်ခတ်ခြင်းဖြစ်ပါတယ်။
၆ ~ ဘုရားရှင်၏ အဓိဋ္ဌာန်တော် (အဓိဋ္ဌာန)
- ဘုရားရှင်ရဲ့ ခရီးစဉ်တစ်လျှောက် အခါအားလျော်စွာ ဓမ္မကို ခိုင်မြဲစွာ တည်ထောင်ရန် (သို့မဟုတ်) သတ္တဝါတို့ရဲ့ အကျိုးစီးပွားအတွက် ကြီးမားသော အမှုကိစ္စတစ်ခုကို ပြုလုပ်ရန် အဓိဋ္ဌာန် ပြုတော်မူတဲ့အခါ မြေကြီးဟာ တုန်လှုပ်ခဲ့ပါတယ်။
လှုပ်ခတ်ရခြင်း အဓိပ္ပါယ် - ဘုရားရှင်ရဲ့ ခိုင်မာတဲ့ အဓိဋ္ဌာန် ကို သက်သေတည်တဲ့အနေနဲ့ မြေကြီးသည် တုန်လှုပ်ခြင်းဖြစ်ပါတယ်။
ဗုဒ္ဓသာသနံ စိရံတိဌတု🙏🙏🙏
#ဗုဒ္ဓဘုရား
#တရားတော်များ
%
10/04/2025
မြတ်စွာဘုရားသာဒီအချိန်မှာ ပွင့်တော်မူမယ်ဆိုရင် သင်ဘာမေးခွန်းတွေ မေးဖြစ်မယ်ထင်လဲ?🙏🙏🙏
#တရားတော်များ
#ဗုဒ္ဓဘုရား
#အမေးအဖြေ
10/04/2025
ခေတ်ပျက်ကြီးထဲမှာ မေတ္တာမပျက်ခဲ့တဲ့
အထက်တန်းစားများ...
ပြီခဲ့တဲ့ ငလျင်ဘေးကြီးကြောင့် လူတန်းစားမျိုးစုံပေါ်လာခဲ့ပါတယ်။
လူတွေဒုက္ခမျိုးစုံရောက်တဲ့ထဲမှာ လက်လျှိုပြီ အခွင့်ကောင်းယူသွားတဲ့သူတွေကလည်း အများကြီးပါပဲ။
ဒါဟာ မေတ္တာတရား၊ ဂရုဏာတရားထားဖို့ အမြဲဆုံးမ ခံရတဲ့ 'မြန်မာနိုင်ငံ' မှာပါ။ အရမ်းရယ်ချင်စရာကောင်းပါတယ်။
ဒီလိုလူတွေကြားထဲမှာမှ လေးစားအတုယူစရာကောင်းတဲ့ အထက်တန်းစားပုဂ္ဂိုလ်တွေကိုလည်းအများကြီးတွေ့ရပါတယ်။
ကိုယ့်ဆီမှာ မပြည့်စုံလည်း မေတ္တာဂရုဏာနဲ့ ဒုက္ခတွေရောက်နေတဲ့သူတွေကို ဖေးမကူညီကြတဲ့ အထက်တန်းစားပုဂ္ဂိုလ်တွေကို သာဓုခေါ်လိုက်ရပါတယ်။ 🙏🙏🙏
လိုင်းပေါ်မတက်လာတဲ့ မလူမသိသူမသိ မေတ္တာတွေပေးခဲ့ကြတဲ့ပုဂ္ဂိုလ်တွေကိုလည်း သာဓုခေါ်အပ်ပါတယ်...
#တရားတော်များ
#ငလျင်ဘေးဒဏ်
#မေတ္တာ
07/04/2025
တစ်ချို့လူတွေ ဝဠ်ကြွေးတွေပေးဆပ်ခဲ့ကြပြီပြီ
ကျန်နေခဲ့တဲ့ ကျုပ်တို့ရော ဘာဝဠ်ကြွေးတွေ ပေးဆပ်ရဦးမှာလဲ?
ဘယ်လိုပုံ ဘယ်လိုနည်းတွေနဲ့ ဒုက္ခတွေဟာ ကျုပ်တို့ဆီလာဦးမှာလဲ?
ကျုပ်တို့ ကျန်နေသေးတယ်ဆိုတာ ကုသိုလ်ကောင်းမှုတွေ လုပ်ဖို့ အခွင့်ရေးပေးနေတာ / သတိပေးနေတာ...
ဒါ့ကြောင့် ကပ်ဆိုက်နေတဲ့ခေတ်ကြီးထဲမှာ လောဘ၊ ဒေါသ၊ မောဟတွေကို တတ်နိုင်သမျှ ဖိနှိပ်ကြပြီ ကောင်းမှုကုသိုလ်တွေများများလုပ်ကြရအောင်...
" သံသရာလည်နေသ၍ ဆင်းရဲခြင်းရှိရဦးမှာပါ "
🙏🙏🙏
#ဗုဒ္ဓဘုရား
#သံသရာ
#ဝဠ်ကြွေး
07/04/2025
အရေးကိစ္စတစ်ခုခုကြုံလို့ ဘာမှလုပ်မထိကိုင်မထိတော့ဘူးဆိုရင် ဒါလေးရွတ်ဖတ်ပူဇော်လို့ရပါတယ်။🙏🙏🙏
"နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ"
အနက်ဓိပ္ပါယ် ;
- သမ္မာသမ္ဗုဒ္ဓဿ : သစ္စာလေးပါးတရားမြတ်ကို ကိုယ်တိုင် မှန်ကန်စွာ သိမြင်တော်မူသော။
- အရဟတော : ကိလေသာအညစ်အကြေးတို့မှ ကင်းစင်တော်မူသော။
- ဘဂဝတော : ဣဿရိယ,ဓမ္မ,ယသ,သိရီ,ကာမ,ပယတ္တ,တည်းဟူသော ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူထသော။
- တဿ : (ဗုဒ္ဓဿ) ထိုမြတ်စွာဘုရားအား။
- နမော : ရှိခိုးပါ၏ အရှင်ဘုရား။
ပေါင်းချုပ်အဓိပ္ပါယ် ;
ဘုန်းတော်ခြောက်ပါးအစရှိသော အကောင်းဆုံးဂုဏ်တော်များနဲ့ ပြည့်စုံတော်မူပြီး ကိလေသာအညစ်အကြေးတွေက လုံးဝကင်းစင်ကာ သစ္စာလေးပါးတရားကို ကိုယ်တိုင်သိမြင်တော်မူတဲ့ မြတ်စွာဘုရားကို ကျွန်တော်မျိုး (ကျွန်မမျိုး) ရိုသေမြတ်နိုးစွာ ရှိခိုးပါတယ်။
#ဗုဒ္ဓဘုရား
#နမောတဿ
06/04/2025
ကမ္ဘာပေါ်မှာ အရေးကြီးဆုံးက "မေတ္တာတရား" မဟုတ်လား..
- ပိုက်ဆံရှိတယ် ဒါပေမယ့် သဘာဝဘေးအန္တရာယ်နဲ့ မလွတ်ဘူး။
- ကျန်းမာရေးကောင်းတယ် သဘာဝဘေးအန္တရာယ်က ခေါ်ဆောင်သွားပြန်တယ်။
- ခင်ဗျား ဘယ်လောက် ရှောင်ရှောင်လွတ်ချင်မှလွတ်မယ်။
- ကမ္ဘာကြီးကိုဆေးကြောသန့်စင်ပေးမှာလည်း သဘာဝတရားကြီးပါပဲ။
သေတဲ့သူကသေ ကျန်တဲ့သူကလည်း ပူပင်သောကတွေနဲ့
သဘာဝကြီးက ဒဏ်ခတ်လိုက်တဲ့အခါ ကမ္ဘာကြီးဟာမျက်ရည်ကျရတယ်
ဗုဒ္ဓဘာသာလား၊ ခရစ်ယာန်လား၊ ဟိန္ဒူလား၊ အစ္စလာမ်လား?
နောက်ဆုံးကျန်ခဲ့တာ လူသား၊ သတ္တဝါတွေနဲ့ "မေတ္တာတရား" ပါပဲ
ဘယ်အချိန် ဘယ်နေရာမှာ ဘယ်လိုဝဋ်ကြွေးတွေပေးဆပ်ရမလဲ မသိကြတဲ့အတွက် အချင်းချင်း မေတ္တာတရားတွေထားပြီး ကောင်းတာလေးတွေလုပ်ကြရအောင်လား....🙏🙏🙏
#မေတ္တာတရား
#🙏🙏🙏
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
ทีมทำอาหาร
เสื้อผ้า
เบอร์โทรศัพท์
เว็บไซต์
ที่อยู่
Bangkok