One Minute Service
❤️ နှလုံးသားဖြင့် ဝန်ဆောင်မှုပေးသည်... ❤️
N4 ဖောင်တင်ဖို့ (၂) ရက်ပဲ ကျန်တော့တဲ့အချိန်မှာ ဒီလိုအဝိုင်းလည်နေတာကို ထိုင်ကြည့်နေတော့မှာလား
ဒီနေ့မှာပဲ ကျွန်တော်တို့ One Minute Service အနေနဲ့ N4 Form ပေါင်း (၂၄) စုံကို အောင်အောင်မြင်မြင် တင်ပေးခဲ့ပြီးပါပြီ။ ✅
စာမေးပွဲနီးလာလို့ စာပဲအာရုံစိုက်ချင်တာလား? အင်တာနက်လိုင်းအခက်အခဲကြောင့် စိုးရိမ်နေတာလား? အလုပ်မအားလို့ အချိန်မပေးနိုင်တာလား? စိတ်မပူပါနဲ့။ ၂၀၁၈ ခုနှစ်ကတည်းက အတွေ့အကြုံရှိတဲ့ ကျွန်တော်တို့အဖွဲ့က အနားမှာ ရှိနေပေးပါမယ်။
ကျန်ရှိတဲ့ ၂ ရက်အတွင်းမှာ စိတ်ချလက်ချ ဖောင်တင်ချင်တယ်ဆိုရင် အခုပဲ Messenger ကနေ အမြန်ဆုံး ဆက်သွယ်လိုက်ပါခင်ဗျာ။ 📩
N4 ကြေး: ၆၇,၀၀၀ ကျပ် (စာမေးပွဲကြေး + ဝန်ဆောင်ခ)
စာမေးပွဲကိုပဲ အာရုံစိုက်ပါ။ ဖောင်တင်တဲ့ကိစ္စကိုတော့ ကျွန်တော်တို့နဲ့ စိတ်ချလက်ချ လွှဲထားလိုက်ပါ။ 💪✨
03/03/2026
ဂျပန်စာလေ့လာနေတဲ့ ညီကိုမောင်နှမတွေအတွက် စာမေးပွဲဖောင်တင်ရမယ့်ကိစ္စက စိတ်အနှောင့်အယှက်မဖြစ်စေဖို့ ကျွန်တော်တို့ One Minute Service (OMS) က အနီးကပ်ရှိနေပေးပါမယ်။
စာမေးပွဲနီးလာပြီဆိုတော့ အချိန်တိုင်းက တန်ဖိုးရှိနေတာမို့ စာကိုပဲ အာရုံစိုက်ပါ။ ဖောင်တင်ရမှာ ခက်ခဲနေတာပဲဖြစ်ဖြစ်၊ အလုပ်မအားလို့ အချိန်မပေးနိုင်တာပဲဖြစ်ဖြစ် ကျွန်တော်တို့ဆီမှာ စိတ်ချလက်ချ လွှဲထားလို့ရပါတယ်။ ကျွန်တော်တို့က ၂၀၁၈ ခုနှစ်ကတည်းက ဒီဝန်ဆောင်မှုကို သေချာဆောင်ရွက်ပေးခဲ့တာဖြစ်လို့ ဖောင်တင်ဖို့အတွက် ၁၀၀% အာမခံပါတယ်။
ကျသင့်မယ့် နှုန်းထားလေးတွေကိုလည်း တစ်ခါတည်း ရှင်းအောင် ပြောပြပေးထားပါတယ် -
N1, N2 ဖြေဆိုမယ့်သူများ
စာမေးပွဲကြေး ၅၇,၀၀၀ ကျပ် နဲ့ ဝန်ဆောင်ခ ၁၂,၀၀၀ ကျပ်
စုစုပေါင်း - ၆၉,၀၀၀ ကျပ်
N3, N4 ဖြေဆိုမယ့်သူများ
စာမေးပွဲကြေး ၅၂,၀၀၀ ကျပ် နဲ့ ဝန်ဆောင်ခ ၁၅,၀၀၀ ကျပ်
စုစုပေါင်း - ၆၇,၀၀၀ ကျပ်
N5 ဖြေဆိုမယ့်သူများ
စာမေးပွဲကြေး ၅၂,၀၀၀ ကျပ် နဲ့ ဝန်ဆောင်ခ ၁၂,၀၀၀ ကျပ်
စုစုပေါင်း - ၆၄,၀၀၀ ကျပ်
သတိပြုရမယ့် ရက်စွဲလေးတွေကတော့ -
မတ်လ (၃) ရက်နေ့ကနေ (၁၃) ရက်နေ့အတွင်း Level အလိုက် ဖောင်တင်ရမှာဖြစ်ပြီး၊ ဖောင်မတင်ခင် ဇန်နဝါရီလ (၂၂) ရက်နေ့ကတည်းက Website မှာ အချက်အလက်တွေ ကြိုတင်ဖြည့်သွင်း (Registration) ထားဖို့တော့ လိုအပ်ပါမယ်ခင်ဗျာ။
ကျွန်တော်တို့ဘက်က ဖောင်တင်ပေးဖို့အတွက် လိုအပ်တဲ့ အချက်အလက်လေးတွေရှိရင်လည်း Messenger ကနေတစ်ဆင့် အသေးစိတ် ပြန်လည်ဖြေကြားပေးသွားပါမယ်။
အားလုံးပဲ စာမေးပွဲမှာ အမှတ်ကောင်းကောင်းနဲ့ အောင်မြင်ကြပါစေလို့ OMS မိသားစုက ဆုတောင်းပေးလိုက်ပါတယ်။
ချစ်ခြင်းများစွာဖြင့်
One Minute Service
Since 2018
🎓 ရန်ကုန်အဝေးသင်တက္ကသိုလ် (YUDE) - ခရီးသွားလာရေးပထဝီဝင် PGDGT ဘွဲ့လွန်ဒီပလိုမာသင်တန်း လျှောက်ထားနိုင်ပြီ!
ခရီးသွားလာရေးကဏ္ဍနှင့် ပတ်သက်ပြီး ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများကို ဘွဲ့လွန်ဒီပလိုမာအဆင့်ထိ လေ့လာလိုသူများအတွက် PGDGT သင်တန်းကို Online စနစ်ဖြင့် သင်ကြားပို့ချသွားမည် ဖြစ်ပါတယ်။
အင်တာနက်လိုင်း အဆင်မပြေတာကြောင့်ဖြစ်စေ၊ နည်းပညာပိုင်း အကျွမ်းတဝင်မရှိတာကြောင့်ဖြစ်စေ သင်တန်းတက်ခွင့် အခွင့်အရေး လက်လွတ်မခံရအောင် One Minute Service မှ တာဝန်ယူ ဆောင်ရွက်ပေးနေပါပြီ။
သင်တန်းအသေးစိတ် အချက်အလက်ကို Video လေးမှာ အသေးစိတ် လေ့လာနိုင်ပါပြီ။
ချစ်ခြင်းများစွာဖြင့်
OMS #2018
10/02/2026
One Minute Service အနေဖြင့် YUOE PGDip.Eng Batch (၉) အတွက် ဝန်ဆောင်မှုယူထားသူ (၂၃) ယောက်အနက် (၂၁) ယောက်ကို အောင်မြင်စွာ Booking ရရှိအောင် ကူညီဆောင်ရွက်ပေးနိုင်ခဲ့ပါပြီ။ ၉၁% ကျော်အထိ အောင်မြင်မှုရရှိခဲ့တဲ့အတွက် ကျနော်တို့ကို ယုံကြည်စွာ အပ်နှံခဲ့ကြသူများအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။
🚀 Batch (၁၀) အတွက် ကြိုတင်အပ်နှံနိုင်ပါပြီ!
သင်တန်းလျှောက်လွှာ Link သည် သတ်မှတ်ဦးရေ ပြည့်သွားသည်နှင့် တစ်ပြိုင်နက် ခဏအတွင်း ပြန်ပိတ်သွားလေ့ရှိပါသည်။ အင်တာနက်လိုင်းအခက်အခဲကြောင့်ဖြစ်စေ၊ နည်းပညာပိုင်းကြောင့်ဖြစ်စေ အခွင့်အရေး လက်လွတ်မခံရအောင် Batch (၁၀) အတွက် Pre-booking (ကြိုတင်အပ်နှံမှု) များကို အခုကတည်းက စတင်လက်ခံနေပါပြီ။
ကျနော်တို့၏ အတွေ့အကြုံရှိသူများက အချိန်နှင့်တစ်ပြေးညီ အမြန်ဆုံး ဖောင်တင်ပေးမှာဖြစ်လို့ စိတ်ချလက်ချ အပ်နှံထားနိုင်ပါပြီ။
✨ အသေးစိတ်စုံစမ်းလိုပါက သို့မဟုတ် ကြိုတင်အပ်နှံလိုပါက Messenger မှတစ်ဆင့် အခုပဲ ဆက်သွယ်လိုက်ပါ။
ချစ်ခြင်းများစွာဖြင့်
OMS Since 2018
09/02/2026
One Minute Service ကို ယုံကြည်စွာ အပ်နှံခဲ့ကြတဲ့ ဝန်ဆောင်မှုယူထားသူ အားလုံးအတွက် Postgraduate Diploma in English (PGDip.Eng) Batch (၉) Online Booking ကို အောင်မြင်စွာ တင်ပေးပြီးဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါတယ်ခင်ဗျာ။
တစ်ဦးချင်းစီထံသို့ တင်ပေးပြီးကြောင်း Confirm Message များကိုလည်း အလှည့်ကျ လက်လံပေးပို့လျက်ရှိပါတယ်။
✅ အောင်မြင်စွာ Booking ရရှိပြီးသူများ ဆက်လက်လုပ်ဆောင်ရမည့် (ဒုတိယအဆင့်) -
၁။ ကျောင်းအပ်နှံရန် ရက်စွဲနှင့်အချိန်: ဒုတိယအဆင့်အနေနဲ့ Online booking အောင်မြင်သူများသည် (၁၀.၂.၂၀၂၆) ရက် (အင်္ဂါနေ့) နံနက် (၉:၀၀) နာရီ မှစတင်ပြီး ရန်ကုန်ပညာရေးတက္ကသိုလ်သို့ လူကိုယ်တိုင်သွားရောက်ကာ ကျောင်းအပ်နှံရမည်ဖြစ်ပါသည်။
၂။ လိုအပ်သော စာရွက်စာတမ်းများ: ကျောင်းအပ်နှံသည့်အခါ သတ်မှတ်ထားသော စာရွက်စာတမ်း (မူရင်း) များ တင်ပြ၍ လျှောက်လွှာရယူရမည်ဖြစ်ပါသည်။ စာရွက်စာတမ်း (မူရင်း) မပါရှိပါက လျှောက်လွှာထုတ်ပေးမည်မဟုတ်ကြောင်း အထူးသတိပြုစေလိုပါသည်။
၃။ အရေးကြီးသတိပေးချက်:
• Online booking ရရှိထားသော်လည်း သတ်မှတ်ထားသောအချိန်အတွင်း ကျောင်းသွားရောက်မအပ်ပါက သင်တန်းတက်ရောက်ခွင့် ရရှိမည်မဟုတ်ပါ။
• သင်တန်းသားဦးရေ ကန့်သတ်ထားပါသဖြင့် ဆောလျင်စွာ လျှောက်လွှာရယူဖြည့်စွက်ပြီး ကျောင်းအပ်သူများသာ သင်တန်းတက်ရောက်ခွင့်ရရှိမည်ဖြစ်သောကြောင့် အချိန်မီသွားရောက်ကြရန် တိုက်တွန်းအပ်ပါသည်။
သင်တန်းသား/သူများအားလုံး ဘွဲ့လွန်ဒီပလိုမာသင်တန်းကို အဆင်ပြေချောမွေ့စွာ တက်ရောက်နိုင်ကြပါစေကြောင်း One Minute Service မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။ 🎓✨
ချစ်ခြင်းများစွာဖြင့်
OMS Since 2018
🎓 ရန်ကုန်ပညာရေးတက္ကသိုလ် (YUOE) - PGDip.Eng Batch (၉) သင်တန်း
အွန်လိုင်းကနေ ဖောင်တင်ရမှာ ခက်ခဲနေပါသလား? အင်တာနက်လိုင်း အဆင်မပြေတာကြောင့်ဖြစ်စေ၊ နည်းပညာပိုင်း အကျွမ်းတဝင်မရှိတာကြောင့်ဖြစ်စေ သင်တန်းတက်ခွင့် အခွင့်အရေး လက်လွတ်မခံရအောင် One Minute Service မှ တာဝန်ယူ ဆောင်ရွက်ပေးနေပါပြီ။
သင်တန်းအသေးစိတ် အချက်အလက်ကို Video လေးမှာ အသေးစိတ် လေ့လာနိုင်ပါပြီ။
ချစ်ခြင်းများစွာဖြင့်
OMS
02/02/2026
ဘယ်အချိန်ဖွင့်မှန်းမသိတဲ့ ဖောင်ကို စောင့်နေမယ့်အစား ကျနော်တို့နဲ့ လွှဲထားလိုက်ပါ! 🎌💻
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့မှာ ကျင်းပမည့် JLPT စာမေးပွဲ အတွက် ဖောင်တင်ဖို့ ပြင်ဆင်နေပြီလား?
ဒီနှစ်မှာလည်း Online လျှောက်လွှာလက်ခံမည့်အချိန်ကို *"ကြိုတင်အသိပေးမည်မဟုတ်"* တဲ့အတွက် ဖောင်တင်ဖို့ စနစ်ရှေ့မှာ အချိန်ပြည့်စောင့်နေရမှာကို စိတ်မပူပါနဲ့တော့။ လူကြီးမင်းတို့ရဲ့ အဖိုးတန်တဲ့အချိန်တွေကို အခြားအရေးကြီးကိစ္စတွေအတွက်ပဲ အသုံးချပါ၊ ဖောင်တင်တဲ့အလုပ်ကို One Minute Service က တာဝန်ယူပေးပါရစေ။
✨ ကျနော်တို့ရဲ့ ဝန်ဆောင်မှုကို ဘာကြောင့် ရွေးချယ်သင့်သလဲ?
အတွေ့အကြုံရင့်ခြင်း: ၂၀၁၈ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ ဝန်ဆောင်မှုဖြစ်လို့ ယုံကြည်စိတ်ချရခြင်း။
အချိန်ကုန်သက်သာခြင်း: System ဖွင့်မည့်အချိန်ကို စောင့်ကြည့်ပေးပြီး အမြန်ဆုံး လျှောက်ထားပေးခြင်း။
တိကျသေချာခြင်း: လိုအပ်တဲ့ Registration အဆင့်မှစ၍ ဖောင်တင်ပြီးစီးသည်အထိ စနစ်တကျ ဆောင်ရွက်ပေးခြင်း။
📌 သိထားသင့်သည့် ရက်စွဲများ (Individual Application):
Registration စတင်ချိန်: ၂၂.၁.၂၀၂၆ (နံနက် ၉ နာရီမှစ၍)
N1 & N2: မတ်လ ၃ ရက် နှင့် ၄ ရက်
N3: မတ်လ ၅၊ ၆၊ ၇ ရက်
N4: မတ်လ ၉၊ ၁၀၊ ၁၁ ရက်
N5: မတ်လ ၁၂၊ ၁၃ ရက်
⚠️ သတိပြုရန်: Registration တစ်ခုအတွက် Email တစ်ခုသာ အသုံးပြုနိုင်ပြီး အချက်အလက်မှားယွင်းပါက ပြင်ဆင်ရန် ခဲယဉ်းသောကြောင့် ကျွမ်းကျင်သူများဖြစ်သည့် ကျနော်တို့ထံတွင် စိတ်ချလက်ချ အပ်နှံနိုင်ပါသည်။
📞 ဝန်ဆောင်မှုရယူရန်နှင့် အသေးစိတ်စုံစမ်းရန်: Messenger (သို့မဟုတ်) Viber မှတစ်ဆင့် ခုပဲ ဆက်သွယ်လိုက်ပါခင်ဗျာ။
31/01/2026
⚖️ PhD ဘွဲ့ရ ဥပဒေဆရာမကိုယ်တိုင် သင်ကြားမည့် PGDL နှင့် DIPL (မူပိုင်ခွင့်ဥပဒေ) အထူးတန်း
ဥပဒေပညာရပ်ကို စနစ်တကျလေ့လာပြီး Diploma ဘွဲ့ရယူလိုသူများ၊ Assignment နှင့် စာမေးပွဲအတွက် အခက်အခဲရှိနေသူများအတွက် စီးပွားရေးဥပဒေဆရာမကိုယ်တိုင် ဦးဆောင်သင်ကြားပေးမည့် Online Class များ စတင်ဖွင့်လှစ်ပါပြီ။�
✨ ဘာကြောင့် ဒီသင်တန်းကို ရွေးချယ်သင့်သလဲ?
သင်တန်းကို ပို့ချပေးမည့် ဆရာမသည် -
* PhD (Law) ဘွဲ့ရရှိထားပြီး
* သင်ကြားရေးအတွေ့အကြုံ (၁၀) နှစ်ကျော် ရှိပြီး စာချုပ်စာတမ်းဥပဒေ၊ ကုမ္ပဏီဥပဒေ နှင့် မူပိုင်ခွင့်ဥပဒေ (IP Law) များတွင် ကျွမ်းကျင်ပညာရှင် ဖြစ်ခြင်း။
* ဘာသာရပ်ဆိုင်ရာ Reference Book များကို စနစ်တကျ လမ်းညွှန်ပေးနိုင်ခြင်း။
🎓 ဖွင့်လှစ်မည့် သင်တန်းများ:
1️⃣ Post Graduate Diploma in Law (PGDL) �
2️⃣ Diploma in Intellectual Property Law (DIPL) - (မူပိုင်ခွင့်ဥပဒေ ဒီပလိုမာ)
📝 သင်တန်းတွင် ရရှိမည့် အကျိုးကျေးဇူးများ:
* Assignment များ မှန်ကန်စွာ ဖြေဆိုနိုင်ရန် အသေးစိတ်လမ်းညွှန်ပေးခြင်း။
* စာမေးပွဲနီးကပ်ချိန်တွင် Exam Close-up Course များဖြင့် ထိရောက်စွာ ပြန်လည်နွှေးပေးခြင်း။
* Zoom Meeting မှတစ်ဆင့် အိမ်ကနေပဲ အေးဆေးသင်ယူနိုင်ခြင်း။
* Live မတက်နိုင်သူများအတွက် Recording Video များကို Group ထဲတွင် ပြန်တင်ပေးသွားမည်ဖြစ်သဖြင့် အချိန်မရွေး ပြန်လေ့လာနိုင်ခြင်း
📍 ဆရာမ၏ Profile အကျဉ်း:
* PhD (Law) - Specialization in Commercial Law (University of Yangon)
* LLM (Civil Law) & LLB
* Expertise: Contract Law, Partnership Act, Companies Law, IP Law, Investment Law.
📩 သင်တန်းအသေးစိတ်/စာရင်းပေးသွင်းရန်/စုံစမ်းရန်:
Viber: 09420253928 သို့ Messenger သို့လည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ချစ်ခြင်းများစွာဖြင့်
Since 2018
29/01/2026
သင်တန်းဖွင့်ရန် လေးရက်သာ လိုပါတော့ပြီ! ⏰
SEAMEO CHAT & YUFL DIEC (Face-to-Face & Online)
ဝင်ခွင့်စာမေးပွဲအတွက်
English Preparation Class 🎓✨
YUFL DIEC (Batch 7) ဝင်ခွင့်စာမေးပွဲကို ယုံကြည်မှုအပြည့်နဲ့ ဖြေဆိုအောင်မြင်ချင်သူများအတွက် အထူးရည်ရွယ်ပြီး ပြင်ဆင်ပေးမည့် English Preparation Class ကို မကြာခင် စတင်တော့မှာဖြစ်ပါတယ်။
ဒီသင်တန်းမှာ ဘာတွေသင်ကြားပေးမလဲ? 📚
✔ Entrance Exam အတွက် မဖြစ်မနေလိုအပ်တဲ့ Vocabulary & Expressions
✔ Basic Grammar ကို လွယ်လွယ်နားလည်အောင် သင်ကြားပေးခြင်း
✔ Exam Pattern နှင့် ကိုက်ညီအောင် Practice & Special Training
ဆရာမ၏ အတွေ့အကြုံ 👩🏫
🔹 YUFL Graduate
🔹 သင်ကြားရေးအတွေ့အကြုံ (၁၅) နှစ်ကျော်
🔹 နိုင်ငံတကာကျောင်းသားများကို ဂျပန်၊ စင်ကာပူ၊ ထိုင်းနိုင်ငံများတွင် သင်ကြားပေးနေသူ
🔹 Cambridge YLE & Adult English Proficiency Exam များကို အထူးပြုသင်ကြားပေးနေသူ
သင်တန်းအချိန်ဇယား 🗓️
📌 ကာလ – ၃ လ (တစ်ပတ် ၂ ရက်)
📌 စတင်မည့်လ – ၂ ၊ ဖေဖော်ဝါရီ ၊ ၂၀၂၆
📌 နေ့ရက် – တနင်္လာ၊ အင်္ဂါ
📌 အချိန် – ည ၈:၀၀ မှ ၉:၀၀
🎥 Live မတက်နိုင်သူများအတွက် Recording Video များကို Group ထဲတွင် ပြန်တင်ပေးသွားမည်ဖြစ်သဖြင့် အချိန်မရွေး ပြန်လေ့လာနိုင်ပါသည်။
📩 စာရင်းပေးသွင်းရန်နှင့် အသေးစိတ်မေးမြန်းရန်
One Minute Service Page Messenger သို့ ဆက်သွယ်ပါ။
YUFL & DIEC ဝင်ခွင့်ကို လက်မလွှတ်ချင်သူများအတွက် အကောင်းဆုံးပြင်ဆင်ပေးမည့် Special Class ကို
အခုချိန်မှာပဲ စာရင်းသွင်းလိုက်ပါ! 🌟
ချစ်ခြင်းများစွာဖြင့်
Since 2018
28/01/2026
YUDE Online Post Graduate Diploma in Business (PGDB) 8th Batch, အတွက်
Registration Service ယူထားသူ စုစုပေါင်း ( ၁၁ ) ဦးကို အောင်မြင်စွာ ဝန်ဆောင်မှုပေးနိုင်ခဲ့၍ များစွာ ဂုဏ်ယူဝမ်းမြောက်မိပါသည်။ 9th Batch အတွက် ကြိုတင်အပ်နှံလိုသူများအနေဖြင့် CB တွင် လာရောက်စုံစမ်းမေးမြန်းနိုင်ပါသည်။
ချစ်ခြင်းများစွာဖြင့်
19/01/2026
PGDB Service ယူထားသူအားလုံးကို တင်ပေးပြီးဖြစ်ပါသည်။
တင်ပေးပြီးကြောင်း အထောက်အထားကို Viber မှတဆင့်
တဦးခြင်း တယောက်ခြင်းဆီကို ပေးပို့နေပါသည်။
ချစ်ခြင်းများစွာဖြင့်
Since 2018
PGDB Service အပ်ထားသူများ
ကျောင်းဖက်က Website Error ဖြစ်နေပါသောကြောင့်
ခေတ္တခဏစောင့်ဆိုင်းပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ချစ်ခြင်းများစွာဖြင့်
Since 2018
คลิกที่นี่เพื่อเป็นสมาชิก?
เว็บไซต์
ที่อยู่
Bangkok