Linux For Beginners

Linux For Beginners

แชร์

If so, you are in the right place.

🚀 Welcome to Linux for Beginners! 🚀

Hey there, tech enthusiasts, cloud adventurers, and DevOps devotees! 👋

Are you ready to dive into the world of Linux, DevOps, CICD and Cloud Computing?

31/12/2025

အားလုံးပဲ မင်္ဂလာရှိသော နှစ်သစ်လေးဖြစ်ကြပါစေ။

၂၀၂၆ မှာလည်းဆက်လက်ပြီး ကိုယ့်ရဲ့ Learning purposes တွေ၊ Career goals တွေပြည့်ဝကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ 🍀🙏

P.S: ပုံကတော့ Nano banana နဲ့ထုတ်ထားတာပါ 😅

Photos from Linux For Beginners's post 03/11/2025

Yesterday was such an excitement after speaking at AWS Community Day Myanmar 2025 🇲🇲✨

It was such an amazing experience to share ideas, learn from fellow builders, and connect with so many inspiring people who are passionate about the cloud and the future of tech. ☁️💡

Huge thanks to the AWS community, organizers, and everyone who joined my session — your energy and curiosity made the day unforgettable. Can’t wait to keep learning and growing together! 🙌

29/09/2025

Only 5 seats left!

⏰𝐎𝐧𝐥𝐲 𝟓 𝐬𝐞𝐚𝐭𝐬 𝐥𝐞𝐟𝐭 𝐭𝐨 𝐞𝐧𝐫𝐨𝐥𝐥 🔔

📊(1.10.2025) မှာ ဗုဒ္ဓဟူးနေ့မှာစတင်မယ့် 𝐌𝐚𝐬𝐭𝐞𝐫𝐢𝐧𝐠 𝐋𝐢𝐧𝐮𝐱 & 𝐃𝐞𝐯𝐎𝐩𝐬 𝐅𝐮𝐧𝐝𝐚𝐦𝐞𝐧𝐭𝐚𝐥𝐬 𝐂𝐨𝐮𝐫𝐬𝐞 အတွက် သင်တန်းသား (၅) ဦးစာအတွက်သာ slots ကျန်ရှိပါတော့မယ် ..

👩‍🏫 အတန်းသားဦးရေအကတ်အသန့်ရှိတာမို့ အတန်းလူမပြည့်ခင်လေး မြန်မြန်စာရင်းပေးထားမှစိတ်ချရမယ်နော်

Course details- https://www.facebook.com/share/p/176iyAp34s/?mibextid=wwXIfr

အခုပဲ 𝐂𝐨𝐝𝐞𝐋𝐢𝐭𝐞 ရဲ့𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှာ စာရင်းပေးသွင်းပြီး DevOps Career အတွက် ပထမဆုံးခြေလှမ်းကို စတင်လိုက်တော့နော် 🚀

𝑩𝒆 𝒕𝒉𝒆 𝒄𝒉𝒂𝒏𝒈𝒆 𝒘𝒊𝒕𝒉 𝑪𝒐𝒅𝒆𝑳𝒊𝒕𝒆
#

Photos from CodeLite Myanmar's post 27/09/2025

CodeLite Myanmar နဲ့ပူးပေါင်းပြီးလုပ်ထားတဲ့ Linux ကို အစကစတင်ပြီးလေ့လာရမယ့် course ကိုလာမယ့် ၁ ရက်နေ့စတင်မှာဖြစ်လို့ စိတ်ဝင်စားသူများအနေနဲ့ သွားရောက်စုံစမ်းနိုင်ပါတယ်။ 🍀🙏

23/09/2025

DevOps Engineer တစ်ယောက်အဖြစ် Professional Career စဖို့စဉ်းစားနေတဲ့သူလား?

အဲ့တာဆိုရင်တော့ အရေးကြီးဆုံးလေ့လာရမယ့် skills တွေကတော့

✅ Linux System Administration
✅ Networking basics
✅ Git basics and source code management
✅ Web Server Deployment
✅ Observability & Monitoring

တွေကို အဓိကထားပြီးလေ့လာသင့်ပါတယ်။ ကျန်တဲ့ tools skills တွေ၊ new technologies တွေကတော့ နေ့စဥနဲ့အမျှထွက်နေတာဖြစ်လို့ ကိုယ်က foundational skills တွေကိုအရင်ပိုင်နိုင်နေရမှာပဲဖြစ်ပါတယ်။

ဒီလို foundational skills တွေကို base knowledge မရှိသေးဘူးဆိုရင်တော့ ကျွန်တော်က ၂လတာ training လုပ်သွားပေးမယ့် အစီအစဉ်ရှိပါတယ်။ comment မှာ Link ပေးထားမှာဖြစ်လို့ အဲ့ကနေသွားရောက်စုံစမ်းနိုင်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။

31/07/2025

အားလုံးကိုသတင်းတစ်ခု share ပေးချင်လို့ပါ။ အဲ့တာကတော့ တစ်ချို့လည်းသိပြီးသားဖြစ်မယ့် AWS က Kiro ဆိုတဲ့ မကြာသေးခင်ကမှ release လုပ်တဲ့ Agentic IDE က Hackathon ပြိုင်ပွဲတစ်ခုရှိပါတယ်။

အဲ့မှာ project ideas တွေအနေနဲ့ အောက်က (၄) မျိုးထဲက တစ်မျိုးရွေးပြီးဝင်ရောက်ယှဉ်ပြိုင်နိုင်ပါတယ်။

✅ Productivity and workflow tools: Developers တွေနဲ့ဆိုင်တဲ့ Productivity increase လုပ်ပေးမဲ့ tools မျိုးတွေ
✅ Games & Entertainment: Interactive games learning လိုပုံစံမျိုးတွေ
✅ Educational Apps: LMS လိုမျိုး learning platform တွေ အပြငါ
✅ Wildcard / Freestyle: ဒီ ၃ မျိုးထဲမှာမပါဝင်တဲ့ အခြား ideas နဲ့ ကြိုက်တဲ့ applications မျိုးတွေလည်းဖန်တီးနိုင်ပါတယ်။

အဲ့ထဲမှာမှ ကိုယ်က submission အနေနဲ့တင်ပေးရမှာတွေကတော့

✅ ကိုယ့် Project ရဲ့ open source code GitHub URL.
✅ Kiro ကို ဒီ project မှာဘယ်လိုအသုံးပြုခဲ့တယ်ဆိုတဲ့ write up.
✅ ကိုယ့် Project က Web ဆိုရင်လည်း Web, Mobile app ဆိုရင်လည်း mobile app အနေနဲ့ ကောင်းကောင်း run နိုင်ပြီး functioning ဖြစ်ပါတယ်ဆိုတဲ့ သက်သေ
✅ spec-driven approach ကိုသုံးပြီး Kiro ရဲ့ agent hooks တွေကိုဘယ်လိုသုံးခဲ့ပါတယ်၊ Kiro က ဒီ project ကို develop လုပ်တဲ့နေရာမှာ ဘယ်လိုအသုံးဝင်ခဲ့ပါတယ် ဆိုတာမျိုးကို video recording နဲ့ public တင်ပေးရမယ်။ (Youtube တို့ Facebook video တို့လည်းရ)

ဆုတွေအနေနဲ့လည်း တော်တော်များပြီး အဓိကဆုကြီးတွေအနေနဲ့

✅ 1st Place - 30000$ USD
✅ 2nd Place - 15000$ USD
✅ 3rd Place - 10000$ USD

တို့ကိုပေးအပ်သွားမှာဖြစ်တာကြောင့် ဝင်ရောက်ယှဉ်ပြိုင်ကြည့်သင့်ပါတယ်။

Submission deadline ကတော့ Aug 25 ဖြစ်ပြီး AWS team အနေနဲ့ extend ထပ်လုပ်သွားမသွားကတော့ စောင့်ကြည့်ရပါမယ်။

အသေးစိပ်အချက်အလက်ကို ကြည့်ချင်ရင် comments အောက်က link မှာကြည့်နိုင်ပါတယ်။ အဲ့ထဲမှာ ပြိုင်ရမယ့် details နဲ့ terms and conditions တွေအကုန်ဖော်ပြထားပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။ 🙏

20/07/2025

အားလုံးပဲ မင်္ဂလာပါ။ 🙏

ဒီနေ့မှာတော့ AWS Certification exam news တစ်ခုပေးချင်လို့ပါ။ ဒါကတော့ အရင်က AWS Certified SysOps administrator (SOA-C02) exam က လာမယ့် September 9 ရက်နေ့ကနေစပြီး AWS Certified CloudOps Engineer associate ဆိုပြီး နာမည်ပြောင်းသွားမှာပဲဖြစ်ပါတယ်။ အဲ့တော့ old exam ကိုနောက်ဆုံးဖြေလို့ရတဲ့ date က September 29 ပါ။

ဒီနာမည် change သွားတဲ့ process နဲ့အတူဘာတွေပြောင်းသွားလဲဆိုတော့

✅ အဓိကအနေနဲ့ အရင်က SysOps administrator မှာသိပ်မပါခဲ့တဲ့ container technologies တွေပါဝင်လာမှာဖြစ်ပါတယ်။
✅ နောက်တစ်ချက် အနေနဲ့တော့ AWS ရဲ့ multi-account, multi-region architectures တွေကိုလည်းပို focus လုပ်ထားပါတယ်။

P.S ကျွန်တော့်အနေနဲ့ ဒီ certification transition လုပ်တဲ့နေရာမှာ Industry SME(Subject Matter Expert) အနေနဲ့ ဝင်ရောက် contribute လုပ်ထားတာဖြစ်လို့ သိချင်တာများရှိရင်လည်း လာရောက်မေးနိုင်ပါတယ်။

နောက်ဆုံးချက်အနေနဲ့ကတော့ ကိုယ်က SysOps Administrator exam ဖြေပြီးသားဖြစ်ပြီး badge ရပြီးသားဆိုရင် CloudOps ကိုထပ်မဖြေလည်းရပါတယ်၊ ကိုယ့် badge က certification expire မဖြစ်ခင်ထိရှိနေမှာဖြစ်ပြီး expired ဖြစ်ပြီးနောက်ပိုင်းကိုတော့ exam အသစ် CloudOps Engineer ကိုပြောင်းဖြေရပါလိမ့်မယ်။

ဒါပေမယ့်ကိုယ်က DevOps Engineer Professional ရော SysOps Administrator ရောဖြေပြီးသားဆိုရင်တော့ နောက်တစ်ကြိမ် DevOps ကို recertify လုပ်တာနဲ့ CloudOps ပါရပြီးသားဖြစ်မယ်လို့သိရပါတယ်။

အသေးစိပ် announcement post ကိုကြည့်ချင်ရင် comment ထဲက link မှာကြည့်နိုင်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။ ☘️

17/07/2025

AI IDE တွေများပြားလာတဲ့ ခေတ်မှာ AWS ကလည်းနောက်ကျမကျန်ခဲ့အောင် သူတို့ရဲ့ကိုယ်ပိုင် IDE တစ်ခုကိုမိတ်ဆက်လိုက်ပါတယ်။ နာမည်ကတော့ Kiro (ကီရို) တဲ့၊ ဘာလို့ ဒီနာမည်ပေးထားလဲဆိုတာကိုတော့ သူတို့ရဲ့ website ထဲမှာရှင်းပြထားပါတယ်။ Kiro ဆိုတာ Hero (ဟီးရိုး) နဲ့ အသံဆင်တူပြီး အလုပ်လုပ်တဲ့အခါ ကြိုးစားလုပ်ပြီး ဘယ်တော့မှ အရှုံးမပေးတဲ့ လူတစ်ယောက်ကို ကိုယ်စားပြုချင်တယ်လို့လည်းဆိုထားပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ AI Agent IDE ဆိုတဲ့အတိုင်းပဲ MCP integration တွေ AI Agentic coding တွေရမယ်ပေါ့ဗျာ၊ ဒါမယ့်သူ့ရဲ့ထူးခြားချက်ပဲ ပြောရမလား၊ unique selling point ကတော့ Specs driven workflows ကို built-in လုပ်ပေးထားတာပေါ့၊ ပြောချင်တာက Kiro ကိုသုံးပြီး project တစ်ခု create လုပ်မယ်ဆိုပါစို့၊ သူက choice ၂ မျိုးပေးမယ်၊ Free form နဲ့ vibe coding လုပ်မလား? ဒါမှမဟုတ် spec files တွေနဲ့ structured approach သွားမလား? ဆိုပြီး ၂မျိုးရွေးချယ်လို့ရတယ်။ Free form နဲ့ဆိုရင်တော့ ကျွန်တော်တို့ တစ်ခြားသုံးတဲ့ cursor တို့လိုမျိုးပဲ chat ထဲမှာမေး၊ agent mode နဲ့ဆိုရင် file တွေကိုပါ တစ်ခါထဲ edit လုပ်ပေးမယ်ပေါ့။

Specs driven coding လုပ်ရင်တော့ သူကကိုယ်ရေးလိုက်တဲ့ prompt ပေါ်မှာ for example web app တစ်ခုအသစ်ဆောက်မယ်ဆိုပါစို့။ သူက .kiro ဆိုပြီး directory တစ်ခုဆောက်ပြီးအဲ့ထဲမှာ design.md, requirements.md နဲ့ tasks.md ဆိုပြီး markdown structure နဲ့ files တွေအရင်လုပ်လိုက်တယ်၊ အဲ့ထဲမှာမှ design.md ထဲမှာ ဒီ project ရဲ့ repo structure ဘယ်လိုရှိတယ်၊ ဘာ tech stack တွေသုံးထားတယ်၊ API endpoints တွေဘာတွေပါမယ်၊ Data Models တွေ၊ Frontend Backend error handling စသဖြင့် မျိုးစုံသော design considerations တွေကိုအဲ့ထဲမှာဖော်ပြထားတယ်။

requirements.md ထဲမှာကျတော့ user ရဲ့ requirements တွေဖြစ်တဲ့ ဘာ features တွေပါချင်တယ်၊ ကိုယ့်ရဲ့ acceptance criteria တွေကဘယ်လိုရှိတယ်၊ users data တွေကို ဘယ်လို store လုပ်မယ်၊ integrity ရှိအောင်လုပ်ရမယ် စသဖြင့် requirements တွေပါတယ်။ ဒီ requirements တွေပေါ်မှာမူတည်ပြီး ခုနက design နဲ့ tasks တွေကို structure ချပေးတာဖြစ်တယ်။

tasks.md ထဲမှာတော့ ဒီခုနကပြောတဲ့ design.md ထဲကအတိုင်းရဖို့ လုပ်ဆောင်ရမယ့် tasks တွေကို section တွေခွဲပြီး ရေးပေးထားတယ်။ ကိုယ်ကအဲ့တာတွေကို sub- section တစ်ခုချင်းဆီခွဲ run လို့ရသလို section အကြီးတစ်ခုလုံးကိုတစ်ခါထဲ run လည်းရတယ်။ အဲ့မှာလိုတဲ့ project init လုပ်တာတွေကစပြီး backend logic ထည့်တာ၊ routes တွေ controllers တွေ middleware တွေထည့်တာတွေ အကုန်အစီအစဉ်လိုက် သူက agentic coding လုပ်ပေးသွားတယ်။

အဲ့တော့ ဒီနေ့ကတော့ ဒီ product သစ်လေးကို ကိုယ်လည်း beta testing လုပ်ခဲ့ဖူးတာနဲ့ share ပေးလိုက်တာပါ။ စမ်းသုံးချင်တယ်ဆိုရင် comment အောက်က link ထဲမှာ waitlist join ပြီး preview stage မှာတော့ free ပေးသုံးထားပါသေးတယ်။ (အော် underlying model ကတော့ sonnet4 ကိုပဲ အဓိကသုံးထားပါတယ်တဲ့) အဲ့တော့စမ်းကြည့်ပြီး ကိုယ့် requirements နဲ့ကိုက်မကိုက် အထောက်အကူဖြစ်လား မဖြစ်လားပြန်ပြောခဲ့ကြပါဦး။

အားလုံးကိုကျေးဇူးတင်ပါတယ်။

15/07/2025

အားလုံးပဲ မင်္ဂလာပါ။ 🙏🍀

အားလုံးကိုသတင်းလေးတစ်ခု share ပေးချင်လို့ပါ။

အဲ့တာကတော့ ဒီနေ့ July 15 ရက်နေ့ကစပြီး AWS account သစ်တွေကို 100$ credit ပေးသွားမှာပါတဲ့၊ နောက်ပြီး နောက်ထပ် 100$ ကိုလည်း သူလုပ်ခိုင်းတဲ့ additional activities တွေလုပ်ပြီးရင်ရနိုင်သေးတယ်လို့ဆိုထားပါတယ်။

သတိထားရမှာကတော့ ဒီ offer က July 15 နောက်ပိုင်းဖွင့်မယ့် AWS account တွေအတွက်ပဲ အကျုံးဝင်တာဖြစ်ပြီး account ဟောင်းတွေတွက်တော့မပါဝင်ပါဘူး။

အဲ့တော့ကိုယ်က AWS account ဖွင့်ပြီး Proof of Concept testing လုပ်ချင်တာဖြစ်ဖြစ်၊ ဒီတိုင်း development အတွက်စမ်းချင်တာဖြစ်ဖြစ်လုပ်လို့ရနေပြီနော်။

အသေးစိပ်ကိုတော့ ဒီ post အောက်က comment လင့်ခ်မှာဖတ်ကြည့်ပါ။

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริษัท สื่อ ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เบอร์โทรศัพท์

เว็บไซต์

ที่อยู่


Bangkok
10600