MS
NUG, NUCC, CRPH, PDF, KNU, KTLA, KNLA, KIA, KIO, KNDF, CDF, TNLA, AA, RCSS
ကုန်ဈေးနှုန်းတက်တာ သူတို့ပါခံရတော့
ဘောမတွေပါ သူတို့အဘကို အော်ကုန်ပြီ😅
#စစ်ကောင်စီ
#နွေဦးတော်လှန်ရေး
ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်က ရိုဟင်ဂျာတွေကို ဘာသာရေးအတွက် စစ်တိုက်ရမယ်၊ ရပ်ကွက်ကျေးရွာတွေကို ကာကွယ်ရမယ်ဆိုပြီး ဒေသ အခြေစိုက် ခမရ ၅၃၅ တပ်ရင်းက အဓမ္မစစ်သား စုဆောင်းနေတယ်လို့ ထွက်ပြေးလွတ်မြောက်လာတဲ့ ရို ဟင်ဂျာတွေက ပြောပါတယ်။ အခုနှစ် ဖေဖော်ဝါရီ ၂၅ ရက် နေ့မှာ စစ်သားစုဆောင်းခံရပြီး မတ်လဆန်းက ထွက်ပြေးလွတ်မြောက်လာတဲ့ ရိုဟင်ဂျာတစ်ဦးကို RFA က မေးမြန်းထားပါတယ်။
#စစ်ကောင်စီ
#စကစ
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ မတ်လ (၇) ရက်က စတင်ပြီး လိုင်ဇာမြို့အနီးက စစ်ကောင်စီ တပ်စခန်း ဌာနချုပ်တွေနဲ့ မြစ်ကြီးနား-ဗန်းမော်လမ်းတလျှောက်က တပ်စခန်း တွေကို တပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်နေရာ ယနေ့အထိ တပ်စခန်း အကြီးအသေး (၃ဝ) လောက် သိမ်းပိုက်ထားနိုင်ပြီး ဖြစ်ပါတယ်။
#စစ်ကောင်စီ
စစ်ကောင်စီရဲ့ အရေးပါသော စစ်ဗျူဟာ/စခန်း (၁ဝ)ခု အပါအဝင် တပ်စခန်းပေါင်း (၃၀) ကျော်ကို (၂)ပတ်အတွင်း KIA သိမ်းပိုက်။
#စကစ
ဆုံးဖြတ်ချက်ချရမဲ့အချိန်ကျော်လွန်သွားပါက ပြင်ခွင့်မရတဲ့ခရီးကြမ်းကို လျှောက်ရမှာဖြစ်တဲ့အတွက် အမြန်ဆုံးဖြတ်ရန် ပြည်သူတွေကို ဗိုလ်ချုပ်ကြီးဂွမ်မော်သတိပေး။
#စကစ
#စစ်ကောင်စီ
မောင်းတောမြို့ရှိစစ်ကောင်စီနယ်ခြားစောင့်စခန်းများကို ပိတ်ဆို့ထားပြီး မကြာခင်အပြီးသတ်သိမ်းပိုက်နိုင်တော့မယ်လို့ ရက္ခိုင့်တပ်တော် AAကပြောကြား။
#စကစ
#စစ်ကောင်စီ
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း ၂ ပတ်ကျော်ကြာ တိုက်ပွဲတွေပြင်းထန်ပြီးတဲ့နောက် စစ်ကောင်စီရဲ့ တပ်စခန်းအားလုံးကို ရက္ခိုင့်တပ်တော် (AA)က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီလို့ မတ်လ ၁၈ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
#စစ်ကောင်စီ
ချင်းပြည်နယ်က ထန်တလန်မြိုနယ်၊ ပလက်ဝမြိုနယ်နဲ့ မတူပီ မြိုနယ်တွေက မရာလူမျိုးတွေ နေထိုင်ရာ ဒေသမှာ မရာလူမျိုး လက်နက်ကိုင်တော်လှန်ရေးအဖွဲ နှစ်ခုဖြစ်တဲ့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ-မရာ(CDFMara) နဲ့မရာလဲန်း ကာကွယ်ရေးတပ်ဖွဲ MDF)တိုကြား နှစ်ဖက် ပဋိပက္ခတွေ ဖြစ်ပွားနေတာ ၁နှစ်ကျော် ကြာမြင့်နေပြီ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ ကျန်သေးတဲ့ စစ်ကောင်စီတပ်တွေကို ရက္ခိုင့်တပ်တော် AAက ဖြတ်လေးဖြတ်နဲ့ သင်ခန်းစာပြန်ပေး။
#စကစ
တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်မျက်နှာဖွင့်နေတဲ့ စစ်ကောင်စီတပ် ဟာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ အကြီးအကျယ် စစ်ရှုံးနေမှုဟာ မြေပြင် သတင်းအချက်အလက် မရရှိတော့တာကြောင့်လည်းဖြစ်တယ်လို့ လက်နက်ချ စစ်သားတွေက ဆိုပါတယ်။
#စကစ
#စစ်ကောင်စီ
စီးပွားရေးလည်း ဂျုံးဂျုံးကျ၊ နိုင်ငံရေးဘောင်လည်း ကျဉ်းသထက် ကျဉ်းလာ၊ စစ်ဘောင်ကလည်း ကျယ်လာတဲ့ စစ်ခေါင်းဆောင် မင်း အောင်လှိုင်ရဲ့ အာဏာသိမ်း သက်တမ်းတလျှောက် ဖြစ်ဖြစ်မြောက် မြောက် ရုပ်လုံးပေါ်တာဆိုလို့ ၈၁ ပေ မြင့်တဲ့ မာရဝိဇယ ဆင်းတုတော် ကြီး တဆူပဲ ရှိတယ်။
ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို ဦးခေါင်းတည့်တည့် ပစ်ခတ်ဖြို ခွင်း၊ ရွာတွေ မီးရှို့၊ လေယာဉ်နဲ့ ဗုံးကြဲ အကုသိုလ် အစုစု ပြုခဲ့ပေမယ့် မင်းဆရာ သီတဂူဟောသလို မာရဝိဇယကြီး တည်ပြီး သေခါနီး အဲဒီ ကုသိုလ်ကို အာရုံပြုလို့ အပါယ်လားမယ့်အရေးကို စစ်ခေါင်းဆောင် ရှောင်လိုပုံ ရပါတယ်။
ဒါပေမယ့် သွေးအလိမ်းလိမ်းနဲ့ ဘုရားဒကာကြီးရဲ့ မဟာကုသိုလ်တော် ကြီးက အပါယ်တံခါးပိတ်သွားစေမတဲ့လား။
#စကစ
#စစ်ကောင်စီ
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
Bangkok