Perfect For Myanmar
This is an effective page for the social welfare Association. So, you can donate and you can also report where help is needed.
Details of the page's functionality will be shared. Thank You So Much For your interest.
မင်မင်တို့ရဲ့ “Shingbyi Shara(နားခိုရာ)" Campaign ကတော့ 81%နှုန်းနဲ့ပြီးသွားပါပြီ🎉🙆♀️
ရှေ့ဆက်ပြီး အလှူငွေလက်ခံပေးခြင်း၊ အလှူငွေရှာဖွေပေးခြင်းများကို ရပ်နားလိုက်ပြီးဖြစ်ပါတယ်🙆♀️
စစ်ဘေးရှောင်များ ကိုယ်ပိုင်ဝင်ငွေနဲ့ ရပ်တည်နိုင်ရေးတွက် ဘဲ ဦးစားပေးလုပ်ဆောင်ပေးသွားတော့မှာဖြစ်ပါတယ်❤️
စစ်ဘေးရှောင်တွေရဲ့ activities တွေကိုတော့ ပုံမှန်တိုင်းဆက်တင်ပေးသွားမှာဖြစ်ပါတယ်❤️
ပါဝင်ကူညီပေးခဲ့ကြတဲ့ အလှူရှင်များ၏ လှူဒါန်းရတဲ့အကျိုးအားကြောင့် အလှူရှင်မိသားစု ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာကြပါစေ အစာရေစာအမြဲပေါကြွယ်ဝကြပါစေလို့ PFM မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် 🙏🏻
2021ကနေ 2025 ဒီချိန်ထိ စစ်ဘေးရှောင်တွေတွက် သီးသန့် အနေနဲ့ တစိုက်မတ်မတ်ကူပေးလာခဲ့တဲ့ PFMဟာ အလှူငွေတွေကို သိန်းရာချီ၊ ထောင်ချီ အများကြီးရှာပေးနိုင်တဲ့ အသင်းတစ်သင်းမဟုတ်ပေးမယ့် အလှူရှင်များရဲ့ မေတ္တာကြောင့် စစ်ဘေးရှောင်တွေကိုတစ်ထောင့်တစ်နေရာကနေ ကူညီပေးနိုင်ခဲ့တဲ့တွက် အလှူရှင်များအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်🙏🏻❤️
PFMဟာ လူသားချင်စာနာတဲ့စိတ်နဲ့ ကချင်ပြည်နယ်က စစ်ဘေးရှောင်တွေတွက် နိုင်တဲ့ဘက်ကနေ ရှိသမျှအားနဲ့ စစ်ဘေးရှောင်တွေတွက်အကူညီတောင်းပေးနေတဲ့ သာမာန် အဖွဲ့အစည်းလေးဘဲဖြစ်ပါတယ်
ကချင်ပြည်နယ်ဟာ စစ်ဖြစ်တာ ဆယ်စုနှစ်ရှိနေပြီးဖြစ်တဲ့အလျောက် စစ်ဘေးရှောင်စခန်းတွေလည်း အများကြီးရှိသလို စစ်ရှောင်ဦးရေကလည်း မရေမတွက်နိုင်အောင်ရှိပါတယ်
ဒီလိုအမြဲစစ်နဲ့ထိတွေ့နေရပြီး စစ်ရှောင်ပြည်သူတွေ မြောက်မြားစွာရှိတဲ့ ပြည်နယ်မှာ ဒီသာမာန်အဖွဲ့အစည်းလေးက အစားအသောက်တွေလည်းဝေမျှပေးနိုင်၊ အသုံးအဆောင်ပစ္စည်းတွေလည်းဝေမျှပေးနိုင်၊ ဆေးဝါးတွေလည်းဝေမျှပေးနိုင်၊ ကလေးတွေရဲ့ ပညာမှာလည်းပါဝင်ပေးနိုင်၊ စာတွေလည်းသင်ပေးနိုင် တယ်ဆိုတာ အလှူရှင်တွေရဲ့ ကျေးဇူးကြောင့်ပါဘဲ🙏🏻
တစ်ခါတစ်လေ ခက်ခဲပင်ပန်းလို့ စိတ်ဓာတ်ကျရတဲ့အချိန်တိုင်း နောက်ကနေပြီး မရှိရှိတဲ့ ချွေးနည်းစားတွေကို ယုံယုံကြည်ကြည်နဲ့ ပါဝင်အားဖြည့်ပေးနေကြတဲ့ အလှူရှင်တွေရဲ့ ကျေးဇူးကြောင့် ကိုယ့်ပြည်နယ်ကစစ်ဘေးရှောင်တွေ အဆင်ပြေသွားရလို့သူတို့ပျော်နေတဲ့အပျော်တွေ၊ အလှူရှင်တွေရဲ့ အားစိုက်ထုတ်ပေးမှုတွေကိုကြည့်ပြီး မင်မင်တို့အနေနဲ့ အားပြန်ယူရတာပေါ့💪🏻❤️
မင်မင်တို့အနေနဲ့ အကူညီလာတောင်းတဲ့ Campတွေတွက် Campaign လေးတွေလုပ်ပေးပြီး လိုအပ်နေတာတွေအတွက် အလှူငွေလေးတွေရှာပေးနေတာဖြစ်ပါတယ်
လက်ရှိမှာလဲ Target amount 200 သတ်မှတ်ထားတဲ့
မိုင်းခေါင် campတွက် "နားခိုရာ"ဆိုတဲ့ Campaign လေးကိုလုပ်ပေးနေတာဖြစ်ပါတယ် လက်ရှိမှာ 44%ဘဲရှိပါတယ်🥺
https://www.facebook.com/share/p/17en1FbSKt/?mibextid=wwXIfr
ဒီ Campaign ဟာ PFM ရဲ့နောက်ဆုံး Campaign ဖြစ်ပါတယ်🥺 ဒီနောက်ဆုံး Campaign လေးကို 100%ကျော်တဲ့ထိ ပါဝင်ပေးသွားရအောင်နော်လို့ နှိုးဆော်ပါရစေရှင်🙏🏻❤️
ဒီ သေးငယ်တဲ့ သာမာန်အဖွဲ့အစည်းကို ကူညီပေးနေကြတဲ့ အလှူရှင်တိုင်း၊ promote လုပ်ပေးကြတဲ့ ဆရာ၊ ဆရာမတွေရော အားလုံးကို ကျေးဇူးအထူးများကြီးတင်ပါတယ်ရှင်🙏🏻
16/11/2025
စစ်ရှောင်ပြည်သူတွေရဲ့ တစ်နပ်စာ ၃၀၀၀ က အအေးတစ်ခွက်ဖိုးတောင်မရှိတဲ့ ပမာဏပါ🥺 ဒါမယ့် အဲ့၃၀၀၀ တွက်စိတ်ပင်ပန်းနေရရှာတဲ့ သူတို့တွက် မျှော်လင့်ချက်လေးတစ်ခုဖြစ်ပေးရအောင်နော်💪🏻❤️
ကူညီမှုသေးသေးလေးတွေက တန်းဖိုကြီးသလို၊ ဘဝတစ်ခု ပြန်ရှင်သန်နိုင်ဖို့ ခွန်းအားတွေလည်းဖြစ်စေတာမို့...ကျန်တဲ့ 56%ကိုလည်း အမြန်ပြည့်အောင် ဝိုင်းတွန်းပေးကြရအောင်နော်🙏🏻💪🏻❤️
မိုင်းခေါင်းဘက်က Campသစ်လည်းဖြစ်သလို အိမ်ထောင်စု 399 လူဦးရေ 1928 ရှိပါတယ် ဒီဘက်ကမှာ ကုန်စျေးနှုန်းက တခြားပြည်နယ်တွေထပ် ၂ဆလောက်စျေးကြီးပါတယ် Internet lineလည်းဖြတ်ခံထားရပြီ ph line ပါမရတဲ့နေရာပါ
တစ်ယောက်ချင်းစီရဲ့ လှူဒါန်းမှုတွေက ဒီလူသုံးထောင် ကျော်ရဲ့ တစ်နပ်စာတွက် မျှော်လင့်ချက်တွေဖြစ်လာမှာပါ🙏🏻❤️
Campaign Target ကတော့ သိန်း 200 ဖြစ်ပါတယ်
ပါဝင်လှူဒါန်းပေးမယ့် တစ်ပြားတစ်ချပ်ဆီတိုင်းဟာ တကယ်အစာရေစာရှားပါးနေတဲ့ သူတို့တွေအတွက် တစ်နေ့စာ တစ်နပ်စာကစလို့ အာဟာရဖြစ်စေမှာဖြစ်တဲ့အတွက် အာဟာရဒါနအလှူရော အင်မတန်လိုအပ်နေချိန်မှာလှူပေးလို့ ကာလဒါနအလှူအနေနဲ့ပါ ဖြစ်စေမှာဖြစ်ပါတယ်ရှင်🙏🏻
မေတ္တာတွေကို 🇲🇲🇺🇸🇸🇬🇹🇭🇯🇵 ကနေပြီး တိုက်ရိုက်ပို့ပေးနိုင်မှာဖြစ်ပါတယ်ရှင်
ပါဝင်ကူညီပေးချင်တယ်ဆိုရင်တော့ Page Messenger ကိုလာခဲ့ပါနော်🙆♀️❤️
12/11/2025
👋Hello Hello 😃
🔉စစ်ရှောင်ပြည်သူတွေတွက် PayPal နဲ့လည်းပါဝင်နိုင်ပြီဖြစ်ကြောင်း သတင်းကောင်းလေးလာပြောပြတာပါရှင်😍
အရင်က PayPal accမရှိလို့ မပါဝင်လိုက်ရသူများ Page Messenger မှာလာရောက် ပါဝင်နိုင်ပါပြီနော်🤭
Campမှာ လူတစ်ဦးတွက် တစ်နပ်စာကို 3,000နှုန်းနဲ့
ကျွေးဖြစ်ပါတယ်
အိမ်ထောင်စု399၊လူဦးရေ1928တွက် တစ်နပ်စာ သိန်း50ကျော်ကျပါတယ်
ဒါမယ့် ခုမင်မင်တို့လုပ်နေတဲ့ Campaign Target က သိန်း200ပါ။ အိမ်ထောင်စု 1စုတွက် 50,000နှုန်းနဲ့ Campaign လုပ်ပေးနေပါတယ်
ဆန်6ပြည်တစ်အိတ်ရယ်၊ ကုန်ခြောက်အနည်းငယ်တွက် 50,000 နှုန်းနဲ့ Campaign လုပ်ထားတာဖြစ်ပါတယ်
သိန်း၂၀၀ပြည့်တာနဲ့ campaign ရပ်မှာဖြစ်ပေးမယ့် လက်ရှိချိန်ထိ ၄၂% ဘဲရနေသေးတာမို့ နည်းများမဆို ပါဝင်ပေးနိုင်
ပါကြောင်း ထပ်ပြီး လှုံ့ဆော်ပါရစေရှင်🙏🏻
စစ်ရှောင်ပြည်သူတွေရဲ့ တစ်နပ်စာ ၃၀၀၀ က အအေးတစ်ခွက်ဖိုးတောင်မရှိတဲ့ ပမာဏပါ🥺 ဒါမယ့် အဲ့၃၀၀၀ တွက်စိတ်ပင်ပန်းနေရရှာတဲ့ သူတို့တွက် မျှော်လင့်ချက်လေးတစ်ခုဖြစ်ပေးရအောင်နော်💪🏻❤️
ပါဝင်လှူဒါန်းပေးမယ့် တစ်ပြားတစ်ချပ်ဆီတိုင်းဟာ တကယ်အစာရေစာရှားပါးနေတဲ့ သူတို့တွေအတွက် တစ်နေ့စာ တစ်နပ်စာကစလို့ အာဟာရဖြစ်စေမှာဖြစ်တဲ့အတွက် အာဟာရဒါနအလှူရော အင်မတန်လိုအပ်နေချိန်မှာလှူပေးလို့ ကာလဒါနအလှူအနေနဲ့ပါ ဖြစ်စေမှာဖြစ်ပါတယ်ရှင်🙏🏻
ပါဝင်လှူဒါန်းပေးချင်ရင်တော့ page messenger ကနေလာ ပြောလို့ရပါတယ်ရှင်🙏🏻❤️
04/11/2025
41%ထိဘဲရှိသေးတဲ့ စစ်ရှောင်ပြည်သူတွေရဲ့မျှော်လင့်ချက် 🥺🙏🏻
ထမင်းကြမ်းလေးနဲ့ ဆားနဲ့စားရရင်တောင် သူတို့တွက်တော့ အဖိုးတန်တဲ့ တစ်နပ်စာဖြစ်နေပါပြီ ဒါတောင် မလောက်ငှလို့ လောက်ငှအောင် ဆန်ပြုတ်ကိုတောင် အရည်ကြဲကြဲနဲ့ချက်စားရတဲ့ နေ့ရက်တွေလည်းရှိနေတဲ့ သူတို့တွက် Shigbyi shara (နားခိုးရာ) ဆိုတဲ့ campaign လေးကိုလုပ်ထားပါတယ်ရှင်
မိုင်းခေါင်းဘက်က Campသစ်လည်းဖြစ်သလို အိမ်ထောင်စု 399 လူဦးရေ 1928 ရှိပါတယ် ဒီဘက်ကမှာ ကုန်စျေးနှုန်းက တခြားပြည်နယ်တွေထပ် ၂ဆလောက်စျေးကြီးပါတယ် Internet lineလည်းဖြတ်ခံထားရပြီ ph line ပါမရတဲ့နေရာပါ
တစ်ယောက်ချင်းစီရဲ့ လှူဒါန်းမှုတွေက ဒီလူသုံးထောင် ကျော်ရဲ့ တစ်နပ်စာတွက် မျှော်လင့်ချက်တွေဖြစ်လာမှာပါ🙏🏻❤️
ကူညီမှုသေးသေးလေးတွေက တန်းဖိုကြီးသလို၊ နွေးထွေးမှုတွေပေးနိုင်သလို၊ ဘဝတစ်ခု ပြန်ရှင်သန်နိုင်ဖို့ ခွန်းအားတွေလည်းဖြစ်စေတာမို့...ကျန်တဲ့ 59% ကိုလည်း အမြန်ပြည့်အောင် ဝိုင်းတွန်းပေးကြရအောင်နော်🙏🏻💪🏻❤️
Campaign Target ကတော့ သိန်း 200 ဖြစ်ပါတယ်
မေတ္တာတွေကို 🇲🇲🇺🇸🇸🇬🇹🇭🇯🇵 ကနေပြီး တိုက်ရိုက်ပို့ပေးနိုင်မှာဖြစ်ပါတယ်ရှင်
ပါဝင်ကူညီပေးချင်တယ်ဆိုရင်တော့ Page Messenger ကိုလာခဲ့ပါနော်🙆♀️❤️
01/11/2025
အစာတစ်နပ်တောင် မလွယ်တဲ့ဘဝတွေတွက် ကျွန်တော်တို့ရဲ့ အကူညီ သေးသေးလေးက သူတို့ကို အသက်ဆက်ရှင်သန်နိုင်စေတဲ့ အလင်းတန်းတစ်ခုစေတာမို့ နိုင်တဲ့ဘက်ကနေပါဝင်ပေးကြရအောင်လို့ ထပ်ပြီးတိုက်တွန်းပါရစေ🙏🏻❤️
တစ်နပ်စာအတွက် စိတ်ပူပန်နေရတဲ့သူတို့တွေအတွက် မျှော်လင့်ချက်လေးဖြစ်ပေးကြရအောင်နော်
Campaign Target ကတော့ သိန်း 200 ဖြစ်ပါတယ်
🇲🇲🇺🇸🇸🇬🇹🇭🇯🇵 ကနေပြီး တိုက်ရိုက်ပါဝင်နိုင်မှာဖြစ်ပါတယ်
ပါဝင်ကူညီပေးချင်ရင်တော့ page messenger ကိုလာ hi ခဲ့လိုက်ပါနော် 🙏🏻❤️
Campaignတွက် တစ်ပတ်လုံးနေမှ
တစ်ယောက်ဘဲရောက်လာသောအခါ💔
မန့်ကpostလေးကိုကူပြီး shareပေးကြပါအုံးနော်🙏🏻🥺
19/10/2025
စစ်ရှောင်ပြည်သူတွေအတွက် မျှော်လင့်ချက် 41% ထိပြည့်လာပါပြီ🙆♀️❤️
တစ်ယောက်ချင်းစီရဲ့ လှူဒါန်းမှုတွေကနေ လူသုံးထောင် ကျော်ရဲ့ တစ်နပ်စာတွက် မျှော်လင့်ချက်တွေက တဖြည်း ဖြည်းနဲ့ဖြစ်လာနေပါပြီ🙏🏻
ကူညီမှုသေးသေးလေးတွေက တန်းဖိုကြီးသလို၊ နွေးထွေးမှုတွေပေးနိုင်သလို၊ ဘဝတစ်ခု ပြန်ရှင်သန်နိုင်ဖို့ ခွန်းအားတွေလည်းဖြစ်စေတာမို့...ကျန်တဲ့ 59% ကိုလည်း အမြန်ပြည့်အောင် ဝိုင်းတွန်းပေးကြရအောင်နော်🙏🏻💪🏻❤️
မေတ္တာတွေကို 🇲🇲🇺🇸🇸🇬🇹🇭🇯🇵 ကနေပြီး တိုက်ရိုက်ပို့ပေးနိုင်မှာဖြစ်ပါတယ်ရှင်
ပါဝင်ကူညီပေးချင်တယ်ဆိုရင်တော့ Page Messenger ကိုလာခဲ့ပါနော်🙆♀️❤️
ဒီအပတ်ထဲ Messenger က တိတ်ဆိတ်🥺 Post Reach တွေကကျ ဖြစ်နေသောအခါ..နိုင်တဲ့ဘက်ကနေ မန့်ထဲက postကိုRCS လုပ်ကူပေးပါအုံးနော်🙏🏻
အမြဲမုန့်ဖိုးတွေစုပြီး လာလှူနေကြ မောင်နှမ သုံးယောက်ရဲ့အလှူလေးပေါ့ရှင် အသက်ရွယ်နဲ့မလိုက်အရမ်းကိုသိတတ် လိမ္မာတဲ့ ကလေးတွေပါ💕
ဒီတစ်ခေါက်မှာလည်း သက်ကြီးရွယ်အိုးနေ့ဆိုပြီး တင်ထားတဲ့postကိုတွေတော့ အဖိုးအဖွားတွေတွက်ဆိုပြီး မွေးနေ့အလှူကို သုံးယောက်သားစုထားတဲ့မုန့်ဖိုးတွေနဲ့ လာလှူကြတယ်🥺❤️
December ကြရင် ထပ်လှူဖို့ဆိုပြီး မုန့်ဖိုးလေးတွေထပ်စုနေကြပါပြီတဲ့ 🥺 အရမ်းကိုမှ ရင်ထဲထိရပါတယ် 💘
ငယ်ငယ်ရွယ်ရွယ်နဲ့ သူတို့လုပ်နိုင်တဲ့ဘက်ကနေကြိုးစားပေးကြတာကိုကြည့်ပြီး မင်မင်တို့လည်း စိတ်ခွန်းအားတွေများကြီးရပါတယ်💪🏻
ကလေးတွေတွက် ဘိုးဘိုးက ဆုတောင်းပေးနေတာပါ🙏🏻
12/10/2025
🍚ဆန်ပြုတ်တစ်ခွက်က ကျွန်တော်တို့တွက် သာမာန်စားစရာတစ်ခုဆိုပေးမယ့် စစ်ရှောင်ပြည်သူတွေတွက်တော့စားစရာမရှိတဲ့ချိန် အသက်ဆက်ဖို့ ခွန်းအားပေးနိုင်တဲ့
တန်းဖိုရှိတဲ့ အစာတစ်ခွက်ဖြစ်ပါတယ်
အစားအသောက်တွက် ဒုက္ခရောက်နေကြတဲ့ စစ်ရှောင်ပြည်သူတွေတွက် အနည်းငယ်ပါဝင်ပေးခြင်းက တန်းဖိုကြီးတဲ့ မေတ္တာတစ်ခု၊ အသက်ကယ်ပေးနိုင်တဲ့ ကူညီမှုတစ်ခုဖြစ်စေနိုင်ပါတယ်❤️
ကလေးတစ်ယောက်ရဲ့ ဗိုက်ဆာမှုကို သက်သာစေဖို့
မိခင်တစ်ယောက်ရဲ့ စိုးရိမ်ပူပန်မှုကို သက်သာစေဖို့
မျှော်လင့်ချက်မဲ့နေတဲ့သူတွေကို အလင်းတစ်ခုဖြစ်စေဖို့
မျှော်လင့်ချက်တွေနဲ့အတူ နွေးထွေးမှုတွေကို မျှဝေပေးကြရအောင်နော် 🙏🏻
ကျွန်တော်တို့ရဲ့ အနည်းငယ်သော ပါဝင်လှူဒါန်းပေးခြင်းက
တစ်နပ်စာတွက် ပူပန်နေရတဲ့ သူတို့တွက်တော့ အဖိုးမဖြတ်
နိုင်တဲ့ အရာမို့ အာဟာရဒါန အလှူရော ကာလဒါနအလှူအနေနဲ့ပါဖြစ်စေမှာမို့ ပါဝင်ပေးကြဖို့ ဖိတ်ခေါ်လိုက်ရပါ
တယ်❤️🙏🏻
ဒီ "နားခိုရာ" Campaign Target ကိုတော့ သိန်း နှစ်ရာ သတ်မှတ်ထားပြီး Target ပြည့်တာနဲ့ ရပ်မှာဖြစ်ပါတယ်ရှင် စေတနာရှိသလောက် ဘယ်လောက်ကနေမဆို ပါဝင်နိုင်ပါတယ်ရှင်🙏🏻
🇲🇲🇺🇸🇸🇬🇹🇭🇯🇵 ကနေပြီး တိုက်ရိုက်ပါဝင်နိုင်မှာဖြစ်ပါတယ်ရှင်
ချစ်ခြင်းမေတ္တာတွေ ဝေမျှပေးချင်တယ်ဆိုရင် Page messenger ကိုလာ Hi လို့ရပါတယ်ရှင်🙆♀️💕
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
Bangkok