End Game - Union Multiplayer
This game is developed as historical events happening in Myanmar. Let's come and join with us .In th
02/10/2025
ဒီရက်ပိုင်း လှည်းတန်းမဟုတ်တဲ့ Map နဲ့ Update တစ်ခု ထုတ်ပြီး ပြန် စကြပါမယ်။ နောက်ကွယ်က ကြငြ control ဖို့ ပြင်စရာရှိတာလေးတွေတော့ ပြင်ထားပါပြီ။
လှည်းတန်း Map က အထဲက ကြော်ငြာဆိုင်းဘုတ်တွေက policy လွတ်အောင် နည်းနည်းပြင်ဖို့ လိုနေသေးလို့။
Login System နဲ့ပတ်သတ်ပြီး မှတ်မိအောင်ရော ပိုအဆင်ပြေအောင်ရောက Login with Fb Login with google တို့ ပြန်ထည့်ထားပေးပါတယ်။
( iOS ဆို login with Apple id ရော ပေါ့)
သေနတ်သစ်လေးတွေနဲ့ တခြား adjustment လေးတွေ ပါပြီး Ads ပြမဲ့ စနစ်ပုံလေး ပြောင်းထားပါတယ်။
Tester game တွေနဲ့ ပတ်သတ်ပြီးလည်း Internal testing ကာလကို ဖြတ်ကျော်ပြီးပြီမို့ စမ်းပေးတာ ခဏရပ်လို့ရပါပြီ။ ( အသစ်လေးတွေ စမ်းဖို့က ထပ်ကြေညာပေးပါမယ်။)
EG ကတော့ Android ရော iOS ရောတူတူ ထွက်အောင်လို့ ဒီရက်ထဲခဏလေး စောင့်ပေးကြပါနော်
အကိုရေ .....
23/09/2025
မနက်က Daily limit ပြည့်လို့ invite မလုပ်ရသေးတဲ့သူတွေကို ထပ် invite ပေးလိုက်ပါပြီဗျ။
ဝိုင်းကူညီပေးကြတာ ကျေးဇူးပါ
ပြန်ဝင်ကြည့်ရင် Link တွေ မြင်ရပါလိမ့်မယ်။
ဒီရက်ပိုင်းလေးတော့ အပန်းမကြီးရင် အချိန်လေး ခဏ လျှောက်ဝင်ကြည့်ပေးပါဦးဗျ။
ကြငြတွေ မပါပေမဲ့ 14 ရက် ဖြတ်တဲ့ အဆင့်လေးမှာ
ဝိုင်းစမ်း ဝိုင်းဝင်ပေးခြင်းအားဖြင့် အကောင့်သစ် production Access ရဖို့ ဂူဂူက review လုပ်တဲ့အခါ
အမှတ်ပေးပါတယ်။
Form ဖြည့်ပြီးတာတောင် မရသေးရင် အောက်က QR ဖတ်ရင်ပေါ်တဲ့ Form မှာပါတဲ့ telegram
အကောင့်ကို လာပြောနိုင်ပါတယ်။
မနက်က Tester ဖောင်ဖြည့်ထားတဲ့ သူတွေ
Game 6 ခု လျှောက်စမ်းပေးလို့ ရပါပြီဗျ။
ဒီ 6ရက်လောက်အတွင်း မကြာမကြာလေး ဝင်စမ်းပေးပါ။ ကျနော်တို့ ဆက်လုပ်မဲ့ဟာတွေအတွက် အကောင့်သစ်တွေ လိုလို့ ကူပေးကြပါဦး။
ဂိမ်းက ကြငြရှင်အကြီးစား တစ်ဦးရဲ့ Reply ကို စောင့်နေရင်းဗွီပီအန် စစ်ပေးတဲ့ဟာလေးနဲ့
Ads control system လေး ထပ်လုပ်နေပါတယ်။
ဒီရက်ပိုင်း ကူပေးချင်ရင် Tester ကိစ္စလေး ပါဝင်ပေးကြပါဦးဗျ။ ဂိမ်းကို ဒီတိုင်းမထုတ်ပဲ လူများနေချိန် ကြော်ငြာနဲ့ ပလေယာတွေ ဝေဝေဆာဆာဖြစ်နေမှ ပင်ပန်းရကျိုးတန်အောင် ဆက်သွားနေပါတယ်ဗျ။
Install ဖို့ Scan မရရင် ကောမန့်ကနေ ယူပါ။
22/09/2025
Public ကို အကူညီလေး တစ်ခုတောင်းချင်ပါတယ်။
ဒါက ကျတော်တို့ တစ်ခါပြောဖူးတဲ့ Tester အကူအညီလေးပါ။
အဓိကကတော့ ကျနော်တို့ ဒဗလော်ဘာအကောင့်သစ်တွေ လုပ်နေတာပါ။ အကောင့်သစ်တွေမှာ အက်ပ်တင်ချင်ရင် ပထမဆုံးအကြိမ်ဆို ဒီတိုင်းတင်လို့ မရတော့ပဲ ကိုယ့်လူနဲ့ ကိုယ် စမ်းရတဲ့ အဆင့်ကို
၁၄ရက် ဖြတ်ရပါတယ်။ အဲ့ရက်တွေအတွင်း ဝင်စမ်းပေးတဲ့နှုန်းနဲ့ အနေအထားကို သဘောကျမှ Production ပေးတင်တာပါ။
အဲ့တော့ ကျတော်တို့ကို ကူညီချင်ရင် အောက်ကQR လေးကို scan ပြီးပဲ ဖြစ်ဖြစ် ၊ ကောမန့်က လင့်ခ်ကနေဖြစ်ဖြစ် form ဖြည့်ပြီး Tester အနေနဲ့ ဝင်ရောက်ကူညီပေးနိုင်ပါတယ်။
အပန်းသိပ်မကြီးတဲ့ အလုပ်လေးဆိုရင်တော့
တစ်ရက်တစ်ခါ ၂ ရက် တစ်ခါလောက်ဖြစ်ဖြစ် ဝင်ပြီး ပေါ့ပေါ့ပါးပါးပဲစမ်းပေးဖို့ အကူညီတောင်းချင်ပါတယ်။
ဂူဂဲ Gemini pro ယူဖို့အတွက်
ဖြည့်စရာ ကတ်မရှိလို့ နောက်ဆုံးမှာတစ်နေတဲ့သူ တွေ ကောမန့်မှာ ပေးထားတာလေး ဖြည့်လို့ရပါတယ်။
Name နေရာမှာ သူ့နဂိုပေါ်တဲ့အတိုင်းထားပါ
ပြောင်းစရာမလိုပါဖူး
ဇစ်ကုတ် နေရာမှာတော့ ကိုယ်ချိတ်ခဲ့တဲ့ vPπ region ရဲ့ ဇစ်ကုတ်ကိုဖြည့်ပါ ဥပမာ ကိုယ်က ယူအက် Miami ကို ချိတ်ထားတယ်ဆို Miami ရဲ့ ဇစ်ကုတ်တစ်ခုခုကို သွားရှာပြီးထည့်ပါ။
ကိုယ့် vPπ က ဘယ်ကိုချိတ်လဲမသိရင်တော့
ကောမန့်မှာ ပြတဲ့ site ရနေ စစ်နိုင်ပါတယ်။
နောက်ဆုံးကတ်ဖြည့်တဲ့ အဆင့်မှာတစ်နေရင်
အောက်ကနံပါတ်ကို အင်းဂလိတ်လို ရိုက်ထည့်ပါ။
20/09/2025
" အရင်းအမြစ်များ "
ဒီရက်ပိုင်းနှစ်တွေက အစပိုင်းတွေထက် ပိုခက်လာတယ်။
ခက်ဆို အားလုံးမှာ Resource အရင်းအမြစ်တွေလည်း ကုန်ခမ်းလာကြတာလည်းအသိသာပါပဲ။
စစ်ဖြစ်လို့ တိုင်းပြည်နာတယ်။ စစ်ကြောင့် အရင်းအမြစ်တွေ ပြုန်းတီးနေရတာဆိုပြီး ပြောကြတဲ့ စကားတွေလည်း ရှိမှာပါ။
ကျနော်တို့ တလရဟာလည်း လူသား အရင်းအမြစ်တွေနဲ့ပဲ လည်ပတ်ရတာပါ။
Viva la Revolution ဖြစ်နေဖို့ဆိုရင် အဓိက အရင်းအမြစ်ကြီး ၃ ခု အနေနဲ့
နံပါတ်တစ် - စစ်နိုင်ဖို့ အထောက်အကူပြုမဲ့ လူသားအရင်းအမြစ် ရှိနေဖို့
နံပါတ်နှစ်က သူတို့ကို လည်ပတ်ကြီးထွားလာဖို့ Budget အရင်းအမြစ်
တတိယတစ်ခုကတော့ အပေါ်၂ ခုကို ဖန်တီးထောက်ခံပေးမဲ့ လူထုပေါ့။
အကြမ်းဖျင်းပြောရရင်
လုပ်မဲ့သူရှိလား
ကျွေးဖို့လည်ဖို့ ပိုက်ဆံရှိလား
ထောက်ခံအားပေးမဲ့သူရှိလား ပေါ့
အပေါ်၃ခုက တစ်ခုနဲ့ တစ်ခု မှီခိုနေကြတဲ့အရင်းအမြစ်တွေပါ။
တလရဟာ လူထုထောက်ခံမှုကြောင့်ပဲ ပြည်သူကနေ တလရ စစ်သား အသွင်း အားလုံး ပြောင်းခဲ့ကြတာပါ။
နောက်အရင်းအမြစ်တစ်ကဏ္ဍ ဖြစ်တဲ့ Budget ကဏ္ဍကလည်း ထောက်ခံသူ လူထုဆီကပဲ ဖြေရှင်းနေရတာပါပဲ။
လူထုဆိုတာမှာလည်း တလရ မရှိတော့ရင်
ဖိနှိပ်မှုတို့ကို လွန်ဆန်နိုင်မဲ့ အင်အား သူတို့ကို မပေးနိုင်တော့ရင် တစ်ဘက်ကို မပြောင်းတောင်
ထောက်ခံသူ အရင်းအမြစ်နေရာကနေ အင်အားလျော့လာကြပါတယ်။
ဆိုတော့
အပေါ်က ပြောတဲ့အတိုင်း စစ်ဖြစ်ရင် တိုင်းပြည် နာတယ် resource ကုန်တယ်ဆိုတာ မှန်တာပေါ့
ကုန်ထုတ်လုပ်မှု ပညာရေး စီးပွါးရေး ကျန်းမာရေး
လူမှုရေး စာရိတ္တ စသဖြင်် အစုံပေါ့။
ကုန်ထုတ်မှု တစ်ခုခုလုပ်နေရမဲ့ လူတွေက စစ်တိုက်နေတော့ တိုင်းပြည်က မတိုးတက်ဖူးပြောတာကျ
သူတို့ပြောမှတော့ ထူးဆန်းနေတာတော့ မဟုတ်ဖူးပေါ့။
ခုစစ်တပ်ဘက်က ခပ်စိပ်စိပ်လုပ်လာကြတဲ့ ဝါဒဖြန့်မှုကတော့ ဒီလို တိုင်းပြည် Resource တွေ ကဏ္ဍစုံ ပြုံးတီးနေရတာ တလရလုပ်ပါတဲ့ ဆိုတဲ့ကောင်တွေကြောင့် သူပုန်ကောင်တွေကြောင့်လို့ အဓိက ဝါဒဖြန့်တာများလာတာ တွေ့ရတယ်။
ပြီးတော့ တလရ အင်အားစုဘက်မှာလည်း
အရှေ့မှာလဲ ပွဲအလီလီနဲ့ အချင်းချင်း ပွတ်တိုက််မှုက ကိုယ့်ချင်း စိတ်ဓာတ်အင်အား ပြုန်းတီးစေပါတယ်။
ဒီနေရာမှာတင် တလရ အင်အားစုကမဟုတ်ပဲကို
ကြားနေနဲ့ ဘောမရပ်ကွက် ရပ်ကွက်က ဝင်လောင်းသွားကြတဲ့ ဆွမ်းကြီးတွေလည်း မြင်ရပါတယ်။
ဒီနေရာမှာ ပြောချင်တာက ကျနော်တို့ တလရမှာ ရှိတဲ့ အရင်းအမြစ်တွေက အကန့်အသတ်နဲ့ပါ။
ရှိတဲ့သူတွေ ရှိတဲ့အရာတွေနဲ့ပဲ ဖြစ်အောင်လုပ်ရတဲ့ အကန့်အသတ်ပေါ့။ အရင်းအမြစ်အချင်းချင်း
ပိုကောင်းအောင် ပြုပြင်နိုင်ပါတယ်။ အလုပ်ပိုဖြစ်အောင် ကြီးထွားအောင် လမ်းပြပေးနိုင်ပါတယ်။
အဲ့တာကြောင့် အဆိုးဘက်ကြီး မသွားနေသရွေ့
ကိုယ့်ရှိတဲ့ တလရ အသိုင်းအဝန်းက
လူသားအရင်းအမြစ် အချင်းချင်း တန်ဖိုးထားပြီး
အားပေး လက်တွဲကူပြီး ရှေ့ဆက်ကြမယ်လေနော် …
18/09/2025
ဒီရှေ့ရက်က တင်တဲ့ video လေးက Reach တက်သွားလို့လားမသိ ခုနကတင် ဖွဖုတ်ကနေ
ကွန်းတန့်Monetization လေး ပေးလာပါတယ်။
Game အတွက်လည်း ဂူဂူလို ပိုက်ဆံပေးမဲ့ ကြငြရှင်ကြီးများကွန်ရက်သစ်တွေ ချိတ်ဖို့ ready တော့ဖြစ်ပါပြီ။
Game Update လေး စောင့်ပေးကြပါဦးနော်။
ဝင်နိုင်သမျှ များများဝင်အောင်တော့ အက်မင့်ဘက်က နေရာချထားပေးနေပါတယ်။ ဝိုင်းဝန်း ဝုန်းဖို့ စောင့်နေသူအားလုံးအတွက်လည်း ကြိုးစားလုပ်ပေးနေပါတယ်လို့ညော်.....
ဒီတခါများများလေးနဲ့ အတည်တကျလေး ဖြစ်သွားစေချင်လို့ သေချာအောင်လေး ကြငြကိစ္စ ထည့်ဖို့လိုတာ ထပ်ထည့်နေတာပါ။
( Gemini AI Pro ယူဖို့ card အခက်ခဲဖြစ်နေတဲ့သူတွေလည်း လာပြောပေးကြပါ။ ဖြည့်ဖို့ ကူညီပေးပါမယ်။ )
ဒီ video မှာတော့ Google Gemini Pro ကို တစ်နှစ်စာ အလကား ဘယ်လိုရနိုင်မလဲ?
Link က ကော့မန့်မှာ ကြည့်ပေးပါ။
ဒါမျိုး content လေးတွေလည်း နောက်ကျ တင်ဖြစ်ပါမယ်။
အားလုံး အကူညီလေးတောင်းချင်ပါတယ်။
" နှောင်ကြိုးမှတပါး ဆုံးရှုံးစရာ မရှိ" ဆိုတဲ့
တံတားပေါ်ကနေ ထောင်လိုက် ချိတ်ထားတဲ့ ပုံလေးများ ဓာတ်ပုံလေးတွေ ရှိရင် မျှကြပါဦး။ အထဲမှာ Banner တွေ လိုက်ချိတ်ချင်လို့
10/09/2025
ဘာညာ အသစ်ပေါ့
05/09/2025
July လက 20-31 အတွင်း ရတဲ့SGD200 ဟာလေးတော့ ထုတ်လို့ရပါပြီဗျာ။
ကျနော်တို့ 70 % ထောက်ပို့ပြီး 30 % ကို ဂိမ်းလည်ပတ်ရေးအတွက် ပြန်ထည့်မယ်လို့ ထုတ်ပြန်ခဲ့ပေမဲ့ ခု အမောင့်က ပြန်ပို့လည်း သိပ်မထိရောက်နိုင်သေးတဲ့ amount မလို့ ကျနော်တို့ လည်ပတ်ရေးအတွက်ပဲ ဒီ SGD 200 လုံး ပြန်သုံးထားပါဦးမယ်။
သတင်းကောင်းလေးနဲ့ သတင်းမဆိုးတဆိုးလေးတော့ ရှိပါတယ်။
သတင်းကောင်းလေးကတော့ ဂူဂူစိတ်ဆိုး ပြန်ပြေကာ လစ်မစ် လုပ်ထားတာလေးတွေ ပြန်ဖြုတ်ပေးလိုက်ပါပြီဆိုတာလေးပါ။
( တကယ်က ရှေ့လ ၁၉ ရက်နေ့လောက်ကစပြီး
ဂူဂူကြငြ traffic လုံးလုံး မပေးတဲ့နည်းလေး စမ်းကြည့်တာ မနေ့ကတင် အကောင့်လေးက လစ်မစ်ထိတာ ပြန်ပျောက်ပြီး ပြန်စိမ်းသွားပါပြီ။)
Aug လမှာလည်း ကြငြက အကန့်သတ်နဲ့ လစ်မစ်ထိတယ်သာဆိုပေမဲ့ လုံးဝ ကြငြ မပြတာမျိုးကြီးတော့ မဟုတ်ပဲ (၁ ရက်နေ့ကနေ ၁၈ ရက်နေ့ထိ) 80 SGD လောက်တော့ ဝင်နေခဲ့ပါသေးတယ်။
ခုလာမဲ့ Update မှာတော့
နောက်ခါ ခုလို ထပ်မဖြစ်အောင် ဂူဂူတမျိုးတည်းမဟုတ်ပဲ တခြားပန်းပွင့်စေမဲ့ လုပ်ငန်းရှင်များနဲ့ ဆက်လက်ချိတ်ဆက်ထားပြီး ဖြစ်ပါတယ်။
( ဒါမဲ့ Update လေး Play Store App Store တက်တာ စောင့်ဖို့လိုပါသေးတယ်။ ခု store မှာတက်နေတဲ့version မှာတော့ အကုန် ခဏဖြုတ်ထားတာမို့ ကြငြ မတက်နေသေးတာပါဖူး။)
သတင်းဆိုးလေးကတော့ အက်မင့်ရဲ့ ၃ နှစ်ခွဲတာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ရဲဘော် မက်ဘုတ်လေးဟာဆိုရင်ဖြင့် Display ရော Jack port ရော ထိနေတာကြောင့် ခုဆိုရင် တာဝန်မထမ်းဆောင်နိုင်တော့တဲ့ အခြေအနေကို ရောက်ရှိနေပါတယ်။
ဒီရက်ပိုင်းထဲ ပစ္စည်းလေး ရောက်ဖို့ရှိလို့ ဖြုတ်လဲတာလေးပြီးရင်တော့ပြန်ကောင်းမကောင်းသိရမှာပါ။
ဒါကြားထဲ Studio ရဲ့ တိုးတက်မှု အနေနဲ့တော့
ကျနော်တို့ ပလေယာ game data တွေအတွက် host ဖို့ Server/ Cloud Resource တော်တော်များများကို
Program တခုက ရထားတာ ရှိပါတယ်။
( အတိကျတော့ လုံခြုံရေးအရ ထုတ်မပြောတော့ပါ။)
ကျနော်တို့ခု အစမ်း Launch တဲ့ ကာလမှာတော့ လိုအပ်တာတွေ ထပ်ဖြည့်တာရော ဆောင်ရန် ရှောင်ရန်လေးတွေရော ထပ်သိခဲ့ရပါတယ်။ ဆက်သွားဖို့ အများကြီး လုံလောက်ပါတယ်။
နောက် Update တွေမှာတော့ ဒီထက် အငြိမ် ပို farm နိုင်အောင် လုပ်ပြီး ပြန်ဝိုက်ကြပါမယ်ဗျာ။
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
Bangkok Noi