Coach May live expert
ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Coach May live expert, ครีเอเตอร์ดิจิทัล, Bang Rak.
15/05/2022
သူတစ်ပါး ကျေနပ်ဖို့
ကိုယ့်စိတ်ကို မစတေးပါနဲ့။
ကိုယ့်ကိုယ်ကိုယ်
ကျေနပ်ဖို့ ကြိုးစားပါ။
သူတစ်ပါး ငြိုငြင်မှာ မကြောက်ပါနဲ့။
ကိုယ့်ကိုယ်ကိုယ် လေးစားဖို့
အရေးကြီးပါတယ်။
သူတစ်ပါးက ကိုယ့်ဘဝကို မဖန်တီးပါစေနဲ့။
ကိုယ့်ဘဝကို ကိုယ့်မူပိုင်ဟန်ပုံစံအတိုင်းပဲ
ထုဆစ်ဖန်တီးပါ။
ကိုယ့်ရဲ့ ပျော်ရွှင်မှုဟာ
ကိုယ့်လက်ထဲမှာပဲ အသေချာဆုံးပါ။ ။
aye😊😊😊
07/05/2022
" စိတ်ဓါတ်ကျတိုင်း အမြဲဖတ်ဖို့ "
ပြုံးပြနိုင်ဖို့ အတွက်
ဝမ်းနည်းခြင်းတွေ ဟန်ဆောင်ခဲ့ရတာလည်း ရှိမယ်။
ခွင့်လွှတ်တတ်ဖို့ အတွက်
သည်းခံစိတ်တွေ မွေးမြူးခဲ့ရတာလည်း ရှိမယ်။
နားလည်းပေးနိုင်ဖို့ အတွက်
ဒေါသတွေ ဖြေလျော့ခဲ့ရတာလည်း ရှိမယ်။
ခံနိုင်ရည်ရှိဖို့ အတွက်
ထိုးနှက်ခဲ့တဲ့ လောကဓံဆိုးတွေကြောင့်
နာကျင်ခဲ့ရတာလည်း ရှိမယ်။
အဆင်ပြေဖို့ အတွက်
ဖြစ်ချင်တာတွေ လက်လျော့ခဲ့ရတာလည်း ရှိမယ်။
ရင်ဆိုင်ရဲဖို့ အတွက်
စိန်ခေါ်နေတဲ့ ပြဿနာတွေရဲ့
လှောင်ပြောင်ခံခဲ့ရတာလည်း ရှိမယ်။
သတိရွိဖို့ အတွက်
ဆုံးရှုံးကြတဲ့ အခွင့်အရေးတွေ
နောက်တစ်ကြိမ် ပြန်မရတော့တာလည်း ရှိမယ်။
အောင်မြင်မှုရဖို့ အတွက်
ကြိုးစားမှုနဲ့အတူ အချိန်တွေ ရင်းနှီးခဲ့ရတာလည်း ရှိမယ်။
နေတတ်ဖို့ အတွက်
ဆန္ဒတွေကို လူသိမခံ မျိုသိပ်ခဲ့ရတာလည်း ရှိမယ်။
စိတ်တည်ငြိမ်ဖို့ အတွက်
ဖြစ်ပျက်ခဲ့တဲ့ အတွေ့အကြုံတွေကို
အသိဉာဏ်နဲ့ ချိန်ဆခဲ့ရတာလည်း ရှိမယ်။
ကိုယ် ဒုက္ခရောက်နေတဲ့အချိန်၊ ဝမ်းနည်းနေတဲ့အချိန်
အကူအညီမဲ့နေတဲ့ အခါ၊ အားပေးမယ့်သူ မရွိတဲ့အခါ
ငိုချင်ရင် ငိုချလိုက်ပါ။
ဒါပေမယ့် ငိုပြီးရင်တော့
ပြန်ပြီး နိုးကြားတက်ကြွရမယ်။
ဘာလို့လဲဆိုတော့လဲကျတိုင်းသာ ပြန်မထကြရင်
လူဆိုတာ တွားသွားသတ္တဝါတွေ ဖြစ်သွားမှာမို့လို့ပါ။
စိတ်ခွန်အားလေးရရှိပါစေနော်💪💪💪
04/05/2022
လေ့လာသင်ယူဖို့ အချိန်မရှိဘူးး မအားဘူးး❌❌
တုံးနေတဲ့ ပုဆိန်တစ်လက်နဲ့ သစ်ပင် ခုတ်ဖြတ်နေသရွေ့
အချိန်မှီ ရောင်းနိုင်မှာ မဟုတ်ဘူး။
ပုဆိန်သွေးဖို့ အချိန်တချိန် ဆိုတာ ထားရတယ်✅✅
အားတယ် မအားဘူးဆိုတာ ဦးစားပေးမှုနဲ့ ဆိုင်တယ်📌
လိုချင်တဲ့ စိတ် ပြင်းပြမှုနဲ့ ဆိုင်တယ်📌
တိုးတက်ချင်တယ် ပြောပြီး လေ့လာသင်ယူမှုကို အချိန်မပေးနိုင်ရင်
တိုးတက်မှုက ထင်သလောက် မရောက်နိုင်ဘူးး။
ပုဆိန်သွေးဖို့ အချိန်တချိန်တော့ ပေးပါ⏰⏰
စိတ်ခွန်အားရပါစေနော်💪ပို့aye
02/05/2022
လူတစ်ယောက်က ဘယ်လောက်ပင် တော်နေပါစေ မာန်မာနရှိနေရင် အရည်အချင်းရှိသလောက် မအောင်မြင်ဘူး.. 💯
အောင်မြင်မှုဆိုတာ တော်ခြင်း တတ်ခြင်း သိခြင်းတရား နဲ့မသက်ဆိုင်ဘူး.. မိမိကိုယ်ကိုအမြဲနှိမ့်ချနေပြီး စဉ်ဆက်မပြတ်ကြိုးစားသင်ယူခြင်းနဲ့ပဲဆိုင်တယ်
လက်ရှိLevel ချင်းတူနေရင်တောင် နှိမ့်ချစွာနေတတ်တဲ့သူက တစ်နေ့ပိုအောင်မြင်လိမ့်မယ်
အောက်ခြေမလွတ်ဖို့ မိမိကိုယ်ကို အမြဲဆုံးမပါ...အောက်ခြေလွတ်တဲ့နေ မြေကြီးပေါ်ပြန်ကျလိမ့်မယ်..
အတောင်စုံလာလို့လည်း မိမိကိုယ်ကိုအထင်မကြီးပါနဲ့ ရေရှည်ပျံသန်းနိုင်ဖို့ကြိုးစားရဦးမယ်🦅
စာဖက်ချစ်မိတ်ဆွေအားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်ပို့aye🥰ပှံမှန်ဆက်တိုက်သင်ယူလက်တွေအသုံးချဖိုလိုအပ်တယ်ကြောက်တဲ့စိတ်ကိုဖယ်ထုပ်ပစ်လိုက်ပါကိုစိတ်ထဲရှင်သွားမယ်အဲတော့ပျော်ရွှင်အချင်းနဲ့အတူရှိနေတာကအောင်မြင်ချင်းပါ💪💎🎄ချစ်မိတ်အားလုံးရလဒ်လေးတွေမြန်ရရှိပါနော်
#အောင်မြင်ရေးအနှစ်သာရများ
30/04/2022
★ ★နာကျင်မှုတွေကို အသုံးချပါ....
*ဘဝ စာမေးပွဲတွေ များစွာ ဖြေရတဲ့အခါ
ကျရှုံးတိုင်း စိတ်ဓာတ်မကျပါနဲ့။
*လူဆိုတာ အမြဲတမ်းတော့
ဘယ်အောင်မြင်ပါ့မလဲ။
*အမှားကိုတွေးရင်း
နာကျင်ရမဲ့အတူတူ
*အနာဂတ်ကို လှလှပပ
ဆေးခြယ်ပါ။
*လိုချင်တာ မရတိုင်း ငိုရမယ့်
အရွယ် မဟုတ်တော့ပါဘူး။
*အတိတ်ကို တွေးပြီလည်း
ကိုယ့်ရဲ့အနာဂတ်လေးကို မသတ်ပါနဲ့။
*ငါတို့တွေ အတိတ်မှာ မှားခဲ့ပေမဲ့
အနာဂတ်မှာတော့ ဆက်ကြိုးစားခွင့် ရှိပါသေးတယ်။
*စိတ်ဓာတ်မကျပါနဲ့
လာပါ အနာဂတ်ကို ဆက်ဆေးခြယ်ရအောင်။
*အခု သီးနေတဲ့ သစ်သီးကို
ပြုပြင်ခွင့် မရှိပါဘူး။
*မနက်ဖြန် သီးတဲ့ သစ်သီးကိုတော့
စိတ်ကြိုက်ပြုပြင်ခွင့် ရှိပါသေးတယ်။
*မင်း အရှုံးမပေးသ၍တော့
မင်းက မရှုံးသေးပါဘူး။
𝕚𝕥
#မေတ္တာဖြင့်ပြန်လသည်
#လွတ်လပ်စွာကူးယူနိုင်ပါသည်
30/04/2022
★ ★နာကျင်မှုတွေကို အသုံးချပါ....
*ဘဝ စာမေးပွဲတွေ များစွာ ဖြေရတဲ့အခါ
ကျရှုံးတိုင်း စိတ်ဓာတ်မကျပါနဲ့။
*လူဆိုတာ အမြဲတမ်းတော့
ဘယ်အောင်မြင်ပါ့မလဲ။
*အမှားကိုတွေးရင်း
နာကျင်ရမဲ့အတူတူ
*အနာဂတ်ကို လှလှပပ
ဆေးခြယ်ပါ။
*လိုချင်တာ မရတိုင်း ငိုရမယ့်
အရွယ် မဟုတ်တော့ပါဘူး။
*အတိတ်ကို တွေးပြီလည်း
ကိုယ့်ရဲ့အနာဂတ်လေးကို မသတ်ပါနဲ့။
*ငါတို့တွေ အတိတ်မှာ မှားခဲ့ပေမဲ့
အနာဂတ်မှာတော့ ဆက်ကြိုးစားခွင့် ရှိပါသေးတယ်။
*စိတ်ဓာတ်မကျပါနဲ့
လာပါ အနာဂတ်ကို ဆက်ဆေးခြယ်ရအောင်။
*အခု သီးနေတဲ့ သစ်သီးကို
ပြုပြင်ခွင့် မရှိပါဘူး။
*မနက်ဖြန် သီးတဲ့ သစ်သီးကိုတော့
စိတ်ကြိုက်ပြုပြင်ခွင့် ရှိပါသေးတယ်။
*မင်း အရှုံးမပေးသ၍တော့
မင်းက မရှုံးသေးပါဘူး။
#ℂ𝕣𝕖𝕕𝕚𝕥
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
#လွတ်လပ်စွာကူးယူနိုင်ပါသည်
29/04/2022
စိတ်ဓါတ်ကြံ့ခိုင်ခြင်းမွေးရာပါမဟုတ်ဘူး🤔ကိုလျောက်နေတဲ့လမ်းပြီးတစ်ခုကို🚶♂️အခက်အခက်တွေရင်ဆိုင်ဖြက်ကျော်ရင်နဲ့မှရလာတဲ့အရာပဲကို💪ကိုယ်ကိုကိုယ်ယုံကြည်မှုရှိလာစေတာလာကြံ့ခိုင်းခြင်းတစ်မျိုးပဲ💪စိတ်မပျက်နဲ့🙄အားမလျောနဲ့🆗ကိုကိုယ်ယုံကြည်မှုနဲ့စလုပ်ကြည်ပါ💪အေးကိုယ်တိုင်လက်ရေဖြစ်ပါတယ်ရှင်
23/04/2022
ဘ၀တွက် တန်ဖိုးရှိသောစကား(၂၃)
*********************************
၁။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိနေဖို့သာ -
အရေးကြီးပါတယ် !!
၂။ ရည်မှန်းချက် ကြီးကြီးထားပါ !!
ဒါပေမယ့် သေးသေးလေးကနေ စပြီး -
အကောင်အထည်ဖော်ပါ !!
၃။ စိတ်အားထက်သန်စွာ အလုပ်လုပ်ပါ !
တစ်နေ့မှာ အောင်မြင်ရမယ်လို့ ယုံကြည်ထားပါ !!
၎။ ဖန်တီးနိုင်စွမ်းတွေ တိုးတက်လာအောင် -
အမြဲကြိုးစားလေ့ကျင့် သင်ယူပါ !!
၅။ သင့်အတွက် အကျိုးရှိစေမယ့် -
စာအုပ်ကောင်းတွေကို ရှာဖွေဖတ်ရှုပါ !!
၆။ လက်တွေ့လုပ်ဆောင်ပါ !
အမှားတွေ လုပ်မိမှာကို မကြောက်ပါနဲ့ !!
၇။ နားထောင်သူတစ်ယောက် ဖြစ်အောင်နေပါ !
သူများစကားပြောတာကို -
ကောင်းကောင်း နားထောင်ပေးခြင်းက ၊
သင့်အတွက် အကျိုးရှိစေပါတယ် !!
၈။ အမှားတွေကနေ သင်ခန်းစာယူနိုင်အောင် ကြိုးစားပါ !အရင်က ဘာကြောင့်ကျရှုံးခဲ့တယ်ဆိုတာကိုလဲ -
သေချာသိအောင်လုပ်ပါ !!
၉။ ပေါင်းသင်းဆက်ဆံရေး ကောင်းပြီး၊
ဆွေးနွေးလုပ်ဆောင်တတ်အောင် ကြိုးစားတတ်ပါစေ !!
၁၀။ တတ်ထားတဲ့ အသိပညာတွေကို -
အခြားသူတွေဆီ မျှသေင်ကြားပေးပါ !
အခြားသူကို မျှဝေရင်း ကိုယ် ကိုယ်တိုင်ကလဲ -
ပြန်လည်လေ့လာပြီးသား ဖြစ်သွားပါတယ် !!!
၁၁။ ဘယ်သူတွေ ဘာပြောပြော
ကိုယ့်ဘဝကို ကိုယ့်လောက်ဘယ်သူမှနားမလည်ပါဘူး ----
၁၂။ ဒါကြောင့် ဘယ်အရာတွေ ဘယ်လိုပဲဖြစ်နေဖြစ်နေ
ဘယ်သူတွေ ဘာပဲပြောပြော ကိုယ်လုပ်ရမယ့်အလုပ်ကို
ပုံမှန်သာလုပ်ပါ ----
၁၃။ ကိုယ့်ဘဝကို တန်ဖိုးထားရင်
ကိုယ်လုပ်ချင်တာတွေကိုပဲ မလုပ်ပဲနဲ့
လုပ်သင့်လုပ်ထိုက်တာတွေကိုပဲ လုပ်ပါ ----
၁၄။ အောင်မြင်ချင်ရင် ကြိုးစား ထင်ပေါ်ချင်ရင် ရိုးသားပါ --
၁၅။ ကိုယ့်ကိုယ် သူများတွေက အလေးထားတာခံချင်ရင်ကိုယ်ကလဲ သူများတွေအပေါ်မှာ အလေးထားပါ
မလေးမစား မလုပ်ပါနဲ့ ----
၁၆။ အောင်မြင်သွားတဲ့ ပုဂ္ဂိုလ်တွေရဲ့
လျှောက်လှမ်းခဲ့တဲ့ လမ်းကြောင်းတွေဟာ
မဖြောင့်ဖြူးခဲ့ကြပါဘူး ----
၁၇။ အခက်ခဲ့တွေများစွာ ဒုက္ခတွေများစွားကို
ရင်ဆိုင်ကျော်ဖြတ်ပြီးမှာ အောင်မြင်မှုဆိုတဲ့ မှတ်တိုင်တစ်ခုကိုစိုက်ထူခဲ့ကြတာပါ ----
၁၈။ လောကမှာ ဖြစ်သလိုနေလို့ နေသလိုဖြစ်ပြီး
ဘဝကို လွယ်လွယ်နဲ့အရှုံးပေးနေတဲ့
အရှုံးသမားတွေထက်စာရင်
၁၉။ ရည်မှန်းချက်ရှိရှိနဲ့ အောင်မြင်ဖို့ ကြိုးစားနေသူတွက်
ကြိုးစားနေတဲ့ နေ့ရက်တိုင်းဟာ သူတွက်
အဓိပ္ပါယ်ရှိနေမှာပဲ ---
၂၀။ သင်ချစ်တဲ့သူတွေတွက် သင်ဟာ ခွန်အားတွေရှိနေဖို့ လိုတယ် အရာရာအသင့်ဖြစ်နေဖို့ အတွက် သင်ဟာ အသင့်ရှိနေဖို့လိုတယ် ----
၂၁။ ဒါကြောင့် သင်ချစ်တဲ့သူတွေအတွက် ဆိုရင်
သင့်ကိုသင် အရင်ကောင်းအောင်ကြိုးစားပါ
အောင်မြင်အောင်ကြိုးစားပါ
ကြီးပွားတိုးတတ်အောင် ကြိုးစားပါ ---
၂၂။ ယခုအချိန်မှာ ကိုယ့်အတွက် ကြိုးစားနေချင်းဟာ
နောင်ချိန် သင်ချစ်တဲ့သူတွေအတွက်
ကြိုးစားနေချင်းဖြစ်သည် ---
၂၃။ သစ်တစ်ပင်ကောင်းက ငှတ်တစ်သောင်းနားနိုင်သည်ကိုရင်မှာ အမြဲမှတ်သားထားပါ ----
" ကြိုးစားသူတိုင်း အောင်မြင်ကြပါစေ။
ကိုကိုယ်ချစ်ရင်အချိန်ပေးများများလေ့လာသင်စာဖက်ပါနော်💎💎🎄ချစ်မိတ်ဆွေအားလုံးကျေးဇူးအထူးတင်ပါတယ်ရှင်ကျေးဇူးပြုအကြိုးရှိရင်လိုင်းရှင်ပေးပါနော်ပို့aye💪
______________________________
22/04/2022
ရည်းစားမရှိရင် စာဖတ်ပါ၊📚
အလုပ်မရှိရင် စာဖတ်ပါ၊
အထီးကျန်နေရင် စာဖတ်ပါ၊
အနည်းဆုံးတော့ ကိုယ့်ကိုယ်ကိုယ်၊
ချစ်တတ်လာပါလိမ့်မယ် ❤️📕
📕
စိတ်ဓာတ်တွေ ပြိုလဲတဲ့အခါ
ကိုယ်တိုင်ပြန်ထူမတ်နိုင်ဖို့၊စာဖတ်ပါ။
လူတွေရဲ့ပြောင်းလဲတတ်တဲ့ စိတ်ကို ခံနိုင်ရည်ရှိဖို့၊ စာဖတ်ပါ။
ပတ်ဝန်းကျင်ကို မကြောက်ဘဲ ရင်ဆိုင်တတ်ဖို့ စာဖတ်ပါ။
စိတ်တွေညစ်ထွေးလာတဲ့အခါ စိတ်ကိုကြည်လင်သန့်ရှင်းဖို့၊စာဖတ်ပါ။
ဒေါသထွက်လာတဲ့အခါ ကိုယ့်ကိုယ်ကို ပြန်ထိန်းချူပ်နိုင်ဖို့ စာဖတ်ပါ။
အိမ်မက်တွေကို အကောင်အထည် ဖော်ဖို့ စာအုပ်တွေကလမ်းပြပေးနိုင်တာမို့ စာဖတ်ပါ။
ကြုံလာသမျှ လောကဓံ ကို အကောင်းဆုံးရင်ဆိုင်တတ်ဖို့ စာဖတ်ပါ။
ကိုယ့်ကိုယ်ကို ပြန်ရှာမတွေ့တော့တဲ့အခါ စာဖတ်ပါ။
ဘယ်ကနေပဲ ဖတ်ဖတ် နှလုံးသားလှပြီး စိတ်ခွန်အားရှိဖို့ တစ်နေ့. (၁၅)မိနစ် စာဖတ်ပါ။
သင့်ကိုယ်သင် ပြောင်းလဲဖို့ စာဖတ်ပါ။
မပြောခင်မှာ နားထောင်ပါ။
ဆုမတောင်းခင်မှာ ယုံကြည်ပါ။
ပိုက်ဆံ မသုံးခင်မှာ ဝင်ငွေရှာပါ။
တစ်ခုခုမရေးခင်မှာ စဉ်းစားပါ။
အရူံးမပေးခင်မှာ ကြိုးစားပါ။
အသက်မသေခင်မှာ ရှင်သန်နေထိုင်ပါ။
စာပေးမြတ်နိုးသူအားလုံးကို 🥰🥰 ချစ်ခင်လေးစာလျက်ပါပို့aye🎄
21/04/2022
ကိုယ့်ဘဝရဲ့.....
ပဲ့ကိုင်ရှင်ဟာ ကိုယ်ပဲဖြစ်ရမယ်...
လူတိုင်း လူတိုင်းမှာ
မတူညီတဲ့အရည်အချင်းတွေရှိကြပါတယ်...
ကိုယ့်အရည်အချင်းကို
အသုံးချတတ်ဖို့ပဲလိုတာပါ...
လဲကျတိုင်းသာပြန်မထနိုင်ရင်
ကိုယ့်ရည်မှန်းချက်လေးတွေနဲ့
ဝေးသထက်ဝေးနေတော့မှာပေါ့...
ဘဝဆိုတာ.....
လဲကျလိုက် ပြန်ထလိုက်နဲ့
ဒါမှ ရှင်သန်ရတာအကျိုးရှိမှာ...
ဘဝပေး အခြေအနေတွေ
ဘယ်လောက်ပဲခက်ခဲကြမ်းတမ်းနေပါစေ
ငါ့အတွက်ငါရှိတယ် ဆိုတဲ့စိတ်နဲ့
လောကကြီးကိုအရှုံးမပေးပဲ ရှင်သန်ပေးပါ...
ကိုယ့်ဘဝကို ကိုယ်တိုင်ပဲ့ကိုင်ပြီး
အိမ်မက်ဦးတည်ချက်ပန်းတိုင်ကို
နည်းမှန်လမ်းမှန်နဲ့လျှောက်လှမ်းနိုင်ကြပါစေ2022အိမ်မက်နဲ့လတ်တွေကပိုမြန်တယ်မိတ်ဆွေဘဝတိုးတက်အောင်မြင်ဖို🤔နည်းလမ်းမှန်ဖိုလိုအပ်တယ်🙄
2022မှာအရမ်းကိုအောင်မြင်သူများသင်တန်းပညာရေရှိပါတယ်☎️0618375153ပို့aye
21/04/2022
လဲကျတိုင်း တွဲထူရမယ့်အရွယ်တွေ ကျော်လွန်လာတဲ့အခါ ကိုယ်ထူကိုယ်ထ နဲ့ ရပ်တည်နိုင်ဖို့ ကိုယ့်အားကိုယ်ကိုးရတော့တယ်။
ဘဝဆိုတာက အနိမ့်အမြင့်ရှိတယ်လေ
တစ်ခါတစ်ရံ ပျော်စရာတွေ ကောင်းနေသလောက် တစ်ခါတလေ ဝမ်းနည်းစရာတွေနဲ့ပြည့်နေတတ်တယ်။
နေ့တဒူဝလုပ်ငန်းခွင်မှာအဆင်ပြေတာတွေ ရှိချင်ရှိမယ် မိသားစုတွေနဲ့ အတူ ပျော်ရတာလည်းရှိတယ်...အချစ်ရေးတွေ အဆင်ပြေတာတွေရှိမယ် တစ်ခါတစ်ရံမှာ တော့ ဒီအရာတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတတ်ပြန်တယ်။
ဘဝဆိုတာ ကိုယ်ဖြစ်ချင်တာ တွေ ဖြစ်ခွင့်ရချင်ရချင်ရလိမ့်မယ်ဒါပေမယ့် ကိုယ်မဖြစ်ချင်တာတွေကိုလည်း လက်ခံလိုက်ရတာပါပဲ။ဒီလိုနဲ့ လဲကျလိုက်ပြန်ထလိုက် ရှင်သန် ရင်းနဲ့ ပဲ လောကဓံကြားမှာ ငိုရက်နဲ့ ပြုံးတတ်အောင် သင်ယူခဲ့ပါတယ် ။
လေးစားစွာဖြင့်
ပို့ayeချစ်မိတ်ဆွေအားလုံးကိုအထူးကျေးဇူးတင်ပါတယ်ရှင်🥰🥰🥰
19/04/2022
အလုပ်တွေလုပ်ပြီး ကိုယ်တိုင်
ပိုက်ဆံ ရှာတတ်လာတဲ့အခါ . . .
ငွေရဲ့တန်ဖိုးကို နားလည်လာတယ်
မကုန်သင့်တဲ့နေရာမှာ မကုန်ဖို့
စုဆောင်းတတ်လာတယ်. . .
အသုံးနဲ့အဖြုန်းကို ခွဲခြားတတ်ဖို့
ကိုယ့်ချွေးနဲစာနဲ့ ရှာဖွေထားတဲ့ ငွေကို
တန်ဖိုးထားတတ်ရတယ်. . .
အလုပ်လုပ်ရဖို့ တွေးကြောက်ပြီးနေတာထက်
အပင်ပန်းခံပြီး ပိုက်ဆံရှာရတာကို
ပိုပြီးနှစ်သက်လာတယ်. . .
ကြိုတင်စုဆောင်းတတ်ဖို့အတွက်
ငယ်ရွယ်ချိန်ရဲ့ တန်ဖိုးကို သိဖို့
အရင်ကြိုးစားရတယ်. . .
ဒါမှ အိုမင်ချိန်မှာ မပူပင်ရဖို့
ငယ်ရွယ်တဲ့အချိန်မှာ စုဆောင်းထားရမှာပေါ့. . .
အချိန်ကို တန်ဖိုးထားတတ်ဖို့ သင်ယူပါမှ
အနားယူတာနဲ့ ပျင်းရိတာကို ခွဲခြားတတ်လာတယ် . . .
ကိုယ့်အတွက်အကျိုးရှိဖို့ရယ်
သူတစ်ပါးအတွက် အကျိုးရှိဖို့အတွက်ကိုပဲ
အချိန်တွေကုန်ဆုံးတယ်. . .
ငွေရဲ့တန်ဖိုး အချိန်ရဲ့တန်ဖိုး
ငယ်ရွယ်ခြင်းရဲ့တန်ဖိုးကို နားလည်မှ
ဘဝဟာ ပိုပြီးတန်ဖိုးရှိမှာ . . .။
ကျေးဇူးပြုစာဖက်ပေးပါနော်🤔
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
ติดต่อ ธุรกิจของเรา
เบอร์โทรศัพท์
เว็บไซต์
ที่อยู่
Bang Rak