ZB
ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก ZB, บล็อกเกอร์, 150 Soi Lasalle 24 Road, Sukhumvit 105 Office/Bangna District, Bangkok, Bang Na.
26/04/2026
“ခင်ဝင့်ဝါက မျက်နှာလေးနူးညံ့ပေမဲ့ စိတ်နေစိတ်ထားကတော့ သန်မာတယ်” လို့ ပြောလာတဲ့ ထူးအောင် ✨
သရုပ်ဆောင် ထူးအောင်ကတော့ ခင်ဝင့်ဝါအပေါ် လူအများမြင်ထားသလို နူးနူးညံ့ညံ့ပုံစံတစ်မျိုးတည်းမဟုတ်ဘဲ တကယ်တမ်းမှာ သန်မာပြီး တက်ကြွတဲ့ဘက်လည်းရှိတယ်လို့ ပြောလာပါတယ်။
လူတွေက ချစ်စရာကောင်းတဲ့ ပုံစံလေးနဲ့ပဲ ထင်ထားကြပေမဲ့ လက်တွေ့မှာတော့ စိတ်အားမာန်ကောင်းပြီး အလုပ်လုပ်ရာမှာလည်း တက်တက်ကြွကြွရှိသူတစ်ယောက်လို့ ဆိုပါတယ်။
ဒီလို ပြောကြားမှုကြောင့် ပရိtတ်တွေကြားမှာလည်း သူမရဲ့ အရင်မမြင်ဖူးသေးတဲ့ အခြားဘက်ကို စိတ်ဝင်စားမှုတွေ ပိုမိုတက်လာနေပါတယ် 💬
#ထူးအောင် #ခင်ဝင့်ဝါ
26/04/2026
“အလှူရေခြား လက်နဲ့မကွာ… အမြဲလှူတန်းနေတဲ့ အူဝဲ” ✨
အူဝဲကတော့ အချိန်ရရင်ရသလို၊ ကြုံရင်ကြုံသလို အလှူအတန်းတွေကို မပျက်မကွက် လုပ်ဆောင်နေသူတစ်ဦးပါ။
ကြီးကြီးမားမားဖြစ်စေ၊ အသေးအမွှားဖြစ်စေ လှူနိုင်သလောက် လှူတတ်တဲ့ သူမရဲ့ စိတ်ထားက ပရိtတ်တွေကြားမှာ အမြဲတမ်း လေးစားမှုရနေပါတယ် 🥰
လူမှုအကျိုးပြု လုပ်ငန်းတွေကို တိတ်တဆိတ် ဆက်လက်လုပ်ဆောင်နေတဲ့ အူဝဲရဲ့ အပြုအမူတွေက တကယ်ကို လိုက်နာသင့်တဲ့ နမူနာကောင်းတစ်ခုလည်း ဖြစ်နေပါတယ်နော် 💖
#အူဝဲ #အလှူအတန်း
26/04/2026
“ပုသိမ်–ငွေဆောင်လမ်းပေါ်က ရုပ်သံတစ်ခုကြောင့် လူမှုကွန်ရက်တွင် ဆွေးနွေးမှုများ မြင့်တက်” ✨
ဧပြီ ၂၅ ရက်နေ့တွင် ပုသိမ်–ငွေဆောင်လမ်းဘက်မှ ရိုက်ကူးထားတယ်လို့ ဆိုထားတဲ့ ရုပ်သံတစ်ခု လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာပြီးနောက် အများပြည်သူကြားမှာ စိတ်ဝင်စားမှုနဲ့ ဆွေးနွေးမှုတွေ တိုးလာနေပါတယ်။
ရုပ်သံထဲမှာ ပါဝင်နေသူတွေဟာ သာသနာဝင်ပုဂ္ဂိုလ်များဖြစ်နိုင်တယ်လို့ ခန့်မှန်းပြောဆိုမှုတွေရှိပေမယ့် တရားဝင် အတည်ပြုချက်တွေတော့ မရှိသေးပါဘူး။
ဒါကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ စိစစ်စစ်ဆေးပြီး အမှန်တရားကို ထုတ်ပြန်ပေးဖို့ လိုအပ်တယ်ဆိုတဲ့ အမြင်တွေ ထွက်ပေါ်နေပါတယ်။
လက်ရှိအချိန်အထိ တရားဝင် ထုတ်ပြန်ချက် မရှိသေးတာကြောင့် အချက်အလက်မှန်ကန်မှုကို စောင့်ကြည့်ရမယ့် အခြေအနေပါပဲနော်။
#ပုသိမ် #သတင်း
25/04/2026
“အချစ်ဦးနဲ့ လက်တွဲပြီး တည်ငြိမ်တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးနှစ်ဦး” 😍
မြန်မာရုပ်ရှင်လောကရဲ့ ထိပ်တန်းမင်းသမီးတွေဖြစ်တဲ့ စိုးပြည့်သဇင် နဲ့ ခိုင်သင်းကြည်တို့ကတော့ အနုပညာအောင်မြင်မှုတွေနဲ့အတူ တည်ငြိမ်အေးချမ်းတဲ့ အိမ်ထောင်ရေးဘဝကိုလည်း ထိန်းသိမ်းထားနိုင်ကြတာပါပဲ ✨💖
သူတို့နှစ်ဦးလုံးဟာ ချစ်သူတစ်ဦးတည်းနဲ့သာ လက်တွဲပြီး သစ္စာရှိရှိ ဘဝတစ်လျှောက် အတူတူ ဖြတ်သန်းနေကြတာကြောင့် ပရိtတ်တွေကြားမှာ အားကျစရာ စုံတွဲတွေဖြစ်နေကြပါတယ် 🥰
တည်ငြိမ်တဲ့ မေတ္တာနဲ့ တည်ဆောက်ထားတဲ့ သူတို့ရဲ့ အိမ်ထောင်ရေးပုံရိပ်တွေကလည်း မြင်ရသူတိုင်းအတွက် ကြည်နူးစရာ ဖြစ်နေဆဲပါပဲ 💕
ပရိtတ်ကြီးတို့ရော ဒီလို relationship goals ကို ဘယ်လိုထင်လဲ ပြောသွားကြပါဦး 💬✨
#စိုးပြည့်သဇင် #ခိုင်သင်းကြည်
21/04/2026
“အရွယ်တင်သေးတဲ့ လှပမှုနဲ့ အမြဲတမ်းတောက်ပနေတဲ့ ပပဝင်းခင်” 😍
မေမေတို့ခေတ်ထဲက မင်းသမီး ပပဝင်းခင်ကတော့ အခုထိလည်း နုပျိုလှပတဲ့ ပုံစံကို ဆက်လက်ထိန်းထားနိုင်ဆဲပါပဲနော် ✨
အသက် (၅၀) ကျော်ပြီဆိုတာတောင် မထင်ရလောက်အောင် Skin glow နဲ့ အလှတရားက အမြဲတမ်း သဘောကျစရာကောင်းနေပါတယ် 💖
အချိန်ကြာလာပေမယ့်လည်း သူမရဲ့ အလှတရားက မလျော့ဘဲ ပရိtတ်တွေရဲ့ ရင်ထဲမှာ ဆက်လက်တည်ရှိနေဆဲပါပဲ 🥰
#ပပဝင်းခင်
20/04/2026
"ကျန်းမာရေးထိန်းသိမ်းခြင်းသည် Diet လုပ်ခြင်းမဟုတ်ဘဲ မိမိခန္ဓာကိုယ်၏ လိုအပ်ချက်ကို နားထောင်ခြင်းဖြစ်ကြောင်း ခါရာ အကြံပြု" ✨
သရုပ်ဆောင် ခါရာကတော့ ကျန်းမာရေး ထိန်းသိမ်းတယ်ဆိုတာ Di-et လုပ်နေတာမျိုး မဟုတ်ဘဲ မိမိရဲ့ ခန္ဓာကိုယ်က ဘာဓာတ်တွေ လိုအပ်နေသလဲဆိုတာကို အချိန်ပေးပြီး သေချာနားထောင် တုံ့ပြန်ခြင်းသာ ဖြစ်တယ်လို့ ဆိုပါတယ်။
သူဟာ အသီးအရွက်နဲ့ အသီးအနှံတွေကို နှစ်သက်စွာ စားသုံးလေ့ရှိပြီး အချိုလွန်ကဲတာတွေနဲ့ ဆီကြော်စာတွေကို တတ်နိုင်သမျှ ရှောင်ကြဉ်ကာ ခန္ဓာကိုယ်အတွက် အကျိုးရှိမယ့် Hea-lthy Foo-ds တွေကိုသာ ရွေးချယ်စားသုံးတာ ဖြစ်ပါတယ်။
စားသုံးလိုက်တဲ့ အစားအသောက်တွေကြောင့် လေးလံထိုင်းမှိုင်းတာမျိုး မဖြစ်စေဖို့ သတိထားရသလို "Yo-u bec-ome wh-at y-ou e-at" ဆိုတဲ့အတိုင်း ကိုယ်စားသလို ဖြစ်လာမှာမို့ အခုကတည်းက ဂရုစိုက်ဖို့ လိုအပ်ပါတယ်နော်။
လမ်းလျှောက်တာနဲ့ လေ့ကျင့်ခန်း လုပ်တာတွေကို ပုံမှန်ပြုလုပ်ခြင်းဖြင့် မိမိခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုတွေကို တက်ကြွအောင် ထိန်းသိမ်းသင့်ကြောင်းလည်း သူက တိုက်တွန်းထားပါတယ်။
ခါရာရဲ့ စနစ်ကျတဲ့ နေထိုင်စားသောက်မှု ပုံစံတွေဟာ ကျန်းမာရေး လိုက်စားသူ ပရိtတ်တွေအတွက်တော့ အားကျအတုယူဖွယ်ရာ ခွန်အားသစ်တွေ ဖြစ်စေမှာ အမှန်ပါပဲ နော်။ 🌹🥰
#ခါရာ #ကျန်းမာရေး #နေထိုင်မှုပုံစံ
20/04/2026
"တစ်ရက် (၂) သောင်းရရန် ခက်ခဲစွာ ရုန်းကန်ခဲ့ရသည့် ဆိုပျော်ဘဝမှ ယခုအောင်မြင်မှုကို တန်ဖိုးထားကြောင်း ဖွင့်ဟလာသည့် ချယ်ရီသင်း" ✨
အဆိုတော် ချယ်ရီသင်းသည် သူမ၏ အနုပညာခရီးလမ်း အစပိုင်းတွင် တစ်ရက်လျှင် ငွေကျပ် (၂) သောင်းရရှိရန်အတွက် ကုန်းတစ်တန် ရေတစ်တန် ဖြတ်သန်းကာ အပင်ပန်းခံ ရုန်းကန်ခဲ့ရကြောင်း ပြောပြလာပါတယ်🥹။
ယခုရရှိထားသည့် အောင်မြင်မှုနေရာသည် သေလုမတတ် ကြိုးစားခဲ့ရသည့် ရလဒ်ဖြစ်သဖြင့် အထူးပင် တန်ဖိုးထားမြတ်နိုးကြောင်းလည်း သူမက ဆိုပါတယ်🌼။
သူမ၏ ကိုယ်ပိုင်သီချင်းဖြစ်သော "ခွင့်လွှတ်ပေးဖို့ တောင်းပန်ချင်" သီချင်းလေး စတင်အောင်မြင်လာသည့် အချိန်တွင်တော့ ဝမ်းသာလွန်းသဖြင့် ချုံးပွဲချ ငိုကြွေးခဲ့ရပါတယ်နော်။
အတိတ်က အခက်အခဲများကို သင်ခန်းစာယူကာ အခုလို ထိုက်ထိုက်တန်တန် နေရာတစ်ခု ရရှိလာသည့်အတွက် ပရိtတ်များကလည်း သူမအတွက် ဝမ်းသာဂုဏ်ယူနေကြရပါတယ်။
ဘဝကို အောက်ခြေမှစ၍ ရုန်းကန်ခဲ့ရသည့် ချယ်ရီသင်း၏ ကြိုးစားမှုများသည် လူငယ်အနုပညာရှင်များအတွက် များစွာ ခွန်အားဖြစ်စေသည့် ဖြစ်ရပ်တစ်ခုလည်း ဖြစ်ပါတယ် နော်။ 🌹🥰
#ချယ်ရီသင်း #ခွင့်လွှတ်ပေးဖို့တောင်းပန်ချင် #အနုပညာခရီးလမ်း
20/04/2026
"ပဲခူးပွဲအပြီး မနားတမ်းဘဲ ဒိုက်ဦးမြို့ ထီးတင်ပွဲတွင် မန္တလေးသိန်းဇော်နှင့်အတူ သီဆိုပူဇော် ကုသိုလ်ယူခဲ့သည့် စမ်းရေမိုး" ✨
သဘင်အနုပညာရှင် စမ်းရေမိုးသည် ယနေ့မနက်ပိုင်းတွင် ပဲခူးမြို့၌ ဖျော်ဖြေပွဲကပြပြီးသည်နှင့် တစ်ပြိုင်နက် အနားမယူဘဲ ဒိုက်ဦးမြို့သို့ ဆက်လက်ထွက်ခွာခဲ့ပါတယ်။
ဒိုက်ဦးမြို့တွင် ကျင်းပသည့် ဘုရားထီးတင်ပွဲ အခမ်းအနားတွင် ဝါရင့်အနုပညာရှင်ကြီး မန္တလေးသိန်းဇော်နှင့်အတူ သီဆိုပူဇော်ကာ ကုသိုလ်ယူခဲ့ခြင်း ဖြစ်ပါတယ်။
တစ်ညလုံး မအိပ်ရဘဲ ဖျော်ဖြေပွဲများ ဆက်တိုက်ကပြနေရသဖြင့် အလွန်ပင်ပန်းနေသော်လည်း ဘာသာရေးနှင့် ကုသိုလ်ရေးအတွက် စေတနာအပြည့်ဖြင့် ပါဝင်ခဲ့တာ ဖြစ်ပါတယ်နော်။
အပင်ပန်းခံကာ သီဆိုပူဇော်ခဲ့သည့် စမ်းရေမိုး၏ ကုသိုလ်ပြု ပုံရိပ်များကြောင့် ဒေသခံများနှင့် ပရိtတ်များအားလုံး စိတ်ကြည်နူးခဲ့ကြရပါတယ် နော်။ 🌹🥰
#စမ်းရေမိုး #မန္တလေးသိန်းဇော် #ထီးတင်ပွဲ #သဘင်အနုပညာ #ကုသိုလ်ပြုခြင်း
20/04/2026
"ဒါရိုက်တာ ဝင်းလွင်ထက်ကို ယုံကြည်မှုနှင့် ဇာတ်လမ်းကောင်းမွန်မှုကြောင့် ဝေမာနိက ဣတ္ထိယ ဇာတ်လမ်းတွဲကို လက်ခံခဲ့သည့် အေးမြတ်သူ" ✨
သရုပ်ဆောင် အေးမြတ်သူသည် သူမ၏ နောက်ဆုံးထွက်ရှိမည့် "ဝေမာနိက ဣတ္ထိယ" ဇာတ်လမ်းတွဲကို လက်ခံရိုက်ကူးဖြစ်ရခြင်း၏ အဓိကအကြောင်းရင်းမှာ
ဒါရိုက်တာ ဝင်းလွင်ထက်အပေါ် ထားရှိသည့် ယုံကြည်မှုကြောင့် ဖြစ်ကြောင်း ပြောပြလာပါတယ်ရှင်။
ယခင်က VCD များတွင်သာ ဆုံဖူးပြီး ဇာတ်ကားကြီးများတွင် မဆုံဖူးသေးသဖြင့် ဒါရိုက်တာနှင့် လက်တွဲလုပ်ကိုင်လိုသည့် ဆန္ဒရှိခြင်းကလည်း အဓိကကျခဲ့ပါတယ်။
ဇာတ်ညွှန်းကို ဖတ်ရှုစဉ်ကတည်းက ပရိtတ်တစ်ဦးအနေဖြင့် အလွန်သဘောကျခဲ့ပြီး မိမိကိုယ်တိုင် ကြိုက်နှစ်သက်သည့် ဇာတ်ကားဖြစ်သဖြင့် ပရိtတ်များလည်း သေချာပေါက် ကြိုက်နှစ်သက်မည်ဟု ယုံကြည်နေပါတယ်နော်။
ဇာတ်လမ်းတစ်ခု၏ အောင်မြင်မှုသည် ထုတ်လုပ်ရေးနှင့် ဒါရိုက်တာတို့၏ အားစိုက်မှုအပေါ် များစွာမူတည်ကြောင်းလည်း သူမက သုံးသပ်ပြောဆိုထားပါတယ် နော်။ ✨🌹
#အေးမြတ်သူ #ဝင်းလွင်ထက် #ဝေမာနိကဣတ္ထိယ
20/04/2026
"ရေအနက် ၁၅ ပေအောက်တွင် အသက်စွန့်၍ သဘာဝကျကျ သရုပ်ဆောင်ပေးခဲ့သည့် ဖွေးဖွေးကို ဒါရိုက်တာအောင်မြတ် ချီးကျူး" ✨
ဒါရိုက်တာ အောင်မြတ်သည် သူရိုက်ကူးသည့် ဇာတ်ကားရှိ ရေအောက်အခန်းအတွက် ရေအနက် (၁၅) ပေရှိသော ကန်အတွင်း သရုပ်ဆောင် ဖွေးဖွေး၏ အပင်ပန်းခံ ကြိုးစားမှုကို အထူးပင် ကျေးဇူးတင်ရှိနေပါတယ်။
ဖွေးဖွေးအနေဖြင့် ရေအောက်တွင် မျက်လုံးဖွင့်ကာ သရုပ်ဆောင်ရသည့်အပြင် ဒါရိုက်တာဖြစ်စေချင်သည့် ပုံစံအတိုင်း အချိန်ပေးကာ စိတ်ရှည်လက်ရှည် လေ့ကျင့်ရိုက်ကူးပေးခဲ့ခြင်း ဖြစ်ပါတယ်။
ကင်မရာ Frame အတွင်း ရေမျက်နှာပြင်နှင့် ကြမ်းပြင်များ မပေါ်စေရန်အတွက် ထိုမျှနက်သည့် ရေကန်ထဲတွင် မျောလွင့်နေသည့်ပုံစံ (Floa-ting) ရအောင် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတာ ဖြစ်ပါတယ်နော်။
ထိုအခန်းအတွက် သီးသန့်တစ်ရက် အချိန်ပေးကာ ပညာရှင်ဆန်ဆန် သရုပ်ဆောင်ပေးခဲ့သည့် ဖွေးဖွေး၏ အနုပညာစိတ်ဓာတ်ကို ဒါရိုက်တာက အသိအမှတ်ပြု ပြောကြားခဲ့ခြင်း ဖြစ်ပါတယ် နော်။ 🥰
#ဖွေးဖွေး #ဒါရိုက်တာအောင်မြတ် #ရေအောက်ရိုက်ကူးမှု
16/04/2026
"မိမိရုပ်ထွက် ပံု soeစေသည့် မီဒီယာရို၊က်ချက်များကြောင့် ယုံကြည်မှုအားနည်းစေသဖြင့် သတိထားပေးရန် နောက်ပြောင်ပြောဆိုသည့် ထွန်းအိန္ဒြာဗိုလ်" 🥹✨
အကယ်ဒမီ ထွန်းအိန္ဒြာဗိုလ်သည် မီဒီယာအချို့၏ ကင်မရာရိုက်ချက်များမှာ မိမိ၏ မူရင်းရုပ်ထွက်ထက် ပိုမိုဆိုးရွားစေသည့်အတွက် ထိုသို့ရိုက်ကူးခြင်းကို ရှောင်ရှားလိုကြောင်း ပြောပြလာပါတယ်🥹။
ထိုသို့ ရုပ်sotစေသည့် ရိုက်ချက်မျိုးသည် မိမိကိုယ်ကိုယ် ယုံကြည်မှု အားနည်းစေသဖြင့် နောင်တွင် မူရင်းရုပ်လောက် ထွက်အောင်ရိုက်ပေးကြရန် မခိုင်ကြီးက ဟာသနှောကာ သတိပေးလိုက်ပါတယ်🥰
အသက်အရွယ်အရ မီဒီယာများကို ရှောင်လိုသည့် စိတ်ရှိနေသော်လည်း ယခုကဲ့သို့ ရုပ်ထွက်ပုံပျက်စေလျှင် ပို၍ပင် ပြေးမိတော့မည်ဟု ဆိုပါတယ်နော်။
မိမိ၏ အလှအပနှင့် ပုံရိပ်ကောင်းများကို ထိခိုက်စေမည့် အနေအထားမျိုးကို မလိုလားဘဲ ပရိtတ်ထံသို့ အမှန်တကယ် လှပသည့်ပုံရိပ်များသာ ရောက်ရှိစေချင်ခြင်း ဖြစ်ပါတယ်။
မခိုင်ကြီး၏ ပွင့်လင်းရိုးသားလှသည့် ပြောဆိုချက်များကြောင့် မီဒီယာများနှင့် ပရိtတ်များအကြားတွင် ရယ်မောပျော်ရွှင်စရာ သတင်းတစ်ခု ဖြစ်ခဲ့ရပါတယ် နော်။ 🌟💎✨
#ထွန်းအိန္ဒြာဗိုလ် #မီဒီယာ #အနုပညာရှင်သတင်း
16/04/2026
"May ဆပ်ပြာမှုန့်တစ်ထုပ်လျှင် (၅၀၀) ကျပ်တည်းဖြင့် အထူးသက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေကြောင်း ကိုထွန်းမင်း သတင်းကောင်းပါ" ✨
လူမှုရေးကူညီမှုများနှင့် ပရဟိတလုပ်ငန်းများကို တစိုက်မတ်မတ် လုပ်ကိုင်နေသည့် ကိုထွန်းမင်းသည် သူ၏ဆိုင်တွင် Ma-y ဆပ်ပြာမှုန့်များကို အထူးသက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးနေပါတယ်🌼။ ကုန်ဈေးနှုန်းကြီးမြင့်နေသည့် အချိန်တွင် မိဘပြည်သူများ သက်သာချောင်ချိစေရန် ရည်ရွယ်၍ ဆပ်ပြာမှုန့်တစ်ထုပ်ကို ငွေကျပ် (၅၀၀) တည်းဖြင့် ရောင်းချပေးနေခြင်း ဖြစ်ပါတယ်။ ကိုထွန်းမင်းသည် အမြဲတမ်း ပရဟိတစိတ်ဓာတ်ဖြင့် ကူညီပေးနေသူဖြစ်သည့်အတိုင်း ယခုကဲ့သို့ ဈေးနှုန်းလျှော့ချရောင်းချပေးမှုကို ပြည်သူများက ဝမ်းသာအားရ ကြိုဆိုနေကြပါတယ်နော်။ 🥰🌹
#ကိုထွန်းမင်း #ပရဟိတ #သက်သာသောဈေးနှုန်း #လူမှုရေးကူညီမှု #
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
ที่อยู่
150 Soi Lasalle 24 Road, Sukhumvit 105 Office/Bangna District, Bangkok
Bang Na
10260