Future Learn - Education Center
Education Learning Center
20/04/2024
ထိုင်းရောက် မြန်မာတို့အတွက် English စာ ကိုအချိန်အတိုအတွင်း အခြေခံကျကျ လေ့လာချင်တယ်ဆိုရင်တော့ English General 4 Skills သင်တန်းလေး ကိုမိတ်ဆက်ပေးချင်ပါတယ်။
လုပ်ငန်းခွင်ဆိုင်ရာ အတွေ့အကြုံလည်းရှိပြီး၊ အင်္ဂလိပ်စာသင် တဲ့နေရာမှာ အတွေ့အကြုံလည်းရှိတဲ့ဆရာမ လေးတွေကိုယ်တိုင် သင်ပေးမှာဖြစ်လို့ အင်္ဂလိပ်စာကို ၂လတည်းနဲ့ အခြေခံကျကျမတတ်မှာကိုတော့ လုံးဝ စိတ်ပူစရာမလိုပါဘူးနော်။
ထိုင်းမှာရောက်နေတာလည်းကြာပြီ..ထိုင်းစကား လည်းပြောတတ်တယ်..မြန်မာစကားလည်းပြောတတ်တယ်..အင်္ဂလိပ်စာ လေး ထပ်ဖြည့်လိုက်ယုံနဲ့ ကမ္ဘာအနှံ့ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကို လေ့လာသိရှိနိုင်ပြီး စီးပွားရေးလုပ်တဲ့နေရာမှာ သတင်းအချက်အလက်များများနဲ့ အမြင်ကျယ်ပြီး သူများထက် တပန်းသာနေမှာဖြစ်ပါတယ်။
ဒါ့အပြင် ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ စိတ်အားထက်သန်တဲ့သူ သို့မဟုတ် ပိုမိုကောင်းမွန်တဲ့ အလုပ်တစ်ခုကို ပြောင်းလုပ်ဖို့ စိတ်အားထက်သန်သူတွေအနေနဲ့ မဖြစ်မနေ တက်သင့်တဲ့ သင်တန်းလေးတစ်ခုပဲဖြစ်ပါတယ်။
သင်တန်းကြေးကတော့ ၂လစာ အပြတ်ကိုမှ ၁၁၉၉ ဘတ်တည်းသာ ကျသင့်မှာဖြစ်လို့ တလကိုမှ ဘတ် ၅၀၀ကျော်လေးသာကျသင့်မှာဖြစ်ပါတယ်။
အွန်လိုင်းကနေတက်ရမယ့် သင်တန်းလည်းဖြစ်တာကြောင့် တကူးတက အချိန်ပေးစရာမလိုတဲ့အပြင် ထိုင်းနိုင်ငံ ကြိုက်တဲ့နေရာကနေ သင်တန်းတက်လို့ ရမှာဖြစ်ပါတယ်။ သင်တန်းတက်ဖို့ Zoom အသုံးပြုနည်းကိုလည်း စနစ်တကျ ကြိုတင် ရှင်းပြမှာဖြစ်လို့ လုံးဝစိတ်ပူစရာမရှိပါဘူးရှင်။
ကဲ ထိုင်းရောက် မြန်မာတို့အနေဖြင့် ဒီသင်တန်းလေးကို စိတ်ဝင်စားလို့ တက်ချင်တယ်ဆိုရင်တော့ Page ရဲ့ Chat Box ကနေ စာရင်းပေးသွင်းနိုင်သလို အောက်ပါဖုန်းနံပတ်များကို ဆက်သွယ်မေးမြန်းစုံစမ်း ကာစာရင်းပေးသွင်းနိုင်ပါတယ်။
ဆက်သွယ်ရန်ဖုန်း - 0613180120/0631670316
13/04/2024
မေ လဆန်းအတန်းများဖွင့်တော့မည့်အကြောင်း ကြေငြာပေးချင်ပါတယ်။
ထိုင်းနိုင်ငံအတွင်းနှင့် မြန်မာနိုင်ငံအတွင်းရှိ အသက် (၅) နှစ်မှ (၁၃) နှစ်အထိ ကလေးငယ်များ အတွက် နွေရာသီ အင်္ဂလိပ်စာ (Summer English Class) - ၁ လခွဲ သင်တန်းများကို စတင်လက်ခံနေပါပြီ။
ကလေးငယ်ပညာရေးအတွက် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံရှိ International School များတွင် စာသင်သက် အတွေ့အကြုံ များစွာ ရှိသော ဆရာမ များမှ သင်ကြားပေးမည့်အပြင် လူပင်ပန်းစရာမလိုပဲ Online မှသင်ကြားပေးမည်ဖြစ်ပါသည်။ အဓိက သင်ကြားမည့် သင်ရိုးမှာလည်း Cambridge - Starters, Movers, Flyers, အပြင် Phonetics များကိုလည်း စနစ်တစ်ကျ Level အလိုက် ထိရောက်စွာသင်ကြားပေးမည်ဖြစ်ပါသည်။
ထို့အပြင် စျေးနှုန်းမှာလည်း ၁လခွဲ သင်တန်းကို အပြတ် ၉၉၉ ဘတ် တည်းသာ ကျသင့်မည်ဖြစ်ပါသည်။ ကျောင်းသားဦးရေ ကန့်သတ်ထားသောကြောင့် အမြန် မေးမြန်းစုံစမ်း အပ်နှံထားမှသာလျှင် စိတ်ချရမည်ဖြစ်ပါသည်။
အသေးစိတ်မေးမြန်းသိရှိလိုလျှင် ဖုန်းနံပတ် - +66613180120, +66631670316 တို့ဆက်သွယ်စုံစမ်းနိုင်ပါသည်။ page တွင်လည်း လာရောက်မေးမြန်းနိုင်ပါသည်။
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
Bangkok
Bang Kapi