Burmese Cele
Cele News
09/11/2024
ချစ်သူသက်တမ်း လေးနှစ်ကျော်ကြာပြီးနောက် လက်ထပ်ခွင့်တောင်းလိုက်ပြီဖြစ်တဲ့ ပိုင်တံခွန်
မင်းသားချော ပိုင်တံခွန်က သူ့ချစ်သူကို နိုဝင်ဘာလ (၈) ရက်နေ့က ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့က ဟန်မြစ်ဘေးမှာ လက်ထပ်ခွင့်တောင်းလိုက်ပါတယ်။
လက်ထပ်ခွင့်တောင်းထားတဲ့ Video ကို သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာဖော်ပြထားပြီး Video ထဲမှာ ပိုင်တံခွန်က သူ့ချစ်သူကောင်မလေးကို
" မောင်လွန်ခဲ့တဲ့ (၄) နှစ်ကျော်ကပေးထားတဲ့ကတိကိုမှတ်မိလား? မောင်အသက် (၂၈) နှစ်ပြည့်တဲ့နေ့ကျရင် လက်ထပ်ခွင့်တောင်းမယ်လို့ပြောခဲ့တယ်လေ။ အဲဒီကတိအတိုင်း သဲလေးတစ်ဘဝလုံးကို တာဝန်ယူဖို့အဆင်သင့်ဖြစ်နေပီ၊။ သဲကိုမောင်အရမ်းချစ်တယ်။ Will you marry me".......ဆိုပီး လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။
ချစ်သူလေးကလည်း "Yes" ဆိုပြီး အဖြေ ပြန်ပေးခဲ့ပါတယ်။
လက်ထပ်ခွင့်မတောင်းခင်မှာလည်း ပိုင်တံခွန်က " (၄) နှစ်ကျော်ကာလမှာ သဲ ကမောင့်ကိုတစ်ခါမှ စိတ်ညစ်အောင်မလုပ်ဖူးဘူး။ မောင်စိတ်ဆင်းရဲအောင်လည်းတစ်ခါမှ မလုပ်ဖူးဘူး။ မောင့်စိတ်ကိုနည်းနည်းလေးတောင် စိတ်ညစ်သွားအောင် သဲမလုပ်ခဲ့ဘူး။ အဲဒီအတွက် မောင်ကကျေးဇူးအများကြီးတင်ပါတယ်။"ဆိုပြီးလည်း ပြောပြခဲ့ပါတယ်။
08/11/2024
‘ချစ်သူ နဲ့ တစ်အိုးတစ်အိမ် ထူထောင်လိုက်တာပါ.. အိမ်ထောင်ကျတာ မဟုတ်ပါဘူး.. တစ်ဘ၀လုံး ကိုယ်အရမ်း လိုချင်ခဲ့တဲ့ အိမ် ဆိုတဲ့ အရာလေးက သူနဲ့ တွေ့ပြီးမှ လက်တွေ့ တကယ် ဖြစ်လာခဲ့တာပါ' လို့ ပြောလာတဲ့ ပိုးမီ
07/11/2024
ငွေကြေးအခက်ခဲကြောင့် ရေမွန်နေခဲ့အခန်းလေးကိုရောင်းချနေတဲ့ ဒေါ်ခင်မြတ်မွန်
တွတ်ပီရဲ့ ပြခန်းလေးလုပ်ပေးဖို့ ရည်ရွယ်ခဲ့ပေမဲ့ ငွေကြေးကြပ်တည်းနေတာမို့ တွတ်ပီအခန်းလေး ပြန်ဝယ်ပေးနိုင်ရင်တော့ကျေးဇူးအထူးတင်ရှိမိမှာပါပဲလို့ ဆိုကာ အဆိုတော်ရေမွန်ရဲ့ အခန်းလေးကို ငွေကျပ် သိန်း ၁၇၀၀ နဲ့ အရောင်းတင်ခဲ့တဲ့ အဆိုတော်ရေမွန်ရဲ့မိခင် ဒေါ်ခင်မြတ်မွန်
#ရေမွန်
07/11/2024
ဇာတ်ပို့ မင်းသမီး တွေကို အလှဆုံးပြင်ဆင်ပြီး သူမရဲ့ နှုတ်ခမ်းနီကြော်ငြာအတွက် မော်ဒယ် တင်ရိုက်လိုက်တဲ့ မေပန်းချီ
06/11/2024
Miss Universe 2024 မြန်မာကိုယ်စားပြုအလှမယ် သက်စံအန်ဒါစံက ဒီနေ့အတွက် ဖက်ရှင်ကို မြန်မာချိတ် ကို ဒီဇိုင်းထွင်ထားတဲ့ဝတ်စုံနဲ့ မြန်မာ့သနပ်ခါးကိုလိမ်းပြီး ပွဲထွက်ခဲ့ပါတယ်
06/11/2024
ဆင်းရဲနွမ်းပါးတဲ့ဘဝ က လာလို့ မွေးနေ့ ဆိုတာ သေချာ မသိခဲ့ရတဲ့ ထူးခန့်ကျော်...
“ဆင်းရဲနွမ်းပါးတဲ့ဘဝကနေတက်လာရလို့ မွေးနေ့ ဆိုတာ ဘာမှ သေချာမသိခဲ့ဘူး။အခုဆို ကိတ်ပါဝယ်စရာ မလိုအောင် အသိအမှတ်ပြုပေးကြတာ ဝမ်းသာမိတယ်။မနက်တည်း က မုန့်ဟင်းခါးစတုဒိသာကျွေးတယ်။”
01/11/2024
ဒီပါဝါလီနေ့မှာ ဂုဏ်ပြုဆုတွေနဲ့ မိခင်ကိုကန်တော့ခဲ့တဲ့ကိုထွန်းမင်း
28/10/2024
ချစ်စရာကောင်းလှတဲ့ Rဇာနည်တို့ မိသားစုပုံရိပ်လေး😍😍
28/10/2024
ပထမဆုံး ကိုယ်ဝန် လွယ် ထား ရပြီဖြစ်တဲ့
အဆိုတော် နီနီခင်ဇော်.......
Miracle baby has come into our lives ♥️🤰
Can’t wait to meet you,our little one!
တို့နှစ်ယောက်ရဲ့အိပ်မက်လေး တခု….. 👶🥹
လို့ သူမရဲ့လူမှု့စာမျက်နှာမှာဖော်ပြထားပါတယ်။
27/10/2024
သဲသဲကိုနှစ်သိမ့်မှုတွေပေးခဲ့တဲ့ ပြင်သစ်မယ်လေးရဲ့ စိတ်ဓာတ်ကို ချီးကျူးခဲ့တဲ့ သရုပ်ဆောင် မေပန်းချီ
26/10/2024
၂၀၂၃ Miss Grand International first runner up အလှမယ် နီနီလင်းအိမ်က မြန်မာနိုင်ငံရဲ့ National Director ဖြစ်သူ ဆရာထူးအံ့လွင်ရဲ့ အကြောင်း Miss Grand International ရဲ့ director နဝပ်ကို အတင်းပြောထားတဲ့အတွက်ကြောင့် အကုန်ရှင်းမယ်လို့ပြောလာတဲ့ ဆရာထူးအံ့လွင်
26/10/2024
Miss Grand international ရဲ့ မတရားမှုတွေကြောင့် မြန်မာ အလှမယ် သဲစုငြိမ်းနဲ့ အတူ Miss Grand international ပွဲကနေ နှုတ်ထွက်ပြီး ဘယ်တော့မှ အလှမယ် ပို့တော့မည် မဟုတ်ကြောင်းပြောလာတဲ့ Miss Grand Maxico
Click here to claim your Sponsored Listing.
Category
Website
Address
Roxas Extension, Door #6 Grelou Bldg, Near UM Digos, Beside 7/11
Digos
8002