New Time

New Time

Share

မဂ်လာပါ။ New Time Graphic Design Service မှချစ်ခင်ရင်းနှီးစွာ နှုတ်ခွန်းဆက်သ ဂါရ၀ ပြုအပ်ပါတယ်။

03/08/2023

အလုပ်တွေလျှောက်တာစုံနေပြီ အခုထိအလုပ်မရသေးလို့ စိတ်ညစ်နေပြီလား⁉️

မြင့်မားလာသော ကုန်ဈေးနှုန်းများနှင့် အတူ အလုပ်အကိုင်ရှားပါးလာခြင်းက ကျွန်တော်တို့ရဲ့ လိုအင်ဆန္ဒတွေကိုဖြည့်တင်းဖို့နှင့် ကျွန်တော်တို့ကို မှီခိုနေတဲ့ မိသားစုအတွက် အသုံးစရိတ်များ ကြပ်တည်းလာစေပါတယ်။

ဒါကြောင့်လည်း ကျွန်တော်တို့ဟာ ၀င်ငွေကောင်းမွန်သော အလုပ်အကိုင်များ ရရှိစေရေးအတွက် ဌာနတစ်ခုမှ တစ်ခု/ အလုပ်အကိုင်အခွင့်အလမ်းများကို ရှာဖွေကြရပါတယ်။

အလုပ်လျှောက်တော့မယ်ဆိုရင် မဖြစ်မနေကြိုတင်ပြင်ဆင်သွားရမည့် အချက်ကလေးတွေ ရှိပါသည်။

မပါမဖြစ် အရေးကြီးဆုံးကတော့ cv form ကို ကျနသေသပ်စွာ ပြင်ဆင်သွားဖို့ပါပဲ။

မိတ်ဆွေတို့ ကြုံဖူးပါလိမ့်မယ် မိမိနဲ့အလုပ်အတူတူလျှောက်တဲ့သူတွေက အလုပ်ကိုယ်စီရသွားပြီး မိမိတစ်ယောက်တည်း ကျန်ခဲ့တာမျိုးပေါ့။အင်မတန် စိတ်မကောင်းစရာ ဖြစ်ရပါတယ်။

မိမိcv form ကို မြင်ရုံဖြင့် အလုပ်တန်းခန့်ချင်စိတ်တဖွားဖွားပေါ်လာတာမျိုးကို လိုချင်ပါသလား❓

မိတ်ဆွေတို့ရင်ဆိုင်နေရတဲ့အခက်ခဲများကို 𝗡𝗲𝘄 𝗧𝗶𝗺𝗲 မှ ပါ၀င် ကူညီပေးပါရစေ။

အမျိုးစားစုံလင်သော cv form design များကို သေသပ်ကျနစွာ အမြန်ဆုံး၀န်ဆောင်မှုပေးနေပါပြီ။

နေပူမိုးရွာမရှောင် အပြင်ထွက်ပြီးအလုပ်လျှောက်စရာမလိုပဲ မိမိအိမ်မှာ online ရှိရုံဖြင့် အလုပ်တွေအများကြီး လျှောက်လို့ရအောင် PDF file, JPG file များဖြင့် ၀န်ဆောင်မှုပေးမှာ ဖြစ်ပါတယ်။

အပြင်မှာ လျှောက်ဖို့ print out ထုတ်ချင်တယ်ဆိုရင်လည်း လွယ်ကူစွာထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။

လိုင်စင်ဓာတ်ပုံမှ သုံးလို့ရမှာမဟုတ်ပဲ မိမိတို့ကြိုက်နှစ်သက်တဲ့ မျက်နှာအပြည့်ပါ ပုံများကိုလည်း လိုအပ်သည်များ ပြင်ဆင်ဆောင်ရွက်ပေးမှာ ဖြစ်တဲ့အတွက် ဓာတ်ပုံခလည်း သက်သာမှာ ဖြစ်ပါတယ်။

Design simple များကိုလည်း ပြသပေးမှာ ဖြစ်သည့်အတွက်အလွယ်တကူ design ဆန်းဆန်းလေးများရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

ကောင်းမွန်သော ဘ၀၊ပြည့်၀သော လစာ၊ ဘ၀ရည်မှန်းချက်တွေ အကောင်အထည်ဖော်ဖို့ အခုပဲ လှပသေသပ်တဲ့ cv ဖောင်ရေးပြီး အလုပ်လျှောက်လိုက်ပါ။

01/08/2023

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကြီး ဦး၀င်းမြင့် လွတ်ငြိမ်းသက်သာခွင့်ရ🥰🥰🥰

31/07/2023

~~ဓမ္မစကြာအခါတော်နေ့~~
ဒုတိယဝါဆိုလပြည့်နေ့ (၁-၈-၂၀၂၃)
---------------------------------

မနက်ဖြန်ဟာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ အထွဋ်အမြတ်ထားရာ ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော် နေ့ကလေး ဖြစ်ပါတယ်။ ဒီ ဝါဆို လပြည့်နေ့ နေဝင်လထွက်ချိန်မှာ မြတ်စွာဘုရားဟာ ဗာရာဏသီပြည် မိဂဒါဝုန်တောမှာ ပဥ္ဒဝဂ္ဂီ ငါးပါးကို တရားဦးဟောကြားတော်မူခဲ့တာပါ။

ဝါဆိုလပြည့်နေ့ရဲ့ ထူးခြားချက် (၈)ချက်ကတော့

၁။ ဂေါတမဘုရားလောင်း ပဋိသန္ဓေ နေသောနေ့ဖြစ်၍ ထူးခြားခြင်း။

၂။ ဂေါတမဘုရားလောင်း တောထွက်တော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၃။ဂေါတမဘုရားလောင်း ဓမ္မစကြာတရား စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၄။ ရေမီး အစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၅။ ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၆။ တရားရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍ ထူးခြားခြင်း။

၇။ သံဃာရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍ ထူးခြားခြင်း။

၈။ “ဧဟိ ဘိက္ခု” ဟူသောစကားကို စတင်ကြားရသောနေ့ဖြစ်၍ ထူးခြားခြင်း

စတဲ့အချက်တွေပဲ ဖြစ်ပါတယ်။ ဒီလို နေ့ကောင်းနေ့မြတ်လေးမှာ 𝙉𝙚𝙬 𝙏𝙞𝙢𝙚 မိတ်ဆွေများလည်း ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်တွေ မမေ့မလျော့ ပြုလုပ်နိုင်ဖို့ အကျိုးမျှော်လို့ နှိုးဆော်တိုက်တွန်းလိုက်ရပါတယ်။

မာဂဓီ (သာစည်) – အခါတော် နေ့များ

26/07/2023

ကိုယ့် cv form က သူများတွေနှင့် ကွဲပြားပြီး ကြည့်လိုက်တာနဲ့ အထင်ကြီးသွားစေမဲ့ cv form မျိုးလိုချင်လား ⁉️

အရာရာမှာ ယှဉ်ပြိုင်နေတဲ့ ခုလိုခေတ်ကြီးမှာ အလုပ်လျှောက်တဲ့အခါမှာလည်း cv from တစ်ခုကိုမှ သေချာပြင်ဆင်မထားဘူးဆိုရင် မလိုအပ်ပဲ အချိန်ကုန်စေနိုင်ပါတယ်။

များစွာသော cv from တွေကြားမှ ကိုယ့် cv form ကိုရွေးချယ်စေချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ New Time ကိုသတိရလိုက်ပါဗျ။

မိတ်ဆွေတို့၏ ကိုယ်ရေးမှတ်တမ်းများကို သေသပ်လှပစွာ premium quality ဖြင့် design ဆွဲပေးနေပါပြီ။‼️

ကျွန်တော်တို့ဆီမှာ ရရှိနိုင်မည့် ၀န်ဆောင်မှုတွေကတော့

မိတ်ဆွေတို့စိတ်တိုင်းကျ cv form design များကိုရေးဆွဲပေးခြင်း၊
Simple design များထဲမှ ရွေးချယ်နိုင်ခြင်း
မြန်မာ၊English မိမိကြိုက်နှစ်သက်ရာ ဖြင့် ရေးသားပေးခြင်း၊
အလုပ်လျှောက်တဲ့အခါမှာ Gmail ပို့လိုသူများအတွက် PDF file, JPG file နှစ်ခုစလုံးထုတ်ပေးခြင်း၊
ဒါအပြင် print out ထုတ်မည်ဆိုလျှင်လည်း premium quality ဖြင့်ထုတ်နိုင်ခြင်း။

Waiting time အနေဖြင့်ကတော့ ၁ရက်ကနေ၂ရက်ထိ ကြာနိုင်ပါတယ်ဗျ။

ကဲဒါဆို သင့်အတွက် လစာကောင်းမွန်သော ရာထူးများဖြင့် ခန့်အပ်ရန် company များမှ စောင့်ကြိုနေပါပြီ။

အခုပဲ ကျွန်တော်တို့ဆီ ဆက်သွယ်လိုက်တော့နော်...

18/07/2023

"၁၉ ဇူလိုင် မမေ့နိုင်"

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်သူရဲကောင်းများသည် တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေး၍ ကာကွယ်ပေးခဲ့တာ ဒီနှစ်နဲ့ဆို ၇၆ နှစ်မြောက်တင်းတင်းပြည့်ခဲ့ပါပြီ။

ကိုယ်ကျိုးစွန့်၍ အသက်ပေးခဲ့ကြသော အာဇာနည်သူရဲကောင်းများအားလုံးကို လေးစားစွာ ဂါရ၀ ပြုအပ်ပါသည်။🙏🙏🙏

29/06/2023

ပျော်ရွှင်စရာ အီးဒ်နေ့လေး ဖြစ်ပါစေကြောင်း
ကျန်တော်တို့ New Time မိသားစုမှ ဆုတောင်းမေတ္တာ
ပို့သလိုက်ပါတယ်ခင်ဗျ။
Eid Mubarak

Want your business to be the top-listed Advertising & Marketing Company in Shah Alam?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Shah Alam