Thoughts by SLA

Thoughts by SLA

Share

Work hard in silence let success make noise🖤

21/05/2026

လွမ်းတယ်" ဆိုတဲ့ စကားလုံးဟာ...
နှလုံးသားချင်း ထပ်တူကျပြီး
တစ်ယောက်ကမ္ဘာထဲ တစ်ယောက်
လွတ်လပ်စွာ ခြေချခွင့်ရသူတွေပဲ
တင့်တင့်တယ်တယ် သုံးခွင့်ရှိတဲ့ "အခွင့်ထူးခံ
နာမ်စားတစ်ခုပါ....။

ငါ့လို... အဝေးကနေ ငေးကြည့်ရုံသာ
တတ်နိုင်တဲ့သူအတွက်တော့
အဲဒီစကားလုံးဟာ မြင့်မြတ်လွန်းတဲ့
တားမြစ်ချက်တစ်ခုပေါ့....။

ဒါကြောင့်လည်း... နှလုံးသားထဲက တုန်ခါမှုတွေကို
"သတိရတယ်" ဆိုတဲ့ ပိုးသားကန့်လန့်ကာလေးနဲ့
အသာအယာ ဖုံးအုပ်ထားလိုက်ရတယ်....။

မင်းသိလား...
သတိရတယ်" ဆိုတဲ့ စကားလုံးတစ်ခွန်းရဲ့
အောက်မှာ မပြောဖြစ်ခဲ့တဲ့ စာသားတွေနဲ့
အဓိပ္ပာယ်တွေ အထပ်ထပ် အလွှာလွှာ ပါဝင်နေတာ။

ဒါဟာ... မင်းရဲ့ ကမ္ဘာထဲကို
ဝန်ထုပ်ဝန်ပိုး မဖြစ်စေဘဲ ကျူးကျော်ဝင်ရောက်မိတဲ့
ငါ့ရဲ့ အနုပညာဆန်တဲ့ အားနာမှု တစ်မျိုးပေါ့....။

ပိုင်ဆိုင်ခွင့် မရှိတဲ့သူတစ်ယောက်ရဲ့
အနက်ရှိုင်းဆုံး လွမ်းဆွတ်မှုကို
ဒီစကားလုံးလေး တစ်ခွန်းထဲမှာပဲ
အစွမ်းကုန်ထည့်ပြီး
ငါ... ခပ်တိုးတိုးလေး ရေရွတ်လိုက်မယ်။

"ကိုယ်... မင်းကို သတိရတယ်"

ဒီလောက်ပါပဲ...
ဒီထက်ပိုတဲ့ အဓိပ္ပာယ်တွေကိုတော့
ငါ့ရဲ့ တိတ်ဆိတ်ခြင်းတွေထဲမှာပဲ
ထာဝရ မြှုပ်နှံထားပါရစေ....။

21/05/2026

အမာရွတ်မရှိတဲ့ ဒဏ်ရာတွေက
နှလုံးသားရဲ့ အနက်ရှိုင်းဆုံးမှာ အမြစ်တွယ်လို့...။

အပြင်ပန်းမှာ အကောင်းအတိုင်း ထင်ရပေမဲ့
ပြသဖို့မလွယ်တဲ့ "ကိုယ်ပိုင်ဝေဒနာ" တွေပေါ့....။

နှုတ်ခမ်းထောင့်လေးတွေ ကွေးညွတ်ရုံနဲ့
ပျော်ရွှင်နေတယ်လို့တော့ မထင်လိုက်ပါနဲ့အုံး
တချို့အပြုံးတွေက မျက်ရည်မကျအောင်
အတင်းအကျပ် တားဆီးထားရတဲ့ "တံတိုင်း" တွေမို့။

ငါတို့အားလုံးဟာ...
ဘယ်သူမှမမြင်တဲ့ အက်ကြောင်းတွေကိုယ်စီနဲ့
အဆင်ပြေပါတယ်လို့ အားတင်းပြုံးရင်း
ရှင်သန်နေကြရတဲ့ လူသားတွေပါပဲ....။

Like Page 👉👉👉 18/05/2026

အိမ်ကအမေကို ဘူးပင် စိုက်ခိုင်းထားတယ်

Like Page 👉👉👉

13/05/2026

ဘဝထဲက လူတစ်ဦးတစ်ယောက်ကိုမှ
မလျော့ပါစေချင်တာဟာ ကိုယ့်ရဲ့စိတ်ဆန္ဒဆိုပေမဲ့...
ကိုယ့်ကိုရှောင်နေသူတွေကို…
ကိုယ်က ပြန်ရှောင်ပေးတတ်လာတာဟာ
ကိုယ်ပေးနိုင်တဲ့ ကိုယ်ချင်းစာတရားပဲ။

ထွက်သွားချင်သူတွေကို မတားတတ်တော့တာဟာလဲ
ကိုယ်ပေးနိုင်တဲ့ လေးစားခြင်းပဲ။
ဖြစ်ပျက်သမျှ အရာရာတိုင်းဟာ
အကြောင်းမရှိဘဲ ဖြစ်လာတာမရှိပါဘူး။

လူတိုင်းမှာ ထိပါးလို့မရတဲ့
စိတ်ရဲ့ boundaries လေးတွေရှိတယ်။
ကြီးပြင်းလာရတဲ့ ပတ်ဝန်းကျင်၊
မိဘတွေရဲ့ ကိုယ်နှုတ်အမူအရာ လောင်းရိပ်၊
ဘဝရဲ့ အတွေ့အကြုံတွေဟာ ဘယ်သူမှ မတူညီနိုင်ဘူး။
ဖြတ်သန်းလာရတဲ့ ဘဝချင်းမတူသ၍
ဘယ်သူ့ကိုမှ အပြည့်အဝ နားမလည်နိုင်ဘူး။

အပ်နဲ့စိုက်စိုက်၊ ဓားနဲ့ထိထိ ကိုယ့်ဒဏ်ရာ
ဘယ်လောက်နက်ကြောင်း
ကိုယ်ကိုယ်တိုင်ပဲ အသိဆုံးမဟုတ်လား။
အဲ့ဒီသဘောတရားပါပဲ…
ဘဝရဲ့ အတိမ်အနက်၊ ဒဏ်ရာရဲ့ အတိမ်အနက်
မတူညီတဲ့ လူတွေမို့ ကိုယ်တိုင်တောင်မသိလိုက်ဘဲ
ထိပါးမိတဲ့ ဒဏ်ရာတွေရှိကောင်းရှိနိုင်တယ်။


#စာတို

12/05/2026

ဘဝမှာ အခက်အခဲဆိုတာ လူတိုင်းကြုံရမှာပါ။ ဒါပေမဲ့ အခက်အခဲတွေကို ပြဿနာလို့မမြင်ဘဲ သင်ခန်းစာလို့ မြင်တတ်ဖို့ လိုပါတယ်။ လဲကျတဲ့အခါတိုင်း ပြန်ထနိုင်တဲ့ စိတ်ဓာတ်ရှိဖို့နဲ့ မိဘတွေရဲ့ ဆုံးမစကား၊ အတွေ့အကြုံရှိသူတွေရဲ့ လမ်းညွှန်ချက်တွေကို လိုက်နာကျင့်သုံးတာက ဘဝအမှား နည်းစေပါတယ်။

12/05/2026

ဘဝကို မစတင်ခင် ကိုယ်က ဘယ်လိုလူမျိုးလဲ၊ ဘာကို ဝါသနာပါသလဲ၊ ဘာကို တန်ဖိုးထားသလဲဆိုတာကို အရင်ဆုံး သိအောင်လုပ်ပါ။ သူများတွေ လျှောက်တဲ့လမ်းကို လိုက်လျှောက်နေတာထက် ကိုယ်နဲ့ ကိုက်ညီတဲ့လမ်းကို ရွေးချယ်တာက ပိုပြီး အဓိပ္ပာယ်ရှိပါတယ်

12/05/2026

စကားတွေ အရှည်ကြီး ပြောနေရတာထက် ဘာမှမပြောတော့တာက ပိုပြီး အဓိပ္ပာယ်ရှိမယ်ထင်တယ်။ ငါ့ရဲ့ အလေးအနက်ထားမှုတွေက မင်းနဲ့ မထိုက်တန်ဘူးဆိုတာ လက်ခံလိုက်ရတဲ့ အခိုက်အတန့်မှာပဲ အားလုံးက ကုန်ဆုံးသွားခဲ့ပြီ။ အဆက်အသွယ်မရှိတာကပဲ ငါတို့အတွက် အကောင်းဆုံး ဆက်ဆံရေး ဖြစ်လိမ့်မယ်။

12/05/2026

"တစ်ခါတလေကျရင် စိတ်ပျက်လွန်းတဲ့အခါ ရန်တောင်မဖြစ်ချင်တော့ဘူး။ ငါ့ရဲ့ စိတ်ဝင်တစား ရှိမှုတွေကို မင်းက အလေးမထားတော့တဲ့အခါ ငါလည်း ဘာမှပြန်မပြောချင်လောက်အောင် လူက ထုံထိုင်းသွားတာပဲ။ မင်း ပေါ့ပျက်ပျက် ဆက်ဆံလိုက်တဲ့အထဲမှာ ငါ့ရဲ့ ယုံကြည်မှုတွေပါ ပါသွားခဲ့ပြီ။

12/05/2026

"တကယ်တော့... ရန်ဖြစ်နေသေးတယ်ဆိုတာ တန်ဖိုးထားနေသေးလို့ပဲ။ အခုလို ဘာစကားမှမပြောဘဲ တိတ်ဆိတ်သွားတာက မင်းကို စိတ်ဆိုးနေလို့မဟုတ်ဘူး၊ ဘာမှထပ်ပြောဖို့ မတန်တော့ဘူးလို့ ဆုံးဖြတ်လိုက်လို့။ ငါ့ရဲ့ အလေးအနက်ထားမှုတွေကို အရုပ်လိုဆော့ခဲ့တဲ့ မင်းအတွက် တိတ်ဆိတ်ခြင်းကပဲ အကောင်းဆုံး လက်ဆောင်ဖြစ်လိမ့်မယ်။

12/05/2026

ကိုယ်က စာနာမှုနဲ့ အလေးထားပေးပေမဲ့ မင်းကတော့ အဲ့ဒါကို အခွင့်အရေးတစ်ခုလို ပေါ့ပျက်ပျက် သဘောထားတယ်။ လူချင်းတူပေမဲ့ စိတ်ဓာတ်ချင်းကတော့ အဆင့်မတူခဲ့ဘူးပဲ။ စကားတွေ အများကြီးပြောပြီး နားလည်အောင် ရှင်းပြနေရမယ့်အရွယ် မဟုတ်တော့ဘူး။

Want your business to be the top-listed Media Company in Klang?
Click here to claim your Sponsored Listing.

Category

Website

Address


Klang