NyiMinnwe
my life my choice
27/04/2024
အာရုံကြောအားကောင်းစေမဲ့ အချက် (၅)ချက်
❤️❤️❤️❤️❤️❤️❤️
အာရုံကြော အားနည်းတယ်တဲ့။
ကိုယ်တိုင်ကိုယ်ကျ ဘယ်လိုမျိုး ခံစားဖူးကြလဲ?
အများအားဖြင့် ခြေထောက်နဲ့ လက်မှာ ထုံကျဉ်တာ၊ ပုံမှန်လှုပ်ရှားမှုတွေမှာ အားမရှိသလို မသန်မာသလို ဖြစ်နေတာ၊ ချွေးစေးတွေပြန်ပြီး ခေါင်းမူးတာ၊ မောပန်းအားကုန်တာတွေ အဖြစ်များတာပေါ့။
ဒီလို ခန္ဓာကိုယ်လှုပ်ရှားမှုတွေ အပြင် အသက်ရှူခြင်းက အစ အစာချေဖျက်မှု၊ စိတ်ခံစားချက်တုံ့ပြန်မှုတွေအထိ ထိန်းချုပ်ပေးနိုင်တာ အာရုံကြောစနစ်ကြီးပါပဲ။
ဒါ့ကြောင့် ကျန်းမာပျော်ရွှင်တဲ့ ဘဝအတွက် အာရုံကြောစနစ် အားကောင်းနေဖို့ အရေးကြီးပါတယ်။
အာရုံကြော အားကောင်းအောင် ဘာလုပ်ရမလဲ?
(၁) အာဟာရတွေ ရွေးချယ်စားပါ။
အာရုံကြောစနစ်ကို အကျိုးပြုပေးနိုင်တဲ့ ဗီတာမင်နဲ့သတ္ထုဓာတ်တွေ ပါဝင်နေမယ့် အစာအာဟာရတွေကို ရွေးချယ်စားသုံးဖို့ လိုအပ်ပါတယ်။
စုံလင်အောင် စားချင်တယ်ဆိုရင် ....
အစိမ်းရောင်ရှိတဲ့ အရွက်တွေ ....
ဥပမာ ဟင်းနုနွယ်၊ ဆလပ်ရွက် ပင်စိမ်း နံနံ ဘူး ဖရုံ မြင်းခွာ ကိုက်လန် ကြက်ဟင်းခါး ပျဉ်တော်သိမ်း သင်္ဘော
ဂွေးတောက် ကြက်ဟင်းခါးသီးအပေါ်ကအစိမ်း
မုန်လာ တို့ပေါ့။
အသီးအနှံတွေ ....
ဥပမာ ၊ ဆီးသီး၊ ဖရဲသီး၊ မင်းကွတ် ထန်းသီးနု အုန်းရေနုနု ကြက်မောက်သီး
ဆန်လုံးညို၊ အုတ်ဂျုံ၊ နှံစားပြောင်း။
အစေ့အဆံတွေ ....
သီဟိုဠ်စေ့၊ ဗာဒံစေ့၊ ဟေဇယ်စေ့ ,ပိန္နဲစေ့
ပဲနီလေးနဲ့ ပဲအမျိုးမျိုး...
အာလူး ပိန်းဥ ကဇွန်းဥ ပန်းဥ အာတလွှတ်ဥ
ဖရုံသီး ကျောက်ဖရုံ ကြောင်လျှာသီး ဒန်သလွန်
ရုံးပတေ ဘူးသီး ခရမ်းသီး ခရမ်းကစော့သီး
ပဲစောင်းလျားသီး ကင်းပုံသီး မျောက်ငိုသီး တွေ စားပေးလို့ရပါတယ်။
Omega-3 ကြွယ်ဝတဲ့ ဆော်လမွန်ငါး၊ ပန်းဂေါ်ဖီ၊ ဟင်းနုနွယ်၊ သစ်ကြားသီး၊ နှမ်းကြတ်စေ့၊ တို့ကိုလည်း စားပေးသင့်ပါတယ်။
ဘာချက်ချက် ရေများများ နဲ့ချက်စားပါ ။
ကလီစာများ ဆီကြော် ready madeများ
နီတဲ့အသားများ ရှောင်ပါ။
(၂)အသက် ဝဝ ရှူပါ။
အသက်ဝအောင် ရှူရှိုက်ခြင်းကစိတ်ဖိစီးမှုကို လျော့ကျစေပြီး အကြောပြေလျော့စေတဲ့အတွက် အာရုံကြောအားနည်းခြင်းအတွက် ထိရောက်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
သင့်တော်တဲ့နေရာ တစ်ခု ရှာပြီး ထိုင်ပါ ။
သို့မဟုတ် လှဲလျောင်းပြီး ဝမ်းဗိုက်ပေါ်ကို လက်တင်ထားပါ။
ခန္ဓာကိုယ်ထဲမှာ လေ အပျံ့အနှံ့ရောက်တဲ့ အထိ နှာခေါင်းကနေ လေကို တဝ ရှိုက်ရှူပေးပါ။
၃ စက္ကန့်လောက် အသက်အောင့်ထားပြီးမှ အဆုတ်ထဲက လေကုန်သွားတဲ့ အထိ ပါးစပ်ကနေ ဖြည်းဖြည်းချင်း ပြန်ရှူထုတ်ပါ။
နောက်၅မိနစ်ကနေ ၁၀ မိနစ်လောက်အတွင်း အသက်ကို ပြင်းပြင်းရှူသွင်း၊ ရှူထုတ် ဆက်လုပ်ပါ။
ဒီလေ့ကျင့်ခန်းကို တစ်နေ့ကို နှစ်ကြိမ်သုံးကြိမ်လောက် လုပ်နိုင်ပါတယ်။
(၃) ခြေဗလာ နဲ့ လမ်းလျှောက်ကြည့်ပါ။
မြက်ခင်းပြင်ပေါ်မှာ၊ သဲသောင်ပြင်မှာ စတဲ့ သဘာဝပတ်ဝန်းကျင်တွေမှာ ခြေဗလာနဲ့လမ်းလျှောက်ခြင်းက အာရုံကြောစနစ်အတွက် ကောင်းပါတယ်။
တစ်နေ့ကို နာရီဝက်လောက် ခြေဗလာနဲ့လမ်းလျှောက်ပေးရင် စိတ်လန်းဆန်းစေပြီး အာရုံကြောအတွက်ကောင်းပါတယ်။
သုတေသနတစ်ခုအရ
ခြေဗလာနဲ့လမ်းလျှောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေက နှလုံးခုန်နှုန်း အပြောင်းအလဲများခြင်း၊ရောင်ရမ်းခြင်း၊သွေးပျစ်ခြင်းတို့မှာရလဒ်ကောင်းစေပြီး အိပ်ပျော်စေ၊ စိတ်ဖိစီးမှုလျော့ကျစေပြီး အာရုံကြောစနစ်ကိုအလိုအလျောက်ထိန်းညှိနိုင်တယ်လို့ ဖော်ပြထားတာတွေ့ရှိရပါတယ်။
(၄) နေရောင်ခြည် နဲ့ ထိတွေ့ပါ။
ညှော်နံ့များ ရှောင်ပါ ။
ဒါဟာ အိမ်မှာနေရင်း လုပ်ဆောင်ကြည့်လို့ရတဲ့ အလွယ်ဆုံးနည်းတစ်ခု ဖြစ်ပါတယ်။ နေရောင်ခြည်ဟာ ခန္ဓာကိုယ်ရဲ့ အလုံးစုံကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် D အဓိကအရင်းအမြစ် ဖြစ်ပြီး အာရုံကြောစနစ် လုပ်ဆောင်ချက်တွေမှာ အရေးပါလှပါတယ်။
(၅) စိတ်ဖိစီးမှုကို ဖြေလျှော့ပါ။
စိတ်ဖိစီးမှုဟာ အာရုံကြောစနစ် ယိုယွင်းလာစေတဲ့ အကြောင်းရင်းတွေထဲ အပါအဝင်ဖြစ်ပါတယ်။
ဒါ့ကြောင့် အာရုံကြောစနစ် ကောင်းမွန်ရေးအတွက် ကိုယ့်ရဲ့စိတ်ဖိစီးမှုတွေကို တစ်နည်းနည်းနဲ့ ကြိုးစားဖြေလျှော့သင့်ပါတယ်။
ဒေါသကြောက်ရွှံမူ စိုးရိမ်မူ လျော့ချပါ။
ဥပမာ _
အလုပ်လုပ်တာ ခဏရပ်ပြီး အသက်ဝဝရှိုက်ရှူပါ။
ဒါဟာ အာရုံကြောစနစ် မြှင့်တင်ဖို့အတွက်
အမြန်ဆုံးနည်းလမ်းဖြစ်ပါတယ်။
ကိုယ့်စိတ်ထဲပင်ပန်းလာတာ၊ စိတ်ညစ်ညူးလာတဲ့အချိန်တိုင်း အလုပ်လုပ်တာကိုရပ်ပြီး ဖြေလျော့အနားယူလိုက်ပါ။
ပြန်လည်တည်ငြိမ်ပြီး စိတ်အတွေးတွေ ရှင်းလင်းလာပါမယ်။
ဒေါသ စိုးရိမ် ကြောက်ရွှံ ရတာတွေရှိခဲ့ရင်
ဝေးရာတစ်နေရာထွက်သွားရှောင်နေလိုက်ပါ။
ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ။
စိတ်ဖိစီးလာတဲ့အခါ ခဏတာလမ်းလျှောက်ထွက်ခြင်း၊ ရုံးခန်းထဲဟိုလျှောက်ဒီလျှောက်လုပ်ခြင်းက ခေါင်းထဲရှင်းလင်းပြီး စိတ်ကြည်သွားစေဖို့ ထိရောက်တဲ့ နည်းလမ်းဖြစ်ပါတယ်။
စိတ်ချမ်းသာစရာကိစ္စတွေက စိတ်ဖိစီးစေတဲ့အရာထက် ခန္ဓာကိုယ်အတွက် ပိုကောင်းတာကြောင့် ကိုယ့်စိတ်ချမ်းသာအောင်နေထိုင်ပါ။
ဘယ်အရာမှစိတ်တိုင်းကျဖြစ်မလာပါ ။
ကောင်းတာပဲတွေးပေးပါ ။
မကောင်းတာကြုံခဲ့ရင်
အကြွေးတစ်ခု ဆပ်ရတယ်လို့မြင်ပါ။
အားလပ်ချိန်မှာ ကိုယ်ဝါသနာပါတဲ့အရာတွေလုပ်တာ၊ နှစ်သက်ရာ ကစားနည်း သို့မဟုတ် လှုပ်ရှားမှုတွေမှာ ပါဝင်လုပ်ဆောင်တာ၊ အနှိပ်ခံတာ စတာတွေ လုပ်ပြီး ပျော်အောင်နေပါ။
သင်အကျိုးရှိတယ်ဆိုရင်
ပြန်လည်မျှဝေပေးပါ။
Crd_
27/04/2024
27/04/2024
·
"မိဘကျေးဇူး ဆပ်နည်း ( ၆ ) ချက်''
1 အစားအစာကျွေး၍ ကျေးဇူးဆပ်နည်း
2 ဥစ္စာပေး၍ ကျေးဇူးဆပ်နည်း
3 ဝေယျာ၀စ္စပြု၍ ကျေးဇူးဆပ်နည်း
4 ကုသိုလ်ပြု၍ ကျေးဇူးဆပ်နည်း
5 တရားနာ ရိပ်သာဝင်ခိုင်း၍ကျေးဇူးဆပ်နည်း
6 အမျှပေးဝေ၍ ကျေးဇူးဆပ်နည်း
တို့ပဲဖြစ်ပါတယ်.......
1 အစားအစာကျွေး၍ ကျေးဇူးဆပ်နည်း.......
မိဘအတွက်
စားဦးစားဖျား ဖယ်ထားတာ
မိဘစားချင်တာ ချက်ကျွေးတာ
မိဘစားချင်တဲ့မုန့် ဝယ်ပေးတာ စတာတွေကို
လုပ်ပေးတာတွေက
မိဘတွေ အလွန်ပဲ ၀မ်းသာပါတယ် တဲ့.....
ဒါကြောင့်
အစားအစာ ကျွေး၍
မိဘကို ကျေးဇူးဆပ်နိုင်ပါတယ်.........။
2 ဥစ္စာပေး၍ ကျေးဇူးဆပ်နည်း........
မိဘများ
စာချင်တာတွေ စားနိုင်အောင်
မရောက်ဖူးသေးတဲ့ ဘုရားတွေ ဖူးနိုင်အောင်
လှူချင်တာတွေ လှူနိုင်အောင် စတာတွေကို
လုပ်ပေးရင်
မိဘတွေက အလွန်ပဲ ဝမ်းသာပါတယ် တဲ့.......
ဒါကြောင့်
မိဘအတွက် ဥစ္စာ(ပိုက်ဆံ)ပေး၍လည်း
ကျေးဇူးဆပ်နိုင်ပါတယ်.......
ပိုက်ဆံဆိုတာ မဆပ်လည်း ကုန်မှာ
ဆပ်လည်း ကုန်မှာပါနော်.....။
3 ဝေယျာ၀စ္စပြု၍ ကျေးဇူးဆပ်နည်း........
အိမ်မှုကိစ္စများနှင့်
မိဘတွေပင်ပန်းမယ့် အခြားကိစ္စတွေမှာ
ကိုယ်တိုင်၀င်ရောက်ပြီး
မိဘတွေမပင်ပန်းအောင် ပြုလုပ်ပေးခြင်း
မိဘကို နင်း နှိပ် ပေးခြင်း
ပြုစုပေးခြင်း စတဲ့
ဝေယျာဝစ္စတွေကို ပြုလုပ်ပေးခြင်းနဲ့လည်း
ကျေးဇူးဆပ်နိုင်ပါတယ်.........
4 ကုသိုလ်ပြု၍ ကျေးဇူးဆပ်နည်း........
မိဘတွေ ကုသိုလ်ရအောင်
တရားနာနိုင်အောင် တိုက်တွန်းခြင်း
သင်္ကန်းတွေ လှူခိုင်းခြင်း
အလှူတွေ လုပ်ခိုင်းခြင်းဖြင့်
သား သမီးများက
မိဘတွေ ကုသိုလ်ရအောင်
ဘေးနားကနေ ပြုလုပ်ပေးခြင်းနဲ့လည်း
ကျေးဇူးဆပ်နိုင်ပါတယ်.........
5 တရားနာ,ရိပ်သာ၀င်ခိုင်း၍ ကျေးဇူးဆပ်နည်း......
မိဘတွေ
တရားနာနိုင်အောင် တိုက်တွန်းပေးခြင်း
ကူညီဖြည့်ဆည်းပေးခြင်း......
မိဘတွေ
ဘုရားအရိပ် တရားအရိပ်မှာ ပျော်မွေ့နိုင်အောင်
ပံ့ပိုးကူညီ ဆောင်ရွက်ပေးခြင်းနဲ့လည်း
ကျေးဇူးဆပ်နိုင်ပါတယ်........
မြတ်ဗုဒ္ဓ၏
အမြတ်ဆုံးကျေးဇူးအကျေဆပ်နည်းပါ.....
ဖခင်အား ရဟန္တာဖြစ်အောင်
ကျေးဇူး အကျေဆပ်....
မိခင်အား မဟာသောတာပန်ဖြစ်အောင်
ကျေးဇူး အကျေဆပ် တဲ့......
6 အမျှပေးဝေ၍ ကျေးဇူးဆပ်နည်း.........
နောက်ဆုံးကတော့......
မိဘများသက်ရှိ ထင်ရှားမရှိတဲ့အချိန်မှာ
မိဘအတွက် ရည်မှန်းပြီး
ကောင်းမှုကုသိုလ်များ ပြုလုပ်ကာ
အမျှတမ်း ပေးဝေခြင်းကလည်း
မိဘအတွက် ကျေးဇူးဆပ်ရာ ရောက်ပါတယ်။
13/04/2024
#သွေးအဖြေလေးဖတ်ပေးပါဦးဆရာ
#ဘာအားဆေးသောက်ရမလဲ ဆရာ ဆိုတဲ့မေးခွန်း နောက်မှာ
#သွေးအဖြေလေးကြည့်ပေးပါဦး ဆိုတဲ့ Request က ဒုတိယလိုက်ပါတယ် 😅
😁 သွေးအဖြေဖတ်နည်းက လွယ်လွယ်လေး 😁
ကိုယ့်အဖြေရဲ့ဘေးမှာ Reference Range ပါတယ်
- အဲ့ Range ထဲဝင်ရင် Normal
- အဲ့ထက်နည်းရင် နည်းတယ်
- အဲ့ထက်များရင် များတယ်
#ဒါပဲ။ ဘာမှ မခက်ဘူး။
___________
အဲ့တော့ အင်္ဂလိပ်စာတတ်တဲ့လူတိုင်း Reference Range ကြည့်ပြီး ကောင်းတယ် မကောင်းဘူးပြောလို့ရပါတယ်။
#ဘာကခက်တာလဲ ⁉️
ကျွန်တော်တို့က #လူနာကို_ကုသတာ ဖြစ်ပါတယ်၊ ***သွေးအဖြေတွေကောင်းအောင်_လုပ်နေတာမဟုတ်ပါဘူး
အဲ့တော့
သွေးအဖြေဆိုတာတွေကို အထောက်အကူအနေပဲနဲ့သုံးပြီး #လူနာရဲ့_အခြေအနေ ကို မူတည်ပြီး ကုသရတာပါ။
ဆိုလိုတာက
လူနာအခြေအနေကို သိမထားတဲ့ ဆရာဝန်တစ်ယောက် က သွေးအဖြေ ကြည့်တာဟာ အင်္ဂလိပ်စာတတ်တဲ့လူ ဖတ်ပြတာနဲ့ အတူတူပါပဲ။
အဲ့ဒါကြောင့် ဆရာဝန်အများစုက စစ်ခိုင်းထားတဲ့ ဆရာဝန်ကိုပဲမေးပါလို့ ပြောကြတာပါ
(လျှိုတာ ၊ စိတ်ပုတ်တာမဟုတ်ပါဘူး 😅)
စိတ်ပုတ်တာမဟုတ်ကြောင်းရှင်းပြရင်း
ကိုဗစ်ဖြစ်တုန်း အစစ်များတဲ့
CP (Complete Picture) ကြည့်ပုံလေး ပြောပြပါမယ်။
CP မှာအဓိကကြည့်တာ
- WBC 👉 White blood Cell သွေးဖြူဥ
- Hb 👉 Haemoglobin
- Platelet 👉 သွေးဥမွှားပေါ့
သွေးရောဂါတွေကတော့ရှုပ်လို့ မပြောတော့ပါဘူး။
1. RBC (Haemoglobin) သွေးနီဥက ခန္ဓာကိုယ်က cells တွေကို Oxygen နဲ့ အာဟာရပို့မယ်၊ Cells တွေဆီက Carbon dioxide နဲ့ အညစ်အကြေးတွေပြန်သယ်လာမယ်။
RBC (Haemoglobin) သွေးနီဥနည်းရင် သွေးအားနည်းရောဂါ Anaemia လို့ခေါ်ပြီး။
သွေးနီဥ အရွယ်အစား MCV ဆိုတာကိုကြည့်ပြီး
- microcytic anaemia
- normocytic anaemia
- macrocytic anaemia ဆိုပြီးရှိပါသေးတယ်
Micocytic Anaemia ကို Iron Deficiency Anaemia (သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါ) နဲ့ Haemolytic Anaemia တွေထဲက Thalassaemia ဆိုပြီးရှိပါတယ်။
RBC (Haemoglobin) သွေးနီဥများရင် သွေးပျစ်တဲ့ရောဂါ Polycythemia လို့ခေါ်ပါတယ်
Polycythemia မှာ Absolute Polycythemia နဲ့ Relative Polycythemia ဆိုပြီးခွဲပါသေးတယ်။
Absolute Polycythemia ကိုမှ Polycythemia Rubra Vera ဆိုတာနဲ့ Haemopoietin ထုတ်များလို့ Polycythemia ရနေတာနဲ့ ခွဲရပါသေးတယ်
2. Platelet က ဒဏ်ရာရလို့ သွေးကြောပေါက်သွားရင် အဲ့နေရာကို သွားဖာပေးတယ်။
Platelet နည်းတာကို Thrombocytopenia လို့ခေါ်ပြီး Platelet နည်းစေတဲ့အကြောင်းရင်းအများကြီးထဲက ITP - Immune Thrombocytopenic Purpura ဆိုတဲ့ရောဂါက နာမည်ကြီးပါတယ်။
Platelet များတာကို Thrombocytosis လို့ခေါ်ပါတယ်။
တစ်နေရာရာမှာ သွေးထွက်နေရင် Platelet များတတ်သလို၊ သွေးထွက်တာများလွန်းလည်း Platelet နည်းနေတတ်ပါတယ်။
Essential Thrombocytosis ဆိုတဲ့ သွေးခဲအရမ်းလွယ်တဲ့ရောဂါကလည်းရှိပါသေးတယ်။
3. သွေးဖြူဥတွေကတော့ ကိုယ်ခံအားစနစ် နဲ့ အလုပ်တွဲလုပ်ပါတယ်။
ဆိုတော့ကာ
သွေးဖြူဥများရင် Bacteria ပိုးဝင်တာဖြစ်နိုင်ပါတယ်။
WBC သွေးဖြူဥကိုထပ်ခွဲတော့
- Neutrophil
- Eosinophil
- Basophil
- Monocyte
- Lymphocyte ဆိုပြီး (၅) မျိုးရှိပြီး။
Neutrophil များရင် Bacteria ပိုးဝင်တာဖြစ်ပြီး
Lymphocyte များရင်Virus ပိုးဝင်တာဖြစ်ပါတယ် ဒါပေမယ့် ကိုဗစ်ဟာ Virus ဖြစ်ပြီး Lymphocyte နည်းပါတယ်။ (တရားသေမှတ်လို့မရပါဘူး)
သန်ကောင်တွေရှိနေရင်၊ Allergy ရှိရင် Eosinophil များတတ်ပါတယ်။
အဲ့ဒါတွေအပြင်ကြည့်ရတာက RCDW တို့ Hct တို့လည်းကြည့်ရပါသေးတယ်။
Absolute count နဲ့ Percentage တွေကြည့်ပြီးလည်း ချိန်ထိုးရပါသေးတယ်။
ပြောရရင် ဒါက အမြည်းပဲရှိပါသေးတယ် အများကြီး အများကြီး ရှိသေးတဲ့အတွက်
- လူနာက ဘာလို့စစ်တာလဲ
- လူနာရဲ့အခြေအနေ က ဘယ်လိုရှိလဲ
- အသက်အရွယ်၊ ယောက်ျား/မိန်းမ
- ဘာလက္ခဏာတွေရှိလဲ
- Vital signs တွေဘယ်လိုနေလဲ
- ရောဂါအခံဘာတွေရှိလဲ
- ဘာဆေးတွေသောက်နေရတာလဲ
ဆိုတာတွေသိမှ အခြေအနေ ပြောပေးလို့ရပါတယ်။
အဲ့ဒါကြောင့် သွေးအဖြေတွေဟာ ကြည့်ပေးနေတဲ့ဆရာဝန်က သူ့ Idea နဲ့သူ စစ်တာဖြစ်လို့ တခြားဆရာတစ်ယောက်ပြောပြတာဟာ #မပြည့်စုံတတ်ပါဘူး။
__________
ကိုယ်တွေ့ တစ်ခုပြောပြပါမယ်
ကျွန်တော်ဆရာဝန်ဖြစ်စကပေါ့ စာလေးတစ်လုံး နှစ်လုံးတတ်ပြီး ကိုယ်ဟာကိုယ် ဆရာကြီးထင်နေတဲ့အချိန်ပေါ့လေ
လူနာတစ်ယောက်က ချောင်းဆိုးတာရက်ကြာနေတယ် ကျွန်တော်ဆေးတွေပေးတာမသက်သာတာနဲ့ ဆရာကြီးတစ်ယောက်ဆီလွှဲလိုက်တယ်လေ
အဲ့ဒီဆရာကြီးက လူနာကြည့် ဓာတ်မှန်ရိုက်ပြီိး သွေးစစ်တဲ့အထဲမှာ အသည်းကိုပါထည့်စစ်လိုက်ပါတယ်။
အဲ့တော့ ကျွန်တော်က အတင်းတုတ်တော့တာပေါ့ လူနာကို အကုန်လျှောက်စစ်တာပဲ၊ ဘာညာပေါ့။
နောက်အခန့်သင့်လို့ အဲ့ဆရာကြီးနဲ့ စကားပြောဖြစ်တဲ့အခါ ကျွန်တော်ရဲ့လူနာဟာ
- ချောင်းဆိုးတာရက်ကြာတယ်
- ဓာတ်မှန်သိပ်မကောင်းတဲ့အတွက်
TB ရောဂါဖြစ်နိုင်တယ်၊ TB ဆေးက အသည်းထိတတ်တဲ့အတွက် အသည်းကောင်းမှ ဆေးစလို့ရတယ်၊
TB သေချာတာနဲ့ ဆေးတန်းပေးလို့ရအောင် အသည်းထည့်စစ်ကြောင်း ပြန်သင်ပေးပါတယ်။
ဆိုလိုတာက ဆရာကြီးတွေ မိနစ်ဝက်လောက်လူနာ ကြည့်လိုက်တာမှာ အများကြီးတွေးပေးလိုက်ပါတယ် ဆိုတာလေးပြောပြချင်တာပါ။
အဲ့ဒီ ဆရာကြီးကို ကြွေသွားပြီး Internal Medicine (ဆေးပညာ) ကိုစိတ်ဝင်စားပြီး စာတွေဖတ်ဖြစ်ခဲ့တာပါ။
သိလိုက်ရတာက သွေးအဖြေတွေဆိုတာ လျှောက်မစစ်ရဘူး၊ လူနာအခြေအနေပေါ်မူတည်ပြီး ကိုယ်ယူဆတဲ့ရောဂါကို အထောက်အပံ့ဖြစ်စေတာပဲ စစ်ရတယ် ဆိုတဲ့အတွေးကို ရရှိစေခဲ့ပါတယ်။
(Photo credit; Wikipedia . com)
ကျန်းမာရေးဗဟုသုတ တိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ
Dr. ဘုန်းစည်သူလွင်
(ကျန်းမာရေးဆောင်းပါးများ နေ့စဉ်တင်ပေးနေသောကြောင့် #ကျွန်တော့_Pageကို_Like လုပ်ထားခြင်းဖြင့် ကျန်းမာရေးဗဟုသုတတိုးပွားလာပါ
လိမ့်မယ် 💕💕💕 )
Click here to claim your Sponsored Listing.
Category
Website
Address
Jalan Selat Selatan 16. Pandamaran
Klang
42000