KIPP TOP
KIPP TOP IT SOLUTION မှ Computer/Printer/Phone နှင့်အခြား ဆက်စပ် အပိုပစ္စည်းမျိုးစုံရောင်းချပေးနေပါပြီ။
မင်္ဂလာပါ KIPP TOP IT SOLUTION မှ အောက်ပါဝန်ဆောင်မှုများကို မိတ်ဆွေတို့ စိတ်တိုင်းကျ ဆောင်ရွက်ပေးနေပါပြီ။ Computer / Phone / Printer / IT service ဝန်ဆောင်မှု နှင့် Computer/Printer/Phone နှင့်အခြား ဆက်စပ် အပိုပစ္စည်းမျိုးစုံရောင်းချပေးနေပါပြီ။
17/06/2022
" 32 Bit နဲ့ 64 Bit တို့၏ကွာခြားချက် "
🔺🔺🔺🔺 🖥️💻🖥️ 🔺🔺🔺🔺
♦️ ဒီနေ့မှာတော့ Computer Hardware နှင့် Software မှာရှိတဲ့ version နှစ်မျိုးဖြစ်တဲ့ 32-bit နှင့် 64-bit အလုပ်လုပ်ပုံအကြောင်းပြောပြမှာဖြစ်ပါတယ်။
♦️ ဒီနှစ်ခုရဲ့ ကွာခြားချက်ကတော့ memory ကိုဘယ်လို handle လုပ်နိုင်လဲဆိုတာဖြစ်ပါတယ်။
♦️ 32-bit system မှာဆိုရင် memory address 2^32 bits ကိုပဲ handle လုပ်နိုင်ပါတယ်။ ဒါကဘာနဲ့ညီမျှလဲဆိုရင် RAM ပမာဏ 4GB ကိုပဲ handle လုပ်နိုင်ပါတယ်။
♦️ 64-bit system မှာဆိုရင်တော့ memory address 2^64 bits ( 16 Exabytes ) ထိ handle လုပ်နိုင်ပါတယ်။ 4billions အဆလောက်ထိ 32-bit ထက်ပိုပြီးလုပ်ဆောင်နိုင်ပါတယ်။ ဒါကတော့အရမ်းများတဲ့ပမာဏပါပဲ။ဒါပေမယ့်အဲ့လောက်ထိလည်းကျွန်တော်တို့အသုံးမပြုကြပါဘူး။
♦️ Computer system တစ်ခုမှာ data တွေစီလျှင် သို့မဟုတ် Program တစ်ခုစပြီးအလုပ်လုပ်တော့မယ်ဆိုရင် ပထမဆုံးအနေနဲ့ RAM ပေါ်ကို စပြီးတင်ရပါမယ်။
♦️ ဒီတော့ data အရင်ဆုံးရှိနေမယ့်နေရာက slower HDD (Hard Disk Drive)ဆီမှာဖြစ်ပါတယ်၊ HDD ဆီကနေမှတဆင့် faster RAM (Random Access Memory) ဆီကိုပို့ရပါတယ်။ RAM ဆီကို data တစ်ကြိမ်ရောက်ပြီဆိုမှ RAM ကနေတစ်ဆင့် CPU ကစတင်ပြီး data ကို အလုပ်လုပ် (access or run) နိုင်ပါတယ်။
♦️ ဒါကြောင့် 32-bit system မှာဆိုရင် RAM ကအများဆုံးလက်ခံနိုင်တာ 4GB ဖြစ်တဲ့အတွက် CPU ကနေ 4GB ထက်ပိုတဲ့ data တွေကို မြန်မြန်ဆန်ဆန် အလုပ်လုပ်စေချင်တဲ့အခါ Data တွေအကုန်လုံးကိုလုပ်ဆောင်နိုင်ရန်အတွက်မလုံလောက်တော့ပါဘူး။
♦️ RAM က data ကိုသတ်မှတ်ပမာဏအတိုင်းပဲလက်ခံနိုင်တဲ့အတွက် 4GB ထက်ပိုရောက်တဲ့ data တွေက CPU ဆီကိုဆက်မသွားရပဲ slower HDD ဆီကိုပဲပြန်သွားရပါတယ်။ ဒါ့ကြောင့် computer ရဲ့လုပ်ဆောင်ချက်တွေကပိုပြီးနှေးလာပါတယ်။
♦️ ဒါပေမယ့် 64-bit system မှာတော့ 4GB ထက်ပိုတဲ့ data တွေကို RAM က access လုပ်နိုင်ပါတယ်။ ဒါကြောင့်လိုအပ်တဲ့ Data တွေကို faster RAM ပေါ်မှာ store လုပ်ထားပေးနိုင်ပါတယ်။
♦️ Slower HDD ဆီကိုပြန်သွားစရာမလိုတော့ပါဘူး။ CPU က process လုပ်မယ့် data တွေကို RAM ပေါ်မှာ အများကြီးသိမ်းဆည်းထားနိုင်တဲ့အတွက် Computer ရဲ့လုပ်ဆောင်ချက်တွေကို ပိုပြီးမြန်ဆန်စေပါတယ်။ ဒါကြောင့်ပဲ 32-bit system ထက် 64-bits system ကပိုပီးမြန်ဆန်နေရတဲ့အကြောင်းအရင်းဖြစ်ပါတယ်။
✅ အားလုံးပဲ 32-bit နှင့် 64-bit ရဲ့အလုပ်လုပ်ပုံ ကွာခြားချက်ကိုနားလည်မယ်လို့ထင်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။🙏🙏🙏
🔻🔻🔻🔻🔻🔻▪️▪️▪️🔻🔻🔻🔻🔻🔻
ယခုလိုမျိူး နောက်ထပ်တင်ဆက်မှု အသစ်တွေကိုသိရအောင်လည်း ကျွန်တော်ရဲ့ "page" နဲ့ "YouTube Channel" တွေကို Like and Subscribe လေးတွေလုပ်ထားကြဖို့မမေ့ကြပါနဲ့ ...👌
page 👇👇
https://www.facebook.com/CrdByHEIN/
YouTube Channel 👇👇
https://youtube.com/channel/UCpkWFQdjxeeY4u2S-Q5NXuQ
16/06/2022
ACC ကနေ တင်ပေးထားတဲ့ ကွန်ပျူတာနည်းပညာများကို အလွယ်တကူလေ့လာလို့ရအောင်သင်ခန်းစာများကို စုစည်းပြီးတင်ပေးလိုက်ပါတယ်
ACC ရဲ့ YouTube Channel လေးကိုလည်း Subscribe လုပ်ပြီးအားပေးသွားပါအုံး ခင်ဗျာ
https://www.youtube.com/channel/UC5FqAJfbFqJvGYbIlnMl1nw
(1) ကွန်ပျူတာတွင် Software များသွင်းနည်း အပိုင်း (၁)
https://youtu.be/BVnuPXTzhoI
(2) ကွန်ပျူတာတွင် Software များသွင်းနည်း အပိုင်း (၂)
https://youtu.be/s7ZatfB_JpU
(3) Microsoft Office Activate ပြုလုပ်နည်း
https://youtu.be/7wLskyM1yLU
(4)Excel မှာ လုပ်သက်ကို အတိအကျတွက်နည်း
https://youtu.be/Pzov9_sH600
(5) Photoshop နဲ့ ဘောင်ချာ ဒီဇိုင်းလှလှလေး ပြုလုပ်နည်း
https://youtu.be/Uo8PkwVahcY
(6) Excel အခြေခံ အသုံးပြုနည်း သင်ခန်းစာ (၁)
https://youtu.be/DSnD8l27_fU
(7) ကွန်ပျူတာမှာ Font သွင်းနည်း
https://youtu.be/ZVSMoaJxbgw
(8) ကွန်ပျူတာမှာ Icons တွေပျောက်နေရင် ပြန်ဖော်နည်း
https://youtu.be/zAoWJ8ZhTeo
(9) ကွန်ပျူတာ သန့်ရှင်းရေး ပြုလုပ်နည်း
https://youtu.be/XNDpjVifX6E
(10) စာလုံး ဒီဇိုင်းပြုလုပ်နည်း
https://youtu.be/R_S3KHtae2Y
(11) Word မှာ စာညီအောင် Tab သတ်မှတ်ရေးနည်း
https://youtu.be/Zhsc904gfOU
(12) PSD File များကို ဓါတ်ပုံလိုမြင်ရအောင် ကြည့်နည်း
https://youtu.be/EJsD4-nT-U4
(13) English စာလက်ကွက် အမြန်ကျွမ်းကျင်လို သူများအတွက်
https://youtu.be/V6tVLQzU2tw
(14) Microsoft Word မှာ Dark Mode ပြောင်းသုံးနည်း
https://youtu.be/TTfbra0atkg
(15) ဓါတ်ပုံရိုက်ရာတွင် စောင်းနေသော ပုံများကို တည့်အောင် Print ထုတ်နည်း
https://youtu.be/R4ucmmL10NM
(16) Computer မှာ Telegram အသုံးပြုနည်း
https://youtu.be/aTbsYnR9YiA
(17) Computer မှာ အသံမလာသော ပြဿနာဖြေရှင်းနည်း
https://youtu.be/vB-IOKzrRcU
(18) Computer မှာ Zapya ထည့်သွင်းအသုံးပြုနည်း
https://youtu.be/t36f6FK75eI
(19) Computer မှာ VPN Download ဆွဲပြီး အသုံးပြုနည်း
https://youtu.be/sMGy61ReugQ
(20) Computer မှာ မရှိမဖြစ်သွင်ထားရမည့် WinRar လိုင်စင် Version Software
https://youtu.be/TNEMQFMUFjc
(21) File Size ချုံ့နည်း ဖြေနည်း
https://youtu.be/9lFmRzXFH14
(22) File တွေ Software တွေကို link ထုတ်နည်း
https://youtu.be/bVvzo1l-dD8
(23) Window Activate လိုင်စင်သက်တမ်းတိုးနည်း
https://youtu.be/zK22z_ez3Yk
(24) ကွန်ပျူတာမှာ ပြည်ထောင်စုဖောင့်ထည့်ပြီး စာရိုက်နည်း
https://youtu.be/8EK8CtZUVso
(25) မင်္ဂလာ ဖိတ်စာရိုက်နည်း
https://youtu.be/QYIMKrhIFQs
(26) Microsoft Word မှာ လက်မှတ်ထိုးနည်း
https://youtu.be/T2P9vBAetaI
(27) ဖုန်းနဲ့ရိုက်ထားတဲ့ ပုံတွေကို ကာလာမှန်အောင် Print ထုတ်နည်း
https://youtu.be/Vb0LpwD41yI
(28) ကွန်ပျူတာမှာ File တွေဖွင့်မရသော ပြဿနာဖြေရှင်းနည်း
https://youtu.be/4CCuYZRLSgY
(29) Excel သင်ခန်းစာ စာရင်းဇယားရေးဆွဲတွက်ချက်ခြင်း
https://youtu.be/PPO6xEdInxc
(30) ကွန်ပျူတာအသုံးပြုသူတိုင်း ဒီအချက်ကို မဖြစ်မနေ လုပ်ထားပါ
https://youtu.be/eQ4jtuXkbv0
(31) ကွန်ပျူတာဖြင့် Screen Record ဖမ်းနည်း
https://youtu.be/1xxIEWF8DhM
(32) လိုင်စင်ဓါတ်ပုံ အမြန်ပြုလုပ်နည်း
https://youtu.be/KJZ1Fl6vru8
(33) Microsoft Word မှာ ပေါင်း နှုတ် မြှောက် စား
စာရင်း ဇယားများ တွက်ချက်ခြင်း
https://youtu.be/YBDOiBxcbvw
(34) ကွန်ပျူတာမှာ Photoshop 2021 Software သွင်းနည်း
https://youtu.be/nS95fdQDBxs
(35) ကွန်ပျူတာဖြင့် Animation GIF File ပြုလုပ်နည်း
https://youtu.be/1xCw-xLJwvM
(36) Photoshop နဲ့ ဂုဏ်ပြုမှတ်တမ်းလွှာ ပြုလုပ်နည်း
https://youtu.be/nmLFh64RuIs
(37) ကွန်ပျူတာကို Window Update လုပ်နည်း
https://youtu.be/AgC6DsY3gII
(38) ကွန်ပျူတာကို Graphic Driver သွင်းနည်း Update ပြုလုပ်နည်း
https://youtu.be/6ZQiGOuqrAE
(39) Word မှာ ဘောင်းအတွင်းစာရေးပြီး လှည့်နည်း
https://youtu.be/gPm5NnbisuY
(40) Window 11 Update ပြုလုပ်နည်း
https://youtu.be/f5CSzoflmIg
(41) ကွန်ပျူတာမှာ ဗီဒီယိုတွေကို MP4 Format ပြောင်းနည်း
https://youtu.be/z3U50wfyXUc
(42) Word မှာ ခေါင်းစီးကို Logo ပုံထည့်နည်း
https://youtu.be/Hev8wcrHQ5Y
(43) Word မှာ ဖိုင်ကို Password ပေးထားပြီး မေ့သွားရင် ပြန်ယူနည်း
https://youtu.be/5SpsrIkAwtA
(44) ဖုန်းနဲ့ ကွန်ပျူတာချိတ်ပြီး ကွန်ပျူတာပေါ်တွင် ဖုန်းမှန်ပြင်ပေါ်အောင်လုပ်နည်း
https://youtu.be/zI9nXoD93XU
(45) Microsoft Word ဖိုင် မှ ဓါတ်ပုံအဖြစ်ပြောင်းနည်း
https://youtu.be/w39cr5S5xFg
(46) ကွန်ပျူတာမှာ Microsoft Office 2021 သွင်းနည်း
https://youtu.be/gDZx3yXOhL8
(47) Adobe Photoshop CC 2021 သွင်းနည်း
https://youtu.be/qAiYMGOAH6U
(48) VLC Player မှာ ဗီဒီယို ရုပ်ပေါ်အောင် ပြုလုပ်နည်း
https://youtu.be/fCaYDz1csEA
(49) ကွန်ပျူတာမှာ ဓါတ်ပုံဖိုင်တွေကို ပုံပေါ်အောင် ပြုလုပ်နည်း
https://youtu.be/RQPf1tI9AtM
(50) (၄) ခေါက်ချိုး ဖိတ်စာပြုလုပ်နည်း
https://youtu.be/AOj5t9UpDDY
(51) ကွန်ပျူတာဖြင့် Screen Record ဖမ်းလို့ရမယ့်
Camtasia Studio 2021 Software သွင်းနည်း
https://youtu.be/uSc1sZiP7oA
(52) Excel မှာ Data တွေကို ပုံသေထားပြီးရေးနည်း
https://youtu.be/FbeXGnv8QKA
(53) မင်္ဂလာဖိတ်စာအထူးကဒ်ရိုက်နည်း
https://youtu.be/-dzjyXUXGBE
(54) Excel မှာ မြန်မာလိုတွက်ချက်နည်း
https://youtu.be/GqAzQyHPB5E
(55) ကွန်ပျူတာမှာ Photoshop CC 2022 Software သွင်းနည်း
https://youtu.be/bCEHBBnbky8
(56) Print ကျောကပ်ထုတ်နည်း
https://youtu.be/N2PRVYr8w6s
(57) ဖိုင်တွေကို ISO File အဖြစ် ပြုလုပ်နည်း
https://youtu.be/YE9fPVpI-tA
(58) Excel မှာ အပိုင်းကိန်းရေးနည်း
https://youtu.be/nWjd4kmfh1Q
(59) Microsoft Office 2021 ဆော့ဝဲလ်ဒေါင်းနည်း သွင်းနည်း
https://youtu.be/m6YZ3dmGKFI
နောက်သင်ခန်းစာအသစ်တွေကိုလည်း ထပ်ပေါင်ပြီး
တင်ပေးပါမယ် ခင်ဗျာ
Telegramမှာလည်း တင်ပေးထားပါတယ်
Join ပြီး လေ့လာလို့ရပါတယ်
https://t.me/accapkcentre
#ပညာဒါနသင်ခန်းစာများ
#အားလုံးအဆင်ပြေကြပါစေ
(ACC Computer)
20/04/2022
HDD နဲ့ SSD ဘယ်လို ကွာခြားလဲ?
HDD ဆိုတာ Hard Disk ဖြစ်ပြီးတော့ SSD ဆိုတာ Solid State Device ဖြစ်ပါတယ်။
နှစ်ခုစလုံးက Storage Device တွေပဲ ဖြစ်ပါတယ်။
HDD ဟာ 3.5 inch (Desktop) နဲ့ 2.5 inch (laptop) ဆိုပြီး အရွယ်အစား နှစ်မျိုးရှိပါတယ်။
HDD အားသာချက်က ဈေးသက်သာပါတယ်။ သိုလှောင်သိမ်းဆည်းနိုင်တဲ့ ပမာဏများပါတယ် ( ယခုဆိုရင် Hard Disk 12 TBထိတောင် သိမ်းဆည် လာနိုင်ပါပြီ)။
HDD ရဲ့ အားနည်းချက်တွေက အကြမ်းမခံပါဘူး ။ရွေ့လျားနေတဲ့ အစိတ်အပိုင်းတေ ပါဝင်တာကြောင့် လွတ်ကျတာနဲ့ ပျက်စီးနိုင်ပါတယ်။
ပါဝါစားမှုက SSD ထက်များပါတယ် ။ 6 Watt ကနေ 15 Watt လောက်ထိ ပါဝါစားပါတယ်။
HDD ရဲ့ Data ကူးပြောင်းနှုန်းက 200 Mbps အောက်မှာသာ Read/Write လုပ်နိုင်ပါတယ်။
HDD တွေရဲ့ Data လက်ခံနိုင်တဲ့ နှုန်းက 5.5s ကနေ 8.0 Ms အချိန်ထိကြာပါတယ်။
SSD မှာတော့ 2.5 inch အရွယ်အစားတစ်မျိုးပဲ လာပါတယ်။
2.5 inch Drive အတွက် နေရာမပါတဲ့ Desktop တွေမှာ တပ်ချင်တယ်ဆိုရင် အရွယ်ပြောင်းတဲ့ ကာဗာ (3.5 inch adapter) ခံပြီး တပ်ဆင်ရမှာပါ။ Motherboard ပေါ်မှာရှိတဲ့ SATA-3 အပေါက်နဲ့တွဲဆက်ရမှာဖြစ်ပါတယ်။
SSD ရဲ့ အာသာချက်က Data ကူးပြောင်းနှုန်းမှာ 200 Mbps ကနေ 25000 Mbps ကြား မှာ Read/Write လုပ်နိုင်တဲ့ အတွက် HDD ထက် ၁၀ ဆမက ပိုမြန်ပါတယ်။
SSD တွေက အကြမ်းခံပါတယ်။ ရွေ့လျားနိုင်တဲ့ အစိတ်အပိုင်းတေ မပါဝင်တဲ့ အတွက် တော်ရုံ ပြုတ်ကျတာ၊ ထိခိုက်မိတာ လောက်နဲ့ Data တေ မပျက်စီးနိုင်ပါဘူး။
SSD တွေရဲ့ Data လက်ခံနိုင်တဲ့ နှုန်းက 0.5s အချိန်ထိ သာကြာပါတယ်။ ပါဝါစားမှု က 2 Watt ကနေ 5 Watt လောက်ထိပဲစားပါတယ်။
စက်ဖွင့်တာဖြစ်ဖြစ် ၊ File တွေကူးတာဖြစ်ဖြစ် SSD သုံးထားရင် သိသိသာသာမြန်ဆန်နေမှာပါ။
SSD မှာ မော်ဒယ် နဲ့ သိမ်းဆည်းနိုင်မှု ပမာဏအလိုက် အမြန်နှုန်း ကွာခြားပါတယ်။
အပူထုတ်လုပ်မှုနည်းတယ်။ အလေးချိန်ပေါ့တယ်။
အရွယ်အစားသေးငယ်လို့ ပေါ့ပေါ့ပါးပါး Laptop ဒီဇိုင်းတွေမှာ ထည့်သွင်းအသုံးပြုပါတယ်။
SSD ရဲ့ အားနည်းချက်က ဈေးကြီးပါတယ်။ HDD နဲ့ SSD Storage ပမာဏတူရင်တောင် SSD က ဈေးနှစ်ဆလောက် ပိုပါတယ်။
SSD တေရဲ့ သိုလှောင်သိမ်းဆည်းနိုင်တဲ့ ပမာဏက 1 TB ကနေ 4 TB သာရှိပါတယ်။ Hight-End ကွန်ပျူတာတေမှာ သာ 8TB တွေ့ရတာပါ။
SSD မှာ SSD, M.2 SSD (SATA) နဲ့ M.2 SSD (PCIE) ဆိုပြီး လာပါတယ်။
SSD (SATA) = မြင်နေကျ Hard Disk တွေလို လေးထောင့်ပုံပါပဲ။ 2.5 inch တစ်မျိုးထဲ လာတဲ့ အတွက် 2.5 inch Drive နေရာမပါတဲ့ Desktop ပုံး တွေမှာတပ်ချင်တယ်ဆိုရင် အရွယ်ပြောင်းတဲ့ ကာဗာ (3.5 inch adapter) ခံပြီးတပ်ဆင်ရမှာပါ။ မာသားဘုတ်ပေါ်မှာရှိတဲ့ SATA-3 အပေါက်နဲ့တွဲဆက်ရမှာဖြစ်ပါတယ်။ (SATA-2 နဲ့တွဲဆက်လိုက်ရင် မြန်နှုန်းတစ်ဝက်ပဲရမှာ ဖြစ်ပါတယ်။)
M.2 SSD (SATA) ဟာ M.2 (SATA) ပါတဲ့ မားသားဘုတ် (Motherboard) တွေမှာပဲတပ်ဆင်နိုင်ပါတယ်။ Laptop တွေနဲ့ Desktop ဘုတ်အမြင့်တွေမှာပါပါတယ်။ အမြန်နှုန်းစွမ်းဆောင်ရည်ပိုင်းက SSD (SATA) နဲ့တူတူပါပဲ။ တပ်ဆင်ရတဲ့နေရာကွာခြားသွားတာပါ။ အရွယ်သေးသွားတဲ့အတွက် ပါးလွှာတဲ့ Laptop တွေမှာတော့ နေရာအဆင်ပြေစေပါတယ်။
M.2 SSD (PCIE) ဟာ M.2 (PCIE) ပါတဲ့ မားသားဘုတ် (Motherboard) တွေမှာပဲတပ်ဆင်နိုင်ပါတယ်။ Laptop တွေနဲ့ Desktop ဘုတ်အမြင့်တွေမှာပါပါတယ်။ NVMe ( Non- Volatile Memory Express) SSD လို့လည်းခေါ်ကြပါတယ်။ အားလုံးထဲမှာ speed အမြန်ဆုံးက NVMe SSD ဖြစ်ပါတယ်။
(M.2 SSD တွေမှာလည်းအရွယ်အစားရှိပါတယ်။ 2280 ဆိုတာ ၂၂ မီလီမီတာ x ၈၀မီလီမီတာ အရွယ်ကိုဆိုလိုပါတယ်။ 2242 ဆိုရင် ၂၂ မီလီမီတာ x ၄၂ မီလီမီတာကိုဆိုလိုတာပါ။)
M.2 အပေါက်က တူပေမယ့် PCIE လား၊ SATA လား၊ နှစ်ခုစလုံးရသလားဆိုတာကို Laptop (သို့) Motherboard မော်ဒယ်ကိုကြည့်ပြီး သက်ဆိုင်ရာ Website မှာသွားရှာရမှာပါ။ ဒါမှမဟုတ် စက်ကိုဖွင့်ကြည့်ပြီး ဘာရေးထားလဲကိုရှာနိုင်ပါတယ်။ ဘာမှ မရေးထားရင် မျက်လုံးအမြင်နဲ့ဆုံးဖြတ်ဖို့ခက်ပါတယ်။
⏺ဒေတာ ထိန်းသိမ်းနိုင်မှု
HDDတွေက စက်လှုပ်ရှားမှုအပိုင်းတွေပါပေမဲ့ သံလိုက်ဓာတ်နဲ့ သိမ်းတာမို့ DATA တွေကို သိုလှောင်ထားနိုင်တဲ့ ကာလပိုကြာကြာ သိမ်းထားနိုင်ပါတယ်။
SSD တွေမှာတော့ စက်လှုပ်ရှားမှု အစိတ်အပိုင်းတွေမပါဘဲ NAND Gate Semiconductor တွေထဲမှာ လျှပ်စစ် သိုလှောင်တဲ့ စနစ်နဲ့ သိမ်းထားတာဖြစ်လို့ အချိန်ကာလ တစ်ခုမှာတော့ သိမ်းဆည်းထားတဲ့ လျှပ်စစ်ဓာတ် ယိုစိမ့်ပျောက်ဆုံးပြီး DATAတွေ ပျက်စီးနိုင်တဲ့ အခွင့်အလမ်းရှိပါတယ်။
အချက်အလက်တွေကို နှစ်ပေါင်းများစွာ သိမ်းဆည်းထားချင်တာမျိုးဆိုရင်တော့ SSDတွေကို မသုံးဘဲ HDD တွေကိုသာ သုံးသင့်ပါတယ်။
⏺သင် ဘယ် Storage Device ကို ရွေးဝယ်မလဲ?
ဒါဆို အဖြေက ရှင်းပါတယ်။
ဈေးများများမသုံးနိုင်ဘူး။ Storage များတာလဲ လိုချင်တယ်ဆိုရင် HDD ကို ရွေးချယ် သုံးစေချင်ပါတယ်။
ဈေးလည်းတက်နိုင်တယ်။ မြန်ဆန်တာလေးလည်း သုံးချင်တယ် ဆိုရင်တော့ SSD ကို ရွေးချယ်သုံးစေချင်ပါတယ်ခင်ဗျာ။
Gaming Laptop နဲ့ Gaming Desktop မှာတော့ HDD သုံးနေသေးတယ်ဆိုရင်တော့ အသုံးစရိတ်ချွေတာပြီး SSD ပြောင်းသုံးသင့်ပါတယ်ခင်ဗျာ။
Graphic Design ပိုင်းကို လုပ်ကိုင်နေတဲ့ သူတွေ နဲ့ Video Editing သမားတွေအတွက်ကတော့ မဖြစ်မနေ SSD ကိုပြောင်းသုံးပါလို့ အကြံပေးပါတယ်ခင်ဗျာ။
မူရင်းရေးသားသူများကို လေးစားလျှက် Credit ပေးပါသည်။
Content Group
Myanmar Pyi
13/04/2022
YESIDO HDMI CABLE
Nylon braided 4K Ultra HD extension cable.
=> 4K/60Hz High 3D Effect
=> 18 Gbps Fluid Video
=> Plug and Play
=> 2000MM Length
Price = RM45
13/04/2022
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Kajang
43000
Opening Hours
| Monday | 10:00 - 21:30 |
| Tuesday | 10:00 - 21:30 |
| Wednesday | 10:00 - 21:30 |
| Thursday | 10:00 - 21:30 |
| Friday | 10:00 - 21:30 |
| Saturday | 10:00 - 21:30 |
| Sunday | 10:00 - 21:30 |