Myanmar Chelsea Fan
ချဲလ်ဆီအသင်းနဲ့ပက်သက်တဲ့သတင်းများကိုအမြဲတမ်းတင်ပေးသွားမှာဖြစ်လို့ချဲလ်ဆီFanညီကိုတွေကိုကြိုဆိုပါတယ်
07/06/2026
💙"အမြန်ဆုံးသက်သာလာပါစေ အက်ဒီဆင်🙏 "
💙"ဒိန်းမတ်အသင်းရဲ့ထုတ်ပြန်ချက်အရ ကွင်းထဲ နောက်ထပ်တစ်ကြိမ် သတိလစ် သွားတဲ့ အက်ဒီဆင် ဟာ သတိပြန်လည်ရရှိလာပြီးလို့သိရပါတယ်"
30/05/2026
"ဒီလိုဖလားတွေရဖို့ဆိုတာ Epl မှာဘဲ ကောင်းနေလို့မရဘူး ၊ ဥရောပမှာပါ အစွယ်ရှိကြောင်းပြတတ်ရတယ် ၊ အဲ့လိုပြတတ်ဖို့နဲ့ "
" ဒါမျိုး ဖလားတွေရဖို့ နောက်ထပ် 10 နှစ်.... 10နှစ် သွားသင် စောင့်နေမယ် "
(ဦးကျော်ဟိန်းလေသံဖြင့် 😁)
30/05/2026
💙"လန်ဒန်သားချင်း ဆိုပေမယ့် အာဆင်နယ်ကိုဘဲ ရစေချင်မိတာပါ"
ဒုတ်ိယ😁
30/05/2026
💙"လန်ဒန်မှာ ဥရောပချန်ပီယံလိဂ်ဖလား ရှိတဲ့အသင်းအဖြစ် ဆက်လတ်ရပ်တည်နေနိုင်တဲ့ ချဲလ်ဆီးအသင်း"
24/05/2026
"တစ်ရာသီလုံးသည်းခံလားရင်း စိတ်ပျက်တဲ့အဆင့်ကနေ ရွံတဲ့အဆင့်ကိုရောက်သွားတာပါကွာ "
24/05/2026
"ရာသီကုန်ထိ စိတ်ဒုက္ခပေးသွားကြတဲ့ ခွေးမသား များ ဒီတခါတကယ်ပြောမယ် ရာသီကုန်လို့ဘယ်ကောင်ထွက်ထွက် တကယ်ဝမ်းမနည်းဘူး တစ်ကောင်မှ သောက်ချိုးပြေမနေကြတာ "
19/05/2026
💙"တကယ်ပါ စပါးကိုတန်းမပေးဆင်းစေချင်ပါဘူး နှစ်တိုင်း6မှတ်အလကားပေးတာ သူတို့တစ်သင်းဘဲရှိတယ်"
17/05/2026
💙မနေ့ညက ကစားခဲ့တဲ့ FA Cup Final မှာ ကွင်းလယ်ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေအပေါ် မန်ယူကစားသမားဟောင်းဖြစ်တဲ့ ရွန်းနီ ကတော့
🗣"ကျွန်တော် ဘောလုံးပွဲတွေကို အတော်ကြာကြာ ကြည့်လာခဲ့တာမို့ ဘယ်အချိန်မှာ အသင်းတစ်သင်း မတရား ခံလိုက်ရလဲဆိုတာ ကောင်းကောင်းသိပါတယ်။ ဒီနေ့မှာတော့ ချဲလ်ဆီး (Chelsea) တကယ့်ကို အဓမ္မ လုယူခြင်း ခံလိုက်ရတာပါ။ ခင်ဗျား ဘယ်အသင်းကိုပဲ အားပေးအားပေး၊ ဒီနေ့ ဆုံးဖြတ်ချက်တချို့ကတော့ တကယ်ကို မယုံနိုင်စရာပဲ။
ပထမပိုင်းမပြီးခင် ဂျာအို ပတ်ဒရို (Joao Pedro) အပေါ် ဖြစ်သွားတဲ့ ပထမဆုံး ဖြစ်ရပ်ကတော့ ကျွန်တော့်အတွက် ဘယ်လိုပဲကြည့်ကြည့် ပင်နယ်တီ အပိုင်ပါပဲ။ ခုဆာနော့ဗ် (Khusanov) က ဘောလုံးကို ဖျက်တာမဟုတ်ဘဲ လူကို တည့်တည့်ကြီး ဝင်တိုက်ခဲ့တာ။ ကွင်းထဲက တခြား ဘယ်နေရာမှာမဆို ဒါက ချက်ချင်း ပစ်ဒဏ်ဘောကျူးလွန်မူ (Foul) အဖြစ် သတ်မှတ်ခံရမှာပဲ။ ဒါကို ဘာဖြစ်လို့ စည်းဝိုင်း (Box) ထဲ ရောက်သွားတဲ့အခါကျမှ 'ထိခိုက်မှု မပြင်းထန်ဘူး' ဆိုပြီး ဖြစ်သွားရတာလဲ? လုံးဝ အဓိပ္ပာယ်မရှိဘူး။
ပြီးတော့ ဒုတိယပိုင်းထဲက ကိုင်စီဒို (Caicedo) အပေါ် ဖြစ်သွားတဲ့ ဖြစ်ရပ်… ကိုင်စီဒို ရှေ့ကို ဆွဲပြေးတဲ့အချိန်မှာ ဒိုကူ (Doku) က သူ့ကို သိသိသာသာကြီး ဖြတ်ကန်လိုက်တာ။ ဒီရာသီမှာ အဲဒီလို ဖြစ်ရပ်မျိုးတွေကို ပင်နယ်တီ ပေးခဲ့တာ ခဏခဏ မြင်ဖူးထားလို့ ချဲလ်ဆီး ကစားသမားတွေက ဒိုင်လူကြီးကို ဝိုင်းပြီး ဆုံးဖြတ်ချက် တသမတ်တည်းဖြစ်ဖို့ တောင်းဆိုခဲ့ကြတာ။ VAR အနေနဲ့ ဝင်ရောက်စွက်ဖက်ဖို့ အခွင့်အရေး အပြည့်အဝ ရှိခဲ့ပေမဲ့ ထုံးစံအတိုင်း ဘာမှ ဖြစ်မလာခဲ့ပြန်ဘူး။
လက်ထိဘော (Handball) လို့ အော်ကြတဲ့ ဖြစ်ရပ်ကကော? အဲဒါကလည်း လူတွေ တစ်ပတ်လုံး ငြင်းခုံကြမယ့် နောက်ထပ် ကိစ္စတစ်ခုပဲ။ အန်ဇို (Enzo) ရဲ့ ဖြတ်တင်ဘောက အိုရိုင်းလီး (O’Reilly) ရဲ့ လက်မောင်းကို ထိသွားခဲ့တာ။ တကယ်တော့ နောက်ခံလူတွေ ဘာလုပ်ရမှန်းတောင် ကျွန်တော် မသိတော့ပါဘူး၊ ဘာလို့လဲဆိုတော့ ဒါထက် အများကြီး သာမန်ဖြစ်ရပ်မျိုးတွေကိုတောင် ပင်နယ်တီ ပေးခဲ့တာတွေ မြင်ဖူးလို့ပါ။ အပတ်တိုင်း ဆုံးဖြတ်ချက် စံနှုန်းတွေက ပြောင်းလဲနေတာပဲ။
ကျွန်တော့်ကို အစိတ်ပျက်စေဆုံးကတော့ ကွင်းလယ်ဒိုင်တွေရဲ့ တုံ့ပြန်မှုပဲ။ လောလောလောလောလည်း မရှိဘူး၊ သေချာ ပြန်လည်သုံးသပ်တာလည်း မရှိဘူး၊ ဒိုင်လူကြီးက မော်နီတာဆီ သွားကြည့်တာမျိုးလည်း မလုပ်ဘူး။ ဒီလို ကြီးမားတဲ့ အခိုက်အတန့်တွေ ရှိနေတဲ့ ဖလားလုပွဲ (Cup Final) တစ်ပွဲမှာ ဆုံးဖြတ်ချက်တွေကို မှန်မှန်ကန်ကန် ချမှတ်ပေးဖို့ လိုအပ်ပါတယ်။
ဒီနေ့မှာ ဆုံးဖြတ်ချက်တွေက သူတို့ဘက်ကို ဘယ်တော့မှ ပါလာမှာမဟုတ်ဘူးဆိုတာ စိတ်ထဲက သိနေလို့ ချဲလ်ဆီး ကစားသမားတွေ တော်တော်လေး ဒေါသထွက်နေပုံရတယ်။ ကြီးမားတဲ့ ဆုံးဖြတ်ချက် သုံးခုစလုံး လျစ်လျူရှုခံလိုက်ရတယ်။ အဲဒါက ပွဲရလဒ်ကို ပြောင်းလဲစေတယ်၊ အထူးသဖြင့် ဗိုလ်လုပွဲမျိုးတွေမှာပေါ့။
ဒီလိုမျိုးသာ မန်ချက်စတာ ယူနိုက်တက် (Manchester United)၊ လီဗာပူး (Liverpool) ဒါမှမဟုတ် အာဆင်နယ် (Arsenal) တို့မှာ ဖြစ်ခဲ့ရင် လူတိုင်းက ဒါကို ရက်သတ္တပတ်နဲ့ချီပြီး ပြောနေကြမှာ။ ဒါပေမဲ့ တစ်ဖက်က မန်ချက်စတာ စီးတီး (Manchester City) ဖြစ်နေတဲ့အတွက်ကြောင့် လူတွေက ဒါကို သေချာ မေးခွန်းထုတ်ဖို့ ကြောက်နေကြပုံရတယ်။
ချဲလ်ဆီးဟာ ဒီနေ့ ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့ရုံတင် မကပါဘူး… ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်တွေကြောင့်ပါ တကယ့်ကို စိတ်ပျက်စရာ ခံလိုက်ရတာ ဖြစ်ပါတယ်။"
16/05/2026
💔"11 ယောက် 12 ယောက်နဲ့ကန်အပြီး ဖလားအလုခံလိုက်ရတဲ့ ချဲလ်ဆီး အသင်း "
💙"ဒီကစားသမားတွေ တော်တော်ကြိုးစားခဲ့ကြပါတယ် အားမရတဲ့အပိုင်းတွေရှိပေမယ့် ဒီနေ့ပွဲကစားတာ တော်တော်ကို အမှားနည်းအောင်ဆော့ခဲ့ပါတယ် ဒါပေမယ့် ကွင်းလယ်ဒိုင်ရဲ့ မျှတမူမရှိတဲ့ ဆုံးဖြတ်ချက်တွေကြောင့် ဖလားလက်လွတ်ခဲ့ရပါတယ် "
11/05/2026
နည်းပြသစ်နေရာအတွက် ဇာဗီအလွန်ဆိုထက် ပိုအတွေ့အကြုံရှိမယ်နည်းပြမျိုးလိုချင်နေတဲ့ ဂျွန်တယ်ရီ
🗣"သူဟာ နည်းပြကောင်းတစ်ယောက်ဖြစ်တယ်ဆိုတာ သံသယဖြစ်စရာမလိုပါဘူး။ သူ ဘာတွေလုပ်နေလဲဆိုတာ ကျွန်တော်တို့ မြင်တွေ့နေရတယ်၊ သူ့ရဲ့ အိုင်ဒီယာတွေက ရှိပြီးသားဖြစ်သလို အသင်းတည်ဆောက်ပုံကလည်း ရှင်းလင်းပါတယ်။
ဒါပေမဲ့ Chelsea ဆိုတာက အဆင့်အတန်းတစ်ခု ထပ်မြင့်ပါတယ်။
အခုလောလောဆယ်မှာ ကျွန်တော်တို့ဟာ နည်းပြကောင်းတစ်ယောက်ဆိုတာထက် ပိုပြီးလိုအပ်နေတာပါ။ ထိပ်တန်းအဆင့်မှာ အတွေ့အကြုံအစစ်အမှန်ရှိတဲ့သူ၊ အမြင့်ဆုံးအဆင့်မှာ ကစားသမားရော နည်းပြအဖြစ်ပါ ဖြတ်သန်းဖူးတဲ့သူ၊ ပြီးတော့ UEFA Champions League ဖလားကို အရယူဖို့ ဘာတွေလိုအပ်လဲဆိုတာကို နားလည်တဲ့သူမျိုး ကျွန်တော်တို့ လိုအပ်ပါတယ်။
အဲဒီလို အောင်နိုင်သူစိတ်ဓာတ်မျိုးနဲ့ပဲ ဒီကလပ်အသင်းကို တည်ဆောက်ထားတာပါ။
ဒါဟာ အလားအလာရှိရုံနဲ့ မလုံလောက်ပါဘူး၊ သက်သေပြပြီးသား အရည်အချင်းမျိုးပဲ ဖြစ်ရပါမယ်။
အဲဒါဟာ အခုအချိန်မှာ Chelsea အသင်း အမှန်တကယ် လိုအပ်နေတဲ့အရာပဲ ဖြစ်ပါတယ်။"
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Address
George Town