The Coach
တကယ်တန်ဖိုးရှိတဲ့အရာတွေကို သင်မြင် တကယ်တန်ဖိုးရှိတဲ့အရာတွေကို The Coach မှာ လာရောက်လေ့လာနိုင်ပါတယ် !
22/04/2023
📌 အရေးဟယ်၊ အကြောင်းဟယ်ဆို ကိုယ့်ရဲ့ လုပ်ငန်းဟာ " "အွန်လိုင်းပေါ်မှာ" " အဆင်သင့် ဖြစ်နေဖို့ လိုအပ်ပါတယ်။
💮 ရောင်းခါနီးမှ လူရှာရတာမျိုး
💮 သူများတွေ လုပ်ပြီးမှ ... အသဲအသန် မီအောင်လိုက်နေရတာမျိုး မဖြစ်ပါစေနဲ့
စနစ်တကျနဲ့ အဆင့်အတန်းရှိရှိပုံစံ ဖြစ်နေဖို့လည်း အရေးကြီးပါတယ်။ ✅
အပြင်မှာရှိတဲ့ လုပ်ငန်းအနေအထားက level တစ်ခု ရှိနေရဲ့သားနဲ့ လိုင်းပေါ်မှာကျမှ ကလေးကလားပုံစံ ဖြစ်နေရင် လူရီစရာကြီး ဖြစ်နေတတ်တယ် မဟုတ်လားဗျာ။ 🥴
(မြင်ဖူးကြတယ်ဟုတ်?
ကြုံသလို post တွေ တင်နေကြတဲ့ လုပ်ငန်းတွေကို!)
~~
🪬• မိတ်ဆွေရဲ့ စီးပွားရေးလုပ်ငန်းကို Online ပေါ်မှာ စနစ်တကျနဲ့ ရပ်တည်ဖို့အတွက်
🪬• ယခုထက်ပိုပြီး နာမည်ရ၊ လူသိများဖို့အတွက်
🪬• ဖောက်သည်တွေ ပိုရှာဖို့၊ ဈေးကွက်ဝေစု ပိုရှာဖို့အတွက်
🪬• ကိုယ့်လုပ်ငန်းရဲ့အကြောင်း၊ ကုန်ပစ္စည်းတွေရဲ့ အကြောင်းတွေကို ဖောက်သည်တွေ ပိုသိလာအောင် ပြောပြဖို့အတွက်
🪬• ဒါတွေအတွက်ဆိုရင် ကျွန်တော်ရဲ့ ကိုသာ "ဟယ်လို" လုပ်လိုက်ပါ။ 🤙
လူကြီးမင်းတို့ရဲ့ စီးပွားရေး လုပ်ငန်းများ ... အွန်လိုင်းပေါ်မှာ စနစ်တကျ တည်ဆောက်ဖို့အတွက် ကျွန်တော်တို့ ဝိုင်း၀န်းကူညီပေးပါရစေ။
===================
√ ကျွန်တော်တို့ Team ဟာ လုပ်ငန်းပေါင်း များစွာကို OB_Online Business အဖြစ် ရပ်တည်နိုင်အောင် ကူညီပေးခဲ့ပြီး ဖြစ်ပါတယ်။ 💯💯
"ခေတ်ရှေ့မပြေးရင်တောင် .......
ခေတ်နောက်ကို ရောက်မနေပါစေနဲ့ မိတ်ဆွေ"
လုပ်ငန်းရဲ့ အနေအထားနဲ့ အခြေအနေပေါ် မူတည်ပြီး သီးသန့် Package တွေလည်း စီစဉ်ပေးနေပါတယ်။ 🎁
#အယုံကြည်ရဆုံးလက်တွဲဖော် →→ Digiverse
→→ 09254059778 📱
05/01/2023
📌 Warriors Lethwei Gym အတွက် Social Media Marketing အပိုင်းကို #တာဝန်ယူ ဆောင်ရွက်ပေးခွင့်ရလို့ ဂုဏ်ယူပါတယ် 🎉
Collaborate 🤝
~~~~~~~~~
X 💯
ဝန်ထမ်းလည်း မထားနိုင်ဘူး 📌
Freelance လည်း မဌားနိုင်ဘူး
skilled worker လည်း လိုချင်တယ်ဆိုရင်... !!
In-House ထားတယ်ဆိုတဲ့ နည်းလမ်းတစ်မျိုး ရှိပါတယ်။
-လူသေချာရွေးတတ်ဖို့ လိုပါမယ်
-ရေရှည်အတွက် စဥ်းစားရပါမယ်
-တာဝန်ကို သေချာတိတိကျကျ ခွဲခြမ်းထားဖို့ လိုပါမယ်
ကိုယ်က ဘယ်လောက်ပဲ တတ်ကျွမ်းနေပါစေ
လုပ်ငန်းကြီးထွားလာဖို့အတွက်ဆိုရင် နေရာတကာ ဝင်ပါ၊ ဝင်လုပ်နေလို့မရပါဘူး။ 💡
အခြားအင့်အားစုတွေကိုပါ အသုံးပြုတတ်ရပါမယ်
အဲ့ပေါ်မှာမူတည်ပြီး လုပ်ငန်းတစ်ခုရဲ့ တည်ငြိမ်မှုနဲ့ တိုးချဲ့နိုင်မှုက ကွာခြားသွားတာပါပဲ။ ✅💯
05/12/2022
Coffee Meetup ပွဲလေးကိုလာမယ့် လုပ်ငန်းရှင်များ ဖုန်းဆက်ပြီး စာရင်းကြိုပေးပေးပါခင်ဗျာ 🙏📣
https://m.facebook.com/story.php?story_fbid=565066862294590&id=100063738429741&mibextid=Nif5oz
📌 ကော်ဖီတစ်ခွက်နဲ့ စီးပွားရေးလုပ်သူတွေ စုံကြမယ် ☕
✅ အဆက်အသွယ် အသစ်တွေရမယ်
✅ လုပ်ငန်းနယ်ပါယ် အသစ်တွေအကြောင်း လေ့လာခွင့်ရမယ်
✅ လက်ရှိလုပ်နေတဲ့ အလုပ်အတွက် အကျိုးရှိတာတွေ သိရမယ်
✅ စီးပွားရေး မိတ်ဖက်တွေပါ ရလာနိုင်မယ်
✅ ကိုယ့်လုပ်ငန်းအတွက် idea အသစ်တွေ ရလာမယ်
~
ဘာတွေ ဆွေးနွေးလို့ရမလဲ 📌
➖➖➖➖➖➖➖➖➖➖
-လုပ်ငန်းရှင်များ Meetup လုပ်တဲ့ ပွဲလေးဖြစ်ပါတယ်။
-ကျွန်တော်ကတော့ Digital Marketing နဲ့ပတ်သက်တာတွေ ဦးဆောင်ဆွေးနွေး ပေးသွားမှာပါ။
-တောင်ကြီးရဲ့ စျေးကွက်အကြောင်းကို ဆွေးနွေးမယ်
-Social Media Marketing အကြောင်းပါမယ်
-21 ရာစုရဲ့ အကြမ်းဆုံး Content Marketing အကြောင်းပါမယ်
-စီးပွားရေးတစ်ခု လုပ်မယ်ဆို အရေးကြီးတဲ့ Branding အကြောင်းပါမယ်
~~~
Coffee ကတော့ ကိုယ့်ဖာသာ ဝယ်သောက်ရပါမယ်။
ပေါ့ပေါ့ပါးပါး စကားတွေပြောရင်းနဲ့ တန်ဖိုးရှိတဲ့ အတွေ့အကြုံတွေရသွားမယ် ပွဲလေးပါပဲ 💎 💯
👉 တကယ်ပဲ တက်ရောက်သင့်တဲ့ ပွဲတစ်ခုလို့ ကြွရောက်ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ
~
အစီအစဉ် 📌
➖➖➖➖➖➖
ဒီဇင်ဘာ ၊ (၇)ရက်နေ့ ၊ ၂၀၂၂
နေ့လည် - ၃:၀၀ နာရီ
(၂:၄၅) တော့ အရောက်လာပေးပါခင်ဗျာ။
နေရာ - VX Bar & Restaurant
ကမ္ဘောဇလမ်းမကြီး၊ ရေအေးကွင်းရပ်ကွက်၊ တောင်ကြီးမြို့။
============
Myat Linn
စာရင်းပေးရန် >>> 09254059778 📱
Coffee နဲ့ နေရာ စီစဥ်ပေးထားရမှာမို့ စာရင်းကြိုပေးထားဖို့ လိုပါမယ်ခင်ဗျာ 💎
#တောင်ကြီး
03/12/2022
📌 ကော်ဖီတစ်ခွက်နဲ့ စီးပွားရေးလုပ်သူတွေ စုံကြမယ် ☕
✅ အဆက်အသွယ် အသစ်တွေရမယ်
✅ လုပ်ငန်းနယ်ပါယ် အသစ်တွေအကြောင်း လေ့လာခွင့်ရမယ်
✅ လက်ရှိလုပ်နေတဲ့ အလုပ်အတွက် အကျိုးရှိတာတွေ သိရမယ်
✅ စီးပွားရေး မိတ်ဖက်တွေပါ ရလာနိုင်မယ်
✅ ကိုယ့်လုပ်ငန်းအတွက် idea အသစ်တွေ ရလာမယ်
~
ဘာတွေ ဆွေးနွေးလို့ရမလဲ 📌
➖➖➖➖➖➖➖➖➖➖
-လုပ်ငန်းရှင်များ Meetup လုပ်တဲ့ ပွဲလေးဖြစ်ပါတယ်။
-ကျွန်တော်ကတော့ Digital Marketing နဲ့ပတ်သက်တာတွေ ဦးဆောင်ဆွေးနွေး ပေးသွားမှာပါ။
-တောင်ကြီးရဲ့ စျေးကွက်အကြောင်းကို ဆွေးနွေးမယ်
-Social Media Marketing အကြောင်းပါမယ်
-21 ရာစုရဲ့ အကြမ်းဆုံး Content Marketing အကြောင်းပါမယ်
-စီးပွားရေးတစ်ခု လုပ်မယ်ဆို အရေးကြီးတဲ့ Branding အကြောင်းပါမယ်
~~~
Coffee ကတော့ ကိုယ့်ဖာသာ ဝယ်သောက်ရပါမယ်။
ပေါ့ပေါ့ပါးပါး စကားတွေပြောရင်းနဲ့ တန်ဖိုးရှိတဲ့ အတွေ့အကြုံတွေရသွားမယ် ပွဲလေးပါပဲ 💎 💯
👉 တကယ်ပဲ တက်ရောက်သင့်တဲ့ ပွဲတစ်ခုလို့ ကြွရောက်ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ
~
အစီအစဉ် 📌
➖➖➖➖➖➖
ဒီဇင်ဘာ ၊ (၇)ရက်နေ့ ၊ ၂၀၂၂
နေ့လည် - ၃:၀၀ နာရီ
(၂:၄၅) တော့ အရောက်လာပေးပါခင်ဗျာ။
နေရာ - VX Bar & Restaurant
ကမ္ဘောဇလမ်းမကြီး၊ ရေအေးကွင်းရပ်ကွက်၊ တောင်ကြီးမြို့။
============
Myat Linn
စာရင်းပေးရန် >>> 09254059778 📱
Coffee နဲ့ နေရာ စီစဥ်ပေးထားရမှာမို့ စာရင်းကြိုပေးထားဖို့ လိုပါမယ်ခင်ဗျာ 💎
#တောင်ကြီး
21/11/2022
စီးပွားရေး လုပ်ငန်းများအတွက်... ဒီမှာ ဝန်ဆောင်မှုအသစ်တွေ ရပါပြီ 📣
New Association 🤝 New Business
Our Services 💎💯
=================
09254059778
20/11/2022
📌မြန်မာငွေ (၁)ကျပ်နဲ့ မိတ်ဆွေရဲ့ စီးပွားရေးလုပ်ငန်းအတွက် ဆွေးနွေး တိုင်ပင်နိုင်ပါမယ်
အခုခေတ်မှာ မဖြစ်မနေ အရေးကြီးတဲ့ Digital Marketing နဲ့ Branding အပိုင်းကို အဓိကဆွေးနွေး အကြံပေးသွားမှာပါ။ ✅💯
မိတ်ဆွေရဲ့ လုပ်ငန်းတွေကို...
======================
✅-အွန်လိုင်းပေါ်မှာ လုပ်ကိုင်နိုင်ဖို့
✅-လူသိများလာအောင် လုပ်ဖို့
✅-ကိုယ့်ရဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကို
လူတွေစိတ်ဝင်စားလာအောင် ပြောပြတတ်ဖို့
✅-ကိုယ့်ရဲ့ အမှတ်တံဆိတ်ကို လူအများယုံကြည် အားကိုးလာအောင်ဘယ်လိုမျိုးဖန်တီးရမလဲ
✅-စျေးကွက်ထဲက ကိုယ့်ဝေစုကို ဘယ်လိုမြင်အောင် ကြည့်တတ်ဖို့
✅-Brand တစ်ခုကို စနစ်တကျနဲ့စတင် လုပ်ကိုင်နိုင်စေဖို့
စတာတွေကို ဆွေးနွေးအကြံပေးသွားမှာပါ။ 💯💯
~
• ကျွန်တော် မြတ်လင်း ပါ။ 👨💼
• Content Creator တစ်ယောက်ဖြစ်ပြီး Social Media နယ်ပါယ်မှာ လုပ်ငန်းပေါင်းမျိုးစုံနဲ့ ထိတွေ့ လုပ်ကိုင်နေသူ ဖြစ်ပါတယ်။
• လက်ရှိမှာ ကိုယ်ပိုင် (OB)Online Business, Event လုပ်ငန်းတွေကို လုပ်ကိုင်ရင်း၊ အခြား အပ်နှံသူ လုပ်ငန်းရှင်တွေရဲ့ Online Business တွေကိုလည်း ကူညီပေးနေသူ တစ်ယောက်ပါ။
~
ကျွန်တော် တောင်ကြီးမှာ 30, November အထိ ရှိနေပါမယ်။
ဒီ (10)ရက်အတွင်း အလုပ်ကိစ္စ ဆွေးနွေး တိုင်ပင်လိုသူ လုပ်ငန်းရှင်တိုင်း ကျွန်တော့်ကိုဆက်သွယ် ချိန်းဆိုနိုင်ပါတယ်။
အနည်းဆုံး တစ်ရက်ကြိုချိန်းပေးပါ ☎
(မိတ်ဆွေတို့ရဲ့ လုပ်ငန်းကိုကြည့်ဖို့ လိုအပ်တယ်ဆိုရင် ကျွန်တော်လာခဲ့ပေးမှာ ဖြစ်ပြီး၊ လုပ်ငန်းကို ကြည့်ဖို့မလိုအပ်ရင်တော့ ကျွန်တော့်ဆီကိုသာ လာခဲ့ပေးပါ။)
တစ်ရက်ကို လုပ်ငန်းရှင် (3️⃣)ဦးသာ လက်ခံ ဆွေးနွေးပေးနိုင်ပါမယ်
တကယ် မြန်မာငွေ #တစ်ကျပ်(One K)ပဲ ယူပါမယ် 💵
(Coffee လေးပါ တိုက်မယ်ဆို ပျော်မိမှာပါ) 🤗
~
လုပ်ငန်းရှင်များ ခင်ဗျား 📣
====================
ကျွန်တော့်ကို Chat box ကနေ စာပို့ချိန်းဆိုနိုင်ပေမယ့်
ဖုန်းဆက်လိုက်တာ ပိုမြန်ပါမယ်
09254059778 🤙
မှတ်ချက်။- ။တကယ်လိုအပ်နေသူများသာ ဆက်သွယ်ကြပါခင်ဗျာ
လူအရမ်းများနေရင်တော့ ရက်ပိုပြီး စောင့်ရပါမယ် 💢
အရမ်းများသွားရင်တော့ Group Talk ပုံစံ လုပ်ပေးသွားပါမယ်
👉 (10)ရက်အတွင်းသာ 💢
=================================
28/08/2022
🐒 မျောက်ကျောက်ရောဂါ သိကောင်းစရာ
လူအဖြစ်ကနေ မျောက်အဆင့်ကို လျှောကျသွားမယ်ဆိုရင်…
မကြာသေးမီက Covid 19 ရောဂါနဲ့အတူ ဟုန်းဟုန်းထသွားတဲ့ မျောက်ကျောက်ရောဂါ (Monkeypox) ဆိုတာဟာ ချိုနဲ့လား။ 😱
အမြီးအရှည်ကြီး ပါသလား။ 😱
ကဲ..အပွေးမြင် အပင်သိရလေအောင် ဒီနေ့မှာတော့ မျောက်ကျောက်ရောဂါအကြောင်း ရှင်းပြပေးသွားမှာပဲ ဖြစ်ပါတယ်။
🐒 မျောက်ကျောက်ရောဂါ (Monkeypox) ဆိုတာ ဘာလဲ။
မျောက်ကျောက်ရောဂါဟာ အာဖရိကအလယ်ပိုင်းနဲ့ အနောက်ပိုင်းဒေသတွေမှာ အများဆုံးဖြစ်ပွားလေ့ရှိပြီး ကူးစက်ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ ဓာတ်ခွဲခန်းမှာ မွေးမြူထားတဲ့မျောက်တွေကစ ဖြစ်ပွားတာကြောင့် "မျောက်ကျောက်" ရောဂါ (Monkeypox) လို့ ခေါ်ဆိုတာပါ။
🐒 အန္တရာယ်ရှိလား။
စိုးရိမ်ရပါတယ်။ သို့သော် Covid 19 လို လူကို သေစေနိုင်လောက်တဲ့အထိ မဟုတ်ပါဘူး။ အခုချိန်အထိ ဆေးဝါး သို့မဟုတ် ကုထုံး ရှာမတွေ့သေးပါဘူး။
( ကလေးသူငယ်တွေနဲ့ ကိုယ်ခံအားနည်းသူတွေတော့ အထူးဂရုစိုက်ဖို့လိုပါမယ်။)
"Prevention is better than cure" ဆိုတဲ့အတိုင်း ဖြေဆေးမပေါ်သေးတဲ့နည်းတူ ကြိုတင်ကာကွယ်ခြင်းကသာ အကောင်းဆုံး ဆေးတစ်ခွက်ဖြစ်ပါလိမ့်မယ်။
ဆိုတော့ ကြိုတင်ကာကွယ်တဲ့နေရာမှာ ရောဂါရဲ့ လက္ခဏာနဲ့ နေထိုင်နည်းတွေကို မဖြစ်မနေသိဖို့ လိုပါတယ်။
🐒 ရောဂါလက္ခဏာများ (Symptoms)
- ဖျားနာခြင်း
- ခေါင်းကိုက်ခြင်း
- အဖုအပိန့်များ ထွက်ခြင်း
- ကြွက်သားများ နာကျင်ကိုက်ခဲခြင်း
- ဝမ်းလျှောခြင်း တို့ဖြစ်ပါတယ်။
ရောဂါဝင်စ ၁ ရက်မှ ၃ ရက်အတွင်း
အဖျားဝင်လာပြီး အဖုတွေ စထွက်ပါတယ်။ အဲ့ဒီ့နောက်မှာတော့ အဖုတွေဟာ တစ်ကိုယ်လုံးကို ပြန့်နှံ့သွားတော့မှာပါ။
အဖုအပိန့်တွေကတစ်ဆင့်
အရည်ကြည်ဖုတွေ ထွက်လာတာ၊ အနာစက်တွေ ဖြစ်လာတာမျိုးကနေ ပြည်တည်နာတွေအထိ ဖြစ်လာတတ်ပါတယ်။ ဖြစ်စဥ်ကာလအနေနဲ့ ၂ ပတ်မှ ၄ ပတ်အထိ ကြာမြင့်တတ်ပြီး ၄ ပတ်ကျော်တဲ့အခါ ပြန်သက်သာသွားတတ်ပါတယ်။
ဂရုမစိုက်လေ ပိုဆိုးတတ်လေမို့ သေချာလေး ဂရုစိုက်ပေးဖို့တော့ လိုပါမယ်နော်။
🐒 မျောက်ကျောက်ရောဂါ (Monkeypox) ရန် ဘယ်လိုကာကွယ်ကြမလဲ။
၁။ တိရစ္ဆာန်တွေကို ကိုင်တွယ်ခြင်းမှ ရှောင်ကြဉ်ပါ။
၂။ မျောက်ကျောက်ရောဂါ သံသယရှိသူနှင့် ထိတွေ့ဆက်ဆံခြင်းကို ရှောင်ရှားပါ။
လိုအပ်ပါက နှာခေါင်းစည်း၊ လက်အိတ်ဝတ်ဆင်ပါ။
၃။ လက်ကို မကြာခဏဆေးကြောပါ။
၄။ အစားအစာများကို ကျက်အောက်ချက်ပါ။
❗အကယ်၍ မိမိကိုယ်ကို သံသယရှိပါက အိမ်တွင်း၌သာ နေထိုင်ပါ။
တာဝန်ရှိသူများသို့ ဆက်သွယ်ပါ။
သာမန်ရောဂါကာကွယ်ရေးနည်းလမ်းတွေလို လွယ်ကူတာကြောင့် မည်သူမဆို လိုက်နာနိုင်ပါတယ်။
မျောက်ကျောက်ရောဂါဟာ ကျွန်တော်တို့မြန်မာနိုင်ငံကို မကူးစက်သေးဘူး ဆိုပေမယ့် သတိဆိုတာ ပိုတယ်မရှိတာကြောင့် အားလုံးသတိ၊သတိနဲ့အတူ ရောဂါဘေးမှ ကင်းဝေးအောင် နေထိုင်ကြပါစို့ ခင်ဗျာ။
#မျောက်ကျောက်ရောဂါ
#ကျန်းမာရေး
12/08/2022
📌 Content Marketing ဖြင့် ဘဝကို ပြောင်းလဲခဲ့သူ
သူဘယ်သူလဲ❔
•အကြွေးပတ်လည်ဝိုင်း၍ အနာဂတ်မရှိရာမှ သန်းကြွယ်သူဌေးဖြစ်သွားသူ
•စာရေးဆရာတစ်ယောက်နှင့် တွေ့ဆုံမိပြီး ဘဝတစ်ဆစ်ချိုးခဲ့သူ
😱 သူကတော့ အားလုံးကြားဖူးနာဝရှိကြမယ့် သန်းကြွယ်သူဌေး Mr. Dan Lok ပဲ ဖြစ်ပါတယ်။
Dan Lok လို့ပြောလိုက်တာနဲ့
-----------------------------------------
စီးပွားရေးအကြံပေး Youtuber တစ်ယောက်အဖြစ် ဒါမှမဟုတ်
နာမည်ကြီး Entrepreneur တစ်ယောက်အဖြစ် သိကြမှာပါ။
သူဟာ ရွှေလင်ဗန်းနဲ့အ ချင်းဆေးလာပါသလား။❔
သူ့ဘဝအကြောင်း တစ်စေ့တစ်စောင်း ကြည့်လိုက်ရအောင်။
Dan Lok ငယ်ငယ်က မိသားစုဟာ ငွေရေးကြေးရေး ခြေသလုံးမွေးလို့ ပြောနိုင်လောက်တာကြောင့် သူ့မှာ ရည်မှန်းချက် ထွေထွေထူးထူးမရှိခဲ့ပါဘူး။ အိတ်ထဲ $100 (လက်ရှိမြန်မာငွေ ၁၈၀,၀၀၀ ခန့်) အမြဲပါတဲ့ သူဌေးသားလေးပေါ့ဗျာ။
ရုပ်ရှင်ဇာတ်ကားတွေလို သဘောမကောင်းတဲ့နိုင်တဲ့ ဘဝဟာ ၁၆နှစ်သားအရွယ် Dan Lok ကို မျက်လှည့်စပြပါပြီ။ မိဘတွေ အိမ်ထောင်ရေးမပြေလည်လို့ ဟောင်ကောင်မြို့ကနေ ကနေဒါကို အမေနဲ့အတူ ပြောင်းခဲ့ရပါတယ်။
အရင်လို ရေလျှံကောင်းရာက ဗိုက်ဟောင်းလောင်းဘဝကို ရောက်ခဲ့ရပါတော့တယ်။
ကျောင်းမှာလည်း အနိုင်ကျင့်ခံ၊ အိမ်ရောက်တော့လည်း မပျော်ရပြန်ပါဘူး။ အမေဖြစ်သူကလည်း အလုပ်မရှိတာကြောင့် Mamaboy လေး Dan Lok ဟာ အမေကိုစိတ်ချမ်းသာအောင် ဘာလုပ်ရမလဲ စဥ်းစားပါပြီ။
အီးစကေး မကောင်းတဲ့ Dan Lok တစ်ယောက် စာကြည့်တိုက်ကို အဘိဓာန်စာအုပ်လေးတစ်အုပ်နဲ့ လစ်ပါတယ်။ စာတွေဖတ်ရင်း ကြံ့ခိုင်လာအောင် ကိုယ်ခံပညာလည်း သင်နေတာပါ။
မြက်ရိတ်၊ ကွန်ပျူတာပြင်၊ ကုန်စီ စတဲ့ ရသမျှအလုပ်တွေ ဝင်လုပ်ခဲ့ပါတယ်။
စီးပွားရေးတွေ စလုပ်ပြီး ဘာဖြစ်မယ်ထင်ပါသလဲ?
၃ နှစ်အတွင်း ၁၃ ခါ အရှုံးပေါ်ခဲ့ပါတယ်။
အသင် ၂၁ နှစ်မှာ အကြွေးပင်လယ်ထဲ မျောပါနေသော Dan Lok ရယ်ပါ။ $ 150,000 (မြန်မာလက်ရှိငွေ သိန်း ၂၇၀၀) ကျော် အကြွေးရှိပါတယ်။ 😔
ဒီလိုနဲ့ လမ်းပျောက်နေဆဲမှာ တစ်နေ့မှာ Workshop တစ်ခုကို မရည်ရွယ်ဘဲ တက်ရောက်မိတဲ့အခါ
တစ်စုံတစ်ယောက်နဲ့ အကြောင်းဆုံပါတော့တယ်။
(အဆက်ဟောင်းကြီးလို့ တွေးမနေနဲ့နော်။)
သူကတော့ နာမည်ကျော် စာရေးဆရာ Alan Jacques ပါ။ Dan Lok လေးစားအားကျရသူလည်း ဖြစ်ပါတယ်။
Dan Lok တစ်ယောက် လူအုပ်ကြီးကို ဂရုမစိုက်နိုင်ဘဲ ထအော်မိတဲ့အထိ ပျော်သွားခဲ့ပါတယ်။ မိတ်ဆက်ခွင့်ရခဲ့ပြီး နေ့လယ်စာပါစားခွင့်ရသွားပါတယ်။ Jacques ရဲ့ အိမ်မှာ မြက်ရိတ်၊ တောက်တိုမယ်ရလုပ်ပေးတဲ့အထိ Dan Lok တစ်ယောက် လေးစားချစ်ခင်ရပါတယ်။ နောက်ပိုင်း ရင်းနှီးမှုတွေရတဲ့အခါမှာ Jacques ဟာ Dan Lok ကို သူနဲ့အတူ လက်တွဲကူခဲ့ပါတယ်။
ကံကြမ္မာတစ်ဆစ်ချိုးတယ် ပဲဆိုဆို ဒါဟာ Dan Lok ရဲ့ ဘဝတစ်ခုလုံး ပြောင်းပြန်ဖြစ်စေသော ယတြာကောင်းတစ်လက်ဖြစ်လာပါတယ်။ Dan Lok ဟာ အဲ့အချိန်ကစပြီး Content/Copy ရေးခြင်း၊ Advertising Agency ထောင်ခြင်း တို့အစပျိုးခဲ့ပြီး ပထမဆုံးအနေနဲ့ အမှန်တကယ်ပေါက်မြောက်လာပါတော့တယ်။
အသက် ၂၇ နှစ်အရောက်မှာ သန်းကြွယ်သူဌေး Mr. Dan Lok အဖြစ်ကို ရောက်ရှိနိုင်ခဲ့ပြီ ဖြစ်ပါတယ်ခင်ဗျာ။💪
Dan Lok ရဲ့ ဘဝကို ပြန်လေ့လာကြည့်မယ်ဆိုရင် -
🔹 မိဘကို ချစ်တဲ့စိတ်
🔹 လက်မလျော့တဲ့စိတ်
🔹 ပညာရှာ ပမာသူဖုန်းစား စိတ်မျိုး တွေ့ရမှာဖြစ်ပါတယ်။
ဒါတင်မကသေးဘဲ Content Marketing ဆိုတဲ့ပညာရပ်ကြောင့် Dan Lok တစ်ယောက် တိုးတက်လမ်းကို ဖော်ဖြစ်ခဲ့ပါတယ်။
✔ ဒါကြောင့် ကျွန်တေယ်တို့တွေလည်း
အခုလိုတိုးတက်နေတဲ့ကာလမှာ Content Marketing လို ပညာရပ်တစ်ခုကို မဖြစ်မနေတတ်မြောက်ထားသင့်နေပါပြီ။
သင်လည်း Dan Lok လို မဖြစ်နိုင်ဘူးလို့ ဘယ်သူပြောနိုင်မလဲ။ 💪
01/08/2022
📌 "ဟေ့လူလို့” လှမ်းခေါ်မယ့်အစား ...
အကိုရေ၊ ညီရေ၊ ညီမရေလို့ ခေါ်တာ ပိုအဆင်ပြေတယ်
အဲ့ထက် အများကြီးပို ထိရောက်ချင်ရင်တော့ သူ့ရဲ့နာမည်အရင်းကို တပ်ပြီးခေါ်တာက အထိရောက်ဆုံးပေါ့ဗျာ
နာမည်ခေါ်နိုင်ရင် အဲ့ဒီလူက ကိုယ့်ကိုကျိန်းသေပေါက် လှည့်ကြည့်ပြီပဲ ✅💯
💫 စီးပွားရေးမှာလည်း ကိုယ့်ရဲ့ဖောက်သည် (Target) တွေကို ရောင်းချတဲ့အခါမှာ ဖြစ်စေ၊ ကြော်ငြာတဲ့အခါမှာ ဖြစ်စေ ကိုယ်က သူတို့လှည့်ကြည့်လောက်မယ့် စိတ်ဝင်စားမှုမျိုးဖြစ်အောင် ဖန်တီးနိုင်ဖို့လိုတယ်
• Target မှန်ရမယ်
• Product မှန်ရမယ်
• Service မှန်ရမယ်
• Value ရှိရမယ်
• Offers ကောင်းရမယ်
•Content ကောင်းရမယ်
ဒါတွေဟာ Content Marketing ရဲ့ တစိတ် တဒေသပဲ
~ Content Marketing ~ ကောင်းကောင်း မဖန်တီးတတ်ဘူးဆိုရင်လည်း လုပ်ငန်းရဲ့အရှိန်အဟုန်က တန့်နေအုံးမှာပဲ ✋
✅ Content Marketing ကို ကောင်းကောင်းအသုံးချသွားနိုင်တဲ့လူက ရှေ့ရောက်သွားနိုင်တယ်
✅ Content Marketing ကို အသုံးချနိုင်တဲ့သူက နာမည်ခေါ်နိုင်တဲ့သူပဲ
======================
-ဒီတော့ Content Marketing ဆိုတာ ဘာလဲ❓
-21 ရာစုရဲ့ စီးပွားရေးလောကမှာ Content Marketing ဟာ ဘာလို့အရမ်း အရေးကြီးရတာလဲ❓
-Content is king လို့ ဘာ့ကြောင့် နာမည်ကြီးရတာလဲ❓
====================
ဟုတ်ကဲ့
နောက်ထပ် ပိုစ့်အသစ်မှာ ထပ်ပြီးဝေမျှပေးသွားပါမယ်ခင်ဗျာ
👉 Page ကို Like & Share လုပ်ထားဖို့ မမေ့ပါနဲ့ 👈
ကျွန်တော်တို့ ပြန်ဆုံကြမယ် 👋
#တကယ်တန်ဖိုးရှိတဲ့အရာတွေကိုသင်မြင်တတ်ဖို့လိုတယ်
#နင်ဂျာမာကတ်တင်း
👑
19/07/2022
📌 အွန်လိုင်းပေါ်မှာ စျေးရောင်းတဲ့အခါ ...
သုံးမယ့်အစား ကိုယ်တိုင်ဖြေကြားပေးစေချင်ပါတယ်။
ကျွန်တော် အကြံပေးချင်တာကတော့
✅ သင့်ရဲ့ဖောက်သည်တွေကို
=======================
-ကိုယ်တိုင် ဖြေပေးပါ
-အချိန်မီ ဖြေပေးပါ
-ဝယ်သူအတွက် စဥ်းစားပြီး ဖြေပေးပါ
-ကိုယ့်ရဲ့ အခက်ခဲတွေကို ဖောက်သည်ဆီမှာ မငြီးပြမိပါစေနဲ့
-ကိုယ်မအားရင် ကိုယ့်အစား၊ ဖြေပေးနိုင်မယ့်လူ ထားပါ
-ဖြေတာ နောက်ကျခဲ့ရင် အရင်ဆုံး တောင်းပန်လိုက်ပါ၊ ပြီးမှ ဖောက်သည်လိုအပ်တာကို ဖြေပေးပါ
-ကိုယ့်ဆီမှာ မရတဲ့အရာခဲ့ရှိရင်၊ ကောင်းတဲ့နေရာလေးတွေဆီ ညွန်းပေးလိုက်ပါ
(သိထားတယ်ဆိုရင်ပေါ့)
-ကျိန်းသေပေါက် အာမခံပေးနိုင်တဲ့ ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှုကိုပဲ ရောင်းချပါ
- Etc....
🎖 ဆက်ပြီး ဝေမျှစရာတွေကတော့ အများကြီးပါ
မကြာခင် ထပ်ပြီးတင်ပေးသွားပါအုံးမယ်ခင်ဗျာ။
ခုတော့ ဒီနည်းလမ်းလေးတွေကို အရင်စမ်းကြည့်ပါ
အချိန်အတိုင်းအတာ တစ်ခုအတွင်းမှာ ဝယ်သူနဲ့ < > ရောင်းသူကြား
ခါတိုင်းထက်ပိုပြီး အဆင်ပြေလာတာ၊ ဖောက်သည်တွေ တိုးလာတာကို တွေ့ရမှာပါ။ 💯💎
အကျိုးရှိတာတွေ ဆက်ပြီးသိရအောင်လို့ Page ကို Like လုပ်ပြီး Share ထားလိုက်ပါအုံး
အားလုံးပဲ အစစအရာရာ အဆင်ပြေ၊ ကောင်းမွန်ကြပါစေ။🙏🙏
====================
#တကယ်တန်ဖိုးရှိတဲ့အရာတွေကိုသင်မြင်တတ်ဖို့လိုတယ်
#အွန်လိုင်းပေါ်မှာစျေးရောင်းတဲ့အခါ
#နင်ဂျာမာကတ်တင်း
15/07/2022
လုံးဝ မရှိပါဘူးလို့တော့ မပြောပါနဲ့ ❌
မရှိ ရှိတာကို ရှာကြံပြီးတော့ စဥ်းစားကြည့်ပါ 💡
ဒီ Activities ဟာ သင်ရဲ့ စိတ်ခံစားမှု Level ကို မြင့်တင်ပေးနိုင်တဲ့ Game တစ်မျိုးပါ။
🔰 ဥပမာ။ __ ။တိုက်ကြီးတွေ၊ ကားအကောင်းစားတွေ မရှိရင်တောင် ...
-ငါ့မှာ လှပတဲ့ မျက်လုံးတွေရှိတယ်
-သန်မာတဲ့ လက်တွေရှိတယ်
-လိုရာကို သွားနိုင်တဲ့ ခြေထောက်တွေရှိတယ်
-ငါ့ကို အရမ်းချစ်တဲ့ အမေရှိတယ်
-ငါ့မှာ ပြုံးလိုက်ရင် အရမ်းချစ်ဖို့ကောင်းတဲ့ သမီးလေးတစ်ယောက်ရှိတယ် ...
-စသည်ဖြင့် ကြိုးစားရေးကြည့်ပါ။
(၃)ခုထက်မကတဲ့ အကောင်းဆုံး ပိုင်ဆိုင်မှုတွေကို မိတ်ဆွေမြင်လာရမှာပါ ✅💯
=======================
• အချို့အရာတွေက ကျွန်တော်တို့ မေ့လျော့နေတတ်တယ်
• အနားရှိရက်နဲ့ မမြင်မိကြဘူး
• အသုံးမချမိကြဘူး
•
💎 ကျွန်တော့်မှာဆိုရင် နေ့စဥ်အသက်ရှင်ဖို့ (24)နာရီတောင် ပိုင်ဆိုင်ထားပါတယ်
မိတ်ဆွေရော... ဘာတွေများ ပိုင်ဆိုင်ထားလဲ ❓
ဘာတွေများ မေ့လျော့နေသလဲ ❓
ကွန်းမန့်မှာ ဆက်ပြီးဆွေးနွေးလိုက်ကြရအောင်
ပါဝင်ပေးကြပါအုံး 🤝
📌သင့်ဘဝမှာ ပိုင်ဆိုင်ထားတဲ့ အကောင်းဆုံးအရာ (၃)ခုကို မန့်မှာ ချရေးကြည့်လိုက်ပါ
#တကယ်တန်ဖိုးရှိတဲ့အရာတွေကိုသင်မြင်တတ်ဖို့လိုတယ်
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
252, C Block, Okkar Street, In Front Of Facebook University Of Medicine (2)
Yangon
11031
Opening Hours
| Monday | 09:30 - 17:00 |
| Tuesday | 09:30 - 17:00 |
| Wednesday | 09:30 - 17:00 |
| Thursday | 09:30 - 17:00 |
| Friday | 09:30 - 17:00 |