Seamanship Notes for Myanmar
Page Name ကို Revolution ကာလအတွင်း ခေတ္တ ပြောင်းလဲပါမည်။
23/09/2022
Log book Entry 😂
10/05/2021
ဒီတစ်ပတ်တော့ မင်မင်တို့ အလံ ခေါက်နည်းလေး မျှဝေပါရစေ။
08/05/2021
30/04/2021
20/04/2021
တိုးတက်လာရင် ဗုဒ္ဓဘာသာချည်းပဲ အနာဂတ်မှာ ဖြစ်လာပါလိမ့်မယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ သိပ္ပံပညာနဲ့ လက်တွေ့ကျကျ လေ့လာလေလေ ရုပ်ဝတ္ထုနဲ့ ပတ်သက်လာရင် ဗုဒ္ဓဘုရားရှင် ဟောကြားခဲ့တဲ့ ဓာတ်သဘောအပေါင်းအစု ဆိုတဲ့ ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယော၊ ဂန္ဓာ၊ ရသ၊ ရူပ၊ ဩဇာ ဆိုတဲ့ ရှစ်ခု အပေါင်းအစုပဲ တွေ့ရမှာပါ။ ဥပမာ ရေဆိုတာကို H2O ပေါင်းထားတာကိုပဲ သိပ္ပံပညာက ရှာနိုင်ပါသေးတယ်၊ ဒါဟာ ယေဘုယျဆန်တဲ့ ရှာဖွေ တွေ့ရှိမှုမျိုးတော့ မဟုတ်ပါဘူး။ ဒီထက် တိုးတက်လာရင် ဘုရားဟောတဲ့ ရှစ်မျိုးအထိ အသေးစိတ် မြင်လာမှာပါ။ တိုးတက်လာလေလေ ဘုရားဟောကို ထောက်ခံလေလေဖြစ်မှာမို့ တိုးတက်စေချင်ပါတယ်။ အောက်ပါ link မှာလေ့လာကြည့်ပါ။။ https://m.youtube.com/watch?v=fhtw7Dpntb4 အရှင်ဘုရားတို့လို ဘာသာရေး အကြောင်းပြ လူသတ်မှုအားပေးတဲ့သူတွေ များလာမှ ဘာသာတင်မက လူသားအားလုံးဟာ လောဘ ဒေါသ မောဟ တွေကြောင့် ပျက်စီးရမှာပါ။

နိုင်ငံတိုးတက်သွားရင် ဘာသာရေးအားနည်းသွားမယ်ဆိုတဲ့ အယူအဆဟာ အတော်ကြောက်စရာကောင်းတဲ့ အယူအဆပဲ။ ဗဟုဇနဟိတာယ ဗဟုဇနသုခါယဆိုတဲ့ လူအများချမ်းသာအလို့ငှာ ဗုဒ္ဓပွင့်ထွန်းလာခဲ့တယ်ဆိုတဲ့ ဒေသနာနဲ့ ပြောင်းပြန် ဗုဒ္ဓသာသနာတည်ဖို့ လူတွေက မတိုးတက်ပဲ ဆင်းရဲနေရမယ်လို့ ယူဆနေပုံရတယ်။ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ပြဿနာနာအတော်များများဟာ ဘုရားဟောခဲ့တဲ့ ဒေသနာတွေကို နေရာဌာနမကျစွာ ကပေါက်တိကပေါက်ချာ အသုံးပြုဟောပြောနေသူတွေကြောင့် ဖြစ်နေတာ များတယ်။ လောကီကြီးပွားကြောင်းနေရာမှာ ကျင့်သုံးရမှာကို လောကုတ္တရာမှာ သုံးဖို့ ဟောကြတယ်။ လောကုတ္တရာမှာ ကျင့်သုံးရမယ့် အနိစ္စ ဒုက္ခ အနတ္တတရားတွေ သန္တုဋ္ဌိတရားတွေကို လောကီမှာ ကျင့်သုံးဖို့ ဟောကြတယ်။ ပညတ်နဲ့ ပရမတ်မကွဲကြတော့ လောကသမ္မုတိနဲ့ အညီ ဆုံးဖြတ်ပြုလုပ်ရမယ့်အရေးတွေမှာ ပရမတ်တရားတွေနဲ့ ရောမွှေကြတယ်။ ပရမတ်ပဲ သွားရမယ့် နေရာမှာ ပညတ်တွေ ကိုင်ကြပြန်ရော။ ဒါတွေနဲ့ နာယူသူ ဒကာဒကာမအများမှာ ဟုတ်နိုးနိုးနဲ့ ရွာလည်နေကြပြီး နိုင်ငံကြီးပွားသင့်သလောက် မကြီးပွားတာပဲ။ အရေးတော်ပုံပြီးလို့ အယူအဆတွေ ပွင့်လင်းလွတ်လပ်လာတဲ့အခါ ဗုဒ္ဓတရားတော်အစစ်တွေ သူ့နေရာနဲ့သူ အံဝင်ဂွင်ကျဖြစ်ဖို့ ကြိုးစားကြရအုံးမယ်။
ပို့အဆက် -
စကားစပ်မိနေလို့ ပြောလိုက်ပါ့အုံးမယ်။
နိုင်ငံတိုးတက်ရင် ဘာသာရေးအားနည်းမယ်၊ သာသနာကွယ်မယ်ဆိုတဲ့ ဂျင်းမမိကြစေနဲ့။
၁။ ဗုဒ္ဓရှင်တော်ရဲ့ တရားဟာ အိုခြင်းနာခြင်းသေခြင်းကနေ လွတ်ဖို့ ပန်းတိုင်ထားတဲ့တရားပဲ။ ကမ္ဘာမှာ အိုနာသေတွေ ရှိနေသေးမယ်။ အဲဒီအိုနာသေကနေ လွတ်မြောက်လိုသူတွေ ရှိနေအုံးမယ်ဆိုရင် ဘယ်တော့မှ ခေတ်မသုဉ်းဘူး။
၂။ ဗုဒ္ဓရှင်တော်ဟာ ဘယ်တုန်းကမှ လောကနဲ့ မငြင်းခုန်ဘူး။ လောကက အပြစ်လို့ ယူဆချက်မှန်သမျှကို အပြစ်မဟုတ်လို့ ဇွတ်မငြင်းဘူး။
၃။ ဗုဒ္ဓရှင်တော်ကိုယ်တိုင် ရှင်တော်မြတ်ရဲ့ တရားတွေဟာ ဖွင့်လှစ်ဖော်ပြထားမှ တင့်တယ်တဲ့တရားမျိုး၊ လျှို့ဝှက်ဖုံးကွယ်ထားရမယ့်တရားမျိုး မဟုတ်ဘူးလို့ အတိအလင်း ဟောတော်မူပြီးသား။
နိုင်ငံတိုးတက်ရင် လွတ်မြောက်ရင် ဗုဒ္ဓရှင်တော်ရဲ့တရားတော်တွေဟာ ပိုပြီးပွင့်လင်းထွန်းတောက်လိမ့်မယ်ဆိုတာ ယုံကြည်ကြ။ နိုင်ငံတိုးတက်အောင် လူ့အခွင့်အရေးနဲ့ တရားမျှတမှုရအောင်သာ ကြိုးစားကြပါ။ တချို့က သူတို့ ထင်ရာလုပ်မရတော့မှာစိုးလို့ လျှောက်ပြောနေကြတာ။
Looking for Life on Mars | NOVA | PBS Follow along as NASA launches the Mars 2020 Mission, perhaps the most ambitious hunt yet for signs of ancient life on Mars. The spacecraft will blaze into th...
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon
433
09/05/2021