Myanmar Digital Power
Are you looking for Digital Marketing Services? Social Media Marketing? page management? Myanmar Digital Power
26/01/2021
ကမ္ဘာပေါ်ကနေ Content Writer တွေသာ ပျောက်သွားခဲ့ရင်....
စဥ်းတော့ စဥ်းစားပဲဗျ....
တကယ်လို့ ကမ္ဘာပေါ်ကနေ Content Writer တွေသာ ရုတ်တရက် ပျောက်ဆုံးသွားခဲ့ရင် ဘယ်လိုလုပ်ကြမလဲ...
ဒီနေရာမှာ Content Writer တွေရဲ့အလုပ်က ဘာလဲ ပြောဖို့လိုလာပြီ။
ဒီနေ့ခေတ်မှာ မရှိမဖြစ် အရေးပါလာပြီလို့ ပြောကြတဲ့ Digital Marketing လောကကြီးမှာ Content Writer တွေဆိုတာ မရှိမဖြစ်လိုအပ်တဲ့ ကီးဘုတ်ဖိုက်တာတွေ ပေါ့ဗျာ။ ပြောရရင် Content Writer တစ်ယောက်ဖြစ်ဖို့ မလွယ်လှဘူးပေါ့။ Content Writer လားစာရေးတတ်ရင် ရပြီလို့တော့ မပြောနဲ့လေဗျာ။ Content Writer တစ်ယောက်ဖြစ်ဖို့ ပထမလိုအပ်ချက်က နယ်ပယ်ပေါင်းစုံအကြောင်း နှံ့နှံ့စပ်စပ် သိထားရမယ်။ ဆိုလိုတာက ခရေစေ့တွင်းကျ သိနေဖို့တော့မလိုဘူး။ ဂျာနယ်လစ်တစ်ယောက်လိုပေါ့ဗျာ။ အကုန်နှံ့နှံ့စပ်စပ် သိထားတော့
ဘာပဲလာလာ လေ့လာလိုက်ရင် လုပ်တတ်ကိုင်တတ်သွားတာပေါ့။ ဆိုတော့ Content Writer တစ်ယောက်ဖြစ်ဖို့က ခုချက်ချင်းလုပ်ချင်၊ ခုချက်ချင်းတော့ထမဖြစ်ဘူး။ ဟိုးအရင်ကတည်းက ဘာလေးဖြစ်ဖြစ် စပ်စပ်စုစု သိချင်လို့ လေ့လာတတ်တဲ့လူမျိုးမှ Content Writer ဖြစ်တာ။ ဒါတင်ပဲလား။ ဘယ်ဟုတ်ပါ့မလဲ ခုနကပြောတဲ့ စာအရေးအသားပေါ့။ Content Writer ဆိုတာ စာရေးဆရာတစ်ယောက်လို စာရေးခြင်းအတတ်ပညာမှာ တစ်ဖက်ကမ်းခတ် နေစရာတော့မလိုဘူး။ ဒါပေမယ့် တီထွင်ကြံဆမှု
ဥာဏ်နဲ့ ကိုယ်ရေးလိုက်တဲ့ ကြော်ငြာစာတစ်ပုဒ်ရဲ့ လာရာ၊ လားရာကို ကောင်းကောင်းသိရမယ်။ ဒါက ဒုတိယတစ်ချက်ပေါ့။ တတိယအချက်ကတော့ Digital Marketing သမားပီပီ Marketing အကြောင်းလည်း ကောင်းကောင်းသိရမှာပေါ့ဗျာ။ ဘယ်ကြော်ငြာစာစာလေးရေးရေး Marketing Sense လဲနှလုံးမူပြီး ရေးရတာမျိုးပေါ့။
ကိုယ့်ဂုဏ်ကိုယ့်ဖော်တာတော့မဟုတ်ရပါခင်ဗျာ။ Content Writer တွေဆိုတာ Digital Marketing မှာ အဓိက အဖွဲ့ဝင်တွေဆိုလဲဟုတ်တယ်။ ပထမဆုံး Idea Resource က သူတို့ဆီက ထွက်မှ ကျန်တဲ့ကိစ္စတွေ ဆက်လုပ်လို့ ရမှာကို။
ဆိုတော့ ခုနက စကားဆက်ရရင် Content Writer တွေသာ ကမ္ဘာပေါ်ကနေ ပျောက်ဆုံးသွားခဲ့ရင် ဘယ်လိုလုပ်ကြမလဲ ? ဘာတွေဆက်ဖြစ်မလဲ? 🤔
ကျွန်တော့်အမြင် တခြားဘယ်သူမှ စိတ်မညစ်ရသေးခင် Designer တွေအရင် စိတ်ညစ်မယ်ထင်တာပဲ။ Digital Marketing လောကမှာ Designer နဲ့ Content Writer ဆိုတာ ကိုင်းကျွန်းမီ၊ ကျွန်းကိုင်းမီ ရဲဘော်ရဲဖက်တွေလေဗျာ။ Content Writer က ပေးတဲ့ Idea ကို Designer တွေက ဒီဇိုင်းအမြင်နဲ့ ဥာဏ်ကွန့်မြူးတယ်။ ပူးပေါင်းဖန်တီးကြတယ်။ Designer တွေဆိုတာလည်း Content Writer တွေဂျီကျရင်သာ စိတ်ညစ်တယ်ဘာညာ ညည်း
တတ်ကြတာ တကယ်ပျောက်သွားကြည့်။ ဘဝရဲ့ စွယ်တော်ရွက်ကလေးတစ်ခြမ်း ပျောက်ဆုံးသွားရသလို ငေါင်စင်းစင်းကြီး ဖြစ်ကျန်ခဲ့ကြမှာ။ အမလေး ရိုကုန်ပါပြီဗျာ။
ဒါတင်ပဲလား ဆိုတော့ ဘယ်ဟုတ်ပါ့မလဲနော့။
Digital Marketing Leader ကြီးကလည်း မင်းတို့ ဒီဇိုင်းတွေထဲမှာ ပြောချင်တဲ့ Concept အကုန်ပါအောင်ထည့်၊ အကုန်ပေါ်အောင်ထည့်ဆိုပြီး Designer တွေကို ထောင်းမယ်။ ချစ်တဲ့ ကလိုင်းယန့် တွေကလည်း အရင်ကလို ကျွန်တော် product လေးကို ကမ္ဘာသူ၊ ကမ္ဘာသားတွေသာမက ဂြိုလ်သားတွေပါ ချစ်တဲ့ Product လေးဖြစ်အောင် ရေးပေးပါ ဘာဘာညာညာတွေ ဂျီကျလို့မရတော့ဘူး။
Website တွေမှာ Blog ဆိုတာ မရှိတော့ဘူး။ Social Media မှာရော ဘရန်းတွေရဲ့ Content တွေမရှိတဲ့ ကမ္ဘာကြီးဟာ ဘယ်လိုပုံစံ ရှိနေမလဲ? ကြော်ငြာတွေတော့ တွေ့နေပါရဲ့။ Content Writer တွေရဲ့ ပလီပလာ၊ တီတီတာတာ အရေးအသားတွေမပါတဲ့ ကြော်ငြာတွေဟာ
ဆားမပါတဲ့ ဟင်းတစ်ခွက်လို ပေါ့ပျက်ပျက်ကြီးဖြစ်နေမလား?
ကျွန်တော်တို့အပါအဝင် ဒီနေ့ခေတ်လူတွေ တခါတလေ ပြောမိ၊ တွေးမိတဲ့ စကားတစ်ခွန်းရှိတယ်။ ကြော်ငြာစာတွေကို မမြင်ချင်တော့ဘူးတဲ့။ ကြော်ငြာစာတွေကို စိတ်ကုန်နေပြီတဲ့။ ကြော်ငြာစာတွေ မြင်ရပါတော့ ကိုယ်တိုင်အပါအဝင် လူတော်တော်များများက ပြောကြတဲ့စကား။
ဒါပေမယ့် ကြော်ငြာစာတွေ မရှိတဲ့ ကမ္ဘာကြီးကရော ပိုကောင်းသွားမှာလား။ ကျွန်တော်တို့သုံးစွဲချင်တဲ့ Product တွေ၊ Service တွေအကြောင်း၊ အသုံးဝင်မှုတွေအကြောင်းကို ကြော်ငြာစာ (ဒါမှမဟုတ်) Content တွေက တဆင့် သိရှိကြရတာမလား? တနည်းအားဖြင့် ပြောရရင် ကြော်ငြာစာတွေ၊ Content တွေဆိုတာ ဘရန်းတွေနဲ့ သုံးစွဲသူတွေကြားက Relation တစ်ခုကို အကောင်းဆုံးတည်ဆောက်ပေးတဲ့ တံတားတစ်ခုပါပဲ။
Content Writer တွေ၊ ဘရန်းတွေဘက်က ပြန်လုပ်ပေးရမယ့် တစ်ခုက ကိုယ့်ဘက်ကပေးလိုက်တဲ့ဒီ Content တွေ၊ ကြော်ငြာစာတွေဟာ ဘရန်းအတွက်သာမက၊ သုံးစွဲသူတွေအတွက်ပါ အကျိုးရှိစေဖို့ ရည်ရွယ်ရပါမယ်။ ဒီလို Content တွေကို များများ ဖန်တီးပေးတဲ့ ဘရန်းတွေဟာ သုံးစွဲသူတွေ ချစ်တဲ့ ဘရန်းတစ်ခု ဖြစ်လာမှာပါပဲ။
နိဂုံးချုပ်ရရင် Content Writer တွေ၊ Content Creator တွေ မရှိတဲ့ ကမ္ဘာကြီးဟာ ဘယ်တော့မှ ရှိလာမှာမဟုတ်ပါဘူး။ အဲဒီလိုပဲ Content အရေးအသားတွေ၊ ကြော်ငြာစာတွေ မရှိတဲ့ Marketing ဆိုတာလဲ မသေးမျှင်မရှိတဲ့ ကတွက်ပီအဖြစ်လို အဓိပ္ပာယ်မဲ့နေမှာပါ။
အကောင်းဆုံး Content Strategy၊ ကြော်ငြာစာအရေးအသားများအတွက် ဆိုရင်တော့ Myanmar Digital Power ရှိနေပါတယ်။
21/01/2021
သူ လမ်းလျှောက်လာနေသည်။ ကားမှတ်တိုင်သို့
သွားနေခြင်း ဖြစ်၏။ ကားမှတ်တိုင်သို့အရောက်
YBS တစ်စီးက ခပ်သွက်သွက် မောင်းထွက်သွား
သည်။ သူ ပြေးလိုက်သော်လည်း မမှီတော့။
မှတ်တိုင်တွင် ကားစောင့်သူ နှစ်ယောက်သုံးယောက်
မှ လွဲ၍ များများစားစား ရှိမနေ။ သူ အိတ်ထဲမှ
စီးကရက်တစ်လိပ်ကို ထုတ်ပြီး မီးညှိဖွာရှိုက်
လိုက်သည်။ ခေါင်းထဲတွင် မိုက်ခနဲ ဖြစ်သွား
သောကြောင့် မျက်စိကိုမှိတ်၊ နားထင်တဝိုက်ကို
လက်ဖြင့်ကိုင်ရင်း ထိန်းထားလိုက်ရသည်။
အိပ်ရေးပျက်ထားသောကြောင့် ဖြစ်မည်ဟု
သူ ထင်လိုက်သည်။ သို့သော် သူထင်ခဲ့သလို
မဟုတ်မှန်း မျက်စိပြန်ဖွင့်လိုက်သောအခါ
မြင်လိုက်ရသော မြင်ကွင်းက အံ့အားသင့်ဖွယ်
ဆီးကြိုနေတော့သည်။
===============================
နားထဲသို့ စတင်ဝင်ရောက်လာသည့် အသံက
သံပုံးတစ်ခုကို တတောက်တောက်ဖြင့် ခေါက်ရင်း
ရေခဲရေ အော်ရောင်းနေသည့် အသံ။ မဟုတ်သေး
ပါဘူး၊ ဒီဘက်ခေတ်မှာ ရေခဲရေသည်တွေ ရှိသေး
လို့လား။ ထပ်မံကြားလိုက်ရသည်က ဘတ်စ်ကား
မှတ်တိုင် အမည်များကို အော်ဟစ်ရေရွတ်ရင်း
ခရီးသည်ခေါ်နေသော စပယ်ယာ၏ အသံမျိုး။
ဟင်.. YBS တွေမှာ စပယ်ယာမှ မရှိတော့တာ။
ဘုရားရေ... ဘာတွေဖြစ်ကုန်တာလဲ။ အံ့သြမှု
တို့ဖြင့် သူ့မျက်လုံးကို ဖြည်းဖြည်းချင်း
ဖွင့်ကြည့်လိုက်သောအခါ...
==================================
အိုး.. ဘာတွေဘယ်လို ဖြစ်ကုန်တာပါလိမ့်။
ပတ်ဝန်းကျင်တစ်ခုလုံးက ၉၀ ခုနှစ်များဆီက
အတိုင်း ပြောင်းလဲနေသည်ကို တွေ့လိုက်ရ၏။
ရေခဲရေသည်၊ ဗိုက်ပူ (ခ) သစ်သားဘတ်စ်ကား၊
မောင်ဗမာစက်ဘီးများနှင့် အုန်းဆံကြိုးကို
မီးတို့ကာ တွဲလောင်းချပေးထားသော ကွမ်းယာ
ဆိုင်များ။ ဝတ်စားဆင်ယင်မှုတွေကလည်း
ပီဘိ ၉၀ ခုနှစ်များ အတိုင်းပင်။ အိပ်မက်များ
ဖြစ်နေမည်လားဟု သူ့ပါးသူ ပြန်ရိုက်ကြည့်
တော့လည်း အိပ်မက်မဟုတ်မှန်း သေချာနေသည်။
ကြောင်အအဖြင့် ထွက်ခွာစ ပြုနေသော
ဘတ်စ်ကား၏ နောက်ဖက် ခြေနင်းခုံဆီသို့
အပြေးတစ်ပိုင်း တွယ်တက်ရင်း လိုက်သွားမိသည်။
စပယ်ယာက ယာဉ်စီးခ လာတောင်းသဖြင့် အိတ်ထဲ အရန်သင့်ရှိသော နှစ်ရာတန်ကို ထုတ်ပေးလိုက်ရာ..
"ဟ ကားစီးတာ အကြွေလေး ဆောင်ထားမှပေါ့
ကိုယ့်လူရ။ ဒီလောက် အရွက်ကြီး ဘယ်အမ်းနိုင်
မတုန်း။ အကြွေမရှိလည်း အလကားသာစီးသွား"
ဟု ပြောပြီး ကားအတွင်းပိုင်း ပြန်ဝင်သွား၏။
ဘတ်စ်ကားခြေနင်းခုံတွင် တွယ်စီးရင်း ပတ်ဝန်း
ကျင်တစ်ခုလုံးအား ငေးမောလိုက်ပါလာမိသည်။
တကယ်တမ်း ပတ်ဝန်းကျင် အဟောင်းတွေပေမဲ့
သူ့အတွက်တော့ ခံစားမှုအသစ်တွေချည်းပင်။
ထိုစဉ် သူ့ဘောင်းဘီအိတ်ထဲမှ ဖုန်းမြည်သံ
ထွက်လာ၏။ Myanmar Digital Power ဟု
အမည်ပေးထားသော contact ဖြစ်၏။
တိတိကျကျ ပြောရလျှင် content writer အဖြစ်
သူ အလုပ်လုပ်နေသော ကုမ္ပဏီမှ ဖုန်းဆက်လာ
ခြင်း ဖြစ်၏။ သူ့လက်ထဲမှ စမတ်ဖုန်းကို
အထူးအဆန်းတစ်ခုသဖွယ် လှမ်းကြည့်နေကြ
သော လူများ၏ အကြည့်တို့ကို မသိကျိုးကျွံပြုရင်း
ဖုန်းကိုဖြေရန် answer call လုပ်လိုက်သည်။
"ဟယ်လို"
ရုတ်တရက် ဘတ်စ်ကားကြီး၏ အရှေ့မှ
ဖြတ်ဝင်လာသော စက်ဘီးတစ်စီးကြောင့်
ဒရိုင်ဘာမှ ဆဲဆိုရင်း ဘရိတ်ဆောင့်နင်း
လိုက်သည်။ ထိုအရှိန်ကြောင့် ခြေနင်းခုံတွင်
လက်တစ်ဖက်ဖြင့်တွယ်ရင်း တစ်ဖက်က
ဖုန်းဖြေဖို့လုပ်နေသော သူ့အတွက် ကံဆိုး
သွားရသည်။ ဟန်ချက်ပျက်ပြီး လက်လွတ်
ခြေလွတ်ဖြင့် ကတ္တရာလမ်းပေါ်သို့ ကျကာ
အရာအားလုံး မှောင်အတိကျသွားတော့သည်။
==================================
သူ သတိပြန်လည်လာတော့ ကားလမ်းပေါ်တွင်
မဟုတ်၊ YBS ကားမှတ်တိုင်တွင် ဖြစ်သည်။
နံဘေးတွင် ဝိုင်းအုံနေသူတို့ကလည်း ၉၀ ခုနှစ်
ကလို မဟုတ်၊ ဒီနေ့ခေတ် ပုံစံများအတိုင်းသာ။
သူ့စိတ်ထင်တော့ ခဏအားဖြင့် Time Slip
ဖြစ်သွားပြီး၊ အတိတ်သို့ အချိန်ခရီးသွားခဲ့ခြင်း
ဖြစ်ပေမည်။ အခြားသူများ ပြောကြားချက်
အရတော့ ဆေးလိပ်သောက်နေရင်း မူးမေ့
လဲကျသွားခြင်း ဟု ဆို၏။ ကိုယ်ခံအား နည်း
နေလျှင် အလုပ်မသွားဘဲ အိမ်ပြန်နားလိုက်ဖို့
လည်း အကြံပေးကြသည်။ ထိုစဉ် ဖုန်းဝင်
လာ၏။ Myanmar Digital Power နာမည်ဖြင့်
ကုမ္ပဏီက ဖုန်းဆက်ခြင်း ဖြစ်သည်။ အခုပဲ
ထွက်လာပြီဖြစ်ကြောင်းနှင့် မကြာမီ ရောက်
မည့်အကြောင်း ပြန်လည်ဖြေကြားပြီး
ဆိုက်ရောက်လာသော ကားတစ်စီးပေါ်သို့
တက်ရောက်လိုက်ပါသွားလေတော့သည်။
#ကိုယ်ရေးကိုယ်တာကိစ္စထက်
#လူကြီးမင်းတို့ရဲ့လုပ်ငန်းဆောင်တာများကို
#အချိန်ပြည့်ဝန်ဆောင်မှုပေးလျက်ရှိသော
19/01/2021
Page Messenger မှာ Inquiry တွေများလွန်းလို့ ဖြေဖို့ မနိုင်တော့ဘူး လို့ ငြီးငြူရတဲ့အထိ အထိရောက်ဆုံး Digital Marketing ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ ကျွန်တော်တို့ Myanmar Digital Power ရှိနေပါတယ်ခင်ဗျာ။
Messenger မှာ Inquiry တွေများလာလို့ ဖြေဖို့မနိုင်တော့ဘူးဆိုရင်လည်း...
မပူပါနဲ့ ခင်ဗျာ...
Messenger မှာ လာမေးသမျှ Inquiry တွေကို စနစ်တကျဖြေပေးနိုင်ဖို့ Chat Bot Service ကိုလဲ ကျွန်တော်တို့ Myanmar Digital Power က ဝန်ဆောင်မှုပေးနေပါတယ်။
စုံစမ်းကြည့်ပါ။
ဆက်သွယ်ကြည့်ပါ။
လက်တွဲကြည့်ပါ။
လူကြီးမင်းတို့ကို ကူညီပေးဖို့ အသင့်ရှိနေတဲ့ အဖွဲ့အစည်းပါ။
Digital Marketing အတွက်ဆိုရင်
Myanmar Digital Power ကိုသာ သတိရလိုကပြါ။
( Contact Hot Line – 09 78 159 6186 )
14/01/2021
ကိုယ့်ကို သတိမရ၊ ကိုယ့်ကို မေ့သွားလို့ . .
ခင်ဗျားလေးက ဘာလဲ?
"မီးဝေးလို့ ချိတ်မာတာလား"
"အနေဝေးလို့ သွေးအေးတာလား" ဆိုပြီး ရန်တွေ့ရအောင်
customer တွေ ဆိုတာ ကိုယ့်ရည်းစား မဟုတ်ဘူးခင်ဗျ။
အခုလိုအချိန်ကာလ ဆိုင်တွေ၊လုပ်ငန်းတွေကို ခေတ္တခဏ
ပိတ်ထား၊ ရပ်ဆိုင်းထားရတဲ့ အချိန်မှာ ကိုယ့်ထုတ်ကုန်တွေ၊ ကိုယ့်လုပ်ငန်းတွေနဲ့ အားပေးနေသူ customer တွေရဲ့ကြားက relationship လေးကို မှေးမှိန်ပျောက်ပျက်မသွားအောင် ထိန်းသိမ်းထားနိုင်မှ တော်ကာကျမှာ . . ။
ဒါမှ အလုပ်တွေ၊ဆိုင်တွေ ပြန်စပြန်ဖွင့်တဲ့အချိန်မှာ
အခက်အခဲနဲ့ မကြုံရမှာပါ။ မဟုတ်ရင် အနေဝေးလို့ သွေးအေးသလို ကိုယ့်လုပ်ငန်းကို ဝယ်သူတွေက မမှတ်မိတော့ဘဲ ကိုယ့်ရဲ့အရင်က ပုံမှန်ဖောက်သည်တွေကိုပါ ဆုံးရှုံးသွားရနိုင်တယ်ဆိုတာ စဉ်းစားထားဖို့လိုပါတယ်။
ဒါကြောင့် . . ချစ်စွာသောဝယ်သူတွေနဲ့ ကိုယ်နဲ့ကြားက
တန်ဖိုးများတဲ့ relationship လေးကို ဥထားချင်တယ် ဆိုရင်တော့ အများကြီးစဉ်းစားမနေပါနဲ့တော့။
! Screen လေးတွေပေါ် တက်လာလိုက်ပါ !
Stay Home နေနေရတဲ့ ကာလအတွင်းမှာ လူတွေဟာ screen time လို့ ခေါ်တဲ့ ဖုန်းနဲ့ထိတွေ့ချိန် ပိုမိုများပြားလာပြီး
Social Media တွေပေါ်မှာပဲ ရှိနေကြတာက များပါတယ်။
ဒီတော့ ကိုယ့်လုပ်ငန်းတွေ၊ ကိုယ့် brand တွေကို ဝယ်သူတွေ အစဉ်အမြဲ အမှတ်ရနေစေဖို့ ကြိုးစားကြရာမှာ Social Media တွေဟာ အကောင်းမွန်ဆုံး အသုံးချစရာ၊ ကြော်ငြာမှုပြုလုပ်စရာ နေရာတွေပါပဲ။
ဒါကြောင့် . . အခုအချိန်အခါမှာ လူသုံးအများဆုံးဖြစ်တဲ့ Digital Media, Social Media တွေပေါ်မှာ ကြော်ငြာလိုက်ပါ။ ✅
လက်တွဲဖို့သင့်တော်တဲ့၊ ဝန်ဆောင်မှုပိုင်းစိတ်ချရတဲ့၊ ကျွမ်းကျင်ပိုင်နိုင်မှုရှိတဲ့ Digital Marketing Team တစ်ခုကို ရှာဖွေနေပြီဆိုရင်တော့ 'Myanmar Digital Power' ကိုသာ သတိရလိုက်ပါ။ ✔️✔️
စုံစမ်းကြည့်ပါ။
ဆက်သွယ်ကြည့်ပါ။
လက်တွဲကြည့်ပါ။
လူကြီးမင်းတို့ကို ကူညီပေးဖို့ အသင့်ရှိနေတဲ့ အဖွဲ့အစည်းပါ။
Digital Marketing အတွက်ဆိုရင်
Myanmar Digital Power ကိုသာ သတိရလိုက်ပါ။
( Contact Hot Line – 09 78 159 6186 )
13/01/2021
ကျွန်တော်တို့ အိပ်နေချိန်မှာတောင် ( ၂၄ ) နာရီပတ်လုံး တကုတ်ကုတ်နဲ့ အလုပ်လုပ်ပေးနေမယ့် အရောင်းဝန်ထမ်းတစ်ဦးရှိနေပါတယ်။
အရာရာလျင်မြန် မြန်ဆန်တဲ့ ခေတ်ကြီးမှာ ဘယ်အရာကမှ နောက်ကျလို့မရပါဘူးခင်ဗျာ။
ဝယ်ယူတစ်ယောက်က ကျွန်တော်တို့ရောင်းနေတဲ့ product တစ်ခု ( ဒါမှမဟုတ်) Service တစ်ခုကို စိတ်ဝင်စားတယ်ဆိုပါစို့။ အသေးစိတ် သိချင်တဲ့အတွက် page ရဲ့ Chat Box မှာလာမေးမြန်းနေပြီ။ ဒါပေမယ့် ဝယ်သူသိချင်တာကို စနစ်တကျ ပြန်ဖြေပေးနိုင်မယ့် သူက ရှိမနေဘူး။
ဒါဟာ လုပ်ငန်းတိုင်းလိုလို ဖြစ်လေ့ဖြစ်လေ့ရှိတဲ့ ပြဿနာတစ်ခုပါ။ ဝယ်သူလာမေးတဲ့ အချိန်တိုင်းမှာ online ပေါ်မှာ အမြဲရှိနေပြီး ပြန်လည်ဖြေကြားနိုင်ဖို့ဆိုတာ လွယ်ကူလှတဲ့ ကိစ္စမဟုတ်ပါဘူး။
ပြိုင်ဆိုင်မှုများတဲ့ ယနေ့ခေတ်မှာ ဝယ်သူဟာ ချက်ချင်း reply ပြန်မလာတဲ့ page တစ်ခုကို စိတ်ရှည်ရှည်နဲ့ စောင့်နေမှာ မဟုတ်ပါဘူး။ အလားတူ လုပ်ငန်း page တစ်ခုကို ရှာဖွေပြီး လိုချင်တဲ့ product ကိုဝယ်ယူသွားမှာပါပဲ။ ဒါဆိုရင် ကျွန်တော်တို့ဟာ ဝယ်သူတစ်ယောက်ကို ဆုံးရှုံးလိုက်ရပါပြီ။ တနည်းအားဖြင့် ပြိုင်ဘက်လုပ်ငန်းကို
ဝယ်သူတစ်ယောက် ပေးလိုက်ရပါပြီ။
ဒီလို ပြဿနာမျိုးကို ဖြေရှင်းဖို့အတွက်
ဝယ်သူ လာမေးမယ့် မေးခွန်းတွေကို (၂၄) နာရီပတ်လုံး စနစ်တကျဖြေကြားပေးမယ့် Chat Bot လို့ခေါ်တဲ့ System လေးတစ်ခု လိုအပ်နေတာပါ။
Artificial Intelligence နည်းပညာကို အခြေခံဖန်တီးထားတဲ့ Chat Bot ဟာ ဝယ်သူလာမေးနိုင်တဲ့ မေးခွန်းတွေ၊ ကျွန်တော်တို့ရောင်းနေတဲ့ ကုန်ပစ္စည်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို စနစ်တကျစုစည်းထားတဲ့ System တစ်ခုလို့ အကြမ်းဖျင်း ပြောနိုင်ပါတယ်။
ဒီ System လေးဟာ ကျွန်တော်တို့ အိပ်နေချိန်၊ အွန်လိုင်းပေါ်မှာ ရှိမနေချိန်မှာတောင် ဝယ်သူလာမေးတဲ့မေးခွန်းတွေ၊ သိချင်တဲ့အချက်အလက်တွေကို ရှင်းပြ၊ ပြောပြပေးသွားမှာ ဖြစ်ပြီး ဝယ်သူနဲ့ လုပ်ငန်းကြားက Relation တစ်ခုကို တည်ဆောက်ထားပေးပါတယ်။ ဒါဟာ sale ဖြစ်ဖို့ရန်အတွက် နောက်ထပ်တဆင့်ကို တွန်းပို့ပေးလိုက်တာနဲ့ အတူတူပါပဲ။
တနည်းအားဖြင့် ပြောရရင် Chat Bot ဟာ ယနေ့ခေတ် Digital Platform ပေါ်က Customer Care တစ်ဦးဖြစ်သလို၊ အရောင်းဝန်ထမ်းတစ်ဦးလို့လည်း ပြောနိုင်ပါတယ်။
Facebook Messenger ဟာ ဝယ်သူတွေနဲ့ တိုက်ရိုက်ပြောဆိုဆက်ဆံတဲ့ platform တစ်ခုဖြစ်လာတာနဲ့အမျှ Business Page တွေအနေနဲ့ စနစ်တကျရေးဆွဲထားတဲ့ Chat Bot System တစ်ခုနဲ့ ချိတ်ဆတ်ဖို့ မဖြစ်မနေ လိုအပ်လာပါပြီ။
လူကြီးမင်းရဲ့ Business page မှာရော ( ၂၄ ) နာရီဝန်ဆောင်မှုပေးနိုင်မယ့် စနစ်ကျတဲ့ Chat Bot System တစ်ခု တပ်ဆင်ထားပြီးပြီလား?
✔️ဝယ်ယူသူတွေကို (၂၄) ပတ်လုံး ဝန်ဆောင်မှုပေးနိုင်ဖို့
✔️မိမိလုပ်ငန်းရဲ့ သတင်းအချက်အလက်တွေကို ဝယ်သူတွေကို စနစ်တကျ ဖြေကြားနိုင်ဖို့
Chat Bot System တစ်ခု လိုအပ်နေပြီဆိုရင်တော့ ကျွန်တော်တို့ Myanmar Digital Power အနေနဲ့
Chat Bot တည်ဆောက်ပေးတဲ့ ဝန်ဆောင်မှုကိုပါ တိုးချဲ့ပေးနေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျာ။
Chat Bot System ဟာ ယနေ့ Digital Platform တွေကို အမှီပြုလာရတဲ့ စီးပွားရေးလုပ်ငန်းတွေတိုင်းအတွက် မရှိမဖြစ် လိုအပ်ချက်တစ်ခု ဖြစ်လာပြီမို့ အသုံးပြုတပ်ဆင်ကြဖို့လည်း တိုက်တွန်းလိုပါတယ်။
( Contact Hot Line – 09 78 159 6186 )
06/01/2021
You're out of business
if you're not available on SEARCH. 💻👀
☘️ Make one with us! ☘️
( Contact Hot Line – 09 78 159 6186 )
03/01/2021
မြန်မာနိုင်ငံကို လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် အာဇာနည် သူရဲကောင်းများအား အောက်မေ့တမ်းတရင်း ယနေ့ ၂၀၂၁ ပြည့်နှစ်၊ ဇန်နဝါရီ (၄) ရက်နေ့မှာ ကျရောက်သည့် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုအပ်ပါသည်။
🎆🎇 Happy New Year 2021 🎇🎆
Yesterday was about Learning,
Today is about Living &
Tomorrow is for Hoping! 😇🙏
We wish you the best of joy and happiness, Have a rocking new year 🤩💖
30/12/2020
အပြောင်းအလဲ၊ အရွေ့တစ်ခုကို လိုက်လျောညီထွေ လိုက်ပါပြောင်းလဲနိုင်ခြင်းမရှိတဲ့ ဘယ်အရာမဆို
တစတစမှေးမှိန် ပျောက်ကွယ်သွားရစမြဲပါ။
ရှည်လျားလှတဲ့ ကမ္ဘာ့သမိုင်းတစ်လျှောက် ရှင်သန်ကျန်ရစ်နိုင်ခဲ့သူတို့မှာ သန်မာတောင့်တင်းဆုံး၊ အင်အားအကြီးဆုံး သတ္တဝါများမဟုတ်။ ကမ္ဘာကြီးရဲ့ ဆင့်ကဲပြောင်းလဲမှုများကို အကောင်းဆုံး ပြန်လည်တုံ့ပြန်နိုင်ခဲ့တဲ့ သတ္တဝါများပဲ ဖြစ်ပါတယ်။ ✔️✔️
အင်အားကြီးမားလှပါတယ် ဆိုတဲ့ ဒိုင်နိုဆောတွေဟာ ယနေ့အချိန်မှာ အရိုးစုတွေအဖြစ်နဲ့သာ သူတို့တည်ရှိခဲ့တဲ့ သက်သေတစ်ခုအဖြစ် ချန်ထားရစ်နိုင်ခဲ့သည် မဟုတ်ပါလား။
ကမ္ဘာပေါ်က အရာရာတိုင်းမှာ အပြောင်းအလဲကို လက်မခံဘဲ ပျောက်ကွယ်သွားမလား၊ အပြောင်းအလဲတွေတိုင်းမှာ လိုက်လျောညီထွေ ဆက်လက်ရှင်သန်မလား ဆိုတဲ့ ရွေးချယ်ခွင့်နှစ်ခု အမြဲရှိနေပါတယ်။ ☑️☑️
နည်းပညာပေါက်ကွဲတဲ့ခေတ်လို့ ဆိုကြတဲ့ လူတိုင်းနီးပါး အင်တာနက်ပေါ်ရောက်လာတဲ့အချိန်မှာ ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းကို Traditional အတိုင်းသွားမှာလား Digital ပေါ်တက်လှမ်းပြီး ပြောင်းလဲလုပ်ဆောင်မှာလား ဆိုတဲ့ရွေးချယ်စရာ လမ်းနှစ်ခုလည်း ကျွန်တော်တို့ စီးပွားရေးလုပ်ငန်းရှင်တွေမှာ ရှိနေပါပြီ။
လူကြီးမင်းတို့ရဲ့ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကို Digital ပေါ်တက်လှမ်းပြီး လူသိများလာဖို့၊ ရောင်းအားတွေ တက်လာစေဖို့၊ ခိုင်မာတဲ့ Brand တစ်ခုအနေနဲ့ ရပ်တည်ဖို့ အကောင်းဆုံး Digital Marketing ဝန်ဆောင်မှုတွေနဲ့အတူ ကျွန်တော်တို့ Myanmar Digital Power က တံခါးတစ်ချပ်အနေနဲ့ ရှိနေပါတယ် ခင်ဗျာ။ လူကြီးမင်းတို့ဘက်က အသင့်ရှိနေတဲ့ တံခါးကို တွန်းဖွင့်လိုက်ဖို့ပဲ လိုပါတယ်။
စုံစမ်းကြည့်ပါ။
ဆက်သွယ်ကြည့်ပါ။
လက်တွဲကြည့်ပါ။
Myanmar Digital Power ဟာ လူကြီးမင်းတို့ကို ကူညီပေးဖို့ အသင့်ရှိနေတဲ့ အဖွဲ့အစည်းပါ။
Digital Marketing အတွက်ဆိုရင်
Myanmar Digital Power ကိုသာ သတိရလိုကျပါ။
( Contact Hot Line – 09 78 159 6186 )
❄နှင်းပွင့်တွေနဲ့အတူ အေးမြကြည်နူးမှုကို အမြဲခံစားရတဲ့ ☃ ခရစ်စမက်ကာလကလေးကို ချစ်ရတဲ့ မိတ်ဆွေ အပေါင်းအသင်းတွေ၊ မိသားစုဝင်တွေနဲ့အတူ အေးချမ်းကြည်နူးစွာ ဖြတ်သန်းနိုင်ပါစေ။🙏🙏
Myanmar Digital Power
23/12/2020
ကျွန်တော်တို့ခဗျာမှာ . .
ကုန်ကြမ်းက ဦးဏှောက် 🧠
ထုတ်ကုန်က အိုင်ဒီယာ 💡 ဖြစ်လေတော့
တခြားထုတ်ကုန်တွေလို 'Year End ဂိုထောင်ရှင်းစနစ်' ဆိုပြီး ပစ်စလတ်ခတ်တွေ စျေးချမပေးနိုင်တာလည်း အားနာရပါတယ်။
ဆိုပေမယ့်လည်း . .
• လုပ်ချင်တာကို လုပ်ချင်သလို လုပ်ခွင့်ပေး
• ဖန်တီးချင်တာကို လွတ်လွတ်လပ်လပ် ဖန်တီးခွင့်ပေးပြီး
• စိတ်လိုလက်ရ ပျော်ပျော်ကြီး လက်တွဲလုပ်ကိုင်လာတဲ့
ချစ်စွာသော 'Loyal customer' ကြီးတွေအတွက်ကျ
( Promotion မပေးလည်း စိတ်မကောက်ဘူးဆိုတာသိပေမယ့် )
တစ်ခုခု လုပ်ပေးချင်တဲ့ ဆန္ဒလေးလည်း ရှိနေလေတော့ ,
☘️ Year End Promotion ☘️
🔸 Up to 15% Discount 🔸ပေးပါတယ်ခင်ဗျာ။
ဆိုတော့ကာ . . အဟောင်းပဲ ပေးသလား၊ အသစ်ကိုတော့ မချစ်ဘူးလားဆိုပြီး နှစ်သစ်မှာ အချစ်သစ်အဖြစ် ကျွန်တော်များနဲ့ လက်တွဲဖို့ စိုင်းပြင်းနေကြသူများလည်း ရှိနေလေတော့ မငြူစူဖို့နဲ့
စစတွဲချင်းမှာ ပျော်စေရန်အလို့ငှာ . .
☘️ Year End Promotion ☘️
🔸 Up to 10% Discount 🔸ပေးရပြန်တယ်ခင်ဗျာ။
ကိုင်း . . ပေးနေရမှတော့ ထူးမနေတော့ဘူး!
ငဒို့က ထူးထူးခြားခြား တစ်နှစ်တစ်ခါလောက် စိတ်ကောင်းဝင်ပြီး ပရိုမိုးရှင်းလေးချတာ တခြားသူတွေလည်း ဝယ်ချင်ဝယ်လို့ရအောင် ကြော်ငြာလိုက်ချေတော့ လို့ ဆုံးဖြတ်တာနဲ့ ဒီပို့စ်ဖြစ်လာပါတယ်။
သို့စေကာမူ . . ပရိုမိုးရှင်းပေးတုန်းဟေ့ ဆိုပြီး မဟားဒယားကြီး
contracts တွေ စုပြုံဝင်လာရင် လျှာထွက်မှာက ဒီလူတွေပဲ ဖြစ်တာကြောင့် ပရိုမိုးရှင်းကာလကို ,
❄️ December "25" ကနေ "31" လောက်ထိပဲ လုပ်ကွာ
ဆိုပြီး အားလုံးက သဘောမျှကြပါတယ်။
ဆိုတော့ . .
ကျွန်တော်များ "Myanmar Digital Power" က
Year End မှာ ကိုယ့် Client တွေ မျက်နှာမငယ်စေရန်အလို့ငှာ
🌜တစ်ပတ်တိတိ🌛 Promotion ချပေးနေပါတယ်။
!!ဖြည်းဖြည်းထိန်းပြီး ဝယ်ကြပါခင်ဗျား!!
( Team က လူတွေက အဲ့စာသားထည့်ပေးပါ တဲ့
ခုတောင်အလုပ်တွေများနေပတဲ့၊ တတ်နိုင်ဘူးခင်ဗျာ :'3 )
Digital Marketing အတွက်ဆိုရင်
Myanmar Digital Power ကိုသာ သတိရလိုကျပါ။
( Contact Hot Line – 09 78 159 6186 )
22/12/2020
Social Media Marketing လား?
Website Developing လား?
Product Branding လား?
Campaigns တွေလား?
Digital Platform တွေပေါ်မယ် လုပ်ချင်ရာ လုပ်ကြမယ်။
လက်တွဲဖို့သင့်တော်တဲ့၊
ဝန်ဆောင်မှုပိုင်းစိတ်ချရတဲ့၊
ကျွမ်းကျင်ပိုင်နိုင်မှုရှိတဲ့ Digital Marketing Team တစ်ခုကို ရှာဖွေနေပြီဆိုရင်တော့ 'Myanmar Digital Power' ကိုသာ သတိရလိုက်ပါ။ ✔️✔️
စုံစမ်းကြည့်ပါ။
ဆက်သွယ်ကြည့်ပါ။
လက်တွဲကြည့်ပါ။
လူကြီးမင်းတို့ကို ကူညီပေးဖို့ အသင့်ရှိနေတဲ့ အဖွဲ့အစည်းပါ။
Digital Marketing အတွက်ဆိုရင်
Myanmar Digital Power ကိုသာ သတိရလိုက်ပါ။
( Contact Hot Line – 09 78 159 6186 )
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Pyi Pan Nyo Street, 41 Ward, North Dagon Township
Yangon
11421
Opening Hours
| Monday | 09:00 - 18:00 |
| Tuesday | 09:00 - 18:00 |
| Wednesday | 09:00 - 18:00 |
| Thursday | 09:00 - 18:00 |
| Friday | 09:00 - 18:00 |
| Saturday | 09:00 - 18:00 |