MoCo-X
My Name is MoCo-X. Welcome to my personal blogs page.(Official Page) Music is my Life and Lyrics is my Future�
04/10/2026
No caption.
04/10/2026
Pageကို အခုနောက်ပိုင်း သိပ်ပြီး မသုံးဖြစ်တော့တာမို့လို့ official account ဖြစ်တဲ့ Myo Thet Paing Kyaw account ကို လာအပ်ထားပေးကြပါခင်မျာ ကျေးဇူးတင်ပါတယ်။
သီချင်းတွေမထွက်တာကြာပြီဆိုတော့ တစ်ပုဒ်လောက်တင်ဦးမယ်။
ဒီတစ်ခါရေးပြီးမသွင်းနိုင်လို့ AIကိုပဲဆိုခိုင်းလိုက်တယ်။
သေသေချာချာလေး Musicကို စိတ်ကြိုက်ဖန်တီးပြီးမှ စိတ်ကူးရင်ဆန်ဆန်လေးရေးထားတာမလို့ chill songလေးဆိုလဲမမှားပါဘူး။ future bass ဘက်လေးကိုသွားပေးထားတယ်။လိုအပ်ချက်လေးတွေရှိသေးတာမလို့ နားထောင်ပြီး အများကြီးဝေဖန်ပေးကြပါဦးဗျာ။
SONG NAME -
Composed by - MoCo-X MoCo-X
MUSIC BY - AI
PRODUCED BY - WAVE MUSIC
စာသားလေးပါထိုးထားပေးတယ်နော်
Tiktok ကနေ ဒေါင်းချင်ရင်
https://vt.tiktok.com/ZSbJwR4ha/
20/09/2026
♏ Scorpio — သဝန်တိုခြင်းဌာန ညွှန်ကြားရေးမှူးချုပ် 🦂
တခြား Sign တွေက
အကြောင်းရှိမှ သဝန်တိုတယ်။
Scorpio ကတော့ —
အကြောင်းမရှိသေးရင် အကြောင်းရှိလာနိုင်တာကို ကြိုသဝန်တိုထားတယ်။ 😂
“သူက ဘယ်သူလဲ?”
ဒီမေးခွန်းကြားတာနဲ့
အပြစ်ကင်းတဲ့မျက်နှာနဲ့
“ဘယ်သူကိုပြောတာလဲ?” မလုပ်နဲ့။
ပိုဆိုးသွားမယ်။ 🤣
ဘာလို့လဲဆိုတော့
Scorpio က မသိလို့ မေးတာမဟုတ်ဘူး။
နာမည်သိပြီးပြီ။
အလုပ်သိပြီးပြီ။
Ex သိပြီးပြီ။
Mutual Friend သိပြီးပြီ။
Profile သိပြီးပြီ။
ဖြစ်နိုင်ရင် သူ့အမေ Birthday ပါ သိပြီးနေပြီ။ 😂
အခု မေးနေတာက Information လိုလို့မဟုတ်ဘူး။
“မင်း ဘယ်လောက်အထိ ငါ့မျက်နှာကြည့်ပြီး လိမ်ရဲလဲ?” ဆိုတဲ့ Viva Exam စစ်နေတာ။ 🦂
မင်းက —
“သူငယ်ချင်းပါ…”
Scorpio —
“အော်… သူငယ်ချင်းလား 😌”
အဲ့ဒါ 😌 က
ငြိမ်းချမ်းရေးသင်္ကေတ မဟုတ်ဘူး။
မုန်တိုင်းမလာခင် လေငြိမ်နေတာ။ 😂
ပြီးရင် ရစ်မယ်။
မနေ့ကဟာ ရစ်မယ်။
ပြီးခဲ့တဲ့လဟာ ပြန်ဖော်မယ်။
မင်းကိုယ်တိုင် မေ့နေတဲ့ 2024 က အမှုပါ ပြန်ဖွင့်မယ်။
“အဲ့တုန်းကလည်း ဒီလိုပဲ ပြောခဲ့တာလေ?”
ဟာ
Scorpio အတွက် “ပြီးသွားပြီ” ဆိုတဲ့ အမှုမရှိဘူး။
ယာယီပိတ်ထားတဲ့ အမှုတွေပဲရှိတယ်။ 😂
ဒါကြောင့် Scorpio လာရစ်ရင်
“ဘာလို့ ဒီလောက်သဝန်တိုနေတာလဲ?” မမေးနဲ့။
သူလာတာ သဝန်တိုဖို့ မဟုတ်ဘူး။
အဖြေက မင်းကို ဇီဝိန်လာချုပ်တာ ။ 🤣🦂
03/09/2026
တစ်သက်လုံး အလုပ်လုပ်ရင်းနဲ့ပဲ
အချိန်တွေကုန်ဆုံးသွားနိုင်တဲ့ လူ (၄) မျိုး။
တချို့လူတွေက
အသက်ကြီးလာတာနဲ့အမျှ
အလုပ်လုပ်ခဲ့တဲ့နှစ်တွေတော့ များလာတယ်။
ဒါပေမယ့်…
ပိုင်ဆိုင်တာက တိုးမလာဘူး။
အချိန်က မလွတ်လပ်လာဘူး။
ဘဝကလည်း အရင်နေရာမှာပဲ ရှိနေတယ်။
အလုပ်လုပ်တာ မမှားပါဘူး။
ပြဿနာက
“တစ်သက်လုံး အလုပ်လုပ်ဖို့အတွက်ပဲ
ဘဝကို အသုံးချနေမိတာ” ပါ။
အထူးသဖြင့် ဒီလိုလူ (၄) မျိုးက
ဒီစက်ဝိုင်းထဲမှာ ပိတ်မိသွားတတ်တယ်။
(၁) အလုပ်နဲ့အိမ်ကြားမှာပဲ
ဘဝတစ်ခုလုံး လည်ပတ်နေသူ
မနက်အလုပ်သွားတယ်။
ညအိမ်ပြန်တယ်။
လစာရတယ်။
အသုံးစရိတ်ရတယ်။
နောက်လအတွက် ပြန်အလုပ်လုပ်တယ်။
ဒီလိုနဲ့
တစ်လပြီးတစ်လ…
တစ်နှစ်ပြီးတစ်နှစ်…
အလုပ်ကတော့ ရှိနေတယ်။
ဒါပေမယ့်
ကိုယ့်ဘဝအတွက် တည်ဆောက်ထားတာ
ဘာရှိလဲဆိုတာ မေးလိုက်ရင်
အဖြေက မရှင်းဘူး။
အလုပ်လုပ်နေရတာနဲ့
ဘဝတိုးတက်နေတာကို
မရောထွေးပါနဲ့။
(၂) ရတဲ့လစာကို
သောက်စားပျော်ပါးရင်း ကုန်ဆုံးနေသူ
လစာရတဲ့နေ့မှာ ပျော်တယ်။
ကိုယ်ပင်ပန်းခဲ့တာကို
ကိုယ်ပြန်ဆုချင်တယ်။
ဒါမမှားပါဘူး။
ဒါပေမယ့်
လတိုင်းရတဲ့ငွေကို
အပျော်အပါးနဲ့ပဲ ကုန်နေပြီး
အနာဂတ်အတွက် ဘာမှမကျန်ရင်…
အသက်သာကြီးလာမယ်။
ပိုင်ဆိုင်မှုက မကြီးလာဘူး။
ဒီနေ့ရဲ့ ပျော်ရွှင်မှုအတွက်
မနက်ဖြန်ရဲ့ လွတ်လပ်မှုကို
မရောင်းလိုက်ပါနဲ့။
(၃) ဝင်ငွေတိုးလာတိုင်း
အသုံးစရိတ်ကိုပါ လိုက်တိုးနေသူ
လစာ ¥250,000 ရတုန်းက
¥250,000 နဲ့ နေတယ်။
လစာ ¥300,000 ဖြစ်လာတော့
နေထိုင်မှုပုံစံလည်း ပြောင်းတယ်။
¥350,000 ဖြစ်လာတော့
နောက်ထပ်လိုချင်တာတွေ ထပ်လာတယ်။
¥400,000 ဖြစ်လာလည်း
ငွေက မကျန်ဘူး။
ပြဿနာက
လစာနည်းတာမဟုတ်ဘူး။
“ပိုရလာရင် ပိုသုံးမယ်”
ဆိုတဲ့ အကျင့်ပါလာတာ။
ဝင်ငွေတိုးတာက
ဘဝတိုးတက်တာ မဟုတ်ဘူး။
ဝင်ငွေတိုးလာတဲ့အခါ
ကိုယ့်အနာဂတ်အတွက် ကျန်ငွေပါ
တိုးလာမှ ဘဝတိုးတက်တာ။
(၄) အလုပ်လုပ်တာကလွဲပြီး
ကိုယ့်တန်ဖိုးကို မတိုးနေသူ
နှစ်တွေကြာအောင်
အလုပ်တစ်ခုတည်းကို လုပ်နေတယ်။
ဒါပေမယ့်
Skill အသစ် မသင်ဘူး။
အသိပညာ မတိုးဘူး။
ဝင်ငွေတိုးစေမယ့်
အရည်အချင်း မတည်ဆောက်ဘူး။
အလုပ်ရှိနေတာကိုပဲ
လုံခြုံတယ်လို့ ထင်နေတယ်။
ဒါပေမယ့်
အလုပ်တစ်ခုက
အမြဲတမ်းရှိနေမယ်လို့
ဘယ်သူမှ အာမမခံနိုင်ဘူး။
ကိုယ့်အရည်အချင်းကသာ
ဘယ်နေရာသွားသွား
ကိုယ့်နောက်ကို လိုက်လာမယ့်
ပိုင်ဆိုင်မှုတစ်ခု ဖြစ်တယ်။
ဒါကြောင့်…
တစ်သက်လုံး အလုပ်မလုပ်နဲ့လို့
ပြောတာမဟုတ်ဘူး။
အလုပ်လုပ်ပါ။
ကြိုးစားပါ။
ငွေရှာပါ။
ဒါပေမယ့်
အလုပ်လုပ်ရင်းနဲ့
အလုပ်ကနေ လွတ်မြောက်နိုင်မယ့်
အနာဂတ်ကိုလည်း တည်ဆောက်ပါ။
လစာရတိုင်း
တစ်စိတ်တစ်ပိုင်း စုပါ။
Skill တစ်ခု တိုးပါ။
ကိုယ့်အတွက် ဝင်ငွေတိုးနိုင်မယ့်
အခွင့်အရေးတွေ ရှာပါ။
ပိုင်ဆိုင်မှုတွေ တည်ဆောက်ပါ။
ပြီးတော့
အချိန်ကို တန်ဖိုးထားပါ။
ဘာလို့လဲဆိုတော့…
လူတစ်ယောက်ရဲ့ဘဝမှာ
အလုပ်လုပ်နိုင်တဲ့နှစ်တွေက
အကန့်အသတ်ရှိတယ်။
အသက် ၂၀ မှာ
“နောက်မှလုပ်မယ်” လို့ ပြောလို့ရတယ်။
အသက် ၃၀ ရောက်လာရင်
အချိန်ရဲ့တန်ဖိုးကို ပိုသိလာတယ်။
အသက် ၄၀၊ ၅၀ ရောက်လာတဲ့အခါ
ပိုက်ဆံထက်
ကိုယ်ပိုင်အချိန်က ပိုတန်ဖိုးရှိလာတတ်တယ်။
ဒါကြောင့်
ဒီနေ့ မေးရမယ့်မေးခွန်းက
“ငါဘယ်လောက်အလုပ်လုပ်နေလဲ”
မဟုတ်ဘူး။
“ငါအလုပ်လုပ်ခဲ့တဲ့နှစ်တွေက
ငါ့ဘဝကို ဘာတွေတည်ဆောက်ပေးခဲ့လဲ”
ဆိုတာပါ။
အလုပ်လုပ်ရင်းနဲ့
ဘဝကို မပျောက်စေနဲ့။
လစာရရင်းနဲ့
အနာဂတ်ကို မမေ့နဲ့။
အချိန်ကုန်ရင်းနဲ့
ကိုယ့်အိပ်မက်ကို မကုန်စေနဲ့။
တစ်သက်လုံး အလုပ်လုပ်နေရတာက
ကံကြမ္မာကြောင့်ပဲ မဟုတ်ဘူး။
တစ်ခါတလေ
ကိုယ်နေ့တိုင်း ပြုလုပ်နေတဲ့
ရွေးချယ်မှုတွေက
အဲ့ဒီဘဝကို တဖြည်းဖြည်း
တည်ဆောက်ပေးနေတာပါ။
#လူငယ်
03/09/2026
လူတစ်ယောက်အကြောင်း
လူတစ်ယောက်က ဘာပြောတယ်ဆိုတာထက်
ကိုယ်က ကိုယ့်ကိုယ်ကို ဘယ်လောက်သိလဲ ဆိုတာက ပိုအရေးကြီးပါတယ်။
လူတွေက ပြောကြမှာပဲ။
မင်းက ဒီလို…
မင်းက ဟိုလို…
မင်းက ဘာဖြစ်တယ်…
မင်းက ဘာမဖြစ်ဘူး…
ကြားရသမျှတိုင်းကို
စိတ်ထဲထည့်ထားရင်
တစ်နေ့နေ့မှာ
ကိုယ့်စိတ်ကို ကိုယ်တိုင်မပိုင်တော့ဘူး။
ဒါကြောင့်—
နားနဲ့ပဲ နားထောင်သင့်တဲ့စကားကို
နှလုံးသားထဲ မသိမ်းပါနဲ့။
တချို့စကားတွေက
ပြန်ဖြေဖို့မလိုဘူး။
တချို့လူတွေက
ရှင်းပြဖို့မလိုဘူး။
တချို့အရာတွေက
သက်6သပြဖို့တောင် မလိုဘူး။
တချို့လူတွေက
ကိုယ့်အကြောင်းကို ကိုယ်ထက်ပိုသိသလို ပြောတတ်ကြတယ်။
တချို့က ကိုယ့်ဘဝကို မသိဘဲ
ကိုယ့်ဘဝအကြောင်း ဆုံးဖြတ်တတ်ကြတယ်။
အချိန်ကပဲ အကောင်းဆုံးသက်6သပြပေးလိမ့်မယ်။
လူတိုင်းကို ကျေနပ်အောင်နေဖို့ ကြိုးစားရင်း
ကိုယ့်စိတ်ကို မပျောက်ဆုံးပါစေနဲ့။
သူများရဲ့အမြင်နဲ့
ကိုယ့်တန်ဖိုးကို မတိုင်းပါနဲ့။
သူများပြောတဲ့စကားနဲ့
ကိုယ့်ဘဝကို မဆုံးဖြတ်ပါနဲ့။
ကိုယ့်အကြောင်းကို
ကိုယ်အသိဆုံးပါ။
ကိုယ့်ရည်ရွယ်ချက်ကို
ကိုယ်အသိဆုံးပါ။
ကိုယ်ဖြတ်သန်းလာခဲ့ရတဲ့
အခက်အခဲတွေကိုလည်း
ကိုယ်တစ်ယောက်တည်း အသိဆုံးပါ။
ဒါကြောင့်…
နားက ကြားရသမျှအရာတိုင်း
နှလုံးသားဆီ မပို့ပါနဲ့။
နားနဲ့ကြားပါ။
ဦးနှောက်နဲ့စဉ်းစားပါ။
မှန်တာကိုယူပါ။
မလိုတာကို လွှတ်ချပါ။
ဘာလို့လဲဆိုတော့—
နှလုံးသားဆိုတာ
သူများစကားတွေ ထည့်ထားဖို့အတွက် မဟုတ်ဘူး။
ကိုယ်ချစ်ရတဲ့အရာတွေ၊
ကိုယ်တန်ဖိုးထားရတဲ့လူတွေ၊
ကိုယ်မက်မောတဲ့အိပ်မက်တွေအတွက်ပဲ
နေရာချန်ထားသင့်တာပါ။ ❤️🩹
တစ်ချို့စကားတွေကို
မကြားသလိုနေတတ်တာက
အားနည်းတာမဟုတ်ဘူး…
ကိုယ့်စိတ်ကို ကိုယ်တန်ဖိုးထားတတ်လာတာပါ။
Myo Thet Paing Kyaw
#စာပေ #ဗဟုသုတ
Category
Contact the public figure
Telephone
Website
Address
Alerts
Be the first to know and let us send you an email when MoCo-X posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.