KsN Real Estate Services
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KsN Real Estate Services, Real Estate Company, လှော်ကားလမ်း, Yangon.
21/05/2026
တောင်ဒဂုံ 147အကွက်လှလေး တွဲမယ့်သူလက်ထဲ ထဲ့ပေးခဲ့လိုက်ပြီ 👍👍👍
20/05/2026
တောင်ဒဂုံ ၁၄၆ရပ်ကွက် နေရာကောင်း ဒေါင့်ကွက်လေး အရောင်းအဝယ်မင်္ဂလာလေး 👍👍👍
10/05/2026
ခက်ခက်ခဲခဲ နဲ့ အောင်မြင်အောင် လုပ်ခဲ့ ရတဲ့ ဒဂုံဆိပ်ကမ်း ၊ ၅၈ ရပ်ကွက် က အကွက်လေး 👍👍👍
10/05/2026
146 အကွက်လေး ငွေချေ 👍👍👍
02/05/2026
တစ်နေကုန် ကိုက်နေတဲ့ဂျပိုး မိမယ့်မိတော့လည်း ည၉နာရီခွဲ မှ😄😄😄
တောင်ဒဂုံ ၁၄၆ က အကွက်ချောလေး စရံချ မင်္ဂလာ👍👍👍
လူကို စျေးလှမ်းမေးပြီး စျေးသိရတော့ တစ်ဖက်မှာ အောက်စျေးနဲ့ စရံပြေးချတယ် စရံချပြီးတော့လည်း ပြောထားတဲ့ကတိမတည်ပဲ အချိုးကပြောင်းသေးတယ် အတတ်နိုင်ဆုံး လိုက်ညှိပြီး ယူပေးဖို့လုပ်တော့ တစ်ဖက်မှာ စျေးပိုရလို့ ရောင်းလိုက်ပြီတဲ့ ကလေးအကွက်တွေ နဲ့ လာရွှေ့နေတယ် 😅😅😅
အရောင်းအဝယ်လောကမှာ ပြောထားတဲ့ ကတိမတည်ပဲ ငွေတစ်ခုပဲ ကြည့်တတ်တဲ့သူတွေနဲ့ အလုပ်မလုပ်ဘူး ဆောရီးပဲ
ရှက်တတ်ရင် ကိုယ့်ဖာသာလဲသေ👍👍👍
#ရွာမြေ R4နှင့် N အမျိူးအစားမြေအကြောင်း
နှစ်၃၀အထက် ရှိသောရွာမြေ၊ရွာမြေအဖြစ်အသိပြုခြင်းတွင်သင်္ကေတအနေဖြင့်
(သ/အ) G
(သ/အ) RH
(သ/အ) R4
(သ/အ) R1 to R3 ( စ၁ မှ စ၃)
အခြားသုံးစွဲခွင့်တင်ထားခြင်းဖြင့်လူနေရပ်ကွက်ကျေးရွာအတွင်းကျေးရွာဆက်စပ်နယ်မြေ လူနေထိုင်
ခွင့်လျောက်ထားသောရွာမြေများသင်္ကေတအနေဖြင့်
(သခြ) G
(သခြ) R1 to R4
R ဘေးမှာ သ/အ သ/ခြ ပါလျှင် ဝယ်လို့ရပါသည်။
မြေအမျိုးစားအတန်းစားအပြင်ကွင်းအမှတ် Nထွက်ထားလျှင် မမြဲဦးပိုင်ဖြစ်၍ #အမြဲဦးပိုင်အဖြစ် Nပျောက်စေရန် ၇ နှစ် စိုက်ပျိုးပြရသည်ဟု စာပေထဲဖတ်ဖူးပါသည်။
#ပြေစာ_စလစ်များအကြောင်း
ပြေစာစလစ်ဖြင့် ပြသနိုင်သောမြေ များသည်အများအားဖြင့် ပိုင်ဆိုင်မှုခိုင်မာပါသည်။ သို့သော် စည်ပင်ဧရိယာအပြင်ဘက်မှ မြေမျိုးများဖြစ်ပြီး မြို့မြေဧရိယာအတွင်းဖြစ်နေပါက ဂရံအထိလျှောက်နိုင်ပါသည်။
▪️Gပြေစာ(စလစ်) R/G ▪️ပြေစာ(စလစ်) L
▪️ပြေစာ (စလစ်) စ
▪️ပြေစာ (စလစ်)
▪️ပုံစံ(5) ပြေစာ (စလစ်)
▪️ရွာမြေ ပြေစာ(စလစ်)
▪️ R3 R4 ပြေစာ(စလစ်)တို့ဖြစ်သည်။
ြေစာ (စလစ်)
အရောင်းဝယ် အတွက် စိတ်ချရပြီး( ခြံမြေ) ဟုခေါ်ဝေါ် ကြသည်။ အရှုပ်ရှင်း အနည်းငယ်သာရှိမည် (အမွေဆိုင်) အိမ်ဆောက်လုပ်လူနေထိုင်နိုင်သည် ။သို့သော် ဥပဒေအရ ပိုမိုတရားဝင်လိုလျှင်(သ/အ) လျှောက်လွှာတင်ပြီး အိမ်ဆောက်လုပ် လူနေထိုင်နိုင်ပါသည်။
/G ပြေစာ(စလစ်)
လယ်မှ ပုံစံပြောင်းထားသော မြေဖြစ်ပြီး စိုက်ပျိုးခွင့် မိသားစုနေအိမ်အတွက်(လယ်အိမ်)ပြောင်းလျှောက်ပြီး G ပြေစာ(စလစ်) သို့မဟုတ် (က.၃၀) အဖြစ်ပြောင်းလျှောက်နိုင်သော မြေဖြစ်သည်။
#ရွာမြေပြေစာ (စလစ်)
မြေ အမျိုးစားတွင် ခိုင်မာမှုရှိပြီး Google Map တွင်လည်း Singnal ပြသမည် Singnal မပြသသော်လည်း R4(သို့မဟုတ်)G မြေ ဖြစ်နေပါက ရွာမြေ ခြံမြေအမျိုးစားတွင် ထည့်သွင်းနိုင်ပါသည်။
အစိုးရစီမံကိန်းရှိသော် လည်း မပယ်ဖျက်နိုင်၊စက်မှုဇုံလည်းဝင်လာ၍မရနိုင်၊ ပြန်သိမ်းယူမည့် စိုးရိမ်မှုမျိုး အလျှဥ်းမရှိပါ။
ြေစာ(စလစ်)
ထိုမြေမျိုးသည်လည်း လယ်ပျက် ဖြစ်ပြီး ရွာဧရိယာအတွင်းပါနေပါက ရွာမြေ ဟု ခေါ်ဝေါ် နိုင်ပါသည်။
အစိုးရမဖျက်သိမ်းပါ ။လူနေခွင့်ရှိပါသည်။ အမည်ပေါက်ဖြင့် ပြောင်းလျှောက်၍ အခြား မြေအမျိုးစားသို့ပြောင်းလျှောက်ရန် လွယ်ကူပါသည်။ လယ်ဧရိယာ အတွင်းတွင် မပါဝင်ရန်သာလိုသည်လယ်မြေပေမယ့် အရောင်းဝယ်ပြုလုပ်ရာတွင် လွယ်ကူပါသည် R1,R2 လယ်များသာ အရောင်းဝယ်မပြုလုပ်ရန်သတိထားရပါမည်။ လမ်းမဘေးမျိုး ဆိုပါက R3 မြေမျိုး ဖြစ်နေလည်း R4(သို့) ပုံစံ(5)သို့ ပြောင်းလျှောက်နိုင်သည်။ တစ်ခုသိထားရမည်မှာ မြန်မာနိုင်ငံတွင် လယ်မြေသည်အများဆုံး ဖြစ်ပြီး မြို့နယ်(ရပ်ကွက်) တိုးချဲ့ခြင်းလုပ်ငန်းမှာ လယ်မြေကိုသာ အသုံးအများဆုံးဖြစ်သည်
#မြေခွန်ပြေစာအကြောင်း....
ပြေစာအရွယ်အစား ဟာ ၄" ၅" ထက်မပိုကြပါဘူး။မြန်မာနိူင်ငံနယ်ပယ်ဒေသအချိူ့မှာ ပြေစာ စာတွင်တွင်ကျယ်ကျယ် အသုံးဝင် နေကြပါ
သေးတယ်...
အချို့သောသူတွေက ပြေစာဆိုတာနဲ့လယ်ယာမြေ လို့တစ်ထစ်ချ ပြောဆိုတတ်ကြပါတယ်
ရွာမြေ ၊ဘိုးဘွားပိုင်မြေ၊ဥယျာဉ်ခြံမြေ တွေဟာလဲ
ပြေစာ နဲ့ဘဲ အသုံးပြု ထားကြပါတယ်။
မြေလုပ်ကိုင်သူ အမည်နဲ့ ဧရိယာ အကျယ်အဝန်း
ပါပါမယ်။
ပြေစာနဲ့မြေကိုအချို့ကသုံးမရဘူး။ရောင်းမရဘူး။ဘာမှအသုံးမဝင်ဘူးလို့ယူဆ
ထားကြသူတွေရှိပါတယ်။
အမှန်တကယ်တော့ပြေစာဟာ ရောင်းဝယ်ခွင့်ရှိပြီးနေထိုင်ခွင့်ရှိတဲ့ မြေအမျိုးအစားတစ်ခုပါဘဲ။
ပြေစာ ကို သက်ဆိုင်ရာ မြေစာရင်း ဌာနတွေမှာ
အမည်ပြောင်းတာ အခွန်ဆောင်တာတွေဆောင်ရွက်လို့ရပါတယ်။
မြေခွန်ပြေစာအကြောင်းရသိရှိနားလည်သူများက
ကောင်းစွာ အသုံးချတတ်ကြပြီး အချို့သောနားမလည်သူများက တရားမဝင်မြေ ဟု
ယူဆ ထားကြသည်ကိုတွေ့ရှိရပါတယ်။
အချူပ်အားဖြင့်ဆိုသော် မြေခွန်ပြေစာ ပါရှိသော
မြေသည် တရားဝင်မြေ ဖြစ်ပြီး ၊ပါမစ်မြေ ဂရန်မြေထက် အဆင့်နိမ့်သောမြေ အမျိူးအစားတစ်ခုဖြစ် သော်လည်းမြေခိုင်မာပါတယ်ဆိုတာ မသိသေးသောသူများအတွက်ဝေငှပေးလိုက်ပါတယ်။
Original Uploder
22/04/2026
ဒီနေ့အတွက် မင်္ဂလာ
တောင်ဒဂုံ နေရာကောင်းလေး ၃ကွက်နဲ့ မှော်ဘီ ၂ကွက် မင်္ဂလာဖြစ် 👍👍👍
06/04/2026
ည မိုးချုပ်မှ အပြေးအလွှား လုပ်လိုက်ရတဲ့ တောင်ဒဂုံက အကွက်လေး
မိတ်ဟောင်းဆွေဟောင်းတွေနဲ့ လုပ်ရတော့လည်း ပျော်ပါတယ် 👍👍👍
02/04/2026
တောင်ဒဂုံ 18/E သုခမိန်လမ်းပေါ် ဒေါင့်ကွက် နေရာကောင်းလေး အကျိုးဆောင် မင်္ဂလာ အမှတ်တရလေး 👍👍👍
30/03/2026
အကွက်သေးလေးတစ်ကွက် အရောင်းထွက် 👍👍👍
Click here to claim your Sponsored Listing.
Category
Website
Address
လှော်ကားလမ်း
Yangon
11431