Kaung Thit Car Rental

Kaung Thit Car Rental

Share

Travel With Us,Whenever you go,go with our heart. Kaung Thit Car Rental & Travel Service was established in 2017. we give full service as long as the trip.

Our office is located at No.61(B), Yazardirit Street, 7 Ward, East Dagon Tsp, Yangon, Myanmar. Our Rental business also expanded from normal saloon cars to Deluxe Cars, Wagon, such as Toyota Alphard, Toyota Hiace and Highway Express Coaches ( 24 Seats to 49 Seats ). Our office is 24 hrs full services for which we have to keep our regular customers for their needs. We are proud of our services, bec

Photos from Kaung Thit Car Rental's post 22/12/2022

New Year နှစ်သစ်ကူး အလှူတော် မင်္ဂလာပွဲအတွက်
ပုဂံမြေသို့

2022 December 31 - 2023 January 2 ရက်နေ့အထိ

Hiace Brand New ကားအသစ်လေးအား

ဌားရမ်းအသုံးပြုသော မိတ်သစ်များအား
ကောင်းသစ် car rental မှ
ကျေးဇူးအထူးတင်ပါသည်။

24/01/2022

ခရီးအပြန် နေမကောင်းဖြစ်ခြင်း

ရေးသားသူ Khine Phoo Ngon
ဆေးပညာပိုင်းဆိုင်ရာ
တည်းဖြတ်သူ Dr. K Zin Thwe

ခရီးသွားခြင်းက အကောင်းဆုံး အတွေ့အကြုံတွေနဲ့ အမှတ်တရတွေ အမြဲ ဖန်တီးပေးလေ့ရှိပါတယ်။ ဒါပေမယ့်လည်း တစ်ခါတလေမှာ သတိရစရာတွေထက် ပိုတဲ့ အမှတ်တရ အိမ်ပြန်လက်ဆောင် တွေပါလာတတ်ပါတယ်။ ၎င်းကတော့ ဖျားနာခြင်းပဲ ဖြစ်ပါတယ်။ ခရီးထွက်အပြီး ရလာတဲ့ ဖျားနာမှုတွေဟာ သာမာန် အအေးမိ၊ အစာအိမ်အောင့်တာလောက်ပဲ ဖြစ်ပြီး သိပ်မပြင်းထန်တဲ့

အတွက် စိုးရိမ်ပူပန်စရာ မလိုပါဘူး။ ဒါပေမယ့် တချို့သော ရောဂါ လက္ခဏာတွေ ပေါ်လာပြီဆိုရင်တော့ ဆရာဝန်ဆီ သွားတွေ့ဖို့ လိုအပ်လာပါပြီ။

ရောဂါ လက္ခဏာတွေနဲ့ ပတ်သက်ပြီး ဘယ်လိုရင်ဆိုင်ဖြေရှင်းရမယ်၊ ရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်ရမယ်ဆိုတာတွေကို အောက်တွင် ဆက်လက်ဖော်ပြထားပါတယ်။

ဖျားခြင်း

ငှက်ဖျား အဖြစ်များတဲ့နိုင်ငံ တစ်ခုကိုသွားပြီး ပြန်ရောက်လို့ တစ်လအတွင်းမှာ ဖျားပြီဆိုရင်တော့ ချက်ချင်း ဆေးကုသခံယူဖို့ ဆရာဝန်ဆီ သွားသင့်ပါပြီ။

အဖျား အများစုဟာ စစချင်းမှာ သိပ်မပြင်းထန်ပေမယ့် ငှက်ဖျားကတော့ မတူပါဘူး။ ငှက်ဖျားဆေး သောက်ပေမယ့် အဖျားက ပြင်းထန်နေနိုင်ပါသေးတယ်။ ငှက်ဖျားအများစုမှာ ရောဂါပိုးစဝင်ပြီး တစ်လ(ရက် ၃၀) အတွင်းမှာ စဖြစ်တတ်ပါတယ်။ဒါပေမယ့် တစ်ချို့ရှားပါးတဲ့ အခြေနေတွေမှာတော့ တစ်နှစ်(သို့) တစ်နှစ်ထက်ပိုပြီးကြာတတ်ပါတယ်။ ဒါကြောင့် ဆရာဝန်သွားပြပြီဆိုရင်လည်း လပေါင်းများစွာကြာခဲ့ပြီးတဲ့ ခရီးဆိုရင်တောင် ခရီးသွားခဲ့တဲ့အကြောင်းဆရာဝန်ကို ပြောပြဖို့က အရေးကြီးပါတယ်။

ဝမ်းလျှောခြင်း

ရက်အနည်းငယ်အကြာ(သို့) နှစ်ပတ်ထက်ပိုပြီး ဝမ်းလျှောခဲ့မယ်ဆိုရင် ဆရာဝန်နဲ့တွေ့သင့်ပါတယ်။ ဝမ်းကြာရှည်သွားနေခြင်းက အာဟာရတွေကုန်ခမ်းစေနိုင်ပြီး၊ ပြင်းထန်တဲ့ ရေဓါတ်ခမ်းခြောက်မှုတွေဖြစ်စေနိုင်ပါတယ်။ တစ်ခါတစ်ရံ ကုသမှုလိုအပ်တဲ့ ကပ်ပါးပိုး ဝင်တာတွေအထိဖြစ်နိုင်ပါတယ်။

အရေပြား ပြဿနာများ

အခြားနိုင်ငံတွေကို ခရီးထွက်ခဲ့တယ်ဆိုရင် အင်ပြင်ထခြင်း၊အနီကွက်တွေဖြစ်ခြင်း၊ မှိုစွဲခြင်း၊ အနာဆိုးဖြစ်ခြင်း၊ပိုးကောင်အကိုက်ခံရခြင်း အစရှိတဲ့ အရေပြားနဲ့ ပတ်သက်တဲ့ အခြေအနေတွေ ဖြစ်လာတတ်ပါတယ်။ အဲဒီလိုဖြစ်တာတွေက မပြင်းထန်ပေမယ့် အဖျားနဲ့ပါတွဲ ဖြစ်မယ်ဆိုရင်တော့ ရောဂါပြင်းထန်တာမျိုး ဖြစ်နိုင်ပါတယ်။

ဆရာဝန်နှင့် တွေ့ဆုံခြင်း

အခြားနိုင်ငံမှ ပြန်ရောက်တယ်ဆိုတဲ့ အကြောင်း၊ ခရီးအကြောင်း ကိုတတ်နိုင်သမျှ ဆရာဝန်ကိုအသေးစိတ် ပြောပြဖို့က အရေးကြီးပါတယ်။

ဘာတွေလုပ်ခဲ့တယ်။

ဘယ်နှရက်နေခဲ့တယ်။

ဘယ်လိုနေရာမျိုးမှာ နေထိုင်ခဲ့တယ်။

ဘယ်လို အစားအစာတွေ စားခဲ့၊ သောက်ခဲ့တယ်။

ပိုးကောင်အကိုက်ခံ ခဲ့ရခြင်း ရှိ/မရှိ။

ဘာတွေထိတွေ့ခဲ့တယ်( လိင်ဆက်ဆံခြင်း၊ တက်တူးထိုးခဲ့ခြင်း၊) စသည်တို့ကို အသေးစိတ်ပြောပြ သင့်ပါတယ်။

ခရီးသွားနေစဉ် တစ်လျောက်လုံး ကျန်းမာအောင်နေပါ။

ခရီးသွားပြီးနောက် ရတတ်တဲ့ ဖျားနာမှုတွေကို လျှော့ချဖို့အတွက် အဲဒီလိုဖျားနာမှုတွေကို ဖြစ်စေတဲ့၊ (သို့) ဖြစ်ဖို့အားပေးနေတဲ့ အချက်တွေကို ကြိုတင်ကာကွယ်ထား တာပိုကောင်းပါတယ်။ ကြိုတင်ကာကွယ်ထားခြင်းက ကုသခြင်းထက်ပိုမို ကောင်းမွန်ပြီး ထိရောက်ပါတယ်။

လက်ဆေးပါ။

လက်ကိုသန့်ရှင်းအောင်ထားတာက ရောဂါပိုးမဝင်အောင် ထိန်းချုပ်ဖို့ အဓိကကျပြီး ဝမ်းလျှော၊ ပျို့အန်၊ အစာအဆိပ်သင့်၊ အသည်းရောင်အသားဝါ အေပိုးဝင်ခြင်း စတာတွေဖြစ်နိုင်တဲ့ နှုန်းကို နည်းစေပါတယ်။ ဆပ်ပြာနဲ့ ရေမရနိုင်ရင်တော့ လက်ဆေးတဲ့ gel(ဂျယ်လ်)တွေသုံးနိုင်ပါတယ်။သို့ပေမယ့် ရေ၊ ဆပ်ပြာနဲ့ ဆေးတာလောက်တော့ ထိရောက်မှုမရှိပါဘူး။ ဖြစ်နိုင်ရင် အစာမစားခင် လက်ဆေးသင့်ပါတယ်။ အထူးသဖြင့် အိမ်သာသွားပြီး မဖြစ်မနေ လက်ဆေးရပါမယ်။

ရေသန့်ဘူးလေးတွေ သုံးပါ။

အဲဒီဒေသက ထွက်တဲ့ရေက သန့်၊မသန့် မသေချာဘူးဆိုရင်(သို့) သင်ခရီးသွားတဲ့ နေရာက သန့်ရှင်းမှုသိပ်မရှိဘူးလို့ ထင်ရင် အဲဒီက ထွက်တဲ့ရေကို မသုံးသင့်ပါဘူး။ အဲဒီ ဒေသမှာနေတဲ့ သူတွေက ဘာမှ မဖြစ်ဘူးဆိုရင်တောင် သင့်အတွက် ရောဂါဖြစ်နိုင်ပါသေးတယ်။ ဘာကြောင့်လည်းဆိုတော့ သင့်အစာအိမ်ထဲမှာ ဒေသခံတွေလို ဝင်လာနိုင်တဲ့ ပိုးတွေကိုကာကွယ်ဖို့ ခုခံအား မရှိသေးလို့ပါ။

အစာအဆိပ်သင့်စေနိုင်တာကို သတိထားပါ။

ဖြစ်နိုင်ပါက သင်စားမယ့် အစားအစာတိုင်းက လတ်ဆတ်ခြင်း၊ ကျက်အောင် ချက်ထားခြင်း၊ အဖုံးမဖုံးဘဲ အကြာကြီးဖွင့်မထားခြင်း၊ ပူပူနွေးနွေးချက်ထားခြင်း ရှိမရှိ သေချာအောင်လုပ်ဖို့ အရေးကြီးပါတယ်။

ရေဓါတ်ပြည့်ဝအောင်နေပါ။

ရေဓါတ်ခမ်းခြောက်ခြင်းက အပူကြောင့်ဖြစ်စေတဲ့ အပူရှပ်ခြင်း၊ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း နှင့်

တစ်ခါတစ်ရံ အရေးပေါ်အခြေအနေထိ ဖြစ်နိုင်ပါတယ်။

ခြင်အကိုက်မခံရအောင်နေပါ။

အန္တရာယ်အပေးနိုင်ဆုံး မျိုးစိတ်တစ်မျိုးဖြစ်တဲ့ ခြင်အကိုက်မခံရ အောင်လည်းသင့်ကိုယ်သင် ကာကွယ်ရပါမယ်။

ခရီးကနေ ပြန်လာကျတဲ့ ကိုယ့်ရဲ့ မိတ်‌ဆွေတွေ
ဘေးကင်းလုံခြုံပြီး ကျန်းမာကြပါစေလို့
မိသားစုမှ
ဆုတောင်းပေးလိုက်ပါတယ်ဗျ။

🙏🙏🙏

#ကားအဌား

Photos from Kaung Thit Car Rental's post 21/01/2022

နိုင်ငံခြားမှာမဟုတ်ပါဘူး....🙅‍♂️

မြန်မာနိုင်ငံမှာရှိတာပါ...😍

✅ကချင်ပြည်နယ် ပန်ဝါမြို့

🌐 တည်နေရာ
==========
ဒီမြို့လေးရဲ့တည်နေရာကို google map မှာ
ခေါက်ကြည့်ရင် လတ္တီကျု (၂၅)ဒီဂရီ၊ (၅၉)မိနစ်၊ လောင်ဂျီကျု (၉၈)ဒီဂရီ၊ (၂၀)မိနစ်,မှာတည်ရှိပီး၊ မြန်မာနိုင်ငံ မြေပုံအရတော့ကချင်ပြည်နယ်၊မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် ၊ ပန်ဝါမြို့လေးပါ။
ဒီပန်ဝါ မြို့လေးက ဧရိယာစတုရန်းမိုင် ၁၃၅၅ လောက် မိုင်ကျယ်ဝန်းပြီး အရှေ့မှာ
တရုတ်နိုင်ငံ၊ တောင်ဘက်မှာ ဝိုင်းမော်မြို့နယ် နဲ့ တရုတ်နိုင်ငံ၊ အနောက်ဘက် နဲ့ မြောက်ဘက်မှာတော့ ချီဖွေမြို့နယ် နဲ့ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။မြင့်မားမတ်စောက်တဲ့ တောင်တန်းနှင့်တောင်စောင်းများ ဝန်းရံထားတာမို့ မြေပြန့်လွင်က မရှိသလောက် နည်းပါးလွန်းပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့က တစ်ဆင့် ကားနဲ့သွားလို့ရတဲ့ ပန်ဝါမြို့။ပန်ဝါကို လမ်းနစ်လမ်း ရှိပါတယ်။

#ပထမ - အလွယ်ကူဆုံးတစ်လမ်းက မြစ်ကြီးနား ကန်ပိုက်တီ တရုတ်ပြည်လမ်းကနေ မြန်မာပြည် ပြန်ဝင်တဲ့ လမ်းပါ ပထမ လမ်းအသုံးပြုမယ်ဆိုရင် တရုတ်ပြည် လမ်းက မြန်မာပြည်ပြန်ဝင်ရတဲ့ အတွက် တရုတ်ပတ်စပို့ လိုပါတယ်။

#ဒုတိယ- လမ်းက မြန်မာပြည်လမ်းပါ မြစ်ကြီးနား ချီဖွေ လမ်းကို အသုံးပြုမယ်ဆိုရင် လမ်းမှာ တစ်ညအိပ်နစ်ရက်ကြာပါမယ် လမ်းက မြေနီလမ်းများပါတယ် ပတ်စပို့ လုပ်စရာမလိုပါဘူး။

#ပထမလမ်း ရန်ကုန် မန်းလေးကလာမယ်ဆိုရင် လေယာဉ်နဲ့ မြစ်ကြီးနားကို ဆင်းရပါတယ် ၊ မြစ်ကြီးနားကနေ ကားငှားပြီး ဆက်သွားရပါတယ် ၊ ကန်ပိုက်တီ လမ်းကနေ တရုတ်ပြည် လမ်းသွားရင် ကားစီးချိန် ၅ နာရီပဲကြာပါတယ်။ ကိုယ်လမ်းသိစရာမလိုဘူး ကားသမားတွေ သိပါတယ် ကားစင်းလုံးငှားလို့ရသလို လိုင်းကားတွေလည်းရှိပါတယ်။

ကန်ပိုက်တီ ဂိတ်မှာ ပတ်စ်ပို့ ဝင်လုပ်ရပါမယ် ၊ မှတ်ပုံတင် မိတ္တူတစ်ခု လှိင်စင်ပုံ နစ်ပုံ ပေးလိုက်ရင် ပတ်စပို့ လုပ်ပေးပါတယ် အများဆုံး ၁၅ မိနစ်ပဲကြာပါတယ် လူများရင်တော့ တန်းစီစနစ်နဲ့ လုပ်ရပါမယ် ပတ်စ်ပို့က တရုတ်ပြည်မှာ ၁၄ ရက် သွားလာခွင့်ရှိပါတယ် ပန်ဝါ အဝင်ဂိတ်မှာ မှတ်ပုံတင် ပတ်စပို့ ပြန်ပြရပါတယ် ၊ပန်ဝါမှာ တည်းဖို့ဟိုတယ် တွေမသိရင် လဝက ဝန်ထမ်းတွေ ရဲတွေရှိပါတယ် အကူညီတောင်းရင် ကူညီကြပါတယ် တည်းခိုခန်း ဟိုတယ်တွေက ၃ သောင်းအထက်တွေရှိပါတယ် ပန်ဝါမှာ တရုတ် နဲ့ ကချင်များပါတယ် အားလုံးက ရိုးသားကြပါတယ် အကူညီတောင်းပြီးမြို့ကို လည်ပတ်လို့ရပါတယ် ဒါက အလွယ်ကူဆုံး လမ်းပါ။

#ဒုတိယလမ်း မြစ်ကြီးနားကနေ ချီဖွေမြို့လမ်းပါ မြစ်ကြီးနား ချီဖွေ ကားတစ်ရက် စီးရပါတယ် ချီဖွေမှာ တစ်ည အိပ်ရပါလိမ့်မယ် တည်းခိုခန်းတွေ အများကြီးရှိပါတယ် လမ်းခရီး မြေနီလမ်းဖြစ်ပြီး တောတောင် သဘာဝတွေအများကြီးရှိပါတယ်။

မေခမြစ်အတိုင်း တက်သွားရတာပါ၊နောက်နေ့မနက် ကားနဲ့ ထွက်လာရင် ညနေ ၂ နာရီလောက် ပန်ဝါ ရောက်ပါတယ် ပန်ဝါမြို့ ၁ ရက်လောက်လည်ပြီးရင် ကန်ပိုက်တီလမ်းလည်း ပြန်လို့ရပါတယ် ဆိုင်ကယ်စီးဝါသနာရှင်တွေကတော့ မြစ်ကြီးနား ချီဖွေ ပန်ဝါလမ်း ကို ဆိုင်ကယ် သွားလို့ရပါတယ်။

📛 မှတ်ချက်။ မြစ်ကြီးနားမှာ မိုးတွေအုံ့ပြီးမြူတွေ ကျနေရင်တော့ ပန်ဝါမှာ နှင်းကျတတ်ပါတယ် မြစ်ကြီးနားမြို့ရောက်ရင်ခန့်မှန်းနိင်ဖို့ပါ။



#ပန်ဝါမြို့

#မူရင်းပိုင်ရှင်အားခရက်ဒစ်ပေးပါတယ်။
fold

19/01/2022

ခရီးမသွားခင် ဖြစ်တတ်တဲ့ စိတ်ပူပန်ခြင်းကို ဘယ်လိုနည်းလမ်းတွေနဲ့ ဖြေရှင်းမလဲ

ရေးသားသူ Khine Phoo Ngon

ဆေးပညာပိုင်းဆိုင်ရာ
တည်းဖြတ်သူ Dr. Thurein Hlaing Win

လူ တော်တော်များများဟာ ခရီးမထွက်ခင်မှာ တူညီတဲ့ ခံစားချက်တွေ ရှိကြပါတယ်။ လပေါင်းများစွာ ကြိုတင်ပြီး အစီစဉ်တွေချ၊ မျှော်လင့်ချက်တွေထားပြီး နေလေ့ရှိကြပါတယ်။ တကယ်တမ်း အဲဒီအချိန်လည်း ရောက်လာရော သင့်ရဲ့ ဆုံးဖြတ်ချက်အပေါ် မသေချာ မရေရာတွေဖြစ်ပြီး စိတ်ပူပန်တာတွေ ဖြစ်လာတတ်ပါတယ်။ ဒါဟာ ပုံမှန်ဖြစ်တတ်တာမျိုး ဖြစ်ပါတယ်။ ခဏခဏ ခရီးသွားနေကြတဲ့ သူတွေတောင် ဒီလို တစ်ယောက်တည်း ခရီးမသွားခင် (သို့) ခရီးရှည် ထွက်ခါနီး စိတ်လှုပ်ရှားမှုကို မရှောင်လွှဲနိုင်ပါဘူး။

ဒါ့ကြောင့် အောက်မှာ ဖော်ပြမယ့် အကြံပေးချက်တွေကို လိုက်နာဖို့ လိုပါတယ်။

၁။ သင့်ကို စိတ်တည်ငြိမ်စေမယ့် စာသားကို ရှာပါ။

တစ်ခါတစ်ရံမှာ သင်လိုအပ်တာက သင့်ကို အာရုံစိုက်နိုင်စေပြီး၊ တည်ငြိမ်အောင် လုပ်ပေးနိုင်မယ့် ထူးခြားတဲ့ စာသားတကြောင်း ဖြစ်နေနိုင်ပါတယ်။ Matador ဆိုတဲ့ခရီးသွား website တခုက အယ်ဒီတာ Lola Akinmade က သူမရဲ့ တချိန်က ဆောင်းပါးတစ်ခု ဖြစ်တဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး ခရီးသွားစာသား အခု ၅၀ မှာ “အမှတ်ရစရာ ကောင်းသော ခရီးသွား စာသားတွေဟာ ပင်လယ်ကမ်းခြေမှာ တွေ့ရတဲ့ စာသားတွေနဲ့ တူပါတယ်၊ တိုက်ဆိုင်တဲ့အချိန်မှာ ဖတ်ကြည့်ရင် အံ့သြစရာ ကောင်းတယ်၊ တည်တံ့တယ်” လို့ ဖော်ပြခဲ့ဖူးပါတယ်။

သင့်အကြောင်းကို အမှန်တကယ် ဖော်ပြမယ့် စာသားတခုကို ရှာဖွေပြီး ရေးထားပါ။ ပြီးရင် သင့်မှတ်စုစာအုပ်မှာ ဖြစ်ဖြစ်၊ နေ့စဉ်မှတ်တမ်းမှာ ဖြစ်ဖြစ် မှတ်ထားသင့်ပါတယ်။ သင်စာအုပ် ဖွင့်ကြည့်တဲ့အခါတိုင်း သင်ဘာကြောင့် ခရီးသွားတယ် ဆိုတာကို မှတ်မိနေစေမှာပါ။

၂။ ခရီးသွား ဘလော့ဂ်များကို ဖတ်ပါ။

တကယ်ကောင်းတဲ့ ခရီးသွားဘလော့ဂ်တွေဟာ သင့်ကို အချက်အလက်နဲ့ အကြံဉာဏ်ကောင်းတွေတင် မဟုတ်ဘဲ တခြားသူတွေရဲ့ ရှုထောင့်တွေကိုပါ သိရတဲ့အတွက် စိတ်ဝင်စားစရာ ကောင်းပါတယ်။ သူများတွေလည်း သင်နဲ့အလားတူ ခံစားချက်တွေ အတွေ့အကြုံတွေကိုလည်း ရရှိစေနိုင်ပါသေးတယ်။

၃။ ကျန်းမာရေး စောင့်ရှောက်မှုတွေ၊ အရေးပေါ် ဖုန်းနံပါတ်များ၊ မေးလ်များနဲ့ အခွန်ဆောင်ဖို့ကို ပြင်ဆင်ထားပါ။

ဒီအပိုင်းဟာ လူအများစု မလုပ်ချင်တဲ့အပိုင်း ဖြစ်ပါတယ်၊ ဒါပေမဲ့ သင်ဟာ ခရီးထွက်တော့မယ် ဆိုရင် ကြိုတင် ပြင်ဆင်ထားတာဟာ သင့်အတွက် စိတ်ဖိစီးမှုကို လျော့နည်းစေမှာပါ။ သင့်ခရီးစဉ်အတွင်း ကျန်းမာရေး အရေးပေါ် အခြေအနေတွေ အတွက် ကြိုတင် ပြင်ဆင်ထားဖို့က အရေးကြီးပါတယ်။

အလားတူ ကိစ္စတွေဖြစ်တဲ့ အခွန်ဆောင်တာ၊ မေးလ်ပို့တာနဲ့ တခြား စာရွက်စာတမ်း ကိစ္စတွေက အိမ်မှာ လုပ်ရတာထက် ခရီးသွားနေတုန်း လုပ်ရရင် စိတ်ဖိစီးမှု ပိုများစေပါတယ်။

ကိုယ် ဘာကို စိုးရိမ်လို့ စိုးရိမ်နေမှန်း မသိရင် သင် အရေးတကြီး ခေါ်လို့ရမယ့် ဖုန်းနံပါတ်မျိုးကို ထည့်ထားပါ။ အင်တာနက်ပေါ်မှာ ကိုယ်သွားမယ့် ဒေသရဲ့ ဖုန်းနံပါတ်တွေ ရှာပြီး ကိုယ့်အသိမိတ်ဆွေတွေရဲ့ ဖုန်းနံပါတ်တွေ နဲ့အတူ မှတ်ထားသင့်ပါတယ်။ တကယ်လို့ သင်ဟာ ကျောင်း၊ ဒါမှမဟုတ် အလုပ်က အဖဲွဲ့နဲ့ အတူတူ သွားတာဆိုရင် သင် လိုအပ်ချိန်မှာ ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ်များကို မှတ်ထားသင့်ပါတယ်။

၄။ အဆက်အသွယ် မပြတ်ပါစေနဲ့။

မိသားစုဝင်တွေ သူငယ်ချင်းတွေနဲ့ အဆက်အသွယ် ပြတ်သွားတာက သင့်ကို ပိုခက်ခဲစေပါတယ်။ ဒါကို ဖြေရှင်းဖို့ နည်းကတော့ လွယ်ကူတဲ့နည်းလမ်းတွေနဲ့ ဆက်သွယ်ဖို့ပါပဲ။ ကျွနု်ပ်တို့နဲ့ အနီးစပ်ဆုံး ဖေ့ဘွတ်ခ် (facebook) တို့၊ စကိုက်ပီ (skype) တို့ ရှိပါတယ်။ Matador ဆိုတဲ့ website မှာ သင့်မိသားစုတွေ ဝင်ကြည့်နိုင်အောင် ဘလော့ဂ်ထောင်လို့ ရပါတယ်။ အပတ်စဉ် မေးလ်ပို့တာကလည်း ကောင်းတဲ့ နည်းတခုပါပဲ။

၅။ ထုပ်ပိုးပြင်ဆင်ဖို့ အချိန်များများပေးပြီး မေ့လောက်မယ့် ပစ္စည်းတွေကို သေချာထည့်ပါ။

ခရီးမထွက်ခင်နေ့ကျမှ ခြေအိတ် မထည့်ရသေးတာ သတိရတာမျိုး၊ အကိုက်အခဲ ပျောက်ဆေး မဝယ်ရသေးတာမျိုး၊ သင်ခရီးထွက်မယ် ဆိုတာကို အကြွေးဝယ်ကတ် လုပ်ထားတဲ့ဘဏ်ကို အကြောင်း မကြားရသေးတာမျိုးလောက် သောကများရတာ မရှိပါဘူး။

အနားယူပြီး သင်ခရီးမထွက်ခင် ရက်နည်းနည်း လိုသေးတဲ့ အချိန်မှာ စပြီး ထုပ်ပိုး ပြင်ဆင်ပါ။ ထုပ်ပိုးတာနဲ့ ပတ်သက်ပြီး သီးသန့်ရေးထားတဲ့ ဆောင်းပါးတွေလည်း ရှိပါတယ်။ ခရီးဆောင်အိတ် တခုတည်းမှာ လိုအပ်တာတွေ အားလုံးထည့်ဖို့ ဘယ်လို လုပ်ရမယ်ဆိုတာ ပြထားတဲ့ ၂ မိနစ်စာ ဗီဒီယိုတခုခု ရှာဖွေကြည့်သင့်ပါတယ်။

၆။ လေယာဉ်စီးဖို့ ကြောက်ခြင်း၊ ပျင်းနေခြင်း တို့အတွက် အစီအစဉ် ဆွဲထားပါ။

လူအများစု ခရီးသွားတဲ့အခါမှာ လေယာဉ်စီးရလေ့ ရှိပါတယ်။ တကယ်လို့ လေယာဉ်စီးတာဟာ သင့်ကို တုန်လှုပ် ခြောက်ခြားစေတယ် ဆိုရင် Fodor ဆိုတဲ့ ခရီးသွား website က သင့်ရဲ့ လေယာဉ်ကြောက်စိတ်ကို ဖြေရှင်းဖို့ အကြံဉာဏ်ကောင်းတွေ ပေးနိုင်ပါတယ်။

၇။ သင်တယောက်တည်းလည်း လုပ်နိုင်ပါတယ် ဆိုတာ သတိရပါ။

ခရီးသွားတယ်ဆိုတာ ရှုပ်တတ်ပြီး စီစဉ်ထားတဲ့အတိုင်း မဖြစ်လာတာ များပါတယ်။ ခရီးသွားနေတုန်း ဖြစ်လာတဲ့ သင့် အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ လိုက်လျောညီထွေ နေနိုင်ဖို့ပဲ လိုတာပါ။ ခရီးသွားတဲ့ သူတယောက် အနေနဲ့ လိုက်လျောညီထွေ နေနိုင်တာထက် ကောင်းတဲ့အချက် မရှိပါဘူး။

14/01/2022

ကားမူးမှာစိုးလို့ ခရီးမသွားရဲသူလေးတွေရှိလား

ရေးသားသူ Aye Thi Monဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ခရီးသွားတာက ဘဝအမောတွေကိုပြေစေပြီး အသစ်အဆန်းတွေကို ထိတွေ့ခံစားခွင့်ရနိုင်ပါတယ်။ ဒီအသစ်အဆန်းတွေကိုခံစားချင်ပေမယ့် ကားမူးမှာကြောက်လို့ ခရီးဝေးတွေ မပြောနဲ့၊ မြို့ပြင်ကို နည်းနည်းလောက်ပဲသွားလိုက်ရင်ကို မူးလို့ ဘယ်မှမသွားရဲဘဲ ဖြစ်နေတဲ့သူတွေများရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင်စိတ်ရှုပ်နေရတဲ့ အခက်အခဲကို အကောင်းဆုံးဖြေရှင်းပေးနိုင်မှာပါ။

ကားမူးတယ်ဆိုတာ ဘာလဲ…….

ကားမူးတယ်ဆိုတာက မျက်လုံးကမြင်နေရတဲ့အရာနဲ့ နားကကြားနေရတဲ့ အရာကို ဦးနှောက်ကကောင်းကောင်းမချိတ်ဆက်မိတဲ့အခြေအနေတစ်ရပ်ပါ။ အကြားအာရုံကရရှိနေတဲ့ အချက်အလက်တွေနဲ့ အမြင်အာရုံကနေရရှိနေတဲ့ အချက်အလက်တွေကဟန်ချက်မညီဘဲ ဗဟိုအာရုံကြောစနစ်မှာ ကမောက်ကမဖြစ်ရာကနေစလာတဲ့ ခံစားချက်တစ်ခုပေါ့။

ကားမူးတာကို အဓိကခံစားတဲ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေက မျက်လုံး၊ အတွင်းနား၊အရေပြားမျက်နှာပြင်ပေါ်က တစ်ရှုးတွေပါ။ မြင်တာကို မျက်လုံးကခံစားမယ်။ ခန္ဓာကိုယ်အနေအထားနဲ့ ပတ်ဝန်းကျင်ကရာသီဥတုအခြေအနေကို အရေပြားတစ်ရှုးတွေကခံစားမယ်။ ကြားနေရတာကို အတွင်းနာကခံစားပါတယ်။ ဒီ ၃ ခုဟန်ချက်ညီနေရင် ကားမမူးနိုင်ပေမယ့် တစ်ခုခုက ဟန်ချက်ပျက်သွားပြီဆိုရင်တော့ ရင်ထဲမကောင်းဘူး၊ ခေါင်းထဲကမူးတယ်၊ အန်ချင်တယ်ဆိုတဲ့ ကားမူးတဲ့ လက္ခဏာတွေကို စခံစားရတော့ပါပဲ။

ကားမူးနေပြီလား…….

ကားမူးတဲ့အခါ အခုလက္ခဏာတွေခံစားရနိုင်ပါတယ်။

ခေါင်းမူးမယ်

သန်းမယ်

ညီးစီစီဖြစ်မယ်

ချွေးထွက်မယ်

မအီမသာဖြစ်မယ်

ခေါင်းထဲမှာ မူးဝေနေမယ်

အော့အန်မယ်

ဖြူဖပ်ဖြူရော်ဖြစ်မယ်

ရင်ထဲမှာ တလှပ်လှပ်ဖြစ်မယ်

အသက်ရှုရတာ ပြတ်တောင်းတောင်းဖြစ်လာမယ်

ခြေကုန်လက်ပမ်းကျမယ် စတဲ့လက္ခဏာတွေခံစားရနိုင်ပါတယ်။

ကားမူးတာက ကာကွယ်လို့ရလား………

ကားမူးတာက မဖြစ်အောင်ကာကွယ်လို့ရပါတယ်။ ကားနဲ့ပဲဖြစ်ဖြစ်၊ ရထားနဲ့ပဲဖြစ်ဖြစ်၊ သင်္ဘောနဲ့ပဲဖြစ်ဖြစ်၊ လေယာဉ်နဲ့ပဲဖြစ်ဖြစ် ခရီးသွားရင် ကားမူးတယ်၊လို့ အလွယ်ခေါ်တတ်တဲ့ မအီမသာဖြစ်တဲ့ အခြေအနေမျိုးကို ခံစားရနိုင်ပါတယ်။ ဒီခံစားချက်က ခံစားရအတော်ခက်သလို ပျော်ချင်လို့ ခရီးသွားပါတယ်ဆိုမှ ကားကမူးနေတော့ ပတ်ဝန်းကျင် အလှအပတွေကို ခံစားဖို့ တော်တေ်ာလေးခက်ပြီပေါ့။ ဒီတော့ ပျော်ရွှင်စရာခရီးစဉ်ဖြစ်ဖို့က ခက်ပြီလေ။ ဒီပြဿနာကို အခုပြောပြမယ့်နည်းလေးတွေသုံးပြီး ကာကွယ်လို့ရပါတယ်။

အိပ်ရေးဝအောင်အိပ်ပါ

ခရီးမသွားခင်မှာ အိပ်ရေးဝအောင်အိပ်တာကလည်း ကားမူးတာကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ခရီးမသွားခင်မှာ အိပ်ရေးလေးဝဝအိပ်ပေးပါ။

အများကြီးမစားပါနဲ့

ခရီးမသွားခင်မှာ အစာအများကြီးစားတာက ကားမူးစေနိုင်တဲ့အချက်တွေထဲကတစ်ခုပါ။ ဒါကြောင့် ခရီးမသွားခင်မှာ အများကြီးစားတာ၊ အဆီများတာတွေစားတာ၊ အပူအစပ်တွေစားတာမျိုးမလုပ်သင့်ပါဘူး။

ရေသောက်ပါ

ခရီးသွားတဲ့အခါ ဆီးသွားချင်မှာကို စိုးပြီး ရေမသောက်ဘဲ နေတာမျိုးမလုပ်ပါနဲ့။ ရေကို လိုအပ်သလောက်တော့ သောက်ပါ။ ခရီးသွားရင်လည်း အလွယ်တကူရေသောက်ဖို့ ရေဗူးလေးအဆင်သင့်ယူသွားပါ။ ကားမူးလာပြီဆိုရင် ရေနည်းနည်းသောက်လိုက်ပါ။ သက်သာသွားပါလိမ့်မယ်။

ချင်း (ဂျင်း) စားပါ

ကားမူးတတ်တယ်ဆိုရင် ကားစမစီးခင် ၁၅ မိနစ် အလိုလောက်မှာ လက်တစ်ဆစ်စာ ချင်း (ဂျင်း) ပြားလေးကို ဝါးစားပေးပါ။ ဒီလိုလုပ်တာက ခရီးစဉ်တလျှောက်ကားမူးတာကို သက်သာစေမှာပါ။

လေရှုပါ

ပြင်ပလေကို ရှုရှိုက်တာကလည်း ကားမူးသက်သာစေနိုင်ပါတယ်။ ကားစီးရင်း ကားမူးတဲ့ လက္ခဏာတွေခံစားလာရပြီဆိုရင် ပြတင်းပေါက်ကို ဖွင့်ပြီး လေရှုတာမျိုးလုပ်ပေးပါ။

ပီကေဝါးပါ

ခရီးသွားရင် ကားမူးမှာကြောက်တတ်သူတွေ ဆောင်သွားသင့်တဲ့ စားစရာတစ်ခုကတော့ ပီကေပါ။ ကားစီးနေချိန်မှာ ပီကေဝါးပေးတာက ကားမူးတာကို မဖြစ်အောင်ကာကွယ်ပေးသလို ကားမူးနေရင်လည်း သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ကားမူးတတ်ရင် ပီကေဝါးပါ။

တရားမှတ်ပါ

ဝင်လေထွက်လေမှတ်တာကလည်း ကားမူးတာကို သက်သာစေမယ့် နည်းလမ်းတွေထဲကတစ်ခုပါ။ ဒါကြောင့် ကားစီးနေရင်းတရားမှတ်တာကလည်း ကားမူးမှာကြောက်သူတွေအတွက် အသုံးတည့်မယ့်နည်းလမ်းတစ်ခုပါ။

သီချင်းနားထောင်ပါ

ခရီးသွားရင်း နားကြပ်လေးတပ်ပြီး သီချင်းနားထောင်ရတာက ခံစားချက်ကောင်းသလိုကားမူးတာကိုလည်း ကာကွယ်ပေးပါတယ်။ ဒါကြောင့် ကားမူးတတ်တယ်ဆိုရင် ခရီးသွားတဲ့အခါ ဖုန်းလေးနဲ့ နားကြပ်လေးပါအောင်ယူလို့ သီချင်းနားထောင်ပါ။

ကားမူးလို့ စိတ်ညစ်မနေပါနဲ့။ အခုပြောခဲ့တဲ့နည်းလမ်းလေးတွေသုံးပြီး ကားမူးတာကို ကာကွယ်လို့ ပျော်ရွှင်စရာခရီးစဉ်လေးတွေကို ဖန်တီးလိုက်ပါ။

09/12/2021

တချို့တွေကတော့
မနက်ဖြန် ဘယ်ဌားဌား မလိုက်ဘူးတဲ့
ကားပြင်စရာ ရှိလို့ဆိုလားဘဲ...

ကျွန်တော်တို့ကတော့
ရပ်ထားရတာ အတော်ကြာပါပြီ။
(ကြေညာပို့စ်လည်း တင်ရတာ အားနာလို့)

ရပ်လျှက်စနဲ့ မနက်ဖြန်လည်း
ရပ်နေအုန်းမှာ သေချာပါတယ်။😁

ဘာပဲဖြစ်ဖြစ်လေ
မိတ်ဟောင်း customer တွေလည်း
ကျန်းမာကြပါစေ။

အယောက်စီတိုင်းကို သတိရပါတယ်။

အားလုံးအေးချမ်းတဲ့နေ့မှ
ခရီးထွက်မယ်ဆိုရင်တော့
သတိရပေးကြပါအုန်း
ချန်မထားခဲ့နဲ့နော်

Page မှာလည်း activity မရှိတော့
လုပ်ငန်းမလုပ်တော့ဘူးလို့ ထင်နေကြလို့
အသိပေးတာပါဗျ။

ဒီမှာလည်း မိတ်ဆွေတို့နဲ့အတူ
ရပ်နေရတာပါ။

ခရီးတွေသွားရင်
အတူတူလေးသွားရအောင်ပါ။ ❤️

17/10/2021

ပုဂံရာက်ရင်
သရပါတံခါးရယ် ပုဂံကျုံးရယ်ကို
ဒီနေရာလေးကနေ ခနကြည့်ပါ..
အနော်ရထာမင်းကြီးရယ် ခမ်းနားလှတဲ့ ပုဂံနန်းတော်ကြီးရယ်ကို မြင်ယောင်မိမယ်...
အရင်တုန်းကတော့ သိပ်ကိုခမ်းနားခဲ့မှာပေါ့......
အခုတော့လည်း လွမ်းစရာပါလား...

ပုဂံ-လွမ်းစရာဌာနေ
Bagan Chit Thu

10/10/2021

ကားမှုးတတ်တဲ့ ချစ်ရတဲ့ဧည့်သည်တွေအတွက်ပါ
😂😂😂

စတာပါနော်
ချစ်ဧည့်သည် အဆင်ပြေဖို့
အကောင်းဆုံး ဖြည့်ဆည်းပေးတဲ့ ယာဉ်မောင်းတွေနဲ့
ဝန်ဆောင်မှုပေးတာပါနော်❤️

အကြောင်းတိုက်ဆိုင်လို့ ခရီးသွားဖို့လိုအပ်ပါက
ကျွန်တော်တို့ ကောင်းသစ်ကို သတိရပေးပါနော်

09250416464

Photo
Crd.

Photos from Kaung Thit Car Rental's post 01/05/2021

🛑 သွားလာရေးအဆင်ပြေစေရန် အတွက် 🛑

ယခု အချိန်တွင် အကြောင်းကိစ္စအမျိုးမျိုးဖြင့် သွားလာရန် အဆင်ပြေစေရန်အတွက်
Suzuki Ciaz , Alphard & Hyundai Grand Starex, ၁၅ယောက်စီး Toyota Hiace

ကားများကို စျေးနှုန်းသက်သာစွာဖြင့်
ငှားရမ်းပေးနေပါပြီ။

နယ်ကနေ ရန်ကုန် လာလိုသူများလည်း
လာကြိုပေးပါတယ်ဗျ

ဆက်သွယ်ရန် 09250416464

07/04/2021

လချူပ် ဌားရမ်းမှုများအတွက်
ဖုန်း 09250416464

Want your business to be the top-listed Autos & Automotive Service in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


No. 157, Innwa 1st Street, 122 Ward, East Dagon Tsp
Yangon
11421