All Rounder Facts
Sports and Knowledge
12/12/2025
"ဂျော့ရှ်ဝါဗန်ရဲ့ ယူအက်ဖ်စီ ၃၂၃ ခန့်မှန်းထိုးသတ်ကြေး"
ပွဲထိုးသတ်ကြေး - အမေရိကန်ဒေါ်လာ ၃၅၀,၀၀၀ မှ ၅၀၀,၀၀၀ ကြား
ဗီနမ်စပွန်ဆာခွဲတမ်း - အမေရိကန်ဒေါ်လာ ၃၂,၀၀၀
ဖြစ်နိုင်ဖွယ်ရှိသောအနိမ့်ဆုံးခန့်မှန်းဝင်ငွေ - အမေရိကန်ဒေါ်လာ ၄၅၇,၀၀၀ (ထိုင်းဘတ် ၁၄,၄၇၇,၇၆၀၊ မြန်မာကျပ် ၁,၈၃၅,၀၅၆,၀၈၀)
Reference and Photo: MMA Money
10/12/2025
သန့်ဇင်အနေနဲ့ ကြိုးစားတိုင်းမဖြစ်လာတာက သူ့အပြစ်မဟုတ်ပါဖူး နောက်ပြီး ဘယ်လောက်ပဲအနေအထားတွေကွာနေပါစေ မြန်မာဖိုက်တာချင်းတူတူ နှိုင်းယှဉ်တာမျိုးကမလုပ်သင့်ပါဖူး မြစ်ထဲကငါးကလဲ မြစ်ထဲကငါးပုံစံနဲ့လှသလို ပင်လယ်ထဲကငါးကလဲ ပင်လယ်ထဲကငါးပုံစံနဲ့လှပါတယ်
ဒါကို ဘယ်ငါးကပိုလှတယ်ဘာညာဆိုပြီး သွားနှိုင်းယှဉ်လိူ့မရပါဖူး ပင်လယ်ထဲကငါးက မြစ်ထဲမှာလာကူးနေရင် ကြည့်မကောင်းသလို မြစ်ထဲကငါးကလဲ ပင်လယ်ထဲမှာသွားကူးနေရင်အဆင်မပြေပါဖူး အားလူံးကသူ့နေရာမှာသူတန်ဖိုးရှိကြပြီးသားပါ ဒါပေမဲ့ကြိုးစားတိုင်းမဖြစ်လာတာလေးကတော့ သန့်ဇင်အတွက် အခုလို အချိန်မျိုးမှာ လှောင်စရာအရာတခုလိုဖြစ်သွားပါတယ်
ဒါကြောင့် အခုတော့ သူ့အားနဲချက်က သူ့ကိုထိုးနှက်ချက်ဖြစ်စေခဲ့ပါပြီ ဒီတော့ သန့်ဇင်အနေနဲ့သူ့ဘဝတိုးတက်ဖို့ ဘာဆက်လုပ်မလဲ ဘယ်လမ်းကိုလျှောက်မလဲဆိုတာကိုအမြန်ဆုံးရွေးချယ်သင့်ပြီဖြစ်ပါတယ်
နောက်ပြီးအစမှာ ပရိသတ်တွေရဲ့အကြံပေးချက်တွေကိုလျစ်လျူရှုခဲ့တာကြောင့်ပဲထင်ပါတယ် ပရိသတ်တွေက လဲ သန့်ဇင်ဆိုရင်ကို အခုလက်ရှိမှာချဉ်ကုန်ကြတော့ပါ ဒါကြောင့်နောက်ထပ် ခရီးလမ်းတွေမှာ ဒီလိုအရာမျိုးတွေထပ်ရှိလာခဲ့ရင် သန့်ဇင်အနေနဲ့က အတိတ်ရှုံးနိမ့်မှုတွေကနေ သင်ခန်းစာယူတတ်ဖို့လိုအပ်ပါတယ်ခင်ဗျာ
ဒါပေမဲ့ ဗန်နဲ့သန့်ဇင်ကို မနှိုင်းသင့်ဖူးဆိုတာတော့ပြောပါရစေ အကယ်၍ ဗန့်နေရာမှာသန့်ဇင်ဖြစ်နေမယ်ဆိုရင် အခုချိန် ဗန်ကအလှောင်ခံနေရမှာဖြစ်ပါတယ် အဲ့ဒါဗန့်မှာအပြစ်ရှိလို့လား အဲ့လိုထင်ရင်တော့ မှားသွားပါလိမ့်မယ်
အဓိကကတော့ ပိုကောင်းလာမဲ့သူကိုပိုကောင်းတဲ့နေရာကိုပို့ပေးခဲ့တဲ့ ကံတရားကြီးရဲ့အစီအမံတွေကြောင့်ပါပဲခင်ဗျာ...။
10/12/2025
Pantoja ကသာ Joshua Van ကိုလက်ကျိုးအောင်လုပ်ခဲ့ရင် လူတော်တော်များများက ဒါကို ဂျူဂျစ်ဆုလို့ခေါ်ကြမှာပဲ…
Chael Sonnen 🗣️ ကျွန်တော်တစ်ခုပြောပြမယ်။ Joshua Van ကကမ္ဘာ့ချန်ပီယံတစ်ယောက်ပါ။ GSP တို့ Khabib တို့ရခဲ့ဖူးတဲ့ ချန်ပီယံခါးပတ်မျိုးကိုရထားတဲ့သူပါ။ Cain Velasquez ၊ DC ၊ Jon Jones တို့ချန်ပီယံဖြစ်ခဲ့တဲ့ အဖွဲ့အစည်းကြီးမှာ ချန်ပီယံဖြစ်လာတဲ့သူပါ။ ဒါကဘယ်လောက်တောင် မိုက်လိုက်လဲဗျာ…
Van ကပိုကောင်းတဲ့ဖိုက်တာလို့ ကျွန်တော်သေချာမပြောနိုင်ဘူး။ ဒါပေမယ့်ပွဲတစ်ပွဲမှာ ဘယ်သူပိုကောင်းသလဲဆိုတာထက် ဘယ်သူအနိုင်ရသလဲဆိုတာပဲ ပိုအရေးကြီးပါတယ်။ အဲတာကြောင့် Joshua Van ရဲ့အနိုင်ကို ရာနှုန်းပြည့်ထောက်ခံပါတယ်။ သူ့ရဲ့အမေလည်း အခုချိန်မှာ အရမ်းဂုဏ်ယူနေရမှာ သေချာတယ်…
သူ့ရဲ့နိုင်ပွဲကို ဝေဖန်နေတဲ့သူတွေကို ကျွန်တော် တော်တော်လေးစိတ်ပျက်မိတယ်။ ပွဲမတိုင်ခင်အခြေအနေမှာ လူတိုင်းနီးပါးက သူနိုင်ဖို့မဖြစ်နိုင်ဘူးဆိုပြီး ပြောနေကြပေမယ့် သူတိုက်ခိုက်ဖို့ကြိုးဝိုင်းထဲကို ဝင်လာခဲ့တယ်။ တစ်ချို့က ဒီပွဲကို NC ပဲဖြစ်သင့်တယ်ဆိုပြီး Pantoja ကိုပဲခါးပတ်ပြန်ရစေချင်ကြတယ်။ အဲတာဆို Pantoja ဒဏ်ရာပြန်သက်သာမှ ခါးပတ်ပြန်ကာကွယ်ရမှာပေါ့ဟုတ်လား? ဝိတ်တန်းတစ်ခုလုံး ရပ်နားထားရမှာလား? အဲလိုပြောလို့ Pantoja ကိုအတင်းပြန်ထိုးဖို့တိုက်တွန်းနေတာမဟုတ်ပါဘူး။ Pantoja လည်းဒဏ်ရာကအမြန်ပြန်သက်သာနိုင်ပါစေ။ ကျွန်တော်ကတော့ အဲတာကိုသဘောမတူပါဘူး…
တကယ်လို့ Pantoja ကသာ Joshua Van ရဲ့လက်ကျိုးသွားအောင်လုပ်နိုင်ခဲ့ရင် ဒါကိုလူတော်တော်များများက ဂျူဂျစ်ဆုလို့ခေါ်ကြမှာပဲ။ ပြီးတော့ Pantoja လက်ကျိုးသွားတာက ၂၄ မိနစ်မှာဖြစ်ခဲ့ရင်၊ ခင်ဗျားတို့ဘာမှ ပြောမှာမဟုတ်ဘူးလို့ကျွန်တော်ထင်တယ်။ အလားတူဖြစ်ခဲ့တဲ့ Anderson Silva ခြေထောက်ကျိုးသွားလို့ Chris Weidman အနိုင်ရရှိသွားတုန်းက မကျေပွဲပြန်တည်ဖို့ပြောခဲ့တာတွေရှိပေမယ့် Chris Weidman ကိုမထိုက်တန်ဘူးလို့ဝေဖန်တာတွေမရှိခဲ့ဘူး…
အခုဒီပွဲက ခင်ဗျားတို့တွေးထင်ထားတဲ့ ပွဲမျိုးဖြစ်မလာဘူးဆိုတာ ကျွန်တော်နားလည်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ ရလဒ်ရှိပြီးပါပြီ။ ဘာငြင်းခုန်စရာမှ မလိုပဲ ရှင်းလင်းတဲ့ဆုံးဖြတ်ချက်ပါ။ အဲတာကတော့ Joshua Van ကကမ္ဘာ့ချန်ပီယံ ဆိုတာပါပဲ…” ဆိုပြီး သူ့ရဲ့ YouTube Channel မှာပြောသွားခဲ့တာဖြစ်ပါတယ်…
09/12/2025
အသံတွေထွက်လာကြပြီ 😁💥🇲🇲🇲🇲
လက်ရှိဗန်ကိုစိန်ခေါ်နေတဲ့ဖိုက်တာတွေ အများကြီးပေါ်ထွက်လာနေပါပြီ၊ အဲဒီထဲမှာ ဖြစ်နိုင်တဲ့သူတွေရော မဖြစ်နိုင်သေးတဲ့သူတွေရော ပါဝင်နေပါတယ်၊
ဂျော်ရှုဝါဗန်ကိုအမှောက်သိပ်ပြထားတဲ့ ချားစ်ဂျွန်ဆင်ကလည်း ဗန်နဲ့ချန်ပီယံခါးပတ်လုပွဲ ကစားချင်နေပါတယ်၊ ခက်တာက လက်ရှိသူက Ranking- 13 နေရာမှာ ရောက်ရှိနေပါတယ်၊ ချက်ချင်းစိန်ခေါ်ခွင့်ရဖို့ မဖြစ်နိုင်ပါဘူး၊ ဗန်ဘက်ကတော့ နှစ်ပွဲလောက် နိုင်ပွဲအရင်ရှာလိုက်ဦး ပြီးမှထပ်တွေ့ကြတာပေါ့ ဆိုပြီး အချက်ပြထားပါတယ်၊😁😆
နောက်တစ်ယောက်ကတော့ ခရိုဂျီဟိုရီဂူချီပါ၊ ခါးဘစ်ရဲ့တပည့် အူလန်ဘဲခေါ့ကို အနိုင်ယူထားသူပါ၊
ခရိုဂျီဟိုရီဂူချီက လက်ရှိ Ranking -8 နေရာမှာရှိနေပါတယ်၊ ချန်ပီယံစိန်ခေါ်ခွင့်ကိုတောင်းဆိုထားသူဖြစ်သလို ပန်တိုဂျာဘက်ကလည်း သူ့သူငယ်ချင်းဖြစ်တဲ့ ခရိုဂျီဟိုရီဂူချီကို ချန်ပီယံစိန်ခေါ်ခွင့် ရရှိစေချင်နေပါတယ်၊ ဒါပေမဲ့ တစ်ဆင့်လောက်တော့ ကျော်ဖြတ်ပြရဦးမယ်လို့မြင်ပါတယ်ဗျ၊
နောက်ထပ် ဂျပန်ဖိုက်တာတစ်ယောက်က တက်ဆူရိုတိုင်ရာဖြစ်ပါတယ်၊ ဥက္ကဌကြီးဒေနာဝှိုက်ကိုယ်တိုင် ဗန်နဲ့ပွဲတည်ပေးချင်နေသူဖြစ်ပါတယ်၊ ဒါပေမဲ့ ဂျပန်မှာမဟုတ်ရင် အခြားအာရှနိုင်ငံမှာ ကျင်းပတဲ့ပွဲစဉ်မျိုးမှာပဲ ပိုပြီးပွဲတည်ပေးချင်နေတာပါ၊ အဲဒီတော့ ဘယ်အချိန်မှဖြစ်လာနိုင်မလဲဆိုတာ မပြောတတ်ပါဘူး၊
နောက်ဆုံးတစ်ယောက်ကတော့ ဗန်ကိုရှုံးထားတဲ့ ဂျပန်ဖိုက်တာ ရေဆူရိုရာပဲဖြစ်ပါတယ်၊ သူကတော့ ဒဲ့ပဲစိန်ခေါ်ထားပါတယ်၊ ကျွန်တော် Ranking တက်လာတဲ့အထိ ချန်ပီယံကာကွယ်နေစေချင်တယ် ဆိုပြီး ဗန်ကိုစိန်ခေါ်ထားတာဖြစ်ပါတယ်၊ ချန်ပီယံလုပွဲမှာ ဗန်နဲ့တွေ့ချင်နေတဲ့ သဘောပါ၊ ဒါပေမဲ့ သူကလည်း လက်ရှိ Ranking 1 to 15 မှာတောင်မဝင်သေးတဲ့အတွက် အကြာကြီးစောင့်ပေးရပါဦးမှာဖြစ်ပါတယ်၊
ဒီတစ်ပတ်မှာယှဉ်ပြိုင်သွားကြမယ့် ဘရန်ဒန်ရွယ်ဝေါနဲ့ မာနေးကေ့ကတော့ အသံတိတ်နေပါသေးတယ်၊ ဘာလို့လဲဆိုရင် သူတို့နှစ်ယောက်စလုံးက ပန်တိုဂျာကို ရှုံးထားဖူးလို့ပါ၊😆💥အခု ချန်ပီယံကပန်တိုဂျာမဟုတ်တော့ဘူးဆိုတော့ ဗန်ကိုစိန်ခေါ်ချင်နေကြမှာအမှန်ပါပဲ၊ ဒါပေမဲ့ ချက်ချင်းတော့ အသံမထွက်ကြသေးပါဘူး၊ သူများလှောင်ပြောင်ကြမှာစိုးလို့လည်း ဖြစ်နိုင်ပါတယ်၊😆
ဗန်ဘက်ကတော့ UFC တည်ပေးတဲ့ပြိုင်ဘက်နဲ့ ထိုးဖို့အဆင်သင့်ပဲ ဆိုပြီးတော့ ပြောဆိုထားပါတယ်၊ ဒါပေမဲ့ သူကစားချင်တာက ပန်တိုဂျာနဲ့ပါ၊ သူချန်ပီယံစိန်ခေါ်ဖို့ အခွင့်အရေးထပ်ရသင့်တယ် ဆိုပြီးပြောဆိုထားတာဖြစ်ပါတယ်၊ ပန်တိုဂျာကတော့ ဘယ်နှစ်လအနားယူရမယ်ဆိုတာ ထုတ်ပြန်လာခြင်း မရှိသေးပါဘူး၊
ထပ်ပြီးစောင့်ကြည့်သွားရမှာဖြစ်ပါတယ်၊💥🇲🇲🙏
#ဂျော်ရှုဝါဗန်
09/12/2025
Joshua Van🇲🇲🥊 ရဲ့ ခါးပတ်တန်ဖိုးက ဘယ်လောက်လဲ
ပရိုမိုးရှင်းတွေမှာ ချန်ပီယံဖြစ်ရင် ခါးပတ်က အပိုင်ရတာပါ။ ချန်ပီယံကာကွယ်နိုင်ရင် နောက်ခါးပတ်တစ်ခုထပ်ရပါတယ်။ တကယ်လို့ ချန်ပီယံကာကွယ်ပွဲမှာ စိန်ခေါ်သူကို ရှုံးသွားခဲ့ရင်လည်း ချန်ပီယံက ချန်ပီယံဘွဲ့ဆိုတဲ့ ဂုဏ်ပုဒ်ကိုပဲ ဆုံးရှုံးလိုက်တာဖြစ်ပြီး မူလရထားတဲ့ ခါးပတ်ကြီးကို ပေးလိုက်ရတာ မဟုတ်ပါဘူး။ ဒါကို ရှင်းအောင်ပြောပါရစေ။ ပရိုမိုးရှင်းက ချန်ပီယံလုပွဲတိုင်းမှာ ခါးပတ်အသစ်တွေ လုပ်ပေးနေတာပါ။ မူလပြောချင်တာကို သွားပါမယ်။
Joshua Van အပါအဝင် လက်ရှိချန်ပီယံတွေ ကိုင်ထားတဲ့ ခါးပတ်ကို UFC Legacy Championship Belt လို့ ခေါ်ပါတယ်။ Conor McGregor ကိုင်ဖူးတဲ့ ခါးပတ်ဟောင်းကို UFC Classic Championship Belt လို့ အမည်နာမသတ်မှတ်ထားပါတယ်။ လက်ရှိ UFC Legacy Championship Belt က ထုထည်ပိုကြီးသလို တန်ဖိုးပိုကြီးပြီး အရင် UFC Classic Championship Belt က လက်ရှိထက် ပေါ့ပါးတယ်။
လက်ရှိခါးပတ် UFC Legacy Championship Belt က (၂) ပိဿာ (၉၀) ကျပ်သားလေးပြီး ခါးပတ်တန်ဖိုးက ဒေါ်လာ (၃) သိန်း (၃) သောင်းကျော်ဖြစ်ပါတယ်။ ကာလတန်ဖိုးအတိုင်း တွက်ကြည့်လိုက်ရင် မြန်မာငွေ သိန်း (၁) သောင်း (၃) ထောင်ကျော်တန်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် ခါးပတ်ရောင်းပြီး အေးဆေးထိုင်စားလို့ ရပါတယ်။
UFC Legacy Championship Belt က ဘာလို့ဈေးကြီးတာလဲ။ ခါးပတ်အလယ်ပြားမှာ ကိုရီးယားစိန် White Cubic Zirconia နဲ့ ပတ္တမြားပေါင်းစပ်ထားတာပါ။ UFC World Champion စာသား၊ UFC Logo နဲ့ ဘယ်ညာကြယ်သီးတွေကို ရွှေအတိ လုပ်ထားပြန်သေးတယ်။ ခါးပတ်ပေါ်က အဝါရောင်ထုထည်ကြီးက ရွှေအစစ်ပါ။
ခါးပတ်ဘယ်ဘက်ပြားမှာ ရတနာ (၈) လုံးစီခြယ်ထားတယ်။ ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ရင် ရတနာနေရာမှာ ပတ္တမြားအစားထိုးပေးတယ်။ ချန်ပီယံဘွဲ့ကို များများကာကွယ်နိုင်လေ ခါးပတ်တန်ဖိုးက မြင့်တက်လာလေပါပဲ။ စာဖတ်သူတွေ ဘေးကင်းပါစေ။
09/12/2025
ကမ္ဘာ့အကောင်းဆုံးဖိုက်တာ P4P စာရင်းဝင်သွားပြီဖြစ်တဲ့ မြန်မာ့ဂုဏ်ဆောင် ဂျိုရှူအာဗန် 😍
ဗန်က UFC 323 မှာ ပန်တိုဂျာကို အနိုင်ရပြီး ဖလိုင်းဝိတ်တန်းရဲ့ချန်ပီယံကြီးဖြစ်သွားတဲ့အပြင် ကမ္ဘာ့အကောင်းဆုံးဖိုက်တာ စာရင်းမှာလည်း အဆင့် ၁၁ ထိ တက်လာခဲ့ပါပြီ
ဗန်က ပန်တိုဂျာနဲ့ပွဲမတိုင်ခင်တုန်းက P4P အဆင့် တောင်မဝင်
သေးပါဘူး ၊ အဆင့် ၅မှာရှိတဲ့ ပန်တိုဂျာကို အနိုင်ရရှိပြီးတော့ အခုဆိုရင် အဆင့် ၁၁ ထိတက်လှမ်းလာခဲ့ပါပြီ ၊ ပန်တိုဂျာကတော့ အဆင့် ၅ကနေ အဆင့် ၉ထိ ဆင်းပေးလိုက်ရပါပြီ
မြန်မာ့ဂုဏ်ဆောင် ချင်းလေးဗန်က ကမ္ဘာကျော်ဖိုက်တာကြီးတွေဖြစ်တဲ့ မာကာရှက် ၊ တိုပူရီးယား ၊ ခမ်းဇက် ၊ ပါရဲရားလို ဖိုက်တာမျိုးတွေနဲ့တောင် ရင်ဘောင်တန်းနိုင်လောက်တဲ့ အဆင့်တစ်ခုလောက်ထိရောက်ရှိနေပါပြီ
ဂုဏ်ယူပါတယ် မြန်မာ့ဂုဏ်ဆောင် ဂျိုရှူအာဗန် 🥰🇲🇲
Ufcအဖွဲအစည်းရဲ့ အကြီးဆုံးပုဂ္ဂိုလ်
သူကြီး လို့ ကျနော်တို့ချစ်စနိူးခေါ်ကြတဲ့
Dana Whiteကိုယ်တိုင် ဗန်ဟာနိူင်သင့်လို့ နိူင်ခဲ့တာပါလို့ တရားဝင်ပြောခဲ့ပါတယ်။
ကျနော်တို့လည်း ကိုယ့်လူရဲ့နိူင်ပွဲကို မှေးမှိန်သွားစေမယ့် အတွေးတွေ အပြောတွေကို မေ့ပြီး စိတ်သန့်သန့်နဲ့ ဂုဏ်ယူနိူင်ပါပြီ။
ထူးဆန်းအံ့သြဖွယ်ရာ mmaပွဲ တစ်ပွဲ 😱
ကိုယ့်လူကတော့ နင်မလဲငါလဲ ပဲတဲ့..။
တစ်ကမ္ဘာလုံးက ပရိတ်သတ်တွေ စောင့်ကြည့်ရကျိုးနပ်မယ့်ပွဲ ဖြစ်ဖို့ အာမခံသွားလေရဲ့..။
Les't go 🤜🤛
သမိုင်းဝင်အောင်ပွဲ သမိုင်းဝင်အခိုက်အတံ့နဲ့ လက်တကမ်းအလို.. Les't go 🤜🤛
Click here to claim your Sponsored Listing.