MYINT MAW Digital Photo Studio

MYINT MAW Digital Photo Studio

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MYINT MAW Digital Photo Studio, Photographer, No. (146/A) , Station Street , , 12/Quarter, Yankin Township, Yangon.

18/10/2020

လှိုက်လှိုက်လှဲလှဲဖြင့်
ကျေးဇူးအထူးတင်ရှိ‌ပါကြောင်း
မှတ်တမ်းတင်ဖော်ပြအပ်ပါသည် -
မိမိတို့ မိသားစုသည် COVID - 19 ရောဂါပိုး Positive ဖြစ်သူနှင့် ထိတွေ့မှု မရှိခဲ့သော်လည်း နေပြည်တော်၌ Positive ဖြစ်‌နေသူနှင့် ဆက်စပ်နေခြင်းကြောင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ အစီအစဉ်အတိုင်း (၁-၁၀-၂၀၂၀) ရက်နေ့မှစ၍ Community Quarantine နေထိုင်ပြီး (၂-၁၀-၂၀၂၀)ရက်နေ့တွင် Swab နမူနာများ ရယူ စစ်ဆေးခဲ့ကြပါသည် ။
မိသားစုအားလုံး၏ Swab စစ်ဆေးချက်ရလဒ်များမှာ Not - Detected (Negative) ဖြစ်ကြောင်း (၈-၁၀-၂၀၂၀)ရက်နေ့တွင် သိရှိခဲ့ရပါသည် ။
ထို့နောက် နေအိမ်တွင် Quarantine (၇)ရက် ဆက်လက်နေထိုင်ခဲ့ရာ (၁၆-၁၀-၂၀၂၀)ရက်နေ့တွင် Quarantine ကာလအားလုံး ပြီးဆုံးခဲ့ပါသည် ။
Community Quarantine နေထိုင်ချိန်မှစ၍ ယနေ့အချိန်အထိ မိမိတို့မိသားစု၏ ကျန်းမာရေးအတွက် မေတ္တာပို့သပြီး စောင့်ရှောက်ပေးပါသော ကရင်ပြည်နယ် ၊ ကမမောင်းမြို့ ၊
ကိုးနဝင်းကျောင်းဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ကုသလ အားလည်းကောင်း ၊ ရန်ကင်းမြို့နယ်
သံဃနာယကအဖွဲ့ ဥက္ကဌ ၊ မြတ်ဘုန်းပွင့်ဆရာတော် ဘဒ္ဒန္တ ပညာသာမိ အားလည်းကောင်း ၊ မိုးကုတ်ဝိပဿနာဘုရားလေးကျောင်းတိုက် ဆရာတော်
ဒေါက်တာ အဂ္ဂေါဘာသ အားလည်းကောင်း ၊
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ ညောင်ရွှေမြို့နယ် ၊ အင်းလေး ၊ ဟဲယာရွာမ ကျောင်းတိုက် ဆရာတော် အရှင်သုနန္ဒ အားလည်းကောင်း ၊ပဲခူး ဖားအောက်တောရမှ အရှင်ဇောတိက အားလည်းကောင်း ၊ သုခိတာရာမ သီလရှင်စာသင်တိုက်မှ ဆရာကြီး၊ ဆရာလေး ဒေါ်သန္တာနှင့် သီလရှင်ဆရာလေးများ အားလည်းကောင်း ၊ ပရိတ်တရား
ပဌာန်းတရားများ နေ့စဉ်ရွတ်ဖတ်
သရဇ္စျာယ်၍ ဆုတောင်းပေးခြင်း ၊ မိမိတို့မိသားစုအမည်နာမဖြင့် သံဃာတော်များအား အလှူအတန်းကုသိုလ်ပြုလုပ်ပေးခြင်းများ ဆောင်ရွက်ပေးပါသော ဟင်္သာတမြို့၊ ဆင်ဖြူတော် ပွဲရုံမှ
ကိုအောင်နိုင်မင်း အားလည်းကောင်း ၊ Community Quarantine နေထိုင်စဉ် ကုန်ကျစရိတ်များအနက် မေတ္တာစေတနာပြည့်ဝစွာဖြင့် မျှဝေထောက်ပံ့ကူညီပေးသော ကိုကျော်စိုးလင်းနှင့်
လေးမေ တို့မိသားစု အားလည်းကောင်း ၊ ထမင်း၊ ဟင်း ၊ အသား ၊ ငါး ၊ ကြက်ဥ ၊ ဟင်းသီးဟင်းရွက် ၊ သစ်သီးဝလံ ၊
မုန့်မျိုးစုံနှင့် လက်ဖက်ရည် အပါအဝင် စားသောက်စရာများ ‌ပေးပို့ကူညီကြပါသော
ကိုသူရိန်လင်း + မချယ်ရီဦး ၊
ကိုအောင်တင့်ထွေး + မဖြိုးပပထွန်း ၊
ကိုဇေယျာဝင်း + မစောစန္ဒာဦး ၊
ဒေါက်တာ သဲသက်စု မိသားစု ၊
ညီငယ် လင်းလေး တို့အား
လည်းကောင်း ၊
Quarantine နေထိုင်ရန် ကူညီဆောင်ရွက်ပေးကြသော အမှတ်(၁၂)ရပ်ကွက်မှ ဆယ်အိမ်မှူး ၊ ရာအိမ်မှူး ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၊ ရပ်မိရပ်ဖများ ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်
မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများအားလည်းကောင်း ၊ Handphone, Messenger, Viber, Message များဖြင့် သတင်းမေးမြန်းခြင်း ၊ လိုအပ်သည့်အကူအညီများပေးရန် အသင့်ရှိကြောင်းနှင့် စိတ်ဓာတ်ခွန်အား တက်ကြွစေရန် အားပေးစကားပြောကြား၍ ကူညီပေးကြသော ဦးရဲရွှေ + ဒေါ်လှကြိုင် မိသားစု ၊
ဦးရဲလေး မိသားစု ၊ ခင်မောင်ညွန့်
ထရေးဒင်း နှင့် ရန်ကုန်ထရစ်ပဲလ် ကုမ္ပဏီတို့မှ ဒါရိုက်တာများ ၊ ကျောင်းနေဖက် ငယ်သူငယ်ချင်းများအားလုံး ၊ လုပ်ဖော်ကိုင်ဖက်မိတ်‌ဆွေများ ၊ 38th Intake မှ ချစ်သူငယ်ချင်းများနှင့် မိသားစုများ ၊ အနော်ရထာ
ဂါဒီယန် ညီအစ်ကိုများ ၊ ဆွေမျိုးမိတ်သင်္ဂဟအပေါင်းတို့ အားလည်းကောင်း ၊ အကြံဉာဏ်ပေး၍ ကူညီကြသော 37th Intake မှ နောင်တော်များအားလည်းကောင်း ၊ Community Quarantine နေရာ၌ မိမိတို့လိုအပ်လျက်ရှိသော ဆေးဝါးများ လာရောက်ပို့ဆောင်ပေးသော ညီငယ် ကိုကိုဝင်း အားလည်းကောင်း ၊ ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးသော မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ၊ တာဝန်ရှိသူများနှင့် We Love Yangon (Yankin Branch)မှ ပရဟိတညီအစ်ကိုများအားလည်းကောင်း ၊ Community Quarantine ပြီးဆုံး၍ နေအိမ်သို့ ပြန်လာစဉ် နွေးထွေးစွာကြိုဆိုကြသော အိမ်နီးချင်းမိသားစုများ ၊ အမှတ်(၁၁)ရပ်ကွက် ဈေးတန်းလမ်းနှင့် ရာပိုင်(၅)မှ တာဝန်ရှိသူများအားလည်းကောင်း ၊ အမှတ်(၁၁)ရပ်ကွက် NLD ရပ်/ကျေးရုံးမှ ဥက္ကဌနှင့် တာဝန်ရှိသူများအား လည်းကောင်း ၊ မိမိတို့နေအိမ်အတွက် အုပ်ချုပ်မှုဆိုင်ရာ လိုအပ်သည့် ကိစ္စရပ်များကို နေ့ည အချိန်အခါမရွေး အမြဲကူညီဆောင်ရွက်ပေးသော ကိုသက်နိုင်ဦး အားလည်းကောင်း လှိုက်လှိုက်လှဲလှဲဖြင့် ကျေးဇူး အထူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည် ။
ဤကဲ့သို့ အားပေးကူညီစောင့်ရှောက်ကြသော ရဟန်း ရှင် လူ သီလရှင်များနှင့်
ခုနှစ်ရက်သားသမီးအပေါင်း တို့သည်
၉၆ ပါး ရောဂါအမျိုးမျိုးနှင့် ကပ်ရောဂါများ ကင်းရှင်းကြပါစေ ၊ ရန်သူမျိုး
ငါးပါးနှင့် ဘေးအန္တရာယ်များ ကင်းဝေးကြပါစေ ၊ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများဖြင့် ပြည့်စုံကြပါစေ ၊ စီးပွား ဥစ္စာ ရာထူးများ တိုးတက်ကြပါစေ ၊ သိန်းဆုကြီးများ ဆွတ်ခူးနိုင်ကြပါစေ ၊ စိတ်သွားတိုင်း ကိုယ်ပါ လိုရာဆန္ဒများလည်း ပြည့်ဝကြပါစေ ဟု လေးစားစွာဖြင့် ဆုတောင်းမေတ္တာ
ပို့သအပ်ပါသည် ။

မြင့်မော် ဓာတ်ပုံ မိသားစု
ကံဘဲ့ဘူတာရုံလမ်း
အမှတ်(၁၂)ရပ်ကွက်
ရန်ကင်းမြို့နယ်
၁၇-၁၀-၂၀၂၀ ။

ကတညုတာ
သူတစ်ထူး၏ ကျေးဇူးကို သိတတ်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်၏ ။
Acknowledgement of other's gratitude is auspicious .

26/05/2020

sticker
&cut
latex

06/05/2020

🙏🙏..မြန်မာပြည်သူ၊ ပြည်သား များ ကျန်းမာ..ချမ်းသာ ပြီး ဘေးအန္တရာယ် ကင်းဝေးစေကြောင်း.. ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် ..🙏🙏🙏

Photos from MYINT MAW Digital Photo Studio's post 26/04/2020

Sticker(print&cut)
📣📣 Special discount
မိတ်ဆွေတို့ရဲ့ လုပ်ငန်းကုန်ကျစာရိတ်များ ပိုမို သက်သာစေရန်..
Hp latex orginal ink (USA)ကိုသာ အသုံးပြုပြီး
အရည်အသွေးကောင်းမွန်တဲ့ stickers များကို print& cut ထုတ်ပေးနေပါပြီ.
1x4 ft..3000 ks.

23/04/2020

.

24/03/2020

Vinyl printing...

24/03/2020

ကိုဗစ်-၁၉ အရေးပေါ်ဖုံးနံပါတ်များ

ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ်နှင့်စပ်လျဉ်း၍ မေးမြန်းလိုသည်
ဖြစ်စေ၊ သတင်းပေးပို့လိုသည်ဖြစ်စေ၊ အကြောင်းကြားလို
သည်ဖြစ်စေ အောက်ပါဖုံးနံပါတ်များကို အရေးပေါ်ဆက်သွယ်
နိုင်ကြောင်း သိရှိရသည်။
ပြည်သူ့ကျန်းမာရေးဌာန ( နေပြည်တော် ) - ၀၆၇-၃၄၂၀၂၆၈
ပြည်သူ့ကျန်းမာရေးဌာန ( ရန်ကုန်) - ၀၉-၄၄၉၀၀၁၂၆၁၊ ၇၉၄၅၁၀၀၅၇
ပြည်သူ့ကျန်းမာရေးဌာန (မန္တလေး) - ၀၉-၂၀၀၀၃၄၄၊ ၄၃၀၉၉၅၂၆
Quarantine ဌာန၊ ရန်ကုန်လေဆိပ် - ၀၉-၇၉၉၉၈၃၈၃၃
Credit to Thaung Tun (Twitter)

ကိုဗစ်-၁၉ အရေးပေါ်ဖုံးနံပါတ်များ

ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ်နှင့်စပ်လျဉ်း၍ မေးမြန်းလိုသည်
ဖြစ်စေ၊ သတင်းပေးပို့လိုသည်ဖြစ်စေ၊ အကြောင်းကြားလို
သည်ဖြစ်စေ အောက်ပါဖုံးနံပါတ်များကို အရေးပေါ်ဆက်သွယ်
နိုင်ကြောင်း သိရှိရသည်။
ပြည်သူ့ကျန်းမာရေးဌာန ( နေပြည်တော် ) - ၀၆၇-၃၄၂၀၂၆၈
ပြည်သူ့ကျန်းမာရေးဌာန ( ရန်ကုန်) - ၀၉-၄၄၉၀၀၁၂၆၁၊ ၇၉၄၅၁၀၀၅၇
ပြည်သူ့ကျန်းမာရေးဌာန (မန္တလေး) - ၀၉-၂၀၀၀၃၄၄၊ ၄၃၀၉၉၅၂၆
Quarantine ဌာန၊ ရန်ကုန်လေဆိပ် - ၀၉-၇၉၉၉၈၃၈၃၃
Credit to Thaung Tun (Twitter)

14/03/2020

👩ဓာတ်ပုံနှင့်vinyl ဆိုင်တွင် လုပ်ရန် အမျိုးသမီးဝန်ထမ်း အလိုရှိပါသည်။
ကျွမ်းကျင်မှုပေါ်မူတည်၍ လစာ ညှိနှိုင်းပေးပါသည်။
အဆောင် လိုအပ်လျှင်စီစဥ်ပေးပါသည်။
ဆက်သွယ်ရန်..
(cb) or 01 7332949

11/03/2020

ရန်ကင်းမြို့နယ် ရှိ ဓာတ်ပုံ၊ဗွီနိုင်း နှင့် စတစ်ကာ ဆိုင်တွင် အလုပ်လုပ်ရန် အမျိုးသမီးဝန်ထမ်း အလိုရှိပါသည်။
👉 photoshop(ps) သုံးတတ်ရပါမည်။
👉အရည်အချင်းပေါ်မူတည်ပြီး လစာညှိနှိုင်းနိုင်ပါသည်၊
ဆက်သွယ်ရန် cb (or) 01 7332949

05/03/2020

ဓာတ်ပုံပိုင်းဆိုင်ရာ photoshop အမျိုးသမီးဝန်ထမ်း အလိုရှိသည်။
ပုံပြင်တတ်ရမည်။
စာရိုက်တတ်ရမည်။
ရေရှည်လုပ်နိုင်သူ ဦးစားပေးပါမည်။
လစာ..ညှိနှိုင်း
နေစရာလိုအပ်လျှင်..ပေးပါမည်။
ဆက်သွယ်ရန်..09 796938680

Want your business to be the top-listed Photography Service in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. (146/A) , Station Street , , 12/Quarter, Yankin Township
Yangon
KANBE

Opening Hours

Monday 06:00 - 21:30
Tuesday 06:00 - 21:30
Wednesday 06:00 - 21:30
Thursday 06:00 - 21:30
Friday 06:00 - 21:30
Saturday 06:00 - 21:30
Sunday 06:00 - 21:30