Business Next Step
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Business Next Step, Digital creator, Yangon.
Business Next Step Consultancy provides organizational system development, constitution design, HR development and policy development services for both profit and non-profit organizations.
✨ Stepping up to success together!
02/10/2026
Leadership (ခေါင်းဆောင်မှု) ဆိုတာ “လူတွေကို ကိုယ်ပြောတာလုပ်အောင် ခိုင်းနိုင်တာ” လောက်နဲ့ မပြီးပါဘူး။
🟦တချို့ Leader တွေက Target ရအောင် Manage လုပ်တတ်တယ်။
🟦တချို့က စည်းမျဉ်းစည်းကမ်းတွေ နဲ့ ထိန်းချုပ် တတ်တယ်။
🟦တချို့ကတော့ လူတစ်ယောက်ရဲ့ အတွေးအခေါ်နဲ့ လုပ်နိုင်စွမ်းကိုပါ ပြောင်းလဲပေးနိုင်တယ်။ ဒီလိုမျိုး ခေါင်းဆောင်မှု ပုံစံကို Transformational Leadership (အသွင်ပြောင်းလဲမှုကို ဦးတည်သော ခေါင်းဆောင်မှုပုံစံ)လို့ ခေါ်ပါတယ်။
♦️အလွယ်ဆုံးပြောရရင် “ကိုယ်မရှိတဲ့အချိန်မှာတောင် ကိုယ့်ကြောင့် ပိုတိုးတက်လာတဲ့လူတွေ ကျန်ခဲ့အောင် ဦးဆောင်တာ” လို့ ပြောနိုင်ပါတယ်။
❓ဒါဆို Transformational Leader တစ်ယောက်မှာ ဘာတွေရှိလဲ?
🔢 Transformational Leadership မှာ အဓိက အစိတ်အပိုင်း (၄)ခု ရှိပါတယ်။
4 I’s လို့လည်း မှတ်လို့ရပါတယ်။
1️⃣ Idealized Influence — “ကိုယ်တိုင် စံပြဖြစ်အောင် လုပ်ပြခြင်း”
▶️ Leader တစ်ယောက်က Team ကို ကိုယ်ပြောတာတွေ လိုက်လုပ်ဖို့ပဲ တောင်းဆိုနေတာ မဟုတ်ပါဘူး။
▶️ကိုယ်တိုင်ကလည်း Team ဆီက မျှော်လင့်ထားတဲ့အတိုင်း အရင်ဆုံး လုပ်ပြနိုင်ရပါတယ်။
▶️ Leader ရဲ့ အပြောထက် အလုပ်နဲ့ ပြသတဲ့ပုံစံက Team အပေါ် ပိုပြီး သက်ရောက်မှု ရှိပါတယ်။
ဥပမာ —
Team ကို “Customer ကို ဂရုစိုက်ပါ” လို့ ပြောပြီး ကိုယ်တိုင် Customer ကို မလေးစားဘူးဆိုရင် Team ကလည်း အဲဒီအပြုအမူကို အတုယူဖို့ ခက်ပါလိမ့်မယ်။
♦️ ဒါကြောင့် Leader က ကိုယ်တိုင် စံပြဖြစ်အောင် နေထိုင်လုပ်ဆောင်ပြီး၊ Team ကလည်း အဲဒီအပြုအမူကို လေးစားပြီး အတုယူချင်လာအောင် လုပ်ဆောင်နိုင်ခြင်း က Idealized Influence ရဲ့ အဓိကအချက်တစ်ခု ဖြစ်ပါတယ်။
2️⃣ Inspirational Motivation — “ဘာကြောင့်လုပ်ရတယ်ဆိုတာကို နားလည်စေခြင်း”
▶️ Target သတ်မှတ်ပေးတာနဲ့ Motivation ပေးတာ မတူပါဘူး။
ဥပမာ - “ဒီလမှာ Campaign 3 ခု ဖန်တီးပြီး Customer အသစ် 1,000 ရအောင် လုပ်ကြမယ်”ဆိုတာ Target သတ်မှတ်ပေးတာ ပါ။
▶️ ဒါပေမယ့် Leader တစ်ယောက်အနေနဲ့ “ဒီ Campaign တွေကို လုပ်တာက Customer အသစ်ရဖို့တင် မဟုတ်ဘူး။ ကိုယ်တွေရဲ့ Service ကို လိုအပ်နေတဲ့သူတွေ ပိုမိုသိရှိလာအောင်၊ သူတို့ရဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်တဲ့ Solution တစ်ခုရှိတယ်ဆိုတာ သိလာအောင် လုပ်နေတာပါ။ ကိုယ်တွေဖန်တီးတဲ့ Marketing က Business တစ်ခုရဲ့ Growth ကို အမှန်တကယ် အထောက်အကူပြုနိုင်ပါတယ်။” ဆိုပြီး ကိုယ်တွေလုပ်နေတဲ့ အလုပ်ရဲ့ တန်ဖိုးနဲ့ ရည်ရွယ်ချက်ကို Team ကို နားလည်အောင် ပြောပြနိုင်ရင် လုပ်ငန်းရဲ့ ရည်မှန်းချက်ကို ပြီးမြောက်နိုင်ပါတယ်။
▶️ အဲဒီအခါ
“ဒီ Campaign ကို ပြီးအောင်လုပ်ရမယ်” ဆိုတဲ့ mindset ကနေ
“ဒီ Campaign က ဘာအတွက် အရေးကြီးလဲ၊ ကိုယ်တွေရဲ့ လုပ်ဆောင်မှုက Business ကို ဘယ်လိုအကျိုးသက်ရောက်စေမလဲ” ဆိုတဲ့ mindset ကို ပြောင်းလဲလာနိုင်ပါတယ်။
♦️ ဒါက Target ကိုပဲ သတ်မှတ်ပေးတာမဟုတ်ဘဲ၊ Target ရဲ့နောက်ကွယ်မှာရှိတဲ့ “ဘာကြောင့်” ဆိုတာကို Team က မြင်လာအောင် လှုံ့ဆော်ပေးခြင်း ဖြစ်ပါတယ်။
3️⃣ Intellectual Stimulation — “ကိုယ်တိုင်စဉ်းစားပြီး နည်းလမ်းအသစ်တွေကို ရှာဖွေစေခြင်း”
▶️ Leader တစ်ယောက်က Team ကို “အရင်က ဒီလိုလုပ်ခဲ့တာပဲ၊ ဒီအတိုင်းပဲ ဆက်လုပ်” လို့ ပြောတာမျိုးမဟုတ်ပါဘူး။
▶️ Team member တွေကိုလည်း ကိုယ်တိုင်စဉ်းစားခွင့်၊ အကြံပေးခွင့် ပေးပါတယ်။
ဥပမာ - Marketing Team တစ်ခုမှာ -
🔶 “ဒီ Campaign က Expected Result မရဘူး။ ဘာကြောင့်ဖြစ်နိုင်လဲ?”
🔶 “အရင်နည်းလမ်းအစား ဘယ်လိုနည်းလမ်းအသစ်တွေ စမ်းကြည့်လို့ရမလဲ”
🔶 “Customer တွေ ပိုစိတ်ဝင်စားလာအောင် ဘာတွေပြောင်းလဲနိုင်မလဲ?” ဆိုပြီး Team ကို ပြန်စဉ်းစားခိုင်းတာမျိုးပါ။
♦️ Leader က အဖြေကို ကိုယ်တိုင်ပဲ ပြောပေးတာမဟုတ်ဘဲ Team member တွေရဲ့ အတွေးအမြင်နဲ့ Idea တွေကိုလည်း နားထောင်ပေးပါတယ်။
▶️ ဒီလိုလုပ်ပေးတဲ့အခါ Team member တွေက -
“Leader ပြောတာကိုပဲ လိုက်လုပ်ရမယ်” ဆိုတဲ့ mindset ကနေ
“ငါလည်း ဒီပြဿနာအတွက် ပိုကောင်းတဲ့နည်းလမ်းတစ်ခု စဉ်းစားပြီး အကြံပေးလို့ရတယ်” ဆိုတဲ့ mindset ကို ရလာပါတယ်။
💠 အဲဒီလို မေးခွန်းထုတ်ရဲ၊ အကြံပေးရဲ၊ နည်းလမ်းအသစ်တွေ စမ်းကြည့်ရဲတဲ့ Team တစ်ခု ဖြစ်လာအောင် ဖန်တီးပေးနိုင်တာက Intellectual Stimulation ရဲ့ အဓိကအချက်ပါ။
♦️ Leader ကောင်းတစ်ယောက်က အဖြေတိုင်းကို ကိုယ်တိုင်သိတဲ့သူ မဟုတ်ပါဘူး။ Team ကိုလည်း အဖြေရှာတတ်လာအောင် သင်ပေးနိုင်တဲ့သူပါ။
4️⃣ Individualized Consideration — “လူတစ်ယောက်ချင်းစီရဲ့ လိုအပ်ချက်ကို နားလည်ပေးခြင်း”
▶️ Team member တစ်ယောက်နဲ့ တစ်ယောက်ဟာ စိတ်နေစိတ်ထား၊ အားသာချက်၊ လိုအပ်ချက်တွေ မတူကြပါဘူး။
🔶 တစ်ယောက်က ချီးမွမ်းပေးရင် ပိုတက်ကြွလာတယ်။
🔶 တစ်ယောက်က Challenge ပေးရင် ပိုတိုးတက်လာတယ်။
🔶 တစ်ယောက်ကတော့ Training နဲ့ Support ပိုလိုတယ်။
▶️ ဒါကြောင့် Transformational Leader က လူတိုင်းကို တစ်ပုံစံတည်း မဆက်ဆံဘဲ၊ တစ်ယောက်ချင်းစီအတွက် ဘာလိုအပ်လဲဆိုတာ နားလည်ပေးပြီး သူတို့တိုးတက်လာအောင် ကူညီပေးပါတယ်။
💡 အတိုချုပ်ပြောရရင် -
♦️ Leader ကောင်းတစ်ယောက်ဆိုတာ ကိုယ့်နောက်ကို လိုက်လာအောင် လူတွေကို ဆွဲခေါ်တဲ့သူမဟုတ်ဘဲ၊ သူတို့ကိုယ်တိုင် ပိုကောင်းလာအောင် လမ်းညွှန်ပေးနိုင်တဲ့သူပါ။
♦️ “ငါ့နောက်ကို ဘယ်လိုလိုက်လာအောင်လုပ်မလဲ?” ထက်
♦️ “သူတို့ကို ပိုကောင်းလာအောင် ငါဘာလုပ်ပေးနိုင်မလဲ?” ဆိုတာကို စဉ်းစားတဲ့ Leader ဖြစ်ဖို့ လိုပါတယ်။
BN_ST
Dr-Banyar Eain
လုပ်ငန်းစနစ်တကျ တည်ဆောက်လိုတဲ့လုပ်ငန်းရှင်များ အတွက် လုပ်ငန်းများရဲ့ asset ကောင်းများကို Investment အဖြစ် ပြောင်းလဲလိုပါက
bos-business outsourcing & service နှင့် တိုင်ပင်ဆွေးနွေးနိုင်ပါပြီး။
စုံစမ်းမေးမြန်းရန် & တိုင်ပင်ရန်:
Page Messenger မှတစ်ဆင့်ဖြစ်စေ၊
အောက်ပါ ဖုန်းနံပါတ်များသို့ တိုက်ရိုက်ဆက်သွယ်၍ဖြစ်စေ စုံစမ်းမေးမြန်းနိုင်ပါသည်။
Hotline: 09 788 111 250, 09 789 254 456
Address: အမှတ်(၄)၊ မော်လမြိုင်ကမ်းနားလမ်း၊ ဘုရင့်ရုပ်ရှင်ရုံ အနီး၊ ရွှေတောင်ရပ်ကွက်၊ မော်လမြိုင်မြို့။
18/09/2026
Martavan Wisdom မှ Foundation courses စတင်ဖွင့်လှစ်ပါပြီး။
🎗️Admission Open For 3 months Foundation Course
Grade 12 အောင်မြင်ထားသူတွေ၊ တက္ကသိုလ်ကျောင်းသားတွေနဲ့ ရာထူးတိုးချင်တဲ့ ဝန်ထမ်းတွေအတွက် စက်တင်ဘာလမှာ Martavan Wisdom ရဲ့ အထူးသင်တန်း လာပါပြီ။
Open Date – September 27, 2026
Available Courses
🌷Business
🌷IT
🌷English
💎 Quality First စနစ် - သင်ကြားမှုအပြည့်အဝရစေရန် တစ်တန်းကို (၃၀) ဦးသာ သီးသန့်ကန့်သတ်ထားပြီး နိုင်ငံတကာသုံး English စွမ်းရည်ကိုပါ ပေါင်းစပ်လေ့ကျင့်ပေးခြင်း။
📍 ဒါ့အပြင် ပထမဆုံး လာရောက်စာရင်းသွင်းမယ့် ကျောင်းသား (၁၀) ဦးအတွက် သင်တန်းကြေး 25% Scholarship ရမယ့် အထူးအခွင့်အရေးလည်း ရှိနေပါတယ်။
📍 နယ်ဝေးကျောင်းသားများအတွက် နေရာထိုင်ခင်းလေးလည်း ကျောင်းကနေ စီစဉ်ပေးထားပါတယ်ခင်ဗျ။
📍 သင်တန်းနေရာ - မေတ္တာလမ်း နှင့် တောင်ဝိုင်းလမ်းထောင့် ၊ စျေးကြိုရပ်ကွက် ၊ မော်လမြိုင်မြို့။
Early Bird Promotion ကို ရယူပြီး နေရာဦးထားဖို့ ယခုပဲ Comment ကနေတစ်ဆင့် အမြန်ဆုံး စာရင်းသွင်းလိုက်ပါ။ (သို့) Page Messenger ကနေတဆင့်လည်းစာရင်းသွင်းနိုင်ပါတယ်။
အသေးစိတ်စုံစမ်းလိုပါက အောက်ပါဖုန်းနံပါတ်ကိုဆက်သွယ်နိုင်ပါတယ်ခင်ဗျ။
📞 Contact: 09 970 841 120
📧 Email: [email protected]
10/09/2026
သံဖြူဇရပ်နှင့် အနီးတဝိုက်ရှိမိဘပြည်သူများအတွက်ပါ။
Martavan Wisdom က ဦးစီးကျင်းပမည့် “လူငယ်နှင့် စီးပွားရေးဆိုင်ရာ နည်းပညာ အမြင်ဖလှယ်ပွဲ” ကို သံဖြူဇရပ်မြို့နယ်ရှိ လူငယ်နှင့် မိဘများအတွက် အခမဲ့တက်ရောက်နိုင်ပါပြီ
ဒေသတွင်း စီးပွားရေး၊ နည်းပညာနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ အတွေ့အကြုံကောင်းတွေကို အောက်ပါ ဆရာကြီးများနှင့် ဒေသခံစီးပွားရေး (၄) ဦးတို့က တိုက်ရိုက် မျှဝေဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်
🎙 ဒေါက်တာဗညားအိန်
🎙 မင်းရန်သိုက်
🎙 ဆရာမင်းလတ်
🎙 မင်းအောင်ရဲကျော်
📅 ကျင်းပမည့်ရက်စွဲ: ၁၃.၉.၂၀၂၆ (တနင်္ဂနွေနေ့)
⏰ အချိန်: နံနက် 8:30 AM မှ နေ့လယ် 12:00 PM အထိ
📍 တည်နေရာ: နန္ဒဝန်ပရိယတ္တိစာသင်တိုက်၊ အောင်သာယာရပ်ကွက်၊ မော်-သံလမ်း၊ သံဖြူဇရပ်မြို့။
🎀ဒီပွဲကို တက်ရောက်ရင် ပညာရပ်အမြင်တွေအပြင် September လမှာ ဖွင့်လှစ်မည့် Martavan Wisdom သင်တန်းကျောင်းမှ ပေးအပ်မည့် ပညာသင်ဆုများကိုလည်း ပွဲမှာ game ကစားရင်း ရရှိဦးမှာပါနော်
🎁ပွဲမှပေးအပ်သွားမည့် ပညာသင်ဆုနှင့် cash back အခွင့်အရေးများ
⭐️ 50% ပညာသင်ဆု (Scholarship Voucher) များ (၁၀) ဆု
⭐️ မဲနှိုက်ပြီး ကျောင်းစရိတ် 25% Cashback ပြန်အမ်းငွေ သက်သာခွင့်များ (၁၀) ခု
🎗ဘယ်သူတွေတက်ရောက်သင့်လဲ
🎈Grade 12 ဖြေပြီးသောလူငယ်များ (မှတ်ချက် အောင်သည်ဖြစ်စေ မအောင်သည်ဖြစ်စေ တက်ရောက်နိုင်ပါတယ်နော်)
🎈ကျောင်းသားမိဘများနှင့် ဒေသတွင်းရှိလူကြီးများ
📞 Hotline: 09 970 841 120
📝 စာရင်းပေးသွင်းရန်: Comment က Link ထဲမှာ ဝင်ရောက်စာရင်းပေးသွင်းနိုင်သလို Page Messenger မှတစ်ဆင့်လည်း စာရင်းပေးသွင်းနိုင်ပါတယ်ရှင့်။
08/09/2026
သံဖြူဇရပ်မြို့နယ်နှင့် အနီးတဝိုက်ရှိ မိဘနှင့် ကျောင်းသူကျောင်းသားများ တက်ရောက်နိုင်ပါတယ်။
Martavan Wisdom က ဦးစီးကျင်းပမည့် “လူငယ်နှင့် စီးပွားရေးဆိုင်ရာ နည်းပညာ အမြင်ဖလှယ်ပွဲ” ကို သံဖြူဇရပ်မြို့နယ်ရှိ လူငယ်နှင့် မိဘများအတွက် အခမဲ့တက်ရောက်နိုင်ပါပြီ
ဒေသတွင်း စီးပွားရေး၊ နည်းပညာနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ အတွေ့အကြုံကောင်းတွေကို အောက်ပါ ဆရာကြီးများနှင့် ဒေသခံစီးပွားရေး (၄) ဦးတို့က တိုက်ရိုက် မျှဝေဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်
🎙 ဒေါက်တာဗညားအိန်
🎙 မင်းရန်သိုက်
🎙 ဆရာမင်းလတ်
🎙 မင်းအောင်ရဲကျော်
📅 ကျင်းပမည့်ရက်စွဲ: ၁၃.၉.၂၀၂၆ (တနင်္ဂနွေနေ့)
⏰ အချိန်: နံနက် 8:30 AM မှ နေ့လယ် 12:00 PM အထိ
📍 တည်နေရာ: နန္ဒဝန်ပရိယတ္တိစာသင်တိုက်၊ အောင်သာယာရပ်ကွက်၊ မော်-သံလမ်း၊ သံဖြူဇရပ်မြို့။
🎀ဒီပွဲကို တက်ရောက်ရင် ပညာရပ်အမြင်တွေအပြင် September လမှာ ဖွင့်လှစ်မည့် Martavan Wisdom သင်တန်းကျောင်းမှ ပေးအပ်မည့် ပညာသင်ဆုများကိုလည်း ပွဲမှာ game ကစားရင်း ရရှိဦးမှာပါနော်
🎁ပွဲမှပေးအပ်သွားမည့် ပညာသင်ဆုနှင့် cash back အခွင့်အရေးများ
⭐️ 50% ပညာသင်ဆု (Scholarship Voucher) များ (၁၀) ဆု
⭐️ မဲနှိုက်ပြီး ကျောင်းစရိတ် 25% Cashback ပြန်အမ်းငွေ သက်သာခွင့်များ (၁၀) ခု
🎗ဘယ်သူတွေတက်ရောက်သင့်လဲ
🎈Grade 12 ဖြေပြီးသောလူငယ်များ (မှတ်ချက် အောင်သည်ဖြစ်စေ မအောင်သည်ဖြစ်စေ တက်ရောက်နိုင်ပါတယ်နော်)
🎈ကျောင်းသားမိဘများနှင့် ဒေသတွင်းရှိလူကြီးများ
📞 Hotline: 09 970 841 120
📝 စာရင်းပေးသွင်းရန်: Comment က Link ထဲမှာ ဝင်ရောက်စာရင်းပေးသွင်းနိုင်သလို Page Messenger မှတစ်ဆင့်လည်း စာရင်းပေးသွင်းနိုင်ပါတယ်ရှင့်။
07/09/2026
မည်သူမဆို တက်ရောက်နိုင်ပါတယ်။
🛡️အင်တာနက်ပေါ်က အွန်လိုင်းလိမ်လည်မှုအန္တရာယ်နှင့် Cyber Security သတိပြုစရာများ (Free Webinar) 💻
ယနေ့ခေတ် မြန်မာနိုင်ငံမှာ အင်တာနက်နဲ့ မိုဘိုင်းဖုန်း အသုံးပြုမှု ပိုမိုများပြားလာတာနဲ့အမျှ တစ်ဖက်မှာလည်း အွန်လိုင်းမှတစ်ဆင့် ငွေကြေးနဲ့ အချက်အလက် လိမ်လည်လှည့်ဖြားမှုများ (Online Scams & Cyber Attacks) ဟာ နေ့စဉ်နှင့်အမျှ နည်းမျိုးစုံနဲ့ ဖြစ်ပွားလျက်ရှိပါတယ်။
ဒါကြောင့် မိမိ၏ ဖုန်း၊ လူမှုကွန်ရက် အကောင့်များနှင့် အွန်လိုင်းငွေကြေး အချက်အလက်များကို အလိမ်မခံရစေရန် မည်သို့ စနစ်တကျ ကာကွယ်ရမည်ကို လက်တွေ့ကျကျ ဆွေးနွေးဝေမျှပေးသွားမည့် Webinar သို့ တက်ရောက်ရန် ဖိတ်ခေါ်အပ်ပါတယ်။
🎯 ဒီ Webinar မှ ဘာတွေ လေ့လာသိရှိနိုင်မလဲ?
• 🔍 လက်ရှိ မြန်မာနိုင်ငံမှ လိမ်လည်မှုပုံစံများ: Phishing Links, Fake Apps နှင့် Social Engineering နည်းလမ်းများကို ခွဲခြားသိမြင်ခြင်း
• 🔐 အကောင့်လုံခြုံရေးမြှင့်တင်ခြင်း: Facebook, Telegram နှင့် Email များတွင် Two-Factor Authentication (2FA) နှင့် Strong Password စနစ်တကျ သုံးစွဲနည်း
• 💸 အွန်လိုင်းငွေကြေးလုံခြုံရေး: Mobile Banking / Digital Wallet များ သုံးစွဲရာတွင် သတိပြုရမည့် အချက်များနှင့် OTP Code များ၏ အရေးပါပုံ
• 🛡️ အလိမ်ခံရပါက တုံ့ပြန်ရန် နည်းလမ်းများ: အကောင့် သို့မဟုတ် ငွေကြေး လိမ်လည်ခံရပါက ချက်ချင်း လုပ်ဆောင်ရမည့် ဘေးကင်းရေး အဆင့်များ
👨🏫 Speaker မိတ်ဆက် - ဆရာ မင်းရန်သိုက်
(Head of IT Department - Monsi Group Co., Ltd.)
• IT & Digital Transformation Expert: ကွန်ပျူတာသိပ္ပံဘွဲ့ (B.C.Sc) နှင့် Web Application Development ဘာသာရပ်များ တက်ရောက်အောင်မြင်ထားသူ ဖြစ်ပြီး Monsi Group Co.,Ltd တွင် Head of IT အဖြစ် Digital Transformation လုပ်ငန်းများကို ဦးဆောင်နေသူ ဖြစ်ပါတယ်။
• 10+ Years Experience: ၂၀၁၃ ခုနှစ်မှစ၍ ဒေသတွင်း လူမှုအဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းများ (Management, Finance, HR, Marketing) အတွက် နည်းပညာအကူအညီများ ပံ့ပိုးပေးခြင်း၊ နည်းပညာ အခြေခံ သင်တန်းများနှင့် ဆရာဖြစ်သင်တန်းများကို ၁၀ နှစ်ကျော်တိုင်အောင် လက်တွေ့ ပို့ချပေးခဲ့သည့် အတွေ့အကြုံရင့် IT အကဲဖြတ်/နည်းပြတစ်ဦး ဖြစ်ပါတယ်။
📅 Webinar ကျင်းပမည့် အသေးစိတ်:
• နေ့ရက်: ၁၅ ရက်၊ စက်တင်ဘာလ ၂၀၂၆ (15.9.2026 - အင်္ဂါနေ့)
• အချိန်: ည ၇:၀၀ နာရီမှ ၈:၃၀ နာရီအထိ
• နေရာ: Online (Zoom / Google Meet)
• ကြေး: အခမဲ့ (Free Registration)
• အတန်းတက်ရောက်ရန် စာရင်းပေးသွင်းရန် Link ကို comment မှာ ချပေးထားတယ်နော်
နည်းပညာနယ်ပယ်မှာ အတွေ့အကြုံရင့် ဆရာမင်းရန်သိုက်ကိုယ်တိုင် လက်တွေ့ကျကျ ဝေမျှပေးသွားမှာဖြစ်လို့ မိမိကိုယ်တိုင်နဲ့ မိမိပတ်ဝန်းကျင်ကို အွန်လိုင်းလိမ်လည်မှု အန္တရာယ်မှ ကာကွယ်နိုင်ဖို့ အခုပဲ စာရင်းပေးသွင်းလိုက်ပါ။
03/09/2026
📈 မော်လမြိုင်မြို့မှာ ကိုယ့်လုပ်ငန်းကို
Digital စျေးကွက်ထဲ အမှန်တကယ်
ထင်ပေါ်ဖောက်ထွက်ပြီး ရောင်းအားတက်
လာအောင် လုပ်ချင်တယ်ဆိုရင်တော့
Mon Business Group ရဲ့ MBG Marketing
Agency ရှိပါတယ်နော် 💡💼
MBG မှာဆိုရင် လုပ်ငန်းတစ်ခုအတွက်
မပါမဖြစ် လိုအပ်တဲ့ ဝန်ဆောင်မှုတွေကို
တစ်နေရာတည်းမှာ အစအဆုံး ရရှိနိုင်အောင်
▪️ ဆွဲဆောင်မှုရှိတဲ့ Visual ဒီဇိုင်းတွေ
▪️ Customer ရင်ထဲရောက်မယ့် Content
အရေးအသားတွေ
▪️ အမိုက်စား ရိုက်ချက်တွေနဲ့ Video Production တွေ
▪️ တိကျတဲ့ Target Group ထံ ရောက်ရှိစေမယ့် Boost Service ဝန်ဆောင်မှုတွေကို စနစ်တကျ တာဝန်ယူ ဆောင်ရွက်ပေးနေတာမို့
မော်လမြိုင်မြို့ရဲ့ Digital Marketing အတွက်ဆို MBG နဲ့ ချိတ်ဆက်လိုက်ပါနော် 🤝🙇🏻♂️
အသေးစိတ် ဆက်သွယ်စုံစမ်းမေးမြန်းရန်
📞 Hotline: 09 788 111 250
📍 Address: အမှတ်(၄)၊ မော်လမြိုင်ကမ်းနားလမ်း၊ ဘုရင့်ရုပ်ရှင်ရုံအနီး၊ ရွှေတောင်ရပ်ကွက်၊ မော်လမြိုင်မြို့။
📩 Page Inbox/DM ထဲမှလည်း တိုက်ရိုက် ဆက်သွယ် မေးမြန်းနိုင်ပါသည်။
#မော်လမြိုင်
03/09/2026
သင့်အနာဂတ် လမ်းကြောင်းအတွက် ယုံကြည်စိတ်ချရသော ပညာရေးနှင့် စီးပွားရေး လက်တွဲဖော် 🎓💡
ခေတ်သစ် စီးပွားရေးနှင့် နည်းပညာနယ်ပယ်မှာ ထူးချွန်သောလူငယ်တစ်ဦး ဖြစ်လာစေရန် Martavan Wisdom မှ နိုင်ငံတကာအဆင့်မီ ပညာရေးကဏ္ဍကြီး (၃) ရပ်ကို စနစ်တကျ မိတ်ဆက်ဖွင့်လှစ်ပေးနေပါပြီ —
🌐 အဓိက သင်ကြားပေးမည့် နယ်ပယ်များ:
📊 Business: ခေတ်မီ စီးပွားရေးစီမံခန့်ခွဲမှု၊ မဟာဗျူဟာနှင့် လုပ်ငန်းခွင်ဦးဆောင်မှုပညာရပ်များ
💻 IT & Digital Skills: ခေတ်သစ်နည်းပညာ၊ ကွန်ပျူတာနှင့် ဒစ်ဂျစ်တယ် စွမ်းဆောင်ရည်မြှင့် သင်တန်းများ
🗣 English: Native Speakers များနှင့် လုပ်ငန်းခွင်သုံးနှင့် ပညာရေးသုံး အင်္ဂလိပ်စာ
📚 တက်ရောက်နိုင်မည့် Program အဆင့်များ:
🔺 Foundation Courses (အခြေခံအုတ်မြစ် သင်တန်းများ)
🔺 Certificate Programs (ကျွမ်းကျင်မှုလက်မှတ်ရ သင်တန်းများ)
🔺 Diploma Programs (ဒီပလိုမာအဆင့် သင်တန်းများ)
🔺 Vocational Training (လက်တွေ့လုပ်ငန်းခွင် အသုံးချသင်တန်းများ)
🎁 အထူးအခွင့်အရေး: သင်တန်းစတင်အပ်နှံသူများအတွက် 25% ပညာသင်ဆု Voucher များ နှင့် အထူးအခွင့်အရေးများကို လက်ခံရယူနိုင်ပါပြီ။
သင်တန်းအပ်ရန် comment မှာ register form လေးချထားပေးတယ်နော့်
သင်ယူမှုအဆင့်တိုင်းအတွက် လက်တွေ့နယ်ပယ်ထိ အသုံးချနိုင်မည့် အရည်အသွေးမြင့် ပညာရေးကို Martavan Wisdom မှာ အခုပဲ စတင်လိုက်ပါ။
📍 ရုံးချုပ်: မေတ္တာလမ်း နှင့် တောင်ဝိုင်းလမ်းထောင့် ၊ စျေးကြိုရပ်ကွက် ၊ မော်လမြိုင်မြို့။
📞 ဖုန်း: 09 970 841 120
📧 Email: [email protected]
01/09/2026
🤔 SOP လိုတာလား၊ HR System ပြင်ရမှာလား၊
Software ထည့်ရမှာလား ဆိုပြီး
လုပ်ငန်းအတွက် ဘဘယ်နေရာက စပြီး
ဘယ်လို စနစ်တွေ ကိုပြောင်းလဲရမလဲ မသိ
ဖြစ်နေပါသလား? 💼❓
သင့်လုပ်ငန်း ပိုမိုတိုးတက်အောင်မြင်ဖို့အတွက်
လိုအပ်တဲ့ စနစ်တွေကို ဘယ်နေရာတွေမှာ ဘယ်လိုပြောင်းလဲရမလဲဆိုတာ
BOS ကနေ တစ်နေရာချင်းစီအလိုက် ပြောပြ
ပေးပါမယ်နော် 💡👇
▪️ အရောင်းနဲ့ စာရင်းအင်းပိုင်းမှာ တိကျချောမွေ့
ချင်တယ်ဆိုရင်တော့
ဝင်ငွေ၊ ထွက်ငွေ၊ အကြွေးစာရင်းနဲ့ Stock စာရင်းတွေကို Dashboard တစ်ခုတည်းကနေ Real-time
တိတိကျကျ ကြည့်ရှုနိုင်မယ့် Custom Accounting & ERP Software System ကို ပြောင်းလဲရပါမယ်
▪️ လုပ်ငန်းစဉ်တွေမှာ အမှားအယွင်းကင်းပြီး
အလိုအလျောက် လည်ပတ်ချင်တယ်ဆိုရင်တော့
ဝန်ထမ်းသစ်ဝင်တိုင်း အစက ပြန်သင်စရာမလိုဘဲ စနစ်အတိုင်း လည်ပတ်စေမယ့် Standard Operating Procedures (SOPs) တွေကို ရေးဆွဲ
ချမှတ်ပေးတဲ့ စနစ်ကို သုံးရပါမယ်
▪️ ဝန်ထမ်းရေးရာမှာ စနစ်ကျပြီး ဝန်ထမ်း
ကောင်းတွေ မြဲချင်တယ်ဆိုရင်
တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေ ရှင်းလင်းပြီး တန်းတူ
ညီမျှ စွမ်းဆောင်ရည် တိုင်းတာနိုင်မယ့် HR Policy
& KPI Setting System တွေကို တည်ဆောက်
ရပါမယ်
ဒီလိုစနစ်တွေကို တစ်နေရာထဲမှာ အပ်နှံရေးဆွဲ
ချင်တယ်ဆိုရင်တော့ BOS က မိမိလုပ်ငန်း
အမျိုးအစားနဲ့ ကွက်တိကျအောင် တစ်နေရာတည်းမှာ စနစ်တကျ တာဝန်ယူ ဖန်တီးပေးနေတာမို့ ✔️📊
သင့်လုပ်ငန်းကို ဘယ်နေရာက စတင်ရမလဲ
မဝေခွဲနိုင်သေးရင် BOS နဲ့ အမြန်ဆုံး ဆက်သွယ်
ဆွေးနွေးတိုင်ပင်လိုက်ပါနော် 💼✨
📞 Hotline: 09 788 111 250, 09 789 254 456
📧 Email: [email protected]
📍 Address: အမှတ်(၄)၊ မော်လမြိုင်ကမ်းနားလမ်း၊ ဘုရင့်ရုပ်ရှင်ရုံအနီး၊ ရွှေတောင်ရပ်ကွက်၊ မော်လမြိုင်မြို့။
Category
Website
Address
Alerts
Be the first to know and let us send you an email when Business Next Step posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.