Sa Sa
Fashion items & Cafe
" အချိန်ကျရင် လက်ခေါက်မှုတ်မယ်"
ရှေ့ရှုရာ စိတ်ညဏ်နဲ့ပိုင်း
လတစ်ချမ်းတော့ မြင်နေပြီ
အချိန်ကျ ရင်လက်ခေါက်မှုတ်မယ်
ညလမ်းမှာမြင်ဖို့ကျင့်ထား
တစ်ယောက်စကား အထာနားလည်
လျောက်သွားစရာစခန်းအလည်မှာ
ထောက်ထားရာ မမြင်ဘူး
ခြေရာဖျောက်ပြီးရင် ရေပါနှောက်ခဲ့
မြောက်အရပ်သို့ခြေလှမ်း ကိုးဆယ်
စိမ်ခေါ်သံလွှမ်းနေလဲ သေချာတယ်
ဒါက
အိမ်အပြန်လမ်း
…………< စစ >…………
ခံစားချက်တိုင်းမှာ စကားလုံးလေးတွေရှိတယ်
30/07/2021
မြန်မာပြည်တွင်းမှာ အမျိုးမျိုး ဖြစ်နေချိန် ကျွန်တော် လေ့ကျင့်ကွင်းထဲ သွားနေရတာကိုက စိတ်ပိုင်းအရ ကျွန်တော့်အတွက် အတော်ကြီးခက်ခဲပါတယ်။ မြန်မာပြည်အတွက် ဆုတောင်းပေးကြပါ၊ မြန်မာပြည်သူတွေအတွက် စဉ်းစားပေးကြပါ။ တာဝန်ရှိသူတွေ၊ လုပ်ပေးနိုင်သူတွေဆိုရင်လည်း မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် စဉ်းစားပေးပါ။ ခင်ဗျားတို့ ကိုယ့်အတွက်ပဲ မစဉ်းစားကြပါနဲ့၊ ကျေးဇူးအများကြီးတင်ပါတယ်။
BBC
08/12/2020
ဆော်ရီးပါ ဗျာ Admin အလုပ်များနေလို့
အခုမှ ပို့စ် တင်ရတာပါ ဗျ
"နင်ဂျာ" ဆပ်ပြာရည် လေးကို
အရင်အတိုင်း ပဲ ရွှေပြည်သာ မြို့ ဓနုဖြူလမ်း ရွှေညာမောင်ဈေးက "အန်တီ နမ့်" ဆိုင်မှာ ဝယ်ယူရရှိနိုင်သလို
မြောက်ဒဂုံမြို့ မဟာမြိုင် အိမ်ရာ ရဲ့ ဗဟိုလမ်း နဲ့ ရေစင်လမ်းထောင့်က "ရွှေကရင် " ကွမ်းယာဆိုင်မှာ သော် လည်းကောင်း
မြောက်ဒဂုံ ၄၈ ရပ်ကွက် သခင်အုန်းဖေကြီး လမ်း ရဲ့ "မိတ်သစ်" ထမင်းဆိုင်မှာ သော်လည်းကောင်း
မြောက်ဥက္ကလာ ဝေပုလ္လ ၄ လမ်း မှာ သော် လည်းကောင်း ဝယ်ယူ ရရှိ နိုင်ပါတယ် ဗျာ
ဆိုင်ရှာလို့ မတွေ့ရင်တော့
09-790571639
09-43032131 ကို ဟဲလိုသာ လုပ်လိုက်ပါဗျ
လက်ကားယူချင်တဲ့သူများလည်း Page ရဲ့ cb လေးကို လာခဲ့ကြပါလို့
04/12/2020
နက်ဖြန်ကျရင် နင်ဂျာ ဆပ်ပြာရည် လေးကို ရွှေပြည်သာ တွင် ဝယ်ယူ ရရှိနိုင်ရုံ တင် သာမက
တခြားဝယ်ယူ ရရှိနိုင်မဲ့ ဆိုင်လေးတွေကို ပြောပြ ပေးသွားမယ်နော်
ဘယ်မြို့နယ်ရှိနိုင်မလဲဆိုတာ Stay Tune
လက်ကားယူချင်သူများလည်း page မှာ မေးမြန်းနိုင်ပါတယ် ခင်ဗျာ ...
20/11/2020
စစ ရဲ့ မူလ လက်ဟောင်း Product လေး တစ်ခု ဖြစ်တဲ့
Ninja @ “ နင်ဂျာ “ ဘက်စုံသုံး ဆပ်ပြာရည်လေး ကို
ဒီဇိုင်းသစ် ပုံစံ သစ် နဲ့ ပိုမိုကောင်း မွန်သော
အရည်အသွေး များနဲ့ ရောင်းချ ပေးနေပါပြီ.....
🥳ဘက်စုံသုံး ဆပ်ပြာရည် လေး ဆိုတဲ့အတိုင်း🥳
🍽ပန်းကန်ပဲ ဆေးဆေး
🥣အိုးပဲ တိုက်တိုက်
🤟🏼လက်ပဲ ဆေးဆေး
👚အဝတ်ပဲ လျှော်လျှော် ကြိုက်သလို သာ သုံးပါနော်.....
လက်အရေပြားကို ထိခိုက်စေတဲ့ ဓာတုပစ္စည်းတွေ မပါတာကြောင့် စိတ်ချလက်ချသာ သုံးပါ နော့
၁၀ ဗူး အထက်ဆို လက်ကားစျေး ရမှာ ဖြစ်ပါတယ်
ရွှေပြည်သာ မြို့အတွင်းဆို ပို့ခ ၅၀၀ သာ ကျသင့်ပြီး
၅ ဗူး အထက်ဆို ပို့ ခ မပေးရပါဘူး
ကျန်တဲ့ မြို့နယ်တွေ ဆို မြို့နယ် အလိုက် ပို့ခ ကျသင့်မှာဖြစ်ပါတယ်
ဆပ်ပြာရည် (အဝါရောင်) -၁၅၀၀ ကျပ်
ဆပ်ပြာရည် (အစိမ်းရောင်) - ၁၀၀၀ ကျပ်
13/10/2020
COVID-19 အတွက် ငွေကြေးအကာအကွယ်
***************************************
☎️☎️ ဒီတစ်ပတ်တော့ Customer တော်တော်များများရဲ့ COVID-19 ဆိုင်ရာ အာမခံအကာအကွယ် မေးမြန်းစုံစမ်းမှုတွေနဲ့ပတ်သတ်ပြီး အချက်အလက်တွေရှာဖွေစုစည်းတင်ပြလိုက်ပါတယ်။
WHO (ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ်) ကနေ ၁၁.၃.၂၀၂၀ မှာ ဒီ COVID-19 ကို ကမ္ဘာကပ်ရောဂါ (Pandemic Disease) လို့ သတ်မှတ်လိုက်တာဖြစ်တဲ့အတွက်အာမခံလုပ်ငန်းရှုထောင့်က ကြည့်မယ်ဆိုရင် အာမခံထားလို့မရနိုင်တော့တဲ့ ကျန်းမာရေးပြသနာတစ်ခုဖြစ်သွားပါတယ်။ ဘာ့ကြောင့်လဲလို့ဆက်မေးရင်တော့ လူသန်းပေါင်းများစွာကူးစက်ခံရတဲ့ ဒီရောဂါကို အာမခံစနစ်က အာမခံပေးလိုက်မယ်ဆိုရင် လျော်ကြေးပေါင်းမြောက်များစွာနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး သေချာပေါက် အာမခံစနစ်ပြိုလဲသွားမှာပါ။ အခြားသော အာမခံအမျိုးအစားများပါ ထိခိုက်နစ်နာမှု ရှိလာတော့မှာပါ။
🎲🎲 အာမခံစနစ်ဆိုတာဟာ အာမခံထားသူနဲ့ အာမခံပေးသူ နှစ်ဦးနှစ်ဖက်လုံးကိုမျှတစေတဲ့စနစ်တစ်ခုဖြစ်ပြီး အာမခံထားရှိမယ့် အခြေအနေအမျိုးမျိုးဟာ ဖြစ်လာဖို့ မသေချာမရေရာမှု (Uncertainty) ဖြစ်နေဖို့လိုပါတယ်။ ဖြစ်နေတဲ့အရာ/ဖြစ်ပျက်လာဖို့သေချာတဲ့အရာကို အာမခံစနစ်က ကာကွယ်မှုမပေးခြင်းဟာ အာမခံစနစ်ကိုရေရှည်တည်တံ့ခိုင်မာစေတဲ့ အခြေခံအုတ်မြစ်တစ်ခုပါ။
🥰🥰 ဒါဆို COVID-19 ကို အာမခံစနစ်က မျက်ကွယ်ပြုထားတာလားဆိုတဲ့မေးခွန်းတစ်ခု မေးစရာရှိလာပါတယ်။ တကယ်တော့အဲ့လိုမဟုတ်ပါဘူး၊ အတိုင်းအတာတစ်ခုအထိ အကာအကွယ်ပေးဖို့ ကြိုးစားလုပ်ဆောင်ချက်တွေကို အောက်မှာ ဆက်လက်ဖော်ပြပေးလိုက်ပါတယ်။
💰💰 အာမခံကုမ္ပဏီများအနေနဲ့ COVID-19 ကူးစက်ခံရတဲ့ မိမိတို့ရဲ့လက်ရှိ Customer များကို ပံ့ပိုးမှုပေးတဲ့အနေနဲ့ အများစုသော အာမခံကုမ္ပဏီများက မိမိတို့ကိုယ်ပိုင် CSR Fund (သီးခြားရံပုံငွေ) တစ်ခုကိုသတ်မှတ်ကြပါတယ်။ မနည်းလွန်းမများလွန်းတဲ့ ပမာဏတစ်ခုပါ။ ကုမ္ပဏီတစ်ခုချင်းစီက သူတို့ရဲ့လက်ရှိ Customer များ COVID-19 ကူးစက်ခံရပြီဆို သူတို့သတ်မှတ်ထားတဲ့ပမာဏအတိုင်း ပေးလျော်မှုတွေပြုကြပါတယ်။ အဲ့လို ပေးလျော်မှုအတွက် သီးခြားပရီမီယံထပ်ဆောင်းငွေ ကြိုတင်ကောက်ခံကြေးမပြုကြပါဘူး။ အပိုအကာအကွယ်ပေးတဲ့သဘောပါပဲ။
💸💸 မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအရ အာမခံကုမ္ပဏီများအနေနဲ့ သူတို့ရဲ့ သက်ဆိုင်ရာ Customer (ကျန်းမာရေးအာမခံနဲ့ အသက်အာမခံထားရှိသူ) များကိုအကာအကွယ်ပေးလျက်ရှိတဲ့ မတူညီတဲ့ COVID-19 ဆိုင်ရာပံ့ပိုးမှုများကို အကျဥ်းအားဖြင့် အောက်မှာလေ့လာနိုင်ပါတယ်....
၁။ ကျန်းမာရေးအာမခံထားရှိသူများအနေနဲ့ Confirmed Positive (P) ဖြစ်တာနဲ့ ကနဦးပံ့ပိုးမှုငွေကျပ် နှစ်သိန်း၊
၂။ ကျန်းမာရေးအာမခံထားရှိသူများအနေနဲ့ ဆေးရုံတက်ကုသမှုခံယူချိန်တွင် ပုံမှန်အကျိုးခံစားခွင့်ထက်ပိုသော တစ်ဆခွဲ (150%) ပံ့ပိုးမှု၊
၃။ အသက်အာမခံထားရှိသူများအနေနဲ့ ဆေးစစ်ချက်တွင် Confirmed positive ဖြစ်ပြီဆိုတာနဲ့ အာမခံထားငွေ၏ ၁၀% (အများဆုံး ၅ သိန်းထိ) ပံပိုးမှုနှင့် ဆုံးပါးမှုအတွက် ၁၀၀% ထပ်ဆောင်းခံစားခွင့် (အများဆုံး သိန်း ၅၀ထိ)၊
၄။ အသက်အာမခံထားရှိသူများအနေနဲ့ Positive ဖြစ်ပြီးဆေးရုံတက်ကုသမှုခံယူရပြီဆိုတာနဲ့ တစ်ရက် တစ်သိန်းခွဲကျပ်နဲ့ အများဆုံး ၁၀ ရက်စာ ၁၅ သိန်းကျပ်နှင့် ဆုံးပါးမှုအတွက် ထပ်ဆောင်းပံပိုးမှု ငွေကျပ်သိန်း ၃၀၊
၅။ အသက်အာမခံထားရှိသူများအနေနဲ့ Positive ဖြစ်ပြီးဆေးရုံတက်ကုသမှုခံယူရပြီဆိုတာနဲ့ ကနဦးပံ့ပိုးငွေ ၆ သိန်းကျပ်နှင့် အထူးကြပ်မတ်ဆောင် (ICU) တွင်ဆေးကုသမှုခံယူခြက်းအတွက် ၆ သိန်းကျပ် နှင့် ဆုံးပါးမှုအတွက် ထပ်ဆောင်းပံပိုးမှု ငွေကျပ်သိန်း ၆၀၊
၆။ အသက်အာမခံထားရှိသူများအနေနဲ့ Confirmed Positive ဖြစ်ပြီးဆိုတာနဲ့ ကနဦးပံပိုးငွေကျပ် ၅ သိန်း၊ ပြင်းထန်ရောဂါလက္ခဏာများခံစားလာရပြီး ဆေးရုံတက်ကုသမှုခံယူရပြီဆိုတာနဲ့ ပံပိုးငွေ ၁၀ သိန်းကျပ်နှင့် အထူးကြပ်မတ်ဆောင် (ICU) တွင်ဆေးကုသမှုခံယူခြင်းအတွက် အာမခံထားငွေ၏ ထပ်ဆောင်း ၁၀၀% (အများဆုံး သိန်း ၁၀၀) ပံပိုးမှု။
၇။ အာမခံထားရှိသူများအနေနဲ့ COVID-19 ကြောင့်ဆေးရုံတက်ရပြီး ရောဂါပြင်းထန်ကာ ICU (အထူးကြပ်မတ်ကုသဆောင်) မှာကုသမှုခံယူရပါက အာမခံထားငွေရဲ့ ၂၀% ခံစားခွင့်။
♟♟ COVID-19 အတွက် သီးသန့်ရန်ပုံငွေ (CSR Fund) အနေနဲ့ ပံ့ပိုးမှုပေးတာမျိုးဖြစ်တဲ့အတွက် ရန်ပုံငွေကန့်သတ်ချက်နဲ့ ကာလသတ်မှတ်ချက်များရှိမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံသူ/သား များ အနေနဲ့ အထက်ပါ ကာကွယ်မှုများကို သိရှိနိုင်ဖို့နဲ့ မိမိအတွက် အကျိုးရှိရှိထုတ်ယူသုံးစွဲနိုင်အောင် စုဆောင်းမျှဝေပေးလိုက်ပါတယ်။ အားလုံးပဲကျန်းမာချမ်းသာပြီး စိုးရိမ်ပူပန်မှုကင်းတဲ့ဘဝကို ပိုင်ဆိုင်ကြပါစေ။
" ပူပန်မှုကင်းပြီး အာမခံချက်ရှိသောဘဝတွင် နေထိုင်ကြပါစို့ "
Live in Life Insured with Zero Worry!
Zero Worry
📲 09884803430
📅 12 Oct 2020
12/10/2020
မြန်မာ့ပထမဆုံး ငွေစက္ကူဆိုတာ..📖
🔵 မြန်မာကျပ်ငွေကို ၁၉၅၂ ခုနှစ် ဇူလိုင် ၁ ရက်နေ့မှာ စတင်အသုံးပြုခဲ့ပါသတဲ့။
🔵 မင်းတုန်းမင်းလက်ထက်မှာ ထုတ်ဝေခဲ့တဲ့ မြန်မာ့ ဒေါင်းဒင်္ဂါး၊
🔵 လွတ်လပ်ရေးမရမီကာလများမှာ အသုံးပြုခဲ့ကြတဲ့ အိန္ဒိယဒင်္ဂါးနဲ့ ငွေစက္ကူ၊
🔵 ဂျပန်ခေတ်မှာ သုံးစွဲခဲ့တဲ့ ထောင်မလဲသဲကော် ဂျပန်ငွေစက္ကူ၊
🔵 မြန်မာပြည်၌သာ တရားဝင်သည်- စာတမ်းပါရှိတဲ့ သီးသန့်ငွေစက္ကူ၊
စတဲ့စတဲ့ ငွေကြေးသမိုင်းကြောင်းတွေကို ကျော်လွန်လာခဲ့တဲ့ မြန်မာ့ပထမဆုံး ငွေစက္ကူလို့ ဆိုနိုင်ပါတယ်။
ပထမဆုံး ငွေစက္ကူတွေပေါ်က အမှတ်လက္ခဏာ..
🌟 ငွေစက္ကူမှာ ဥဒေါင်းပုံ ရေစာပါရှိပါတယ်။
🌟 ဒုတိယအကြိမ်အဖြစ် ၁၉၅၈ ခုနှစ်မှာ ထုတ်ဝေတဲ့ ငွေစက္ကူမှာတော့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံ (ဦးထုပ်ပါစစ်ဝတ်စုံဖြင့်) ပါရှိလာပါတယ်။
အမြင့်ဆုံးတန်ဖိုးရှိ ငွေစက္ကူတွေ ဘယ်အချိန်မှာ ထုတ်ဝေခဲ့သလဲ။ ❓
💰 ၅၀၀၀ ကျပ်တန်ကို
၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁ ရက်၊
💰၁၀၀၀၀ ကျပ်တန်ကိုတော့
၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၅ ရက်မှာ ထုတ်ဝေခဲ့တာပါ။
၂၀၂၀ ငွေစက္ကူအသစ် အမှတ်လက္ခဏာအသစ် ✨
🔴 မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါရှိတဲ့ ၁၀၀၀ ကျပ်တန် ငွေစက္ကူအသစ်ကို ၂၀၂၀ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၊
🔴 ၅၀၀ ကျပ်တန် ငွေစက္ကူအသစ်ကို ၂၀၂၀ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့မှာ အသီးသီး ထုတ်ဝေခဲ့ပါတယ်။
တစ်ကျပ်မှာ ပြား ၁၀၀ ရှိတယ်ရယ်လို့ စိတ်ပိုင်းထားတဲ့ မြန်မာ့ငွေကြေး၊
ငွေ၊ ပိုက်ဆံ၊ ပိုက်ဆပ် စသဖြင့် အခေါ်အဝေါ် အမျိုးမျိုး ရှိနေတဲ့ မြန်မာ့ငွေကြေးဟာ..✌️
အခုအခါမှာဆိုရင် ငွေသားအသွင် အသုံးပြုမှု၊ ဘဏ်ကဒ်များဖြင့် ပေးချေမှု၊ Mobile Banking (mBanking)၊ Internet Banking (iBanking) ဖြင့် ချိတ်ဆက်အသုံးပြုမှု စသဖြင့် အစားစား ရှိနေပြီး ဘဏ်ဝန်ဆောင်မှုလုပ်ငန်းဆိုတာ ငွေကြေးလည်ပတ်စီးဆင်းမှု၊ တိုင်းပြည်ရဲ့ စီးပွားရေးနယ်ပယ်မှာ မရှိမဖြစ် အနေအထားကို ရောက်ရှိနေပါပြီ။
အကယ်၍များ မိတ်ဆွေဟာ
စိတ်ချလုံခြုံမှု အပြည့်အဝ ရှိပြီး လွယ်ကူချောမွေ့တဲ့ ဘဏ်ဝန်ဆောင်လုပ်ငန်းတွေ ဆောင်ရွက်ပေးနိုင်တဲ့ ဘဏ်တစ်ခုနဲ့ ချိတ်ဆက်ချင်တယ်ဆိုရင်တော့
Naypyitaw Development Bank (NDB) က အသင့်ရှိနေပါတယ်ခင်ဗျာ။ 🙏
03/09/2020
အိမ်မှာနေပြီးhttps://www.facebook.com/zeroworrylife/ ရဲ့Mask Order လေးတွေ
ချုပ်ဖြစ်နေတယ် ချစ်သူငယ်ချင်းတို့အားလုံး
Mask တပ် လက်ဆေးရင်းကိုဗစ်ရန်ကကင်းဝေးကြပါစေ🙏
Stock clear sales is coming soon..
Deal with big discount
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Shwe Nyar Maung Bus Stop . Danuphyu Streer, Shwe Pyi Thar Town Ship. Yangon
Yangon
11411