The Backyard Band

The Backyard Band

Share

We tell stories through music.

25/08/2026

🏡 တရက်တုန်းက အဖွဲ့ဝင်အသစ်ရဲ့အိမ်ကိုသွားလည်ကြတယ်။ သူ့အိမ်က ပန်းဥယျာဉ်ခြံတစ်ခုထဲမှာလေ။ သူတို့အိမ်ဘေးမှာ ရေကန်တစ်ကန်လည်းရှိတယ်။ အဲဒီညနေက တို့တတွေ ရေကန်ဘေးမှာထိုင်ပြီး “တိတ်ကလေး အိပ်ကလေး” ကို အတူတူဆိုကြတယ်။

Photos from YiKA's post 04/06/2026

ခြံနောက်ဖေးတီးဝိုင်းသားတွေရဲ့ ဝတ်စုံ 💚

04/04/2026

Live at Goethe-Institut Myanmar

ဟိုနေ့တုန်းက သူငယ်ချင်းတွေရိုက်ပေးတဲ့ Video တွေကို ပေါင်းတတ်သလောက်ပေါင်းထားတာလေးပါ။

Photos from The Backyard Band's post 30/03/2026

✨ မနေ့ ညနေက ခြံနောက်ဖေး သံစုံတီးဝိုင်းနဲ့အတူတူ လာပြီးစီးမြောပေးတာ ကျေးဇူးတင်ပါတယ်။ ပထမဆုံး Live ဆိုတော့ စိတ်တွေပူ၊ ရင်တွေတုန်ပြီး သေချာပြန်မနှုတ်ဆက်မိတာများရှိခဲ့ရင် နားလည်ပေးနော်။

💐 တို့တွေရဲ့ “ခွေးရယ်၊ ကြောင်ရယ်၊ လူရယ်၊ ဖားရယ်” Mini Album လေး ဖြစ်လာအောင် အစစ အရာရာ ကူညီပေးတဲ့ Goethe-Institut Myanmar၊
ပုံတွေဆွဲပေးတဲ့ ကိုကယ်ဗင် The Sketchbook of Kevin Thet၊
Album Art ထဲက Character တွေအတိုင်း ဝတ်ချင်တာကို အကောင်းဆုံးစီစဉ် ချုပ်လုပ်ပေးတဲ့ YiKA၊
တောက်လျှောက် အားပေးကူညီခဲ့ကြတဲ့ သူငယ်ချင်းတွေ အကုန်လုံးကို ကျေးဇူးအများကြီးတင်ပါတယ်။

28/03/2026

မနှစ်က ဒီလိုနေ့မှ စခဲ့တဲ့ တို့ Band က တစ်နှစ်အကြာမှာပဲ ပထမဆုံးအနေနဲ့ Live ဖျော်ဖြေရပါတော့မယ်။ တို့ Band နဲ့အတူတူ တခြားစိတ်ဝင်စားစရာ အစီအစဉ်တွေလည်း ပါမှာပါ။ ဝင်ကြေးပေးစရာမလိုပါဘူး။ အချိန်ရလို့၊ လမ်းသင့်ရင် တို့တွေပြောပြမယ့် ပုံပြင်တွေကို ကိုယ်တိုင် လာနားထောင်ကြဖို့ ဖိတ်ပါတယ်နော်။

နေ့ရက်။ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့
အချိန်။ ညနေ ၄:၀၀ နာရီမှ ၆:၀၀ နာရီ
နေရာ။ Goethe-Institut Myanmar (ပြပွဲခန်းမ)
ပြပွဲခန်းမတံခါးများ ညနေ ၃:၄၅ နာရီ တွင်ဖွင့်လှစ်ပါမည်။

26/03/2026

လာမယ့် တနင်္ဂနွေညနေကျရင် Goethe-Institut Myanmar မှာ တို့ Band က ပုံပြင်တွေပြောပြမှာမို့လို့ အားရင် လာနားထောင်ကြဖို့ ဖိတ်ပါတယ်။

Present Grounds: From Inquiry to Expression

၂၀၂၅ ခုနှစ်၊ မေလတွင် စတင်ခဲ့သည့် Present Grounds အနုပညာရံပုံငွေစီမံကိန်းမှ ဖန်တီးဖော်ထုတ်ထားသော အနုပညာလက်ရာများကို တစ်ရက်တာ ပြပွဲအဖြစ် တင်ဆက်ပြသသွားမည် ဖြစ်ပါသည်။

လွန်ခဲ့သည့် လအနည်းငယ်အတွင်း မြန်မာအနုပညာရှင်နှင့် အနုပညာရှင်အဖွဲများသည် တီထွင်ကြံဆခြင်းနှင့် အနုပညာဖန်တီးမှုဆိုင်ရာ စူးစမ်းရှာဖွေခြင်းများကို လုပ်ဆောင်ခဲ့ကြပါသည်။ ထိုသို့ လုပ်ဆောင်မှုများမှတစ်ဆင့် လူမှုအသိုင်းအဝိုင်း၏ အတွေ့အကြုံများ၊ ဗဟုသုတများနှင့် ပုံပြင်ဇာတ်လမ်းများကို မှတ်တမ်းတင်ရောင်ပြန်ဟပ်ထားသည့် လက်ရာများ ထွက်ပေါ်လာခဲ့ပါသည်။

ဤပြပွဲသည် ခေတ်ပြိုင်အနုပညာ အလေ့အထများက လူမှုအသိုင်းအဝိုင်း၊ အမှတ်တရများနှင့် လူမှုဘဝအတွေ့အကြုံများအပေါ် မည်သို့မည်ပုံ ချိတ်ဆက်လုပ်ဆောင်သည်ကို ရှုမြင်နိုင်မည့် အခွင့်အလမ်းတစ်ခု ဖြစ်ပါသည်။ ထို့အပြင် ၎င်းလူ့အဖွဲ့အစည်း၏ ဘဝဖြတ်သန်းမှုများနှင့် ယဉ်ကျေးမှုဆိုင်ရာ တုံ့ပြန်မှုများကိုလည်း ထိုးထွင်းသိမြင်နိုင်စေမည် ဖြစ်ပါသည်။

နေ့ရက်။ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့
အချိန်။ ညနေ ၄:၀၀ နာရီမှ ၆:၀၀ နာရီ
နေရာ။ Goethe-Institut Myanmar (ပြပွဲခန်းမ)
ပြပွဲခန်းမတံခါးများ ညနေ ၃:၄၅ နာရီ တွင်ဖွင့်လှစ်ပါမည်။
____

We are presenting a one-day exhibition of works developed through the Present Grounds grant, awarded in May 2025. Over the past months, Myanmar artists and collectives have engaged in research, creative exploration, and collaboration with local communities, resulting in works that document and reflect on shared experiences, knowledge, and stories from the communities.
This exhibition provides an opportunity to witness how contemporary artistic practice engages with community, memory, and social experience, offering insights into the lived experiences and cultural responses of these communities.

Date: 29 March 2026 (Sunday)
Time: 4:00 PM – 6:00 PM
Location: Goethe-Institut Myanmar (Auditorium)
Followed by a networking reception.
(Doors Open at 3:45 PM)

Category

Website

Address

Yangon

Alerts

Be the first to know and let us send you an email when The Backyard Band posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.