SLN Myanmar
Customer First And Premium Services SLN Group of Company was established in November,2014 by incorporation of Shwe Lamin Nagar Co., Ltd. Acer Co,.
and Royal Smart Co., Ltd. In 2003 Royal Smart Company became authorized distributor of Micro-star Inter- national (MSI) products of Myanmar market and also became Authorized Distributor for HP Consumer Product in 2013. Ltd announced to Shwe Lamin Nagar Company as authorized distributor of Acer product for Myanmar market in 2008 and also became Authorized Distributor for Transcend Products in 2013 . Numbers of employee : 180 (Q1/2015)
06/05/2026
⚡️ SATA SSD vs NVMe SSD: ဘာတွေကွာခြားသလဲ? ဘယ်ဟာက ပိုမြန်သလဲ?🧐
💁Storage လောကမှာ SSD တွေဟာ Hard Disk (HDD) တွေထက် အဆပေါင်းများစွာ မြန်ဆန်လာတာကို အားလုံးသိကြမှာပါ။
🔍ဒါပေမဲ့ SSD အချင်းချင်းမှာတောင် SATA နဲ့ NVMe ဆိုပြီး ကွာခြားချက်တွေ အများကြီး ရှိနေပါသေးတယ်။
⁉️SATA SSD ဆိုတာဘာလဲ?
SATA (Serial ATA) ဟာ အရင်က Hard Disk တွေမှာ အသုံးပြုခဲ့တဲ့ ချိတ်ဆက်မှုစနစ်ကို အခြေခံထားတာပါ။ ပုံစံကတော့ အရင် HDD အသေးလေးတွေနဲ့ ဆင်တူပါတယ်။
•Speed အများဆုံး 600 MB/s ဝန်းကျင်အထိပဲ ရှိပါတယ်။
•Laptop အဟောင်းတွေကို Upgrade လုပ်ချင်သူတွေ ဒါမှမဟုတ် ဈေးသက်သက်သာသာနဲ့ Storage အများကြီး လိုချင်သူတွေအတွက် သင့်တော်ပါတယ်။
⁉️NVMe SSD ဆိုတာဘာလဲ?
NVMe (Non-Volatile Memory Express) ကတော့ ခေတ်သစ် နည်းပညာဖြစ်ပြီး Motherboard ရဲ့ PCIe Slot မှာ တိုက်ရိုက်ချိတ်ဆက်တာ ဖြစ်ပါတယ်။ သူက ပုံစံအားဖြင့် RAM ချောင်းလေးတွေလို သေးသေးသွယ်သွယ် (M.2 Form Factor) ရှိပါတယ်။
•Speed အနည်းဆုံး 3,500 MB/s ကနေ နောက်ဆုံးထွက် Gen 4/Gen 5 တွေမှာဆိုရင် 7,000 MB/s - 10,000 MB/s ကျော်အထိ မြန်ဆန်ပါတယ်။
•Graphic Design ဆွဲသူများ၊ Video Editing လုပ်သူများ၊ Gaming ကစားသူများနဲ့ ကွန်ပျူတာ အမြန်ဆုံး ဖြစ်ချင်သူများအတွက် အကောင်းဆုံး ဖြစ်ပါတယ်။
🚀ဘယ်ဟာက ပိုမြန်မလဲ?🤔
💯အဖြေကတော့ ရှင်းပါတယ်ဗျာ NVMe SSD က SATA SSD ထက် အဆပေါင်းများစွာ ပိုမြန်ပါတယ်။ ဥပမာအားဖြင့် Window တက်တာ၊ Software ကြီးကြီးမားမားဖွင့်တာတွေမှာ NVMe ရဲ့ စွမ်းဆောင်ရည်ကို သိသိသာသာ မြင်တွေ့ရမှာပါ။
✅ဘယ်ဟာကို ရွေးသင့်သလဲ?
•သင့်မှာ Budget အကန့်အသတ်ရှိရင်၊ ဒါမှမဟုတ် သင့် Laptop က NVMe Slot မပါတဲ့ Model အဟောင်းဖြစ်နေရင် SATA SSD ကို ရွေးပါ။
•သင့် Laptop မှာ M.2 NVMe Slot ပါဝင်ပြီးသားဖြစ်ရင်၊ Data တွေကို အမြန်ဆုံး Transfer လုပ်ချင်ရင်နဲ့ High-end Performance ကို လိုချင်ရင် NVMe SSD ကို ရွေးပါ။
✨🩷အနှစ်ချုပ်အနေနဲ့ Performance ကောင်းကောင်းလိုချင်ရင်တော့ NVMe ကိုပဲ ရွေးချယ်ဖို့ အကြံပြုပါရစေခဗျာ။
05/05/2026
🧙♂️Laptop သုံးရတာ ပိုမြန်သွားစေမယ့် "မှော်ဆန်တဲ့" Shortcut Key များ🧞♂️✨
"Mouse ကို တစ်ချက်ချင်း လိုက်နှိပ်နေရတာ အချိန်ကုန်တယ်လို့ မထင်ဘူးလား?🤔
✅ဒီ Shortcut (၃) ခုက သင့်ကို Pro တစ်ယောက်လို ဖြစ်သွားစေမှာပါ
🔮Windows + V: ဒါက Clipboard History ပါ။ ကိုယ် Copy ကူးထားသမျှ အရာအားလုံးကို ပြန်ကြည့်ပြီး တစ်ခုချင်းစီ ပြန်သုံးလို့ရတဲ့နည်းလမ်းဖြစ်ပါတယ်။
🔮Windows + D: ဖွင့်ထားတဲ့ Window တွေ အများကြီးကြားထဲကနေ Desktop ကို ချက်ချင်းရောက်သွားချင်ရင် သုံးပါ။
🔮Ctrl + Shift + T: Browser မှာ မှားပြီး ပိတ်မိသွားတဲ့ Tab ကို ချက်ချင်းပြန်ဖွင့်ချင်ရင် သုံးလို့ရပါတယ်။
အပေါ်က ပြောသွားတဲ့အထဲမှာ "ဘယ် Shortcut က ကိုယ့်အတွက် အသုံးအဝင်ဆုံးလဲ? 🧐
တခြားသိတဲ့ ကိုယ့်လက်စွဲ Shortcut လေးတွေရှိရင်လည်း မျှဝေပေးခဲ့ပါဦးနော်💚
01/05/2026
မေလ (၁) ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (May Day) မှာ လုပ်ငန်းခွင်အသီးသီးမှာ နေ့စဉ် ကြိုးစားပမ်းစား တာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းများနှင့် မိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာပြီး ဘဝအမောတွေ ပြေပျောက်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်💛
30/04/2026
မင်္ဂလာရှိလှသော ကဆုန်လပြည့်(ဗုဒ္ဓနေ့) အခါသမယမှာ ညောင်ရေသွန်းလောင်းသကဲ့သို့ အပူအပင်ကင်းကင်းနဲ့ အေးချမ်းသာယာတဲ့ ဘဝခရီးလမ်းကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ရွှေလမင်းနဂါး မိသားစုမှ ဆုမွန်ကောင်းတောင်းရင်း မေတ္တာပို့သအပ်ပါတယ်။
#ကဆုန်လပြည့် #ညောင်ရေသွန်းပွဲတော်
29/04/2026
🔊ရုံးပိတ်ရက် အသိပေးကြေညာခြင်း 🔊
ရွှေလမင်းနဂါးမှ ဖွင့်လှစ်ထားသည့် Service Center များအားလုံး ကဆုန်လပြည့်နေ့ (ဧပြီ ၃၀ရက်) နှင့် အလုပ်သမားနေ့ ( မေ ၁ ရက်)နေ့ အတွင်းပိတ်ထားမည်ဖြစ်ပြီး
🗓️ ( မေ ၂ရက် )နေ့တွင် ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေးအကြောင်းကြားအပ်ပါသည်။
✅Service Centre (1) (Yangon)
🏡အမှတ် (၁၄၆) ၊ ၃၈လမ်း (အလယ်ဘလောက်) ၊ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
📞09-8552744, 09-260205070
✅Acer Service Centre (Yangon)
🏡အမှတ် (၅၇၆) ၊ မော်တင် ၈လမ်းနှင့် ကမ်းနားလမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။
📞01-218041, 01-2317233 ,09-448460640
21/04/2026
💻 ရုံးဝန်ထမ်းတိုင်း သိထားသင့်တဲ့ "စက်မနှေးအောင် လုပ်ဆောင်နည်း (၃) သွယ်"
"စက်က နှေးလိုက်တာ " ဆိုတဲ့ ညည်းတွားသံတွေ ရုံးခန်းထဲမှာ ကြားနေရပြီလား?🤦♂️
💯သင့် Laptop လေး ပြန်သွက်လာစေဖို့ ဒီအချက်လေးတွေကို လုပ်ကြည့်ရအောင်နော်။
၁။ မလိုအပ်တဲ့ Window တွေကို ပိတ်ပစ်ပါ
💁ကျွန်တော်တို့ အလုပ်လုပ်တဲ့အခါ Browser မှာ Tab တွေ အများကြီးဖွင့်ထားတာ၊ မသုံးတဲ့ Software တွေကို ဖွင့်ထားတာမျိုးက စက်ရဲ့ (RAM) ကို အလကား အကုန်အကျများစေပါတယ်။
👨💻အလုပ်ပြီးသွားတဲ့ Tab တွေနဲ့ Software တွေကို အမြဲ ပြန်ပိတ်ပေးပါ။ ဒါဟာ သင့်စက်ကို သွက်စေပါတယ်။
၂။ Startup Apps တွေကို စစ်ဆေးပါ
❗️စက်ဖွင့်လိုက်တာနဲ့ ဘာမှမနှိပ်ရသေးဘဲ သူ့အလိုလို ပွင့်လာတဲ့ Software တွေရှိနေတတ်ပါတယ်။ ဒါတွေက စက်တက်လာတဲ့အရှိန်ကို အရမ်းနှေးစေတာပါ။
✅Ctrl + Shift + Esc ကို နှိပ်ပြီး Startup ဆိုတဲ့ နေရာမှာ မလိုအပ်တဲ့ Apps တွေကို Disable လုပ်ထားလိုက်ပါ။ နောက်တစ်ခါ စက်ဖွင့်ရင် သိသိသာသာ မြန်လာတာ တွေ့ရပါလိမ့်မယ်။
၃။ SSD ပြောင်းလဲအသုံးပြုပါ (ဒါကတော့ အထိရောက်ဆုံးပဲ!)
🧐စက်ထဲမှာ အချက်အလက်သိမ်းတဲ့ Hard Disk က အဟောင်း (HDD) ဖြစ်နေမယ်ဆိုရင် ဘယ်လောက်ပဲ စက်ကို သန့်ရှင်းရေးလုပ်လုပ် နှေးနေဦးမှာပါ။
🚀SSD ဆိုတာက အချက်အလက်တွေကို လျှပ်စစ်စီးသလို မြန်မြန်ဆန်ဆန် ဖတ်နိုင်လို့ စက်ဖွင့်တာကအစ၊ ဖိုင်တွေဖွင့်တာအဆုံး ၂ ဆ၊ ၃ ဆ ပိုမြန်သွားစေမှာပါ။
💁အခုပြောပြသွားတဲ့ အချက်လေးတွေက သင့်ရဲ့ လုပ်ငန်းခွင်မှာ အချိန်ကုန်သက်သာပြီး အလုပ်ပိုတွင်ကျယ်စေမယ်လို့ ယုံကြည်ပါတယ်😍
13/04/2026
ဒီနှစ်သစ်ကစ စိတ်ချမ်းသာ၊ကိုယ်ကျန်းမာပြီး
လိုအင်ဆန္ဒများလည်း ပြည့်ဝကြပါစေ🥰🥰
ရွှေလမင်းနဂါး မိသားစုရဲ့ တတ်အားသရွေ့ ပြုလုပ်ခဲ့တဲ့ စတုဒီသာ အလှူနေ့က ပုံရိပ်လေးတွေကို အမှတ်တရအနေနဲ့ တင်ပေးလိုက်ပါတယ်💛
ကုသိုလ်တွေလည်း ထပ်တူရရှိကြပြီး မင်္ဂလာရှိတဲ့ မြန်မာ့နှစ်သစ်ကူး အခါသမယကို ပိုင်ဆိုင်နိုင်ကြပါစေရှင်🥰
#စတုဒီသာ
မင်္ဂလာရှိတဲ့ မြန်မာ့ရိုးရာနှစ်သစ်ကူး အခါသမယမှစပြီး မိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ💛
10/04/2026
💦သင်္ကြန်နှစ်သစ်ကူး ရုံးပိတ်ရက် အသိပေးကြေညာခြင်း 💦
✨ရွှေလမင်းနဂါးမှ ဖွင့်လှစ်ထားသည့် Service Center များအားလုံးကို 🗓️ မြန်မာ့နှစ်သစ်ကူးကာလ(ဧပြီ ၁၁ ရက် မှ ၁၉ ရက်) အတွင်း ပိတ်ထားမည်ဖြစ်ပြီး "ဧပြီ ၂၀ ရက်နေ့" တွင် ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေးအကြောင်းကြားအပ်ပါသည်။
💕စိတ်ချမ်းသာ ကိုယ်ကျန်းမာကာ ပျော်ရွှင်ဖွယ်ကောင်းသော သင်္ကြန်ပိတ်ရက်လေးဖြစ်ပါစေကြောင်း
ဆုမွန်ကောင်းတောင်းအပ်ပါသည်💕
✅Service Centre (1) (Yangon)
🏡အမှတ် (၁၄၆) ၊ ၃၈လမ်း (အလယ်ဘလောက်) ၊ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
📞09-8552744, 09-260205070
✅Acer Service Centre (Yangon)
🏡အမှတ် (၅၇၆) ၊ မော်တင် ၈လမ်းနှင့် ကမ်းနားလမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။
📞01-218041, 01-2317233 ,09-448460640
30/03/2026
RAM vs SSD: သင့်ကွန်ပျူတာကို ဘယ်အရာက ပိုမြန်စေမှာလဲ? 💻🚀
💁ကွန်ပျူတာတစ်လုံး သုံးရတာ ထစ်နေပြီ၊ လေးနေပြီဆိုရင် လူတော်တော်များများက "RAM ထပ်စိုက်ရမလား၊ SSD ပြောင်းရမလား" ဆိုပြီး ဝေခွဲမရ ဖြစ်တတ်ကြပါတယ်။ တကယ်တော့ သူတို့နှစ်ခုက လုပ်ဆောင်ချက်ချင်း မတူပါဘူး။
✅ဘယ်သူတွေ RAM တိုးသင့်လဲ?
◾️Browser မှာ Tab တွေအများကြီးဖွင့်တတ်သူတွေ၊ Game ဆော့ရင်း နောက်ကွယ်မှာ တခြား Software တွေ သုံးတတ်သူတွေ၊ Video Editing လုပ်သူတွေ RAM တိုးသင့်ပါတယ်။
◾️Software တစ်ခုဖွင့်ထားရင်း နောက်တစ်ခုပြောင်းဖွင့်ရင် ထစ်နေတာမျိုးဆိုရင် ဒါ RAM လိုအပ်နေတာပါ။
◾️RAM များလေလေ တစ်ခါတည်းနဲ့ အလုပ်တွေအများကြီး (Multitasking) ပြိုင်တူလုပ်နိုင်လေလေပါပဲ။
✅ဘယ်သူတွေ SSD ပြောင်းသင့်လဲ?
◾️စက်ဖွင့်ရင် (Windows တက်ရင်) အရမ်းကြာနေသူတွေ၊ Software တစ်ခုခုကို နှိပ်လိုက်ရင် ပွင့်လာဖို့ အကြာကြီး စောင့်နေရသူတွေ SSD ပြောင်းသင့်ပါတယ်။
◾️စက်စဖွင့်ချင်းမှာတင် ဟန်းနေတာမျိုး၊ Copy ကူးရင် အရမ်းနှေးနေတာမျိုးဆိုရင် SSD က အဖြေပါပဲ။
✅အလုပ်တွေအများကြီး ပြိုင်တူလုပ်ချင်ရင် RAM ကိုမြှင့်ပါ။
✅စက်ဖွင့်တာ မြန်ချင်တယ်၊ Software တွေ ချက်ချင်းပွင့်ချင်တယ်ဆိုရင် SSD ပြောင်းပါ။
‼️တကယ်လို့ မိတ်ဆွေတို့စက်က အရင်ကတည်းက HDD ပဲ သုံးထားတာဆိုရင်တော့ SSD ပြောင်းလိုက်တာက မိတ်ဆွေတို့ကွန်ပျူတာ အသစ်တစ်လုံး ပြန်ဖြစ်သွားသလိုမျိုး သိသိသာသာ အမြန်ဆုံး ခံစားရစေမှာ ဖြစ်ပါတယ် 🥰
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
No(200, 208), Room No(002) 35th Street(Upper Block) Kyauktada Township
Yangon
1181