LetsHelpEachOthers
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from LetsHelpEachOthers, Political organisation, Yangon.
21/01/2021
မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းရှိ ကရင်ပြည်နယ် အပစ်နယ်မြေအတွင်း လတ်တလောဖြစ်ပွားနေသော တင်းမာမှု့နှင့် ပဋိပက္ခစစ်ပွဲများ စစ်ဘေးဒဏ်ခံနေရသော ဒေသခံပြည်သူများနှင့်ပတ်သက်၍ အရပ်ဘက်လူထုအဖွဲ့အစည်းများ၏ အိတ်ဖွင့်ပေးစာ
10/12/2020
CCC
Meeting about the Global Strategic Framework
Dec 7/8/9
2020
Strategy Board (Elected Members) Result Announce
Dec 10
LHEO
09/12/2020
Up For Human Rights
#လူကိုလူချင်း ခွဲခြားမှုကင်း စုပေါင်းကာကွယ်
ကိုဗစ်အန္တရာယ်
Rights = Labor Rights
&Ayeyawaddy
06/12/2020
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်း ဖက်မှုပပျောက်ရေးနေ့ လှုပ်ရှားမှုကို နှစ်စဉ်နှစ်တိုင်း "နို၀င်ဘာ ၂၅ ရက်နေ့မှ ဒီဇင်ဘာ ၁၀ ရက်"အထိ ၁၆ရက်တာ ကျင်းပ ပြုလုပ်ကြသည်။
မြန်မာနိုင်ငံရှိ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) Women's League of Burma (WLB)၏ အမျိုး သမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးT-Shirt Campaign လှုပ်ရှားမှုတွင် အလုပ်သမားအချင်းချင်းရိုင်းပင်းကူညီရေးအဖွဲ့(LHEO)မှ
ပူးပေါင်းပါဝင်လျှက်ရှိပါတယ်။
အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးအတွက် အားလုံးမှာ တာဝန်ရှိပါတယ်.
to Justice,End Impunity Now
#တရားမျှတမှုရရှိရေးပြစ်ဒဏ်ကင်းလွတ်ခွင့်မှရပ်တန့်ပေး
(Yangon and Ayeyawaddy)
03/12/2020
https://m.facebook.com/story.php?story_fbid=434102751308788&id=103932477659152
လူမှုဖူလုံရေးကြေးမသွင်းထားသည့်အလုပ်ရှင်ကို လူမှုဖူလုံရေးအဖွဲ့နဲ့ ဌာနဆိုင်ရာသို့တိုင်ကြား
==============================
ရန်ကုန်၊ ဒီဇင်ဘာ၊ ၃ ရက်။
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံစက်မှုဇုန်ရှိ CK Garment factory အထည်ချုပ်အလုပ်သမားများအတွေ အနေနဲ့ ဖူလုံရေးကြေးလစဉ်ဖြတ်တောက်ခံရပြီး လုပ်ငန်းရှင်မှ အစိုးရသို့ဖူလုံရေးကြေး ပေးသွင်းမှုမရှိသည့်အတွက် လူမှုဖူလုံရေးအဖွဲ့ ထံသို့တိုင်ကြားထားတယ်လို့ အလုပ်သမားတွေကပြောပါတယ်။
"လူမှုဖူလုံရေးထောက်ပံကြေး ၄၀ ရာခိုင်နှုန်းမရရှိလို့ နိုဝင်ဘာ ၁၇ ရက်ကမြောက်ဒဂုံ လူမှုဖူရေးရုံကိုသွားတိုင်ခဲ့တယ်။အဲ့ဒီနေ့မှာ နယ်မြေတာဝန်ခံဒေါ်သီတာအောင်အလုပ်မလာလို့သေချာမသိခဲ့ရဘူး။နောက်တစ်နေ့မှာ သူနဲ့ဖုန်းအဆက်အသွယ်ရပြီး စက်ရုံကဖူလုံရေးကြေးထည့်ဝင်ထားတာမရှိတာကိုသိရတယ်။သူကပြောတာမှာဖူလုံရေးကြေးရလိုတယ်ဆိုရင် ဖူလုံရေးအဖွဲ့ညွှန်ချုပ် ကိုစာပို့တိုင်ရမယ်ဆိုလို့အခုတိုင်ထားပါတယ်"လို့ CK အထည်ချုပ်စက်ရုံမှ ဒေါ်အေးအေးကြူ ကပြောပါတယ်။
အဆိုပါတိုင်ကြားစာအား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှူဖူလုံရေးအဖွဲ့ တိုင်းတာဝန်ခံအစရှိသည်တို့ကိုလည်း စာပို့တိုင်ကြားထားကြောင်းသိရပါတယ်။
"ဖူလုံရေးအဖွဲ့ကိုလည်းထည့်ဝင်ကြေးမပေးထားဘူး။နဂိုကအလုပ်သမား၂၀၀ လုပ်ခလစာတွေ ၊ အလုပ်သမားအခွင့်အရေးတွေမရလို့အလုပ်ထွက်ကုန်ကြတာ ၁၀၀ ကျော်လောက်ဘဲကျန်တယ်။စက်ရုံရှိမှန်းတောင်အပြင်ကလူဆိုဘယ်သူမှမသိကြဘူး။မုန့်တိုက်ဘဲလူသိများပြီ ာစက်ရုံကိုဂိုဒေါင်ပုံစံဖွင့်ထားတာ။လစာတွေလည်းကျန်လို့မရှင်းပေးလို့အလုပ်သမားတွေတိုင်ကြတော့မှပြန်ရှင်းပေးတာ" လို့ ယင်းကိစ္စရပ်တွေကိုလိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ အလုပ်သမားအချင်းချင်းရိုင်းပင်းကူညီရေးအဖွဲ့ LHEO ရဲ့ ဦးဆောင်အဖွဲ့ဝင် ဒေါ်နန်းစိုးကပြောပါတယ်။
အဆိုပါအထည်ချုပ်စက်ရုံသည် စက်ရုံအကြီးများမှရရှိသည့်အော်ဒါများကိုတစ်ဆင့်ပြန်ယူ၍လည်ပတ်နေသောစက်ရုံဖြစ်ပြီး လက်ရှိတွင်အလုပ်သမား ၁၀၀ ကျော်ခန့်ရှိကာ Zara Brand ချုပ်နေခြင်းဖြစ်ကြောင်းသိရပါတယ်။
News-Wai Yan
Editor-Nay Chi
photo-LHEO
02/12/2020
https://m.facebook.com/story.php?story_fbid=433393891379674&id=103932477659152
အနည်းဆုံးအခကြေးငွေ ၁၄၄၀၀၀ ကျပ် အပြည့်အဝမရရှိတဲ့အလုပ်သမား၂၀၀ ကျော်က အ၊လ၊ည သို့ တိုင်ကြား
================================
ရန်ကုန်၊ ဒီဇင်ဘာ၊ ၂ ရက်။
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပ စက်မှုဇုန်ရှိ အလုပ်သမားဦးရေ ၂၀၀ ခန့်ရှိသော Golden brothers Group စက်ရုံမှအလုပ်သမားများအနေဖြင့် အနည်းဆုံးလုပ်ခလစာ အပြည့်အဝမရရှိတဲ့ အတွက် ရှစ်မိုင်ရှိ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနရုံးသို့ နိုဝင်ဘာ ၁၇ ရက်တွင်တိုင်ကြားထားတယ်လို့ အဆိုပါ အလုပ်သမားတွေက Myanmar Labour News ကိုပြောပါတယ်။
"ကျွန်တော်တို့ စက်ရုံမှာဝန်ထမ်းဦးရေ၂၀၀ လောက်ရှိတယ်။အကုန်လုံးနီးပါးက တစ်သိန်းသုံးသောင်းလောက်ဘဲအများဆုံးရကြသေးတယ်။အနည်းဆုံးအခကြေးငွေဥပဒေကိုချိုးဖောက်ထားတဲ့အတွက် ရှစ်မိုင်အလုပ်သမားညွှန်ကြားမှုဦးစီးဌားနကိုတိုင်ထားတာပါ။စက်ရုံမှာကျန်းမာရေးအရ အိမ်သာဆိုလျှင်လည်း ၃ လုံးဘဲရှိတာမှာ ၂ လုံးဘဲသုံးခွင့်ပြုထားတော့အဆင်မပြေတာတွေရှိတယ်။ထမင်းစားဖို့နေရာမရှိအဆင်ပြေသလိုစားနေကြရတာတွေရှိတယ်"လို့ Golden brother Group စက်ရုံ အလုပ်သမားများကိုယ်စားဦးဆောင်တိုင်ကြားခဲ့တဲ့ ဦးသော်ဇင်ဦးကပြောပါတယ်။
အဆိုပါစက်ရုံရှိ အလုပ်သမားများအနေဖြင့် ဖူလုံရေးကြေးပေးဆောင်၍ ဖူလုံရေးအကျိုးခံစားများရယူလိုသော်လည်း စက်ရုံအနေဖြင့် မြို့နယ်ဖူလုံရေးရုံးသို့စာရင်းသွင်း၍ မှတ်တမ်းတင်ထားခြင်းမရှိဘူးလို့ဆိုပါတယ်။
https://www.facebook.com/myanmarlabournews/
"သူကအရက်ကုန်ကြမ်းယူပြီး ကုန်ချောအဖြစ်အမည်အမျိုးမျိုးနဲ့ထုတ်တဲ့စက်ရုံပါ။ အဲ့ဒီစက်ရုံကအလုပ်သမားအင်အား ၂၀၀ နီးပါးရှိပြီးတော့ အနည်းဆုံးအခကြေးငွေလုပ်ခလစာကိုအပြည့်အဝမရကြဘူး။တစ်သိန်းနှစ်သောင်း၊ တစ်သိန်းသုံးသောင်းဘဲရကြတယ်။ဖူလုံရေးကြေးအလုပ်သမားတွေကထည့်ချင်တော့ မြောက်ဒဂုံမှာရှိတဲ့ဖူလုံရေးဦးစီးဌာနကိုဆက်သွယ်တင်ပြတဲ့အခါမှာတော့ ဖူလုံရေးအဖွဲ့က ဒီဌာနကဖူလုံရေးထည့်ဝင်ရမဲ့ဌာနဖြစ်ပေမဲ့ ဘာဖြစ်လို့မထည့်တာလဲဆိုပြီး စည်းကြပ် မှုလုပ်ရမှာ အဲ့ဒီလိုမဟုတ်ဘဲ ကိုယ်တိုင်ကိုကျလုပ်ပါဆိုပြီးအလုပ်သမားတွေကိုပြန်ပြောတယ်"လို့ အလုပ်သမားအချင်းချင်းရိုင်းပင်းကူညီရေးအဖွဲ့ရဲ့ဒါရိုက်တာ ဦးပြည်ပိုင်ကိုကိုက ကပြောပါတယ်။
Golden Brothers Group စက်ရုံသည် မန်းရှယ်မန်ကျည်းအရက်၊ မန်းအရက်၊ A1ရှန်ပိန်၊ A1အရက်သန့်၊ စူပါသံပရာ၊ လန်းတယ်အရက် ၊ မြို့တော်အရက်၊ ရွှေပြည်တော်အရက်G star BEအရက်၊ BEပုံး၊ သဘာဝဆေးပေါင်းအရက်တို့ကိုထုတ်လုပ်နေကြောင်းသိရပါတယ်။
News-Wai Yan
Editor - Nay Chi
photo-LHEO
30/10/2020
https://m.facebook.com/story.php?story_fbid=405829110802819&id=103932477659152
ရန်ကုန်နဲ့ပုသိမ် စက်မှုဇုန်က စက်ရုံအချို့မှာ ခန္ဓာကိုယ် ကိုတိုက်ရိုက်ဆေးဖြန်းလို့ အလုပ်သမားအချို့ အရေပြားဝေဒနာခံစားနေရ ဟုဆို
================================
ရန်ကုန်၊ အောက်တိုဘာ၊ ၂၉ ရက်။
ရန်ကုန်နဲ့ပုသိမ် စက်မှုဇုန်က စက်ရုံအချို့မှာ အလုံခန်းလေးတွေလုပ်ပြီး ပိုက်ကတဆင့်အလုပ်သမားတွေရဲ့ ခန္ဓာကိုယ်ကို တိုက်ရိုက်ဆေးဖြန်းတာတွေ လုပ်ဆောင်လာကြောင်း သိရပါတယ်။ အလုပ်သမားတွေဟာ mask တပ်ပြီး အလုံခန်းထဲဝင် တိုက်ရိုက်ဆေးဖြန်းခံရတာကြောင့် Mask မှာ ဆေးအနံ့ အသက်တွေစွဲနေပြီး အသက်ရှုလိုက်တိုင်း ဆေးအနံ့တွေကို ရှုနေရသလိုဖြစ်တာကြောင့် အလုပ်သမားတွေဟာ ခေါင်းမူးခြင်း ခေါင်းကိုက်ခြင်းနှင့် အရေပြားမှာ အနာပေါက်ခြင်းတို့ ခံစားနေရတယ်လို့ သိရပါတယ်။
“ကျနော်တို့ ကိုဗစ် ပထမလှိုင်းစထဲက ခန္ဓာကိုယ်ပေါ် တိုက်ရိုက်ဆေးဖြန်းတဲ့ ကိစ္စကို စက်ရုံတချို့မှာ လုပ်တယ်ပေါ့နော် အဲ့ဒါက အကျိုးသက်ရောက်မှုမရှိဘူးဆိုတာကို ကျန်းမာရေးဌာနက ထုတ်ပြန်ထားပြီးသားပါ။ထုတ်ပြန်ချက်က ဒီလိုမျိုး မှန်ကန်တဲ့နည်းလမ်းမဟုတ်ဘူး နောက်ပြီးတော့ လူခန္ဓာကိုယ်ပေါ်ကို တိုက်ရိုက် ဆေးဖြန်းတာ လုပ်ခွင့်မပြုဘူး ဆိုတာ သူတို့စာထုတ်ပြန်ထားတယ်။ တစ်ဖက်မှာလဲ WHO ကနေ ဒါဟာ မှန်ကန်တဲ့ နည်းလမ်းမဟုတ်ဘူးလို့ စာထုတ်ပြန်ထားပါတယ်။ ပထမလှိုင်းမှာ တော့ စက်ရုံတချို့က ဆက်မလုပ်ပဲရပ်သွား ကြတယ်ပေါ့ အခုဒုတိယလှိုင်း ပြန်စတဲ့အခါမှာ ရန်ကုန်နဲ့ ပုသိမ်စက်ရုံတချို့က လုပ်လာကြတယ်။ ကျနော်တို့ LHEO အနေနဲ့ ကျနော်တို့နဲ့ ထိစပ်ထားတဲ့ စက်ရုံတွေ သမဂ္ဂရှိတဲ့ စက်ရုံတွေမှာ လောလောဆယ်ကတော့ စက်ရုံမန်နေဂျာတွေနဲ့ တွေ့ဆုံဆွေးနွေးမှုလုပ်ဖို့ အလုပ်သမားတွေရဲ့ ကျန်းမာရေးနဲ့ ဆိုင်တဲ့ ကိစ္စဖြစ်တဲ့အတွက် ဆွေးနွေးနေပါတယ်။ ဆက်ပြီးတော့ မလုပ်တော့ဘဲ ရပ်သွားတဲ့ စက်ရုံတွေလဲရှိပါတယ်။ ဆွေးနွေးတဲ့ အပေါ်မှာ ဘယ်လိုအဖြေရလဒ် ထွက်လာလဲဆိုတာတော့ ဆက်ပြီးတော့ စောင့်ကြည့်ရမှာပေါ့” လို့ ယင်းဖြစ်စဉ်နဲ့ ပတ်သက်လို့ အလုပ်သမားအချင်းချင်းရိုင်းပင်းကူညီရေးအဖွဲ့ ဒါရိုက်တာ ဦးပြည်ပိုင်ကိုကိုက ပြောပါတယ်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့အောက်မှာရှိတဲ့ လုပ်ငန်းခွင်နှင့် ပတ်ဝန်းကျင် ကျန်းမာရေးဌာနခွဲ နှင့် ကျန်းမာရေးအသိပညာ မြင့်တင်ရေး ဌာနခွဲက နေပြီးတော့ မေလ ၁၉ ရက်နေ့က ကလိုရင်းပါဝင်သော ဆေးရည်များကို လူခန္ဓာကိုယ်ပေါ်ကို တိုက်ရိုက် ဆေးဖြန်းခြင်း လုံးဝမပြုလုပ်ရကြောင်း သတိပေးထုတ်ပြန်ချက်ထုတ်ခဲ့တာဖြစ်ပါတယ်။
Myanmar Labour News
https://www.facebook.com/myanmarlabournews/
“ကျနော်တို့က တော့ အဲ့ဒီကိစ္စမသိသေးပါဘူး ဒါပေမယ့် ဆေးဖြန်းဖို့ ကျနော်တို့ခွင့်မပြုထားပါဘူး အဲ့ ဒါတွေက အန္တရာယ်ရှိပါတယ် လူကိုဆေးဖြန်းလို့မရပါဘူး အသက်ရှုလမ်းကြောင်းကို ဒုက္ခပေးတယ် ကလိုရင်းတွေက အမှန်က လူကိုဆေးဖြန်းတဲ့ အလုပ်လုံးဝမလုပ်ရပါဘူး တားမြစ်ထားပါတယ်” လို့ ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းကျန်းမာရေးမှူး ဦးသန်းထွန်းအောင်က Myanmar Labour News သို့ပြောပါတယ်။
“ကျနော်တို့စက်ရုံက ၂၂ရက်နေ့က စပြီးစက်ရုံအဝင်မှာ အလုံပိတ်အခန်းလေး လုပ်ပြီး ဆေးလွှတ်တာပေါ့ ဝန်ထမ်းတွေက အဲ့ဒီကနေ Mask တပ်ပြီးတော့ ဝင်သွားရတယ် အချို့တွေဆို ထမင်းချိုင့်တွေပါ ပါတယ် ဘေးနားမှာ မချခဲ့ရဘူး၊ Mask တပ်ပြီးတော့ ဝင်သွားတယ် အဲ့ဒါနဲ့ဘဲ တနေ့ကုန် အလုပ်လုပ်တယ် အချို့ဝန်ထမ်းတွေဆို ခန္ဓာကိုယ်တွေယားတာတွေ အချို့ဆို အသက်ရှုကျပ်တာတွေဖြစ်တယ်။ ကျန်းမာရေးဝန်ကြီးဌာနကနေလဲ အဲ့ဒါကိုလုပ်ဖို့ကို ခွင့်မပေးထားဘူးပေါ့နော်။ ဒီနေ့ကတော့ စက်ရုံမန်နေဂျာကို ညှိနှိုင်းဖို့စာတင်တယ် စာတင်တော့ မန်နေဂျာက ၁နာရီလောက်ကြာတော့ အကြောင်းကြားတယ် သူလဲမသိဘူး အဲ့ ဒီဆေးပေါ်မှာ တရုတ်လိုပဲရေးထားတော့ ဘာဆေးလဲဆိုတာ မသိဘူး လို့ပြောပါတယ်။ သူလုပ်တာမဟုတ်ပါဘူး စက်ရုံပိုင်ရှင်က လုပ်ခိုင်းလို့ ပါလို့ ပြောတယ် ဒါပေမယ့် မနက်ဖန်က စပြီးတော့ ဆက်မလုပ်တော့ပါ ဘူးလို့တော့ပြောတယ်” လို့ Myanmar Knitting သိုးမွေးစက်ရုံ အလုပ်သမားသမဂ္ဂ အတွင်းရေးမှူး ဦးအောင်ဆန်းဦးက ပြောပါတယ်။
ရန်ကုန်မှာလဲ ပထမလှိုင်းတုန်းက ၃ လလောက် စက်ရုံမှာ ဆေးဖြန်းခြင်းခံခဲ့ရလို့ ခုထက်ထိ အရေးပြားယားယံခြင်း ခေါင်းမူးဝေခြင်းတွေခံစားခဲ့ရတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွေပေါက်ကံ စက်မှုဇုန် KPH မှ ဝန်ထမ်းတစ်ဦးမှ အခုလိုပြောပြပါတယ် ။
“ ခေါင်းစွပ်တော့ စွပ်ရထားပေမယ့် မလုံတော့ ဆံပင်တွေအရမ်းကျွတ်တယ် ပြီးတော့ ခန္ဓာကိုယ်တွေက အဝတ်အစားတွေနဲ့ ဖုံးထားပေမယ့် လက်တို့လည်ပင်းတို့ကြတော့ မရတော့ အများစုကလည်ပင်းတွေမှာ
ယားနာတွေဖြစ်ပြီးတော့ အနာပုံစံမျိုးတွေဖြစ်လာတယ် အချို့ဆိုရင် Mask တွေမှာပါ အနံတွေစွဲပြီးတော့ မူးတာတို့ အန်တာတို့တွေပါဖြစ်တယ် အလုပ်မလုပ်နိုင်လောက်တဲ့ အထိဖြစ်တယ် အဲ့လို့ဖြစ်တဲ့လူတွေကို နောက်နေ့ကျမဝင်ခိုင်းတော့ဘဲ ကျန်တဲ့လူတွေဝင်ခိုင်းတယ် နောက်နေ့က အဲ့ဒီလူတွေပြန်ဝင်ခိုင်းတယ် ၃လလောက်ထိ ဝင်လိုက်ရတယ် အခုဒီ ၁၀လပိုင်း ၁၅ရက်နေ့ ပြန်ဖွင့်တော့ မှသာ ပြောပါများလို့ မဝင်ခိုင်းတော့ တာ ဒါပေမယ့် အရင်က ဆေးထိထားတဲ့ နေရာတွေက ခုထိ ယားနာတွေဖြစ် အနာရွတ်တွေဖြစ်နေတုန်းပဲ" လို့ ၎င်းက Myanmar Labour News ကို ပြောပြပါတယ်။
27/10/2020
ကိုဗစ် ဒုတိယလှိုင်းထဲမှာ
ရန်ကုန်နဲ့ပုသိမ်ကစက်ရုံအချို့က
အလုံခန်းလေးတွေလုပ်ပြီး
ပိုက်ကတဆင့်အလုပ်သမားတွေရဲ့ ခန္ဓာကိုယ်ကို တိုက်ရိုက်ဆေးဖြန်းတာတွေ
လုပ်ဆောင်လာကြောင်း
အလုပ်သမားတွေဆီက တဆင့်သိရပါတယ်။
အလုပ်သမားတွေဟာ mask တပ်ပြီး
အလုံခန်းထဲဝင်
တိုက်ရိုက်ဆေးဖြန်းခံရတာကြောင့်
Mask မှာ ဆေးအနံအသက်တွေစွဲနေပြီး
အသက်ရူလိုက်တိုင်း
ဆေးအနံတွေကိုရူနေရသလိုဖြစ်တာကြောင့် အလုပ်သမားတွေဟာ ခေါင်းမူးခြင်း
ခေါင်းကိုက်ခြင်းတွေကို ခံစားခဲ့ရပါတယ်။
၃ ရက်လောက်အကြာမှာ
အလုပ်သမားတချို့ရဲ့မျက်နှာတေွ
ခန္ဓာကိုယ်တွေ ယားယံလာကြပြီး
အနာတွေဖြစ်လာပါတယ်။
ယားလို့ကုတ်တဲ့နေရာမှာ အနာတွေဖြစ်ကုန်ပါတယ်။
၁၀ ရက်လောက်အကြာမှာတော့
တချို့အလုပ်သမားတွေမှာ
ဆံပင်ကျွတ်ခြင်း ဆံပင်ကိုဆွဲလိုက်ရင်
ပြတ်ထွက်ခြင်းစသော
ပြောင်းလဲခြင်းတွေကိုပါ
လက်တွေ့ခံစားလာရပါတယ်။
ဒါက အလုပ်သမားတွေခံစားရတဲ့
အပြင်ဘက်အခြေအနေတွေကို မေးမြန်းမှတ်တမ်းတင်ထားလို့ရတဲ့ အခြေအနေတွေပါပဲ။
အခြားမမြင်နိုင်မသိနိုင်တဲ့ ခန္ဓာကိုယ်အတွင်းပိုင်းအခြေအနေတွေ ဘယ်လောက်
သက်ရောက်သွားနိုင်လဲတော့
မသိနိုင်ပါ။
ဒီလို အလုံခန်းလုပ်ပြီး ဆေးဖြန်းတဲ့စက်ရုံ တွေထဲမှာ အလုပ်သမားတွေလက်မခံလို့
ဆက်မလုပ်တော့တဲ့စက်ရုံတချို့ရှိသလို
ခေါင်းမူးလို့ပါပြောတဲ့ အလုပ်သမားမဝင်နဲ့
ကျန်တဲ့အလုပ်သမားဝင်ဆိုပြီး
ဆက်ဝင်ခိုင်းနေတဲ့စက်ရုံတချို့လည်းရှိသလို
အခုရက်ပိုင်းမှစပြီးဆေးဖြန်းနေတဲ့
စက်ရုံတွေလည်းရှိလာပါတယ်။
ဒီလို ခန္ဓာကိုယ်ပေါ်ကိုတိုက်ရိုက်ဆေးဖြန်းခြင်းကို သက်ဆိုင်ရာမြို့နယ်ကျန်းမာက
ခွင့်ပြုလို့လုပ်နေတာလား
ဒါမှမဟုတ် အလုပ်ရှင်လားဆိုတာ
သေချာတဲ့အဖြေကို မန်နေဂျာတွေက မပေးကြပါဘူး။
ရန်ကုန်ကစက်ရုံတွေ ပြန်ဖွင့်တော့ Test Kit စစ်သလို စက်ရုံအကုန်လုံးလိုလို တပုံစံထဲ တလိုင်းတယောက် super leader စာရေးမ တွေသင်တန်းတက်ပြီး စစ်ဆေးခဲ့တုန်းကလို တဖွဲ့ဖွဲ့ အုပ်စုတစုကပြောတဲ့ guideline အတိုင်းလုပ်နေသလိုပဲ။
test kit တုန်းကလည်း သတင်းတက်လာတာမြန်လို့
ဒါတောင်စက်ရုံတွေအတော်များများ
သင်တန်းပေးပြီးနေပြီ။
ခန္ဓာကိုယ်ပေါ်တိုက်ရိုက်ဆေးဖြန်းခြင်းကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန(MOHS)နဲ့ ကမ္ဘာကျန်းမာရေးအဖွဲ့(WHO)တို့က ခွင့်ပြုမထားပါဘူး။
ခန္ဓာကိုယ်ပေါ်တိုက်ရိုက်ဆေးဖြန်းခြင်းနဲ့ပက်သက်ပြီးကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကလည်း
စာထုတ်ပြန်ထားပါတယ်။
ဒါကြောင့် ဆေးဖြန်းခြင်းကြောင့် အလုပ်သမားတွေခံစားရတဲ့ ကျန်းမာရေးပြသာနာအဝဝကို
စက်ရုံဘက်က
မဖြစ်မနေတာဝန်ယူပေးရမှာဖြစ်ပါတယ်။
26/10/2020
COVID-19 ကြောင့် အလုပ်ပိတ်ရက်များနှင့် SSB 40% အကျိုးခံစားခွင့် အကြောင်း အသိပညာပေး သင်တန်း
(25.10.20)
26/10/2020
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏
အမိန့်အမှတ် ၁၃၄/၂၀၂၀ အရ
Stay at Home မြို့နယ်များမှ
စက်ရုံ အလုပ်ရုံ အလုပ်ဌာနများမှ အလုပ်သမားများအား
၂၂.၁၀.၂၀ ရက်နေ့မှစတင်ပြီး
လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်နိုင်ကြောင်း။
Source - MOHS
18/10/2020
အထည်ချုပ်စက်ရုံအလုပ်သမားများအား
Covid-19 ဘေးအန္တရာယ်ကင်းရှင်းရေး
အသိပညာပေးသင်တန်း
18.10.2020(Sunday)
16/10/2020
အထည်ချုပ်စက်ရုံအလုပ်သမားများအား
Covid-19 ဘေးအန္တရာယ်ကင်းရှင်းရေး
အသိပညာပေးသင်တန်း
16.10.2020(Friday)
Click here to claim your Sponsored Listing.
Category
Website
Address
Yangon