Mighty Days

Mighty Days

Share

~ အမှတ်တရနေ့ရက်များ ကျန်ရစ်ဖို့ Mighty Days ဖြင့်ခရီးသွားကြပါစို့ ~

ခရီးသွားကုမ္ပဏီထက်ပိုသည့် နွေးထွေးသော ၀န်ဆောင်မှုများ နှင့် အတူလူကြီးမင်းတို့၏ စိတ်ကူးအိမ်မက်ထဲက ပျော်ရွှင်စရာ ခရီးစဉ်တွေကို ဖန်းတီးပေးရန် မခုဘဲ ဆက်သွယ်လိုက်ဖို့တိုက်တွန်းလိုက်ပါရစေ။
Requirement of Travel Information, Services and Package is what we assist.

Photos from Mighty Days's post 22/07/2025

မိုက်တီးဧည့်သည်တော်များ အတွက် မိုက်တီးလေးများက ပြည်တွင်းခရီးစဉ်လက်မှတ်များကို စျေးနှုန်းချိုသာစွာနဲ့ ဝယ်ယူနိုင်ဖို့ JJ Express နဲ့ စီစဉ်ပေးလိုက်ပါပြီ။

ယခုလက်တလော ပြေးဆွဲနေတဲ့ JJ Express ၏နေ့စဉ်ပုံမှန်ခရီးစဉ်များကတော့

✅ရန်ကုန်မန္တလေး
✅ရန်ကုန်နေပြည်တော်
✅ရန်ကုန်ပုဂံ‌ညောင်ဦး
✅ရန်ကုန်တောင်ကြီး
✅ရန်ကုန်ပြင်ဦးလွင်
✅မန္တလေးတောင်ကြီး
✅မန္တလေးပုဂံညောင်ဦး
✅မန္တလေးနေပြည်တော် တွေပဲ ဖြစ်ပါတယ်။

မဖြစ်မနေယူဆောင်ရမှာလေးကတော့ **မှတ်ပုံတင်မူရင်းနဲ့ထောက်ခံစာလေးတွေပါ။

👉💸💸💸Kpay, AYApay နဲ့ပေးချေပြီးလက်မှတ်ဝယ်လို့ရပါတယ်။

ကားလက်မှတ်ဝယ်ယူလိုလျှင် KbzPay တို့ဖြင့် ငွေကြိုလွှဲရပါမည်။
ငွေလွဲဝင်ပြီးပါက ကားလက်မှတ်ကို Viber ကနေ ပြန်လည်ပို့ပေးပါသည်။

🙏🙏🙏ကဲ မိုက်တီးလေးများ အသွားအပြန်လက်မှတ်များဝယ်ယူအားပေးလို့ရပါပြီ။

ခရီးစဉ်အသေးစိတ်ကို သိချင်တယ်ဆိုရင်တော့ မိုက်တီးတို့ရဲ့ Chat Box မှာ လာရောက်မေးမြန်းနိုင်သလို ဖုန်းနံပါတ် 09 95173 9090, 01 375469 သို့မဟုတ် 09450528599, 09785015130 Viber မှ တဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
ဒါ့အပြင် မိုက်တီးတို့ရဲ့ ရုံးခန်းဆီလာပြီးတော့လည်း စုံစမ်းနိုင်ပါတယ်နော်။
Mighty Days Travel, The Mighty Myanmar Travel
တိုက်အမှတ် - ၁၃၊ မြေညီထပ် (အခန်း -၂)၊ ဦးဝိစာရအိမ်ရာ၊ မင်းမနိုင်ရပ်ကွက်၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - 09 95173 9090, 01 375469

Photos from Mighty Days's post 24/06/2025

🚢ဇွန်လနှင့် ဇူလိုင်လ Genting Dream အပျော်စီးသင်္ဘောခရီးစဉ်များအတွက် ဘိုကင်တင်လိုက်ပါ။

🧳အပျော်စီးသင်္ဘောခရီးစဉ်များကို ကြိုက်နှစ်သက်ကြတဲ့ ဧည့်သည်တော်ကြီးများအတွက် စင်ကာပူက စထွက်ပြီး မလေးရှားနှင့် ဖူးခက်မြို့များကို သွားလာလည်ပတ်နိုင်ဖို့ ဇွန်လနှင့် ဇူလိုင်လတွေမှာ ထွက်ခွာမယ့်ခရီးစဉ်ရက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

⚡️❗️July 31 မတိုင်ခင် ဘိုကင်တင်မယ်ဆို "Set Sail to Savings" အပြင် 3rd / 4th person free လျှော့ဈေးအစီအစဉ်လေးလဲ ရှိနေတဲ့အတွက် ဈေးနှုန်းလေးလဲ သက်သာအုံးမှာနော်။

ခရီးစဉ်နဲ့ ထွက်ခွာမယ့်ရက်လေးကို အောက်မှာကြည့်လို့ရပါတယ်နော်။

(၂)ညအိပ် - စင်ကာပူ - မလက္ကာ - စင်ကာပူ ခရီးစဉ်
ထွက်ခွာမည့်ရက်
June 1, 8, 15, 22, 29
July 6, 13, 20, 27

(၂)ညအိပ် - စင်ကာပူ - High Sea - စင်ကာပူ ခရီးစဉ်
ထွက်ခွာမည့်ရက်
June 6, 13, 20, 27
July 4, 11, 18, 25

(၃)ညအိပ် - စင်ကာပူ - ပီနန်း - မလက္ကာ - စင်ကာပူ ခရီးစဉ်
ထွက်ခွာမယ့်ရက်
July 1, 15, 29

(၃)ညအိပ် - စင်ကာပူ - ဖူးခက် - စင်ကာပူ ခရီးစဉ်
ထွက်ခွာမယ့်ရက်
June 3, 10, 17, 24
July 8, 22

💢ဈေးနှုန်းလေးတွေက travel date ပေါ်မူတည်ပြီး အပြောင်းအလဲလေးရှိတာမို့ မိမိသွားချင်တဲ့ ခရီးစဉ်လေးရဲ့ အသေးစိတ် trip plan လေးကို Page Messenger မှာ မေးလို့ရသလို အောက်မှာ ပေးထားတဲ့ ဖုန်းနံပါတ်ကိုလည်း တိုက်ရိုက်ဆက်သွယ်ပြီး မေးမြန်းနိုင်ပါတယ်ရှင်💢

ရုံးဖုန်း - 09 951739090

Photos from Mighty Days's post 11/03/2025

ပန်းပိတောက်နဲ့အပြိုင်နှစ်သစ်ချိန်မှာ
ပွင့်လန်းပါသောချစ်သောငုဝါ

ပိတောက်ကသစ္စာမရှိတော့ပေမဲ့
ငုဝါကတော့သစ္စာရှိနေတုန်းပဲ💛

သိပ်လှတဲ့နွေရာသီပိတ်ရက်ရှည်ကလည်း
ခရီးသွားမိတ်ဆွေများကို ငုဝါနဲ့အတူ
အမြဲသစ္စာရှိနေပါတယ်🩵

ပျော်စရာခရီးသွားရာသီလေး ဖြစ်ပါစေလို့
မိုက်တီးမိသားစုမှ ဆုတောင်းလိုက်ပါတယ်နော်💙

#ငုဝါပန်း💛

31/12/2024

*🌟✨ Happy New Year 2025! ✨🌟*
As we step into a brand-new year, we at *Mighty Days* are filled with gratitude for your trust and support in making your travel dreams come true. 🌍✈️

Thank you for trusting us to be your travel partner.This year, let’s create more memories, explore new destinations, and make every journey unforgettable. 🗺️

🎉 Cheers to a year filled with love, laughter, and everything you've been wishing for!

🙏May this year bring new adventures, big dreams, and beautiful moments.

HAPPY NEW YEAR!









http://www.themightymyanmar.com

12/09/2024

🤩Singapore airlines ရဲ့ Virtual Travel Fareလေး လာပါပြီ 🤩

ဒီ Event‌ လေးကို 2024, September 12-26 ထိ 15ရက်ကြာ ကျင်းပသွားမှာဖြစ်ပြီး၊ Singapore airlines ရဲ့ အထူး Promotion လက်မှတ်တွေ ဝယ်ယူရင်း အမှတ်တရလက်ဆောင်ပစ္စည်းတွေလည်း ပါဝင်ကံစမ်းနိုင်မယ့် အခွင့်အရေးဖြစ်ကြောင်း သတင်းကောင်းလေး ပါးလိုက်ပါရစေရှင့်🤗🤗

လက်မှတ်ဝယ်ယူရင်း ရရှိနိုင်တဲ့ ကံစမ်းမဲ အခွင့်အရေးတွေကတော့......

𝐏𝐀𝐍 𝐏𝐀𝐂𝐈𝐅𝐈𝐂၊ 𝐏𝐀𝐑𝐊𝐑𝐎𝐘𝐀𝐋၊ 𝐀𝐇𝐓𝐈𝐍𝐊𝐀𝐘𝐀နဲ့ 𝐄𝐒𝐊𝐀𝐋𝐀အစရှိတဲ့Hotels တွေမှာ 𝐅&𝐁 𝐝𝐢𝐬𝐜𝐨𝐮𝐧𝐭𝐬 တွေနဲ့ အထူး discount အခန်းဈေးနှုန်း‌တွေနဲ့ တည်းခိုခွင့်များ ပါဝင်တာမို့ လက်မှတ်လေးတွေ အမြန်ဝယ်ယူပြီး ကံစမ်းလိုက်ကြပါစို့ 😍

အသေးစိတ် သိချင်လို့ဖြစ်ဖြစ်၊ စိတ်ဝင်စားပြီး လေယာဉ်လက်မှတ် စုံစမ်းချင်လို့ဖြစ်ဖြစ်ဆိုရင်
ဖုန်းနံပါတ် / Viber နံပါတ် 𝟎𝟗𝟗𝟓𝟏𝟕𝟑𝟗𝟎𝟗𝟎, 𝟎𝟗𝟒𝟓𝟎𝟓𝟐𝟖𝟓𝟗𝟗, 𝟎𝟗𝟕𝟖𝟓𝟎𝟏𝟓𝟏𝟑𝟎 တို့ကို သို့မဟုတ် page massenger မှာ ဟယ်လို၊ ဟယ်လို လိုက်နော်🤙🏻😊


ရုံးသို့ ကိုယ်တိုင်လာရောက်စုံစမ်းလိုပါက
🏢 𝐀𝐝𝐝𝐫𝐞𝐬𝐬: Building 13, Room (2/ G Floor), U Wi Sara Avenue,
Min Manaing Quarter, Dagon Township, Yangon သို့ လာရောက် စုံစမ်းနိုင်ပါတယ်ရှင့်။

ဝန်ဆောင်မှုပေးဖို့ မိုက်တီးအဖွဲ့သားများ အသင့်ရှိပါကြောင်း သတင်း‌ကောင်းလေးပါးလိုက်ပါတယ်နော်🥰🥰

Photos from Mighty Days's post 29/01/2024

၂၀၂၄ ခုနှစ်ရဲ့ဘူတန်ခရီးစဥ် ပြန်လာပါပြီဗျိုး ~~~~

နွေဦးပေါက်ရာသီမှာ စိမ်းစိုပြီး လှပနေတဲ့မြင်ကွင်းတွေနဲ့ ဘူတန်နိုင်ငံကို လည်ပတ်ဖို့ ခရီးစဥ်တွေ ရှိပါတယ်နော်။ ဒီတစ်ခေါက်ကတော့ ခရီးစဥ်ဦးဆောင်သူ မပါဘဲ ကိုယ့်ဘာသာကိုယ် သီးသန့် သွားလို့ရတဲ့ခရီးစဥ်လေးပဲ ဖြစ်ပါတယ်။

ခရီးစဥ်ဦးဆောင်သူ (တိုးလီဒါ) မပါဘဲ ကိုယ့်ဘာသာကိုယ် သီးသန့်သွားလည်ခဲ့သူများစွာအတွက် အကောင်းဆုံးစီစဥ်ခဲ့ပေးတဲ့အတွေ့အကြုံနဲ့အတူ မိုက်တီးတို့ရဲ့ ခရီးစဥ်မှာ ဘာတွေပါလဲဆိုတော့ -

• မီးပွိုင့်မရှိတဲ့နိုင်ငံရဲ့မြို့တော် သင်ဖူးမြို့ညအလှနဲ့နာရီစင်
• မြို့တော်မှာရှိတဲ့ တော်ဝင်မိသားစုနေထိုင်ရာ နန်းတော်၊ ထူးခြားခမ်းနားတဲ့ အစိုးရရုံးများ
• ဟိမဝန္တာရေခဲတောင်ထိပ်ရှုခင်းတွေကို ရင်သပ်ရှုမောဖွယ်ခံစားနိုင်ပြီး စေတီပေါင်း ၁၀၈ ဆူရှိတဲ့ Dochula Pass
• ကြီးကျယ်ခမ်းနားတဲ့ Punakha Dzong
• ကမ္ဘာ့အမြင့်ဆုံးရုပ်ပွားတော် စာရင်းထဲမှာ ပါဝင်တဲ့ Dordenma Statue
• ပေပေါင်း ၁၀,၀၀၀ ကျော်မြင့်တဲ့ တောင်ပေါ်ကျောက်နံရံကြားက Tiger's Nest ဘုရားကျောင်း
• သားမင်း တိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောင့်ရေးစင်တာ
• ဘူတန်ရိုးရာ သားဆုပန်နတ်ကွန်း တို့အပြင် အခြားသော လည်ပတ်စရာတွေ ပါဝင်ပါသေးတယ်။

ခရီးစဥ်ဈေးနှုန်း (တိုးလီဒါ မပါပါ)
တစ်ယောက်တည်း သီးသန့် - တစ်ဦးလျှင် USD 2,570/.
နှစ်ယောက်အဖွဲ့ - တစ်ဦးလျှင် USD 2,460/.
(၃-၄) ယောက်အဖွဲ့ - တစ်ဦးလျှင် USD 2,365/.
(၄-၆) ယောက်အဖွဲ့ - တစ်ဦးလျှင် USD 2,285/.
(၇-၁၀) ယောက်အဖွဲ့ - တစ်ဦးလျှင် USD 2,235/.

ဒီဈေးနှုန်းမှာ ဘာတွေပါလဲ။
• ဘန်ကောက် - ဘူတန် - ဘန်ကောက် Economy class လေယာဥ်လက်မှတ်
• အစားအသောက်များ
• ကြယ်သုံးပွင့်အဆင့်ရှိ ဟိုတယ်များတွင် တည်းခိုခွင့်
• အဆင့်မြင့်အဲကွန်းကားများဖြင့် အကြိုအပို့
• ဒေသခံဧည့်လမ်းညွှန်
• ခရီးစဥ်တစ်လျှောက် ဝင်ကြေးများ
• ဘူတန်ဗီဇာနှင့်ခရီးသွားအာမခံ

(ရန်ကုန်-ဘန်ကောက်-ရန်ကုန် လေယာဥ်လက်မှတ်နဲ့ တစ်သီးပုဂ္ဂလအသုံးစရိတ်ကလွဲရင် အကုန်ပါပြီးသားဖြစ်ပါတယ်။)

ခရီးစဉ်အသေးစိတ်ကို သိချင်တယ်ဆိုရင်တော့ မိုက်တီးတို့ရဲ့ Chat Box မှာ လာရောက်မေးမြန်းနိုင်သလို ဖုန်းနံပါတ် 09 95173 9090, 01 8384834 သို့မဟုတ် Viber မှ တဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
ဒါ့အပြင် မိုက်တီးတို့ရဲ့ ရုံးခန်းဆီလာပြီးတော့လည်း စုံစမ်းနိုင်ပါတယ်နော်။
Mighty Days Travel, The Mighty Myanmar Travel
တိုက်အမှတ် - ၁၃၊ မြေညီထပ် (အခန်း -၂)၊ ဦးဝိစာရအိမ်ရာ၊ မင်းမနိုင်ရပ်ကွက်၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - 09 95173 9090, 01 8384834

29/10/2023

"သီတင်းကျွတ် လပြည့်နေ့"

မိုက်တီးဧည့်သည်တော်များအားလုံး စိတ်၏ကျန်းမာခြင်း၊ ကိုယ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

Photos from Mighty Days's post 08/08/2023

🇦🇪 TikTok ရဲ့ 2023 ခုနှစ် ကမ္ဘာ့ရေပန်းအစားဆုံး လည်ပတ်စရာနေရာ 🇦🇪

ခေတ်လူငယ်တွေရဲ့ လက်စွဲဖြစ်တဲ့ TikTok app ရဲ့ hashtag ကြည့်ရှုသူအရေအတွက်အရ ဒူဘိုင်းဟာ 2023 မှာလည်း ရေပန်းအစားဆုံး လည်ပတ်စရာနေရာ ဖြစ်လာပြန်ပါပြီ။

Bounce ဆိုတဲ့ ခရီးသွားနှင့်ခရီးဆောင်အိတ်အချိန်ပိုင်းကြည့်ရှုထိန်းသိမ်းပေးတဲ့ကုမ္ပဏီရဲ့ လေ့လာသုံးသပ်ချက်ဖြစ်တဲ့ လူကြိုက်များတဲ့ခရီးသွားလည်ပတ်စရာနေရာ Hashtag တွေရဲ့ ကြည့်ရှုမှုအရေအတွက်အရ ဒူဘိုင်းဟာ ရေပန်းအစားဆုံး လည်ပတ်စရာနေရာ ထပ်ဖြစ်လာခဲ့ပြန်ပြီ။

ဒူဘိုင်းဟာ ဆိုတဲ့ hashtag မှာ ကြည့်ရှုသူပေါင်း (၁၄၀) ဘီလီယံနဲ့ ဗိုလ်စွဲထားတာ ဖြစ်ပါတယ်။ ရွှေရောင်ဖြာတဲ့ ကမ်းခြေတွေ၊ ခေတ်ရှေ့ပြေးနေတဲ့ဗိသုကာလက်ရာနဲ့မိုးမျှော်တိုက်ကြီးတွေ၊ အာရပ်ယဥ်ကျေးမှုအလှအပတွေနဲ့ ဒူဘိုင်းဟာ ခရီးသွားတွေကို တမူထူးခြားပြီးမေ့မရနိုင်စရာအတွေ့အကြုံတွေပေးစွမ်းနိုင်တဲ့ မြို့ပဲ ဖြစ်ပါတယ်။

ဒူဘိုင်းနောက်က နံပါတ် (၂) နဲ့ (၃) လိုက်နေတာကတော့ နယူးယောက်နဲ့လန်ဒန်ဖြစ်ပါတယ်။

2023 ရဲ့ ရေပန်းအစားဆုံးလည်ပတ်စရာနေရာ “ဒူဘိုင်း” ကို သွားရောက်လည်ပတ်ဖို့ စဥ်းစားနေရင် တစ်ကိုယ်တော်ခရီးသည်ကနေ လူအယောက်ရာချီ ခရီးသည်အုပ်စု/ အသင်းအဖွဲ့အထိ ခရီးစဥ် စီစဥ်ပေးလျက်ရှိပြီး ဒူဘိုင်းခရီးသွားအတွေ့အကြုံပြည့်ဝရှိတဲ့ မိုက်တီးတို့ကို သတိရလိုက်ပါနော်။

ကိုးကားဆောင်းပါး - https://www.travelweekly-asia.com/Marketing/The-worlds-hottest-destinations-on-TikTok?utm_source=twa&utm_medium=website&utm_campaign=latestnews
ရုံးခန်းလိပ်စာ
Mighty Days Travel
တိုက်အမှတ် - ၁၃၀၊ မြေညီထပ် (အခန်း -၂)၊ ဦးဝိစာရအိမ်ရာ၊ မင်းမနိုင်ရပ်ကွက်၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - 09 95173 9090, 01 8384834

#ဒူဘိုင်း

Photos from Mighty Days's post 18/07/2023

ဘူတန်နိုင်ငံ သင်ဖူးပွဲတော်ခရီးစဥ်
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
သင်ဟာ ဘူတန်ကိုသွားလည်ဖို့ စဥ်းစားနေတယ်ဆိုရင်ဖြင့် လာမယ့် စက်တင်ဘာလဟာ ဘူတန်သွားလည်ဖို့ အကောင်းဆုံးအချိန်တစ်ခုဖြစ်နေမှာ အသေအချာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ မိုက်တီးတို့စီစဉ်ထားတဲ့ စက်တင်ဘာလ ဘူတန်ခရီးစဥ်ဟာ ဘူတန်ရိုးရာသင်ဖူးပွဲတော်ကို လည်ပတ်ဖို့လည်း ထည့်သွင်းပေးထားတာကြောင့်ပဲဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာကျော် ခရီးသွားမဂ္ဂဇင်း Lonely Planet က ထုတ်ပြန်ထားတဲ့ ၂၀၂၀ မှာ သွားလည်ဖို့အကောင်းဆုံး (၁၀) နိုင်ငံစာရင်းထဲလည်း ဘူတန်နိုင်ငံဟာ ပါဝင်နေပါတယ်။ ဒီတော့ ၂၀၂၀ မှာ ကိုဗစ်-၁၉ ကြောင့် မလည်လိုက်ရတဲ့ ဘူတန်နိုင်ငံကို ဒီ ၂၀၂၃ မှာ မိုက်တီးတို့နဲ့ အလည်သွားဖို့ အားလုံးကို ဖိတ်ခေါ်လိုက်ပါတယ်။

ခရီးစဥျ Highlight

• ရိုးရာပွဲတော်ကျင်းပမယ့် သင်ဖူးမြို့
• မီးပွိုင့်မရှိတဲ့နိုင်ငံရဲ့မြို့တော် သင်ဖူးမြို့ညအလှနဲ့နာရီစင်
• ဟိမဝန္တာရေခဲတောင်ထိပ်ရှုခင်းတွေကို ရင်သပ်ရှုမောဖွယ်ခံစားနိုင်ပြီး စေတီပေါင်း ၁၀၈ ဆူရှိတဲ့ Dochula Pass
• ကြီးကျယ်ခမ်းနားတဲ့ Punakha Dzong
• ကမ္ဘာ့အမြင့်ဆုံးရုပ်ပွားတော် စာရင်းထဲမှာ ပါဝင်တဲ့ Dordenma Statue
• ပေပေါင်း ၁၀,၀၀၀ ကျော်မြင့်တဲ့ တောင်ပေါ်ကျောက်ကမ်းပါးနံရံကြားက Tiger's Nest ဘုရားကျောင်း
• သားမင်း တိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောင့်ရေးစင်တာ

စတဲ့နေရာတွေအပြင် လေယာဥ်စီးရင်း လှမ်းမြင်ရမယ့် ရေခဲဖုံးနေတဲ့ ဧဝရတ်တောင်ထိပ် အစရှိတာတွေနဲ့အတူ ဘူတန်အတွေ့အကြုံအပြည့်အဝရှိတဲ့ မိုက်တီးတိုးလီဒါကလည်း မဟာယန ဗုဒ္ဓဘာသာဆိုင်ရာ ကိုးကွယ်ယုံကြည်မှုနဲ့ နံရံဆေးရေးအဓိပ္ပါယ်တွေကို ရှင်းပြပေးဦးမှာဖြစ်ပါတယ်။ ပြီးတော့ မိုက်တီးတို့နဲ့ ခရီးသွားထားဖူးသူတွေအသိ လူနည်းနည်းလေးနဲ့ အေးအေးဆေးဆေးထွက်မယ့်ခရီးစဉ်လည်းဖြစ်တော့ လူမပြည့်ခင် မြန်မြန်စာရင်းပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်ဗျို့…

ခရီးစဥ်နဲ့ပတ်သက်ပြီး အထွေထွေမေးခွန်းနဲ့အဖြေတွေကို ပုံတွေရဲ့အောက်မှာ ရေးထားတာမလို့ ဖတ်ကြည့်လို့ရပါတယ်နော်။


ခရီးစဉ်အသေးစိတ်ကို သိချင်တယ်ဆိုရင်တော့ မိုက်တီးတို့ရဲ့ Chat Box မှာ လာရောက်မေးမြန်းနိုင်သလို ဖုန်းနံပါတ် 📞 09 95173 9090, 01 8384834 သို့မဟုတ် Viber မှ တဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်။


ဒါ့အပြင် မိုက်တီးတို့ရဲ့ ရုံးခန်းဆီလာပြီးတော့လည်း စုံစမ်းနိုင်ပါတယ်နော်။

Mighty Days Travel
တိုက်အမှတ် - ၁၃၀၊ မြေညီထပ် (အခန်း -၂)၊ ဦးဝိစာရအိမ်ရာ၊ မင်းမနိုင်ရပ်ကွက်၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - 09 95173 9090, 01 8384834

#ဘူတန် #ဘူတန်ခရီးစဥ် #ဘူတန်နိုင်ငံ

Photos from Mighty Days's post 30/05/2023

📣 အတန်ဆုံးဈေးနှုန်းနဲ့ ဇိမ်ခံသင်္ဘောစီးဖို့ Resorts World Cruises ရဲ့ Monsoon ပရိုမိုးရှင်း အစီအစဉ်လေး လာပါပြီနော် 📣

အထပ်မြင့်ဇိမ်ခံသင်္ဘောဖြစ်တဲ့ Genting Dream အပျော်စီးသင်္ဘောကြီးကို ပရိုမိုးရှင်းရှိတုန်း ဈေးသက်သက်သာသာလေး စီးလိုက်ကြရအောင် …

✅ ဘိုကင်ကြိုတင်နိုင်တဲ့ပရိုမိုးရှင်းကာလ -
ယနေ့ မေလ (၃၀) ရက်နေ့မှ ဇွန်လ (၃၀) ရက်အထိ။

✅ ခရီးသွားနိုင်တဲ့ကာလ -
စက်တင်ဘာလ (၁၇) ရက်နေ့မှ နိုဝင်ဘာလ (၁၅) ရက်နေ့အထိ ခရီးစဉ်များ။

✅ ခရီးစဉ်များ -
စင်ကာပူ - မလေးရှား - စင်ကာပူ 📍(၂) ညအိပ်/ (၃) ညအိပ်
စင်ကာပူ - ဖူးခက် - စင်ကာပူ 📍 (၂) ညအိပ်/ (၃) ညအိပ်

✅ ပရိုမိုးရှင်းဈေးနှုန်းများ
👉🏻(၂) ညအိပ် ခရီးစဉ်များအတွက် - တစ်ဦးလျှင် USD 291 မှစတင်၍ (Buy 1, Get 1 Free)

👉🏻(၃) ညအိပ် ခရီးစဉ်များအတွက် - တစ်ဦးလျှင် USD 419 မှစတင်၍ (Buy 1, Get 1 Free)

✅ ဈေးနှုန်းလေးမှာ ပါဝင်တဲ့ ဝန်ဆောင်မှုများ
⚓️Port Charges
⚓️သင်္ဘောကြီးပေါ်က ရွေးချယ်ထားတဲ့ အခန်း
⚓️မနက်စာ၊ နေ့လယ်စာ၊ ညစာနှင့် အဆာပြေသရေစာများ
⚓️Gym, Main Pool, Waterslide Park, Kids Water Park, Mini-Golf, Rock Climbing Wall, Rope Course and Zipline စတဲ့ ကစားနည်းတွေ
⚓️Show တွေနဲ့ ဖျော်ဖြေပွဲတွေ အခမဲ့ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

ထပ်ဆောင်းကုန်ကျနိုင်တာကတော့...
✈️လေယာဉ်လက်မှတ် အသွား/အပြန်
✈️လေဆိပ် အကြို/အပို့
🚢Gratuity Fee
🚢WiFi Charges နှင့် အခြားကိုယ်ပိုင်အသုံးစရိတ်များ

ခရီးစဉ်အသေးစိတ်လေး သိရှိလိုပါက Mighty Days Page Messenger တွင် လာရောက် မေးမြန်းနိုင်သလို ဖုန်းဆက်ပြီးလည်း စုံစမ်းနိုင်ပါသည်။

📱Phone: 09-951 739 090
📱Hotline: 09-421 171 551

✅ရုံးမှာ လူကိုယ်တိုင် လာရောက်စုံစမ်းလိုပါက -
ရုံးလိပ်စာ -
တိုက် (၁၃)၊ မြေညီထပ် (အခန်း-၂)၊ ဦးဝိစာရအိမ်ရာ၊ မင်းမနိုင်ရပ်ကွက်၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

24/05/2023

📣 UK Visa အပါအဝင် အခြားသောဗီဇာ လျှောက်ထားခြင်းဝန်ဆောင်မှုတွေ ဆောင်ရွက်ပေးနေပါပြီ 📣

မိုက်တီးဧည့်သည်တော်အပေါင်း မင်္ဂလာပါခင်ဗျာ။

လူကြီးမင်းတို့ရဲ့နောက်လာမယ့်ခရီးစဥ်အတွက် နိုင်ငံမျိုးစုံ ဗီဇာလျှောက်ထားခြင်းဝန်ဆောင်မှုကို မိုက်တီးလေးတို့က အကောင်းဆုံး ဆောင်ရွက်ပေးနေပါပြီ။ 👏👏

✅လျှောက်ထားလိုတဲ့နိုင်ငံတွေ၊ လျှောက်ထားမှုတွေနဲ့ပတ်သက်လို့ အသေးစိတ်သိရှိလိုပါက -
📱Phone: 09-951 739 090
📱Hotline: 09-421 171 551 ကို ဆက်သွယ်နိုင်ပါတယ်။

✅ရုံးမှာ လူကိုယ်တိုင် လာရောက်စုံစမ်းလိုပါက -
ရုံးလိပ်စာ -
တိုက် (၁၃)၊ မြေညီထပ် (အခန်း-၂)၊ ဦးဝိစာရအိမ်ရာ၊ မင်းမနိုင်ရပ်ကွက်၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

#ယူကေဗီဇာ #ယူကေ

Want your business to be the top-listed Travel Agency in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


No. 13, Room No. 2 (Ground Floor), Min Manaing Qtr, U Wisara Avenue
Yangon
11191

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 12:30