K Store

K Store

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from K Store, 23 Street, Yangon.

14/12/2023

Passport PV သက်တမ်းတိုးအတွေ့အကြုံလေး sharing လုပ်ပေးချင်လို့ပါ ( သိပြီးသားလူတွေကတော့ ကျော်သွားပေးနော် )

✅ Appointment letter (QR code) ယူရန်

- QR ယူရတာ ခက်တော့ မခက်ပါဘူး ၊ အချိန်က ၂မိနစ်လောက်ပဲရတာမလို့ လက်မြန်ပြီး စိတ်ရှည်ဖို့တော့လိုပါတယ် ၊ သူ့မှာပါတဲ့ ၂၇ ချက်လုံးဖြည့်စရာ မလိုပါဘူး ၊ အရေးကြီးတဲ့အချက် တွေကိုပဲ မြန်မြန်ဆန်ဆန် မှန်မှန်ကန်ကန်ဖြည့်ရင်ရပါပြီ ၊ အချက်အလက်မှားခဲ့ရင် ရုံးရောက်တဲ့အခါ အမှားပြင်‌ကောင်တာမှာ သွားပြင်ရတာမလို့ အလုပ်ပိုပြီး အချိန်ပိုကုန် ပိုက်ဆံပိုကုန်ပါတယ် ( 5000 လား မသိ)

📌 နေရပ်လိပ်စာလို စာလုံးရေများတဲ့ဟာမျိုးကို Note မှာရေးပြီး copy paste လုပ်ရင် ပိုမြန်ပါတယ်
📌 E mail ရှိရင် ထည့်ပေးပါ ၊ Appointment letter ကို mail ထဲ ပို့ပေးတာမလို့ ပြန်ရှာစရာမလိုပါ ၊ အသေးစိတ်ကို comment မှာ link ချပေးထားပါတယ်
📌 အင်ဂျင်နီယာ ၊ ဆရာဝန်ဆို ဘွဲ့ထည့်မရေးပါနဲ့ ၊ အစိုးရဝန်ထမ်းမဟုတ်ကြောင်း ထောက်ခံစာယူနေရမယ် ၊ တခြားဘွဲ့တွေကတော့ ပြဿနာမရှိ
📌 ဖုန်းနဲ့လုပ်မယ်ဆို dark mode on မထားမိစေနဲ့နော် ၊ ပိုက်ဆံသွင်းဖို့ K pay QR scan ဖတ်မရဘဲ တိုင်ပတ်တတ်လို့🥴

✅ စာရွက်စာတမ်းပြင်ဆင်ရန်

- Appointment letter ၃ စုံ ( QR ပါတဲ့စာမျက်နှာပဲ ကွက်မထုတ်ဘဲ သူ့မှာပါတဲ့ ၂၇ ချက်လုံးပါအောင် print ထုတ်ပါ ၊ ရစ်ချင်ရစ်တယ် မရစ်ချင်မရစ်ဘူး ၊ သူတို့သ‌ဘော🙄 ဖုန်းထဲမှာလည်း ဆောင်သွားပါ )

- မှတ်ပုံတင်မူရင်း / မိတ္တူ ၂စောင်
- အိမ်ထောင်စုစာရင်းမူရင်း / မိတ္တူ ၂ စောင်
- ကိုယ်ရေးမှတ်တမ်းဖောင် ၁ စုံ
( လက်ရေးနဲ့ဖြည့်ရန် ၊ တို့ကတော့ အိမ်ကနေဖြည့်သွားပါတယ် ၊ ရုံးရောက်မှ ဖောင်ဝယ်ပြီးဖြည့်လို့လည်း ရပါတယ် )
- passport စာအုပ်အဟာင်း / မိတ္တူ ၂ စောင် ( (ဓာတ်ပုံပါတဲ့စာမျက်နှာ )

📌 မိတ္တူတွေကို အပိုတစ်စုံစီယူသွားနိုင်ရင် ပိုကောင်းပါတယ် ၊ ရုံးထဲမှာမိတ္တူဆွဲရင် တစ်ရွက် 1000

✅ ရက်ချိန်းနေ့ ရုံးဝင်ရန်

🌐 တန်းစီလို့ ကိုယ့်အလှည့်ရောက်ခါနီးရင် Appointment letter တစ်စောင်နဲ့ မှတ်ပုံတင်မူရင်းကို ထုတ်ထားပါ ၊ တာဝန်ကျ ရော်ကဲက QR scan ဖတ်ပြီး eye scan ဖတ်ပါလိမ့်မယ် ၊ ကျားသပ်သပ် မသပ်သပ်
ခွဲဝင်ရပါမယ် ၊ body check up လုပ်ပါမယ်

🌐 ဝင်ဝင်ချင်းတွေ့တဲ့စားပွဲမှာ အိမ်ကဖြည့်လာတဲ့ကိုယ်ရေးဖောင် တုံးသွားထုပါမယ် ( 1000 ပါ 🙄)

🌐 လဝကမှာတန်းစီပါမယ် ၊ သက်တမ်းတိုးတွေက counter 1 မှာပဲ စီရမှာပါ ၊ counter မှားစီမိရင် အစကပြန်စီရမှာမလို့ သတိထားနော် ( သွေးနှောတွေကတော့ counter 11 ဘေးက မှန်ခန်း ရှေ့မှာစီတာ တွေ့ပါတယ် )

ကိုယ့်အလှည့်ရောက်ရင်
- Appointment letter ၁ စုံ
- မှတ်ပုံတင်မူရင်း / မိတ္တူ ၂စောင်
- အိမ်ထောင်စုစာရင်းမူရင်း / မိတ္တူ ၂ စောင်
- ကိုယ်ရေးမှတ်တမ်းဖောင် ၁ စုံ
- passport အဟောင်းမိတ္တူ ၁ စောင် ပြပါ

သူတို့ computer ထဲက data တွေနဲ့ တိုက်စစ်ပါလိမ့်မယ် ၊ ပြီးရင် သူ့ဘေးမှာ ဘယ်ဘက်လက်မ လက်ဗွေနှိပ်ပါ ၊ စာရွက်စာတမ်းတွေ အကုန်ပြန်ပေးပါလိမ့်မယ် ၊ အဲဒီ counter အနောက်ဘက်ကိုသွားပြီး မှတ်ပုံတင်မိတ္တူ ၂စောင် ၊ အိမ်ထောင်စုစာရင်းမိတ္တူ ၂ စောင် ပေးလိုက်ပါ ၊ စလစ်စာရွက်တစ်ရွက်ထုတ်ပေးပြီး ကိုယ့်မိတ္တူစာရွက်‌တွေနဲ့ ပြန်တွဲပေးပါတယ် (စလစ်က ကိုယ့်နာမည်ဟုတ် မဟုတ်စစ်ပါ ၊ လူများတော့ မှားတတ်ပါတယ် )
အဲဒီနေရာမှာ 5000 ပါ 🙄

🌐 အထဲဝင်ပြီး ဓာတ်ပုံခန်းကို သွားပါ ၊ အရင်ကတော့ PV ဆို အပေါ်ထပ် ၊ PJ ဆို အောက်ထပ်ခွဲထားပေမဲ့ အခုတော့ ကြိုက်တဲ့နေရာရိုက်လို့ရပါတယ် ၊ လူနည်းတဲ့အခန်း‌ရှေ့ဝင်တန်းစီပါ (တို့ကတော့ အပေါ်မှာပဲရိုက်ခဲ့ပါတယ် ) ကိုယ့်အလှည့်ရောက်ရင် ခုနကစာရွက်စာတမ်းတွေအားလုံးနဲ့ passport စာအုပ်အဟောင်း ပေးလိုက်ပါ ၊

( စာအုပ်အဟောင်းမှာ အစွန်းအထင်းတွေပါရင် ဒဏ်ကြေး ၄၁၀၀၀ ဆောင်ရပါတယ်၊ တို့တော့ဆောင်ခဲ့ရတယ် 🥹)

သူတို့မေးတာ နည်းနည်းပါးပါးဖြေပေးလိုက်ပါ ၊ ပြီးရင် အပြင်ပြန်ထွက်ပြီး ခဏစောင့်ပါ ၊ ကိုယ့်နာမည်ခေါ်ရင် ဓာတ်ပုံဝင်ရိုက်လို့ရပါပြီ ၊ လက်ဗွေနှိပ် ၊ eye scan ဖတ် ၊ လက်မှတ်ထိုးပြီးရင် စာအုပ်ထုတ်ဖို့ စလစ်ရပါပြီ ( 5000 ပါ 🙄 )

📌 စလစ်ရရချင်း ပြန်မလာပါနဲ့ဦးနော်
စလစ်ထဲကနာမည်စာလုံးပေါင်း ၊ မွေးနေ့ ၊ မှတ်ပုံတင်နံပါတ်တွေ သေချာစစ်ပါ ၊ မှားနေရင် ချက်ချင်းပြန်သွားပြင်ခိုင်းပါ ( စာအုပ်ထွက်မှပြင်ရင် ရေလောင်းရပါမယ် 🥹) စလစ်ကို မိတ္တူကူးထားပါ ၊ ဖုန်းနဲ့လည်း ဓာတ်ပုံရိုက်ယူထားပါ ၊ စလစ်ပျောက်ရင် ဘာမှလုပ်မရပါ

📌 Appointment letter က အချိန်အတိုင်းသွားရင် ရပါတယ် ၊ စောသွားစရာမလိုပါ ၊ စောသွားလည်း ပေးမဝင်ပါ

📌စာရွက်စာတမ်းထည့်ထားတဲ့ဖိုင်အကြည် ၊ ပိုက်ဆံအိတ်အသေး ၊ ဘောပင် ၊ ဖုန်းကလွဲပြီး အထဲကို ဘာမှယူလို့မရပါ ၊ correction pen တောင် ပေးမယူပါ ၊ နေပူရင် ထီး ၊ ဦးထုပ်ယူသွားလို့ရပေမဲ့ အပြင်မှာထားခဲ့ရတာမလို့ အစုတ်ပဲယူသွားပါ ၊ အသစ်ဆို ပျောက်တတ်ပါတယ် 🙄

📌 အဝတ်အစားကို သက်တောင့်သက်သာရှိတာမျိုးပဲ ဝတ်သွားပါ ၊ ဓာတ်ပုံက လည်ပင်းအထိပဲပါတာပါ 🥹 ၊ အဖြူလိုအရောင်နုတွေကိုတော့ ရှောင်ပါ ၊ ဓာတ်ပုံထဲအလင်းပြန်တတ်လို့ပါ

✅စာအုပ်ထုတ်ရန်

စာအုပ်ထုတ်တာက တန်းစီစရာမလိုပါ ၊ စာအုပ်ထုတ်ရန်ဆိုတဲ့ဆိုင်းဘုတ်အတိုင်း ရုံးဘေးလမ်းကြားအဆုံးထိဝင်သွားပါ

📌 မှတ်ပုံတင်မူရင်းနဲ့စလစ်စာရွက်လိုပါတယ် ၊ ကိုယ်စားထုတ်မယ့်သူဆို အိမ်ထောင်စုစာရင်းမူရင်းပါ လိုပါတယ် ၊ Monday နဲ့ Friday က လူများတတ်ပြီး ကြားရက်တွေက လူပိုရှင်းပါတယ်

စလစ်နောက်ကျောမှာ နာမည် ၊ မှတ်ပုံတင်နံပါတ် ၊ ဖုန်းနံပါတ် ၊ လက်မှတ်ထိုး ( အိမ်ကနေ ရေးသွားလည်းရ ) စလစ်စာရွက်ထပ်ထားပြီး စောင့်နေပါ

ကိုယ့်နာမည်ခေါ်ရင် မှတ်ပုံတင်မူရင်းပြ စာအုပ်ယူ အနောက်ကအခန်းထဲဝင်ပါ ၊ စာအုပ်အဟောင်းမှာ oversea ထွက်ဖူးထားရင် Cancelled တုံး ထုပြီး ပြန်ပေးပါတယ် ၊ စာအုပ်အသစ်မှာ observation တုံးထုပေးပါတယ် ၊ စာအုပ်အဖုံး 3000 ဝယ်ခိုင်းပါတယ် ၊ တို့တော့ ဝယ်မလာပါဘူး ၊ ကိုယ့်လက်ထဲစာအုပ်ရောက်ပြီဆိုတော့ ကိုယ့်သဘော 😌

အားလုံးပဲ အဆင်ပြေကြပါစေရှင့် ❤️

P.S ပိုက်ဆံကတော့ ပေးချင်လည်းရ မပေးချင်လည်းရ ၊ တော်တော်များများကတော့ အာရုံနောက်မခံနိုင်လို့ ပေးကြတာများပါတယ် ၊ တို့ကတော့ လဝက မှာ မပေးခဲ့ဘူး 🤭

23/09/2023

ရန်ကုန်မှာ Bus ကားစီးမယ်ဆိုရင် 🚌🚎

" ​ရွှေတိဂုံဘုရား " ကိုရောက်တဲ့နံပါတ်တွေ
8,11,77

✅ဗဟန်း၃လမ်းမှတ်တိုင်(ကမ္ဘာ​အေးဘုရားလမ်း)
➡️YBS - 8,12,28,29,36,61,82,87,95,
108,115,116,AIRPORT-SULE

" ကမ္ဘာ​အေးဘုရား "

✅ကမ္ဘာ​အေးဘုရားမှတ်တိုင်(ကမ္ဘာ​အေးဘုရားလမ်း)
➡️YBS - 6,10,28,30,36,43,55,79,83,88,96,96,97,99,
103,115,116,117,125,AIRPORT-SULE

" ဗိုလ်တစ်​ထောင်ဘုရား "

✅ဗိုလ်တစ်​ထောင်ဘုရားမှတ်တိုင်(ကမ်းနားလမ်း)
➡️YBS - 13,24,26,34,43,57,58,65,70,79,82,100,114

" ဆူး​လေဘုရား "

✅ဆူး​လေ(ဆူး​လေဘုရားလမ်း)
➡️YBS - 3,12,28,29,36,37,61,72,78,82,87,
104,105,107,108,110,118,AIRPORT-SULE

✅ဆူး​လေ(မဟာဗန္ဓုလလမ်း)
➡️YBS - 4,7,57,89(မင်းနန္ဒာ),89(မြင်​တော်သာ),111,
112,113,

" ​ကျောက်​တော်ကြီးဘုရား "

✅​ကျောက်​တော်ကြီးဘုရားမှတ်တိုင်(မင်းဓ္ဓမလမ်း)
➡️YBS - 76,126

✅​ကျောက်​တော်ကြီးမှတ်တိုင်(ပြည်လမ်း)
➡️YBS - 6,15(ပြည်လမ်း),37,43,44,55,77,90,96,97,
103,104,105,106,107

✅​စော်ဘွားကြီးကုန်းမှတ်တိုင်(အင်းစိန်ဘူတာရုံလမ်း)
➡️YBS - 6,11,15(ပြည်လမ်း),41,55,77,91,122,123,124

Credit YBS လမ်းညွှန်

မင်္ဂလာစျေးကို ရောက်တဲ့ နံပါတ်တွေ
၃၊ ၇၊ ၈၊ ၂၅၊ ၂၇၊ ၃၃

ယုဇနပလာဇာကို ရောက်တဲ့နံပါတ်တွေ
၃၊ ၉၊ ၂၀၊ ၂၅၊ ၂၇၊ ၃၃

အောင်မင်္ဂလာအဝေးပြေးဝင်း ကိုရောက်တဲ့နံပါတ်တွေ
၂၊ ၁၇၊ ၁၈

ပါရမီလမ်းကိုရောက်တဲ့နံပါတ်တွေ
၁၀၊ ၁၂၊ ၁၈၊ ၃၂

ပါရမီကိုရောက်တဲ့နံပါတ်
၃၀

နတ်မောက်လမ်းကို ရောက်တဲ့နံပါတ်


မြေနီကုန်းကိုရောက်တဲ့နံပါတ်တွေ
၁၁၊ ၂၀၊ ၂၁၊ ၃၅၊ ၃၇၊ ၃၉

လှည်းတန်းကိုရောက်တဲ့နံပါတ်တွေ
၂၁၊ ၃၅၊ ၃၇၊ ၃၉

ယာဉ်လိုင်း အမှတ် ၁ မှ ၆၀ အောက်ပါခရီးစဉ်လမ်းကြောင်းများပေါ်ရောက်ရှိနိုင်သော ယာဉ်လိုင်း အမှတ်များဖြစ်ပါတယ်။ ယာဉ်အမှတ် ဆုံပွိုင့်များဟာ ယာဉ်လိုင်းအမှတ်တစ်ခုမှအခြားတစ်ခုသို့ပြောင်းစီးနိုင်မယ့် transit point များဖြစ်ပါတယ်။

လှည်းကူးဈေးရှေ့ 1,45
တာဆုံ 1,43,44
ဒရယ်ဘို 1
ပေါက်ကုန်း 1
ရဲမွန် 1
စီအိုဒီ 1
ဇရပ်ကွင်း(တာဆုံ) 1
အင်းတိုင် 1
တလုတ်ကုန်း 1
သနပ်ပြင် 1,51
သင်္ဃန်းကျွန်း 1
ရွာသာကြီး(စီးပွားရေးတက္ကသိုလ်) 1,46
တောင်မြောက်လမ်းဆုံ 1,2,3,6,7,24,25,46,60
စံပြဈေး 1,1,3,6,7,24
ဇဝန 1,7,10,18,24,32
သုမင်္ဂလာ 1
ရတနာလမ်း(သင်္ဃန်းကျွန်း) 1,14,26,27,42,60
မြင်သာ(ကညန) 1
ယုဇန(ခိုင်ရွှေဝါလမ်း) 2
ပြည်ထောင်စုလမ်း 2,7,15,24,25,26,27,29,30
လှော်ကားလမ်း 2,6,7,42,43,44
မောင်းမကန်လမ်း 2,3,6
အမှတ်(၂)လမ်း 2,46,60
ဗိုလ်မှူးဗထူးလမ်း 2
မြောက်ဥက္ကလာပအဝိုင်း 2,10,15,16,19,28,32,36
ခေမာသီလမ်း 2,15
ဆေးတက္ကသိုလ်(၂) 2
မြောက်ဥက္ကလာပဆေးရုံ 2
သုဓမ္မာလမ်း 2,8,10,15,18,19,36,42
၆ကွေ့ 2,16,17,18,19
အောင်မင်္ဂလာအဝေးပြေးကွင်း 2
ယုဇနဥယျာဉ်မြို့တော် 3,4
ပဲခူးမြစ်လမ်း 3,4,5
ဧရာဝဏ်လမ်း 3,4,8,9,32
စည်ပင်လမ်း 3,6
လေးထောင့်ကန်လမ်း 3,18,24,32
အရှေ့မြင်းပြိုင်ကွင်းလမ်း 3,18,26,27
တာမွေအဝိုင်း 3,12,14,20,26,27,29,59
ဗညားဒလလမ်း 3,20,27,33
ယုဇနပလာဇာ 3,9,20,25,27,33
မင်္ဂလာဈေး 3,7,8,25,27,33
ကျိုက္ကဆံလမ်း 3,9,18,25,27,33
ကွေ့မ 4
ရတနာလမ်း(ဒဂုံဆိပ်ကမ်း) 4,5
တိုင်းရင်းသားကျေးရွာ 4,5
သံလျင်တံတားချဉ်းကပ်လမ်း 4,42
သာကေတအဝိုင်း 4,32,33,42
ကျောက်တိုင် 4,5,9,9,10,32,33
မင်းနန္ဒာလမ်း 4,5,8,9,10,33
မဟာဗန္ဓုလတံတား 4,31,34
အနော်ရထာလမ်း 4,5,7,31,54,58
ဆူးလေ 4,7,12,29,36
ရိုးမရိပ်သာ 5
၈၉လမ်းဆုံ 5
ယုဇနဥယျာဉ် 5
ကျွန်းရွှေဝါလမ်း 5
ရွှေလီလမ်း 5
သာကေတ(အဝိုင်း) 5,8,34
စက်ဆန်းတံတား 5
ညောင်တန်း 5
ဗိုလ်တစ်ထောင်ဘုရားလမ်း 5,24,26,31,34,56,58
ဗိုလ်ချုပ်အောင်ဆန်းလမ်း 5,56
အောင်မြင့်မိုရ် 6
သံသုမာလမ်း 6,9,14,18,24,25,26,27,29,32,38,42,60
ဘေလီ 6,12,14,18,26,27,29,30,32
ချော်တွင်းကုန်း 6,10
နဝဒေး 6,10,15,16,19,28,36
၈မိုင်လမ်းဆုံ 6,15,16,19,30,35,37
ကျိုက်ဝိုင်းဘုရားလမ်း 6
မင်းဓမ္မလမ်း 6
စော်ဘွားကြီးကုန်း 6,11,37,41
ပြည်လမ်း 6,35,37,41,43
၁၀မိုင်ကုန်း 6,37
၉မိုင် 6
တောင်ဒဂုံ(၇၀/၇၂)ရပ်ကွက် 7
ရတနာပုံလမ်း 7
ကျန်စစ်သားလမ်း 7,29,30,53,54
ဘုန်းကြီးကျောင်းကွေ့ 7
ကုန်တိုက် 7
စက်မှုဇုံ 7
တာမွေ(ဗလီ) 7,25
သိမ်ဖြူ 7,20,20
မဟာဗန္ဓုလလမ်း 7,21,34,35,37,39,42,57
အင်းဝ အိမ်ရာ 8
၇ဈေးလမ်း 8
မြင်တော်သာလမ်း 8,34
ယမုံနာလမ်း 8,31
သာကတေတံတား 8,9
နတ်မောက်လမ်း 8
ဦးထောင်ဘိုလမ်း 8,11
ရွှေတိဂုံဘုရားလမ်း 8,11
ဇီဝကလမ်း 8,11
တိုင်းရင်းသား နည်းပညာတက္ကသိုလ် 9
ဒေါပုံ 9,33
ရွေဗဟို 9
သမိန်ဗရမ်းလမ်း 9,18,25,26,59
ကြက်ဘဲဈေး 9,18,24,25,26
သုဝဏ္ဏတံတား 9,10,24,32
တိုင်းရင်းသားကျေးရွာ 10
ရှုခင်းသာမြို့ပါတ်လမ်း 10,31,42
၅ကွေ့ 10
ဇင်ဂမလမ်း 10
အသင်းတိုက် 10,18,24
သုမင်္ဂလာလမ်း 10,32
ပါရမီလမ်း 10,12,18,32
ဗိုလ်မှုးဗထူးလမ်း 10,27,28
ဒဂုံတက္ကသိုလ် 10,27
ခရေရိပ်မွန်အိမ်ရာ 11
ခရေပင်လမ်းခွဲ 11,17,35,37,42,44
အင်းစိန်ပန်းခြံ 11,15,21,22,41
ဗဟိုလမ်း 11,22
ရွာမကျောင်းလမ်း 11,22
လှည်းတန်းခိုင်ရွှေဝါ 11,22
ဟံသာဝတီလမ်း 11
အထက်ကြည့်မြင့်တိုင်လမ်း 11,22,41
ဗားကရာလမ်း 11,20,59
မြေနီကုန်း 11,20,21,35,37,39
ဓမ္မစေတီလမ်း 11,59
လင့်လမ်း 11,20
အနောက်ရွှေဂုံတိုင်လမ်း 11
သွေးဆေးကန်လမ်း 11
ဦးဝိစာရလမ်း 11,27
(၅၀)ကွေ့ 12,15
၄၆လမ်းဆုံ 12
(၇/၈)လမ်းဆုံ 12,25
မဝတလမ်းဆုံ 12
နန္ဒဝန်ဈေး 12
သစ္စာလမ်း 12,29,38
မိုးကောင်းလမ်း 12,14,26,27,38
ကံဘဲ့လမ်း 12,29
ရန်ကင်းလမ်း 12,14,29,38
ဂွတ္တလစ်ဈေးကွေ့ 12
ရွှေဂုံတိုင်လမ်း 12,59
ရွှေဂုံတိုင် 12,20,29
ရန်ကုန်ဘူတာကြီး 12,28,29,36
ဒဂုံမြောက်(ဘုရင့်နောင်လမ်းဆုံ) 14
ဘုရင့်နောင်လမ်း 14,15,19,20,23,38,42
ပင်လုံလမ်း 14,26,29
ဦးချစ်မောင်လမ်း 14
ရန်ကင်းစင်တာ 14
ရန်ရှင်းလမ်း 14,38
စက်မှု(၁)လမ်း 14,38
ကမ္ဘာအေးဘုရားလမ်း 14,28,29,30,36,38
ကုက္ကိုင်း 14,38
တက္ကသိုလ်ရိပ်သာလမ်း 14,38
လှည်းတန်းလမ်း 14,30,38
ဆင်မလိုက် 14,19,20,23,38,40
ကြည့်မြင့်တိုင်ကမ်းနားလမ်း 14,59
သခင်မြပန်းခြံ 14,19,22,23,30,40,41,56,57
ရာဇာသင်္ကြန်လမ်း 15
ကြိုးတံတား 15
သမိုင်းလမ်းဆုံ 15,19,21,39
ဘုရင့်နောင်လမ်းဆုံ 15,19
ပေါက်တောဝ 15,22,40
ဘီအိုစီ 15,39
YTU 15,21,39
ရွှေပေါက်ကံ(တောင်ငူလမ်း) 16
ကျောက်လမ်း 16
ဘုရင့်နောင်တံတား 16,20,23
ပုသိမ်လမ်း 16,23,54
သမကုန်း 16,22
ဒဂုံဧရာအဝေးပြေးဝင်း 16
ရွှေပေါက်ကံ 17,19
(ဆင်ဖုံ) 17,19
အောင်မင်္ဂလာအဝေးပြေး 17,18
ဒညင်းကုန်းလမ်းဆုံ 17,40,42
ရွှေပြည်သာတံတား 17,21
ပေါက်တန်းအဝိုင်း 17
သမကုန်းအဝိုင်း 17,20,23
အနောက်ပိုင်းနည်းပညာတက္ကသိုလ် 17,23
ခရေရိပ်မွန် 18
အမှတ်(၃)လမ်းဆုံ 18,32,35,36,42
ဘုန်းကြီးလမ်း 18,32,35,37,39,42
ဝေဇယန္တာလမ်း 18,32
သီရိမင်္ဂလာဈေးသစ် 19,20,23,38,40
စံပြငါးဈေး 19,20,23,40
TBဆေးရုံ 20
ဒဂုံဧရာအဝေးပြေး 20
ဘီအိုစီအဝိုင်း 20,23
တာမွေလမ်း 20,27
မြရာကုန်းလမ်း 20
မြန်မာ့ဂုဏ်ရည်လမ်း 20
အနောက်ပိုင်းတက္ကသိုလ်(ထန်းတပင်) 21,22
ပေါက်ကုန်းအဝိုင်း 21,22
၁၄လမ်းဆုံ 21,40
ဒညင်းကုန်း 21,39,44
အောက်မင်္ဂလာဒုံလမ်း 21
ပြည်တော်သာ 21,40
မင်းကြီးလမ်း 21
လှည်းတန်း 21,35,37,39
စံပြ 21,37,39
ကမ်းနားလမ်း 21,23,24,26,34,35,37,39,40,56,57,58
မော်တင် 21,35,37,39
ရိုးကြီး/ရိုးလေး 22
မီးခွက်ဈေး 22,52
အောင်ဇေယျတံတား 22
အနောက်ကြို့ကုန်း 22
ဟံသာဝတီ 22
စလင်းကွင်း 22
ဗားကရာ 22
အနောက်ပိုင်းဆေးရုံ 22
အလုံလျှပ်စစ်ရုံး 22
ဂျမခန်နာ 22
(တူးချောင်း) 23
ကျန်စစ်သားလမ်း 24
တပင်ရွှေထီးလမ်း 24
အထက်ပုဇွန်တောင်လမ်း 24,26
ပုဇွန်တောင်ဈေး 24,26
မဟာဗန္ဓုလတံတားအောက် 24,26
ရာဇဓိရာဇ်လမ်း 24,26
ဒဂုံတက္ကသိုလ် 25,26,28,29,30
မင်းရဲကျော်စွာလမ်း 25,26,27,29,30
ငမိုးရိပ်တံတား 25
ရွှေဗဟိုရ် 25
အောင်ဇေယျလမ်း 26,60
စိတ်ကျန်းမာရေး 27
၁၃၃ရပ်ကွက် 27
ဗဟန်း(၃)လမ်း 28,36
ဆူးလေမြို့တော်ခန်းမ 28
ဂွတ္တလစ်ဈေး 29
ပါရမီ 30
ညောင်ပင် 30
ကြည့်မြင့်တိုင် 30
သန်လျင်(အရှေ့ပိုင်းတက္ကသိုလ်) 31
သန်လျင်ကျောက်တန်းလမ်း 31
သန်လျင်အမှတ်(၁)တံတား 31,32,33,34
ဗိုလ်တစ်ထောင်ဈေးလမ်း 31
ကုန်သည်လမ်း 31,56
ရေကြောင်းတက္ကသိုလ် 32
ဘုရားလမ်းဆုံ 32
သန်လျင်(မြို့မဈေး) 32
ဗိုလ်ချုပ်နေဝင်းလမ်း 32
ခရေရိပ်မွန်အိမ်ရာ 32
ကျောက်တန်း 33
ကျောက်တန်း(သန်လျင်လမ်း) 33
ခရမ်း 34
သုံးခြ 34
အရှေ့ပိုင်းတက္ကသိုလ် 34
သန်လျင်ကျောက်တန်း လမ်း 34
သိမ်ဖြူလမ်း 34
ထောက်ကြန့် 35,36,37,41
နွယ်ခွေ 35,36
အမှတ်(၃)လမ်းပုလဲမြို့သစ် 35
အမှတ်(၃)လမ်း 36
ပုလဲမြို့သစ် 36
ဘေလီ 38
တောင်ဥက္ကလာဘုရား 38
ရွှေပြည်သာ(လိန်ကုန်း) 39,40,42
အမှတ်(၄)လမ်း 39,43,44
ကွန်ပြူတာတက္ကသိုလ် 39
ပြည်တော်သာ(အောက်လမ်း) 39
ထန်းခြောက်ပင် 40,42
ပုလဲလမ်း 40
ဘုရင့်နောင်လမ်းမကြီး 40
ဘုရင့်နောင် 40
လမ်းသစ်လမ်း 41
လှည်တန်းလမ်း 41
၃ထောင်ကွေ့ 41
အောက်ကြည့်မြင့်တိုင်လမ်း 41,59
ရွှေပြည်သာကွေ့ 42
ကမာကြည်လမ်း 42
လိန်ကုန်း 43,44
မှော်ဘီဈေးရှေ့ 43
ထောက်ကြန့် 44,55
ရန်ကုန်ပဲခူးလမ်း 44
လှည်းကူးဈေးရှေ့ 44
ဖောင်ကြီးလမ်း 45
ဖောင်ကြီး 45
မင်းကုန်း 45
ဒါးပိန် 46
လှိုင်သာယာ ဘီအိုစီ 47,49
တွံတေးကြိုးတံတား 47,49
တွံတေးမြို့ 47
ဘုရားငုတ်တို 47,48,49,50
ကံဘဲ့ 47,49,50
တွံတေး 47,48
ဒလ 48,50
ကော့မှူး 49,50
ကွမ်းခြံကုန်း 49,50
ပဲခူး 51
ခရမ်း 51
ထန်းတစ်ပင် 52
ရန်ကုန်ပုသိမ်လမ်း 52
ရန်ကုန်ညောင်တုန်းလမ်း 52
ရွှေလင်ဗန်းလမ်းဆုံ 53
ညောင်တုန်းလမ်း 53,54
ဗိုလ်အောင်ကျော်လမ်း 53,54,54
ရွှေလင်ဗန်းလမ်းဆုံ 53
၈၆ဂိတ် 54
ရွှေရင်အေးလမ်း 54,54
အောက်ထိပ် 54
၈၆ဂိတ် 54
တိုက်ကြီး 55
ဥက်ကံ 55
မြောင်းတကာ 55
မှောဘီနည်းပညာတက္ကသိုလ် 55
မှော်ဘီ 55
သခင်မြပန်းခြံ 56,57
ဗိုလ်တစ်ထောင် 57
ဘုရားလမ်း 57
ဗိုလ်တစ်ထောင်ဘုရား(ကမ်းနားလမ်း) 58
ဗိုလ်တစ်ထောင်ဘုရား 58
သင်္ဃန်းကျွန်းစံပြဈေး 59
သံသုမာ 59
ကြက်ဘဲစျေး 59
အာသောကလမ်း 59
ရွှေဂုံတိုင်ဂုံးကျော်တံတား 59
ရွှေဂုံလမ်း 59
သခင်မြပန်းခြံလမ်း 59
နှင်းဆီကုန်းလမ်း 59
တောင်ဒဂုံ 60
သာကေတဧရာဝဏ် 60
ပြည်ထောင်စုလမ်းဆုံ 60
ပြည်ထောင်စုလမ်းမကြီး 60
သင်္ဃန်းကျွန်းစံပြစျေး 60
ကျောက်ကုန်း 60

credit-Khin Maung Ko

YangonBusRoute
မိတ်ဆွေတို့အတွက်အသုံးလိုမယ်ထင်လို့ ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ အမှားပါသွားရင်တော့ခွင့်လွှတ်ပေးကြပါလို့မေတ္တာရပ်ခံပါရစေ😍
🙏မူရင်းရေးသားသူအားလေးစားလျက်🙏
🙏4Stars driving license service🙏
09897020936
09759572665
09959522573

01/01/2023

တန်တန်တန်နှစ်ကူးလျော့စျေးဘာယူယူ11000ပါနှစ်ရက်တည်းလျော့မှာမို့ကြိုက်တာတွေ့ရင်messengerမှာလာမေးပါနော် 🙂🤗

Photos from K Store's post 28/12/2022
Photos from K Store's post 19/11/2022

Designer cuttingနဲ့ချုပ်ထားတာလေး
လှချက်ပဲ
13000ကျပ်ပဲနော်
သုံးထည်ယူ3000လျော့ပေးမှာပါရှင့်😍

Photos from K Store's post 02/11/2022

တအားကြိုက်ကြတဲ့ဂါဝန်လေးရှေ့တစ်ခေါက်မရလိုက်တဲ့ကာကာတို့လက်ဦးထားနော်ရောက်ကုန်လေးမို့
ဒါလေးတအားလှတာ
ဘယ်သွားသွားကောက်စွပ်ရုံပဲအလှူသွားသွားဘုရားသွားသွားအဆင်ပြေပွဲတက်လည်းပွဲတိုး😍
Korea ANC ဆွဲသားလေး
ရင် ၃၂ကနေ၄၆လောက်ထိရပါတယ်ခါးစီးပါပါတယ်နော်😅 ပေါင်၁၅၀လောက်ရပါတယ်
price ၁၃၀၀၀ksပါ
သုံးထည်၀ယ်ရင်လျော့ပေးပါတယ်ရှင့်🙂
လသာ23လမ်းမှာလာယူလို့ရပါတယ်😘

Photos from K Store's post 01/11/2022

အပေါ်အောက်အခွဲလေးကလွဲလို့ကြိုက်တာယူ13000ပါရှင့်
နှစ်ထည်ယူ1000လျော့သုံးနဲ့နဲ့အထက်ဆို3000လျော့ပေးပါတယ်
ဒီထဲကပဲရမယ်ရှင့်ကျန်တာလေးတွေကုန်ပြီနော်😍
ချုပ်ရိုးချုပ်သားကတော့ပြောနေကျအတိုင်းအာမခံပါတယ်နော်မတန်ရင်မင်မင်ကိုပြန်လာပြောပါနော်😊
local brand to wear

01/11/2022

ကျသွားပြီနော်မင်မင်ကလျော့ပေးဦးမှာကြိုက်တာတွေ့မှာလိုက်တော့နော်😍

၇၀၀ တည်းနဲ့ ပို့လိုက်တော့ ❗️❗️

မန္တလာမြေက ကာကာတို့ရေ...
နင်ဂျာတို့က သတင်းကောင်းလေးတစ်ခု ပေးပါရစေ။ နိုဝင်ဘာ (၁)ရက်နေ့မှ စတင်ပြီး
မန္တလေးမြို့တွင်း မြို့နယ်တွေဖြစ်တဲ့
📍အောင်မြေသာဇံ
📍ချမ်းအေးသာဇံ
📍ချမ်းမြသာစည်
📍မဟာအောင်မြေ
📍ပြည်ကြီးတံခွန်
📍အမရပူရ
ကနေပစ္စည်းကောက်ပြီး မန္တလေးမြို့တွင်း ဖော်ပြပါနေရာတွေကို ပစ္စည်းပို့မယ်ဆိုရင်တော့
ယခင် ၁,၅၀၀ ကျပ်ကနေ ယခု ၇၀၀ ကျပ်သာ ကျသင့်တော့မှာပါ။ ဒီနေ့ ပစ္စည်းကောက် မနက်ဖြန် အရောက် ပို့ပေးမှာပါ။

ထက်ဝက်မက သက်သာမယ့် လျှော့ဈေးတွေကို ရက်အကန့်အသတ်မရှိ ရယူနိုင်တော့မှာမို့ ပစ္စည်းပို့ဖို့အတွက်ဆို ခုပဲနင်ဂျာဗန်ကို ဆက်သွယ်လိုက်တော့နော်။

Hotline: 09 777 111 001
Messenger: m.me/NinjaVanMyanmar
E-mail: [email protected]
#လွယ်ကူလျင်မြန်နင်ဂျာဗန်

Photos from K Store's post 30/10/2022

ဒါလေးတအားလှတာနော်😍
အပေါ်အောက်ခွဲဝတ်လို့ရတာဆိုတော့တအားတန်
စကပ်ကိုဗြောင်crop top နဲ့ဝတ်ဝတ်
အကျီကိုတခြားစကပ်စတိုင်ပန်ဂျင်းလေးတွေနဲ့ပဲတွဲတွဲလှနေရောပဲ
နှစ်ထည်ကိုတသ်ထည်စျေးနဲရတာနော်
😊
price 14500
instockပါရှင့်

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Website

Address


23 Street
Yangon

Opening Hours

Monday 09:00 - 00:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00