S.SClass
한국문법을 쉽게 배워 봅시다 !
Level 5, 6 Grammar collection book
မှာယူလို့ရပါပြီရှင့် ☺️
7.10.2025 ထိ 10% Discount ပေးထားပါတယ်နော် ။
Original price -30000Ks
Order to Viber -(+959420136042)
18/08/2025
"신기하다"
🧑🏫(ထူးခြားဆန်းကြယ်သည် )
အရာတစ်ခုက အံ့အားသင့်စရာကောင်းပြီး
ဆန်းသစ်နေတဲ့အခါ ၊ စိတ်လှုပ်ရှားဖို့ကောင်းပြီး ထူးခြားနေတယ်ဆိုတဲ့ ခံစားချက်ကို ဖော်ပြပါတယ်။
"이상하다"
🧑🏫(ထူးဆန်းသည်)
အရာတစ်ခုက ပုံမှန်အနေအထားနဲ့ သွေဖယ်ပြီး
ထူးခြားနေတာမျိုး ၊ သဘာဝမကျပဲ ကြောင်ကြောင်တောင်တောင်နိုင်စွာ ၊ကြောက်စရာကောင်းစွာ ထူးဆန်းနေတယ်ဆိုတဲ့ ခံစားချက်ကို ဖော်ပြပါတယ်။
"수상하다"
🧑🏫(ထူးဆန်းသည်)
နောက်ကွယ်မှာ အကြောင်းအရာတစ်ခုခုရှိသလို ၊ဖုန်းကွယ်ထားသလို ၊သံသယဖြစ်ဖွယ် ထူးဆန်းနေတယ်ဆိုတဲ့ ခံစားချက်ကို ဖော်ပြပါတယ်။
ဒါဆို ထူးဆန်းတယ်ဆိုတဲ့စာလုံး သုံးလုံးကို ဘယ်လိုခွဲသုံးရမလဲဆိုတာ နားလည်သွားပြီလို့ ထင်ပါတယ်နော် ☺️☺️
Teacher Zune
15/08/2025
မေးခွန်းကို သေချာဖတ်တတ်တော့ အမှတ်ရအောင်ယူလို့ရတာပေါ့ ☺️
Topik Level မြှင့်မြှင့်ရဖို့ ဘယ်စာအုပ်တွေနဲ့
လေ့ကျင့်ရမလဲ ?
22/07/2025
"던 နဲ့ 었던 ကိုဘယ်လိုခွဲသုံးမလဲ ??? "
🧑🏫နှစ်ခုလုံးက အတိတ်မှာဖြစ်ခဲ့တဲ့ /လုပ်ခဲ့တဲ့ Action နဲ့ပတ်သက်ပြီး သုံးတာဖြစ်ပေမဲ့ ၊လုပ်တဲ့
Action ရဲ့ အချိန်ကာလအတိုင်းအတာနဲ့ ဆိုလိုရင်း အဓိပါယ်က ကွဲပြားပါတယ်။
🧑🏫ပထမကွာခြားချက် ⬇️
- 었던 က (과거에 끝난 일 ) အတိတ်မှာ လုပ်ခဲ့တဲ့ action ကလုံးဝကို ပြီးပြတ်သွားပြီဆိုတဲ့ သဘောကို ဖော်ပြပြီး
-던 က (과거에 했지만 끝나지 않은 일) အတိတိကာလမှာ လုပ်ခဲ့တဲ့ Action ကမပြီးပြတ်သေးပဲ ခဏတာရပ်တန့်ထားခြင်း ၊ဒါမှာမဟုတ် ဆက်လုပ်ဖို့ ရှိနေသေးတယ်ဆိုတဲ့ သဘောကို ဖော်ပြပါတယ်။
ဥပမာ-
내가 마셨던 커피야 .
ငါ သောက်ခဲ့တဲ့ ကော်ဖီပါ။
(အတိတ်ကာလတစ်ခုမှာ သောက်ခဲ့တဲ့ ကော်ဖီ(သို့)ကုန်အောင်သောက်ပြီးတဲ့ကော်ဖီ)
내가 마시던 커피야 .
ငါ သောက်ခဲ့တဲ့ ကော်ဖီပါ။
(သိပ်မကြာသေးတဲ့ အတိတ်ကာလတစ်ခုမှသောက်ခဲ့တဲ့ကော်ဖီ /သောက်လက်စ မကုန်သေးတဲ့ကေည်ဖီ)
🧑🏫ဒုတိယကွာခြားချက် ⬇️
- 었던 က (한두번의 경험) တစ်ကြီမ် ၊နှစ်ကြိမ်ပဲ လုပ်ဖူးခဲ့ Action,ထပ်မလုပ်ဖြစ်တော့ Action (သို့) အတွေ့အကြုံကို ပြောပြီးတော့
-던 က (주기적인 경험) ပုံမှန်အားဖြင့်/ဆက်တိုက်/အကြိမ်ကြိမ်လုပ်ဖြစ်နေတဲ့ ၊လုပ်ဖူးနေတဲ့ Action (သို့)အတွေ့အကြုံကို ပြောပါတယ်။
ဥပမာ-
내가 갔던 식당이야
ငါသွားခဲ့တဲ့ စားသောက်ဆိုင်ပါ
(အတိတ်ကာလမှာ တစ်ကြိမ်၊နှစ်ကြိမ်သွားခဲ့ဖူးတဲ့ဆိုင်(သို့)ထပ်မသွားဖြစ်တော့တဲ့ စားသောက်ဆိုင်)
내가 가던 식당이야
ငါသွားခဲ့တဲ့ စားသောက်ဆိုင်ပါ
(အတိတ်ကာလတစ်ခုကနေ အခုထိ မကြာမကြာ သွားနေခဲ့တဲ့ ဆိုင် )
던 က Action တစ်ခုကို လုပ်ဖူးတဲ့ အကြိမ်အရေအတွတ်နဲ့ပတ်သက်ပြီး ဖော်ပြတဲ့အခါ
(자주 , 가끔 , 항상 , 늘 )စတဲ့ စာလုံးတွေနဲ့ တွဲသုံးလေ့ရှိပါတယ်။
Teacher Zune
17/07/2025
더니 နဲ့ 았,었,했더니 ဒီ grammar နှစ်ခုလုံးက
အဓိပါယ်အရ တူပေမဲ့ သဒ္ဒါသေဘာတရားအရ အသုံး ကွာပြားချက်တွေအများကြီးရှိပါတယ်။
✅သိသာတယ် ကွာခြားချက် ပထမအချက်
-더니က အခုလက်ရှိကာလ(현재형)ကိုဖော်ပြပြီး
-았,었더니 ကတော့ အတိတ်ကာလ (과거형)ကိုဖော်ပြပါတယ်။
✅ဒုတိယကွာခြားချက်က
-았,었더니က (동사) Action Verb နဲ့ပဲတွဲသုံးပြီး
-더니 ကတော့ (동사 ) Action Verb,(형용사) Quality Verb , 이다 နဲ့တွဲသုံးတဲ့ (명사) Noun အကုန်လုံးနဲ့ တွဲသုံးလို့ရပါတယ်။
✅တတိယကွာခြားချက်ကတော့ Subject အသုံးပါ။
-았,었더니 က Subject က"ကိုယ်တိုင်"ဖြစ်တဲ့အခါမှ သုံးပြီး
-더니 ကတော့ Subject ကကိုယ်တိုင်မဟုတ်တဲ့
"တစ်ခြားသူ(သို့)တစ်ခြားအရာတွေနဲ့ ပတ်သက်ပြီးသုံးပါတယ်။
🧑🏫Grammar နှစ်ခုလုံးရဲ့ တူညီတဲ့ ဆိုလိုရင်းအဓိပါယ်ကတော့
"အတိတ်ကာလမှာ ဖြစ်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ရလာတဲ့ဘအကျိုးရလာဒ်ကို ဖော်ပြတာဖြစ်ပါတယ်။
ဥပမာ-
내가 늦잠을 잤더니 학교에 늦었어요.
~~~~ ~~~~~
(ငါက အိပ်ရထနောက်ကျတာကြောင့် ကျောင်းနောက်ကျခဲ့တယ်။)
나나가 늦잠을 자더니 학교에 늦었어요.
~~~~ ~~~~~
(နာနာက အိပ်ရထနောက်ကျတာကြောင့် ကျောင်းနောက်ကျခဲ့တယ်။)
🧑🏫 ဒီ Grammar နှစ်ခုက တစ်ခုနဲ့တစ်ခု မတူညီတဲ့ အဓိပါယ် ၊ မတူညီတဲ့ ဖော်ပြချက်သဘောတရားတွေနဲ့လဲ သုံးပါသေးတယ်။
✅았,었더니က ကိုယ်ကိုတိုင် အရာတစ်ခုကို သိမြင်ခံစားလိုက်ရတယ်ဆိုတဲ့ သဘောကို ဖော်ပြတဲ့အခါမှာလဲသုံးပြီး
✅더니 ကကတော့ အတိတ်ကာလနဲ့ အခုလက်ရှိကို နှိုင်းယှဉ်ဖော်ပြတဲ့အခါမှာ သုံးပါသေးတယ်။
ဥပမာ-
아까밖에 나갔더니 비가 오더라.
(ခုဏက အပြင်ထွက်ကြည့်လိုက်တော့ မိုးရွာနေတယ်)
작년에는 이 물건이 싸더니 이제 비싸네 .
(မနှစ်က ဒီပစ္စည်းက ဈေးပေါခဲ့တာ အခုတော့
ဈေးကြီးနေတယ် )
💢았,었더니 က Subject ကကိုယ်တိုင်သုံးပြီး၊
더니 ရဲ့ subject က တစ်ခြားသူ ၊တစ်ခြားအရာနဲ့သုံးတယ်ဆိုပေမဲ့
❤️ချွင်းချက်အနေနဲ့ Indirect Speech ပုံစံ တတိယလူကို ကိုယ်ကြုံတွေ့ခဲ့တဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ပြန်ပြောတဲ့အခါ
었,었더니 grammar ကလဲ subject က တစ်ခြားသူ ၊တစ်ခြားအရာနဲ့ တွဲသုံးပါတယ်။ ❤️
ဥပမာ -
민지가 나가더니 비가 온다고 하더라.
(မင်ဂျီက ထွက်သွားတော့ မိုးရွာနေတယ်လို့ပြောတယ် ။)
💢မင်ဂျီနဲ့ ကိုယ်နဲ့အတူရှိနေပြီး ဒါမှမဟုတ် မင်ဂျီထွက်သွားတာကို မြင်လိုက်တယ်ဆိုတဲ့ အနေအထားကိုဖော်ပြ💢
민지가 나갔더니 비가 온다고 하더라 .
(မင်ဂျီ ထွက်သွားတော့ မိုးရွာနေတယ်လို့ပြောတယ်)
💢မင်ဂျီပဲ ထွက်သွားခဲ့ပြီ မင်ဂျီက သူကြုံခဲ့တဲ့ အခြေအနေကိုပဲ ပြန်ပြောပြသွားတဲ့ အနေအထားကိုဖော်ပြ 💢
Teacher Zune
16/07/2025
았/었 /였 Vs 았었 /았었/았었
အတိတ်ကာလကို ဖော်ပြတာခြင်းတူပေမဲ့
သုံးတဲ့ သဘောတရားလေး နည်းနည်းကွဲပါတယ် ။
ရိုးရိုးအတိတ်ကိုပဲ ဖော်ပြရင် 았/었/였
ထပ်မလုပ်ဖြစ်တော့တဲ့ အတိတ်ကို ဖော်ပြရင်
았었 /었었/ 였었
✅အတိတ်က ဖြစ်ခဲ့တဲ့ Action ၊ ပြီးမြှောက်သွားတဲ့ Action ၊ လုပ်သင့်တဲ့ အချိန်ထပ် ကျော်လွန်ပြီး မလုပ်ခဲ့ရေသးတဲ့ Action ၊အတိတ်က လုပ်ရပ်တစ်ခုကြောင့် ဖြစ်လာနိုင်ဖို့ရှိတဲ့ Action တွေက်ု ဖော်ပြတဲ့အခါ 았,었,였 ကိုသုံးပါတယ်။
ဥပမာ -
밥 먹었어요 .
(ထမင်းစားခဲ့တယ်၊စားပြီးပြီ )
아직 안 먹었어요.
(အခုထိ မစားရသေးဘူး)
결혼하려면 아직 멀었어요 .
(အိမ်ထောင်ပြုဖို့ဆို လိုပါသေးတယ် )
거짓말을 들통났으니 , 곧 엄마한테 죽었다 .
(လိမ်ပြောခဲ့တာဆိုတော့ မကြာခင် အမေ့သတ်တာခံရတော့မယ် )
✅အတိတ်ကာလမှာ ဖြစ်ခဲ့တဲ့ Action တစ်ခုက အတိတ်မှာပဲ ကျန်ခဲ့ပြီ ၊ ထပ်ဖြစ်လာနိုင်စရည မရှိဘူး ၊ ထပ်လဲ မလုပ်နိုင်တော့ဘူးဆိုတဲ့ သဘောကိုဖော်ပြရင် 았었 ,었었 ,였었 ကိုသုံးပါတယ်။
ဥပမာ -
예전에 그 식당에 자주 갔었어요.
(အရင်တုန်းက အဲ့စားသောက်ဆိုင်ကို ခဏခဏ သွားခဲ့တယ်)
제가 담배를 많이 피웠었어요 .
(ကျွန်တော်က ဆေးလိပ်ကို အများကြီး သောက်ခဲ့တယ်)
그때 많이 힘들었었어요.
(အဲ့ချိန်တုန်းက အရမ်း ပင်ပန်းခဲ့ရတယ်)
Teacher Zune
15/07/2025
"아/어 지다 " က
ပုံစံ နှစ်မျိုးသုံးပြီး ၊အဓိပ္ပါယ်နှစ်မျိုးရှိပါတယ်။
✅ပထမတစ်ခုက
-မူလရှိနေတဲ့ အနေအထားကနေ ပြောင်းလဲလာတဲ့၊ပြောင်းလဲသွားတယ်ဆိုတဲ့ သဘောကို ဖော်ပြတာဖြစ်ပြီး ၊
✅ဒုတိယတစ်ခုက
-အခြေအနေတစ်ခုကြောင့် ဒါမှမဟုတ် တစ်စုံတစ်ယောက်ရဲ့ လှုပ်ဆော်မှုကြောင့် ဖြစ်သွားတဲ့ ၊ဖြစ်လာတဲ့ သဘောကို ဖော်ပြပါတယ် ။
🧑🏫နဂိုမူလပုံစံကနေ ပြောင်းလဲသွား/လာတယ်ဆိုတဲ့သဘော 아/어 지다 က (형용사 - Quality Verb )
အရည်အသွေးကို ဖော်ပြတဲ့ Verb တွေနဲ့ တွဲသုံးပါတယ်။
ဥပမာ -
깨끗하다 (သန့်ရှင်းသည်)
⬇️
깨끗해 지다 (သန့်ရှင်းသွာသည်)
예쁘다 (လှပသည်)
⬇️
예뻐 지다 (လှလာသည်/လှသွားသည်)
🧑🏫တစ်စုံတစ်ခုကြောင့် ဖြစ်သွားရတယ် ၊ဖြစ်လာရတယ်ဆိုတဲ့ သဘော 아/어 지다 က ပြုလုပ်ခြင်းခံ
(피동 -passive Verb )လို့ခေါ်တဲ့ လှုပ်ရှားမှုပြ
Action Verb တွေနဲ့ တွဲသုံးပါတယ်။
ဥပမာ -
깨다 (ခွဲတယ် )
⬇️
깨지다 (ကွဲတယ်/ကွဲသွားတယ်)
친구랑 부딪혀서 컵이 깨졌어요.
(သူငယ်ချင်းနဲ့ တိုက်မိလို့ ခွက်က ကွဲသွားတယ်)
끊다 (ဖြတ်သည်)
⬇️
끊어 지다 (ပြတ်သွားသည်)
가위로 잘라서 줄이 끊어 졌어요.
(ကတ်ကြေးဖြင့် ညှပ်လိုက်လို့ ကြိုးက ပြတ်သွားတယ်)
Teacher Zune
"아/어 있다 Vs 고 있다 ရဲ့ကွာခြားချက် "
1. V - 아 /어 있다 ရဲ့အဓိပါယ်က
(ထားတယ်)
ကာလတစ်ခုက လုပ်ပြီးသား Action တစ်ခုက
အခုထိ ဖြစ်နေသေးတယ်ဆိုတဲ့ သဘောကိုဖော်ပြပါတယ်။
2. V - 고 있다 (နေတယ်)
အခုလက်ရှိကာလမှာ Action တစ်ခုကို လုပ်နေတုန်း ၊လုပ်နေဆဲဖြစ်တယ်ဆိုတဲ့ သဘောကို ဖော်ပြပါတယ်။
ဥပမာ -
그림이 벽에 걸려 있어요 .
ပန်းချီကား နံရံမှာ ချိတ်ထားတယ် ။
(အတိတ်ကာလတစ်ခုက ချိတ်ထားတာ အခုထိလဲ ချိတ်နေဆဲ အနေအထား)
그림을 벽에 걸고 있어요 .
ပန်းချီကားကို နံရံမှာ ချိတ်နေတယ် ။
(အခု ချိတ်နေတုန်း တန်းလန်း အနေအထား)
မြန်မာလိုဘာသာပြန်ရင် အဓိပါယ်တူနေလို့ ဘယ်သဒ္ဒါနဲ့ တွဲသုံးရမလဲ ရောတတ်တဲ့ စကားလုံးကို ကြည့်ကြည့်ရအောင် !
ထိုင်နေတယ် - 앉아 있어요 .
ထိုင်နေတယ် - 앉고 있어요 .
အတိတ်ကာလတစ်ခုကနေ အခုထိ ထိုင်လျှက်အနေအထား၊ထိုင်ေနနှင့်ပြီးသား အနေအထား ဆို (앉아 있어요)
အခုမှ ထိုင်မလို့ လုပ်နေတုန်း တန်းလန်းအနေအထား ၊ ထရာကနေ ထိုင်ဖို့ လုပ်နေတာမျိုးဆို
(앉고 있어요 )
ဒီ သဒ္ဒါနှစ်ခု ကွဲအောင် (အလွယ်မှတ်မယ်ဆို)
ပြုလုပ်ခံ (피동) passive Verb တွေနဲ့ဆို
아/어 있다 နဲ့ သုံး
လုပ်ရှုးမှုပြ (동작, 사동 ) Action Verb တွေနဲ့ဆို
고 있다 နဲ့ သုံး
📌ချွင်းချက်(입다 -ဝတ်သည်)ဆိုတဲ့ Verb အသုံးကိုတော့ သတိပြုဖို့လိုပါတယ်။
အင်္ကျီ ဝတ်ထားတယ်လို့ ပြောချင်ရင်
입어 있어요 ❌ နဲ့ သုံးလို့မရပါဘူး
입고 있어요 ✅ လို့ပဲ သုံးရပါတယ်။
ဒီ grammar နဲ့ပတ်သက်ပြီး ထပ်သိချင်တာလေးတွေရှိရင် comment (သို့) CB ကနေ မေးလို့ရပါတယ်နော် ☺️
Teacher Zune
하다 နဲ့ 되다 က ဘာကွာတာလဲ ?
Active , Passive လိုမျိုး
Action တစ်ခုကို ပြုလုပ်နေတယ်ဆိုတဲ့ အနေအထားကို ပြောချင်ရင် (하다 )
Action တစ်ခုက ပြုလုပ်ပြီးသွားတဲ့ အနေအထား (သို့) အရာတစ်ခုက ဖြစ်ပြီးသား အနေအထားကို ပြောချင်ရင် (되다)ကိုသုံးပါတယ်။
ဥပမာ -
시험을 시작하다 .
စာမေးပွဲ စတင်နေတယ် ။
시험을 시작되다 .
စာမေးပွဲ စတင်နေပြီ (စပြီးပြီ ၊ဖြေနေပြီ)
음식을 준비하다 .
အစားအစာတွေ ပြင်ဆင်နေတယ်။
음식을 준비되다 .
အစားအစာကို ပြင်ဆင်ပြီးပြီ ။
Teacher Zune
Grammar စာအုပ်နှစ်မျိုး ထုပ်ပေးထားပါတယ်။
ကိုယ်လိုအပ်နေတဲ့ စာအုပ်ကို လွယ်ကူစွာ ရွေးချယ်ဝယ်ယူလေ့လာလို့ရအောင် ရှင်းပြပေးထားပါတယ်။
Order to Viber
+959420136042
Click here to claim your Sponsored Listing.
Category
Website
Address
Yangon