Maker360
Maker360
Share
Maker360 provides students hands-on experience in robotics, computer coding, electronic circuits and
Maker360 is a 21st century learning environment that encourages students to explore, design,build and invent. We offer STEAM curriculum courses and workshops to give children hands on experience with electrical circuits, robotics and digital fabrication equipment.
18/11/2020
Deadline က လာမဲ့ တနဂ်နွေနေ့နော်။
ကိုယ့်ရပ်ရွာအတွက် တီထွင်ဖန်တီးသူလေးတွေ မွေးထုတ်ပေးရအောင်လား။
သင့်ရပ်ရွာဒေသမှာတီထွင်ဆန်းသစ်ဖန်တီးမှုတွေ ရှင်သန်မွေးဖွားပေးနိုင်မယ့် mini Makerspace တစ်ခု စတင်တည်ထောင်နိုင်ဖို့ စိတ်ဝင်စားပါသလား? ဒါဆိုရင်တော့ အခွင့်အရေးတစ်ခုရှိပါတယ်။
အမေရိကန်စင်တာရန်ကုန်ရဲ့ “MakerTour in a Box” အစီအစဉ်ဟာ mini Makerspace တစ်ခု စတင်နိုင်ဖို့လိုအပ်တဲ့ 3D Printer, Arduino Kits, Micro:bit, Robot Kits အစရှိတာတွေကို ပံ့ပိုးပေးမှာပါ။
အရင်နှစ်ကလိုမြို့နယ်တွေ လှည့်လည်တဲ့ MakerTour အစား online ကနေ ပုံစံပြောင်းကျင်းပမှာ ဖြစ်ပါတယ်။
ဒီအစီအစဉ်မှာပါဝင်မဲ့ဒေသခံအဖွဲ့တွေအနေနဲ့ သင်ထောက်ကူပစ္စည်း စက်ကိရိယာတွေကို လက်ခံရယူပြီး သင်တန်းတွေကိုတော့ Online ကနေပဲ ၂၀၂၁ ခုနှစ် ဇန်နဝါရီလထဲမှာ ရက်သတ်မှတ်ပြီးတော့ ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ ဒါပြီးသွားပြီဆိုရင်တော့ သင်ထောက်ကူပစ္စည်း စက်ကိရိယာတွေနဲ့ ကိုယ့်ရပ်ရွာဒေသမှာ Mini Makerspace လေးတစ်ခုကို ဆက်လက်ပျိုးထောင်နိုင်မှာပဲဖြစ်ပါတယ်။
ဒီအစီအစဉ်မှာပါဝင်နိုင်တဲ့မိတ်ဖက်တွေကတော့ အောက်ပါအချက်တွေကို ဆောင်ရွက်ပေးနိုင်တဲ့ဒေသခံ maker အဖွဲ့တွေဖြစ်ပါတယ်။
1. သင်ထောက်ကူပစ္စည်း စက်ကိရိယာတွေကို တာဝန်ယူလက်ခံပြီး နေရာစီစဉ်ပေးရမယ်။
2. သတ်မှတ်ရက်မှာ သင်တန်းပြုလုပ်နိုင်ဖို့အတွက် လိုအပ်တဲ့ စီစဉ်မှုတွေပြုလုပ်ပေးနိုင်ရမှာပါ။
3. ကိုယ့်ဒေသအတွက် Mini Makerspace ကို ရေရှည် အတွက်ဆက်လက်ပျိုးထောင်နိုင်ရပါမယ်။
အရေအတွက်အကန့်အသတ်ရှိတဲ့အတွက် စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်ပါလင့်မှာ နိုဝင်ဘာ ၂၂အထိနောက်ဆုံးထားပြီး ဒီလင့်ခ်မှာ (https://bit.ly/2H7YL0X) စာရင်းပေးသွင်းရမှာဖြစ်ပါတယ်။
Are you a “maker” with a desire to start a mini makerspace for your community to promote tech creativity and innovation? Here’s your chance!
American Center Yangon “MakerTour in a Box” is a box of maker tools such as a 3D printer, Arduino kits, Micro:bit, and robotic kits to get you started.
Last year, ACY MakerTour was on the road; this year we’re going virtual. Selected partner groups will receive a maker box, followed by online workshops in January 2021. Your local group can then continue and grow a mini makerspace of your own!
Eligible partner groups are enthusiastic makers who can also:
1) Receive the maker tools and provide space for future workshops
2)Coordinate between the MakerTour team and local participants; and
3) Continue the mini Makerspace following the online workshops.
Interested?
Space and resources are limited. So, complete the application at this link (https://bit.ly/2H7YL0X) by Nov 22!
Photos from Maker360's post 24/01/2020
🤖" The Maker Festival 2020 " 🤖ရဲ့ပထမနေ့မှာ ကျနော်တို့ Maker360 မှပြုလုပ်ထားသော project များကို ပြသနေပြီဖြစ်လို့ အားလုံးကို လာရောက်ဖို့ ဖိတ်ခေါ်ပါတယ်။🥰
ဒီနေ့မအားလို့မလာဖြစ်ရင်လဲ မနက်ဖန်တစ်ရက်ရှိသေးလို့လာရောက်စေလိုပါတယ်။
အားလုံးပဲ 🤖The Maker Festival 2020 🤖ပွဲမှာ ဆုံတွေ့ရအောင်နော်။🥰
13/10/2019
သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ ကြံတိုင်းအောင် ဆောင်တိုင်းမြောက်ပြီး ဘေးဘယာများ ကင်းဝေးကြပါစေကြောင်း Maker 360 မှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင့်...
မိသားစုတိုင်း မိသားစုတိုင်း အတွက် သာယာပျော်ရွင် သော သီတင်းကျွတ် လပြည့်နေ့လေးဖြစ်ပါစေရှင့်...
The Schwab Foundation ၂၀၁၉ လူမှု-စွန့်ဦးတီထွင်ထူးချွန်ဆုရှင် မလှလှဝင်း 04/10/2019
The Schwab Foundation ၂၀၁၉ လူမှု-စွန့်ဦးတီထွင်ထူးချွန်ဆုရှင် မလှလှဝင်း
04 အောက်တိုဘာ၊ 2019
ဒေါ်ခင်စိုးဝင်း
၂၀၁၉ လူမှု-စွန့်ဦးတီထွင်ထူးချွန်ဆုရှင် မလှလှဝင်း
၂၀၁၉ လူမှု-စွန့်ဦးတီထွင်ထူးချွန်ဆုရှင် မလှလှဝင်း
မျှဝေပါ
နယူးယောက်မြို့ အခြေစိုက် The Schwab Foundation ရန်ပုံငွေအဖွဲ့ကြီးကနေ 360ed ပညာရေးအထောက်အကူပြုလုပ်ငန်းရဲ့ CEO အမှုဆောင်အရာရှိချုပ် မလှလှဝင်းကို ၂၀၁၉ ခုနှစ်အတွက် လူမှု-စွန့်ဦးတီထွင်ထူးချွန်ဆုကို စက်တင်ဘာလ ၂၄ ရက်နေ့က ချီးမြှင့်ခဲ့ပါတယ်။ သူကျွမ်းကျင်တဲ့ပညာနဲ့ မြန်မာ့ပညာရေးနယ်ပယ် ထဲထဲဝင်ဝင် ဖြည့်ဆည်းပေးနေတဲ့ စွမ်းဆောင်ချက်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီဆုချီးမြှင့်ခြင်းခံရတာဖြစ်ပါတယ်။ အမေရိကန် Harvard တက္ကသိုလ်မှာပညာသင်ယူခဲ့ပြီး မြန်မာတင်မက၊ ဂျပန်၊ ဖိလစ်ပိုင်နဲ့ တခြားနိုင်ငံတွေအထိပါ ဈေးကွက်တိုးချဲ့နိုင်တဲ့အထိ အောင်မြင်နေတဲ့ မလှလှဝင်းဟာ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၁၅ နှစ်က ပညာရေးဝန်ကြီးဟောင်းလည်းဖြစ်၊ ရန်ကုန်ဝိဇ္ဖာနဲ့ သိပ္ပံတက္ကသိုလ် Philosophy ဒဿနိကဗေဒဌာန ပါမောက္ခအငြိမ်းစား ဒေါက်တာခင်မောင်ဝင်း ဦးစီးထူထောင်ခဲ့တဲ့ Pre Colleges Program -တက္ကသိုလ်ကောလိပ်အကြို ဝင်ခွင့် လေ့ကျင့်ပေးတဲ့ အစီအစဉ်ရဲ့ ပထမအသုတ်ဘွဲ့ရတဦးဖြစ်ပါတယ်။ ပြည်ပမှာ အဆင့်မြင့်ပညာသင်ကြားဖို့ စိတ်ဝင်စားသူတွေအတွက် Pre Colleges Program အကြောင်း သိကောင်းစရာတွေနဲ့ နယ်ပယ်အသီးသီးမှာ အမျိုးသမီးတွေရဲ့ ဦးဆောင်မှု အခန်းကဏ္ဍလိုအပ်ချက်တွေ နဲ့ ပတ်သက်လို့ မလှလှဝင်းကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ်အတွက် အမျိူးသမီးကဏ္ဍအဖြစ် ဒေါ်ခင်စိုးဝင်းကတင်ဆက်ထားပါတယ်။
The Schwab Foundation ၂၀၁၉ လူမှု-စွန့်ဦးတီထွင်ထူးချွန်ဆုရှင် မလှလှဝင်း နယူးယောက်မြို့ အခြေစိုက် The Schwab Foundation ရန်ပုံငွေအဖွဲ့ကြီးကနေ 360ed ပညာရေးအထောက်အကူပြုလုပ်ငန်းရဲ့ CEO အမှုဆောင်အရာရှိခ...
Photos from Maker360's post 24/09/2019
မလှလှဝင်း (CEO, 360ed) The Schwab Foundation Social Entrepreneur Award of 2019 ကို ရရှိခြင်း
-----------------------------------------------------------
360ed CEO မလှလှဝင်းသည် World Economic Fourm ၏ sister organisation ဖြစ်သော Schwab Foundation မှ ချီးမြှင့်သော Social Entrepreneur of the Year 2019 ဆုကို စက်တင်ဘာလ ၂၃ ရက် အမေရိကန်နိုင်ငံ New York မြို့ Lotte New York Palace Hotel တွင် ကျင်းပသည့် Schwab Foundation Annual Submmit 2019 မှာ လက်ခံရရှိခဲ့ပါသည်။
လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ကတည်းမှ Schwab Foundation အနေဖြင့် လူအများကို ထိထိရောက်ရောက်အကျိုးပြုနေသည့် နိုင်ငံအသီးသီးမှ စွန့်ဦးတည်ထွင်သူများအား နှစ်စဉ် ရွေးခြယ်ပေးအပ်တာဖြစ်ပြီး စီးပွားရေးလုပ်ငန်ကြီးများနှင့် အစိုးရအဖွဲ့အသီးသီးမှ decision-maker များ နှင့် တွေ့ဆုံပေးကာ public-private အနေဖြင့် ပိုမို၍ အများပြည်သူကို အ ကျိုးပြုနိုင်တဲ့ အဖွဲ့အစည်းတစ်ရပ်ဖြစ်လာစေရန် ဆက်သွယ် ဆောင်ရွက် ပေးတာ ဖြစ်ပါတယ်။
နိုင်ငံအသီးသီးကနေပြီးတော့ ဒီနှစ်အတွက်ရွေးခြယ်ခဲ့ရတဲ့ စွန့်ဦးတီထွင်သူ ၁၇ ဦးထဲမှာ မလှလှဝင်းဟာ Social Entrepreneur Award 2019 ဆုကို ရရှိခဲ့ခြင်းပဲဖြစ်ပါတယ်။
ဒီဆုကို ၇ နှစ်ကျော် အကြာမှ မြန်မာနိုင်ငံအနေနဲ့ ဒုတိယအကြိမ် ဆွှတ်ခူး နိုင်ခဲ့ခြင်းဖြစ်ပါတယ်။
ထို့အပြင် စက်တင်ဘာလ ၂၄ရက်မှ ၂၅ရက်ထိကျင်းပမည့် World Economic Forum သို့ တက်ရောက်ရန်ဖိတ်ကြားခံရပြီး Sustainable Development Impact Summit တွင် Securing Decent Work for All ခေါင်းစဉ်ဖြင့် ပါဝင်ဟောပြောဆွေးနွေးခွင့် ရခဲ့ပါတယ်။
မလှလှဝင်း အခုလို Social Entrepreneur Award of 2019 ကို ရရှိသည့် အတွက် ကုမ္ပဏီအတွက်၊ နိုင်ငံတော်အတွက် နှင့် မြန်မာ ပညာရေးလောက အတွက် ဂုဏ်ယူဝမ်းမြောက်ကြရပါသည်။
ထို့ကြောင့် အများပြည်သူသိရှိရန် ကြေညာပေးလိုက်ပါသည်။
Unicode
မလှလှဝင်း (CEO, 360ed) The Schwab Foundation Social Entrepreneur Award of 2019 ကို ရရှိခြင်း
-----------------------------------------------------------
360ed CEO မလှလှဝင်းသည် World Economic Forum ၏ sister organisation ဖြစ်သော Schwab Foundation မှ ချီးမြှင့်သော Social Entrepreneur of the Year 2019 ဆုကို စက်တင်ဘာလ ၂၃ ရက် အမေရိကန်နိုင်ငံ New York မြို့ Lotte New York Palace Hotel တွင် ကျင်းပသည့် Schwab Foundation Annual Summit 2019 မှာ လက်ခံရရှိခဲ့ပါသည်။
လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ကတည်းမှ Schwab Foundation အနေဖြင့် လူအများကို ထိထိရောက်ရောက်အကျိုးပြုနေသည့် နိုင်ငံအသီးသီးမှ စွန့်ဦးတည်ထွင်သူများအား နှစ်စဉ် ရွေးခြယ်ပေးအပ်တာဖြစ်ပြီး စီးပွားရေးလုပ်ငန်ကြီးများနှင့် အစိုးရအဖွဲ့အသီးသီးမှ decision-maker များ နှင့် တွေ့ဆုံပေးကာ public-private အနေဖြင့် ပိုမို၍ အများပြည်သူကို အ ကျိုးပြုနိုင်တဲ့ အဖွဲ့အစည်းတစ်ရပ်ဖြစ်လာစေရန် ဆက်သွယ် ဆောင်ရွက် ပေးတာ ဖြစ်ပါတယ်။
နိုင်ငံအသီးသီးကနေပြီးတော့ ဒီနှစ်အတွက်ရွေးခြယ်ခဲ့ရတဲ့ စွန့်ဦးတီထွင်သူ ၁၇ ဦးထဲမှာ မလှလှဝင်းဟာ Social Entrepreneur Award 2019 ဆုကို ရရှိခဲ့ခြင်းပဲဖြစ်ပါတယ်။
ဒီဆုကို ၇ နှစ်ကျော် အကြာမှ မြန်မာနိုင်ငံအနေနဲ့ ဒုတိယအကြိမ် ဆွှတ်ခူး နိုင်ခဲ့ခြင်းဖြစ်ပါတယ်။
ထို့အပြင် စက်တင်ဘာလ ၂၄ရက်မှ ၂၅ရက်ထိကျင်းပမည့် World Economic Forum သို့ တက်ရောက်ရန်ဖိတ်ကြားခံရပြီး Sustainable Development Impact Summit တွင် Securing Decent Work for All ခေါင်းစဉ်ဖြင့် ပါဝင်ဟောပြောဆွေးနွေးခွင့် ရခဲ့ပါတယ်။
မလှလှဝင်း အခုလို Social Entrepreneur Award of 2019 ကို ရရှိသည့် အတွက် ကုမ္ပဏီအတွက်၊ နိုင်ငံတော်အတွက် နှင့် မြန်မာ ပညာရေးလောက အတွက် ဂုဏ်ယူဝမ်းမြောက်ကြရပါသည်။
ထို့ကြောင့် အများပြည်သူသိရှိရန် ကြေညာပေးလိုက်ပါသည်။
Photos from Maker360's post 26/08/2019
သင်ကြားသင်ယူမှုအထောက်အကူပြု Learning App များပေးအပ်လှူဒါန်းပွဲအခမ်းအနား
ရန်ကုန် ဩဂုတ် ၂၅
ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနသို့ 360 Ed မှ(Augmented Reality-AR)ခေါ် သုံးဖက်မြင် ရုပ်လုံးကြွနည်းပညာကိုသုံး၍ သင်ကြားသင်ယူမှုအထောက်အကူပြု Learning App များပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ၂၅.၈.၂၀၁၉ နံနက်​၉ နာရီတွင် ရန်ကုန်ပညာရေးတက္ကသိုလ် Learning Hub ခန်းမတွင်​​အောင်​မြင်​စွာကျင်းပခဲ့ပါတယ်​။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ မျိုးသိမ်းကြီးက အမှာစကားပြောကြား ရာတွင် ၂၀၁၆ ခုနှစ်မှစ၍ ပညာရေးပြုပြင်ပြောင်းလဲမှုများကို ပြုပြင်ပြောင်းလဲဆောင်ရွက်ခဲ့ပြီး အားလုံး၏ပါဝင် မှုဖြင့် ပြုပြင်ပြောင်းလဲသင့်သည်များကို ပြုပြင်ပြောင်းလဲ ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ယင်းသို့ဆောင် ရွက်ရာတွင် အခြေခံပညာသင်ရိုးညွှန်းတမ်းများကို အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းတွင် ဖော်ပြထား သည့်အတိုင်း ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၊ သင်ယူသူများကို ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားစေ ရန်နှင့် စွမ်းဆောင်ရည်ရှိလာစေရန် မူလတန်းသင်ရိုးညွှန်းတမ်း Grade-1, Grade-2, Grade-3 စာအုပ်များကို ဂျပန်နိုင်ငံ JICA Create ၏အကူအညီဖြင့် ပြုပြင်ပြောင်းလဲဆောင်ရွက်ခဲ့ပါကြောင်း၊ အလယ်တန်း၊ အထက် တန်းသင်ရိုးကို ADB ၏ချေးငွေနှင့် EU ၏အကူအညီဖြင့် ပြုပြင်ပြောင်းလဲလျက်ရှိပြီး ယခုနှစ်တွင် Grade-6 စာအုပ်များကို အသုံးပြုနေပြီဖြစ်ပါကြောင်း၊ လာမည့်ပညာသင်နှစ်တွင် Grade-4, Grade-7 နှင့် Grade-10 သင်ရိုး ညွှန်းတမ်းစာအုပ်အသစ်များကို အသုံးပြုနိုင်ရန်စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်းလဲ​ပြေားကြားခဲ့ပါတယ်​။
သင်ယူမှုအားကောင်းရန်နှင့် ကျောင်းသား ကျောင်းသူများ၏ စွမ်းဆောင်ရည်ကို အမြင့်ဆုံးနှင့် အကောင်းဆုံးဖြစ်စေရန် သင်ရိုးညွှန်းတမ်းများကိုပြောင်းလဲခြင်းဖြစ်ပါကြောင်း၊ ယနေ့ ၂၁ ရာစုနှစ်တွင် ဘာသာ ရပ်သင်ရိုးညွှန်းတမ်းများ၌ (Internet of Things-IOT), Big data, cyber-physical systems or robotics နည်းပညာတို့နှင့် ပေါင်းစပ်ဆောင်ရွက်ရန် အရေးကြီးသည့်အတွက် သင်ရိုးညွှန်းတမ်းများကို (Industry Revolution 4.0)နှင့် လိုက်လျောညီထွေရှိ‌စေရန် ပေါင်းစပ်ဘာသာရပ်နယ်ပယ်များအဖြစ် အသိပညာပေး နိုင်ရန် ဦးတည်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများကို လူသားကောင်းများဖြစ်လာ စေရန်၊ တစ်ဦးနှင့်တစ်ဦး နားလည်မှုရှိပြီး အပြန်အလှန်လေးစားကူညီတတ်သည့် စိတ်ဓာတ်ကောင်းများ၊ အများ နှင့်ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရှိရန်နှင့် အကူအညီပေးသည့် ကျေးဇူးတန်ဖိုးကို သိရှိနားလည်တတ်သူများဖြစ်လာစေရန် လေ့ကျင့်သင်ကြားပေးရ မည်ဖြစ်ပါကြောင်း၊ စည်းကမ်းကိုလေးစား လိုက်နာတတ်ပြီး ဒီမိုကရေစီစနစ်တွင် တာဝန်ယူ တာဝန်ခံ၍ အကောင်းဆုံးပူးပေါင်း ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းရှိသူများ၊ ဆန်းသစ်တီထွင်ဖန်တီးနိုင်စွမ်းရှိသော မျိုးဆက်သစ် ကျောင်းသား ကျောင်းသူ များ၊ လူငယ်များ၊ တစ်သက်တာသင်ယူသူများဖြစ်လာစေရန် သင်ကြားသင်ယူလေ့ကျင့်ပေးရမည်ဖြစ်ပါ ကြောင်း။
နည်းပညာဖွံ့ဖြိုးတိုးတက်မှုနှင့်လိုက်လျောညီထွေရှိသော တီထွင်ဖန်တီး နိုင်စွမ်းရှိသည့် လူငယ်များ အနေဖြင့် အလုပ်အကိုင်အခွင့် အလမ်းကောင်းများရရှိလာနိုင်မည်ဖြစ်ပါကြောင်း၊ ယင်းသို့ဖန်တီးနိုင်စွမ်း ရှိလာစေရန်အတွက် ကျောင်းသား ကျောင်းသူများကို အခြေခံပညာ ဖြစ်သည့် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းမှစ၍ သင်ယူပြီးရင်းသင်ယူမှုကို အားပေးမြှင့်တင်ပေးရမည်ဖြစ်ပါကြောင်း၊ မိမိတို့ဒေသ၏ ကောင်းကျိုး၊ ကမ္ဘာကြီး၏ကောင်းကျိုးကို ဖန်တီးဆောင်ရွက်ပေးနိုင်သည့်အပြင် ကောင်းမွန်သော သဘော ထားအမြင်နှင့် တန်ဖိုးထားလေးစားနိုင်စွမ်းရှိသည့် ကျောင်းသား ကျောင်းသူများ၊ သင်ယူသူ လူငယ်များကို ပြုစုပျိုးထောင်ပေးနိုင်ပါက မိမိတို့နိုင်ငံ၏ပညာရေးကို တန်ဖိုးထားလေးစားလာမည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများအတွက် သင်ယူတတ်မြောက်မှု ပိုမိုကောင်းမွန်စေရန် အင်္ဂလိပ်စာအရည်အသွေးနှင့် အိုင်စီတီအရည်အသွေး တိုးတက်ကောင်းမွန်စေရန် ကြိုးပမ်းဆောင်ရွက်ပေးကြ စေလိုကြောင်း၊ ‌ထို့ပြင် နည်းပညာသည် ကျောင်းသား ကျောင်းသူများ၏အနာဂတ်တွင် မဖြစ်မနေလိုအပ်သည် ကိုလည်း သိရှိရန်လိုအပ်ပြီး ကျောင်းသား ကျောင်းသူများအနေဖြင့်လည်း နည်းပညာကို အပျော်သဘောဖြင့် မဟုတ်ဘဲ လေးလေးနက်နက် လေ့လာသင်ယူကြစေလိုကြောင်း၊ ယခုကဲ့သို့နည်းပညာ ကူညီပံ့ပိုးပေးသည့် အလှူရှင်များ၏အခန်းကဏ္ဍသည်လည်း အရေးကြီးသကဲ့သို့ ဖွံ့ဖြိုးမှုမိတ်ဖက်များ၏ ပူးပေါင်းကူညီပံ့ပိုးမှုများကို လည်း ပညာရေးဝန်ကြီးဌာနအနေဖြင့် တန်ဖိုးထားလေးစားပါကြောင်း ပြောကြားခဲ့ပါတယ်​။
ထို့နောက် 360 Ed ၏ CEO နှင့် Founder ဖြစ်သူ ဒေါ်လှလှဝင်းက လှူဒါန်းရခြင်း၏ရည်ရွယ်ချက်နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး 360 Ed ၏ Co-Founder ဦးရန်မင်းအောင်က Grade-1 အင်္ဂလိပ်စာ ဘာသာရပ်အတွက် 360 Ed ၏ သင်ထောက်ကူ Application ကို မိတ်ဆက်တင်ပြခဲ့ပါသည်။
ယင်းနောက် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။
360 Ed မှ ရေးဆွဲသည့် Grade-1 အင်္ဂလိပ်စာ ဘာသာရပ် သင်ရိုးအထောက်အကူပြု Application သည် သင်ရိုးညွှန်းတမ်းပါ သင်ခန်းစာများကို အသံထွက်မှန်ကန်စွာဖြင့် သင်ယူလေ့လာနိုင်ခြင်း၊ ကျောင်းသား ကျောင်းသူများအတွက် လှုပ်ရှားသက်ဝင်မှုပိုမိုကောင်းမွန် သော လေ့လာမှုနှင့် ပတ်ဝန်းကျင်ကို ကျောင်းတွင် သာမက အိမ်တွင်ပါ သင်ယူလေ့လာနိုင်ခြင်း၊ မိဘများအနေဖြင့် မိမိတို့၏သားသမီးများ စာလေ့လာသည့် နေရာတွင် စောင့်ကြည့်လမ်းညွှန်နိုင်ခြင်း၊ ဆရာ ဆရာမများအနေဖြင့် စာသင်ခန်းများတွင် သင်ခန်းစာပို့ချရာ၌ ကိုးကား၍ သော်လည်းကောင်း၊ သင်ထောက်ကူအနေဖြင့်လည်းကောင်း အသုံးပြုနိုင်ပါသည်​။
16/08/2019
Please explore and visit our new Element AR and Electric Circuit educational products. Which are currently launching at Sule Shangri-La Hotel.
Elements AR Application Information
https://www.360ed.org/elements-ar
Electric Circuit AR Application Information
https://www.360ed.org/electric-circuit
15/08/2019
Future Of Education Panel Discussion is brought to you by 360ed and DVB at Sule Shangri-La.
Want your business to be the top-listed Engineering Company in Yangon?
Click here to claim your Sponsored Listing.
Telephone
Website
Address
Maker360, 6th Floor, Tarmwe Plaza, Thamein Bayan Road, Tarmwe Township
Yangon