Mingalar Veterinary Knowledge
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mingalar Veterinary Knowledge, 2/003, Kantawmon Housing, Lay Daungkan Road, Thingangyun Township, Yangon.
14/11/2017
Pug ချစ်သော ကျွန်တော့်မိတ်ဆွေများအတွက်......... Pug လေးများ အကြောင်း တစေ့တစောင်း 📝📝📝
မြန်မာပြည်မှာ မွေးမြူနေကြတဲ့ ချစ်စရာ Pug မျိုးနွယ် Puppy လေးများရဲ့ မူလဇာတိမြေကတော့ Great Britain ဖြစ်ပါတယ်။ သူတို့လေးတွေကို Pug ဆိုတဲ့ နံမည်အပြင် ကမ္ဘာမှာခေါ်ကြတဲ့ အခြားအမည်လေးတွေကတော့ "Carlin" နဲ့ Mops" ဆိုပြီးတော့ ဖြစ်ကြပါတယ်။
သူတို့လေးတွေကို ခွေးအသေးဆိုဒ် Small Breed အဖြစ် သတ်မှတ်ထားပြီး အရွယ်ရောက်ချိန် Adult Weight ဟာ 10 Kg အောက်၊ ပျမ်းမျှအားဖြင့် ပေါင် 20 အောက် အတွင်းမှာ ရှိကြပါတယ်။
Pug အုပ်စု Puppy လေးများဟာ ကြင်နာတတ်သော နူးညံ့တဲ့အမူအကျင့်လေးများရှိပြီး ဦးနှောက်ဥာဏ်စွမ်းရည် ဖွံ့ဖြိုးမှု မြင့်မားလှပါတယ်။ ထိတွေ့ကိုင်တွယ်ဆော့ကစားမှုကို ခံယူနိုင်ပြီး၊ အိမ်ရှိကလေးငယ်များနှင့်ပါ ရန်လိုမှုမရှိပဲ အဆင်ပြေပျော်ရွှင်စွာ မွေးမြူနိုင်သော Puppy အမျိုးအစားလေးဖြစ်ပါတယ်။
တစ်ခါတစ်ရံမှသာ ဆူညံစွာ ဟောင်တတ်ပြီး အေးဆေးသောအမူအကျင့်နဲ့သာ ဆော့ကစားတတ်ကြပါတယ်။ ဒါကြောင့်လည်း အခြားPuppy လေးများနဲ့မတူပဲ လူကြီးကလေးများနဲ့အတူ သင့်မြတ်စွာနေထိုင်ဆော့ကစားတတ်သော အဖော်မွန်ခွေး Companion Dog အဖြစ် နံမည်ကြီးကြပါတယ်။
""ဂရုစိုက်စရာ အဖြာဖြာ""
သူတို့လေးတွေဟာ အကွာအဝေးတိုခရီးမှာ လှုပ်ရှားသွားလာခြင်းကို ကောင်းစွာလုပ်ဆောင်နိုင်ကြပြီး၊ ခရီးရှည် လမ်းလျှောက်ခြင်း၊ ပြင်းထန်ကြမ်းတမ်းသော လေ့ကျင့်ခန်းလုပ်ခြင်းများနဲ့ မသင့်တော်ကာ လုပ်ဆောင်နိုင်စွမ်းလည်း မရှိကြပါဘူး။
သူတို့ မကြိုက်ဆုံးကတော့ သူ့ကို တစ်ကောင်တည်း သီးခြားထားခဲ့ပြီး သခင်များက အဝေးတွင်နေခြင်း၊ အထီးကျန်စွာ သီးသန့်တစ်နေရာမှာ နေထိုင်ရခြင်းတို့ပဲ ဖြစ်ကြပါတယ်။ သူဟာ အမြဲ သခင်နဲ့မခွဲပဲ တစ်ယောက်မဟုတ်တစ်ယောက်နဲ့ တစ်ပူးတွဲတွဲ ဆော့ကစားလိုက်၊ ချွဲနွဲ့လိုက်နေရင်း သခင်အတွက် ရသမျိုးစုံပေးတတ်သော ချစ်စရာခွေးငယ် အမျိုးအစားလေး တစ်ခုဖြစ်ပါတယ်။
အထူးသတိထားပေးသင့်တာကတော့ သူတို့ဟာ အပူရှိန်ကိုကြောက်ကြပါတယ်။ အေးမြသောနေရာလေးများကိုသာ နှစ်သက်နေထိုင် ဆော့ကစားတတ်ကြပါတယ်။ အပူရှိန် မြင့်မားလျှင် အသက်ရှူခက်ခဲတတ်ပြီး သနားစဖွယ် မောပန်းသော အမူအယာများ ပေါ်ပေါက်လာတတ်ကြပါတယ်။ အခန့်မသင့်လျှင် အသက်ရှူ ကျပ်ခြင်း၊ အမောဖောက်ခြင်းစတဲ့ Respiratory Disease များ ဖြစ်ပေါ်တတ်ကြကြောင်း သတိပြုသင့်ပါတယ်။
မျက်လုံးပိုင်းဆိုင်ရာ အနေနဲ့ ဖုန်နဲ့ အညစ်အကြေးများ ဝင်ရောက်လွယ်သော မျက်နှာဖွဲ့စည်းမှုဖြစ်သဖြင့် သတိထားကာ ပုံမှန် စစ်ဆေး သန့်ရှင်းပေးမှုများ ပြုလုပ်ပေးခြင်းဖြင့် မလိုလားအပ်သော မျက်စိဝေဒနာ များကို ကြိုတင်ကာကွယ်နိုင်ပါတယ်။
ရေချိုးခြင်း၊ အခြောက်လျှော်ခြင်းများကိုတော့ ပျမ်းမျှတစ်ပတ်ကို နှစ်ကြိမ်လောက် ပြုလုပ်ပေးနိုင်ရင် လုံလာက်နိုင်ပါတယ်။.....ကမ္ဘာတစ်လွှားရှိ Pug ကလေးများရဲ့ ပြင်ပ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံ စံနှုန်းများကိုလည်း စုစည်းပေးထားပါတယ်။......
@ ခေါင်းပိုင်း
Pug လေးများရဲ့ ခေါင်းပိုင်းဟာ မာကျော ကျစ်လစ်ပြီး လုံးဝိုင်းကြပါတယ်။ မျက်နှာပြင်ပေါ်မှာ ထင်ရှားတဲ့ အရေးအကြောင်း အတွန့် များပေါ်လွင်စွာပါရှိပြီး ဦးခေါင်းခွံပေါ်မှာတော့ အရေးအကြောင်း ကင်းရှင်းကြပါတယ်။
နှုတ်သီးဟာ တိုတောင်းပြီး နှုတ်ခမ်းလည်းတိုကာ မေးရိုးများကားထွက်နေတတ်ကြပါတယ်။ အောက်သွားတန်းလေးတွေကတော့ Straight Line နီးပါး ဖြောင့်တန်းကြပြီး ချစ်စရာကောင်းတဲ့ မျက်မှာသွင်ပြင်ကို ပုံဖော်ကြပါတယ်။
@မျက်လုံး
Pug လေးတွေရဲ့မျက်လုံးကတော့ အထင်ရှားဆုံးပါပဲ။
မျက်လုံးတွေဟာ အလွန်ကြီးပြီး ပြူးကျယ်နေတတ်ကြပါတယ်။ လုံးဝိုင်းပြည့်ဖြိုးပါတယ်။ နက်မှောင်ပြီး တောက်ပနေတတ်ကြတာကတော့ ချစ်စရာ Pug ကလေးများရဲ့ ထူးခြားချက်ပါပဲ။
@နားရွက်
နားရွက်လေးတွေကတော့ ပါးလွှာသေးငယ်ပြီး အရမ်းကို နူးညံ့ကြပါတယ်။ နှင်းဆီပွင့်ဖတ်သဏ္ဏာန် အောက်ကိုပျော့ကျနေတတ်ကြပြီး နားစည်လမ်းကြောင်း Ear Canal ကို ကာကွယ် ဖုံးအုပ်ပေးထားသလို ဖွဲ့စည်းထားကြမှာ ဖြစ်ပါတယ်။
@ ကိုယ်လုံး Body
ချစ်စရာ Puppy မျိုးနွယ်အုပ်စုတွေဖြစ်တဲ့အတိုင်း သူတို့လေးတွေရဲ့ ကိုယ်လုံးဟာ ကျစ်လစ်ပြီး လေးထောင့်စပ်စပ် တည်ဆောက်ထားကြပါတယ်။ ဖြောင့်တန်းသော ကျောရိုး၊ ကျယ်ပြန့်သော ရင်အုံတို့ကို ဦးခေါင်းပိုင်းနဲ့ တွယ်ဆက်ပေးထားတဲ့ လည်ပင်းကတော့ တောင့်တင်းခိုင်မာပြီး ပုံစံကျလှပါတယ်။
@ခြေလက်များ
ခြေတံ လက်တံတွေဟာ မတို မရှည်ပဲ မျှတစွာရှိပါတယ်။
ခြေချောင်း လက်ချောင်းတွေကတော့ ဝိုင်းလည်းမဝိုင်း ရှည်လည်းမရှည်ပဲ ကျစ်လစ်သော လက်ဖျားခြေဖျားများသာ ဖြစ်တတ်ကြပါတယ်။
@ အမြှီးပိုင်း
အမြီးပိုင်း အနေနဲ့ မြင့်သွားပြီး ကျစ်လစ်စွာ ကွေးတက်သွားပါမယ်။ တစ်ခွေ နှစ်ခွေလောက်ထိ ခွေတက်သွားတတ်ပြီး ကျောရိုး အဆုံးထိနီးပါး ရောက်ရှိနေတတ်ကြပါတယ်။
@အရေပြား
ချောမွတ် နူးညံ့ပြီး စိုစွတ်သော အသားရည်ရှိကြပါတယ်။
အရမ်း မမာကျောသလို ခွေခေါက်တွန့်လိမ်သော အမွေးများ၊ ပွယောင်းနေသောအမွေးများ လုံးဝ မတွေ့ရှိကြရပါဘူး။.
@ အသွေးအရောင်
အရောင် colour များအနေနဲ့ ငွေရောင်၊ အဝါဖျော့ရောင်၊ Creamy ရောင် နဲ့ အနက်ရောင်များအနေနဲ့ တွေ့ရှိကြရပါတယ်။ မျက်လုံးအရောင်ကတော့ အရမ်းကို ထင်ရှားကြပါတယ်။
နှုတ်သီး၊ မျက်နှာ၊ နားရွက်အဖျားလေးများ နဲ့ အချို့ ခြေဖျားထိပ်ပိုင်းလေးတွေမှာ အမည်းရောင်အဖြစ် အဆင်ဆန်းစွာ ဖြစ်ပေါ်နေကြပါတယ်။
@ Size
Size အနေနဲ့ ပျမ်းမျှ 30cm (တစ်ပေ နီးပါး) ခန့် ကျစ်လစ်စွာ တည်ရှိကြပါတယ်။
@ Body Weight
အရွယ်ရောက် အလေးချိန်အနေနဲ့ 6 to 8 Kg, ပျမ်းမျှ 12 ပေါင် ကနေ 18 ပေါင် ကြားလောက်ရှိမယ်ဆိုရင် လုံလောက်ကျန်းမာတဲ့ အလေးချိန်အနေနဲ့ တည်ရှိနိုင်ပါတယ်......
အထက်ပါ အချက်လေးတွေကတော့ ခွေးချစ်တတ်သောမိတ်ဆွေများ ထဲကမှ ချစ်စရာPug ကလေးများ မွေးမြူထားသူများအတွက် သိသင့်တာလေးများကို လက်လှမ်းမှီသလောက်၊ စုဆောင်းလေ့လာမိသလောက် ရင်နှီးစွာဝေမျှဖြစ်ခြင်းဖြစ်ပါတယ်။
မိတ်ဆွေများ အနေဖြင့် မိမိချစ်သောကလေးများကို ရင်းနှီး ချစ်ခင်စွာနေထိုင်ရင်း အမူအကျင့်လေးများကို သိရှိထားခြင်းဖြင့် မလိုလားအပ်သော ရောဂါအန္တရာယ်ဆိုးတို့မှ ကာကွယ်လွတ်ကင်းစေရန်လည်း ရည်သန်ပါတယ်။
ကလေးများသည် နုနယ်သောအိမ်မွေး Pet လေးများ ဖြစ်သည့်အလျောက် ကျန်းမာရေး နှင့်ပတ်သက်၍ သံသယရှိပါကလည်း နီးစပ်ရာ ကျန်းမာရေး ဆေးရုံ ဆေးခန်းများသို့ လက်ဦးမှုရယူကာ တိုင်ပင်ဆွေးနွေးသင့်ပါကြောင်း မေတ္တာများစွာနဲ့ တိုက်တွန်းအပ်ပါတယ် ခင်ဗျာ...
အိမ်မွေးတိရစ္ဆာန်ချစ်သူအပေါင်း ပြည့်စုံစွာ ကျန်းမာ ပျော်ရွှင်ကြပါစေ...
.............Dr. Kyaw Zay Ya...................
25/07/2017
.........""ပြင်းထန်သည့် H1N1 Swine Flu Virus နှင့် ချစ်စရာ အိမ်မွေးတိရစ္ဆာန်လေးများ အား ကူးစက်နိုင်မှု အပေါ် ကြိုတင်ကာကွယ် အသက်ကယ်"".........
ယခုရက်ပိုင်းအတွင်း Human G.P လောကတွင် ဂယက်ထလာကာ မြန်မာနိုင်ငံအပေါ် ချိန်းခြောက်လာသည့် H1N1 Virus အပေါ် လူသားထုများက စိုးရိမ်ကြောက်ရွံ့လာကြသလို မိမိမိတ်ဆွေ အိမ်မွေးတိရစ္ဆာန် ချစ်သူများမှာလည်း ၎င်းတို့ကိုယ်တိုင်အတွက်သာမက ၎င်းတို့အချစ်တော် ကလေးများအတွက်ပါ ကောင်းကျိုးဆိုးကျိုးကို တွေးတောစိုးရိမ်မှုများ ဖြစ်ပေါ်နေကြရပါသည်။
မိမိ မိတ်ဆွေအများစုမှာလည်း ကလေးများအပေါ် အိမ်သူအိမ်သားနှင့်မခြား မိသားစုသဖွယ် ချစ်ခင်ကာ သံယောဇဉ်ကြီးမားလွန်းကြသဖြင့် ချစ်စရာ ကလေးများနှင့်ပတ်သက်၍ ကူးစက်မှု Outbreak မဖြစ်ပေါ်စေရန် သိသင့်သည်များ၊ ဆောင်သင့် ရှောင်သင့် ဂရုစိုက်သင့်သည်များကို ပညာရပ်မဆန်ပဲ အကျဉ်းချုပ် ကူညီဝေမျှလိုက်ပါတယ်။
H1N1 Swine Flu Virus သည် Zoonosis ခေါ် တိရစ္ဆာန် မှ လူ၊ လူ မှ တိရစ္ဆာန် ကူးစက်နိုင်သော ပြင်းထန်ကူးစက်ရောဂါတစ်မျိုးအဖြစ် တွေ့ရှိရပြီး ကူးစက်မြန်၊ သေနှုန်းမြင့် ရောဂါတစ်မျိုးဖြစ်ပါသည်။ ကမ္ဘာတစ်လွှား တွင် ဝင်ရောက်သည့်နိုင်ငံများ၌ လူ နှင့် တိရစ္ဆာန်များ ကူးစက်သေကြေတတ်ကြသည့်အပြင် 2009 ပတ်လည်တွင် အိမ်မွေးတိရစ္ဆာန် ခွေးလေး၊ ကြောင်လေးများပါ စတင် ကူးစက်သေဆုံးတတ်ခဲ့ကြကြောင်း တွေ့ရှိဖူးပါသည်။
ထို့ကြောင့် မြန်မာနိုင်ငံကို မိတ်ဆက်အစပျိုးလာမှုသည် ဆိုးရွားသည်ဖြစ်စေ၊ နိုင်နင်းစွာ ကာကွယ်တိုက်ထုတ်နိုင်သည်ဖြစ်စေ၊ မိမိ၊မိမိပတ်ဝန်းကျင်နှင့်၊ မိမိတို့၏ အိမ်မွေးတိရစ္ဆာန်ကလေးများ အတွက် Public Health သဘောတရားအရ အိမ်မွေးတိရစ္ဆာန်ဆေးကု ဆရာဝန်တစ်ယောက်နေဖြင့် ကလေးများနှင့်ပတ်သက်သော အခြေခံ လက္ခဏာများကိုသာ ဝေမျှပေးချင်ပါသည်။
""ရှေပြေး လက္ခဏာ နှင့် ဖြစ်ပွားမှု လက္ခဏာများ""
@ နှာမွန် နှာပိတ် ခြင်း
@ ချောင်းဆိုးခြင်း (ပြတ်တောင်းပြတ်တောင်း သို့" အဆက်မပြတ်)
@ အဖျား တက်လိုက် ကျလိုက် အပြောင်းမြန်ခြင်း
@ နှာခေါင်းများ ထူပြီး ခြောက်လာတတ်ခြင်း
@ နှာရည် စိမ်းဝါရည်များ စတင်ကျလာခြင်း
@ အသက်ရှုမြန်လာခြင်း၊ ခက်ခဲစွာ အသက်ရှူလာရခြင်း
@ မျက်လုံး၊ မျက်သားများ ရဲလာခြင်း
@ အစာစားနှုန်းကျဆင်းလာခြင်း
@ ခန္ဓာကိုယ်ပေါ်တွင် အကွက်၊ အနီကွက်များ ဖြစ်ပေါ်လာတတ်ခြင်း တို့ တွေ့ရှိလာရတတ်ပါသည်။
ကူးစက်ပြ့န့်နှံ့နှုန်း မြန်ပြီး နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ နှာရည်ကြည်ထိခြင်းတို့မှ တဆင့် ကူးစက်ပြန့်ပွားတတ်ကြပါသည်။ ပတ်ဝန်းကျင် အရာဝတ္ထု ပစ္စည်းများပေါ်တွင်လည်း ခိုကပ်နေနိုင်ကာ ပါးစပ်၊ မျက်စိနှင့် ပါးစပ်များ သွားရောက်ထိတွေ့ရာမှလည်း ကလေးများအတွင်း ဝင်ရောက် ကူးစက်တတ်ကြပါသည်။
လူ မှ ခွေး၊ ခွေး မှ လူ သို့ အပြန်အလှန်ကူးစက်တတ်သော Virus မျိုးဖြစ်သဖြင့် လူ ဖြစ်စေ၊ အိမ်မွေးတိရစ္ဆာန်ဖြစ်စေ ဖြစ်ပွားမှုစတင်ပါက သေချာ ဂရုတစိုက် စတင်ကိုင်တွယ်ကာ ကာကွယ်ကုသမှုကို ရာနှုန်းပြည့် လုပ်ဆောင်သင့်ပါသည်။
H1N1 Virus အန္တရာယ်မှ လွန်မြောက်လျှင်တောင် ပြင်းထန်သော Canine Flu/ Feline Flu Level အဖြစ် ဖြစ်ပွားနေကြ ပုံစံအတိုင်း ဆိုးဝါးသောလက္ခဏာများနှင့် ခွေးတုတ်ကွေး၊ ကြောင်တုတ်ကွေး အနေနှင့် ရောဂါပြင်းထန်စွာ ကျန်ရစ်တတ်ကြပါသည်။
အချို့မှာ Type ပြောင်းကာ Pneumonia နမိုးနီးယား အဖြစ်ရောက်ရှိသွားပြန်လျှင်လည်း စိုးရိမ်သင့်သောအခြေအနေဖြင့် ဆက်လက် စောင့်ကြည့်ကုသရန်အထူးလိုအပ်ပါသည်။
အိမ်မွေးတိရစ္ဆာန် ခွေးလေး ကြောင်လေး များတွင် အသက်အရွယ်မရွေး၊ ဆိုဒ်မရွေး၊ အမျိုးအစား Breed မရွေး ဖြစ်ပွားကူးစက်ကာ ကူးစက်မြန်သော Virus တစ်မျိုးအဖြစ်သတ်မှတ်ထားပါသည်။
အထူးသဖြင့် နှာတိုမျိုးဖြစ်သော Pug/ French Bulldog/ Pekinese / English Bulldog စသည့် အသက်ရှူလမ်းကြောင်းတိုသော ကလေးအမျိုးအစားများတွင် ပြင်းထန်သောဝင်ရောက်မှုများ စတင်ဖြစ်ပေါ်တတ်ပါသည်။
Virus သည် ခန္ဓာကိုယ်အရေပြားပေါ်တွင် အသက်ရှင်နိုင်မှု အချိန်နည်းပါးသော်လည်း ပတ်ဝန်းကျင် အရာဝတ္ထုပစ္စည်းများအပေါ်တွင် ရက်ပေါင်းများစွာရှင်သန်ရပ်တည်နိုင်သောကြောင့် ပတ်ဝန်းကျင်ကို ပိုးသတ်သန့်ရှင်းရေးလုပ်ဆောင်ပေးခြင်းသည်လည်း အရေးကြီးသောအချက်တစ်ချက်အဖြစ် ပါဝင်ပါသည်။
"သံသယရှိသော တိရစ္ဆာန်ကလေးငယ်အား ဆောင်ရွက်ထားရှိသင့်သော အချက်များ"
@ ရေများများတိုက်၍ လေကောင်းလေသန့် များများရရှိပါစေ
@ တိတ်ဆိတ်သော နေရာပတ်ဝန်းကျင်တွင် ထားရှိပါ
@ သက်တောင့်သက်သာဖြစ်သော နေရာထိုင်ခင်းများဖြစ်နေပါစေ
@ တစ်ကောင်နှင့် တစ်ကောင် မကူးစက်နိုင်ရန် သီးသန့်ထားပေးပါ
@ ပြုစုသူအိမ်ရှင်သည် နှာခေါင်းပိတ်တပ်ဆင်ကာ လက်အိတ်ဖြင့် စနစ်တကျ ကိုင်တွယ်ကာ ပြုစုသင့်ပါသည်။
@ ကုသမှုအပိုင်းကို အိမ်မွေးတိရစ္ဆာန်ကု ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး ကုသမှုဖြင့် လက်ဦးမှု ရယူသင့်ပါသည်။
@ ဆရာဝန်များမှလည်း လိုအပ်သော ပဋိဇီဝ ကုသဆေးများဖြင့် Secondary Bacterial Infection ကို လိုက်လံကုသရင်း Virus ခံနိုင်စွမ်းအား ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်အထိ ပြုစုကုသမှုကို အားထုတ်ဆောင်ရွက်ပေးထားကြမည်သာဖြစ်ပါသည်။
"ကြိုတင်သတိပြု ရှောင်ရှားစရာများ"
@ သံသယရှိသောကလေးများနှင့် ကျန်ကလေးများကို နီးစပ်စွာ အတူမထားသင့်ပါ။
@ Population များသော နေရာများသို့ သွားလာဖြစ်လျှင် ကလေးကို သတိထား သွားလာပါ။
@ ဖြစ်ပွားမှု သံသယရှိနေသော ရက်များအတွင်း ကလေးများကို အခြားနေရာများ၊ ပန်းခြံများ၊ မွေးမြူရေးခြံများ၊ Dog Farm များသို့ အရေးမကြီးလျှင်ခေါ်ဆောင်သွားမှု မပြုဘဲ ပုံမှန်ကျင်လည်ရာနေရာများတွင်သာထားပါ။
@ ထိုနေရာများမှ မိမိပြန်လာပါကလည်း ခြေ လက်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေးကို သေချာဆေးကြောလုပ်ကိုင်ပြီးမှ မိမိကလေးများကို ပွေ့ဖက်ကိုင်တွယ်ပါ။
@ ထူးခြားမှုမှန်သမျှကို မိမိကလေးများ၏ ဆေးရုံဆေးခန်းများ ၊ မိသားစု ဆရာဝန်များကို တိုင်ပင်ဆွေးနွေးပြီး လိုအပ်သည်များကို လက်ဦးမှု ရယူကြပါ။.
အထက်ပါ အချက်များသည် ပညာရပ်ဆိုင်ရာအနေနှင့်မဟုတ်ပဲ မိမိမိတ်ဆွေ တိရစ္ဆာန်ချစ်တတ်ကြသူများအတွက်သာ ရည်ရွယ်၍ ၎င်းတို့စိတ်ပူပန်မှုအတွက် လက်တွေ့ အခြေခံအချက်လေးများကိုသာ စေတနာအရင်းခံဖြင့် ဝေမျှခဲ့ခြင်းဖြစ်ပါသည်။
ဖြစ်နိုင်လျှင် မိမိတို့ နီးစပ်ရာ ဆေးရုံ ဆေးခန်း နှင့် မိသားစုဆရာဝန်များနှင့် ပြသတိုင်ပင်ကာ လက်ဦးမှုများစွာဖြင့် မိမိတို့ချစ်သော ကလေးများအသက်ကို ရောဂါဆိုးများမှ ကယ်တင်နိုင်စေချင်ပါသည်။
အိမ်မွေးတိရစ္ဆာန် ချစ်သူအပေါင်း ပြည့်စုံစွာ ကျန်းမာပျော်ရွှင်ကြပါစေ............ Dr. Kyaw Zay Ya (24/7/17)................
Credit & Copy From ......Dr. Kyaw Zay Ya
22/04/2017
.............."နွေရာသီ အပူလွန် Heat Stroke အန္တရာယ်............................... ကြိုတင်ကာကွယ် အသက်ကယ်"....................
ယခုရက်ပိုင်း အလွန်ပူပြင်းသော နွေရာသီကာလအတွင်း အဖြစ်များ အတွေ့များနေသော ရောဂါဖြစ်စဉ်တစ်ခုမှာ အိမ်မွေးတိရစ္ဆာန် ချစ်စရာ ခွေး၊ ကြောင် လေးများတွင် အပူလွန် Heat Stroke ရရှိကာ မထင်မှတ်ထားပဲ မလိုလားအပ်ပဲ အသက်အန္တရယ် ထိခိုက်စေသည်အထိ ဖြစ်ပေါ်နေသည်ကို များစွာတွေ့ရှိနေရပါတယ်။
အဆိုပါ အပူလှိုင်းမြင့်မားမှုကြောင့် Heat Stroke Shock ဖြစ်ပေါ်ခြင်းမှာ သာမာန်ဖြစ်ပေါ်နေကြ ရောဂါဝေဒနာများကဲ့သို့ ကြိုတင်သိရှိကာ အချိန်ပေးကုသမှုပြုလုပ်ရန် အခွင့်အရေးနည်းပါးသဖြင့် ဖြစ်ပေါ်သည်နှင့် မသိရှိလိုက်ပါက ရုတ်တရက် အသက်သေဆုံးသည်အထိ ဖြစ်ပွားတတ်ကြပါတယ်။
ိမိမိနှင့် တွေ့ကြုံဆက်ဆံဖြစ်ကြသော ပိုင်ရှင်အများစုမှာလည်း အိမ်မွေးတိရစ္ဆာန်လေးများကို သားသမီးသဖွယ် ချစ်ခင်ယုယပြီး သံယောဇဉ်များစွာဖြင့် တန်ဖိုးထားမွေးမြူတတ်ကြသဖြင့် မလိုလားအပ်သော ရောဂါဆိုးများကို ကြိုတင်သိရှိနိုင်ကြစေရန် Heat Stroke Shock ဖြစ်ခြင်းရဲ့ အကြမ်းဖျင်း လက္ခဏာများနှင့် လိုအပ်သည့် ကြိုတင်ကာကွယ်မှုများ၊ အရေးပေါ် ပြုစုစောင့်ရှောက် ကုသမှုလေးများကို သတိပေးဝေမျှလိုက်ပါတယ်.................""ဖြစ်ပွားတတ်သည့် အကြောင်းအရင်း....""..............
@ ရုတ်တရက် ပတ်ဝန်းကျင် အပူချိန်မြင့်တက်ခြင်း
@ Aircon အခန်း သို့မဟုတ် Aircon Car အတွင်းမှ ရုတ်တရက် ပြင်ပအပူအတွင်းသို့ ထုတ်လိုက်မိခြင်း
@ High Fever ရှိနေသော အဖျားကြီးသည့် ရောဂါတစ်မျိုးမျိုးဖြစ်နေချိန်နှင့်ကြုံနေခြင်း
@ ကလေးများ၏ သောက်ရေခွက်/ ရေဘူးအတွင်း သောက်ရေပြတ်တောက်သွားခြင်း
@ ကလေးများ ထားခဲ့သည့် အခန်းတွင်း မီးပြတ်တောက်၍ Air Con လေ ပြတ်တောက်သွားတတ်ခြင်း
@ မှန်လုံပိတ်ကားအတွင်း ကားစက်ပိတ်၍ ထားမိခဲ့တတ်ခြင်း
@ ခရီးရှည်သွားရာတွင် ကလေးများအား Box, Basket များအတွင်း အချိန်ကြာမြင့်စွာ ပိတ်ထားမိတတ်ခြင်းတို့ကြောင့် အကြမ်းဖျင်း ဖြစ်ပေါ်တတ်ကြပါသည်...။.............""တွေ့ရှိရတတ်သည့် လက္ခဏာများ...""..................
@ ကလေးများ ရုတ်တရက် မှိန်း၍ ငြိမ်ကျသွားတတ်ခြင်း
@ အမွေးများထောင်၍ စုတ်ဖွားသော ပုံစံဖြစ်ပေါ်လာခြင်း
@ နှာခေါင်းခြောက်၍ ခြေဖျားများ အေးစက်လာတတ်ခြင်း
@ ခေါင်း၊ နှုတ်သီးတို့ကို မော့၍လေရှူကာ အသက်ရှူမဝသည့် ပုံစံဖြစ်ပေါ်လာတတ်ခြင်း
@ နှာခေါင်းခြောက်၊ နှုတ်ခမ်းများပြာကာ ပါးစပ်အတွင်းရှိ အံဖုံးများ ဖျော့၍လာခြင်း
@ အသက်ရှူ ခက်ကာ၊ မောလာသည့်လက္ခဏာများ ပေါ်လာခြင်း
@ သီးသန့်ခွဲထွက်ကာ အေးသောကြွေပြား ကျောက်ပြားများပေါ် အတင်းထိုးအိပ်ခြင်း
@ ခြေ လက် ကြွက်သားများ တဆတ်ဆတ်တုန်ကာ လမ်းသိပ်မသွားနိင်ပဲ လဲလဲသွားတတ်ခြင်း
@ တစ်ခါတစ်ရံ လျှာထွက်၍ သားရည်မထိမ်းနိုင်ပဲ ထွက်ကျနေတတ်ခြင်း
@ ဆီးဝါလာတတ်ပြီး ဆီးအနံ့ပြင်းလာတတ်ခြင်း
@ အန်ချင်သလိုလို ပျို့တက်ခြင်း/ တစ်ခါတစ်ရံ ပျို့အန်တတ်ခြင်းများ ဖြစ်ပေါ်တတ်ကြပါသည်...။........... ""အရေးပေါ် အသက်ကယ် ပြုစု ကုသနည်း""...............
@ Heat Stroke သံသယရှိသော ကလေးကို ချက်ချင်း လေဝင်လေထွက် ကောင်းပြီး သန့်ရှင်းအေးမြသော နေရာသို့ အမြန်ရွှေ့ပေးပါ
@ အရေးကြီးသော အချက်မှာ ဘေးတစောင်း လဲနေသောအနေအထားဖြစ်ပါက ချက်ချင်း အတည့်ပုံစံ လေးဘက်ထောက်အနေအထားအတိုင်း ဖြစ်အောင် ထားပြီးထိမ်းထားပေးပါ။
(ဘေးတစောင်း အနေအထားဆိုလျှင် နှလုံးနှင့် အဆုတ်မှ အသက်ရှူကျပ်၍ အချိန်တိုအတွင်း သေဆုံးတတ်ကာ အသက်မမီတတ်သောကြောင့် ဖြစ်ပါသည်)
@ အမွေးထူသော မျိုးနွယ်ဖြစ်ပါက အမွေးများကို လက်နှင့် ထိုးဖွပြီး အရေပြားအတွင်း လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ပေးထားသင့်သည်။
@ Glucose or သကြားဖျော်ရည်လေးကို နည်းနည်းစီ ခဏခဏ ပါးစပ်ထဲသို့ ပိုက် or ဇွန်းလေးဖြင့် Glucose Level တက်အောင် ရှေးဦးပြုစုနည်း သဘောဖြင့် တိုက်ပေးထားသင့်သည်။
@ ပျို့အန်လာပါက အန်သည့်အရောင်နှင့် အရြိမ်အရေအတွက်ကို မှတ်သားထားသင့်သည်။
(နောက်ပိုင်း ဆရာဝန်နှင့်တွေ့လျှင် History ပြောပြနိုင်ရန်ဖြစ်ပါသည်)
@ ပါးစပ်မှ လျှာသိမ်း၍ အရည်မျိုနိုင်သော အခြေအနေရှိလျှင် ရေကို ဝင်အောင် တိုက်ပြီး ခန္ဓာကိုယ် အပူချိန်ထိမ်းထားသင့်သည်။
@ တစ်ချို့ ရေလောင်းချခြင်း၊ ရေပတ်တိုက်ခြင်းများ ပြုလုပ်တတ်ကြသော်လည်း အပူချိန် ရုတ်ချည်းပြောင်လဲမှု များပြီး အခတ်မသင့်လျှင် တက် တတ်သောကြောင့် ဆင်ခြင်လုပ်ဆောင်စေချင်ပါသည်။
@ ခြေဖျားလက်ဖျားများလည်း အေးစက်လာတတ်သဖြင့် နွေးထွေးစွာ ဆုပ်နယ်ပေးနေသင့်ပါသည်။
@ မူး၍ အန်ထွက်ခြင်းများအတွက် Glucose အရည်နှင့် Antacid ဆေးလေးတစ်မျိုးမျိုးကို အန္တရာယ်ကင်းစွာဖြင့် ကြိုတင်တိုက်ကျွေးထားနိုင်ပါသည်။
@ အိမ်မွေးတိရစ္ဆာန်ကုသသော ဆေးခန်းသို့ ပြသပြီး ဆက်လက်ကုသမှုကို လက်ဦးမှု ရယူပါ........။
အထက်ပါဖော်ပြခြင်းများသည် ပညာရပ်ဆိုင်ရာ မဟုတ်ပဲ မိတ်ဆွေများ အရေးပေါ်နားလည်ကာကွယ်နိုင်ရန်သာ ရိုးရှင်းစွာဖော်ပြခြင်း ဖြစ်ပါတယ်။
(ဆေးရုံ ဆေးခန်းနှင့် အလှမ်းဝေးသောကလေးများနှင့် သွားလာရန်ခက်ခဲနေချိန်များတွင် အရေးပေါ် အထောက်အကူလေး ရရန်သာ ရည်ရွယ်ပါတယ်)
ဖြစ်နိုင်လျှင် ရောဂါနုစဉ်မှာပင် မိမိတို့ကလေးများနှင့်သက်ဆိုင်သော ပြနေကြ ဆေးရုံဆေးခန်းများ၊ ဆရာဝန်များနှင့် အမြန်ဆုံး တိုင်ပင်ကုသခြင်းဖြင့် ကလေးများ၏ အသက်အန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ကြပါစေကြောင်း အသိပေးလိုက်ပါတယ် ခင်ဗျာ......!
အိမ်မွေးတိရစ္ဆာန် ချစ်သူအပေါင်း ပြည့်စုံစွာ ပျော်ရွှင်နိုင်ကြပါစေ.............Dr. Kyaw Zay Ya (21/4/2017) FRI..........
Photo Model..........
@ Pom Puppy လေး............................. Billion :-)
@ English Bulldog Puppy လေး.......... Pu Kyu :-)
@ Chow Chow Puppy လေး.................Sweety :-)
@ Golden Puppy လေး.......................... Angel :-)
@ Giant Alaskan Puppy လေး............... Astro :-)
19/01/2017
FOR YOUR LOVELY PETS....!!! :-)
အချစ်တော် အိမ်မွေးတိရစ္ဆာန်လေးများအတွက် ရှောင်ကြဉ်သင့်သည့် အချက်လေးများပါ"
>>> ခွေးငယ်ကလေးများကို အသက် ၃ လ (ကာကွယ်ဆေးများ စုံအောင်မထိုးမီ) အချိန်တွင် ရေမချိုးပေးရပါ။ ကျောက်ပေါက်ခြင်း၊ သွေးဝမ်းသွားတတ်ခြင်းရောဂါများ ဖြစ်ပွားတတ်ပါသည်။
(Powder /Dry Shampoo စသည်တို့ဖြင့်သာ အနံ့အသက်ပျောက်စေရန် သန့်ရှင်းပေးသင့်ပါသည်။)
>>> ခွေးလေးများကို ကာဘော်လစ်ဆပ်ပြာဖြင့် ရေမချိုးရပါ။
(ဓာတ်မတည့်သဖြင့် ရေရှည်တွင် အမွေးများကျွတ်နိုင်ပါသည်။)
>>> ကြောင်လေး များအား ပါရာစီတမော့ဆေးတိုက်ခြင်း/ ဆာလ်ဖာဆေး၊ ပရုတ်လုံးများဖြင့် သန်း ချခြင်း လုံးဝမပြုလုပ်ရပါ။
(ဆေးဓာတ်မတည့်သဖြင့် ချက်ချင်းသေဆုံးသည်အထိ ဖြစ်ပွားနိုင်ပါသည်။)
အရေပြားတွင် သန်း/မွှားများ ကင်းစင်စေရန် အထူးဂရုစိုက်ရပါမည် ။ (သန်းကိုက်ရာမှတဆင့် ဝဲရောဂါ/ အရေပြားရောဂါများ ဖြစ်ပွားနိုင်ပါသည်။)
သန်း/မွှားများအား သီးသန့် (Powder/ သန်းလည်ပတ်/ Tick & Flea Drop) စသည်တို့ဖြင့် အဆင့်ဆင့်ရှင်းလင်းမှု ပြုလုပ်သင့်ပါသည်။......................... ။။။။ ။။။ ....................................... "သတိပြုစရာလေးတွေပါ "..............
ခွေး>>> အသက် ၁လခွဲ ၂လ တွင် ခွေးကျောက်ရောဂါ၊ အသဲရောင်ရောဂါ၊ သွေးဝမ်းရောဂါ၊ လပ်ဖ်တို နှင့် လေပြွန်ရောင်ရောဂါ ကာကွယ်ဆေးကို ထိုးနှံပြီး တစ်လအတိတွင် နောက်တစ်ကြိမ် (Booster)ထိုးနှံပြီးနောက် တစ်နှစ်တစ်ကြိမ် (Annually Vaccine)ပုံမှန် ထိုးနှံသွားရန် လိုအပ်ပါသည်။
ခွေးရူးရောဂါကာကွယ်ဆေးကို ကလေးများ အသက် ၃ လတွင် စတင်၍ထိုးနှံပြီး တစ်နှစ်တစ်ကြိမ် (Annually)ထိုးနှံရန် လိုအပ်ပါသည်။
ကြောင်>>> အသက် ၃လ အရွယ်တွင် ကြောင်ရူးရောဂါ၊သွေးဖြူဥနည်းရောဂါ၊ အသက်ရှူလမ်းကြောင်းနှင့် လေပြွန်ရောင်ရောဂါ ကာကွယ်ဆေးများကို စတင်ထိုးနှံပြီး တစ်နှစ်တစ်ကြိမ် (Annually) ထိုးနှံရန် လိုအပ်ပါသည်။
ဂရုပြုရမည့် အချက်လေးများမှာ...
@ ခွေး၊ ကြောင် လေးများကို အသက် ၂လ မှစတင်၍ သန်ချပေးရပါမည်။ ၃လ တစ်ကြိမ် ထပ်မံ၍ သန်ချပေးသင့်ပါသည်။
@ မေးခိုင်ရောဂါကာကွယ်ဆေးကို ထိခိုက်ဒါဏ်ရာရရှိချိန်နှင့် ကိုယ်ဝန်ဆောင်ချိန်များတွင် ထိုးနှံထားသင့်ပါသည်။
@ တိရစ္ဆာန် အမလေးများ မျိုးမပွားလိုလျှင် သန္ဓေတားဆေး ထိုးနှံပေးထားနိုင်ပါသည်။
@ ခွေးနှင့်ကြောင်များအတွက် အာဟာရပြည့်ဝစေသော အစားအစာများကို စနစ်တကျ ပုံမှန်ကျွေးမွေးရန် လိုအပ်ပါသည်။
@ ခွေးနှင့်ကြောင်များ (အမွှေးရှည် မျိုးများ)အား ပုံမှန် အမွှေးဖီးပေးခြင်း၊ သန့်ရှင်ရေးပုံမှန်လုပ်ပေးခြင်းဖြင့် မလိုလားအပ်သော အမွှေးထုံးခြင်း၊ အရေပြား ပျက်စီးခြင်းတို့မှ ကာကွယ်နိုင်ပါသည်။
"အိမ်မွေးတိရစ္ဆာန်ချစ်သူအပေါင်း ပြည့်စုံစွာ ပျော်ရွှင်ချမ်းမြေ့ကြပါစေ.... :-) :-) "....... Dr. Kyaw Zay Ya..... 17/11/2015.......
®®® Photo.... Model ®®®
1. Bulldog ကြီး Gwat Gwat
2. Pom လေး Snow
3. Alsatian ကြီး Tiger
4. Chiwawa လေး Toy
5. Pom လေး Bom Bom
6. French Bulldog လေး Jyann
31/08/2016
"သွေးဝမ်းရောဂါ အန္တရာယ်... ကြိုတင်ကာကွယ် အသက်ကယ်"
ချစ်စရာ အိမ်မွေးတိရစ္ဆာန်လေးများ အဓိက ခွေးလေးများတွင် ဖြစ်ပွားနေတတ်ပြီး အသက်အန္တရာယ်ခြိမ်းခြောက်နေတတ်သော ရောဂါဆိုးတစ်မျိုးမှာ "သွေးဝမ်းသွားခြင်း" ၊ ဆေးပညာရပ်အခေါ် Canine Parvo Virus ရောဂါတစ်မျိုးဖြစ်ပါတယ်။ ရောဂါလက္ခဏာ ကြိုတင်မသိရှိလျှင် ကူးစက်မြန်ပြီး ဖြစ်ပွားနှုန်းမြင့်မားကာ အသက်လုကုသကြရသော ဖြစ်ရပ်များ များစွာတွေ့မြင်နေကြရပါတယ်။
မိမိနှင့်တွေကြုံဆက်ဆံဖြစ်ကြသော ပိုင်ရှင်အများစုမှာလည်း အိမ်မွေးတိရစ္ဆာန်လေးများကို သားသမီးသဖွယ် ချစ်ခင်ယုယပြီး သံယောဇဉ်များစွာဖြင့် တန်ဖိုးထားမွေးမြူတတ်ကြသဖြင့် မလိုလားအပ်သော ရောဂါဆိုးများကို ကြိုတင်သိရှိနိုင်ကြစေရန် သွေးဝမ်းရောဂါ၏ အကြမ်းဖျင်းလက္ခဏာများနှင့် ပြုစုပုံလေးများကို သတိပေးဝေမျှလိုက်ပါတယ်။
အထွေထွေလက္ခဏာများ......
@ ကလေးများ လန်းဆန်းဆော့ကစားနေရာမှ ရုတ်တရက်မှိန်းပြီး ငြိမ်သွားတတ်ခြင်း
@ အမွှေးလေးများ စောင်းလာခြင်း (ထောင်လာခြင်း)
@ အန်ခြင်း၊ ထို့နောက် ဝမ်းအချွဲများ သွားတတ်ခြင်း
@ နှာခေါင်းခြောက်၍ အရေပြားပါ ခြောက်သွေ့လာခြင်း
@ မျက်လုံးမှ မျက်ရည်ပူ၊ မျက်ဝတ်များထွက်ခြင်း
@ Weight ကျ၍ ချက်ချင်းပေါ့သွားခြင်း
@ မျက်လုံးတဝိုက်တွင် အနီစက်လေးများ တွေ့ရခြင်း
@ အေးသော၊ ရေစိုနေတတ်သော နေရာများတွင် မရရအောင် သွားအိပ်လာတတ်ခြင်း
@ တအီအီငြီးငြူလာတတ်ခြင်း
@ ဝမ်းတွင် အချွဲများ သွေးစသွေးနများ ပါလာတတ်ခြင်းတို့ကို အိမ်မှာပင် အကြမ်းဖျင်း စတင်သတိထားတွေ့ရှိနိုင်ပါသည်။....................................
ဖြစ်ပွားနှုန်းမြင့်သော အခြေအနေများ....
@ အသက် 1 လခွဲမှ 5 လသားလောက်အထိတွင် အဖြစ်များနေကြခြင်း
@ ရောဂါရှိသောခွေးလေးများနှင့် နီးကပ်စွာ အတူရှိခြင်း
@ Outbreak ဖြစ်နေသော ကာလ၊ ဒေသတွင် အရောင်းအဝယ်ပြုမိခြင်း
@ လိုအပ်သော ကာကွယ်ဆေးများ မထိုးရသေးခင် ရောဂါပေါ်၍ ဝင်ရောက်တတ်ခြင်း
@ အသက်အရွယ်ကြီး၊ အကောင်ဆိုဒ်ကြီးသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ခံနိုင်စွမ်းရည်ကျချိန်တွင် ရောဂါဖြတ်ဝင်ခြင်း တို့ကို အများဆုံးတွေ့ကြုံတတ်ကြပါသည်။................................
မသင်္ကာစရာ ရောဂါလက္ခဏာတွေ့လျှင် ချက်ချင်းဂရုစိုက် လိုက်နာသင့်သော အချက်များ...
@ အေး၍စိုစွတ်သော နေရာများတွင် လုံးဝ သွားမအိပ်စေရပါ
@ အခြားကလေးများ (ခွေးလေးများ) နှင့် သီးသန့်ခဏ ခွဲထားပေးပါ
@ အန်သောအကြိမ်၊ ဝမ်းသွားသော အကြိမ်များကို ပျမ်းမျှမှတ်သားထားပါ
(ဆရာဝန်နှင့်တွေ့လျှင် History ကောင်းစွာ ပြောပြနိုင်ရန်)
@ ဓာတ်ဆားနှင့် Glucose ကို နည်းနည်းနှင့် ခဏခဏ တိုက်ထားပေးပါ
@ တိုက်ပြီးတိုင်း ပြန်ပြန်အန်ထွက်နေလျှင် တိုက်ကျွေးခြင်းကို ခဏရပ်ထားပြီး အခြေအနေ စောင့်ကြည့်ပါ
@ ခြေဖျား လက်ဖျား အေးစက်တတ်သဖြင့် ရေနွေးအိတ်၊ ရေနွေးပုလင်း or မီးအုပ်ဆောင်းဖြင့် အနွေးလေးပေးထားပါ
@ ဝမ်းတွင် အနံ့ဆိုးများပါဝင်နေသဖြင့် နိုင်နင်းအောင် သန့်ရှင်းရေးပြုလုပ်ပြီး အခန်းကို လေဝင်လေထွက်ကောင်းမွန်အောင် ပြုလုပ်ထားပေးပါ
@ အိမ်မွေးတိရစ္ဆာန်ဆေးကုခန်းသို့ ပြသပြီး ကုသမှုကို လက်ဦးမှုရယူပါ...... ။
အထက်ပါ ဖော်ပြခြင်းများသည် ပညာရပ်ဆိုင်ရာမဟုတ်ပဲ မိတ်ဆွေအများ အရေးပေါ် နားလည်ကာကွယ်နိုင်ရန်သာ ရိုးရှင်းစွာ ဖော်ပြခြင်းဖြစ်ပါတယ်။
(ဆေးရုံဆေးခန်းနှင့် အလှမ်းဝေးသော ကလေးများနှင့် သွားလာရန် ခက်ခဲနေချိန်တွင် အရေးပေါ်အထောက်အကူလေး ရရန်သာ ရည်ရွယ်ပါတယ်)
ဖြစ်နိုင်လျှင် ရောဂါနုစဉ်မှာပင် မိမိတို့ကလေးများနှင့် သက်ဆိုင်သော ပြနေကြဆေးရုံဆေးခန်းများ၊ ဆရာဝန်များနှင့် အမြန်ဆုံး တိုင်ပင်ကုသခြင်းဖြင့် အသက်အန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ကြပါစေကြောင်း အသိပေးလိုက်ပါတယ်ခင်ဗျာ.....!
အိမ်မွေးတိရစ္ဆာန်ချစ်သူအပေါင်း ပြည့်စုံစွာ ပျော်ရွှင်နိုင်ကြပါစေ........... Dr. Kyaw Zay Ya (8.8.2016).......
04/07/2016
Please take care your lovely puppies during this weather condition. (Start of Raining Season)
We see the most of puppy have Bloody Diarrhoea.
(Parvo Virus Symptom) :-) :-)
31/03/2016
For Our Lovely Pets.....!
29/02/2016
မိတ်ဆွေတို့...!
မိမိတို့ကား အထွက်အပြု နဲ့ အိမ်ပြန်ဝင်ချိန်တွေမှာ မိမိတို့ရဲ့ ခွေးလေး ကြောင်လေးများ ကားအောက်၊ ကားရှေ့နောက်တွေမှာ ရှိမရှိ သေချာ ဂရုစိုက်ပြီးမှ ဝင်ထွက်ကြပါလို့ အသိပေးပါရစေ။
မိမိကြောင့် မိမိတို့ရဲ့ ချစ်စရာ အိမ်မွေးတိရစ္ဆာန်လေးများ ပုံပါအတိုင်း ထိခိုက်ဒါဏ်ရာများ ရရှိမိသောအခါ ပိုင်ရှင်ကိုယ်တိုင် ယူကြုံးမရ သနားစိတ် ဝမ်းနည်းစိတ်များ ဖြစ်ပေါ်ခံစားနေကြရသည်များကိုလည်း နေ့စဉ် လုပ်ငန်းခွင်များတွင် မကြာခဏ တွေ့မြင်နေရပါသဖြင့် စာနာစိတ်ဖြင့် သတိပေးဖော်ပြအပ်ပါသည်....။
01/12/2015
For Your Lovely Pets.....!!!
05/09/2015
"""ပျော်စရာကောင်းသော မိသားစု ဘဝပုံစံဖြစ်စေဖို့"""
ချစ်စရာ အိမ်မွေးတိရစ္ဆာန် မွေးမြူကြသူတွေဟာ ကလေးငယ်လေးတွေကိုချစ်ကြသလိုပဲ အိမ်မွေးတိရစ္ဆာန်လေးတွေကိုလည်း ချစ်တတ်၊ ကြင်နာတတ်ကြပါတယ်။ မိမိအိမ်မှာ အိမ်မွေးတိရစ္ဆာန်မွေးမြူတော့မယ်ဆိုရင် ကိုယ့်အိမ်မှာရှိတဲ့ ကလေးငယ်လေးတွေနဲ့အတူ စိတ်ချရပြီး ပျော်စရာကောင်းတဲ့ မိသားစုဘဝပုံစံဖြစ်စေဖို့ အထူးလိုအပ်လှပါတယ်။ ဒါကြောင့် ကလေးငယ်လေးတွေ ရှိတဲ့အိမ်မှာ အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးမယ်ဆိုရင် ဘယ်လိုအချက်လေးတွေ ဂရုစိုက် သတိထားလိုက်နာသင့်တဲ့အကြောင်း ဝေမျှလိုက်ပါတယ်။
✏ ✏ ကလေးငယ်ရှိတဲ့အိမ်မှာ ချစ်စရာ အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးမယ်ဆိုရင် ကလေးကြောင့်ပဲဖြစ်ဖြစ်၊ အိမ်မွေးတိရိစ္ဆာန်ကြောင့်ပဲ ဖြစ်ဖြစ် တခြားမလိုလားအပ်တဲ့ ကျန်းမာရေးပြသနာတွေမဖြစ်အောင် ဂရုစိုက်ပေးဖို့် အထူးလိုအပ်ပါတယ်။
ကိုယ်မွေးမယ့် အိမ်မွေးတိရစ္ဆာန်က ကိုယ့်အိမ်က ကလေးငယ်ကို အန္တရာယ်ပေးနိုင်တာမျိုး မဖြစ်စေဖို့ အဓိက လိုအပ်ပါတယ်။ ကျန်းမာရေးပြသနာတွေ၊ မတော်တဆ ထိခိုက်ဒါဏ်ရာတွေ၊ ကလေးနဲ့ အိမ်မွေးတိရစ္ဆာန်လေးတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကို တိုက်ရိုက်မသက်ရောက်စေဖို့ ဂရုစိုက်ပေးရပါမယ်။
အိမ်မွေးတိရစ္ဆာန်လေးတွေကနေ ကူးစက်နိုင်တဲ့ ကျန်းမာရေးပြသနာနဲ့ ကူးစက်ရောဂါတွေ၊ ပတ်ဝန်းကျင် သန့်ရှင်းမှု အခြေအနေ၊ မလိုလားအပ်တဲ့ ကျန်းမာရေးပြသနာတွေ မဖြစ်အောင် အိမ်မွေးတိရစ္ဆာန်မွေးမြူသူအနေနဲ့က စတင်ပြီး အဓိက စဉ်းစားသင့်ပါတယ်။
✏ ✏ အိမ်မွေးတိရစ္ဆာန်မွေးမြူတာကြောင့် ကလေးငယ်တွေရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး တိုက်ရိုက်ထိခိုက်မှု ရှိနိုင်တယ်လို့တော့ ပြောလို့မရပါဘူး။ အိမ်မွေးတိရစ္ဆာန်မွေးမြူသူတွေရဲ့ အိမ်တိုင်းမှာ ကလေးငယ်တွေ ရှိနေတတ်ကြပါတယ်။ အဓိကကတော့ ကိုယ်မွေးတဲ့ အိမ်မွေးတိရစ္ဆာန်ရဲ့ အခြေအနေ အမျိုးအစားပေါ် မူတည်ပါတယ်။
အဲဒီအခြေအနေ အမျိုးအစာတွေထဲမှာ ဘာတွေပါလဲဆိုရင် အိမ်မွေးတိရစ္ဆာန်ရဲ့ ကျန်းမာရေး အခြေအနေ၊ ကလေးငယ်ရဲ့ ကျန်းမာရေးအခြေအနေ၊ ကလေးငယ်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ခံနိုင်ရည် ရှိမှု မရှိမှု၊ ပတ်ဝန်းကျင် သန့်ရှင်းမှု အခြေအနေ ဘယ်လောက်ရှိသလဲဆိုတာတွေပေါ် မူတည်ပြီးတော့မှ ကလေးငယ်ရဲ့ ကျန်းမာရေး အခြေအနေအဆင့်က ကွာခြားသွားတတ်ပါတယ်။
✏ ✏ကလေးတွေ နဲ့ အတူမွေးမြူဖို့စဉ်းစားမယ်ဆိုရင် အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ မျိုးနွယ်အုပ်စု (Breed Condition) ကိုလည်းထည့်သွင်းစဉ်းစားဖို့ အကြံပြုချင်ပါတယ်။
ကိုယ်မွေးတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေ အမျိုးအစားက အကောင်သေးအမျိုးအစားလား၊ အကောင်ကြီးအမျိုးအစားလား၊ အကြမ်းလား အနုလား စသည်ဖြင့် ရွေးချယ်တတ်ဖို့လိုအပ်ပါတယ်။ တိုက်တတ် ခိုက်တတ်တဲ့ အလုပ်လုပ်ရုံ အမျိုးအစားကို မွေးထားမယ်ဆိုရင်တော့ ကလေးတင်မဟုတ်ဘူး လူကြီးတွေအနေနဲ့ပါ ဂရုတစိုက်နဲ့ သတိထားမွေးမြူတတ်ဖို့လိုပါတယ်။
ဒီလိုမှမဟုတ်ပဲ ကိုယ်နဲ့လဲ ချစ်စဖွယ် အဖော်ရစေမယ့် မျိုးနွယ်အုပ်စုတွေ Companion Pet လေးတွေဆိုရင်တော့ ပြသနာ ဘာမှမရှိပဲ ကလေးရော လူကြီးပါ ပျော်ရွှင်ကြည်နူးနေကြမှာပါ။
ဒါကြောင့် အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့မျိုးရိုးဗီဇအခြေအနေနဲ့ သူတို့ရဲ့အကျင့်လေးတွေပေါ်မှာ လေ့လာပြီး ကလေးရှိတဲ့ မိမိအိမ်မှာ ရွေးချယ်မွေးမြူမယ်ဆိုရင် စိတ်ချလက်ချနဲ့ အဆင်ပြေ ပျော်ရွှင်နိုင်မှာ ဖြစ်ပါတယ်။
✏ ✏ မိမိမွေးမယ့် အိမ်မွေးတိရစ္ဆာန်ကို ဘယ်လိုအဆင့် ဘယ်လိုပုံစံမျိုးအထိ မွေးမယ်ဆိုတာကိုလည်း ကြိုတင်စဉ်းစား သတ်မှတ်ထားရင် ပိုမိုကောင်းမွန်တဲ့ မွေးမြူမှုစနစ် ဖြစ်ပေါ်လာစေမှာပါ။ တစ်ချို့က ခြံထဲမှာပဲမွေးတယ်၊ အိမ်ပေါ် မတက်စေဘူး။ တချို့ကတော့ အိမ်ပေါ်မှာလည်းထားတယ်၊ အိပ်ယာထဲထိထားတတ်ကြတယ်။အဲဒီလိုမျိုး ကိုယ့်စိတ်ကြိုက်မွေးမြူချင်တဲ့ ပုံစံ Live Style မျိုးကို ကြိုတင်သတ်မှတ်ပြီး စနစ်တကျ စတင်မွေးမြူစေချင်ပါတယ်။
ကလေးနဲ့အတူရှိမနေစေချင်ဘူးဆိုရင်လည်း သီးသန့်ထားပေးထားတာမျိုး၊ အခန်းသီးသန့်ကန့်ပေးထားတာမျိုး စတဲ့ ကာကွယ်မှုလေးတွေနဲ့ ထိမ်းသိမ်းပေးထားဖို့ လိုအပ်ပါတယ်။ အိမ်မွေးတိရစ္ဆာန်လေးတွေဘက်ကလည်း တိုးထွက်မလာနိုင်ဖို့၊ ကလေးကလည်း အိမ်မွေးတိရစ္ဆာန် ထားတဲ့နေရာဘက်ကို ဝင်မသွားနိုင်ဖို့ လူကြီးတွေအနေနဲ့ ကာကွယ်မှုလေးတွေကို လုပ်ထားပေးဖို့ လိုအပ်ပါတယ်။
✏ ✏ ကိုယ်မွေးထားတဲ့ ချစ်စရာအိမ်မွေးတိရစ္ဆာန်လေးများ ဖျားနေချိန်မျိုး၊ ဝမ်းသွားနေချိန်မျိုး၊ ချောင်းဆိုးနေချိန်မျိုးနဲ့ အမွေးတွေကျွတ်နေတတ်တဲ့ အချိန်လေးတွေမျိုးမှာဆိုရင်တော့ ရင်သွေးငယ် ကလေးငယ်များနဲ့ သီးသန့်ထားပေးသင့်ပါတယ်။
အထူးသဖြင့် အိမ်မွေးတိရစ္ဆာန် ဖျားနေတဲ့အချိန်နဲ့ သားပေါက်နေတဲ့ အချိန်မျိုးမှာ စိတ်ပိုင်းဆိုင်ရာထိခိုက်ဖိစီးမှုတွေ ရှိနေတတ်တာကြောင့် အနားမကပ်မိစေဖို့ သတိထားပေးရပါမယ်။ ရန်ပြုသလိုမျိုး အပြုအမူ ဖြစ်သွားစေတတ်လို့ပါ။
✏ ✏ မိမိအိမ်မှာ ကလေးရှိပြီး အိမ်မွေးတိရစ္ဆာန်မွေးမယ့်သူတွေအနေနဲ့ ကိုယ်မွေးမယ့် အိမ်မွေးတိရစ္ဆာန်ရဲ့ အပြုအမူနဲ့ ပုံစံ သဘောသဘာဝကိုလည်း ကြိုတင်သိရှိထားစေချင်ပါတယ်။ ကလေးရှိတဲ့အိမ်မှာ ကလေးနဲ့ အတူထားပြီး မွေးမယ်ဆိုရင် နားရွက်ဖားဖားနဲ့ Great Dane လို ခွေးမျိုးနွယ်တွေက သွားရေ အရမ်းကျတတ်ကြောင်း၊ အမွေးအရမ်းရှည်တဲ့ မျိုးနွယ်တွေဆိုရင်လည်း အမွေးကျွတ်တတ်တယ်ဆိုတဲ့အကြောင်း စသည်စသည်ဖြင့် ကြိုတင်နားလည်ထားဖို့လိုအပ်ပါတယ်။ဒါကြောင့် သင့်တော်တဲ့ မျိုးကို ရှာဖွေမွေးမြူနိုင်ဖို့ကတော့ လူကြီးများတာဝန်သာဖြစ်ပါတယ်။ ကလေးငယ်များကတော့ သိရှိနိုင်ကြလိမ့်မည် မဟုတ်ပါ။
✏ ✏ အိမ်မွေးတိရစ္ဆာန်ကို တကယ်ချစ်လို့မွေးတာလား၊ ကလေးကရော ချစ်လို့မွေးတာလား၊ အိမ်မွေးတိရစ္ဆာန်မွေးတဲ့ သဘာဝကို တကယ်နှစ်သက်တာလား၊ လက်ဆောင်ပေးလာလို့မွေးတာလား၊ ခြံစောင့်ခိုင်းချင်တဲ့ စိတ်တစ်ခုနဲ့ မွေးထားမိတာလား ဆိုတာကို မိမိကိုယ်တိုင် လေ့လာစမ်းစစ်ပြီး နားလည်စေဖို့လည်း လိုအပ်ပါတယ်။
အဲဒီလိုမှ မဟုတ်ရင်တော့ ပျော်ရွှင်စရာကောင်းတဲ့ အိမ်မွေးတိရစ္ဆာန်မွေးမြူခြင်းမျိုး ဖြစ်မှာ မဟုတ်ပါဘူး။
ိမိမိနဲ့အတူ လက်ပွန်းတတီး နေထိုင်ကြသော အိမ်မွေးတိရစ္ဆာန်လေးများလည်းဖြစ်သောကြောင့် လိုအပ်သောကာကွယ်ဆေးများထိုးနှံထားပြီး ကျန်းမာရေး စစ်ဆေးမှု၊ ကြိုတင်ကာကွယ်ကုသမှု၊ တစ်ကိုယ်ရေသန့်ရှင်းမှု ပြုလုပ်ထားပေခြင်းများကိုလည်း မပျက်မကွက် လုပ်ဆောင်ထားသင့်ပေသည်။
✏ ✏ အဆိုပါ ဖော်ပြခဲ့သည်များကို ဂရုတစိုက်နဲ့ သေချာပြုစုပြီး မွေးမြူမယ်ဆိုရင်တော့ ကလေးငယ်ရယ်၊ အိမ်မွေးတိရစ္ဆာန်လေးတွေရယ်၊ အရမ်းကို ပျော်စရာကောင်းပြီး ပြည့်စုံ ကျန်းမာတဲ့ မိသားစု ဘဝနေထိုင်မှုပုံစံကို ရရှိနိုင်မှာအမှန်ပဲဖြစ်ပါတယ်။
ွအိမ်မွေးတိရစ္ဆာန်ချစ်သူများအားလုံး ပြည့်စုံစွာ ကျန်းမာပျော်ရွှင်နိုင်ကြပါစေ။
.............Dr. Kyaw Zay Ya.(8/5/2015)..........
25/11/2014
""FOR YOUR LOVELY PETS""
သတိပြုစရာလေးတွေပါ...
ခွေး>>> အသက် ၁လခွဲ ၂လ တွင် ခွေးကျောက်ရောဂါ၊ အသဲရောင်ရောဂါ၊ သွေးဝမ်းရောဂါ၊ လပ်ဖ်တို နှင့် လေပြွန်ရောင်ရောဂါ ကာကွယ်ဆေးကို ထိုးနှံပြီး တစ်လအတိတွင် နောက်တစ်ကြိမ် (Booster)ထိုးနှံပြီးနောက် တစ်နှစ်တစ်ကြိမ် (Annually Vaccine)ပုံမှန် ထိုးနှံသွားရန် လိုအပ်ပါသည်။
ခွေးရူးရောဂါကာကွယ်ဆေးကို အသက် ၃ လတွင် စတင်၍ထိုးနှံပြီး တစ်နှစ်တစ်ကြိမ် (Annually)ထိုးနှံရန် လိုအပ်ပါသည်။
ကြောင်>>> အသက် ၃လ အရွယ်တွင် ကြောင်ရူးရောဂါ၊သွေးဖြူဥနည်းရောဂါ၊ အသက်ရှူလမ်းကြောင်းနှင့် လေပြွနိရောင်ရောဂါ ကာကွယ်ဆေးများကို စတင်ထိုးနှံပြီး တစ်နှစ်တစ်ကြိမ် (Annually) ထိုးနှံရန် လိုအပ်ပါသည်။
ဂရုပြုရမည့် အချက်လေးများမှာ...
@ ခွေး၊ ကြောင် လေးများကို အသက် ၂လ မှစတင်၍ သန်ချပေးရပါမည်။ ၃လ တစ်ကြိမ် ထပ်မံ၍ သန်ချပေးသင့်ပါသည်။
@ မေးခိုင်ရောဂါကာကွယ်ဆေးကို ထိခိုက်ဒါဏ်ရာရရှိချိန်နှင့် ကိုယ်ဝန်ဆောင်ချိန်များတွင် ထိုးနှံထားသင့်ပါသည်။
@ တိရစ္ဆာန် အမလေးများ မျိုးမပွားလိုလျှင် သန္ဓေတားဆေး ထိုးနှံပေးထားနိုင်ပါသည်။
@ ခွေးနှင့်ကြောင်များအတွက် အာဟာရပြည့်ဝစေသော အစားအစာများကို စနစ်တကျ ပုံမှန်ကျွေးမွေးရန် လိုအပ်ပါသည်။
@ ခွေးနှင့်ကြောင်များ (အမွှေးရှည် မျိုးများ)အား ပုံမှန် အမွှေးဖီးပေးခြင်း၊ သန့်ရှင်ရေးပုံမှန်လုပ်ပေးခြင်းဖြင့် မလိုလားအပ်သော အမွှေးထုံးခြင်းများမှ ကာကွယ်နိုင်ပါသည်။......Mingalar Veterinary Clinic (MVC).....
03/11/2014
FOR YOUR LOVELY PETS....!!!
"ရှောင်ကြဉ်သင့်သည့် အချက်လေးများပါ"
>>> ခွေးငယ်ကလေးများကို အသက် ၃ လ (ကာကွယ်ဆေးများ စုံအောင်မထိုးမီ) အချိန်တွင် ရေမချိုးပေးရပါ။ ကျောက်ပေါက်ခြင်း၊ သွေးဝမ်းသွားတတ်ခြင်းရောဂါများ ဖြစ်ပွားတတ်ပါသည်။
(Powder /Dry Shampoo စသည်တို့ဖြင့်သာ အနံ့အသက်ပျောက်စေရန် သန့်ရှင်းပေးသင့်ပါသည်။)
>>> ခွေးလေးများကို ကာဘော်လစ်ဆပ်ပြာဖြင့် ရေမချိုးရပါ။
(ဓာတ်မတည့်သဖြင့် ရေရှည်တွင် အမွေးများကျွတ်နိုင်ပါသည်။)
>>> ကြောင်များအား ပါရာစီတမော့ဆေးတိုက်ခြင်း/ ဆာလ်ဖာဆေး၊ ပရုတ်လုံးများဖြင့် သန်း ချခြင်း လုံးဝမပြုလုပ်ရပါ။
(ဆေးဓာတ်မတည့်သဖြင့် ချက်ချင်းသေဆုံးသည်အထိ ဖြစ်ပွားနိုင်ပါသည်။)
အရေပြားတွင် သန်း/မွှားများ ကင်းစင်စေရန် အထူးဂရုစိုက်ရမည်။ (သန်းကိုက်ရာမှတဆင့် ဝဲရောဂါ/ အရေပြားရောဂါများ ဖြစ်ပွားနိုင်ပါသည်။)
သန်း/မွှားများအား သီးသန့် (Powder/ သန်းလည်ပတ်/ Tick & Flea Drop) စသည်တို့ဖြင့် အဆင့်ဆင့်ရှင်းလင်းမှု ပြုလုပ်သင့်ပါသည်။.....Mingalar Veterinary Clinic (MVC)......
Click here to claim your Sponsored Listing.
Telephone
Website
Address
2/003, Kantawmon Housing, Lay Daungkan Road, Thingangyun Township
Yangon