Basic German Language Class
Stream German Language class
03/02/2025
On job training in germany
Ausbildung ခေါ် on job Training / vacational training in Germany သည် ဂျာမနီတွင် လက်တွေ့အလုပ်အတွေ့အကြုံနှင့် သင်ခန်းစာသင်ယူခြင်းကို ပေါင်းစပ်သော အစီအစဉ်တစ်ခုဖြစ်သည်။
vacational training ဖြစ်ပြီး ကြာချိန်တနှစ်ရှိသကဲ့သို့ ၂နှစ် ၃နှစ်မှ ဘာသာရပ်ပေါ်မူတည်ပြီး ၅နှစ်ထိရှိနိုင်သည် ။ သတ်မှတ်သင်ကြားချိန်ပြီးဆုံးပါက အလုပ်လုပ်နိုင်သောအထောက်ထားအခိုင်မာရရှိမည်ဖြစ်ပြီး အလုပ်သင်ကာလတွင် ထောက်ပံ့လစာအတိုင်းတာတခုရရှိသော ပညာသင်ကြားရခြင်းဖြစ်ပြီး training ပြီးဆုံးပါက လစာတိုးရန်သေချာသော အလုပ်ကိုလျောက်ထားနိုင်မည်ဖြစ်သည်။ ဘာသာရပ်ပေါင်းတရာကျော်မိမိစိတ်ဝင်စားရာလျောက်ထားနိုင်သည်။ နိုင်ငံခြားသားများအနေနှင့် လုပ်သားလိုအပ်ချက်များသောဘာသာရပ်များကို
အရင်လေ့လာပြီးလျောက်ထားပါက အလုပ်ခေါ်ခံရချေရာခိုင်နှုန်းများသည်။ သင်အလုပ်ခေါ်ခံရပါကလေယာဉ်လက်မှတ်ခစသည့် accommodations တို့ကို အလုပ်ရှင်မှကုန်ကျခံပေးသော Ausbildung များရှိသောကြောင့် လျောက်ထားသူအတွက်များစွာအဆင်ပြေစေသည်။
မြန်မာနိုင်ငံသားများအနေဖြင့် ဂျာမနီတွင် Ausbildung လျှောက်ထားလိုပါက အောက်ပါအချက်များကို စဉ်းစားရပါမည်-
1. **ဘာသာစကားကျွမ်းကျင်မှု**: ဂျာမန်ဘာသာစကားကျွမ်းကျင်မှုသည် အလွန်အရေးကြီးပါသည်။ ယေဘူယျအားဖြင့် CEFR တွင် B1 သို့မဟုတ် B2 အဆင့် လိုအပ်ပါသည်။ Goethe-Zertifikat ကဲ့သို့သော အသိအမှတ်ပြု ဘာသာစကားအထောက်ထားကို လိုအပ်သည်။ ဂျာမန်ဘာသာတွင် A1,A2,B1,B2,C1,C2 စည်ဖြင့် Level ခွဲခြားသတ်မှတ်ထားသည်။ Level တခုချင်းစီကို သင်ကြားပြီးရန် လိုအပ်ချိန်သည် အနဲဆုံး ၄လမှ ၉လကြားသင်ကြားချိန်ရှိပြီး သင်ယူသူ၏ လုံ့လနှင့်စိတ်ဝင်စားမှု အသုံးချတတ်မှုပေါ်မူတည်ပြီး Level တက်နှုန်းတဦးနှင့်တဦးကွာခြားသည်။ ယေဘုယျအားဖြင့် ဘာသာစကားသင်ကြားခြင်းနှင့် ဘာသာရပ်ဆိုင်ရာ အထောက်ထားအတွက် ဖြေဆိုရန်ပြင်ဆင်ခြင်းဟု ၂ပိုင်းခွဲခြားသိရှိရမည်။ Level တခုသင်ကြားပြီးစီးသူတိုင်း Level Test အတွက်သီးခြားမလေ့ကျင့်ထားပါက ဖြေဆိုနိုင်ရန်လွယ်ကူမည်မဟုတ်ပါ။
ခြွင်းချက်အနေနှင့် ပညာရပ်ပိုင်းဆိုင်ရာပေါ်မူတည်ပြီး အလုပ်ရှင်ပေါ်မူတည်သောကြောင့် ဂျာမန်ဘာသာမတတ်ထားသော်လဲ English လိုဖြေဆိုရသော Ausbildung များလဲရှိသည်။ ဂျာမနီနိုင်ငံတွင်းရောက်ရှိနေပါက Ausbildung သည် ပြည်ပမှလျောက်ထားခြင်းထက်ပိုပြီးအလုပ်ရမြန်ဆန်သည်။ Ausbildung သည် ပြည်ပမှ လုပ်သားခေါ်ယူသော်လဲ အထူးသဖြင့် ဂျာမနီနိုင်ငံတွင်းရှိသူများအတွက် ပိုရည်ရွယ်သည်။ Transportation cost, Paperwork များအတွက်ကြောင့် ဂျာမနီပြည်တွင်းမှပိုမိုခေါ်ယူခြင်းဖြစ်သည်။
2. **ပညာရေးအရည်အချင်းများ**:
သင့်ပညာရေးအရည်အချင်းများကို ဂျာမနီနိုင်ငံ အစိုးရမှအသိအမှတ်ပြုသော အထောက်ထားရှိရပါမည်။ မြန်မာနိုင်ငံပညာရေးကို စနစ်သစ် ၁၂တန်း
ပညာရေးရှိသူ သို့မဟုတ် စနစ်ဟောင်း ဒုတိယနှစ်ထိ သို့မဟုတ် ဘွဲ့ရဖြစ်ပါက လျောက်ထားရာတွင်ပိုမိုလွယ်ကူသည်။ စာရွက်စာတမ်း လိုအပ်ချက်အရ သင့်ပညာရေးဆိုင်ရာအထောက်ထားများကို ဂျာမနီအဆင့်နှင့်ညီမျှမှုကို အသိမှတ်ပြုခြင်း လုပ်ရန် လိုအပ်နိုင်ပါသည်။
3. **အစီအစဉ် ရှာဖွေခြင်း**: သင့်စိတ်ဝင်စားမှုနှင့် ပညာအရည်အချင်းများ အလုပ်အတွေ့အကြုံနှင့် ကိုက်ညီသော Ausbildung ဘာသာရပ်များကို ရှာဖွေ လျှောက်ထားပါ။ ဂျာမန်အလုပ်အကိုင်အေဂျင်စီ၏ အလုပ်အကိုင်ပေါ်တယ် သို့မဟုတ် အထူးပြု Ausbildung ဝဘ်ဆိုဒ်များတွင် ရှာဖွေနိုင်ပါသည်။ ယေဘုယျအားဖြင့် လျောက်ထားသူ၏ အသက်အကန့်သတ်သည် အလုပ်ရှင်ပေါ်မူတည်သော်လဲ တရားဝင် အသက်ကန့်သတ်ချက်မရှိပါ။
4. **လျှောက်လွှာစာရွက်စာတမ်းများ**:
အပြည့်အစုံသော လျှောက်လွှာကို ပြင်ဆင်ပါ။ ၎င်းတွင် ကိုယ်ရေးရာဇဝင်၊ cvလျောက်လွှာ (ဂျာမန်ဘာသာဖြင့်) နှင့် သင်၏ ပညာရေးလက်မှတ်များ၏ မိတ္တူများ (Notary ပြန်ထားပြီး)ပါဝင်ပါသည်။ သင်လျှောက်ထားမည့် အစီအစဉ်တိုင်းအတွက် သင့်လျှောက်လွှာကို ကိုက်ညီအောင် ပြင်ဆင်ပါ။ အလုပ်လျောက်ထား အင်တာဗျူးအောင်ပြီးပါက အလုပ်ရှင်ထံမှ အလုပ်ခေါ်စာရရှိပါမည်။ ထို့နောက်သင်၏ စာရွက်စာတမ်းများကို သံရုံးတွင် မှန်ကန်ကြောင်းစစ်ဆေးခံယူမှုလိုအပ်သည်။ စစ်ဆေးပြီးစီးကြောင်း တံဆိပ်တုံးရရှိပြီးလျင် ဗီဇာလျောက်ထားနိုင်ပါပြီ။
5. **ဗီဇာလိုအပ်ချက်များ**: Ausbildung အစီအစဉ်တွင် သင်သည် အလုပ်ရှင်နှင့်အင်တာဗျူးအောင်ထားကြောင်းအထောက်အထား ရရှိပါက ဗီဇာအတွက် လျှောက်ထားရန် လိုအပ်ပါသည်။ ၎င်းတွင် လက်ခံခြင်းအထောက်အထား၊ ကိုယ်တိုင် ပုဂ္ဂလိက သုံးစွဲရန် လိုအပ်သော ငွေကြေးပြင်ဆင်ခြင်းနှင့် ကျန်းမာရေးအာမခံ စသည့် အချက်များ ပါဝင်သည်။
6. **ငွေကြေးအစီအစဉ်ရေးဆွဲခြင်း**:
Ausbildung အစီအစဉ်အချို့တွင် ပညာသင်ဆု 1000 € ပတ်လည် ပေးအပ်နိုင်သော်လည်း ဂျာမနီတွင် နေထိုင်စရိတ်ကို လုံလောက်စွာ လစာပမာဏ ရရှိနိုင်ရန် သေချာသိဖို့အရေးကြီးပါသည်။ တချို့သော Ausbildung များသည် နှစ်စဉ် နှစ်အလိုက် လစာတိုးပေးသည်။ အချိန်ပိုဆင်းနိုင်သည်။ Ausbildung များသည် ဘာသာရပ်အလိုက် လစာရရှိမှုကွာခြားသောကြောင့် လစာကို ကြိုတင်လေ့လာထားရမည်။ သင်ရရှိမည့်လစာထဲမှ လစဉ်ကုန်ကျမည့် နေထိုင်စားရိတ်၊ ကျန်းမာရေးအာမခံ၊ စားသောက်စားရိတ်၊ သယ်ယူပို့ဆောင်ရေး၊ အထွေထွေ ပုဂ္ဂလိကကုန်ကျစားရိတ်များကို ကြိုတင်လေ့လာထားပါ။ Ausbildung ကာလတွင် ရရှိသည့်လစာနှင့် နေထိုင်စားသောက်စားရိတ်အပြင် ဂျာမနီနိုင်ငံ၏ အခွန်အခနှင့် နိုင်ငံခြားသားများဆိုင်ရာ ဥပဒေများစသည်တို့ကိုလဲ ကြိုတင်လေ့လာထားသင့်သည်။
7. **ယဉ်ကျေးမှုအတွက် ပြင်ဆင်ခြင်း**:
ဂျာမန်ယဉ်ကျေးမှုနှင့် အလုပ်လုပ်ငန်းစဉ်များကို နားလည်ခြင်းသည် အကျိုးရှိနိုင်ပါသည်။ online platform များ၊ Google နှင့် Goethe Institut တွင် ဂျာမန် မိတ်ဆက်အစီအစဉ်များ သို့မဟုတ် အလုပ်ရုံဆွေးနွေးပွဲများတွင် ပါဝင်လေ့လာပါ။
Ausbildung ကို စတင်သည်မှာ အရေးကြီးသော အဆင့်တစ်ခုဖြစ်ပြီး ဂျာမနီတွင် ကျွမ်းကျင်မှုများနှင့် အတွေ့အကြုံများ အလိုက် ဝင်ခွင့် အလုပ်အကိုင်အခွင့်အလမ်းရရှိနိုင်သည်။
#ဂျာမနီ
#ဂျာမန်စာ
07/10/2023
💳 Oct 2023 class
🎉Basic German Language Grammar & 4 skill Class (A1 Level)
New class ~ 21.oct
🌅 Sat & Sun
🕰 6:00pm - 7:00 pm
💵 ~ 50000
💡 Viber/ Zoom class
📞 09421160077
~ private group/ By 1 class in person class available
~ Sanchaung township
#ဂျာမန်ဘာသာသင်တန်း
#ဘာသာစကား
27/09/2023
1~ A1 ကစတဲ့ တဦးချင်း german ဘာသာ စာ စကား 4 skill
online video class ရှိပါမယ်။
အားတဲ့အချိန် အဆင်ပြေသလို ပြန်လေ့လာလို့ ရပါတယ်။
တပတ်၃ချိန်
အိမ်စာ မှန်မှန် ထပ်ရပါမယ်။
တပတ်တချိန် Video call နဲ့စာမေးလို့ရပါတယ်။
တလ ~ ၃သောင်း....................................................
2~ Reading + conversation Class....................................................
3~ german grammar class.....................................................
4 ~ B1 exam preparation class
.....................................................
5 ~ Synonym words class
#ဂျာမန်ဘာသာသင်တန်း
#ဘာသာစကား
😻 ဂျာမန် စကားပြော ပြောမထွက်တဲ့ grammar past , perfect tense လောက်ထိ သင်ပြီးသား သင်လက်စ Beginner တွေအတွက်
reading + audio conversation class လုပ်ပါမယ်နော်။
🙀 ကိုယ့်အလှည့်ရောက်ရင် မရှက်တမ်းမှန်မှန်မှားမှား ပြောဖို့ ဆုံးဖြတ်ထားတဲ့သူပဲ တက်သင့်ပါတယ်။
Topic တခုကို တလဲစီ စကားပြောပဲ ပေါ့ပေါ့ပါးပါး လေ့ကျင့်ကြရမှာပါ။
တရက်ကြိုပြီး ဘာပြောကြမယ် ဆိုတာ group မှာ Hints ပို့ပေးထားပါမယ်။
စာပဲ ရေးကျင့်ရှိပြီး ဂျာမန်စကားပြောကျင့်မရှိတဲ့ Beginner တွေ အတွက် နုတ်သွက်စေတဲ့ သင်တန်းပါ။
လူဦးရေ ၅ယောက် ၇ယောက်လောက်ပဲ လက်ခံပါမယ်နော် ။
💳 Sep 25 စပါမယ်
⌛️Monday, Tuesday
🕰 7:00 pm to 8:00 pm
📞 09779670711
အခုမှ ဂျာမန်စာ စသင်မယ့် သူများအတွက် A1 တန်း in person / online ဂျာမန်ဘာသာ စာသင်စာကျက်ဝိုင်း ရှိပါတယ်။
1 by 1 / group အချိန်ညှိသင်ပါတယ်။
တခါတည်း 4 skills ကျက်ခိုင်း ပြောခိုင်း လေ့ကျင့်ပေးသည်။
ဆယ်စုနှစ်၂ခုနီးပါး အတွေ့ကြုံရှိ german tourist guide မှသင်ကြားပေးသည်။
တပတ် ~ ၃ချိန်
09421160077
page link 👇
https://www.facebook.com/Basic-German-Language-Class-789454858121350/
#ဂျာမန်ဘာသာသင်တန်း
#ဘာသာစကား
~~~~~~~~~~~~~~~
Basic German Language Class Stream German Language class
😻 ဂျာမန် စကားပြော ပြောမထွက်တဲ့ grammar past , perfect tense လောက်ထိ သင်ပြီးသား သင်လက်စ Beginner တွေအတွက်
reading + audio conversation class လုပ်ပါမယ်နော်။
🙀 ကိုယ့်အလှည့်ရောက်ရင် မရှက်တမ်းမှန်မှန်မှားမှား ပြောဖို့ ဆုံးဖြတ်ထားတဲ့သူပဲ တက်သင့်ပါတယ်။
Topic တခုကို တလဲစီ စကားပြောပဲ ပေါ့ပေါ့ပါးပါး လေ့ကျင့်ကြရမှာပါ။
တရက်ကြိုပြီး ဘာပြောကြမယ် ဆိုတာ group မှာ Hints ပို့ပေးထားပါမယ်။
စာပဲ ရေးကျင့်ရှိပြီး ဂျာမန်စကားပြောကျင့်မရှိတဲ့ Beginner တွေ အတွက် နုတ်သွက်စေတဲ့ သင်တန်းပါ။
လူဦးရေ ၅ယောက် ၇ယောက်လောက်ပဲ လက်ခံပါမယ်နော် ။
💳 Sep 18 စပါမယ်
⌛️Monday, Tuesday
🕰 7:00 pm to 8:00 pm
💸တလ ~ ၂၀၀၀၀ ကျပ်
📞 09779670711
A1 german language online class
အပ်လို့ရပါပြီ။
12.9.23 စပါမယ်။
6:30pm to 8:00 pm
Thu,Wed, Fri
Viber/Zoom သင်ပါမယ်။
09779670711
ဂျာမနီနိုင်ငံ၊ ဆွစ်စလန်နိုင်ငံနှင့် ဥရောပနိုင်ငံများသို့ပညာသင် အလုပ်လုပ် သွားလိုသူများ ဂျာမန်ဘာသာစကားတတ်ထားမှအဆင်ပြေပါမယ်နော်။
ဂျာမန်ဘာသာ စကား in person /online သင်ကြားပေးသည်။
အိမ်လိုက်သင်များအချိန်ညှိနိုင်းသင်ကြားနိုင်သည်။
၂၀၀၂ခုနှစ်မှစ Tourist Guide လုပ်ခဲ့သော ဆရာမသင်ကြားပေးမည်။
ဂျာမန်စာ စကား ဘယ်လောက်ခက်ခက် တထိုင်တည်းသင် တထိုင်တည်းကျက်မှတ် နားလည်ရမည်။
စမ်းချောင်း၊ဖျာပုံလမ်း
09779670711
#ဂျာမန်ဘာသာသင်တန်း
#ဘာသာစကား
22/02/2022
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Sanchaung
Yangon