DETC - Design Engineering Training Center
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from DETC - Design Engineering Training Center, College & University, No. 205 1B, Ground Floor . Tarkayta township, Yangon.
14/11/2020
10/07/2020
အိမ်တွင် ပင်စိမ်းပင် စိုက်ထားသင့်သော အကြောင်းအရင်း
၁ ။ ပင်စိမ်း အရွက်ကို နေတိုင်း စားပေးခြင်း အားဖြင့် အူလမ်းကြောင်း ဝမ်းဗိုက်နှင့် ပါးစပ်တွင်ဖြစ် တက်သောရောဂါများ ကင်းဝေးပီး အစာခြေ စနစ်ကို ကောင်းမွန်စေပါသည် ။
၂ ။ ပင်စိမ်း အရွက်ကို ရေထဲတွင် စိမ်ပြီး နေတိုင်း သောက်လာပါက ဆီးချိုရောဂါ မဖြစ်အောင် ကာကွယ်ပေးသည်။
၃ ။ ပင်စိမ်း အရွက်ကို ပထမရက် ရေချိုးမည့်ရေတွင် စိမ်ထားပြီး နောက်နေ့ ရေချိုးပါက ချွေးအနံ့ မထွက်အောင် ကာကွယ်ပေးသည်။
၄ ။ ပင်းစိမ်း အရွက်ကို သံပုရာရည် ရော၍ ကျိတ်ပြီး အရေပြားပေါ်တွင် လိမ်းပေးပါက အရေပြား ရောဂါများဖြစ်သော ဝဲ နှင်းခူ နှင့် ယားနားများ ပျောက်ကင်းသည် ။
၅ ။ ပင်စိမ်း စေ့ကို ကောင်းစွာ ကျိတ်ပြီး စားပေးလျှင် ဆီးနှင့် ပတ်သက်သော ရောဂါများ ပျောက်ကင်းသည်။
၆ ။ ပင်စိမ်း သတ္တုရည်ကို သံပုရာရည် ရောပြီ တစ်ပတ်တကြိမ် ခေါင်းလျှော်ပေးပါက သန်း ဗောက်ဖက်များ ကင်းဝေးမည်။
၇ ။ သန့်ရှင်းသော မြေအိုး ရေထဲတွင် ပင်စိမ်း အရွက်ထည့်၍ နေ့တိ်ုင်းသောက် လာပါက ရောဂါများ ကင်းဝေးမည်။
၈ ။ ပြက်ရာ ရှရာများကို ပင်စိမ်း အရွက်ထည့်ပေးလာပါက လျှင်မြန်စွာပျောက်ကင်းသည်။
၉ ။ အိမ်တွင် ပင်စိမ်းအရွက်များ ထားခြင်း(သို့) အိမ်ပတ်ပတ်လည်တွင် စ်ိုက်ထားလျှင် ခြင် ၊ယင် ၊ပိုးကောင် ၊ မြွေများ ကင်းဝေးမည် ထို့ကြောင့်အိမ်တွင် ပင်စိမ်း အပင်စိုက်ခိုင်းခြင်းဖြစ်သည်။
၁၀ ။ တစ်ရက်တွင် နာရီပေါင်း20 Oxygen ထုတ်လွတ်ပေးသောကြောင့် အိမ်တွင် စိုက်ရန် အကောင်းဆုံး အပင်တစ်ပင် ဖြစ်ပါသည် ။
Crd
# Pai Pai
လေယာဉ်စီးမယ့်လူတွေ ကြည့်ဖြစ်အောင်ကြည့်သွား.
အဆန်းကြီး
04/04/2019
ဘယ်လိုလူတွေ မည်သည့် Course ကိုလေ့လာသင့်သလဲ ???
1) Auto Cad 2D 3D - 100,000ks
3) Revit MEP Course - 200,000ks
Engineering ဖြင့် မည့်သည့် မေဂျာ သမားများမဆို design engineer အဖြစ် လုပ်ရန်ရည်ရွယ်ချက်ရှိလျင် 1) Auto Cad နှင့် 3) Revit MEP သည် မဖြစ်မနေ တက်ရောက် ထားသင့်သည့် ဘာသာရပ် ဖြစ်ပါသည်။ ( စင်ကာပူတွင် engineering ဘွဲ့ မဟုတ်ပဲ ရိုးရိုးမေဂျာဖြင့် ဘွဲရထားသူများ Auto Cad and Revit ကောင်းကောင်းဆွဲနိုင်လျှင် English major, physic major စသည့် ဘွဲများဖြင့် drafter လုပ်နေသူများစွာရှိပါသည် ။ အလုပ်ရရင်အတွက် မိမိ၏ကိုယ်ပိုင်အရည်အချင်းနှင့် ကံ ဥာဏ် ဝီရိယ စိုက်ထုတ်ရန် လိုအပ်ပါသည်။
2) Revit Architecture Course - 200,000ks
ဒီ Course ကတော့ Archi သမားများ တက်ရောက်သင့်ပါသည်။ Archi သမား မဟုတ်လျှင်တောင် မိမိဘာသာကိုယ်ပိုင် အိမ် ဒီဇိုင်း များ ဖန်တီးရင် လေ့လာချင်လျှင် တက်လို့ ရပါတယ် ။ Engineering field တွင် အလုပ်လုပ်မည့်သူများ တတ်မြောက်ထားလျှင် အသုံးဝင်ပါသည်။
4) M&E Working Drawing and Combined service drawing (CSD) Course - 200,000ks
ဒီ Course ကတော့ အဆောက်အဦးတစ်ခုလုံးမှာရှိတဲ့  M&E ( both Mechanical and Electrical ) services အားလုံးကို ဘယ်လို Coordination လုပ်မလဲ ဆိုတာ သင်ကြားပေးမှာဖြစ်ပါတယ်။ Civil or archi နဲ့ ပြီးတဲ့လူတော်တော်များများလည်း M&E Coordinator လုပ်နေတာ ရှိပါတယ်။ ( မိမိက အလုပ်ကို ရွေးချယ်တာလား? အလုပ်က မိမိကိုရွေးချယ်တာလားဆိုတဲ့ အခြေအနေပေ၊ မူတည်ပြီး မိမိရဲ့  Job and Career ဟာကွဲပြားသွားကြပါတယ်။ M&E Coordinator လုပ်မယ့်သူများတက်သင့်ပါတယ်။ Coordination တကယ် ကျွမ်းကျင်သွားပြီဆိုလျှင် လစာအရမ်း ကောင်းပါတယ် ။
5) Advanced Mechanical Engineering Course - 200,000ks
ကိုတော့ mechanical သမားတွေ သာ တက်ရောက်သင့်သည် မဟုတ်ပဲ စင်ကာပူ တွင် အလုပ်ရှာရန်ရည်ရွယ်ထားသော မည့်သည့်ဘွဲ့ ရထားသူမဆို တတ်ထားလျှင်ပိုကောင်းပါသည် ( စင်ကာပူတွင် Electrical or other major နဲ့ ဘွဲ့ ရပေမယ့် Mechanical Engineer အဖြစ်လုပ်ကိုင်နေသူ အများအပြား ရှိပါသည် )
ဒီ Course ကတော့ အဆောက်အဦး တစ်ခုမှာ ရှိသင့်တဲ့  Air Conditioning and Mechanical ventilation, Plumbing and Sanitary , Fire Protection စသည့် knowledge တွေကို Singapore Standard and Code of practice များဖြင့် သင်ကြားပေးမှာ ဖြစ်ပါသည်။ Mechanical ဆိုရာတွင် ACMV Company များ Fire Protection Company များ Plumbing and Sanitary Company များ စသဖြင့် Company အမျိုး အစားများ ခွဲ ခြားရှိနေသဖြင့် မိမိသည် မည့်သို့ သော Company တွင် အလုပ်ဝင်ရမည် ဆိုတာ မသိနိုင်ပေ။ ဒီ Course ကတော့ အားလုံးသော Knowledge ကို သင်ကြားပေးမှာ ဖြစ်သည့်အတွက် များစွာ အကျိုး ရှိပါသည်။
Mechanical နဲ့ ဘွဲ့ ရသူများ ကိုယ့်ရဲ့  Skill ကို မြင့်တင်လို၍ဖြစ်စေ ၊တခြားမေဂျာ ဖြင့် ဘွဲ့ ရထားသူများ Mechanical ပိုင်းကို လေ့လာလို၍ဖြစ်စေ တက်ရောက် သင့်ပါသည်။
6) Specialist Quantity Survey Course (ACMV) - 200,000ks ကို Tender လိုက်မည့် Company ပိုင်ရှင်များ
မိမိ၏ Customers ကို အလုပ်မအပ်မှီ Standard Quotation ဖြင့်အရှုပ်အရှင်းကင်းစွာ အလုပ်လက်ခံချင်သည့်
လုပ်ငန်းပိုင်ရှင်များ၊ Project များစွာရရှိ၍ Company ရေရှည်ရပ်တည်ရန်မှာ Qualified QS များ အပေါ်တွင် များစွာ မူတည်သောကြောင့် Company တစ်ခု၏ အားထားရသော Qualified Quantity Surveyor အဖြစ်ရပ်တည် ချင်သူများ၊ တက်ရောက်သင့်ပါသည်။
7) Project Management and Human Resource (Theory) - 300,000ks
ဒီ Course ကတော့Project Management , procurement management , human resource and communication, time management , costing management ,risk management, etc...စသည်တို့ ကို သင်ကြားပေးမှာဖြစ်ပါတယ်။ Construction? IT ? Research? Engineering? Marketing? ပရောဂျက်ဆိုတာ မည်သည့်နယ်ပယ်တွင်မဆိုရှိပါသည်။ Management ကို လေ့လာချင်သူများ ၊ Manager အဖြစ် လုပ်ကိုင်နေသူများ ၊ business အသေးစားဖြစ်စေ အကြီးစားဖြစ်စေ စတင် လုပ်ကိုင်လိုလျင် ( စီမံခန့် ခွဲမှုပိုင်း ဟာ အဓိက သော့ချက်အနေနဲ့ အရေးပါပါသည် ) Sale Manager များ ၊ Marketing executive များ ၊ HR များ တက်ရောက်သင့်ပါသည်။
8) Guidelines of writing CV and applying job in Singapore , International interview answering and English skill - 80,000ks
ဒီ Course ကတော့ လုပ်ငန်းခွင်ဝင်ရန် အသင့် ဖြစ်နေပြီ ဆိုလျှင်တက်ရောက်သင့်ပါသည်။ အလုပ်လျောက် သူတော်တော်များများ ဟာ မိမိ အရည်အချင်း ပြည့်ဝပါလျက် အင်တာဗျူးတွင် အမှားအယွင်း ဖြစ်ခြင်း CV တွင် ပါသင့်သည်များ မပါပဲ မပါသင့်သည်များ ပါဝင်နေမှုကြောင့်  အခက်အခဲများ ဖြစ်နိုင်ပါသည်။ English skill ကိုပါလေ့ကျင့်ပေးမှာ ဖြစ်သည့်အတွက် ပြည်တွင်း ပြည်ပ မည်သည့် Company တွင်ဖြစ်စေ မိမိကိုယ်ကို ယုံကြည်ချက်ရှိစွာ အင်တာဗျူး ဖြေဆိုနိုင်ရန် တက်ရောက်သင့်သော Course ဖြစ်ပါသည်။
ညီငယ် ညီမငယ် အချို့ သည် ကျောင်းပြီး ဘွဲ့ရပြီးနောက် မြန်မာနိုင်ငံတွင် အလုပ်အကိုင် ရှားပါးခြင်း၊ လစာစရိတ် မလောက်ငှခြင်း၊ နည်းပညာမရှိ ခြင်း စသည်တို့ကြောင့် စင်ကာပူ အပါအ၀င် အခြားနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်ရန် စိတ်ကူးရှိကြပါသော်လည်း အသိအကျွမ်းမရှိလျှင် သွားရောက်၍ အလုပ်ရှာရန်မှာ မလွယ်ကူလှပါ။
ထို့ ကြောင့် ဤ အတန်း တက်ရောက်ပြီးစီးသူများ စင်ကာပူတွင် အလုပ်ရှာ လိုလျှင် နေထိုင်ရန်အတွက် စသည့်အကူအညီများ၊ အကြံဥာဏ်များ လိုအပ်လျှင် DETC မှ မေတ္တာ ဖြင့် ကူညီ ၍ ဆွေးနွေး အကြံပြု ပေးပါမည်။
03/04/2019
အသက် ၃၀ အရွယ်မှာ ချမ်းသားဖို့ဆိုရင်
#ငွေနောက်ကိုလိုက်ပါ
ယနေ့ခေတ် စီးပွားရေးအရဆိုရင် သမာရိုးကျနည်းတွေနဲ့
ချမ်းသာဖို့က ခက်ခဲလွန်းပါတယ်။ ပထမဆုံးခြေလှမ်းက
တော့ သင်ဝင်ငွေတိုးလာဖို့ အာရုံစိုက်ရမယ်။ ငွေတွေ
ထက်ခါထက်ခါဝင်နေဖို့ အာရုံစိုက်နေရမယ်။ခုငွေနောက်
စလိုက်ပါ ဒီလိုလုပ်ခြင်းအားဖြင့် သင်ဟာငွေကို ဘယ်လို
ထိန်းချုပ်ရမလဲဆိုတာ သိလာပြီး အခွင့်အလမ်းတွေကို
မြင်လာမှာ ဖြစ်ပါတယ်။
#မကြွားဝါးပါနဲ့တိတ်တဆိတ်ကြိုးစားပါ
သင်ရဲ့လုပ်ငန်း သင်ရဲ့ရင်းနှီးမြှပ်နှံမှုတွေက ဝင်ငွေမပေါး
သေးဘဲနဲ့ တန်ဖိုးကြီးကားတွေ တန်ဖိုးကြီးနာရီတွေ ဝယ်
မစီး ဝယ်မဝတ်ပါနဲ့။သင့်အလုပ်ကြောင့်လူသိပါစေ။သင်
ဝယ်တဲ့အရာတွေကြောင့် လူမသိပါစေနဲ့။
#ရင်းနှီးမြှပ်နှံဖို့အတွက်ငွေစုပါငွေစုဖို့အတွက်ငွေမစုပါနဲ့
ငွေစုဖို့အတွက်တစ်ခုထဲသောအကြောင်းပြချက်က ရင်း
နှီးမြှပ်နှံဖို့ပါဘဲ။ငွေစုပြီးဆိုတာနဲ့ စုတဲ့ငွေကိုလုံးဝမထိပါနဲ့
ဘာအတွက်မှလည်းမသုံးပါနဲ့ အရေးပေါ်အတွက်ဆိုရင်
တောင်မသုံးပါနဲ့ ဒီလိုလုပ်ခြင်းလုပ်ခြင်းဟာ သင်ရဲ့ဝင်
ငွေကိုတိုးလာစေပါတယ်။
#အကြွေးယူတာရှောင်ပါ
သင်ဘယ်တော့မှ ငွေမချေးရအောင် အကောင်းဆုံးငွေ
ကြေးကိုထိန်းချုပ်ပါ စည်းကမ်းတွေ သတ်မှတ်ထားပါ
ချမ်းသာတဲ့သူတွေဟာ ရင်းနှီးမြှပ်နှံမှုအသစ်တွေပြုလုပ်
ဖို့ ငွေကြေးစီးဆင်းမှုတိုးတက်ဖို့အတွက်သာ အကြွေးယူ
ကြတာပါ ဆင်းရဲတဲ့သူတွေကတော့ ပစ္စည်းတွေဝယ်ဖို့
ငွေချေးကြတယ်။ဒီတော့ ဆင်းရဲတဲ့သူတွေက ပိုဆင်းရဲ
ပြီး ချမ်းသာတဲ့သူတွေက ပိုချမ်းသာကြပါတော့တယ်။
#ငွေကိုသဝန်တိုတတ်တဲ့ချစ်သူတစ်ယောက်လိုပြုမူဆက်ဆံပါ
ငွေတွေပေါးများလာပါစေလို့ ဘယ်လောက်ဆုတောင်း
နေနေ အချည်းနှီးပါဘဲ။ငွေကြေးပိုင်ဆိုင်ရာ လွတ်လပ်မှု
ရှိရမယ်ဆိုတာ ဦးစားပေးတစ်ခုအနေနဲ့ သတ်မှတ်ထားပါ
ချမ်းသာဖို့ဆိုရင် ငွေကိုဦးစားပေးတစ်ခုအနေနဲ့သတ်မှတ်
ထားရမယ်။ငွေဆိုတာ သဝန်တိုတတ်တဲ့ချစ်သူလိုဘဲ။
သင်မှသူကိုဂရုမစိုက်ရင် သူကလည်းသင်ကိုဂရုစိုက်မှာ
မဟုတ်ပါဘူး။
#ပိုက်ဆံကဘယ်တော့မှအိပ်မနေပါဘူး
ပိုက်ဆံဟာနာရီကိုလည်းမသိဘူး။အချိန်ဇယားတွေကို
လည်းမသိဘူး။အားလပ်ရက်တွေကိုလည်း မသိဘူး။
ငွေက အလုပ်ကြိုးစားသူတွေကိုဘဲ ချစ်တယ်။
#ဆင်းရဲတယ်ဆိုတာအဓိပ္ပာယ်မရှိတဲ့အရာဘဲ
ဘီဂတ်က ဆင်းဆင်းရဲရဲနဲ့မွေးလာတာသင်အပြစ်မဟုတ်
ဘူး။ဆင်းဆင်းရဲရဲနဲ့ သေသွားရင်တော့ သင်အပြစ်ဘဲလို့
ပြောဖူးပါတယ်။
#အကောင်းဆုံးစိတ်ခွန်အားပေးနိုင်သူအကြံပေးနိုင်သူကိုရှာပါ
တိုးတက်အောင်မြင်ဖို့ဆိုရင် မိမိကို တွန်းအားအကောင်း
ဆုံးပေးနိုင်တဲ့သူကို ရှာဖွေရမယ်။ဒါဟာအကောင်းဆုံး
နည်းလမ်းပါဘဲ။
#ကိုယ်ပိုင်လုပ်ငန်းတစ်ခုစတင်ပါအမွေတွေဘာတွေစဉ်းစားမနေနဲ့
စွန့်ဦးလုပ်ကိုင်သူတွေဟာ အကောင်းဆုံးလုပ်ဆောင်နိုင်
ပါတယ်။မီလီယံနာအများစုဟာ ကိုယ်တိုင်ကြိုးစားပြီး
ကြွယ်ဝလာသူတွေ ဖြစ်ပါတယ်။
ဒီဆောင်းပါးလေးရဲ့ လိုအပ်ချက်လေးတွေရှိရင်
ဖြည့်စွက်တွေးပေးပါ။
🇲🇲အညာသားစွယ်စုံကျမ်း
Pakokku
08/03/2019
စလုံးမှာ BCA ခွင့်ပြု့ချက်မရှိဘဲ ခိုးဆောက်ထားတဲ့ ၉ ထပ်အား ဖြိုချရန်
◾️◾️◾️◾️◾️◾️◾️◾️◾️◾️◾️◾️◾️◾️◾️◾️◾️◾️◾️◾️◾️
စင်ကာပူက Alexandra လမ်းမပေါ်က The Alexcier အဆောက်အအုံက ၉ ထပ်မှာ BCA ခွင့်ပြုမရှိဘဲ ဆောက်လုပ်ထားတဲ့ အထပ်အား ဖြိုဖျက်ရန် အမိန့်ထုတ်ပြီးပါပြီ။ ကြမ်းပြင်ဧရိယာ စတုရန်းပေ ၅၀၀၀ ကျော်အကျယ်ရှိတဲ့ ၉ ထပ်၌ ဆောက်လုပ်ထားတဲ့ အခန်းတွေဟာ ရုံးခန်း၊ အစည်းဝေးခန်း၊ ဧည့်ခန်းနှင့် မီးဖိုချောင်တွေပါဝင်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
အဆောက်အဦး ပိုင်ရှင်က ZACD Group Investment ဖြစ်ပြီး CEO ကတော့ Stanley Yeo Choon Guan လို့ အမည်ရပါတယ်။ Stanley ဟာ လက်ရှိ အာဏာပါတီရဲ့ ပါတီအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး Tampines မဲဆန္ဒနယ်မြေမှ Grassroots ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ လက်ရှိကာလထိ Tampines North CCC (Tampines GRC), Vice-Chairman ဖြစ်သလို Public Service Medal ဆုကိုလည်း ၂၀၁၅ မှာ ရရှိထားသူပါ။
BCA ကတော့ ဒီဖြစ်ရပ်အတွက် ပါဝင်ပတ်သက်သူ အားလုံးကို အရေးယူမယ်လို့ ဆိုပါတယ်။
အာဏာပိုင်တွေဘက်က ဥပဒေချိုးဖောက်သူ၊ စည်းကမ်း မလိုက်နာသူကို အရေးယူဖို့ သူ့တာဝန် ပျက်ကွက်တာကို ဆင်ခြေပေးစရာမလိုသလို၊ ဥပဒေ ချိုးဖောက်သူကို အရေးယူတာ အာဏာရှင်စနစ်မဟုတ်သလို၊ ဒီလိုအရေးယူတာဟာလည်း ဥပဒေလိုက်နာသူ အခြားသူများကို အကာအကွယ်ပေးတဲ့ လုပ်ရပ်ပါ။
မြန်မာနိုင်ငံက ဥပဒေအရ စည်းကမ်းရှိအောင် မလုပ်နိုင်ဘဲ လူတွေကို သနားကြင်နာဟန်ဆောင်ပြီး မသမာမှုတွေနဲ့ စည်းကမ်းဖောက်သူကို အရေးယူရန်ပျက်ကွက်နေတဲ့ ပြည်နယ်နှင့်တိုင်းက အစိုးရအဖွဲ့များ သိပါစေ။
News Origin: ST
CSD Drawing တွေကို Section ဖြတ်မယ်ဆိုရင်........
Coordination လုပ်တာကို မရေးခင် ကြားဖြတ်မေးထားတဲ့ မေးခွန်းလေးတွေထဲက CSD Drawing တွေကို Section ဖြတ်တာနဲ့
ပတ်သက်ပြီး တချက်လောက် အရင်ရှင်းပြချင်ပါတယ်။
CSD Drawing တွေကို နေရာတိုင်း Section ဖြတ်ဖို့ မလိုအပ်ပါဘူး။ Section ဖြတ်ပြဖို့ လိုမယ့်နေရာတွေဟာ M&E Riser တွေ အများစု
စုပြုံနေတတ်တဲ့ Lobby လို နေရာမျိုးတွေ၊ Corridor လို နေရာမျိုးတွေ၊ Ceiling Height အခက်အခဲ ရှိတဲ့ နေရာမျိုးတွေကို Section ဖြတ်သင့်ပါတယ်။ နေရာတိုင်း Section ဖြတ်နေရင်လည်း Coordination လုပ်တာ နှောင့်နှေးပြီး အလုပ်မတွင် ဖြစ်တတ်ပါတယ်။
ဒီလောက် ရှုပ်ထွေးနေတဲ့ Drawing မှာ ဘာသွားကြည့်ဖို့ လုပ်သလဲ
မေးခွန်း လည်း ရှိလာနိုင်ပါတယ်။ ပါဝင်တဲ့ M&E Services
တွေ အကုန်လုံးကို Reference လုပ်ဖို့အနေနဲ့လည်း သုံးပါတယ်။ အတိအကျ information ရဖို့ ကြည့်တာမဟုတ်ပဲနဲ့ Services တွေ
ဘယ်လောက်များတယ် ဘယ်နေရာ ပြဿနာ တက်နိုင်တယ်ဆိုတာကို သိရဖို့လည်း ကြည့်ပါတယ်။
CSD Drawing ကို ဘယ်လို Section ဖြတ်မလဲ...? ? ?
Section အရင်ဖြတ်ဖို့က CSD ကိုမဟုတ်ပဲ Structure Drawing နဲ့ Archi Drawing ကို ဖြတ်ရမှာ ဖြစ်ပါတယ်။ Structure Drawing ကနေ Beam/ Slab/ Height Information ကို အရင်ယူပါ။
အဲဒီကနေ Section ပုံတစ်ခု အရင်ဖော်ပါ။ Reflected Ceiling Plan Drawing ကနေ False Ceiling Height ကို ယူပါ။ Archi Section Drawing ရှိခဲ့ရင်တော့ အဲဒီ Section Drawing ထဲကို Beam information ဖြည့်သွင်းပါ။ (SL, FFL ခြားနားမှု၊ Top Up လုပ်မယ့် Thickness တွေကိုလည်း ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။)
ဒါဆိုရင် အခြေခံ Section ပုံတစ်ခု အရင်ရမှာ ဖြစ်ပါတယ်။
ပြီးပြီဆိုရင်တော့ ကိုယ် Section ဖြတ်ချင်တဲ့ နေရာတစ်ခုကို Section ဖြတ်ချင်တဲ့ ပုံစံအတိုင်း လိုင်းတစ်လိုင်း ကန့်လန့်ဖြတ်ဆွဲချလိုက်ပါ။ နောက်တခါ အဲဒီနေရာမှာ ပါတဲ့ M&E Services တွေကို ချရေးလိုက်ပါ။ Services တွေ များနေလို့ မကြည့်တတ်ရင် တစ်ခုချင်းကြည့်ပါ။
- ACMV
- Electrical
- ELV
- Fire Fighting/ Fire Alarm
- Sanitary Plumbing စတဲ့ Services တွေကို ACad Drawing မှာ တစ်ခုချင်းစီ ဖျောက်ပြီး ကြည့်ပါ။ ပါတဲံ Services တွေကို အရင်ချရေးပါ။ Size တွေပါ ရေးပါ။
Section ဖြတ်တာနဲ့ Coordination လုပ်တာနဲ့ သဘောတရား တူသလောက်ရှိပါတယ်။
အရင်ဆုံး စစဉ်းစားဖို့က Sanitary Plumbing Pipe တွေ အဲဒီနေရာမှာ ရှိသလား အရင်ကြည့်ပါ။
ဦးစားပေး ၁
- Sanitary Pipe (Waste Pipe, Kitchen Waste Pipe, Gas Pipe, Vent Pipe)
- ACMV (Kitchen Exhaust Duct- Fire Rated)
- Fire Fighting (Fire Rated Pipe)
ဦးစားပေး ၂
- Ducting (Fresh Air Duct, Exhaust Duct, Return Air Duct, Supply Air Duct)
- Electrical Tray/ Trunking
- Chilled Water Pipe (Chiller System ပါပါက)
ဦးစားပေး ၃
- Cool Water Pipe/ Hot Water Pipe
- Fire Fighting (Sprinkler Pipe)
စဉ်းစားရတဲ့ ဦးစားပေးအဆင့်တွေ ဖြစ်ပါတယ်။
ဦးစားပေး ၁
ဦးစားပေး ၁ ဘာကြောင့် ထားရသလဲဆိုတော့ Sanitary Pipe အများစုက Gradient နဲ့ သွားတာ ဖြစ်တဲ့ အတွက် သူ့ရဲ့ သွားလာနိုင်မှုက အကန့်အသတ်ရှိပါတယ်။ နောက်တခါ Elbow တွေ ဘေးတိုက် များရင် မကောင်းပါဘူး။ အပေါ်အောက် Elbow နဲ့ အတက်အဆင်းကတော့ ပြဿသနာ မရှိပါဘူး။
အဲလိုပဲ Kitchen Ehxaust Duct တွေကလည်း တတ်နိုင်ရင် အဖြောင့်အတိုင်း စဉ်းစားတာ ကောင်းပါတယ်။ Slab ရှိလို့ အပေါ်ကပ်လိုက် Beam နဲ့ ညိလို့ အောက်ဆင်းလိုက် လုပ်တာ မကောင်းပါဘူး။ Kitchen က ပါလာတဲ့ ဆီငွေ့တွေက အချိန်ကြာလာရင် Duct ထဲမှာ အိုင်နေပြီး နောက်ပိုင်းမှာ အောက်ကို ဆီတွေစိမ့်ကျလာနိုင်ပါတယ်။ ဒ့ါကြောင့် မလွှဲသာမရှောင်သာ အတက်အဆင်း install လုပ်ရပြီဆိုရင် Duct ရဲ့ အနိမ့်ဆုံးနေရာမှာ Drainage Tab လေးတွေတပ်ပြီး အဲဒီကနေ ဆီတွေကို ဖောက်ချတာမျိုး လုပ်ရပါတယ်။
Fire Fighting System က Fire Rated လုပ်ရတဲ့ Dry/ Wet Riser Pipe တွေ အစရှိတဲ့ Services တွေဟာ ဦးစားပေး နံပါတ် ၁ ဖြစ်ပါတယ်။ ဒီ Duct တွေ/ Pipe တွေက Sanitary Pipe တွေလို Gradient မလိုပေမယ့် Fire Rated လုပ်လိုက်တာနဲ့ သူ့ရဲ့ အပေါ်က (တတ်နိုင်ရင်) ဘာ Services မှ ပေးမဖြတ်ပါဘူး။
မဖြစ်မနေ ဖြတ်ရမယ့် Services တွေ ရှိလာခဲ့ရင် ဖြတ်လို့ ရပါတယ်။ ဒါပေမယ့် ၄င်း Fire Rated Duct/ Pipe တွေရဲ့ အပေါ်ကို ဖြတ်သွားတဲ့ Services တွေကို အနည်းဆုံး ဟိုဘက် ၁ မီတာခွဲ၊ ဒီဘက် ၁ မီတာခွဲ Fire Rated လိုက်လုပ်ပေးရပါတယ်။ မလုပ်မနေရ ဖြစ်ပါတယ်။ ဒီတော့ Cost တွေ ပိုတက်ပါတယ်။ ဒါ့ကြောင့် တတ်နိုင်ရင် အပေါ်က ဘာ Services မှ မဖြတ်တာ ကောင်းပါတယ်။
အဲလိုပဲ GAS Pipe တွေမှာလည်း Jacketing ပါတာကြောင့်နဲ့ အတက်အဆင်း အရမ်းကစားခဲ့ရင် Welding ဆော်ရတာ အခက်အခဲ ရှိတာကြောင့် ဦးစားပေး ၁ ထဲ ထည့်ထားရတာ ဖြစ်ပါတယ်။
Toilet Vent ပိုက်တွေဟာလည်း စတဲ့နေရာကနေ အဖြောင့် (သို့မဟုတ်) တောက်လျှောက် Gradient သဘောမျိုး အတက်ချည်းပဲ install လုပ်ရတာမို့ ဦးစားပေး ၁ ထဲ အကျုံးဝင်ပါတယ်။
ဦးစားပေး ၂
ဦးစားပေး ၂ မှာ ပါတဲ့ Services တွေက အပေါ်က Services တွေရဲ့ အောက်မှာ ဆက်စဉ်းစားဖို့ပါ။ ကျန်တဲ့ Ducting တွေ အများစု၊ Chilled Water Pipe တွေ၊ Electrical Trunking/ Tray တွေ၊ စတဲ့ Services တွေက ပထမဦးစားပေး မဟုတ်သလို နောက်ဆုံးမှ ထားစဉ်းစားရတဲ့ Services တွေလည်း မဟုတ်ကြပါဘူး။
တစ်ခုထပ်သတိထားဖို့က Electrical Tray တွေရဲ့ အပေါ်မှာ Water Pipe တွေ၊ Sanitary Pipe တွေ၊ Chilled Water Pipe တွေကို Parallel Run ဖို့ မကြိုးစားပါနဲ့။ အဓိကအကြောင်းအရင်းက Water Leakage အချိန်မရွေး ဖြစ်နိုင်တာကြောင့် ရေကျခဲ့ရင် Shock ဖြစ်နိုင်ပြီး အဆောက်အဦ တစ်ခုလုံး ပြဿနာ တက်သွားနိုင်ပါတယ်။
ဦးစားပေး ၃
Cool Water/ Hot Water Pipe တွေ၊ Fire Fighting Sprinkler Pipe တွေကို နောက်ဆုံးမှ ထားစဉ်းစားလို့ ပစ်ထားတယ်လို့ မထင်ကြပါနဲ့။ ဒီ Services တွေအများစုက Pump စနစ်နဲ့ တွန်းထားတာမို့ အတက်အဆင်းတွေ ရှိခဲ့လည်း တက်နိုင်ဆင်းနိုင်ပါတယ်။ မြန်မာနိုင်ငံမှာတော့ Gravity Force နဲ့ သုံးတဲ့နေရာ တချို့လည်း ရှိပါတယ်။
နောက်တစ်ခုက အလွယ်တကူ အချိုးအပြောင်း လုပ်နိုင်တာလည်း ပါပါတယ်။ ဒါ့ကြောင့် တတိယ ဦးစားပေး ထားပြီး စဉ်းစားရတာ ဖြစ်ပါတယ်။
ဦးစားပေးတွေနဲ့ချည်း မပြီးသေးပါ....
ဦးစားပေး Services တွေကို စဉ်းစားပြီးပြီဆိုရင် အလွယ်တကူ ထင်မိတာက ရှိတဲ့နေရာတွေ အကုန်လုံးကို Services တွေ အကုန်လျှောက် သွပ်တော့တာပဲမဟုတ်လား။
သတိထားပါဦး....
Duct တွေမှာ ဘေးတိုက်ထွက်လာတဲ့ Branch တွေ ရှိနိုင်တယ်။ ဘေးဘက်ကို ကွေ့သွားတာ ရှိနိုင်တယ်။ အောက်ဘက်ကို ဖောက်ထွက်လာတဲ့ Flexible Duct တွေလည်း ရှိနိုင်တယ်။ Pipe တွေလည်း ဒီလိုပဲပေါ့။ ဒီတော့ Services တွေ ကြားထဲမှာ လူးသာလွန့်သာရှိအောင် Gap လေးတွေလည်း ချန်ပြီး စဉ်းစားရပါမယ်။
နောက်ဆုံးတချက်အနေနဲ့ ပြောရရင် False Ceiling ကိုလည်း M&E Services တွေ၊ Hanger Support တွေနဲ့ အနည်းဆုံး 200mm (or) 250mm ခွာပြီး စဉ်းစားစေချင်ပါတယ်။
တချို့ Ceiling Pattern တွေက အဲလောက် အတက်အဆင်း ကစားတာ ရှိတတ်ပါတယ်။ နောက်တခါ Air Con Grille/ Diffuser တွေနဲ့ Down Light တချို့ရဲ့ Height ကလည်း အဲဒီလောက် ရှိပါတယ်။ 300mm လောက် ချန်ပြီး စဉ်းစားရင်တော့ အကောင်းဆုံးပါ။ ဒါပေမယ့် M&E Services တွေအတွက် ခပ်မြင့်မြင့် Ceiling Height ရလိမ့်မယ်လို့ ဘယ်တော့မှ မမျှော်လင့်ပါနဲ့။ Client တွေ၊ Architect တွေက Ceiling အောက်ပိုင်းမှာသာ အလှအပအတွက် အမြင့်အနိမ့် သဘောကောင်းသလောက် False Ceiling အထဲက M&E Services တွေအတွက် Height ကပ်စေးနဲတာ များပါတယ်။
M&E Engineer တစ်ယောက်ဖြစ်လာတာ လွယ်တယ်မထင်ပါနဲ့။
ကြောက်လည်း မသွားပါနဲ့။ အခက်အခဲတွေ၊ အထုပ်ရှုပ်တွေဆိုတာ မဖြည်ခင်က ကြောက်နေခဲ့တာတွေပါ။ တကယ်လို့ ဖြည်လို့လည်း ပြေသွားရော... ခံစားရတဲ့ ပီတိတစ်ခုက ဘာနဲ့မှ လဲလို့မရတာ တွေ့ရပါလိမ့်မယ်။
ကိုယ့်ကိုကိုယ်လည်း ပိုပြီး ယုံကြည်မှု ရလာပါလိမ့်မယ်......
Credit : စန်းမောင်မောင်
Click here to claim your Sponsored Listing.
Category
Telephone
Address
No. 205 1B, Ground Floor . Tarkayta Township
Yangon
WALKINGDISTANCETO(TARKAYTACAPITALHYPERMARKET)