TourPare
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from TourPare, Yangon.
02/08/2019
ဒီပတ်မှာ ဗီယက်နမ် နိုင်ငံရဲ့ အရောက်သွားပါ ၁၀နေရာက ဘာတွေဖြစ်မလဲ။ ခရီးသွားချစ်သူတွေရဲ့ ၁၀နေရာကရော ဘာတွေဖြစ်မလဲ သိချင်ပါတယ်နော်။
နောက်ပတ်ရဲ့ Topic က ဘာဖြစ်မလဲ သိရအောင် ဒီ Page လေးကို Like & Share လုပ်ထားဖို့ မမေ့နဲ့နော်။
Making Travel Easier
26/07/2019
ဒီပတ်မှာတော့ အရောက်သွားပါ "ဘာလီ" ရဲ့ ၁၀ နေရာ ကို မျှဝေချင်ပါတယ်။
19/07/2019
🇭🇰🇭🇰🇭🇰 အရောက်သွားပါ “ဟောင်ကောင်” ရဲ့ ၁၀ နေရာ 🇭🇰🇭🇰🇭🇰
----------------------------------------------
10. Central Mid-Levels Escalator
ဟောင်ကောင် နာမည်ကြီး ရုပ်ရှင်ကားတွေထဲမှာ သာမက “The Dark Knight” ရုပ်ရှင်ထဲ မှာပါ ပါတဲ့ ကမ္ဘာ့အရှည်ဆုံး Outdooor Covered Escalator (ခေါ်) Central Mid-Levels Escalator (800 meters) ကတော့ အရောက်သွားသင့်တဲ့ နေရာလေးတစ်ခုဖြစ်ပါတယ်။ ကမ္ဘာ့အရှည်ဆုံး Escalator စီးဖို့ တင်မဟုတ်ဘူးနော်။ Escalator တစ်လျှောက်မှာ နာမည်ကြီး ဒေသခံ စားသောက်ဆိုင်တွေ Bar, Coffee Shop တွေ ရှိသလို Hollywood Road, Staunton Street မှာ instragrammer တွေ အသည်းစွဲ Wall Art တွေလည်းရှိပါတယ်။
9. Lan Kwai Fong
ဟောင်ကောင်ရဲ့ Dynamic Nightlife ကို ခံစားချင်ပါသလား။ Lan Kwai Fong ကို သွားပါ။ Bar တွေ Clubs တွေ အပြင် Western Restaurant တွေ နှင့် ပြည့်နှက်နေတဲ့ Lan Kwai Fong ကတော့ Party ကြိုက်တဲ့ လူငယ်တွေ Tourist တွေကြားထဲမှာ ပေါ်ပြူလာ ဖြစ်တဲ့နေရာလေးဖြစ်ပါတယ်။
8. Mong Kok
Local တွေအပြင် Tourist တွေအကြိုက်ဆုံး Shopping Area တစ်ခုဖြစ်တဲ့ Mong Kok မှာတော့ နာမည်ကြီး Ladies’ Market, နှင့် Temple Street Night Market တို့ရှိပါတယ်။ ဒါ့အပြင် Langham Place နှင့် Mong Kok Argyle Centre တို့မှာလည်း လူငယ်အကြိုက် Trendy Fashion တွေအစုံရှိတာမို့ Shopping ချစ်သူတွေ အရောက်သွားသင့်ပါတယ်။
7.Tsim Sha Tsui
Tsim Sha Tsui မှာရှိတဲ့ Nathan Road ဟာ Shopping District အဖြစ် နာမည်ကြီးပါတယ်။ High-end Brand မှ Low-end Brand အပြင် နာမည်ကြီး စားသောက်ဆိုင်တန်းတွေ စုစည်းရာ နေရာလည်းဖြစ်ပါတယ်။
6. Avenue of Stars
Victoria Harbour Waterfront မှာရှိတဲ့ Avenue of Stars ဟာ ဟောင်ကောင်ရဲ့ Walk of Fame နေရာလေးဖြစ်ပါတယ်။ နာမည်ကြီး Celebrity တွေရဲ့ ရုပ်ထုတွေအပြင် ဟောင်ကောင်ရဲ့ အလှကို အပြည့်အဝ ခံစားလို့ရမယ့်နေရာလေးလည်းဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့အကောင်းဆုံး Laser Light Show အဖြစ် သတ်မှတ်ခြင်းခံရတဲ့ Symphony of Lights ရဲ့ အလှကို Harbour မှာထိုင်ရင်း ရှုစားနိုင်သလို Night Cruise စီးရင်းလည်းခံစားနိုင်ပါတယ်။ Clock Tower အနီး Harbour City Shopping Mall မှာတော့ နာမည်ကြီး Branded အစုံရှိပါတယ်။
5. Sky 100 Observation Deck
ပင်လယ်ရေမျက်နှာပြင်အထက် ၃၉၃ မီတာ အမြင့် နှင့် အထပ် ၁၀၀ ရှိတဲ့ International Commerce Centre ဟာ ဟောင်ကောင်ရဲ့ အမြင့်ဆုံး အဆောက်အဦး ဖြစ်ပါတယ်။ စက္ကန့် ၆၀ အတွင်း ရောက်တဲ့ Elevator ကိုစီးပြီး အပေါ်ဆုံး ထပ် (100th Floor) မှ ဟောင်ကောင်ကျွန်းကို 360* View နှင့် ရှုစားချင်ရင်တော့ Sky 100 Observation Deck က အရောက်သွားသင့်တဲ့ နေရာလေးတစ်ခုပါ။
4. Ocean Park
Ocean Park ဟာ ဟောင်ကောင်ရဲ့ ပထမဆုံး amusement park ဖြစ်ပါတယ်။ တိရိစ္ဆာန် အမျိုးအစားပေါင်း ၁၂၀၀၀ ကျော် ကို တစ်နေရာတည်းမှာ တွေ့မြင်နိုင်တဲ့အပြင် လူကြီးလူငယ် အကြိုက် စိတ်လှုပ်ရှားစရာ Rides အမျိုးမျိုးရှိတာမို့ Ocean Park ဟာလည်း အရောက်သွားသင့်တဲ့ နေရာလေး တစ်ခုဖြစ်ပါတယ်။
3. Disneyland
ဟောင်ကောင်ရဲ့ Megical World ထဲ ဝင်ချင်တယ်ဆိုရင်တော့ DisneyLand ကိုအရောက်သွားပါ။
2. Lantau Island
ကမ္ဘာ့ ဒုတိယ အကြီးဆုံး ထိုင်တော်မူ ကြေးသွန်းဘုရား “Big Buddha” လို့ လူသိများတဲ့ “Tian Tan Buddha” ဟာ Lantau Island မှာ တည်ရှိပါတယ်။ လှေကားထစ်ပေါင်း ၂၆၈ဆစ် ကျော်ဖြတ်ကာ ထိုင်တော်မူကြေးသွန်းဘုရားကို အနီးကပ် ဖူးမျှော်နိုင်သလို ရင်ပြင်မှ မြင်တွေ့ရသော ပတ်ဝန်းကျင်အလှ ဟာလည်း အေးချမ်းစေပါတယ်။ Ngong Ping 360 Cable Car စီးရင်း Lantau Island ရဲ့ တောတောင်ရေမြေသဘာဝ အလှကို မြင်တွေ့နိုင်ပါသေးတယ်။ ဒါ့အပြင် Ngong Ping Village, Po Lin Monastery, Wisdom Path, နှင့် Tai O Fishing Village တို့ဟာလည်း Lantau Island ရှိ နာမည်ကြီး နေရာလေးတွေဖြစ်ပါတယ်။
1.Victoria Peak
ဟောင်ကောင်ရဲ့ အမြင့်ဆုံးတောင် Mount Austin ရှိ Victoria Peak ဟာ ခရီးသွားတွေကြားမှာ အဟော့ဆုံးနေရာလေးဖြစ်ပါတယ်။ ဟောင်ကောင်ရဲ့ ရှေးခေတ် Peak Tram Ride အတွေ့အကြုံကို ခံစားနိုင်မယ့် အပြင် Sky Terrace 428 ကနေ ဟောင်ကောင်တစ်မြို့လုံးရဲ့ City View အလှကိုပါ မြင်တွေ့နိုင်တဲ့ နေရာလေးလည်းဖြစ်ပါတယ်။
နောက်ပတ်မှာလည်း ဘယ်နိုင်ငံရဲ့ “အရောက်သွားပါ ၁၀ နေရာ” ဖြစ်မလဲသိရအောင် ခရိးသွားချစ်သူတိုင်း ဒီ Page လေးကို Like လုပ်ထားဖို့မမေ့နဲ့နော်။
✈️ Making Travel Easier ✈️
12/07/2019
🇸🇬🇸🇬🇸🇬 "အရောက်သွားပါ စင်ကာပူရဲ့ ၁၀ နေရာ" 🇸🇬🇸🇬🇸🇬
-------------------------------------------------
10. Singapore Botanic Garden
ဧက ၂၀၀ ကျော်ကျယ်ဝန်းတဲ့ Botanic Garden ဟာ ဥယျာဉ်ငယ်လေး ၅ခုနှင့်ဖွဲ့စည်းထားပါတယ်။ စင်ကာပူရဲ့ ပထမဆုံး UNESCO World Heritage Site အဖြစ် ၂၀၁၅ခုနှစ်မှာ အသိအမှတ်ပြု ခံရတဲ့ ဥယျာဉ်လေးလည်းဖြစ်ပါတယ်။ စင်ကာပူရဲ့ သင်္ကေတ တစ်ခုဖြစ်တဲ့ ရောင်စုံ မျိုးစပ် သစ်ခွပန်း များစွာရှိရာ နေရာလည်း ဖြစ်တာမို့ တစ်ခါလောက်တောင် အရောက်သွားလည်သင့်ပါတယ်။
9. Clark Quay
စင်ကာပူရဲ့ Night Life ကို အပြည့်အဝ ခံစားချင်တယ်ဆိုရင်တော့ Clark Quay က မသွားမဖြစ်နေရာ လေးတစ်ခုဖြစ်ပါတယ်။ Bar တွေ Club တွေအများဆုံးရှိရာနေရာဖြစ်သလို River Side တစ်လျှောက်မှာ Seafood ဆိုင်တွေလည်းရှိတာမို့ ညဘက် အပြင်ထွက် Chill လုပ်ချင်သူများအတွက် အသင့်တော်ဆုံးနေရာလေးဖြစ်ပါတယ်။
8. Chinatown
တရုတ်ပြည်ကို ရောက်သွားသလိုခံစားချင်ရင် Chinatown ကိုသွားဖြစ်အောင်သွားပါ။ Buddha Tooth Relic Temple နှင့် Chinatown Food Street ကတော့ စင်ကာပူမှာ နာမည်ကြီးနေရာတွေ ဖြစ်ပါတယ်။
7. Orchard Road
High-end Branded မှ Low-end Branded အထိ အစုံရနိုင်တဲ့ Shopping Mall များတည်ရှိရာ Orchard Road ဟာ ဈေးဝယ်ထွက်လို့ အကောင်းဆုံးနေရာထဲက တစ်ခုဖြစ်သလို Orchard Road ရဲ့ အသစ်သစ်သော Night Decoration တွေကလည်း အမြဲဆွဲဆောင်လျက်ရှိပါတယ်။
6. Bugis
Bugis Street ကတော့ စင်ကာပူနိုင်ငံသားတွေ အပြင် ခရီးသွားအားလုံး ရဲ့ အသည်းစွဲ Shopping နေရာလေးဖြစ်ပါတယ်။ Bugis ရှိ Kuan Yin Thong Hood Cho Temple လို့အမည်တွင်တဲ့ ကွမ်ရင် ဘုရားကျောင်း အပြင် Instagramer တွေကြား ဟော့ဖြစ်နေတဲ့ Haji Lane ဟာလည်း နာမည်ကြီးနေရာလေးတွေဖြစ်ပါတယ်။
စင်ကာပူ ရဲ့ ဈေးဝယ်ထွက်လို့အကောင်းဆုံး နေရာလေးတွေကြည့်လို့ရအောင် link လေးထည့်ပေးထားပါတယ်။
https://www.facebook.com/tourpare.mm/posts/938440809674360?__tn__=-R
5. Sentosa
Sentosa Island လေးကတော့ လူကြီးလူငယ် မရွေး ခရီးသွားတွေ အကြိုက်ဆုံးနေရာလေးဖြစ်ပါတယ်။ အာရှရဲ့ တစ်ခုတည်းသော Universal Studio၊ စင်ကာပူရဲ့ သင်္ကေတဖြစ်တဲ့ အကြီးဆုံး Merlion Statue၊ အပြင် ကမ်းခြေမှာ အပန်းဖြေနိုင်သလို တခြားသော များစွာသော Attractions တွေ တစ်စုတစည်းတည်းတည်ရှိရာ Sentosa ကတော့ မသွားမဖြစ်နေရာလေးဖြစ်ပါတယ်။
4. Wild-life in Singapore (4 & 1)
စင်ကာပူရဲ့ Nature and Wild-Life Experience ကိုခံစားချင်တယ်ဆိုရင်တော့ 4&1 Wild-life Park တွေထဲက အနည်းဆုံး တစ်ခုကိုတော့ ဖြစ်အောင်သွားလည်သင့်ပါတယ်။ 4&1 Wild-Life Park အကြောင်းကိုတော့ အောက်ပါ Link မှာ အသေးစိတ်ဖတ်ရှုနိုင်ပါတယ်။
https://www.facebook.com/tourpare.mm/posts/946265915558516?__tn__=-R
3. Gardens by the Bay (2 Domes)
စင်ကာပူရဲ့ Unique အဖြစ်ဆုံးနေရာတစ်ခုဖြစ်တဲ့ Gardens By the Bay ကတော့ “Must” အရောက်သွားသင့်တဲ့နေရာလေးဖြစ်ပါတယ်။ SuperTree Grove (ညဘက်ဆိုရင် မီးရောင်လေးနှင့်အရမ်းကိုလှပါတယ်)၊ နိုင်ငံပေါင်းစုံက ပန်းအမျိုးပေါင်းများစွာကို တွေ့ရမယ့် Flower Dome နှင့် ကမ္ဘာ့အမြင့်ဆုံး Indoor ရေတံခွန်ရှိတဲ့ Cloud Forest တို့မှာ Season အလိုက် Decoration လေးတွေအမြဲရှိသလို ပုံစံအမျိုးမျိုးနှင့်လည်း ဆွဲဆောင်နေပါတယ်။
2. Merlion Park
“Lion City” ဖြစ်တဲ့ စင်ကာပူရဲ့ သင်္ကေတ ကတော့ “Merlion Statue” (ရေသူမကိုယ်နှင့်ခြင်္သေ့ဦးခေါင်း ရုပ်ထု) ဖြစ်ပါတယ်။ ရေပန်း ထွက်နေတဲ့ Merlion Statue အပြင် City View အလှ ကို အပြည့်အဝခံစားမှု ရစေမယ့် Merlion Park ကလည်း မရောက်မဖြစ်နေရာ ၁၀ခု ထဲက တစ်ခုဖြစ်ပါတယ်။
1. Marina Bay Sands
မိုးပျံသင်္ဘောပေါ်က Infinity Pool ရှိရာ Marina Bay Sands (MBS) ကတော့ စင်ကာပူရဲ့ နာမည်ကြီး Iconic Luxury ဟိုတယ်တစ်ခု ဖြစ်ပါတယ်။ စင်ကာပူတစ်မြို့လုံးရဲ့ အလှကို အပေါ်စီးက မြင်တွေ့ရမယ့် Sky Park Observation Deck နှင့် Rooftop Bar အပြင် Luxury Shopping Mall နှင့် Casino ရှိရာ Marina Bay Sands ကတော့ ကမ္ဘာလှည့်ခရီးသွားတွေ ကြားမှာ ဟော့အဖြစ်ဆုံး နေရာလေးဖြစ်ပါတယ်။
တစ်ပတ်ကို နိုင်ငံတစ်ခုစီရဲ့ “အရောက်သွားပါ ၁၀ နေရာ” အပိုင်းလေးတွေ တင်ပေးသွားမှာမို့ ခရီးသွားချစ်သူတိုင်း ဒီ Page လေးကို Like လုပ်ထားဖို့မမေ့နဲ့နော်။
✈️ Making Travel Easier ✈️
06/07/2019
~~~ခရီးသွားရာသီ လေ့လာကြမည် အပိုင်း(၂)~~~
တစ်နေရာနှင့်တစ်နေရာ ရဲ့ အလှအပတွေ မတူညီကြသလို လည်ပတ်ဖို့အကောင်းဆုံးအချိန် တွေကလည်း Season အလိုက် ကွဲပြားကြပါတယ်။ ဘယ်အချိန်မှာ ဘယ်နိုင်ငံကို လည်ပတ်ရန်အကောင်းဆုံးလဲ ဆိုတာသိခြင်းအားဖြင့် ခရီးသွားတဲ့အခါ များစွာအထောက်အကူပြုနိုင်တာမို့ “When is The Best Time to Visit to….?” Part 2 ကို မျှဝေပေးချင်ပါတယ်။
👉အသေးစိတ်ဖတ်ချင်သူများအတွက် တစ်ခုချင်းစီရဲ့ အောက်မှာ “ဘယ်အချိန်သွားလည်ရင်အသင့်တော်ဆုံးလဲ” ဆိုတာ “လ” အလိုက် ဖော်ပြပေးထားတဲ့ Link လေးထည့်ပေးထားပါတယ်။👈
🇧🇹Bhutan (ဘူတန်) - ကမ္ဘာ့အပျော်ရွှင်ဆုံး နိုင်ငံ အဖြစ်တင်စားခံရတဲ့ ဘူတန်ကိုသွားလည်မယ် ဆိုရင်တော့ နွေဦးရာသီဖြစ်တဲ့ မတ်လ မှ မေလ၊ ဆောင်းဦးရာသီဖြစ်တဲ့ စက်တင်ဘာလ နှောင်းပိုင်း မှ နိုဝင်ဘာလ အထိဟာ အကောင်းဆုံးအချိန် ဖြစ်ပါတယ်။ နာမည်ကြီးရိုးရာပွဲတော်များ၊ သင့်တင့်မျှတသော ရာသီဥတု နှင့် စိမ်းစိုသော သဘာဝရှုခင်း အလှအပတွေကို အပြည့်အဝခံစား ရရှိစေမယ့်အချိန် လည်းဖြစ်ပါတယ်။
https://www.tripsavvy.com/when-is-the-best-time-to-visit-bhutan-1539169
https://www.travelogyindia.com/bhutan/best-time-to-visit.html
🇮🇳India - ဗုဒ္ဓဘာသာတွေအတွက် အထွဋ်အမြတ်ထားရာ ဗုဒ္ဓဂါယာ နှင့် ဆီးနှင်းတွေဖုံးလွှမ်း လျက်ရှိတဲ့ ဟိမဝန္တာတောင်တန်းကြီးတည်ရှိရာ အိန္ဒိယကိုတော့ ကိုတော့ နိုဝင်ဘာလ မှ မတ်လ အတွင်း ဟာ လည်ပတ်ရန်အကောင်းဆုံးအချိန်ဖြစ်ပါတယ်။
https://www.tourism-of-india.com/when-to-go.html
🇰🇷South Korea (ကိုးရီးယား) – K-pop, K-Beauty, K-Food အပြင် K-movie ထဲကနေရာလေးတွေနှင့် ဆွဲဆောင်လျက်ရှိတဲ့ တောင်ကိုးရီးယားကိုတော့ နွေဦးရာသီ (မတ်လနှောင်းပိုင်း မှ ဇွန်လ) နှင့် ဆောင်းဦးရာသီ (စက်တင်ဘာလ မှ နိုဝင်ဘာလ) မှာ လည်ပတ်လို့အကောင်းဆုံးဖြစ်ပါတယ်။ မတ်လနှောင်းပိုင်း မှ ဧပြီလ မှာတော့ ချယ်ရီပန်းတွေနှင့် အရမ်းကိုလှပါတယ်။ ဆောင်းဦးရာသီမှာတော့ Autumn Leaves လို့ခေါ်တဲ့ မေပယ်ရွက်လေးတွေ ကလည်း ခရီးသွားတွေကို ဆွဲဆောင်မှုရှိတယ်လေ။
https://www.treksplorer.com/best-time-to-visit-korea-weather/
🇯🇵Japan (ဂျပန်) – ကမ္ဘာကျော် ဖူဂျီတောင် ရှိရာ ဂျပန် ကို သွားလည်ရန်အကောင်းဆုံးအချိန်ကတော့ ချယ်ရီပန်း၊ Tulips ပန်း ပွင့်ရာသီဖြစ်တဲ့ နွေဦး (မတ်လ မှ မေလ) နှင့် ဆောင်းဦးရာသီ (စက်တင်ဘာလ မှ နိုဝင်ဘာလ) ဖြစ်ပါတယ်။ ဂျပန် မြောက်ပိုင်းက ဟော့ကိုင်းဒိုး ကိုတော့ နွေရာသီ နှင့် ဆောင်းရာသီ မှာ သွားလည်ကြတာ များပါတယ်။
https://www.treksplorer.com/best-time-to-visit-japan-weather/
https://www.kyuhoshi.com/2018/06/best-time-to-visit-hokkaido/
🇨🇳China (တရုတ်ပြည်) – ယေဘုယျအားဖြင့် ဧပြီလမှ အောက်တိုဘာလ အတွင်း ကတော့ တရုတ်ပြည်ရဲ့ အထင်ကရ နေရာတော်တော်များများကို သွားလည်ရန် အကောင်းဆုံးအချိန် ဖြစ်ပါတယ်။
https://www.topchinatravel.com/customer-center/best-time-to-visit-china.htm
🇹🇼Taiwan (ထိုင်ဝမ်) - တရုတ် ပြည်မကြီးလက်အောက်မှ သီးခြားခွဲထွက် ရပ်တည်နေတဲ့ ကျွန်းနိုင်ငံ ထိုင်ဝမ် ကိုတော့ ဧပြီ လ အစပိုင်း နှင့် နိုဝင်ဘာလမှာ သွားလည်ရန်အကောင်းဆုံးဖြစ်ပါတယ်။ ထိုင်ဝမ်ရဲ့ Typhoon Season ဖြစ်တဲ့ ဇူလိုင် လ မှ စက်တင်ဘာလ ကိုတော့ ရှောင်သွားသင့်ပါတယ်။
https://www.treksplorer.com/best-time-to-visit-taiwan-weather/
🇭🇰Hong Kong (ဟောင်ကောင်) - မပူလွန်း မအေးလွန်းအချိန်ကာလဖြစ်တဲ့ အောက်တိုဘာလ နှင့် နိုဝင်ဘာလ ကတော့ ဟောင်ကောင်ကို သွားလည်ရန်အကောင်းဆုံးအချိန်ဖြစ်ပါတယ်။
https://www.treksplorer.com/best-time-to-visit-hong-kong-weather/
ခရီးသွားရာသီ လေ့လာကြမည် အပိုင်း (၁) ကိုတော့ အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။
https://www.facebook.com/tourpare.mm/photos/a.1016945871823853/852778308240611/?type=3&__tn__=-R
✈️Making Travel Easier ✈️
01/07/2019
Budget Airline မို့ ကီလို မဝယ်ထားတာပဲဖြစ်ဖြစ်
ခရီးရှည်မို့ အသုံးအဆောင်တွေများများသယ်ရလို့ ကီလိုမလောက်တော့တာပဲဖြစ်ဖြစ်........
Airline တွေသတ်မှတ်ထားတဲ့ 7kg Standard Hand Carry Size လေးသိထားရင် အဆင်ပြေတာပေါ့နော်....
Making Travel Easier
28/06/2019
ချစ်ဆုံးတို့ရေ.......
မြန်မာအမျိုးသားလေကြောင်းရဲ့ Monsoon Special Promotion ကြီး တဲ့နော် ..
၂၀၁၉ခုနှစ်၊ ဇူလိုင်လ (၃)ရက်နေ့ နဲ့ (၄)ရက်နေ့  မှာ MNA ရဲ့ ပြည်တွင်း၊ ပြည်ပ ခရီးစဉ်များအားလုံးကို ၁၀% လျော့ဈေးဖြင့်ရောင်းချပေးသွားမှာဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင် ..ေ
လယာဉ်လက်မှတ်များကို MNA Ticketing Counter၊ Authorized Travel Agent တို့ မှ တစ်ဆင့် ဝယ်ယူနိုင်သလို FLYMNA Website နှင့် Application တို့မှ လည်း Promo Code လေးထည့်ပြီး ကိုယ်တိုင်ကိုယ်ကျ ဝယ်ယူနိုင်တယ်နော်....
Promo Code: MSPROMO19
Sales Period: 3 Jul 2019 – 4 Jul 2019
Travel Period: 3 Jul 2019 – 31 Mar 2020
Myanmar National Airlines Monsoon Special Promotion is here!
Get 10% discount on all MNA domestic and international flights! The promotion is only available from 3 Jul to 4 Jul 2019!
ချစ်ဆုံးတို့ရေ အခုကစပြီးတော့ TourPare Chat ထဲမှာ လာမယ့် ပြည်ပခရီးစဉ် အသေးစိတ်လေးတွေ ကြည့်လို့ရပါပြီနော်.......
Making Travel Easier
27/05/2019
* အဲအေးရှားမှ 70% အထိ အထူးလျှော့ဈေး* တဲ့နော်.......
ချစ်ဆုံးတို့ ကိုယ်တိုင် အောက်မှာ ပေးထားတဲ့ Link ကနေ ဝယ်ယူလို့ရတဲ့ အထူးလျှော့ဈေး ကိုလက်လွှတ် မခံနဲ့နော်.......
ရန်ကုန်/မန္တလေး မှ တိုက်ရိုက်
>ဘန်ကောက်> ကွာလာလမ်ပူ
ကြိုတင်ဝယ်ယူရမယ်ကာလကတော့ ယနေ့မှစ၍ ၂၀၁၉ ဇွန် ၂ ရက်နေ့ အထိ ခရီးသွားရမယ်ကာလ ကတော့ ၂၀၁၉ အောက်တိုဘာ ၃၁ ရက်အထိ ဖြစ်ပါတယ်
*Discount မှာ Base Fare အတွက်သာ အကျုံးဝင်ပြီး အခြားသော စည်းကမ်းချက်များလဲ လိုက်နာရန်လိုအပ်ပါသည်။ ပရိုမိုရှင်းသည် ဒီအပတ်အတွင်းသာ ဖြစ်ပါသည်။
Bookingတင်ရန်အတွက် - https://bit.ly/2Zp2UCe
26/05/2019
ချစ်ဆုံးတို့ရေ MNA ရဲ့ 15% Discount Travel Fair ကို လက်လွတ် မခံနဲ့နော်........
16/05/2019
ဘန်ကောက်သွားဖို့ စဉ်းစားနေတဲ့ချစ်ဆုံးလေးများအတွက် Myanmar National Airline Promotion ရှိနေတယ်နော်........
✈️Let's Make Your Travel Easier 🤓✈️
14/05/2019
***ဈေးအသက်သာဆုံးလေယာဉ်လက်မှတ်ရဖို့ ဘယ်အချိန်မှာဝယ်ရမလဲ*** 🤔
ချစ်ဆုံးတို့ရေ......
✈️ ပြည်တွင်းပဲ သွားသွား ပြည်ပပဲ သွားသွား ဈေးအသက်သာဆုံး လေယာဉ်လက်မှတ်လေး ရဖို့ ဘယ်ချိန်မှာ ဝယ်သင့်လဲဆိုတာ မင်မင် သိသလောက် Share ပေးမယ်နော်……….
👉🏼 အရိုးရှင်းဆုံးအချိန်ကတော့ Air Ticket Promotion📣 ချ တဲ့အချိန်ပေါ့နော်… Promotion ချရင် အကုန်လုံးက မြန်မြန်ဝယ်ကြတာဆိုတော့ မမှီလိုက်တဲ့ သူတွေမှာတော့ မရကြဘူးပေါ့……
***အထူးသဖြင့် မိုးရာသီမှာဆိုရင် လေယာဉ်လက်မှတ်တွေ Promotion ချတာ များတာမို့ Promotion ကြော်ငြာလေးတွေကို နားစွင့်ထားဖို့တော့လိုတယ်နော်***
👉🏼 Promotion မရှိတဲ့အချိန်မျိုး ဖြစ်ခဲ့မယ်ဆိုရင်တော့ ကိုယ်ခရီးသွားမယ့်ရက် မတိုင်မှီ အနည်းဆုံး ၁၀ ရက်လောက်ကြိုဝယ်ထားမှ ဈေးသက်သာတာ ရနိုင်ပါတယ်နော်
👉🏼 ပိတ်ရက်တွေ အခါကြီးရက်ကြီး ခရီးသွားကာလတွေဆိုရင်တော့ ခရီးသွားမယ့်ရက် မတိုင်မှီ အနည်းဆုံး ၁လ လောက်ကတည်းက ကြိုဝယ်ထားမှ ဈေးကြီး မမိ မှာနော် (မင်မင်ကတော့ တခါတလေ ၃ လလောက် ကြိုဝယ်ထားတတ်တယ်😬)
တခါတလေ Budget Airline တိုင်းလည်း ဈေးသက်သာတာ မရနိုင်သလို Full Service Airline တိုင်းလည်း ဈေးကြီးတာမျိုး မဟုတ်ပါဘူးနော်……. ကိုယ်သွားမယ့်ရက်မှာ ခရီးသွားတွေ များနေရင်တော့ ဈေးများတတ်တာမျိုးတွေ ဖြစ်တတ်ပါတယ်…..🤓
ကိုယ်က မနက်ဖြန် ခရီးသွားဖို့အတွက် ဒီနေ့မှ လေယာဉ်လက်မှတ် ချက်ချင်း ဝယ်တယ်ဆိုရင်တော့ ဘယ်လိုပဲ Promotion အချိန်ပဲဖြစ်ဖြစ် ဈေးအသက်သာဆုံး မရနိုင်တာမို့ ကိုယ့်ရဲ့ခရီးက သေချာနေပြီဆိုရင် လေယာဉ်လက်မှတ်လေးတွေ ကြိုဝယ်ထားဖို့ တိုက်တွန်းပါရစေ………..
အော် ဒါနဲ့ ချစ်ဆုံးတို့ခရီးသွားတဲ့အခါ အတန်ဆုံး နဲ့ အသက်သာဆုံးလေယာဉ်လက်မှတ်တွေကိုပဲ ညွှန်းပေးမှာမို့ မင်မင် စီမှာလည်း လေယာဉ်လက်မှတ် တွေ စုံစမ်းမေးမြန်းဝယ်ယူလို့ ရပါပြီနော်…….🤓🤓🤓
✈️Let’s Make Your Travel Easier ✈️
Click here to claim your Sponsored Listing.
Are you planning to travel to Oversea?
Especially when we have to spent a few thousand dollars on an oversea trip, we want it to be the best or at least memorable trip rather than feeling disappointed. We too had traveled a few oversea trips, and had to admit that quit often we had bad experiences just because we didn’t know better options out there. We want to give people a place to share their experiences and explore more choices so that they can get the most out of their trips. Our aim is to build a community that will help create better awareness among travel lovers in Myanmar.
With Love
***TourPare***