Onkir.com
Onkir.com: Myanmar Online Shopping for Electronics, Apparel, Computers, phone cover, facility & more
15/05/2023
ပိတောက်
10/11/2022
အဖေပြောတဲ့ ဘဝအိမ်
*********************
ဖတ်ကြည့်နော်…
ဒီမယ် ငါ့သား
အိမ် ဆိုတာ ဘာလဲ-?
သားသိသလောက် ပြောပါရစေ
အဖေ…
အိမ်ဆိုတာ…
လူတွေရဲ့ တည်ရာ မှီရာ
ခိုလွုံရာ
အိပ်စက်ရာ
အဆောက်အဦး တစ်ခုပါ အဖေ။
ဟုတ်ပြီ။
ဒီမယ် သား မင်းမှတ်ထားပါ။
လောကမှာ လူတွေဟာ
သူတို့ရဲ့
အရည်အချင်းတွေ
အဆင့်အတန်းတွေ အလိုက်
အိမ်တွေကို
ပုံစံအမျိုးမျိုးနဲ့ တည်ဆောက်ပြီး
စားသောက်
နေထိုင်ကြတယ် သား။
ဒါပေမဲ့…
လောကကြီးမှာ မိသားစုအများစုကို
လေ့လာကြည့်ရင်
မပျော်ရွှင်တဲ့ မိသားစုအိမ်တွေ
အများကြီး တွေ့ရလိမ့်မယ်။
တချို့အိမ်တွေက…
အဖေနဲ့ သား မတည့်ကြဘူး။
တချို့အိမ်တွေက…
အစ်ကိုနဲ့ ညီ
အစ်မနဲ့ ညီမ မတည့်ကြဘူး။
တချို့အိမ်တွေက…
ချွေးမနဲ့ သမီး
သမက်နဲ့ သား မတည့်ကြဘူး။
တချို့အိမ်တွေက…
ယောက္ခမနဲ့ ချွေးမ မတည့်ကြဘူး။
တချို့အိမ်တွေက…
ယောက္ခထီးနဲ့ သမက်နဲ့ မတည့်ကြဘူး
ငါ့သား…
ဒီလို မိသားစုတွေဟာ
ဘာလို့ မတည့်ကြတာလဲလို့
အကြောင်းရင်းကို ရှာလိုက်ရင်
ဒီအိမ်က မိသားစုတွေဟာ
တစ်ယောက်အပေါ် တစ်ယောက်
မေတ္တာ မထားနိုင်ခြင်း
နားလည် မပေးနိုင်ခြင်း
ခွင့်မလွှတ်နိုင်ခြင်း
စတဲ့ အကြောင်းရာတွေကြောင့်ပဲလို့
ဆိုရမယ် သား။
သားကို
အဖေ အဓိက ပြောပြချင်တာက…
သားဟာ
မြို့ပေါ်က အိမ်မှာပဲ နေနေ
တောရွာက အိမ်မှာပဲ နေနေ
မိမိနဲ့ အတူနေထိုင်တဲ့
မိသားစုတွေ အပေါ်မှာ
မေတ္တာထားပေးနိုင်ရမယ်။
လောကမှာ မိသားစုတစ်စုဟာ
မေတ္တာတရား ခေါင်းပါးလာပြီဆိုရင်
ထိုမိသားစုဟာ
နေ့စဉ် ငရဲခန်းကြီးလို
အမြဲ ပူလောင်နေရတတ်တယ်။
တစ်အိမ်ထဲမှာ နေထိုင်ကြပြီး
တစ်ဦးကို တစ်ဦး
ခွင့်မလွှတ်နိုင်ဘူး
သီးမခံနိုင်ကြဘူးဆိုတဲ့ လူတွေဟာ
ဥပမာ ဘာနဲ့တူသလဲဆိုရင်…
မိမိကိုယ်တိုင်
ဖျော်စပ်ထားတဲ့ အဆိပ်ရည်တွေကို
မိမိတို့ကိုယ်တိုင်
ဖျော်သောက်နေရသလိုပါပဲ။
ကြာလာရင်
ဒီမိသားစုဝင်တွေ အားလုံး
ဒုက္ခတွေ့နိုင်တယ်နော်။
ဒီမယ်သား
လောကမှာ…
စီးပွားရေးလောကပဲ
ကြည့်ကြည့်
ပညာရေးလောကပဲ
ကြည့်ကြည့်
နိုင်ငံရေးလောကပဲ
ကြည့်ကြည့်
စသည် ဘယ်လောကကိုပဲ
ကြည့်ကြည့်
အောင်မြင်နေကြတဲ့ ပုဂ္ဂိုလ်တွေမှာ
သီးခံခြင်းတရားတွေ
မေတ္တာတရားတွေ အားကြီးလို့
သူတို့တွေ
အောင်မြင်နေကြတယ် ဆိုတာ
တွေ့ရလိမ့်မယ် သား။
သားနေတဲ့ အိမ်က မိသားစုတွေ
အပေါ်မှာ
မေတ္တာစိတ်အပြည့်နဲ့ ဆက်ဆံပါ။
ဒါဆို သားဘဝမှာ
ပျော်ရွှင်လာပါလိမ့်မယ်။
နောက် မိမိနေတဲ့အိမ်လေး
နွေးထွေးချင်တယ်
သာယာချင်တယ်ဆိုရင်
ငါဒီနေ့ ဒီအိမ်လေးအတွက်
ဘာလုပ်ပေးရမလဲ။
ငါဘာလုပ်ပေးသင့်သလဲ ဆိုတာ
အမြဲတွေးပါ။
တကယ်လည်း မေတ္တာစိတ်နဲ့
လုပ်ကိုင်ပေးကြည့်။
သား ပျော်ရွှင်လာလိမ့်မယ်။
ဒီမယ်သား…
လောကမှာ ပေးတဲ့လူတွေဟာ
စိတ်ပေါ့တယ်။
စိတ်အေးချမ်းတယ်။
ယူတဲ့လူတွေဟာ စိတ်လေးရတယ်။
စိတ်ပူပင်ရတယ်။
ဘဝမှာ ပေးကမ်းနိုင်သူ
( ဒါမှမဟုတ် )
ပေးကမ်းနိုင်တဲ့လက်ဖြစ်အောင်
အမြဲကြိုးစားပါ သား။
မိသားစုနဲ့ နတေဲ့အခါပဲ
ဖြစ်စေ…
ပတ်ဝန်းကျင်နဲ့ နေတဲ့အခါမှာ
ဖြစ်စေ…
ကိုယ်ရဲ့ အားနည်းချက်ကို
သိပါစေ…
မိမိရဲ့ အားသာချက်တွေကိုလည်း
အများသိအောင် လုပ်ဆောင်ပြပါ။
ဘာဖြစ်လို့လဲဆိုတော့…
လူတိုင်းမှာ အားနည်းချက်တွေ
ရှိသလို
အားသာချက်ဆိုတာလည်း
ရှိပါတယ်။
အဖေတို့ လူသားတွေဟာ
မိမိကိုယ်ကို မိမိ
သိပ်ပြီး အထင်ကြီးနေရင်
တစ်ဖက်လူအပေါ်မှာ
အထင်အမြင် သေးသွားတတ်တယ်
ငါ့သား။
ဒါကြောင့်…ဘယ်အရာကိုမှ
မထီမဲ့မြင် မလုပ်မိစေနဲ့။
နောက်ဆုံးအနေနဲ့
အဖေပြောချင်တာက…
လောကမှာ
ဘယ်လောက်ပဲ သာယာပျော်ရွှင်တဲ့
အိမ်မျိုးဖြစ်နေပါစေ…
ထိုအိမ်ပေါ်ကို
ဘေးသူစိမ်းတွေ ရောလာပြီ
ဆိုရင်…
သွေးကွဲပြီး
ညီအစ်ကို မောင်နှမတွေကြားမှာ
နားလည်မှု မပေးနိုင်ပဲ
နောက်ဆုံး စကားများ
ရန်တွေ ဖြစ်စေတတ်တယ်။
ပြဿနာကြီးငယ်
တတ်စေတတ်တယ် ဆိုတာ
သတိထားပါ။
အေး…ဒါကြောင့်
ဘဝမှာ
သာယာ ပျော်ရွှင်တဲ့
ဘဝအိမ်တစ်လုံးကို ပိုင်ဆိုင်ချင်ရင်
အိမ်အတွက်
အလုပ်များများ လုပ်ပါ။
စကားကို နည်းနည်းပြောပါ။
မိသားစုအပေါ်မှာ
မတ်ေတာ စတေနာ ထားပွီး
သီးခံစိတ် မွေးပါ။
အသက်ရှင်သန်ချိန်လေးမှာ
ငါသည်
ငါ၏အိမ်အတွက် ဘာပေးရမလဲ
ဆိုတာ
နေ့တိုင်း တွေးထားပါ။
ဒီလိုစိတ်မျိုး
မိသားစုဝင်တိုင်း ရှိနေမယ်ဆိုရင်
သာယာ ပျော်ရွှင်ပြီး
နွေးထွေးတဲ့ ဘဝအိမ်တစ်လုံးကို
ပိုင်ဆိုင်နိုင်မယ်လို့
အဖေ အကြွင်းမဲ့ယုံကြည်မိပါတယ်။
ဟုတ်ကဲ့ပါ အဖေ…
နွေးထွေးသော အိမ်တစ်လုံးကို
ပိုင်ဆိုင်နိုင်အောင်
သား ကြိုးစားပါ့မယ် လို့
ကတိပေးပါတယ် အဖေ။
လောကထဲရှိ မိသားစုများအားလုံး
အတ္တကင်းပြီး
တစ်ဦးပေါ် တစ်ဦး
မတျတော,ဤစတနောမွားထား၍
ခွင့်လွှတ် သီးခံပြီး
နွေးထွေသည့် အိမ်မျိုး
မိသားစုတိုင်း ပိုင်ဆိုင်နိုင်ကြပါစေ။
:
#လေးစားလျှက်ပါ... #အမှားပါလျှင်ခွင့်လွှတ်ပါ
Crd. TAM_Villain
10/11/2022
" ဘဝမှာ မတန်တာတွေရှိတယ်"
____________________/
ရန်ဖြစ်ဖို့ မတန်တာတွေ...
ရှင်းပြဖို့ မတန်တာတွေ...
ပြုံးပြဖို့ မတန်တာတွေ...
ပေးဆပ်ဖို့ မတန်တာတွေ...
ခင်မင်ဖို့ မတန်တာတွေ...
ချစ်မြတ်နိုးဖို့ မတန်တာတွေ...
သတိရဖို့ မတန်တာတွေ...
အများဆို အများကြီးရှိတယ်...
တစ်ခါတစ်လေကျရင်တော့ ကိုယ့်အတွက်.....
တန် မတန်
စဉ်းစားဖို့လိုပါတယ်...တဲ့
အခုနောက်ပိုင်း
ကိုယ့်တွက်မတန်တဲ့အရာတွေအတွက်
အဖက်လုပ်နေဖို့ရော
အချိန်ပေးဖို့
နေရာပေးဖို့
ခံစားနေဖို့ရော
မတႏၲာမို့
ကိုယ်ကတော့ မတန်တဲ့အရာတွေ တော်တော်များများကို
ဥပေက္ခာပဲ ပြုထားလိုက်တော့တယ် ။
အဲ့တာကြောင့် တစ်ခါတစ်လေ ရန်လာလုပ်သူတွေကို
ပြန်ရန်လုပ်ဖို့ မတန်တာမို့ ရှောင်ပစ်လိုက်တယ်။
ကိုယ့်အပေါ် မကောင်းတဲ့သူတွေအတွက်
ခံစားနေဖို့လည်း မတန်တာမို့ ဥပေက္ခာပြုတတ်လာတယ်။
မတန်ပါဘူး။
တကယ်ကို မတန်တာပါ။ ။
မတန်တာကိုမှ မာန်ကိုချ
ဟန်ပြ ဆက်ဆံနေမည့်အစား
နှလုံးသားမှာ အမုန်းမပွားမှီ ...
ဥပေက္ခာတရားဆီသို့
ဦးတည်ထားလိုက်ပါတော့တယ်..
__________________________________
𝙒𝙧𝙞𝙩𝙚𝙧
✍✍✍✍✍✍✍✍✍
မေတ္တာဖြင့်တဆင့်
ပြန်လည်မျှဝေပေးပါသည်
လေးစားစွာ𝐂𝐫𝐞𝐝𝐢𝐭ပေးပါသည်"
လူငယ်များအတွက်
စိတ်ခွန်အားဖြစ်စေမည့်
#ဘာသာရေးအသိပညာပေး
#ဘဝအောင်မြင်ရေး
#စိတ်ဓါတ်မြှင့်တင်ရေး
#စိတ်ဓါတ်ခွန်အားပေးစာစုများ
#ဝတ္ထုအတိုဝတ္ထုအရှည်များ
#ဒဿနစာစုများ
#ဗဟုသုတရသစာပေများကို
တနေရာထည်းမှာပဲ ရသအစုံ
ဖတ်ချင်လိုပါက 🅰︎🅲︎🅲︎ နဲ့
🅿🅰🅶🅴 လေးကို
𝐀𝐝𝐝 ༒︎ 𝐟𝐨𝐥𝐥𝐨𝐰𝐞𝐝
𝐒𝐞𝐞 ✞︎ 𝐅𝐢𝐫𝐬𝐭 လုပ်ထားလိုက်ပါ
👇✔︎👇✔︎👇✔︎🅿🅰🅶🅴
https://www.facebook.com/ငါဘဝ-အတွက်-ငါရှိတယ်-103517665457202/
👇🏻✔👇🏻✔👇🏻✔🅰🅲🅲
https://www.facebook.com/profile.php?id=100057121953908
👇🏻✔👇🏻✔👇🏻✔🅿🅰GE
https://www.facebook.com/ဘဝအောင်မြင်ရေးစာပေ-103465915781962/
09/11/2022
အပေါ်ယံတွေကို တကယ်မုန်းတယ်။
========================
ကောင်းစားစေချင်လို့ဆိုပြီး
လူကြားထဲမှာအရှက်ခွဲခဲ့တဲ့
လူတချို့ရယ်
ခင်လို့စတာပါဆိုပြီး
အားနည်းချက်ကို လှောင်ပြောင်ခဲ့တဲ့
လူတချို့ရယ်
ဖြစ်တတ်ပါတယ်ဆိုပြီး
ဟန်ဆောင်မုသားတွေနဲ့ နှစ်သိမ့်ပေးနေတဲ့
လူတချို့ရယ်
ငါဘဝမှာ နင့်ကို အခင်ဆုံးဆိုပြီး
သူစိမ်းဆန်သွားတဲ့
လူတချို့ရယ်
နွေးထွေးစွာ ပွေ့ဖက်ထားမယ့်
ဟန်ပန်နဲ့ ရင်ဝကို ရက်ရက်စက်စက်
ဆောင့်ကန်ခဲ့တဲ့
လူတချို့ရယ်
နင့်အတွက် ငါရှိတယ်ဆိုပြီး
နောက်ကျောကိုဓားနဲ့
အကြိမ်ပေါင်းများစွာ ထိုးခဲ့တဲ့
လူတချို့ရယ်
ဆွဲထူမလိုလိုနဲ့
ဆောင့်တွန်းခဲ့တဲ့
လူတချို့ရယ်
မျှော်လင့်ချက်တွေပေးပြီး
အိပ်မက်တွေကို ရိုက်ချိုးပစ်ခဲ့တယ့်
လူတချို့ရယ်
ဘဝမှာ အဲ့လိုလူတွေနဲ့
တွေ့ပြီးတဲ့နောက်ပိုင်း
စိတ်မပါလည်း ပြုံးတတ်လာခဲ့ပါတယ်
အဖော်မက်လွန်းတဲ့ လူတစ်ယောက်မှာ
မိတ်ဆွေစစ်မရှိတာ မဆန်းပါဘူး။
ကျနော် အပေါ်ယံတွေကို တကယ်မုန်းတယ်။
မူရင်းရေးသူကို credit ပေးပါတယ်။
#မင်းတုန်းသားလေ page က တဆင့် ပြန်လည်မျှဝေသည်။
21/02/2018
ထိပ်ပြောင်ခြင်း 🤭ဆံပင်ကျွတ်ပြီး ဦးရေပြားမြင်ရတဲ့ အထိ ဆံပင်ပါးလွှနေခြင်း 😥ဆံပင်အဖျားရှုးပြီး နှစ်ခွဖြစ်ခြင်း အဆီဓါတ်ခမ်းခြောက်ပြီး ဝိတ်မရှိခြင်းတို့ ကို �အမြန်ဆုံး ပြန်လည် ပြုပြင်ထိန်းသိမ်းပေးပြီးတဲ့
အပြင် အသစ်တဖန် ပြန်ပေါက်စေတဲ့ Legano Hair tonic extract လေးပါ !
- 8000ks
သဘာဝတရားကပေးတဲ့သင့်ဆံသားလေးတွေကို
ကောက်လိုက်ဖြောင့်လိုက်ဆေးဆိုးလိုက်လို့သင့်
ဆံပင်ဒွေလဲမရှိသလောက်ပါးလာပီလားး😥😥
မစိုးရိမ်ပါနဲ့ ဒီပြသာနာတွေကို ဖြေရှင်းပေးမယ့်
ကယ်တင်ရှင် Legano brand လာပီလေ !! 🏃🏃
👸👸တစ်ဗူးပဲစမ်းသုံးကြည့်ပါ ပီးမှ Legano ရယ်
ဘာလို့ အသိနောက်ကျ ရတာလဲဆို နောက်တရနေ
မယ် 😂😂
So 👌နောင်တမရဖို့ ခုပဲစမ်းသုံးကြည့်ကျ စို့  !!! 👯👯
Legano Myanmar တံဆိပ်မှhair tonicသည်သာ တကယ့် အစစ်မှန် အာမခံ ဆံပင်ပေါက်ဆေးပါ!
12/02/2018
ကွန်ပျူတာ ၊ အင်တာနက်ဖုန်း အသုံးများသော သူများ၊အထိုင်များတဲ့ သူများ၊သက်ကြီးရွယ်အို များအတွက် အရမ်းကိုအဆင်ပြေတဲ့ အနှိပ်စက်လေးပဲဖြစ်ပါတယ်။ဇာတ် ကြောအပြင် ခါး၊ဗိုက်၊ပေါင်၊ခြေသလုံး၊ခြေဖဝါး တို့ ကို နှိပ်နိုင်ပါတယ်။ဒီစက်ကလေးတလုံး ဝယ်ထားရုံနဲ့ အနှိပ် ပညာရှင်တစ်ဦး အိမ်မှာ အပိုင် ခေါ်ထားရသလိုပါပဲ။အချိန်မရွေး ကိုယ်အကြောတက်တဲ့ အခါတိုင်း ညောင်းညာ ကိုက်ခဲတဲ့ အခါတိုင်း အားမနာတမ်း နှိပ်ခိုင်းလို့ရပါတယ်....အပူပေးစနစ် ပါဝင်တာဖြစ်လို့ ဆေးလိမ်းစရာမလိုပဲ ပူပူနွေးနွေးလေးနဲ့ အကြောတွေပျော့ပြောင်းသွားအောင် နှိပ်နယ်လို့ရပါတယ်။
ဈေးနူန်း = 19500 ကျပ်
ဆက်သွယ်ရန် = 09791785699 Viber
မှာယူချင်ပါက commentတွင် ဖုန်းနံပါတ်ချန်ခဲ့နိုင်ပါတယ်။
ပစ္စည်းလက်ကျန်ရှိပါက ဒီနေ့မှာ မနက်ဖန်ရပါသည်။
ပစ္စည်းလက်ကျန်မရှိပါက အိမ်အရောက် ၃ ရက်စောင့်ရပါမည်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Ahlone Township, Nge War Street
Yangon
11121